Ads

ကြော်ငြာ

Saturday, August 10, 2013

Posted by ဆူးအေမီ on 1:30 AM in | No comments

 
 
 
 
 
 
 
 
 ဓါတ်ပုံ - တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီမှ ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်းမှ သတင်းထောက်များ၏ မေးမြန်းမှုကို ပြန်လည် ဖြေကြားစဉ်
 
 
အရက်၊ ဘီယာ၊ ၀ိုင်၊ စီးကရက် စသည့် တားမြစ် ကုန်စည်များအား ပြည်တွင်း၌ တရားမ၀င် တင်သွင်း ရောင်းချ နေမှုများကို စစ်ဆေး အရေးယူ နိုင်ရန် ရန်ကုန်မြို့နှင့် မန္တလေးမြို့များရှိ အဓိက တင်သွင်း ဖြန့်ဖြူးနေသည့် လက်ကားဒိုင် ၂၀ စီ စာရင်း ကောက်ယူထားပြီး အစိုးရအဖွဲ့ ညွှန်ကြား ချိန်တွင် ဖမ်းဆီး အရေးယူမည် ဖြစ် ကြောင်း တရားမ၀င် ကုန်သွယ်မှု တားဆီး ထိန်းချုပ်ရေး ဗဟိုကော်မတီမှ ညွှန်ကြားရေး မှူး ဦးတင်ရဲဝင်းက Eleven Media Group ၏ မေးမြန်းမှုကို ဖြေကြားသည်။

မြန်မာနိုင်ငံ တစ်ဝန်းရှိ စူပါမားကက်များ၊ လက်လီ အရောင်းဆိုင်များနှင့် အရက် ဘီယာ အရောင်းဆိုင်များ တွင် တင်သွင်း ရောင်းချနေသည့် အရက်၊ ဘီယာ၊ ၀ိုင်၊ စီးကရက် စသည့် ကုန်စည် အများစုမှာ တရားမ၀င် တင်သွင်းလာသည့် ကုန်စည်များသာ ဖြစ်နေပြီး အဆိုပါ ကုန်စည်များကို တရားဝင် ခွင့်ပြုချက်အား စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သိရသည်။
အဆိုပါ အကောက်ခွန်မဲ့ မှောင်ခိုတင်သွင်း နေမှုများကြောင့် မြန်မာနိုင်ငံ အနေဖြင့် အခွန်အကောက်များ နစ်နာနေသကဲ့သို့ လူငယ်များ အနေဖြင့်လည်း ဈေးနှုန်းချိုသာစွာ အလွယ်တကူ ၀ယ်ယူရရှိ နေသည့် အတွက် သောက်သုံးမှု များပြားနေကြောင်း သိရသည်။
တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီ အနေဖြင့် အဆိုပါ လက်ကားဒိုင်ကြီးများကို အစိုးရအဖွဲ့ ညွှန်ကြားချက်ဖြင့် ဖမ်းဆီး အရေးယူပြီးပါက ပို့ကုန်သွင်းကုန် ဥပဒေဖြင့် အရေးယူမည် ဖြစ်ပြီး အဆိုပါ ကုန်စည်များအား ဖမ်းဆီး အရေးယူရန်ကိုမူ အစိုးရအဖွဲ့၏ ညွှန်ကြားချက်ကို စောင့်မျှော်နေဆဲ ဖြစ်သည်။
''ဒီလို တရားမ၀င် တင်သွင်းရောင်းချ မှုတွေကို ဘယ်အချိန်မှာ အရေးယူမလဲ ဆိုတာ ကျွန်တော့် အနေနဲ့ ပြောဖို့ခက်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ တရားမ၀င် ကုန်သွယ်မှု တားဆီး ထိန်းချုပ်ရေးဗဟို ကော်မတီ အနေနဲ့ အစိုးရအဖွဲ့က ဒီနေ့ ဖမ်းပါဆို မနက်ဖြန် ဖမ်းလို့ရအောင် လုပ်နေတာ။ စာရင်းကောက် ထားတာ ရှိတယ်။ ရန်ကုန်မြို့က ဘယ်စူပါမားကက်က ဘယ်ကို ပစ္စည်းဖြန့်ပြီး ဘယ်ဂိုဒေါင်မှာ ကုန်တွေ လှောင်ထား တယ် ဆိုတာ ကျွန်တော်တို့ စာရင်းပြုစုထားသလို မန္တလေးမှာ ဆိုရင်လည်း အဲဒီလိုမျိုး စာရင်းကောက်ခံ ထားတယ်'' ဟု ဦးတင်ရဲဝင်းက ဆိုသည်။
ထိုသို့ ပြောဆိုသော်လည်း တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီ အနေဖြင့် မှောင်ခို ကုန်သွယ်မှုများကို ထိန်းချုပ်ရာတွင် အစိုးရအဖွဲ့သို့ ပေါက်ရောက်သူများ အနေဖြင့် ယင်းတို့၏ ဈေး ကွက် အားမထိခိုက်ရန်နှင့် မှောင်ခိုဈေးကွက် ကြီးထွားရန် ပြည်တွင်း စားသုံးကုန်များ၏ ဈေးနှုန်းများ မြှင့်တင်ခြင်း၊ ဒေါ်လာဈေးနှုန်းများ မြင့်တက်အောင် ဈေးကစားခြင်း၊ မှောင်ခိုကုန်သွယ်မှုဖမ်းဆီးသူများအားလုပ်ငန်းဆက် လက် မလုပ်ကိုင်နိုင်ရန် တိုင်စာများ ပေးပို့ခြင်း စသည့် လုပ်ငန်းစဉ်များ လုပ်ကိုင်သည့်အတွက်မှောင်ခိုကုန် စည်များအား ဖမ်းဆီးသည့် တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး အဖွဲ့ဝင်များ အနေဖြင့် စစ်ဆေး ခံရမှု ဖြစ်စဉ်များ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
''တရားမ၀င် ကုန်စည်တွေ ဖမ်းလိုက်တာနဲ့ ဒီဈေးကွက်ကို ကိုင်ထားတဲ့ သူတွေက လက်ထဲမှာ ရှိတဲ့ ကုန် စည်တွေကို ဈေးမြှင့်လိုက်တယ်။ ဒေါ်လာဈေးနှုန်းတွေ မြင့်တက်အောင် ဈေးကစားလိုက်တယ်။ ပြီးတော့ အစိုးရအဖွဲ့ကို ဦးအောင်တင်ပြပြီး တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီက ဖမ်းနေ လို့ ဒီလိုဈေးတွေ တက်နေတာဆိုပြီး ပြောတော့ သာမန်လောက်ပဲသိတဲ့ အစိုးရ အဖွဲ့ဝင်တချို့ အနေနဲ့ သူ တို့ပြောတာကို ဟုတ်နိုး နိုးထင်တယ်။ လုပ်ရကိုင်ရတာ ခက်ခဲမှုတွေ ရှိတယ်'' ဟု ဦးတင်ရဲဝင်းကဆက်လက် ပြောကြားသည်။
ကောင်းမွန်သော အစိုးရအဖွဲ့အဖြစ် မြန်မာနိုင်ငံ အစိုးရအနေဖြင့် ရပ်တည်နိုင်ရန် ထိုကဲ့သို့ အစိုးရအဖွဲ့သို့ ပေါက်ရောက်သူများကို စနစ်တကျ ကြပ်မတ်နိုင်ရန် လိုအပ်နေကြောင်း ဦးတင်ရဲဝင်းက ပြောဆိုခဲ့ပြီး တရား မ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီအား နိုင်ငံတော်အဆင့် ဖွဲ့စည်းထားသော် လည်း အမှန်တကယ် ဖမ်းဆီး အရေးယူနိုင်မည့် လုပ်ငန်းစဉ်များ လုပ်ကိုင်နိုင်ရန် အစိုးရအဖွဲ့သို့ခွင့်ပြုချက်တောင်း ခံနေရဆဲ ဖြစ်ကြောင်း သိရသည်။

Eleven Media Group
Posted by ဆူးအေမီ on 1:23 AM in | No comments



Photo: ရန်ကုန်လေဆိပ်ဝန်ဆောင်မှု လုပ်ကိုင်ခွင့်ရကုမ္ပဏီ ယနေ့ကြေညာမည်
Saturday, August 10, 2013

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် ဝန်ဆောင်မှုအချို့ လုပ်ကိုင်ခွင့်အတွက် တင်ဒါအောင်သည့် ကုမ္ပဏီကို သြဂုတ်လ ၁၀ ရက် (ယနေ့) တွင် တရားဝင် ကြေညာသွားမည် ဖြစ်ကြောင်း လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းက သြဂုတ်လ ၉ ရက်နေ့က ပြောကြားသည်။

အဆိုပါဝန်ဆောင်မှု လုပ်ကိုင်ခွင့် ရရှိမည့် ကုမ္ပဏီသည် လေကြောင်းထိန်းသိမ်းရေးမှအပ လေဆိပ်အတွင်းရှိ အခြားမြေပြင် ဝန်ဆောင်မှုများကို လုပ်ကိုင်ခွင့်ရရှိမည် ဖြစ်သည်။

တင်ဒါရွေးချယ်ရေးအတွက် ပို့ဆောင်ရေးဝန်ကြီးဌာန၏ တင်ဒါရွေးချယ်ရေး အစည်းအဝေးကို သြဂုတ်လ ၈ ရက်နေ့က ပြုလုပ်ခဲ့သော်လည်း လက်ရှိတွင် ပို့ဆောင်ရေးဝန်ကြီးဌာန၏ တင်ဒါအောင်သည့် ကုမ္ပဏီအမည် ကြေညာစာ မရောက်သေးသောကြောင့် ကုမ္ပဏီအမည်ကို မပြောနိုင်သေးကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

သြဂုတ်လ ၁၀ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများနှင့် လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ဝက်ဘ်ဆိုက်တို့တွင် တင်ဒါအောင်သည့် ကုမ္ပဏီကို တရားဝင် ကြေညာမည် ဖြစ်ကြောင်းလည်း ဦးဝင်းဆွေထွန်းက ဆိုသည်။

“တင်ဒါ ရွေးချယ်ရေးကို ဆက်လက်လုပ်နေတုန်းပဲ။ အဲ့ဒီလုပ်ငန်းစဉ် ဒီနေ့ပြတ်ရင်တော့ မနက်ဖြန် ကြေညာကောင်း ကြေညာမယ်။ ရလဒ်တော့ အခုထိ မထွက်သေးတဲ့အတွက် မနက်ဖြန်သတင်းစာမှာ ကြေညာမယ်။ မကြေညာဘူးဆိုတာ ရလဒ်ပေါ်မူတည်ပါတယ်” ဟု နေပြည်တော် ပို့ဆောင်ရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ဝန်ဆောင်မှု နောက်ဆုံးတင်ဒါကို မေလ ၂၅ ရက်က ခေါ်ယူထားရာ အကြိုအရည်အချင်းစစ် အောင်မြင် ထားသည့် ကုမ္ပဏီ ၁၁ ဖွဲ့တွင် ခုနစ်ဖွဲ့သာ လာရောက် လျှောက်ထား ခဲ့ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၏ တရားဝင်ထုတ်ပြန်ချက်အရ သိရသည်။ 

ယင်းကုမ္ပဏီ ခုနစ်ဖွဲ့မှာ စင်ကာပူနိုင်ငံမှ Yongnam-CAPE-JGC Consortium၊ မြန်မာနိုင်ငံမှ Pioneer Aerodrome Services၊ ကိုရီးယားနိုင်ငံမှ Incheon Airport Consortium၊ အမေရိကန်ပြည်ထောင်စုမှ ACO Investment Group Co., Ltd.၊ ပြင်သစ်နိုင်ငံမှ Vinci Airport၊ ဂျပန်နိုင်ငံမှ Sojitz Corporationနှင့် Toyata Tsusho Corporation ကုမ္ပဏီတို့ဖြစ်ပြီး ယင်းတို့ထဲမှ ရွေးချယ်ရမည် ဖြစ်ကြောင်း လေကြောင်း ညွှန်ကြားမှုဦးစီးဌာနက တရားဝင် ထုတ်ပြန်ထားသည်။

