Ads

ကြော်ငြာ

Showing posts with label ဖို-မ ရေးရာများ..... Show all posts
Showing posts with label ဖို-မ ရေးရာများ..... Show all posts

Sunday, July 20, 2014

Posted by Unknown on 8:42 PM in | No comments


လေးစားစွာဖြင့် မေးအပ်ပါသည် ဆရာ။ ကိုယ်ဝန်တားဆေး ၃ လ ခံဆေး ထိုးထားပြီး ရာသီနည်းနည်း စီလာနေတာ တပတ်လောက်ရှိပါပြီ ဆရာ။ သူများတွေက ၃ လဆေးက ရာသီ မလာဘူးပြောပါတယ်။ တစ်ခါမှမထိုးဘူးပါ။ ကလေးခွဲမွေးပြီး ၂ လ ကျော်မှ ထိုးတာပါ။ ရာသီလာနေတော့စိတ်ပူပြီး မေးတာပါဆရာ။ စိတ်မချရမှာစိုးလို့ပါ။

Depo ထိုးဆေး ကိုယ့်အတွေ့အကြုံတွေကို (အွန်လိုင်း) မှာပြောကြတဲ့ အမျိုးသမီး ၅ဝ ကိုရွေးပြီး မျှဝေလိုက်ပါမယ်။ ပြောသူအားလုံးက အမေရိကန်တွေပါ။ မြန်မာအမျိုးသမီးတွေပြောတာကိုလဲ သိချင်ပါတယ်ဗျာ။

1) Depo ဆေး မထိုးဘဲနေတာ ၁၅ လကြာတော့ ကိုယ်ဝန် ပျက်တယ်။
2) Depo ကို ၁၂ နှစ်ကြာထိုးထားပြီး ၈ လစောင့်နေတာ ကိုယ်ဝန် မရသေးပါ၊
3) ဆေးမထိုးတာ ၃ လကြာပြီ၊ ရာသီပြန်မှန်အောင်လို့ ဆရာဝန်က စားဆေး စားခိုင်းထားတယ်၊ ၁-၂ နှစ်နေမှ ကိုယ်ဝန်ယူဘို့ ဆရာဝန်က ပြောတယ်။
4) ၆ လထိုးထားတယ်။ အခု ၁ နှစ်နဲ့ ၁ဝ လရှိနေပြီ၊ ရာသီက မမှန်သေးဘူး၊ ဒီကြားထဲမှာ ရာသီ ၆ ခါဘဲ လာတယ်။
5) ၁ နှစ်ထိုးထားတယ်။ မထိုးတာ ၁၆ လရှိပြီ။ Clomid ဆေးကြောင့် မျိုးဥတော့ ထွက်တယ်။ ကိုယ်ဝန် မရသေးဘူး။
6) ၅-၆ နှစ် Depo ထိုးခဲ့တယ်။ ၁၃ လကြာတော့ ကိုယ်ဝန်ရပါတယ်။
7) Depo မထိုးတော့တာ ၄ လရှိပြီး ကလေး မရသေးဘူး။
၁ဝ လ ထိုးထားပြီး အခု Othro tricylen (Norgestimate/Ethinyl estradiol) သောက်နေရတယ်။ ရာသီပြန် မှန်အောင်လို့။ ၆ လ ရှိနေပြီ။ ကလေးထပ်လိုချင်သူတွေ မထိုးစေချင်ဘူး။
9) ၂ နှစ်ခွဲ ထိုးထားတယ်။ မထိုးဘဲ ၄ လနေတော့ ရာသီပြန်လာတယ်။ ဒါပေမဲ့ ၂ ပါတ်တခါ လာနေတာ ၃ လရှိပြီ။ ၁ နှစ် ကျော်စပြုပြီ၊ ကိုယ်ဝန် မရသေးဘူး။
