Ads

ကြော်ငြာ

Saturday, June 22, 2013

Posted by ဆူးအေမီ on 8:47 PM in | No comments
အိန္ဒိယ အကြီးစား စက်မှုကုမ္ပဏီ တစ်ခုဖြစ်တဲ့ TATA ကထုတ်မယ့် ကမ္ဘာ့ဈေးအသက်သာဆုံး ကားပါ။
 နာမည်က TATA NANO EMAX တဲ့။ ထူးခြားချက်က CNG နဲ့ရော လောင်စာဆီနဲ့မှာ ၂မျိုးအသုံးပြူနိုင်မှာပါတဲ့။ လောင်စာဆီ အနေနဲ့တော့ ဓာတ်ဆီကို အသုံးပြုမှာပါ။ အင်ဂျင်ပါဝါက တော်တော်သေးတယ်ဗျ။ 624 CC တဲ့။ Cylinder ၂ လုံးပါဝင်မှာ ဖြစ်ပါတယ်။ 

ဆီမအုပ်တာတော့ ကြိမ်းသေတဲ့ကားပေါ့ဗျာ။ တစ်ဂါလန်ကို မြို့တွင်း မိုင် ၆၀ မောင်းလို့ရပါတယ်။ CNG သီးသန့်သုံးမယ်ဆို သူ့မှာပါတဲ့ CNG က ကီလို ၁၅၀ ကျော်ထိ မောင်းနှင်ဖို့ လုံလောက်မှာပါ။ ဈေးသက်သာတဲ့ ကားအဖြစ်တည်ဆောက်ထားပေမယ့် အတွင်းပိုင်းမှာတော့ ပြီးစလွယ် တပ်ဆင်ထားတာ မဟုတ်ပါဘူး။ ကားထဲမှာ AmphiStream audio system နဲ့ စပီကာ ၄ လုံးတပ်ဆင်ပေးထားပါတယ်။ ကား Audio စနစ်ကိုလည်း Bluetooth, USB စတာတွေနဲ့ အသုံးပြုအောင် စီမံထားပါသေးတယ်။ ပြီးတော့ သော့မလိုဘဲ Remote နဲ့ ကားစက်နှိုးနိုင်အောင်လည်း ဖန်တီးပေးထားပါသေးတယ်။ 

 ဈေးကတော့ ကမ္ဘာ့ဈေးအသက်သာဆုံးကားဆိုပြီး ကြော်ငြာထားပါတယ်။ အမေရိကန်ဒေါ်လာ ၂၅၀၀ ဆိုတော့ မြန်မာငွေ ၂၅ သိန်းထက်ပိုမပေးရလောက်ပါဘူး။ ဒီရောက်လို့ ကညန ကြေး ၊ ဘာညာကွိကွ နဲ့ပေါင်းလိုက်ရင် သိန်း ၇၀ လောက်ပဲကျမှာပါ။ အိန္ဒိယမှာ စတင်ရောင်းချနေပါပြီတဲ့။ 

Xx Pyae Phyo Naing (SQUAR TEAM) xx

0 comments:

Search Our Site