The Voice Weekly
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် ဝန်ဆောင်မှုအချို့ လုပ်ကိုင်ခွင့်အတွက် တင်ဒါအောင်သည့် ကုမ္ပဏီကို သြဂုတ်လ ၁၀ ရက် (ယနေ့) တွင် တရားဝင် ကြေညာသွားမည် ဖြစ်ကြောင်း လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းက သြဂုတ်လ ၉ ရက်နေ့က ပြောကြားသည်။
အဆိုပါဝန်ဆောင်မှု လုပ်ကိုင်ခွင့် ရရှိမည့် ကုမ္ပဏီသည် လေကြောင်းထိန်းသိမ်းရေးမှအပ လေဆိပ်အတွင်းရှိ အခြားမြေပြင် ဝန်ဆောင်မှုများကို လုပ်ကိုင်ခွင့်ရရှိမည် ဖြစ်သည်။
တင်ဒါရွေးချယ်ရေးအတွက် ပို့ဆောင်ရေးဝန်ကြီးဌာန၏ တင်ဒါရွေးချယ်ရေး အစည်းအဝေးကို သြဂုတ်လ ၈ ရက်နေ့က ပြုလုပ်ခဲ့သော်လည်း လက်ရှိတွင် ပို့ဆောင်ရေးဝန်ကြီးဌာန၏ တင်ဒါအောင်သည့် ကုမ္ပဏီအမည် ကြေညာစာ မရောက်သေးသောကြောင့် ကုမ္ပဏီအမည်ကို မပြောနိုင်သေးကြောင်း ၎င်းကဆက်လက် ပြောကြားသည်။
သြဂုတ်လ ၁၀ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများနှင့် လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ဝက်ဘ်ဆိုက်တို့တွင် တင်ဒါအောင်သည့် ကုမ္ပဏီကို တရားဝင် ကြေညာမည် ဖြစ်ကြောင်းလည်း ဦးဝင်းဆွေထွန်းက ဆိုသည်။
“တင်ဒါ ရွေးချယ်ရေးကို ဆက်လက်လုပ်နေတုန်းပဲ။ အဲ့ဒီလုပ်ငန်းစဉ် ဒီနေ့ပြတ်ရင်တော့ မနက်ဖြန် ကြေညာကောင်း ကြေညာမယ်။ ရလဒ်တော့ အခုထိ မထွက်သေးတဲ့အတွက် မနက်ဖြန်သတင်းစာမှာ ကြေညာမယ်။ မကြေညာဘူးဆိုတာ ရလဒ်ပေါ်မူတည်ပါတယ်” ဟု နေပြည်တော် ပို့ဆောင်ရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ဝန်ဆောင်မှု နောက်ဆုံးတင်ဒါကို မေလ ၂၅ ရက်က ခေါ်ယူထားရာ အကြိုအရည်အချင်းစစ် အောင်မြင် ထားသည့် ကုမ္ပဏီ ၁၁ ဖွဲ့တွင် ခုနစ်ဖွဲ့သာ လာရောက် လျှောက်ထား ခဲ့ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၏ တရားဝင်ထုတ်ပြန်ချက်အရ သိရသည်။ 
ယင်းကုမ္ပဏီ ခုနစ်ဖွဲ့မှာ စင်ကာပူနိုင်ငံမှ Yongnam-CAPE-JGC Consortium၊ မြန်မာနိုင်ငံမှ Pioneer Aerodrome Services၊ ကိုရီးယားနိုင်ငံမှ Incheon Airport Consortium၊ အမေရိကန်ပြည်ထောင်စုမှ ACO Investment Group Co., Ltd.၊ ပြင်သစ်နိုင်ငံမှ Vinci Airport၊ ဂျပန်နိုင်ငံမှ Sojitz Corporationနှင့် Toyata Tsusho Corporation ကုမ္ပဏီတို့ဖြစ်ပြီး ယင်းတို့ထဲမှ ရွေးချယ်ရမည် ဖြစ်ကြောင်း လေကြောင်း ညွှန်ကြားမှုဦးစီးဌာနက တရားဝင် ထုတ်ပြန်ထားသည်။
The Voice Weekly
Posted by ဆူးအေမီ on 1:20 AM in | No comments





တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်း ဘာသာရေး အသွင်ဆောင် ပဋိပက္ခနှင့် အခြားပဋိပက္ခများ ဖြစ်ပွားပါက ဒေသဆိုင်ရာ အစိုးရအဖွဲ့က တိုက်ရိုက်ကိုင်တွယ် ဖြေရှင်းရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ညွန်ကြားလိုက်ကြောင်း သမ္မတပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က The Voice သို့ ပြောကြားသည်။

နိုင်ငံတော် သမ္မတဦးသိန်းစိန်က သြဂုတ်လ ၉ ရက်နေ့တွင် ပြုလုပ်သော အစိုးရယန္တရား တာဝန်ရှိသူအားလုံးနှင့် တွေ့ဆုံစဉ် ယင်းသို့ ညွန်ကြားလိုက်ခြင်း ဖြစ်သည်။

ပဋိပက္ခများ ကိုင်တွယ် ဖြေရှင်းရာတွင် ပြည်နယ်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်များက ရဲတပ်ဖွဲ့ကို တိုက်ရိုက်ကိုင်တွယ် ညွှန်ကြားကာ စီမံခန့်ခွဲခွင့် ပြုလိုက်ခြင်း ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။
“ခြုံပြောရရင် ပြည်ထောင်စုအစိုးရရဲ့ လုပ်ဆောင်မှုတွေကို လျှော့ချပြီးတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရရဲ့ စီမံခန့်ခွဲ၊ လုပ်ပိုင်ခွင့်တွေကို ပိုမိုပေးအပ်မယ့် အစီအစဉ် ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်၊ မိတ္ထီလာနှင့် လားရှိုးမြို့တို့တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများ၌ ဒေသဆိုင်ရာ အစိုးရများကို လုပ်ပိုင်ခွင့် အပြည့်အဝ ပေးအပ်ထားမှု မရှိခြင်းကြောင့် ပဋိပက္ခများ ပိုမိုကြီးထွားလာကာ လူသေဆုံးမှု မြင့်တက်ခဲ့ရခြင်း ဖြစ်ကြောင်း နိုင်ငံရေး အဖွဲ့အစည်းအချို့က ဝေဖန်ထားသည်။

မြန်မာနိုင်ငံတွင်း ဖြစ်ပွားခဲ့သော အဆိုပါ ပဋိပက္ခများတွင် သက်ဆိုင်ရာရဲတပ်ဖွဲ့က ထိန်းသိမ်းနိုင်ခြင်း မရှိတော့သဖြင့် နိုင်ငံတော်သမ္မတက တပ်မတော်၏ အကူအညီရယူရန် အရေးပေါ် ကြေညာချက်များ ထုတ်ပြန်ခဲ့ရသည်။
From:The Voice
Posted by ဆူးအေမီ on 1:20 AM in | No comments



၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၃ ရက်နေ့၊ RFA မြန်မာပိုင်း အစီအစဉ်မှ နံနက် ၇ နာရီချိန် ထုတ်လွှင့် ခဲ့မှုနှင့် အိန္ဒိယသတင်း မီဒီယာများတွင် ယခုရက်ပိုင်း အတွင်း ဖော်ပြနေမှုများဖြစ်သည့် မြန်မာ- အိန္ဒိယ နယ်စပ် ခြံစည်းရိုး ကာရံခြင်းကို မရပ်တန့်ပါက မဏိပူရ် ပိုင်နက် နယ်မြေ တစ်စိတ်တစ်ပိုင်း အား မြန်မာနိုင်ငံသို့ ပေးလိုက်ရမည် သာမက ၄၀နီးပါးရှိသော ကျေရွာများသည်လည်း အိမ်နီးချင်း နိုင်ငံသို့ပါ သွားလိမ့်မည်ဟု ဖော်ပြထုတ် လွှင့်လျက်ရှိကြောင်း တွေ့ရှိနေရပါတယ်။

မြန်မာ- အိန္ဒိယ နှစ်နိုင်ငံဟာ အင်္ဂလိပ် ကိုလိုနီ အောက်ကနေ မရှေးမနှောင်းပဲ လွတ်လပ်ရေး ရခဲ့ ကြပါတယ်။ လွတ်လပ်ရေး ရပြီးတဲ့ အချိန်မှာ နှစ်နိုင်ငံ နယ်နိမိတ်ကို တိုင်းတာ သတ်မှတ်ဖို့ အတွက် နယ်နိမိတ် သဘောတူ စာချုပ်ကို ၁၉၆၇ ခုနှစ်တွင် ချုပ်ဆိုခဲ့ကြပါတယ်။
သဘောတူ စာချုပ်အရ နယ်နိမိတ် တိုင်းတာ သတ်မှတ်ခြင်းကို ၁၉၆၉မှ ၁၉၇၄ထိ ပူးတွဲတိုင်းတာ ခဲ့ပါတယ်။ နှစ်နိုင်ငံ ထိစပ်မှုအနေဖြင့် ၁၀၁၀ မိုင်ခန့် ဆက်စပ်လျက်ရှိပြီး တိုင်းတာရန် ၂ နေရာ ကျန် နေ ခဲ့ပါတယ်။ တစ်နေရာက မြန်မာ- တရုတ်- အိန္ဒိယ ၃ နိုင်ငံ ဆုံရာ နေရာပါ။ အဲဒီနေရာက အိန္ဒိယ- တရုတ်နှစ်နိုင်ငံ နယ်မြေ အငြင်းပွားမှုကြောင့် ကျန်ရှိနေတာ ဖြစ်ပြီး သူတို့ နှစ်နိုင်ငံပြေလည် မှ ဆက်တိုင်းရမှာပါ။ နောက်တစ်နေရာ ကတော့ မြန်မာ- အိန္ဒိယ ကဘော်ချိုင့်ဝှမ်း ဒေသ မှတ်တိုင် ၉တိုင် စိုက်ထူရန် ကျန်ရှိနေရတာ ဖြစ်ပါတယ်။
အကြောင်းရင်း ကတော့ မြန်မာ- အိန္ဒိယ နှစ်နိုင်ငံ အကြား ကဘော်ချိုင့်ဝှမ်း ဒေသမှာ အင်္ဂလိပ်က မှတ်တိုင် ၃၉ တိုင် သတ်မှတ် စိုက်ထူခဲ့ပြီးသားပါ။ အဲဒီတိုင်တွေ နေရာမှာ တိုင်အသစ်တွေ စိုက်ထူ ပြီး နယ်နိမိတ် သတ်မှတ်ရာ နယ်နိမိတ် မှတ်တိုင်ဟောင်းတွေ နေရာရွေ့နေတာရယ်၊ အိန္ဒိယ ဘက်က ရွာတွေ မြန်မာ့နယ်မြေဘက် ကျူးကျော် နေတာရယ်ကြောင့် မှတ်တိုင် ၉တိုင် အသစ် စိုက်ထူရန် ကျန်နေတာ ဖြစ်ပါတယ်။ ထိုနေရာတွေမှာ မြန်မာဘက်က ဆုံးရှုံးနေတာဖြစ်ပြီး နယ်နိ မိတ် စာချုပ် သဘောတူညီချက် အတိုင်း အတိအကျ ဆောင်ရွက်ပါက အိန္ဒိယ ဘက်က ကျူးကျော်နေတဲ့ ကျေးရွာ အစိတ်အပိုင်းအချို့ ရွာပြောင်း ပေးရမှာ ဖြစ်ပါတယ်။
အိန္ဒိယ ပြည်သူတွေကလည်း လက်မခံကြလို့ ၁၉၇၀မှာ သူတို့ အစိုးရကို ဆန္ဒပြမှုတွေ လုပ်ခကြပါတယ်။ ဒါနဲ့ မြန်မာဘက်က အိမ်နီးချင်း ပီသစွာ ကျူးကျော် ကျေးရွာတွေကို ဖယ်ရှား စေရန် (အစား) အစားထိုး မြေပြန်ပေးဖို့သာ ညှိနှိုင်းရာ အိန္ဒိယ ပြည်သူတွေရဲ့ ဖိအားပေးမှုကြောင့် ဖြေရှင်းရ ခက်နေပါတယ်။
ဒါ့အပြင် နယ်နိမိတ် သတ်မှတ်ပြီး နေရာတွေမှာတောင် အခုနောက်ပိုင်း ကာလများမှာ အိန္ဒိယ ဘက်က ကျူးကျော်မှုတွေ များစွာရှိနေလို့ နှစ်နိုင်ငံ ပူးတွဲ ကွင်းဆင်း စစ်ဆေးမှုတွေ လုပ်ကြ ရပါတယ်။ ကွင်းဆင်း အဖြေအရ သူတို့ဘက်က နယ်နိမိတ် ကျူးကျော်မှုတွေ ပေါ်လွင် နေတာ တောင် မဖြေရှင်းနိုင်သေးဘဲ ပြည်နယ် တရားရုံး အဆင့်မှာတင် ကြန့်ကြာ နေပါတယ်။