10) ၁ နှစ်ကြာ ထိုးထားတယ်။ ဆရာဝန်က ပြောတယ် ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေ ပျောက်အောင် စောင့်ရအုံးမယ်တဲ့။
11) Depo ၅ နှစ်ထိုးခဲ့တယ်။ ဆေးရပ်တာ ၁ နှစ်ကြာပြီ။ ကိုယ်ဝန်လဲမရသေးပါလား။ စိတ်ပိန်လိုက်တာ။
12) ၂ နှစ်ကြာ ထိုးခဲ့တယ်။ ၁၃ လရှိပြီ၊ ရာသီ တခါမှ မပေါ်သေးဘူး။ ဘယ်လောက်ကြာအုံးမယ်လဲ မပြောတတ်ဘူး။
13) သားလေးရပြီး ဆေးထိုးခဲ့တာ အခု သားက ၆ နှစ်ရှိပြီ။ ထိုးဆေးရပ်ပြီး Patch ပြောင်းသုံးနေတယ်။ ဒါကိုလဲ ဖြတ်လိုက်ပြီ။ ရာသီတော့ မှန်ပေမဲ့ ကိုယ်ဝန်မရသေးဘူး။ ခုဆို ၆ လရှိပြီပေါ့။
14) ၄ နှစ်ထိုးထားတယ်။ မထိုးတာက ၁ နှစ်ခွဲ။ မရသေးဘူး။ မရတော့မှာ သိပ်စိုးရိမ်နေတယ်။
15) ၇ နှစ်ထိုးခဲ့တယ်။ ၁ နှစ်စောင့်တော့ ကိုယ်ဝန်ပြန်ရပါတယ်။ ဒီကလေးမွေးပြီး ဆေးထပ်ထိုးနေတယ်။ ကြည့်အုံးမယ်လေ။
16) ဆေးမထိုးဘဲ နေခဲ့တာ ၄ လတော့ ရှိပြီ။ ၃ လနေတဲ့အထိ ရာသီမလာဘဲ အခု တပါတ်ခါ လာနေတယ်။
17) ကိုယ်ဝန်ပျက်ပြီး တခါဘဲ Depo ထိုးဘူးသေးတယ်။ ၈ လရှိပြီ ရာသီမလာဘူး။ လတိုင်း စိတ်ညစ်မိတယ်။
18) ၃ နှစ်ခွဲထိုးထားတယ်။ ကိုယ့်မျိုးပွါးစနစ်ကို ဒုက္ခပေးနေတာဘဲလို့ မြင်လာတယ်။ ဆရာဝန်ကတော့ ဘာမှ မဖြစ်ပါဘူး ပြောပေမဲ့ စိတ်ထဲမှာ သိနေတယ်။ ဆေးမထိုးတာ ၂ နှစ် နဲနဲကျော်ခဲ့ပြီ။ ကိုယ်ဝန် မရသေးဘူး။ ရာသီက ၆ လတော့ မှန်ပါရဲ့ နောက် ၂ လမှာ ၂ ပါတ်တခါ ဆင်းတာကလဲ များလိုက်တာ။ ကလေးမရတော့မှ သိပ်ပူတာဘဲ။ ဘယ်သူမှ မထိုးကြဘို့ ပြောချင်တယ်။
19) ကလေးဘယ်တော့မှ မယူတော့ဘူးဆိုပြီး Depo ဆေး ၂ နှစ်ကျော် ထိုးခဲ့တယ်။ အဲဒီကတည်းက သွေးမဆင်းဘူး။ ၁၉-၆-ဝ၆ မှာ ရပ်လိုက်တာ အခု ၁၃-၂-ဝ၇ အထိ ရာသီမလာသေးပါ။ လိင်စိတ်လဲ လုံးဝ လျှော့ကျသွားတယ်။
20) နောက် Depo ဆေးထိုးရက်က အောက်တိုဘာ ၂ဝဝ၆။ ကလေးယူချင်နေတယ်။ ရာသီက ပြန်မပေါ်သေးဘူး။ ကြွက်တက်တယ်။ အားကုန်သလို ဖြစ်နေတယ်။ အဲဒါ ကိုယ်ဝန်လား။ တခါမှ ကိုယ်ဝန်မရဘူးတော့ မသိဘူးပေါ့။ ရာသီမပေါ်ဘဲ ရတတ်သလားရှင်။