 အိန္ဒိယ အနေနဲ့  နယ်နိမိတ် သတ်မှတ်ပြီးဖြစ်တဲ့ နယ်နိမိတ် မှတ်တိုင် ၇၉နဲ့ ၈၁ အကြားမှာ ခြံစည်း ရိုးကာရံခြင်း ဆောင်ရွက် ခဲ့ပါတယ်။ သူတို့ခြံစည်းရိုး ခတ်မယ့် နေရာမှာရှိတဲ့ ဂေါ်ဘာယံ ရွာဟာ နယ်နိမိတ်ကို ကျော်လွန်ပြီး မြန်မာဘက် ကိုတောင် ရောက်နေတာ ဖြစ်တဲ့အတွက် ၎င်းကျေးရွာ နေရာတွင် ခြံစည်းရိုး ကာရံမှု ချန်လှပ် ဆောင်ရွက်ခဲ့ရတာ ဖြစ်ပါတယ်။ အဲ့ဒီကျေးရွာမှ အိမ်များ မြန်မာနိုင်ငံ ဘက်ကို ကျော်လွန်နေတာလည်း သူတို့ဖယ်ရှား ရှင်းလင်း နိုင်ခြင်း မရှိတဲ့အပြင် ကျေးရွာနေ သူတွေရဲ့ ဖိအားပေးမှု ခံနေရတာ ဖြစ်ပါတယ်။ ဒီအခြေအနေမှာ နိုင်ငံရေး ပါတီတွေက မဲဆွယ်တဲ့ အနေနဲ့ မြန်မာ- အိန္ဒိယ နယ်နိမိတ် ပြန်တိုင်းမယ်ဆိုတဲ့ ပုံစံမျိုး မဲဆွယ်နေပြီး ယခုကဲ့သို့ သတင်းမှားများ ထုတ်လွှင့်နေတာ ဖြစ်ကြောင်း တွေ့ရှိရပါတယ်။

မြန်မာပိုင်နက်ကို ထပ်မံကျူးကျော်မှု မရှိဖို့၊ ကျူးကျော် နေရာများအား ပြန်လည် ဖယ်ရှားဖို့ တွေဟာ နယ်စပ် ဒေသမှာရှိတဲ့ မြန်မာပြည်သူတွေလည်း သိဖို့လိုအပ်ပါတယ်။ ဒါကြောင့် မြန်မာ- အိန္ဒိယ နယ်နိမိတ် မှာရှိတဲ့ ပြည်သူတွေအနေနဲ့ မျိုးချစ်စိတ်ရှိရှိနဲ့ လိမ်မာပါးနပ်မှုတို့ဖြင့် ကာကွယ် ကြိုးပမ်း ကြရန် လိုအပ်လျက် ရှိကြောင်း၊ အဲဒီနယ်စပ်မှာ တာဝန် ထမ်းဆောင်ဖူးတဲ့ ဝန်ထမ်းဟောင်း တစ်ဦး အနေနဲ့ သိရှိသမျှကို အကျဉ်းချုပ်ပြီး မျှဝေလိုက်ရပါတယ်။
ဆောင်းပါးရှင်- ဦးအောင် (၀န်ထမ်းဟောင်း)
မြဝတီ



မင်္ဂလာပါကျွန်တော့် သူငယ်ချင်းများအားလုံးလည်းသိထားပြီးသားလည်းဖြစ်မှာပါ။မသိသေးတဲ့ သူငယ်ချင်းတွေအတွက်စုစည်းမှုလေးပါခင်ဗျ။
android ဖုန်းတွေအတွက်လိုအပ်တဲ့  top 10 players များကိုတစ်နေရာတည်းမှာအသုံးပြုလို့ ရအောင်တင်ပေးလိုက်ပါတယ်ခင်ဗျာ။အောက်မှာယူသွားပေးကြပါခင်ဗျာ။
 MX Playermx player ကလည်း android အတွက်အကောင်းဆုံး player တစ်ခုစာရင်းဝင်ပါခင်ဗျာ။
လိုချင်ရင်အောက်မှာယူပေးပါ။  INSTALL HERE






BS PlayerBS PLAYER ကလည်း android အတွက်အကောင်းဆုံး player တစ်ခုစာရင်းဝင်ပါခင်ဗျာ။လိုချင်ရင်အောက်မှာယူပေးပါ INSTALL HERE






Mobo PlayerMOBO PLAYERကလည်း android အတွက်အကောင်းဆုံး player တစ်ခုစာရင်းဝင်ပါခင်ဗျာ။လိုချင်ရင်အောက်မှာယူပေးပါINSTALL HERE






 Easy Video Player proEASY VIDEO PLAYER PRO ကလည်း android အတွက်အကောင်းဆုံး player တစ်ခုစာရင်းဝင်ပါခင်ဗျာ။လိုချင်ရင်အောက်မှာယူပေးပါINSTALL HERE






 Mobo Video Player ProMOBO VIDEO PLAYER ကလည်း android အတွက်အကောင်းဆုံး player တစ်ခုစာရင်းဝင်ပါခင်ဗျာ။လိုချင်ရင်အောက်မှာယူပေးပါINSTALL HERE






 Real PlayerREAL PLAYER ကလည်း android အတွက်အကောင်းဆုံး player တစ်ခုစာရင်းဝင်ပါခင်ဗျာ။လိုချင်ရင်အောက်မှာယူပေးပါINSTALL HERE






 QQ PlayerQQ PLAYERကလည်း android အတွက်အကောင်းဆုံး player တစ်ခုစာရင်းဝင်ပါခင်ဗျာ။လိုချင်ရင်အောက်မှာယူပေးပါINSTALL HERE






FLV Video Player FLV PLAYER ကလည်း android အတွက်အကောင်းဆုံး player တစ်ခုစာရင်းဝင်ပါခင်ဗျာ။လိုချင်ရင်အောက်မှာယူပေးပါINSTALL HERE






 VLC for Android BetaVLC FOR ANDROID PRO ကလည်း android အတွက်အကောင်းဆုံး player တစ်ခုစာရင်းဝင်ပါခင်ဗျာ။လိုချင်ရင်အောက်မှာယူပေးပါINSTALL HERE






 Meridian Media Player FusionMERIDIAN PLAYER ကလည်း android အတွက်အကောင်းဆုံး player တစ်ခုစာရင်းဝင်ပါခင်ဗျာ။လိုချင်ရင်အောက်မှာယူပေးပါINSTALL HERE



ကျွန်တော့် ဘလော့ လေးကိုလာလည်ကျတဲ့ သူငယ်ချင်းများအားလုံးကိုကျေးဇူးတင်ပါတယ်။မိတ်ဆွေတို့ ရဲ့ ဖုန်းအခက်အခဲများကို saithu102@gmail.com/saithu777@facebook.com/saithu102.blogspot.com သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ။






မင်္ဂလာပါကျွန်တော့် ညီလေးတစ်ယောက်မေးထဲကနေ Android ဖုန်း version 4.0 တွေအထက်မှာusb debugging ဘယ်လိုလုပ်ရလဲလို့ မေးလာလို့ ဒီပိုစ့် ကိုအမြန်ရေးလိုက်တာပါ။တကယ်တော့ တတ်သိနားလည်နေသူတွေအတွက်တော့ 
လွယ်လွယ်လေးပေါ့ ဗျာ။ဖုန်းတစ်လုံးကိုဝယ်ထားပြီးမှတော့  root မယ် မြန်မာဖောင့် လေးထည့် မယ်စသည်ဖြင့် စမ်းသပ်ချင်ကြတာကတော့ ထုံးစံဖြစ်နေပါပြီ။
ဖုန်းကို root ပုံ နည်းလမ်းတွေကလည်းအင်တာနက်စာမျက်နှာမှာပြည့် နေပါပြီ။root လုပ်တဲ့ နေရာမှာလည်းလက်စွမ်းထက်တဲ့  one click  tool တွေလည်းပေါ်ပေါက်နေတော့  root တာတော့ သိပ်အပန်းမကြီးတော့ ပါဘူး။အင်းဒီနေရာမှာ လူသစ်တွေအနေနဲ့  usb debugging လုပ်တာလေးကိုမှမသိရင်တော့ ဘာကိုမှဆက်မလုပ်နိုင်တော့ ဘူးပေါ့ ဗျာ။

ကျွန်တော့် အနေနဲ့ ဒီနေရာမှာ Android version 4.0 up တွေမှာ usb debugging  လုပ်တာလေးကိုပြောပြပေးသွားမှာပါ။သိပြီးသားမိတ်ဆွေတို့ ကတော့  ကျော်သွားလိုက်ပါ။
ပထမ မိမိတို့ ဖုန်းရဲ့  Setting > application > ကိုသွားပါ development > usb debugging ကိုနိုပ်ပါ။
USBdebugSetttingAnd2.jpg
 အိုကေဒီနေရာမှာသာမန် android version ၄.၀ အောက်က ဖုန်းတွေတော့ အိုကေသွားပါပြီAndroid version 4.0 up နှင့် အထက်ကျတော့  usb debugging အမှန်ခြစ်လေးနေရာမှာ နိုပ်မရဘဲဖြစ်နေပါတယ်။ဒါကို မိမိတို့ ဖုန်းရဲ့  setting > developer options > build number ကို(၇)နှစ်ချက်ထိပေးလိုက်ရင် တော့  usb debugging လုပ်လို့ ရပါပြီခင်ဗျာ။
USBdebugSetttingAnd4.jpg 
 ဒါကတော့  build number ကိုပြထားတဲ့ ပုံပါ။
 
တစ်ဆက်တည်း မိမိတို့  ဖုန်းတွေနှင့် ကိုက်ညီမယ့်  usb driver များကို လိုချင်တယ်ဆိုရင်တော့ ဒီမှာဝင်ယူ လိုက်ပါခင်ဗျာ။

ကျွန်တော့် ဘလော့ လေးကိုလာလည်ကျတဲ့ သူငယ်ချင်းများကိုကျေးဇူးတင်ပါတယ်။မိတ်ဆွေတို့  root လုပ်ချင်တဲ့ ဖုန်းအတွက် saithu102@gmail.com သို့ ဆက်သွယ်အကူအညီရယူနိုင်ပါပြီ။

Friday, August 9, 2013

Posted by ဆူးအေမီ on 7:07 AM in | No comments
မြေလျှောက်ဝိဇ္ဖာရွှေမြသာ (မင်းသိင်္ခ)
လင့်သေနေတယ်ဆိုလို့ ပြန်တင်ပေးလိုက်ပါသည်။ မင်းသင်္ခစာအုပ်များအား မာတိကာ (မ) မင်းသိင်္ခတွင် ရှာယူနိုင်သည်။

မြေလျှောက်ဝိဇ္ဇာရွှေမြသာ (၁)
http://www.mediafire.com/download/tbbfx0zqwvg90m4/myayshout_1(onairmm).pdf
မြေလျှောက်ဝိဇ္ဇာရွှေမြသာ (၂)
http://www.mediafire.com/download/7xusrafrpbyk1qq/myayshout_(part_2).pdf
မြေလျှောက်ဝိဇ္ဇာရွှေမြသာ (ဇတ်သိမ်း)
http://www.mediafire.com/download/1k3mub9v4u8zxqu/myayshout_3(onairmm).pdf
မြေလျှောက်ဝိဇ္ဖာရွှေမြသာ (မင်းသိင်္ခ)
လင့်သေနေတယ်ဆိုလို့ ပြန်တင်ပေးလိုက်ပါသည်။ မင်းသင်္ခစာအုပ်များအား မာတိကာ (မ) မင်းသိင်္ခတွင် ရှာယူနိုင်သည်။