21) ကလေး ၂ ယောက်ရပြီး အောက်တိုဘာ ၂ဝဝ၅ မှာ Depo ထိုးတယ်။ ဧပြီ ၂ဝဝ၆ မှာ မထိုးတော့ဘူး။ ရာသီလဲ မလာဘူး။
22) နိုဝင်္ဘာ ၂ဝဝ၆ ကတည်းက ဆေးဆက်မထိုးတော့ဘူး။ သွေးပြန်ဆင်းပါတယ်။ ဆေးထိုးတုံးက လုံးဝမဆင်းခဲ့ဘူး။ အခု ၃ လ ကြာတော့ နောက်ကိုယ်ဝန်ရနေပြီ။
23) ကျမလဲ မထူးဘူး။ Depo မထိုးတာ ၂ဝဝ၆ ဒီဇင်္ဘာကတည်းက အခု ဖေဖေါ်ဝါရီအထိ သွေးမဆင်းဘူး။
24) ဆေးထိုးတာ ၂၃-၃-၂ဝဝ၇ မှာ ရပ်လိုက်တယ်။ အခု ၁၉ လရှိပြီ။ အရင် စားဆေးစားတုံးက ရာသီ ပြန်ဆင်းပါတယ်။ ရပ်တော့လဲ ကိုယ်ဝန် တန်းရတာဘဲ။
25) Depo ၂ နှစ်ထိုးခဲ့တယ်။ ဝလဲ ဝမလာပါဘူး။ ဆေးရပ်တော့ သွေးနဲနဲလေး ဆင်းတယ်။
26) ၈ နှစ် Depo ထိုးထားတယ်။ သွေးဆင်းများခဲ့တာ အတော်အဆင်ပြေတယ်လေ။ သြဂုတ် ၂ဝဝ၆ မှာ ရပ်လိုက်တယ်။ နောက်လ သွေးဆင်းတယ်။ အခု ဖေဖေါ်ဝါရီ။ ၂ ခါလောက် ရာသီထိန်လို့ စစ်တော့ ကိုယ်ဝန် မဟုတ်ဘူး။ နောက် သွေးဆင်းတာက များလိုက်တာ။
27) Depo ၁ ခါထဲ ထိုးဘူးတယ်။ ၁၉-၁-ဝ၇ မှာပါ။ ရာသီနဲနဲလေး လာတယ်။ နောက်လလဲ နဲနဲလေးဘဲ။
28) ၁၅ နှစ်သမီးကတည်းက ရာသီမှန်အောင် တားဆေးတွေသုံးခဲ့ရတယ်။ ၂ဝဝ၃ မှာ ထိုးဆေးထိုးတယ်။ သြဂုတ်မှာ ရပ်ပြီး ဖေဖေါ်ဝါရီအထိ ရာသီလာအောင်စောင့်ရတယ်။ ဘာဆေးမှမပါဘဲ ငယ်ကတည်းက သူ့ဖါသူဆင်းတာပါ။ အခု ကိုယ်ဝန် ရပါ့မလားလဲ မသိဘူး။
29) ၁ နှစ်တိတိ ထိုးဆေးသုံးတယ်။ နောက်ဆေး ထိုးရမဲ့ရက်လောက် နဲနဲဆင်းတယ်။ ကိုယ်ဝန်တော့ စောင့်ရတုံးဘဲ။
30) ၈ နှစ်လောက် ထိုးဆေးနဲ့ နေခဲ့တယ်။ ၂ဝ-၁ဝ-ဝ၅ မှာ နောက်ဆုံးထိုးတယ်။ ၆ ခါရာသီလာပြီး ရပ်သွားလို့ ဆရာဝန်က Provera pills ဆေးပေးတယ်။ ကြွက်တော့တက်တယ်။
31) ၁ နှစ် Depo ထိုးတယ်။ မထိုးတာလဲ ၁ နှစ်ရှိပြီ။ ရာသီက မဖြစ်စလောက်တော့ လာပါတယ်။
32) ၁ နှစ် ဆေးထိုးပြီးတော့ ဇန္နဝါရီကနေ အောက်တိုဘာအထိ ရာသီလာအောင် စောင့်ရတယ်။ ကိုယ်ဝန်တော့ စောင့်ရတုံးဘဲ။
33) မတ်လ ၂ဝဝ၅ မှာ သမီးမွေးပြီး ဆေးထိုးတယ်။ ဇွန် ၂ဝဝ၅ မှာ နားလိုက်တယ်။ ၂ဝဝ၆ စက်တင်္ဘာအထိ ရာသီလာဘို့ စောင့်ရတယ်။ ထိန်တာ ၂ လတော့ရှိပြီ ကိုယ်ဝန်ဖြစ်ကောင်းပါရဲ့။
34) သြဂုတ် ၁၉၉၅ မှာ ဆေးစထိုးခဲ့တယ်။ နိုဝင်္ဘာ ၂ဝဝ၃ မှာရပ်လိုက်တယ်။ ၂ဝဝ၄ ဒီဇင်္ဘာမှာ ရာသီပြန်လာတယ်။ အခု ဧပြီ ၂ဝဝ၇ ရှိပြီ ကိုယ်ဝန်လဲ မရသေးပါ။
35) ၁ဝ နှစ် Depo ထိုးခဲ့ပါတယ်။ သွေးက စောစောဆုံးမလို နေလို့။ အရိုးအားနည်းတာလဲ ရှိတယ်။ စိတ်မလာဘူး။ အရေပြား ပါးသလိုဘဲ။ ဆေးမထိုးတာ ၁၅ လရှိနေပြီ။ ရာသီ ၃ ခါလောက်တော့ လာတယ်ထင်တယ်။ ကလေး ရချင်တယ်။ ဒါပေမဲ့ ဆေးကြောင့် မရဘဲနေမလား မသိဘူး။
36) ၅ နှစ်ဆေးထိုးခဲ့ပါတယ်။ ၂ဝဝ၅ နိုဝင်္ဘာမှာ ရပ်လိုက်တယ်။ (မိုင်ဂရင်း) ဖြစ်လာတယ်။ စိတ်မူလဲ ပြောင်းနေတယ်။ ပြန်မှန်အောင် ၁၂ လစောင့်ရတယ်။ ခုထိလဲ ရင်သားနာတယ်၊ မောသလိုဘဲ။ နောင်တရနေမိတယ်။
37) ၁၁ နှစ်ထိုးခဲ့တယ်။ ဇွန် ၂ဝဝ၆ ကနောက်ဆုံးပေါ့။ ဆရာဝန်ကတော့ ၁ နှစ် ၁ နှစ်ခွဲကြာတခါ နားဘို့ပြောပါတယ်။ အောက်တိုဘာ ၂ဝဝ၆ ကစပြီးမှန်ပါတယ်။ ဆေးထိုးနေတုံး မကောင်းကျိုးလဲ မရ၊ ရာသီလဲမလာ၊ ကိုယ်ဝန်လဲ မရှိဘူး။ အခု တလရနိုးရနိုး စောင့်နေပါတယ်။ ဆေးက သူတို့ ကြော်ညာသလို ဖြစ်တာမို့ အပြစ်မတင်ချင်ပါ။
38) ၉ နှစ်ထိုးခဲ့တယ်။ ၁ နှစ်မှာ ရာသီ ၁ ခါဆင်းတယ်။ နောက် စားဆေး ပြောင်းခဲ့တယ်။ အဲတော့ ရာသီမှန်ပါတယ်။ ကိုယ်တယောက်ထဲ မဟုတ်တာ သိရလို့ တော်သေးရဲ့။
39) ၁၈ လထိုးထားတယ်။ မထိုးတာ ၁ လရှိပါပြီ။ ကိုယ်ဝန်ရမလားလို့ ဒါတွေဖတ်ရတော့ ဝမ်းနည်းမိတယ်။ အစက ဒီလို ဖြစ်တတ်တာ သိရင် မထိုးခဲ့ပါဘူး။ မပြောပြတဲ့ ဆရာဝန်တွေကို ဆဲချင်တယ်။
40) ၂ နှစ် Depo ထိုးထားတယ်။ ဧပြီ ၂ဝဝ၆ ကနောက်ဆုံးပါ။ နိုဝင်ဘာမှာ ကိုယ်ဝန်ရတယ်။ ဒီလောက် စောမယ် မထင်တာ အမှန်ပါ။ ရာသီလဲ မလာဘဲ ဆက်ရတာ။ ဒါကြောင့် ဒီဇင်္ဘာမှာ ဖျက်ပြစ်လိုက်တယ်။ ဖေဖေါ်ဝါရီမှာ ဆေးပြန်ထိုးတယ်။ ၅ဝ% ဟာ ၆ လ အတွင်း ကိုယ်ဝန်ပြန်ရတယ် ဆိုတယ်လေ။ ကိုယ်က ၅ဝ% ထဲ ပါမယ်ထင်တာဘဲ။