မြေလျှောက်ဝိဇ္ဇာရွှေမြသာ (၁)
http://www.mediafire.com/download/tbbfx0zqwvg90m4/myayshout_1(onairmm).pdf
မြေလျှောက်ဝိဇ္ဇာရွှေမြသာ (၂)
http://www.mediafire.com/download/7xusrafrpbyk1qq/myayshout_(part_2).pdf
မြေလျှောက်ဝိဇ္ဇာရွှေမြသာ (ဇတ်သိမ်း)
http://www.mediafire.com/download/1k3mub9v4u8zxqu/myayshout_3(onairmm).pdf
Posted by ဆူးအေမီ on 7:01 AM in | No comments
အရက်များ ဈေးပေါနေခြင်းက ဘောလုံးကွင်းအတွင်း ရမ်းကားမှု များဖြစ်ပေါ်စေဟု ဦးဇော်ဇော် ဝေဖန်

9.8.2013

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က မြန်မာနို င်ငံရှိ ဘောလုံးကွင်းများတွင် ပရိသတ်ရမ်းကားမှုများ ဖြစ်ပေါ်နေခြင်းမှာ အရက်များဈေးကွက်အတွင်း ဈေးပေါပေါနှင့် ၀ယ်ယူသောက်သုံးခွင့် ရနေသည့်အတွက် လူငယ်များမူးရစ်ရမ်းကားမှုကြောင့် ဖြစ်ကြောင်း ဝေ ဖန်ပြောကြားခဲ့သည်။ မြန်မာနိုင်ငံတွင် မြန်မာ နေရှင်နယ်လိဂ်ပြိုင်ပွဲ စတင်ကျင်းပခဲ့သည့် ၂၀၀၉ ခုနှစ်ကတည်းက ပရိသတ်ဆူပူရမ်း ကားမှုများ နှစ်စဉ် ဖြစ်ပွားခဲ့သည်။

ယခုနှစ်မြန်မာနေရှင်နယ်လိဂ် နောက်ဆုံးပွဲစဉ်ဖြစ်သော နေပြည်တော်-ရန်ကုန်ပွဲတွင်လည်း ပရိသတ်များ ဆူပူရမ်းကားမှုကြောင့် ပွဲဖျက်ခဲ့ရသည့် ပထမဆုံး မြန်မာနေရှင်နယ်လိဂ်ပွဲအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။

ဘောလုံးကွင်းများတွင် ဆူပူအကြမ်းဖက်မှုများဖြစ်ပွားနေခြင်းနှင့် ပတ်သက်ပြီး ဦးဇော်ဇော်က “ပရိသတ်ကိုတော့ ပညာပေးအစီအ စဉ်တွေနဲ့ ဖြည်းဖြည်းချင်း စည်းရုံးရမှာပဲ။ အချိန်ယူရမှာပေါ့။ နေပြည်တော်၊ မုံရွာ၊ မန္တလေး၊ ရန်ကုန်ရယ်လို့ ခွဲမရပါဘူး။ မူးယစ်ရမ်းကားတဲ့ ပရိသတ် က နေ ရာတိုင်းမှာ ရှိပါတယ်။ အဓိကကတော့ ဈေးကွက်ထဲမှာ အရက်ကို ဈေးပေါပေါနဲ့ ၀ယ်လို့ ရနေတာပဲ။ ဒါကို ကြိုက်ကို မကြိုက်ဘူး။ လူငယ်တွေလက်လှမ်းမီတဲ့ဈေးနဲ့ အရက်ကို အလွယ်တကူ ၀ယ်ယူခွင့်ရနေ တာ ပြဿနာပါ” ဟု ဦးဇော်ဇော်က သြဂုတ်(၅)ရက်နေ့က ရန်ကုန်မြို့ဆီဒိုး နားဟိုတယ်တွင် ကျင်းပခဲ့သော ချန်ပီယံရန်ကုန်အသင်း အောင်ပွဲခံ အခမ်းအနားတွင် မီဒီယာများကို ပြောကြားခဲ့သည်။

ဆီးဂိမ်းအတွက် ရည်ရွယ်တည်ဆောက်ထားသော ၀ဏ္ဏသိဒွီကွင်းတွင် ယခုကဲ့သို့ ပရိသတ် ဆူပူမှုများ ဖြစ်ပွားခဲ့သော်လည်း ဆီးဂိမ်းတွင် ကွင်းလုံခြုံရေးကိုသာ တိုးမြှင့်မည်ဖြစ်ပြီး ကွင်းပတ်လည်ကို သံဇကာများတပ်ဆင်ရန် မစဉ်းစားထားကြောင်းလည်း ဦးဇော်ဇော်က ဆိုသည်။

ရဲရင့်ဌေး
မဇ္ဈိမ



မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က မြန်မာနို င်ငံရှိ ဘောလုံးကွင်းများတွင် ပရိသတ်ရမ်းကားမှုများ ဖြစ်ပေါ်နေခြင်းမှာ အရက်များဈေးကွက်အတွင်း ဈေးပေါပေါနှင့် ၀ယ်ယူသောက်သုံးခွင့် ရနေသည့်အတွက် လူငယ်များမူးရစ်ရမ်းကားမှုကြောင်
့ ဖြစ်ကြောင်း ဝေ ဖန်ပြောကြားခဲ့သည်။ မြန်မာနိုင်ငံတွင် မြန်မာ နေရှင်နယ်လိဂ်ပြိုင်ပွဲ စတင်ကျင်းပခဲ့သည့် ၂၀၀၉ ခုနှစ်ကတည်းက ပရိသတ်ဆူပူရမ်း ကားမှုများ နှစ်စဉ် ဖြစ်ပွားခဲ့သည်။
ယခုနှစ်မြန်မာနေရှင်နယ်လိဂ် နောက်ဆုံးပွဲစဉ်ဖြစ်သော နေပြည်တော်-ရန်ကုန်ပွဲတွင်လည်း ပရိသတ်များ ဆူပူရမ်းကားမှုကြောင့် ပွဲဖျက်ခဲ့ရသည့် ပထမဆုံး မြန်မာနေရှင်နယ်လိဂ်ပွဲအဖြစ်လည်
း မှတ်တမ်းဝင်ခဲ့သည်။

ဘောလုံးကွင်းများတွင် ဆူပူအကြမ်းဖက်မှုများဖြစ်ပွားနြေ
ခင်းနှင့် ပတ်သက်ပြီး ဦးဇော်ဇော်က “ပရိသတ်ကိုတော့ ပညာပေးအစီအ စဉ်တွေနဲ့ ဖြည်းဖြည်းချင်း စည်းရုံးရမှာပဲ။ အချိန်ယူရမှာပေါ့။ နေပြည်တော်၊ မုံရွာ၊ မန္တလေး၊ ရန်ကုန်ရယ်လို့ ခွဲမရပါဘူး။ မူးယစ်ရမ်းကားတဲ့ ပရိသတ် က နေ ရာတိုင်းမှာ ရှိပါတယ်။ အဓိကကတော့ ဈေးကွက်ထဲမှာ အရက်ကို ဈေးပေါပေါနဲ့ ၀ယ်လို့ ရနေတာပဲ။ ဒါကို ကြိုက်ကို မကြိုက်ဘူး။ လူငယ်တွေလက်လှမ်းမီတဲ့ဈေးနဲ့ အရက်ကို အလွယ်တကူ ၀ယ်ယူခွင့်ရနေ တာ ပြဿနာပါ” ဟု ဦးဇော်ဇော်က သြဂုတ်(၅)ရက်နေ့က ရန်ကုန်မြို့ဆီဒိုး နားဟိုတယ်တွင် ကျင်းပခဲ့သော ချန်ပီယံရန်ကုန်အသင်း အောင်ပွဲခံ အခမ်းအနားတွင် မီဒီယာများကို ပြောကြားခဲ့သည်။

ဆီးဂိမ်းအတွက် ရည်ရွယ်တည်ဆောက်ထားသော ၀ဏ္ဏသိဒွီကွင်းတွင် ယခုကဲ့သို့ ပရိသတ် ဆူပူမှုများ ဖြစ်ပွားခဲ့သော်လည်း ဆီးဂိမ်းတွင် ကွင်းလုံခြုံရေးကိုသာ တိုးမြှင့်မည်ဖြစ်ပြီး ကွင်းပတ်လည်ကို သံဇကာများတပ်ဆင်ရန် မစဉ်းစားထားကြောင်းလည်း ဦးဇော်ဇော်က ဆိုသည်။


ရဲရင့်ဌေး
မဇ္ဈိမ
Posted by ဆူးအေမီ on 6:52 AM in | No comments
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ် ကျွန်းကလေး ရဲကင်းတာဝန်ကျ ရဲတပ်သား ချမ်းငြိမ်းသူက လက်ထပ်ခွင့် မတင်ခြင်းနှင့် ပတ်သက်၍ လက်ပံတန်းမြို့နယ် ရဲစခန်းမှူးက လက်သီးဖြင့် ထိုးကြိတ်ခဲ့မှုကို သြဂုတ်လ ၆ ရက်နေ့တွင်
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်နှင့် ပြည်ထဲရေး ဝန်ကြီးဌာနထံသို့ တိုင်ကြားခဲ့ကြောင်း ရဲတပ်သား ချမ်းငြိမ်းသူ၏ဇနီး ဒေါ်နီနီဝင်းက ပြောကြားသည်။

အဆိုပါ ထိုးကြိတ်မှုသည် သြဂုတ်လ ၃ ရက်နံနက်ပိုင်းတွင် စခန်းမှူး ဒုရဲမှူး ဝင်းဗိုလ်က တပ်သားကို ထိုးကြိတ်ပြီးနောက် အချုပ်ခန်းတွင်းသို့ထည့်ရာ အတွင်းရှိ အချုပ်သား ၁၇ ဦးကိုလည်း စခန်းမှူးက ဝင်လာသည့် အချုပ်သား ရဲတပ်သားအား လက်သီးဖြင့် ထိုးခိုင်းပြီး ၎င်းတို့ မထိုးပါက ၎င်းတို့ အားလုံးကို အပြင်ထုတ်၍ တုတ်ဖြင့်ရိုက်မည်ဟု ပြောသဖြင့် အချုပ်သားများက ထိုးကြိတ်ခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်သား၏ ပြောကြားချက် ကိုးကား၍ ၎င်းဇနီး ဒေါ်နီနီဝင်းက ပြောကြားသည်။

“ကျွန်မနဲ့ အိမ်ထောင်ပြုတာ သုံးလပဲ ရှိသေးတယ်။ တပ်ဖွဲ့ဝင်အချင်းချင်း အထက်လူကြီးက အောက်လက်ငယ်သားကို အနိုင်ကျင့်နှိပ်စက်တော့ မကောင်းပါဘူး” ဟု ၎င်းကပြောသည်။

ဝိုင်းဝန်းထိုးကြိတ်သော ဒဏ်ရာများကြောင့် ရဲတပ်သားချမ်းငြိမ်းသူ အချုပ်၏ အိမ်သာထဲတွင် သတိလစ် မေ့မြောခဲ့ကြောင်း၊ ထို့နောက် ခရိုင်အချုပ်သို့ ထပ်မံပို့ဆောင်ခဲ့ကြောင်း၊ အချုပ်တွင် ဒဏ်ရာများ မသက်သာသဖြင့် သာယာဝတီခရိုင် ပြည်သူ့ဆေးရုံသို့ အတွင်းလူနာအဖြစ် တက်ရောက် ကုသခဲ့ပြီး သြဂုတ်လ ၇ ရက်နေ့ နေ့လယ်တွင် ဆေးရုံမှဆင်းပြီး ခရိုင်ရဲအချုပ်တွင် ထပ်မံထိန်းသိမ်းထားကြောင်း ၎င်းကရှင်းပြသည်။