41) ၁ နှစ်ခွဲ ဆေးထိုးထားတယ်။ ရာသီမလာဘူး။ ဝလဲမလာဘူး။ အဲလိုမျိုး ၃ ခါရှိပါပြီ။ အပျိုပေါက်တုံးကတခါ၊ ပဌမ အိမ်ထောင်နဲ့တခါ။ အခု အိမ်ထောင်နဲ့ တခါပေါ့။
42) သူငယ်ချင်းက ပြောလို့ Depo ၂ ခါထိုးထားတယ်။ ကလေး ၂ ယောက်ရှိပါတယ်။ အခု ဆေးရပ်မယ်လို့ ဆုံးဖြတ်ထားတယ်။ ဆေးတခါ ထိုးပြီးတိုင်း ၁ လအကြာမှာ စိတ်မူပြောင်းနေတယ်။ နောက်လူတွေကို ဆေးထိုးဘို့ ကျမကတော့ အကြံမပေးချင်ဘူး။
43) အသက် ၁၆ မှာစထိုးပြီး ၁၉ နှစ်မှာရပ်တယ်။ အခု ၂၄ ရှိပြီ။ ကလေးမရှိသေးဘူး။ လတိုင်း သွေးစွန်တာကလွဲရင် ရာသီရယ်လို့ မလာပါ။ ကလေးမရတော့မှာတော့ အတော်စိုးရိမ်နေတယ်။ ကယ်ကြပါအုံး။
44) သမီးမွေးပြီး ကတည်းက ဆေးထိုးတယ်။ ဆေးရဲ့ဆိုးကြိုးတွေက သိပ်ဆိုးတာဘဲ။ (မိုင်ဂရင်း) ဖြစ်တယ်၊ ၃ လထဲ ၁၃ ပေါင် တိုးလာတယ်။ စိတ်မူပြောင်းတယ်၊ မျက်နှာတွေ နီမြန်းတယ်၊ မောနေတယ်၊ ကိုက်ခဲတယ်၊ အိပ်မပျော်ဘူး။ မေလထဲ ထိုးရမှာ မထိုးတော့ဘူး။ ကလေးရချင်သေးတယ်။ သမီးကို အဖေါ်ရစေချင်တယ်လေ။ သွေးကလဲ စွန်းယုံဘဲ။ ကံဆိုးချင်တော့ သားအိမ်ကင်ဆာ ဖြစ်တော့ ဒီနှစ် ဖေဖေါ်ဝါရီမှာ ခွဲရတယ်။ ကလေး ယူလို့လဲ မရတော့ဘူး ထင်တယ်။
45) ၃ နှစ်ရှိပြီထင်တယ် ဆေးထိုးတာ။ ကျမ အသက်က ၁၅ နှစ်ဘဲ ရှိသေးတာ။ အခုတော့ ၂ဝ ပေါ့။ အခု စားဆေးသုံးနေတယ်။ ရာသီလာတယ်။ ဆိုးတယ်နော်။ ကျန်းမာရေး အာမခံ မရှိတော့ဘူး။ ဆေးမထိုးတော့ဘူးပေါ့။ ကိုယ်ဝန်ပျက်-ဖျက်တာလဲ အဆန်း မဟုတ်ဘူး မဟုတ်လား။ အိမ်ထောင်လဲ မကျသေးဘဲ၊ ကိုယ်ဝန်မပျက်ဘူးတဲ့သူ တယောက်မှ မတွေ့သေးဘူး။ ဆေးထိုးပြီး ၁ နှစ်နေတာတောင် ကိုယ်ဝန် မရတာလဲ များလှတယ်။ အစိုးရကို ဆန္ဒပြကြတာ ကောင်းမယ်ထင်တယ်။
46) ၂ဝဝ၄ တုံးက Depo ထိုးတယ်။ ၂ဝဝ၆ မှာ နားလိုက်တယ်။ ကလေး ယူမလို့ပေါ့။ ကံဆိုးချင်တော့ ဆေးကနေ ကျမ အထဲက မျိုးဥအိမ် ခဲသွားပြီတဲ့။ အလုပ်မလုပ်တော့ဘူးတဲ့။