အဆိုပါ ထိုးကြိတ်မှုနှင့် ပတ်သက်၍ ရဲတပ်သားသည် ရဲစည်းကမ်းဖောက်သည်ဟု စခန်းမှူးက တင်ပြထားကြောင်း၊ တပ်ဖွဲ့တွင်း ကိစ္စဖြစ်နေသောကြောင့် ဖြစ်စဉ်များကို ရဲတရားရုံးသို့ စစ်ဆေးကာ တရားဥပဒေ စိုးမိုးရေးနှင့် အမှုမှန် ပေါ်ပေါက်ရေးအတွက် တိတိကျကျ စစ်ဆေးဆောင်ရွက်မည် ဖြစ်ကြောင်း သာယာဝတီခရိုင် ရဲတပ်ဖွဲ့မှူး ရဲမှူး ဦးတင်ဇော်ထွန်းက ပြောကြားသည်။

လက်ရှိ ထိုးကြိတ်သည်ဟု စွပ်စွဲခံရသည့် စခန်းမှူး ဒုရဲမှူးဝင်းဗိုလ်ကို သွားရောက် မေးမြန်းသော်လည်း ကျန်းမာရေးကြောင့် ခွင့်ခြောက်ရက်ယူကာ ခရီးထွက်သွားကြောင်း ယာယီစခန်းမှူး ရဲအုပ် စိုးသန်းဌေးက ပြောကြားသည်။

ရဲတပ်သားကို စခန်းမှူးက ထိုးကြိတ်မှု တိုင်ကြားခြင်းကို ၎င်းတို့အနေနှင့် တတ်နိုင်သည့်ဘက်မှ အကူအညီ ပေးထားပြီး မတရားမှုများ တွေ့ရှိလာပါက မည်သူ့မျက်နှာကိုမှ ကြည့်မည် မဟုတ်ဘဲ အမှုမှန် ပေါ်ပေါက်ရေးကို တင်ပြတောင်းဆိုမည် ဖြစ်ကြောင်း၊ ပြည်သူက တင်မြှောက်သည့် အစိုးရဖြစ်သည့်အတွက် ပြည်သူရဲတပ်ဖွဲ့ဝင်များကလည်း ပြည်သူချစ်သော ရဲတပ်ဖွဲ့ဝင်များဖြစ်ရန် ဆန္ဒရှိကြောင်း သာယာဝတီခရိုင် အကျင့်ပျက် ခြစားမှုနှင့် မတရားမှု တိုက်ဖျက်ရေးကွန်ရက် ခေါင်းဆောင် ဦးကျော်ဇင်ထွန်း (ခ) ကျော်ကြီးက ပြောကြားသည်။

The Voice Weekly
Posted by ဆူးအေမီ on 6:49 AM in | No comments



အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ်ကို ခိုးယူပေါင်းသင်းမိသူ အသက် ၃၀ အရွယ် အမျိုးသား တစ်ဦးသည် အဓမ္မကျင့်မှုဖြင့် ရွှေပြည်သာရဲစခန်းတွင် တိုင်ကြားခံထားရကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူး ရုံးမှ သတင်းထုတ်ပြန်သည်။
အဆိုပါ မိန်းကလေးငယ်၏ မိဘများသည် သြဂုတ် ၂ ရက်က ၎င်းတို့သမီး ကျူရှင်သွားရာမှ အိမ်သို့ပြန် မလာသဖြင့် လိုက်လံရှာဖွေနေခဲ့ကြောင်း၊ ထိုသို့ လိုက်လံရှာဖွေနေစဉ် သူတို့သမီးကို တစ်လမ်းတည်းနေ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးက ဧရာဝတီတိုင်း ငါးသိုင်းချောင်းမြို့နယ်သို့ ခေါ်ဆောင်သွားကာ ပေါင်းသင်းနေထိုင်နေကြောင်း သိရှိခဲ့ရသည်ဟု ရဲကိုတိုင်တန်းရာတွင် ထွက်ဆိုထားသည်။
ထို့ကြောင့် မိဘများသည် သမီးဖြစ်သူကို သြဂုတ် ၆ ရက်တွင် သွားရောက်ခေါ်ဆောင်ခဲ့ပြီး သူ့သမီးကို ပေါင်းသင်းခဲ့သည့် အမျိုးသားကိုလည်း အသက်မပြည့်သေးသည့် ကလေးငယ်ကို ခိုးယူပေါင်းသင်းသူ အဖြစ်စွပ်စွဲကာ ရွှေပြည်သာရဲစခန်း၌ တိုင်တန်းခဲ့သည်ဟု ရဲမှတ်တမ်းတွင်တွေ့ ရသည်။
ယင်းသို့ တိုင်တန်းမှုကို ရွှေပြည်သာရဲစခန်းက အမှုအမှတ် (ပ) ၅၆၆/၂၀၁၃ဖြင့် အမှုဖွင့်ထားပြီး စွပ်စွဲခံရသူ အမျိုးသားကိုလည်း ဖမ်းဆီးစစ်ဆေးလျှက်ရှိပြီး သူသည် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၆ အဓမ္မပြုကျင့်မှုဖြင့် တရားစွဲခံရနိုင်ချေရှိကြောင်း သတင်းထုတ်ပြန်ထားသည်။
Mizzima - News in Burmese
Posted by ဆူးအေမီ on 12:06 AM in | No comments
ကျောင်းသူအရွယ်မိန်းကလေးများ၏ သားဥများရောင်းချသည့် ဈေးကွက်ပေါ်ပေါက်နေ

၉.၈.၂၀၁၃၊ သောကြာနေ့ 

တရုတ်နိုင်ငံတွင် ကျောင်းသူအရွယ် မိန်းကလေးများက သားဥရောင်းချသည့် မှောင်ခိုဈေးကွက်တစ်ခု ပေါ်ပေါက်နေကြောင်း သိရသည်။ အဆိုပါ လှုပ်ရှားမှုကို မှောင်ခို အေဂျင်စီများက အဓိက လုပ်ဆောင်နေပြီး အထူးသဖြင့် နာမည်ကျော် တက္ကသိုလ်များမှ ဘွဲ့ကြို ကျောင်းသူလေးများကို ပစ်မှတ်ထားလေ့ရှိကြောင်း သိရသည်။

မှောင်ခို ပွဲစားများသည် သားဥ တစ်ခုအတွက် ယွမ်ငွေ သောင်းဂဏန်းမျှထိ ဈေးပေး ဝယ်ယူလေ့ရှိသည်။ ပွဲစားများသည် ဝယ်လက်နှင့် မိန်းကလေးများကို ဘေဂျင်းရှိ ကော်ဖီဆိုင်များတွင် တွေ့ဆုံပေးလေ့ရှိပြီး ယင်းအရောင်းအဝယ် ကိစ္စတွင် အပြန်အလှန် စကားပြောခွင့် မပေးချေ။ 
ဝယ်လက်များသည် အများအားဖြင့် စုံတွဲများ ဖြစ်ကြပြီး အေးဂျင့်ထံမှတစ်ဆင့် မိန်းကလေး၏ အရပ်အမြင့်၊ သွေးအုပ်စုနှင့် ဝါသနာစသော အချက်အလက်များကို သိရှိရသည်။ 

အဆိုပါ သားဥများကို ဖန်ပြွန်သန္ဓေနည်းဖြင့် သုက်ပိုးဖြင့် ရောစပ်စေကာ မျိုးအောင်စေရန် လုပ်ဆောင်နိုင်မည်ဖြစ်သည်။ ထိုလုပ်ငန်းအတွက် သာမန် ဆေးရုံများထက် သီးသန့်ဆေးရုံများနှင့် နိုင်ငံခြားမှ လာရောက်အခြေစိုက်သော ဆေးရုံများတွင်သာ ပိုမိုလုပ်ဆောင်ပေးလေ့ ရှိကြောင်းလည်း သိရသည်။

ဘေဂျင်းတွင် မိန်းကလေးများ မျိုးဥအတွက် ယွမ်ငွေ ၄၀၀၀၀ မှ ၈၀၀၀၀ ထိ ဈေးပေး ဝယ်ယူနေကြောင်းလည်း သတင်းများက ဖော်ပြသွားသည်။

Ref: Myanmar News Update



တရုတ်နိုင်ငံတွင် ကျောင်းသူအရွယ် မိန်းကလေးများက သားဥရောင်းချသည့် မှောင်ခိုဈေးကွက်တစ်ခု ပေါ်ပေါက်နေကြောင်း သိရသည်။ အဆိုပါ လှုပ်ရှားမှုကို မှောင်ခို အေဂျင်စီများက အဓိက လုပ်ဆောင်နေပြီး အထူးသဖြင့် နာမည်ကျော် တက္ကသိုလ်များမှ ဘွဲ့ကြို ကျောင်းသူလေးများကို ပစ်မှတ်ထားလေ့ရှိကြောင်း သိရသည်။
မှောင်ခို ပွဲစားများသည် သားဥ တစ်ခုအတွက် ယွမ်ငွေ သောင်းဂဏန်းမျှထိ ဈေးပေး ဝယ်ယူလေ့ရှိသည်။ ပွဲစားများသည် ဝယ်လက်နှင့် မိန်းကလေးများကို ဘေဂျင်းရှိ ကော်ဖီဆိုင်များတွင် တွေ့ဆုံပေးလေ့ရှိပြီး ယင်းအရောင်းအဝယ် ကိစ္စတွင် အပြန်အလှန် စကားပြောခွင့် မပေးချေ။
ဝယ်လက်များသည် အများအားဖြင့် စုံတွဲများ ဖြစ်ကြပြီး အေးဂျင့်ထံမှတစ်ဆင့် မိန်းကလေး၏ အရပ်အမြင့်၊ သွေးအုပ်စုနှင့် ဝါသနာစသော အချက်အလက်များကို သိရှိရသည်။

အဆိုပါ သားဥများကို ဖန်ပြွန်သန္ဓေနည်းဖြင့် သုက်ပိုးဖြင့် ရောစပ်စေကာ မျိုးအောင်စေရန် လုပ်ဆောင်နိုင်မည်ဖြစ်သည်။ ထိုလုပ်ငန်းအတွက် သာမန် ဆေးရုံများထက် သီးသန့်ဆေးရုံများနှင့် နိုင်ငံခြားမှ လာရောက်အခြေစိုက်သော ဆေးရုံများတွင်သာ ပိုမိုလုပ်ဆောင်ပေးလေ့ ရှိကြောင်းလည်း သိရသည်။


ဘေဂျင်းတွင် မိန်းကလေးများ မျိုးဥအတွက် ယွမ်ငွေ ၄၀၀၀၀ မှ ၈၀၀၀၀ ထိ ဈေးပေး ဝယ်ယူနေကြောင်းလည်း သတင်းများက ဖော်ပြသွားသည်။


Ref: Myanmar News Update

Thursday, August 8, 2013

Posted by ဆူးအေမီ on 11:57 PM in | No comments


၂၀၁၃-၂၀၁၄ ပညာသင်နှစ်တွင် ကရင်ပြည်နယ် ဘားအံမြို့နယ်အတွင်း ဆရာ၊ဆရာမ လိုအပ်ချက်များအရ ဆွဲခန့် ဆရာ၊ဆရာမ၂၈၀ နီးပါး ခန့်အပ်သွားမည်ဖြစ်သည်ဟု ဘားအံမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဘားအံမြို့နယ်အတွင်း ယင်းသို့ ဆွဲခန့် ဆရာ၊ ဆရာမ မခန့်အပ်သည်မှာ ဆယ်စုနှစ် တစ်ခုနီးပါး ကြာမြင့် ခဲ့ပြီဖြစ်ပြီး လက်ရှိအချိန်တွင် ဆရာ၊ ဆရာမ လိုအပ်ချက်ကြောင့် ခန့်အပ်ခြင်းဖြစ်ကာ ဒေသတွင်း အလုပ်အကိုင် ဖန်တီးပေးလိုသည်လည်းဖြစ်သည်ဟု ဘားအံမြို့နယ် ဒုတိယပညာရေးမှူး ဦးဋ္ဌေးလွင်က ပြောသည်။

ဆွဲခန့် ဆရာ၊ ဆရာမဆိုသည်မှာ နေ့စား လပေးစနစ်ဖြင့် ခန့်အပ်ခြင်းဖြစ်ပြီး ယင်းဆရာ၊ ဆရာမများကို အိမ်မှ ကျောင်းသို့ နေ့ချင်းပြန် မရသည့် မူလတန်းကျောင်းများတွင် ခန့်အပ်သွားမည်ဖြစ်သည်ဟုလည်း ဦးဋ္ဌေးလွင်က ပြောသည်။ နေ့စား၊ လပေးစနစ်သည် နေ့တွက်နှုန်းဖြင့် တွက်ချက်၍ လကုန်မှပေးခြင်းဖြစ်ကာ ပိတ်ရက်များအတွက်မူ တွက်ချက်ပေးမည် မဟုတ်ဟု အလုပ်ခန့်အပ်ခံရသည့် ဆရာမအချို့ထံမှ သိရသည်။

ယင်းသို့ ခန့်အပ်ရာတွင် နိုင်ငံတော်မှ သတ်မှတ်ထားသည့် နေ့စားနှုန်းဖြင့်ပင် လစာရမည်ဖြစ်သည်။

ဘားအံမြို့နယ်အတွင်း ကျောင်းများကို နယ်မြေအလိုက် အဆင့်သတ်မှတ်ထားပြီး A.B.C.D.Eဟူ၍ နယ် မြေခွဲခြားထားသည်။ နယ်မြေအလိုက် ကျောင်းများတွင် A သည် မြို့ပေါ်ကျောင်းဖြစ်ပြီး B သည်မြို့အနီး နေ့ချင်းပြန်နိုင်သော ကျောင်းဖြစ်ကာ C.D.E သည် နေ့ချင်းပြန်မရသည့် ကျောင်းများဖြစ်သည်။

ဦးဌေးလွင်က “အသစ်ခန့်မယ့် ဆရာ၊ဆရာမတွေမှာ MSCဘွဲ့ရဆိုရင် C.D.Eရှိတဲ့ အထက်တန်းကျောင်းခွဲတွေမှာပဲ ခန့်တယ်။ ဘွဲ့ရတွေကြတော့ C.D.E ရှိတဲ့ မူလတန်းကျောင်းတွေမှာပဲ ခန့်တယ်”ဟု ပြော သည်။

ယင်းသို့ ဆွဲခန့် ဆရာ၊ ဆရာမများ ခန့်ထားခြင်းနှင့် ပတ်သက်၍လည်း ၎င်းက “ဆွဲခန့် ဆရာမတွေ ခန့် တယ်ဆိုတာ ပညာရေးဆိုင်ရာမှာ ဆရာမတွေ လိုအပ်ချက်အရ၊ ပညာရေးကောလိပ်ဆင်း အင်အားနဲ့ လစ်လပ်တာနဲ့ မမျှတာကြောင့် ကျောင်းတွေမှာ ဆရာတွေ လစ်လပ်တာလည်းများတော့ ဒေသသူတွေ အလုပ်တွေရအောင်ဆိုပြီး အလုပ်အကိုင်အခွင့်အလမ်းလည်း ဖန်တီးပေးလိုက်တာ”ဟု ဆိုသည်။

ဘားအံမြို့နယ်အတွင်း ဘွဲ့ရရှိသူများ အလုပ်အကိုင်ရှားပါးသဖြင့် အခြားနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်နေရခြင်းများ ရှိကာ ယခုကဲ့သို့ ဒေသအတွင်း အလုပ်လုပ်နိုင်သောကြောင့် ဘားအံမြို့နယ် အတွင်းရှိ ဘွဲ့ရလူငယ်များအတွက် ပိုမို အဆင်ပြေကြောင်း ဒေသခံများက ပြောသည်။

ဘားအံမြို့နယ်အတွင်း မင်းဇီရွာ မူလတန်းကျောင်းတွင် အလုပ်ခန့်အပ်ခြင်း ခံရသည့် မူလတန်းကျောင်း ဆရာမတစ်ဦးက “ဘွဲ့ရတာကြာပြီ။ အလုပ်လုပ်ချင်ပေမယ့် နယ်မှာဆိုတော့ အလုပ်အကိုင်အခွင့်အလမ်းက မရှိတော့ ဒီအတိုင်းပဲ နေနေရတယ်။ အခု ဆရာမတွေ ခေါ်တယ်ဆိုတော့ ၀င်လျှောက်လိုက်တာ။ တ ခြားရွာက မူလတန်းကျောင်းမှာ တာဝန်ကျပါတယ်။ အလုပ်သာ မရဘူးဆိုရင် သူများနိုင်ငံကို မသွားချင်ဘဲ အလုပ်လုပ်ရတော့မလို ဖြစ်နေတယ်။ အလုပ်ရပြီဆိုတော့ ဘယ်ဒေသမှာပဲ တာဝန်ကျကျ သွားလုပ်မယ်ဟု ဆိုသည်။

ဘားအံမြို့နယ်တွင် အခြေခံပညာရေးအထက်တန်း၊ အလယ်တန်း၊မူလတန်းကျောင်းပေါင်း၄၃၈ကျောင်းရှိကြောင်း ပညာရေးမှူးရုံးမှ စာရင်းများအရ သိရသည်။

From:mizzima
Posted by ဆူးအေမီ on 11:45 PM in | No comments



4
မြန်မာတွေ ထွင်ထားသမျှ Dictionary တွေထဲမှာ နံပတ် ( 1) အလန်းဆုံး ဖြစ်မယ့် Dictionary လို့ကျနော်
ထင်ပါတယ်.. အင်္ဂလိပ် ၊ ရှရှား ၊ ထိုင်း ၊ ကိုရီးယား ၊ ဂျပန် ဘာသာစကားငါးမျိုးကနေ မြန်မာဘာသာလို့
ပြောင်းလဲနိုင်ပါတယ်..မိမိသိချင်တဲ့စာလုံးကို အသံထွက်လည်းပြောပြပေးနိုင်ပါတယ်.. ဖွဲ့စည်းမှုအသွင်အ
အပြင်လည်း သေသပ်မှုရှိပြီး အခြား Dictionary များထက် အားသာတဲ့အချက်တွေကတော့ ဒီအဘိဓာန်
ထဲမှာမပါတဲ့ စကားလုံးများ ဘာသာပြန်များကို ထပ်မံပေါင်းထည့်ပြီး မှတ်သားထားနိုင်သလို.. အင်တာနက်
နဲ့ချိတ်ဆက်ထားမယ်ဆိုရင် မိမိရှာလိုတဲ့ စကားလုံးဟာ ဒီအဘိဓာန်ထဲမှာမပါသော်လည်း နာမည်ကြီး
စွယ်စုံကျမ်းဗဟုသုတ Website ကြီးများဖြစ်တဲ့ Wikipedia နဲ့ Wikitionary တို့လို စွယ်စုံဝဘ်ဆိုဒ်များ
တွင် အလိုအလျောက်ရှာဖွေနိုင်ပါသေးတယ်...ပညာရပ်နယ်ပယ်အသီးအသီးတွင် လေ့လာလိုက်စားနေကြ
သော ကျောင်းသားကျောင်းသူများ..ဆရာ .ဆရာမများ အတွက် အထူးအသုံးဝင်ဆုံး..ဆောင်ထားဖို့
အကောင်းဆုံး ဖြစ်ပြီး Online ရော.. .Offline ပါ Support ပေးတဲ့ မြန်မာ့နံပတ် 1 အဘိဓာန် Software
ကောင်းလေးတစ်ခုဖြစ်ပါတယ်ခင်မျာ...ဒီ Software ကိုအသုံးပြုမယ်ဆိုရင် မိမိစက်မှာ NetFraem 4 ထည့်
သွင်းထားဖို့လိုအပ်ပါမယ်ခင်မျာ... NetFrame work ကိုတော့ မဖြစ်မနေဒေါင်းသွားကြဖို့မမေ့နဲ့နော်..
တော်တော်များများအတွက်လိုအပ်နေလို့ပါ.. ကဲ..ဒီပိုစ့်လေးကို ကြိုက်တယ်ဆိုရင် www.mmithelper.com သို့လာလည်ကြပါဦးနော်..နည်းပညာဆိုင်ရာအခက်အခဲတွေကို Myanmar IT Helper မှာ ကူညီဖြေရှင်းပေးနေပါတယ်ခင်မျာ..အားလုံးအဆင်ပြေကြပါစေ :)

Fileswap ကနေဒေါင်းမယ်ဆိုရင် Slow Download ကိုနှိပ်ဒေါင်းကြပါ။


Download Dictionary ==> Link 1 / Link 2





ဒေါင်းနည်းများမသိပါက ဒီမှာ သွားကြည့်ပေးပါခင်ဗျာ
 


  အောင်ကျော်ခိုင်(ပုသိမ်ဆိုဒ်မှ


မိမိဖုန်း အထားမှားနေရင် အနီးအနားမှာ ရှာမတွေ့ခဲ့ရင် လက်ခုပ် တီးယုံနဲ့ ဖုန်းအသံမြည် လာစေရန် ပြုလုပ် ထားနိုင်တဲ့ application ဖြစ်ပါတယ်။ အားလုံးပဲအဆင်ပြေပြေ အသုံးပြုနိုင်ကြပါစေဗျာ
Dropbox | MMZ | Mediafire | Zippyshare | Solid | Ziddu | Sharebeast | Filecloud | Tusfile

(Dropbox နှင့် MMZ (MyanmarMobileZone) တို့သည် Direct Link များဖြစ်ပါတယ်)
(နှိပ်လိုက်တာနှင့် Download တန်းကျလာပါလိမ့်မယ်) 
Credit:MMZ

ဒေါင်းနည်းများမသိပါက ဒီမှာ သွားကြည့်ပေးပါခင်ဗျာ
 
http://www.aungkyaw.net

Monday, August 5, 2013

1098074_586902108019682_1617524580_n


အရင် Beta2 မှာမရတဲ့ ဖုန်းတွေကိုထက်ဖြည့်ပေးထားပါတယ်
iMobile istyle များနှင့် တရုတ်ဖုန်းများအားလုံးအဆင်ပြေပါတယ်။
ဝလုံးတက်တဲ့ဖုန်းတိုင်းအဆင်ပြေပြေအသုံးပြုနိုင်ပါတယ်။
Root Access ရှိဖို့တော့လိုအပ်ပါလိမ့်မယ်။
Font Changer ပြီးသွားတဲ့အခါမှာ Restart ချပေးဖို့လိုအပ်ပါတယ်။
သူ့အလိုလိုတော့ Restart ကျသွားအောင်လုပ်ပေးထားပါတယ်. . .
တစ်ချို့ဖုန်းတွေမှာ Font Change ပြီးပြီးခြင်း တရုတ်စာတွေတက်လာပေမဲ့
Restart ချပေးလိုက်ရင်အဆင်ပြေသွားပါလိမ့်မယ်. . .
မည့်သည့် Font မှမပျက်ပါဘူး
Android 4.0 နဲ့အထက်ရှိရင်အသုံးပြုနိုင်ပါတယ်။
Frozenkeyboard v1.1.3 တစ်ခါထဲထည့်ပေးထားပါတယ်။
အဆင်ပြေပါစေ
ဒီမှာဒေါင်းပါ။
http://www.mediafire.com/download/c9oblggq47h3sgz/MMSD_Smart_Zawgyi_v1.0.apk



Screenshot_1980-01-06-08-21-41 Screenshot_1980-01-06-08-21-47 Screenshot_1980-01-06-08-22-39
Screenshot_1980-01-06-08-22-56
Posted by ဆူးအေမီ on 7:11 PM in | No comments




အခုရက်ပိုင်းအတွင်း Facebook အကောင့်အသစ်ဖွင့်တိုင်း Email Confirmation လုပ်လိုက်တာနဲ့
တစ်ခါတည်း အကောင့်ကာ လော့ကျသွားတာတွေ ကြားနေရပါတယ် ..
ဒါနဲ့ ကျွန်တော်လည်း သာမာန်အတိုင်းပဲ Facebook အကောင့်အသစ်တစ်ခုကို ဖွင့်ကြည့်လိုက်တာ
တကယ်ပဲ Email အတည်ပြုပြီးတဲ့အဆင့်မှာပဲ Fake Name သုံးထားလို့ ဘာညာဆိုပြီး
လော့ကျသွားပါတယ် .. ပြန်ရချင်ရင်တော့ နိုင်ငံခြားက အသိတစ်ယောက်ရဲ့ အကူအညီကိုယူပြီး
သူ့ဖုန်းနံပါတ်ကိုထည့်ပေး FB က Text Message ပို့ပေးခဲ့တဲ့ ကုဒ်ကို ထည့်ပေးနိုင်ရင်တော့ ရကောင်းရနိုင်ပါတယ် ..