47) ၂ဝဝ၅ ဧပြီမှာ သမီးမွေးပြီးကတည်းက Depo ထိုးတယ်။ လွယ်တယ်ထင်တာကိုး။ ကျန်းမာရေး အာမခံ မရှိတော့တာနဲ့ ဒေသခံဌာနသွား ဆေးအလကား ရတာမေးရတယ်။ ကလေးလိုချင်တာနဲ့ ၂ဝဝ၆ ဇွန်မှာ နောက်ဆုံး ထိုးပြီး ရပ်လိုက်တယ်။ ရာသီပြန်လာတယ်။ အစက ကလေးမရတော့နိုင် ဖြစ်တတ်တာ မသိခဲ့ဘူး။ ဘုရားသခင်ဘဲ အားကိုးရတော့မှာဘဲ ထင်တယ်။
48) ဇူလိုင် ၂ဝဝ၆ မှာ နောက်ဆုံးထိုးတယ်။ အခု သြဂုတ် ရာသီမလာလူး။ အရင်လက အစက်နဲနဲစွန်းတာဘဲရှိတယ်။ ကိုယ်ဝန်လက္ခဏာတွေ အကုန်ရှိပေမဲ့ စစ်တော့ မဟုတ်ဘူးတဲ့။ ပျို့တယ်၊ အားယုတ်တယ်။ ရင်သားတင်းတယ်။ စားချင်တာ စားမရဘူး။ လူတိုင်းကလဲ ကျမကို ကိုယ်ဝန်ရှိပြီ ထင်ကြတာပေါ့။ ဘယ်လောက်စောင့်ရမလဲ မသိဘူး။ ဆေးကို ၂ နှစ်ခွဲ ထိုးခဲ့တာပါ။
49) နောက် Depo ထိုးမဲ့ရက်က သြဂတ်စ် ၁ဝ ရက်။ ထိုးမလား-မထိုးဘူးလား စဉ်းစားနေတယ်။ အခုလို ပြောကြတာတွေ ဖတ်ရတော့ မထိုးတော့ပါဘူးရှင်။
50) ကိုယ်ဝန်ပျက်ပြီး Depo တခါဘဲ ထိုးဘူးသေးတယ်။ ၁၈-၁-ဝ၇ တုံးကပေါ့။ ဧပြီမှာ ထိုးရမှာ မထိုးတော့ဘူး။ ၂၇-၄-ဝ၇ က လာတဲ့ရာသီက မရပ်တော့ဘူး။ ဆရာဝန်က Tranexamic pills ဆေးပေးတယ်။ ကိုယ်ဝန် မရသေးပါ။ ကျမလိုဘဲ ဖြစ်ကြသလားဟင်။

 ဒေါက်တာတင့်ဆွေ

Saturday, April 12, 2014


မိန်းမတွေ ပြီးတာ

ချစ်တင်းနှောတဲ့အခါ အမျိုးသမီးတစ်ယောက် အသာယာဆုံး၊ ကျေနပ်မှု အရရှိဆုံး ခံစားချက်တွေ၊ ကိုယ်ခန္ဓာမှာ ဖြစ်ပေါ်လာတာတွေ အားလုံးကို ပေါင်းရုံးပြီး “ပြီးတယ်”လို့ ခေါ်ဆိုကြပါတယ်။ အမျိုးသားတွေ ပြီးတာကို သုက်ထွက်တာနဲ့ အထင်ရှားဆုံး အကောင်အထည်ပြလို့ ရပေမယ့် အမျိုးသမီးတွေ ပြီးတာကိုကျတော့ အဲဒါမျိုးပြလို့ မရဘူး။