အလုပ်လည်း ရှုပ်သလို .. ရနိုင်မယ်မရနိုင်ဘူးလည်း မသေချာ .. နောက်ထပ် လော့ကျနိုင်ခြေ
ဘယ်လောက်နီးစပ်မစပ်လည်း မသေချာဆိုတော့ .. အကောင့်ဖွင့်ကတည်းက
လော့မကျအောင်ဖွင့်နိုင်မယ် နည်းလမ်းတွေကို အမျိုးမျိုးစမ်းသပ်ကြည့်တော့ ဒီနည်းလေးကို
သွားတွေ့ပါတယ် .. ဒီနည်းလမ်းအတိုင်း အကောင့်သုံးလေးခုကို ဖွင့်ကြည့်တာ အားလုံးအဆင်ပြေပြေနဲ့
အောင်မြင်တာကို တွေ့ရပါတယ် ..
အကောင့်သစ်အတွက် ဘာမှမလုပ်ခင် Browser မှာရှိတဲ့ History တွေ Cookies တွေကို ရှင်းထားလိုက်ပါ

ပထမဆုံး nolockfacebook@gmail.com ဆိုတဲ့ Gmail အကောင့်အသစ်တစ်ခုဖွင့်လိုက်ပါတယ် .. ပီးတော့
ဖွင့်ထားတဲ့ အကောင့်သစ်ရဲ့ Gmail ကို Sing Out မလုပ်ဘဲဒီအတိုင်းဖွင့်ထားပါတယ်.. ပြီးရင်

Facebook  အကောင့်သစ်စဖွင့်ဖို့ Sign Up လုပ်ပါတယ်.

First name Last name နေရာတွေမှာ အင်္ဂလိပ်နံမည်တွေ ထည့်ပေးပါတယ် .. (ကျွန်တော့်တို့ မြန်မာနံမည်တွေက
အနောက်နိုင်ငံတွေရဲ့ နံ့မည်တွေနဲ့ တည်ဆောက်ပုံမတူလို့ Fake Name အဖြစ် Facebook က ယူဆတတ်လို့ပါ )

ကျန်တဲ့အချက်တွေကိုတော့ တတ်နိုင်သမျှ Email အကောင့်ထဲကအချက်တွေနဲ့ တူအောင် ထည့်ပေးပါ ..
မွေးသက္ကရာဇ်ထည့်တဲ့နေရာမှာ တစ်ခုသတိထားရမှာက လက်ရှိအချိန်ထိ 18 နှစ်နဲ့အထက်ဖြစ်အောင် တွက်ချက်ပြီး ထည့်ပေးပါ .. ( 13 နှစ်ကျော်ရင်လည်း ရပေမယ့် တစ်ခါတစ်ခါ Error တက်တတ်လို့ပါ . )
ကျန်တာတွေကိုတော့ ပုံမှန်အတိုင်းပဲ ထည့်ပေးသွားပါ ..
နိုင်ငံကလည်း လက်ရှိ အဲဒီ Browser ကဖတ်ထားတဲ့ နိုင်ငံ ( မြန်မာနိုင်ငံကဖွင့်တာဆို Myanmar ဆိုတာလေး ပြနေမှာကိုပြောတာ)

ပြီးရင် နောက်တစ်ဆင့်ရောက်တဲ့အခါ .. Find Friends ကို မနှိပ်ပဲ Skip လုပ်လိုက်ပါ ..
( Find Friends လုပ်လိုက်ရင် အခြားသော အကောင့်တွေကို လိုက်ချိတ်တာဖြစ်လို့ Spam ရဲ့ လမ်းကြောင်းနဲ့ သွားတူနေလို့ပါ .. )

နောက်တစ်ဆင့်မှာတော့ ကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက်တွေကို ထည့်ပေးရပါမယ် ..
School မှာ အင်္ဂလိပ်လို ကျောင်းတစ်ကျောင်းရိုက်ထည့် အဲဒီအခါ Facebook က သူ့ရဲ့ Database ထဲမှာရှိတဲ့ ကျောင်းကို Result ထုတ်ပေးလာလိမ့်မယ် .. သူဖေါ်ပြလာတဲ့ ကျောင်းတွေထဲကမှ ကိုယ်ကြိုက်တာကို ရွေးနှိပ်လိုက်ပါ .. ( ကိုယ်ထည့်ချင်တာကို ထည့်လိုက်တာမဟုတ်ပါဘူး .. Facebook က သိထားတဲ့ကျောင်းကိုပဲ ရွေးထည့်ပေးလိုက်တာပါ )

University နဲ့ အောက်က အကွက်တွေမှာလည်း ဒီအတိုင်းပဲ .. Facebook က ဖေါ်ပြပေးတဲ့ နံမည်တွေကိုပဲ ရွေးပေးလိုက်ပါ .. ( အဲဒါတွေက နောက်မှ ပြင်လည်းရတယ်လေ )
နောက်တစ်ဆင့်မှတော့ Profile ပုံကို Upload တင်ပေးရမှာပါ .. ဒီအဆင့်ကို မကျော်ပဲ ပုံတစ်ပုံတင်ပေးလိုက်ပါ .. ဒါတွေပြီးလို့ Save and continue ကိုနှိပ်လိုက်ရင်
Friends အပ်ခိုင်းတဲ့ အဆင့်ဝင်လာပါတယ် .. ဒီအဆင့်မှာတော့ သူငယ်ချင်း နှစ်ယောက်လောက်ကို Friend Request လုပ်လိုက်ပါ ....

နောက်တစ်ဆင့်မှာတော့ ကိုယ့်ရဲ့ Home ကို ရောက်သွားပါမယ် .. အဲဒီမှာ Search Box ထဲကနေ .. ကိုယ့်ရဲ့ တစ်ခြားအကောင့်တစ်ခု ကို ရှာပြီး Add ပါ .. အဲဒီအကောင့်ကိုလည်း စက်တစ်လုံးကနေ Log in ၀င်ထားပြီး  Friend Request လုပ်တာကို ချက်ချင်းပဲ Confirm လုပ်ပေးလိုက်ပါ ..
အဲဒီအဆင့်ပြီးမှ ကိုယ့်ရဲ့ Gmail ကို ပြန်သွားပါ .. ( Facebook ရဲ့ အပေါ်မှာ ပေါ်နေတဲ့ Go to your gmail ကို မနှိပ်ပဲ ဒီအတိုင်းပဲ Gmail tab ကို သွားလိုက်တာပါ )

Gmail ထဲမှာ Facebook ကပို့ပေးလိုက်တဲ့ စာနှစ်စောင်ထဲက ပိုစောတဲ့စာ ( အောက်မှာရှိတဲ့စာ) ကိုဖွင့်ပြီး
Complete Sign Up ကို မနှိပ်ပဲ သူပေးထားတဲ့ လင့်ကိုပဲ နှိပ်လိုက်ပါ ..
နောက်ထပ် Tab အသစ်နဲ့အတူ Facebook ပွင့်လာပါမယ် ..

Email Confirm ဖြစ်တဲ့အကြောင်း တက်လာပြီဆိုရင် အရင် facebook ရဲ့ Tab ကို ပိတ်လိုက်ပါ ..
လက်ရှိရောက်နေတဲ့ Facebook ရဲ့ Home မှာပဲ Status လေးတစ်ခုလောက် ရေးပြီး တင်ပေးလိုက်ပါ ..

ဒါဆိုရင် .. အကောင့်တစ်ခုဟာ လော့မကျပဲ အဆင်ပြေပြေ အောင်မြင်သွားပါပြီ

ဒီနည်းလမ်းတစ်ခုလုံးမှာ ကျွန်တော် အသုံးချသွားတာက Browser တွေမှာ မှတ်သားထားလေ့ရှိတဲ့ Cookies ဆိုင်ရာ သီအိုရီအချို့ပါ .. ( ဒါကြောင့် Tab တွေကို မပိတ်ပဲ ထားခိုင်းတာပါ )




 ယူကျု ကနေကြည့်လိုပါက   သည်မှာ   သွားပြီးကြည့်နိုင်ပါတယ်....

Credit=> အိုင်တီမုဆိုး
VIBER : FREE MESSAGES & CALLS V 3.1.0 FOR ANDROID (LATEST VERSION)...

Android ဖုန်း/Tablet တွေအတွက် ဇူလိုင်လ 30 ရက်နေ့ ၂၀၁၃ မှာ Viber version အသစ်ထွက်လာပါပြီ။ Viber ဗားရှင်းအသစ်မှာတော့ ရေရေလည်လည် ကိုလန်းပါတယ်။ ယခု version မှာ viber ဆော့ဝဲရဲ့အသွင်အပြင် ဒီဇိုင်းလည်းတော်တော်လေးပြောင်းလဲသွားပါတယ်။ ဖုန်း free call ကို HD sound နှင့် ပြောနိုင်တာ ၊ Message Free ပို့နိုင်တာ ၊ Group chat ပြောနိုင်ရုံတင်မက အခြား Featuresတွေလည်းတော်တော်လေးကိုမိုက်လာပါတယ်။ အထူးခြားဆုံးကအခု version အသစ်မှာ Video File တွေကိုပါ Share လိုရပြီ: Sticker အသစ်များစွာပါဝင်လာတာကိုတွေ့ရပါတယ် .. Viber v3.1.0 for Android အောက်ကလင့်မှာ download ရယူနိုင်ပါပြီ။
ဒေါင်းရန်

http://www.mediafire.com/download/lngh219a3ps9a1k/myominnthant.www.uploaded_by_myanmarmobileapp.com.apk


http://itmeethee.blogspot.com/


Android ဖုန်း/
Tablet တွေအတွက် ဇူလိုင်လ 30 ရက်နေ့ ၂၀၁၃ မှာ Viber version အသစ်ထွက်လာပါပြီ။ Viber ဗားရှင်းအသစ်မှာတော့ ရေရေလည်လည် ကိုလန်းပါတယ်။ ယခု version မှာ viber ဆော့ဝဲရဲ့အသွင်အပြင် ဒီဇိုင်းလည်းတော်တော်လေးပြောင်းလဲသွားပါတယ်။ ဖုန်း free call ကို HD sound နှင့် ပြောနိုင်တာ ၊ Message Free ပို့နိုင်တာ ၊ Group chat ပြောနိုင်ရုံတင်မက အခြား Featuresတွေလည်းတော်တော်လေးကိုမိုက်လာပါတယ်။ အထူးခြားဆုံးကအခု version အသစ်မှာ Video File တွေကိုပါ Share လိုရပြီ: Sticker အသစ်များစွာပါဝင်လာတာကိုတွေ့ရပါတယ် .. Viber v3.1.0 for Android အောက်ကလင့်မှာ download ရယူနိုင်ပါပြီ။
ဒေါင်းရန်


http://www.mediafire.com/download/lngh219a3ps9a1k/myominnthant.www.uploaded_by_myanmarmobileapp.com.apk


http://itmeethee.blogspot.com/
Posted by ဆူးအေမီ on 6:59 PM in | No comments

Photo: သေမင်းတမန် တောင်တွင် ထူးဆန်းသောရောဂါကြောင့် လူ ၃၀၀ ခန့် သေဆုံး
Thursday, August 1, 2013

မန္တလေး တိုင်းဒေသကြီး သပိတ်ကျင်းမြို့ နယ်တွင်ရှိသော သေမင်းတမန် တောင် မီးလန်းသတ္တုတူးဖော်ရေး လုပ်ငန်းခွင်တွင် လုပ်ကိုင်နေသော လုပ်သားများအနက် လုပ်သား ၃ဝဝသည် ပုံစံတူရောဂါတစ်မျိုး ဖြင့် သေဆုံး ခဲ့ကြောင်း အသက် ဆုံးရှုံးခဲ့သည့် အလုပ်သမားမိသား စုများက ရန်ကုန်တိုင်းမ်နေ့စဉ် သတင်းစာသို့ ထုတ်ဖော်ပြောကြား လိုက်သည်။

ပြင်ဦးလွင်ခရိုင် သပိတ်ကျင်း မြို့နယ် ချောင်းကြီးကျေးရွာရှိ ဒေသအခေါ် 'မီးလန်း'ဆိုသည့် ရွှေသတ္တုတူးဖော်ရေးလုပ်ငန်းခွင် တွင် ဝင်ရောက်လုပ်ကိုင်သည့် ချောင်းကြီးကျေးရွာမှ အလုပ်သမား များတွင် အဆုတ်ကင်ဆာကဲ့သို့ အသက်ရှူ လမ်း ကြောင်း ဆိုင်ရာ ရောဂါတစ်မျိုးကြောင့် ယင်းသတ္တု မိုင်းတွင်းစတင်သည့် ၁၉၉၅ခုနှစ် မှ ယနေ့အချိန်အထိ အလုပ်သမား ပေါင်း၃ဝဝခန့်သည် ပုံစံတူရောဂါ တစ်မျိုးတည်းဖြင့် သေဆုံးခဲ့ရ ကြောင်း ချောင်းကြီးကျေးရွာ ဒေသခံတို့၏ ပြောကြား မှုများ အရ သိရသည်။

''သားသုံးဦးစလုံး ဒီလုပ်ငန်း ခွင်မှာ ဝင်လုပ်ကိုင်ခဲ့ကြတယ်။ ငွေလဲ ရခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ ဖြစ်လာတဲ့ရောဂါကို အဲဒီငွေတွေ နဲ့ ပြန်ကုတာတောင် မရတော့ ဘူး။ သားတွေကို ဒီလုပ်ငန်းမှာ လုပ်ကိုင်စေခဲ့တာက အဒေါ့်ကို အခုလို အထီး ကျန် ဆန်စေခဲ့ တယ်'' ဟု တီဘီကဲ့သို့ လက္ခဏာတူညီ သည့်ရောဂါဖြင့် သားသုံးဦးစလုံး ရောဂါတူ၊ ပုံစံတူ၊ တစ်နှစ်ခြား ပြီး သေဆုံးခဲ့ရပုံကို မိခင်ဖြစ်သူ ဒေါ်ရွှေဥက ပြောသည်။

အဆိုပါ သတ္တုမိုင်းတွင် သတ္တုတူးဖော်ရေးဆိုင်ရာလုပ်ငန်း မျိုးစုံရှိပြီး ယခုကဲ့သို့သေဆုံးခဲ့သည့် အလုပ်သမားများသည် သတ္တုကို လေမှုတ်စက်(လေဂမ်း)ဖြင့်မှုတ် သည့်လုပ်ငန်းခွင်မှ အလုပ်သမား များဖြစ်ကြောင်း၊ လုပ်ငန်းခွင်ဝင် ပြီးနောက် သုံးနှစ် မှ ငါးနှစ် အတွင်း ရောဂါဖြစ်ပွားပြီး သေဆုံးကြခြင်း ဖြစ်ကြောင်း သိရသည်။ ယင်းကဲ့ သို့ဖြစ်မည်ကို အလုပ်သမားများ အနေဖြင့် ကြိုတင်သိရှိနေသော် လည်း မိသားစုဝင်ငွေလိုအပ်ချက် အရ ကျေးရွာသားများက လုပ်ကိုင် ခဲ့ခြင်းဖြစ် ကြောင်း၊ လုပ်ငန်းခွင် တွင် ယင်းကဲ့သို့ရောဂါဖြစ်နေသူ ကို 'ဂမ်း'ရောဂါသမားဟု အမည် တွင်ခေါ်ယူနေသည်အထိ အခြေ အနေဆိုးရွားလျက်ရှိကြောင်း ချောင်းကြီးကျေးရွာ ဒေသခံများ ၏ပြောကြားချက်အရ သိရသည်။ ချောင်းကြီး ကျေးရွာသား ဦးလှငွေ က ''ဂမ်းရောဂါဖြစ်တဲ့သူ တိုင်းသေကြတာပဲ။ အခုဆိုရင် ကျေးရွာကလူတွေက မလုပ်သ လောက်ရှားနေပြီ။ ရှိတော့ရှိသေး တယ်''ဟုပြောသည်။ ဒေါ်ရွှေဥက''သားတွေနဲ့အ တူ အလုပ်ဆင်းခဲ့ကြတဲ့ သူငယ် ချင်းခြောက် ဦးလဲ ဒီရောဂါနဲ့ပဲ သေ ကုန်ပြီ''ဟု ဆက်လက်ပြော သည်။

မကြာသေး မီရက်ပိုင်းများ အတွင်းက ယင်းရောဂါဖြင့်သေ ဆုံးခဲ့သည့် အမျိုးသားတစ်ဦးရှိခဲ့ ပြီး ရောဂါဖြစ်ပွားနေပြီး သေဆုံး မည့်အချိန်ကို စောင့်နေသူများ လည်း ကျေးရွာတွင်ရှိနေကြောင်း ချောင်းကြီးရွာသားများက ပြော သည်။ မီးလန်း သတ္တု တွင်း (ဒေသ အခေါ် သေမင်းတမန်တောင်)ကို ၁၉၉၅ခုနှစ်ဝန်းကျင်မှ စတင်တူး ဖော်နေခြင်းဖြစ်ပြီး လက်ရှိတွင် ကုမ္ပဏီနှစ်ခုခန့်က ပြောင်းလဲလုပ် ကိုင်ခဲ့ပြီဖြစ်ကြောင်း ကျေးရွာသား များကပြောသည်။

ကျော်ဇေယျ
Yangon Media Group
သေမင်းတမန်တောင်အား အဝေးမှ တွေ့ရစဉ်။ ဓာတ်ပုံ - ရဲနောင်(ဖယ်ခုံ/ရန်ကုန်တိုင်းမ်)


မန္တလေး တိုင်းဒေသကြီး သပိတ်ကျင်းမြို့ နယ်တွင်ရှိသော သေမင်းတမန် တောင် မီးလန်းသတ္တုတူးဖော်ရေး လုပ်ငန်းခွင်တွင် လုပ်ကိုင်နေသော လုပ်သားများအနက် လုပ်သား ၃ဝဝသည် ပုံစံတူရောဂါတစ်မျိုး ဖြင့် သေဆုံး ခဲ့ကြောင်း အသက် ဆုံးရှုံးခဲ့သည့် အလုပ်သမားမိသား စုများက ရန်ကုန်တိုင်းမ်နေ့စဉ် သတင်းစာသို့ ထုတ်ဖော်ပြောကြား လိုက်သည်။

ပြင်ဦးလွင်ခရိုင် သပိတ်ကျင်း မြို့နယ် ချောင်းကြီးကျေးရွာရှိ ဒေသအခေါ် 'မီးလန်း'ဆိုသည့် ရွှေသတ္တုတူးဖော်ရေးလုပ်ငန်းခွင် တွင် ဝင်ရောက်လုပ်ကိုင်သည့် ချောင်းကြီးကျေးရွာမှ အလုပ်သမား များတွင် အဆုတ်ကင်ဆာကဲ့သို့ အသက်ရှူ လမ်း ကြောင်း ဆိုင်ရာ ရောဂါတစ်မျိုးကြောင့် ယင်းသတ္တု မိုင်းတွင်းစတင်သည့် ၁၉၉၅ခုနှစ် မှ ယနေ့အချိန်အထိ အလုပ်သမား ပေါင်း၃ဝဝခန့်သည် ပုံစံတူရောဂါ တစ်မျိုးတည်းဖြင့် သေဆုံးခဲ့ရ ကြောင်း ချောင်းကြီးကျေးရွာ ဒေသခံတို့၏ ပြောကြား မှုများ အရ သိရသည်။

''သားသုံးဦးစလုံး ဒီလုပ်ငန်း ခွင်မှာ ဝင်လုပ်ကိုင်ခဲ့ကြတယ်။ ငွေလဲ ရခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ ဖြစ်လာတဲ့ရောဂါကို အဲဒီငွေတွေ နဲ့ ပြန်ကုတာတောင် မရတော့ ဘူး။ သားတွေကို ဒီလုပ်ငန်းမှာ လုပ်ကိုင်စေခဲ့တာက အဒေါ့်ကို အခုလို အထီး ကျန် ဆန်စေခဲ့ တယ်'' ဟု တီဘီကဲ့သို့ လက္ခဏာတူညီ သည့်ရောဂါဖြင့် သားသုံးဦးစလုံး ရောဂါတူ၊ ပုံစံတူ၊ တစ်နှစ်ခြား ပြီး သေဆုံးခဲ့ရပုံကို မိခင်ဖြစ်သူ ဒေါ်ရွှေဥက ပြောသည်။

အဆိုပါ သတ္တုမိုင်းတွင် သတ္တုတူးဖော်ရေးဆိုင်ရာလုပ်ငန်း မျိုးစုံရှိပြီး ယခုကဲ့သို့သေဆုံးခဲ့သည့် အလုပ်သမားများသည် သတ္တုကို လေမှုတ်စက်(လေဂမ်း)ဖြင့်မှုတ် သည့်လုပ်ငန်းခွင်မှ အလုပ်သမား များဖြစ်ကြောင်း၊ လုပ်ငန်းခွင်ဝင် ပြီးနောက် သုံးနှစ် မှ ငါးနှစ် အတွင်း ရောဂါဖြစ်ပွားပြီး သေဆုံးကြခြင်း ဖြစ်ကြောင်း သိရသည်။ ယင်းကဲ့ သို့ဖြစ်မည်ကို အလုပ်သမားများ အနေဖြင့် ကြိုတင်သိရှိနေသော် လည်း မိသားစုဝင်ငွေလိုအပ်ချက် အရ ကျေးရွာသားများက လုပ်ကိုင် ခဲ့ခြင်းဖြစ် ကြောင်း၊ လုပ်ငန်းခွင် တွင် ယင်းကဲ့သို့ရောဂါဖြစ်နေသူ ကို 'ဂမ်း'ရောဂါသမားဟု အမည် တွင်ခေါ်ယူနေသည်အထိ အခြေ အနေဆိုးရွားလျက်ရှိကြောင်း ချောင်းကြီးကျေးရွာ ဒေသခံများ ၏ပြောကြားချက်အရ သိရသည်။ ချောင်းကြီး ကျေးရွာသား ဦးလှငွေ က ''ဂမ်းရောဂါဖြစ်တဲ့သူ တိုင်းသေကြတာပဲ။ အခုဆိုရင် ကျေးရွာကလူတွေက မလုပ်သ လောက်ရှားနေပြီ။ ရှိတော့ရှိသေး တယ်''ဟုပြောသည်။ ဒေါ်ရွှေဥက''သားတွေနဲ့အ တူ အလုပ်ဆင်းခဲ့ကြတဲ့ သူငယ် ချင်းခြောက် ဦးလဲ ဒီရောဂါနဲ့ပဲ သေ ကုန်ပြီ''ဟု ဆက်လက်ပြော သည်။

မကြာသေး မီရက်ပိုင်းများ အတွင်းက ယင်းရောဂါဖြင့်သေ ဆုံးခဲ့သည့် အမျိုးသားတစ်ဦးရှိခဲ့ ပြီး ရောဂါဖြစ်ပွားနေပြီး သေဆုံး မည့်အချိန်ကို စောင့်နေသူများ လည်း ကျေးရွာတွင်ရှိနေကြောင်း ချောင်းကြီးရွာသားများက ပြော သည်။ မီးလန်း သတ္တု တွင်း (ဒေသ အခေါ် သေမင်းတမန်တောင်)ကို ၁၉၉၅ခုနှစ်ဝန်းကျင်မှ စတင်တူး ဖော်နေခြင်းဖြစ်ပြီး လက်ရှိတွင် ကုမ္ပဏီနှစ်ခုခန့်က ပြောင်းလဲလုပ် ကိုင်ခဲ့ပြီဖြစ်ကြောင်း ကျေးရွာသား များကပြောသည်။


From:YMG

Search Our Site