NOE Selec0002နိုင်ငံခြားက မထော်မနန်း အပြာကားတွေမှာတော့ အမျိုးသမီးတွေရဲ့ မျိုးဆက်ပွားအင်္ဂါတွေထဲကနေ အရည်တွေ တဗျန်းဗျန်း ပန်းထွက်တာတွေ ရိုက်ပြထားတာ အများအပြားရှိတယ်။ အပြာကားကို ပြဋ္ဌာန်းချက်အောက်မေ့နေသူတွေ အတွက်တော့ အဲဒါကို အဟုတ်မှတ်နေတာလည်း တစ်ပုံကြီးရယ်။ သူတို့တွေ ကိုယ်တိုင် ပင့်ကူလူသားအဖြစ် ကုန်သည်ကြီးများ ဟိုတယ်တို့၊ ဆာခူရာမျှော်စင်တို့ရဲ့ နံရံတွေပေါ် တက်ပြနိုင်တဲ့ တစ်နေ့ကျရင် သူတို့နဲ့ ပတ်သက်နေတဲ့ မိန်းမတွေရဲ့ အင်္ဂါတွေက ထွက်လာတဲ့ အရည်တွေ အားကိုးပြီး မီးသတ်ဘူး ဆောင်ထားစရာ လိုတော့မှာ မဟုတ်ပါဘူး။
တကယ်တော့ အမျိုးသမီးတွေ “တကယ်ပြီးတဲ့”အချိန်မှာရော၊ လိင်စိတ်နိုးကြားလာချိန်များမှာပါ ခန္ဓာကိုယ်မှာ  “စိတ်မှတ်မဲ့ တုံ့ပြန်မှု”တွေ ပေါ်ပေါက်လာတတ်စမြဲပါ။ “စိတ်မှတ်မဲ့ တုံ့ပြန်မှု”ဆိုတာက ကြက်သီးထတာ၊ နှာချေတာ၊ ဒူးတုန်တာမျိုးများလို ကိုယ်က တမင် လုပ်တာ မဟုတ်ဘဲ ဖြစ်ရပ်တစ်ခုကြောင့် အလိုလို ထဖြစ်တဲ့ ခန္ဓာကိုယ်ရဲ့ တုံ့ပြန်မှုမျိုးပါ။
ယောက်ျားတွေ  လိင်စိတ်နိုးကြားလာချိန်မှာ ငယ်ပါ တင်းမာလာတာ သဘာဝဖြစ်သလို မိန်းမသားတွေ လိင်စိတ်နိုးကြားလာချိန်မှာ သူတို့ရဲ့ မျိုးဆက်ပွားအင်္ဂါကလည်း ပုံမှန်အနေအထားထက် ပိုမိုစွင့်ကားလာပါတယ်။ သည့်ထက်ပိုနိုးကြားလာရင် အင်္ဂါမှာ အရည်များစိုစွတ်လာပါတော့မယ်။ ဒါက ခန္ဓာကိုယ်က စိတ်မှတ်မဲ့ တုံ့ပြန်တာပါပဲ။
“ပြီးတာ”ကျတော့ အမျိုးသမီးတွေအနေနဲ့ ကိုယ်တိုင် အမှန်တကယ် ခံစားဖူးရင် “မလွဲမသွေ” သိပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ အဲဒီ့ ပြီးခြင်းခံစားချက်ကို တခြားဘယ်နည်းနဲ့မှ ခံစားသိရှိနိုင်မှာ မဟုတ်လို့ပါပဲ။
ဒါပေမယ့် အမျိုးသမီးတစ်ယောက် “ပြီးဖို့”ဆိုတာ စက္ကန့်ပိုင်းမှသည် နာရီနဲ့ ချီပြီး ကြာတတ်ပါတယ်။ အဲဒီ့မှာ ပုံသေနည်း မရှိပါဘူး။ သည်တစ်ယောက်ထဲမှာတောင်မှ တစ်ခါတစ်လေမှာ ပြီးဖို့ ဘာမှ မကြာလိုက်ပေမယ့် တစ်ခါတစ်လေကျရင် ဘယ်လောက် လှုံ့ဆော် လှုံ့ဆော် မပြီးတတ်နိုင်သလို တစ်ယောက်က အလွယ်ပြီးတတ်တိုင်း နောက်တစ်ယောက်လည်း သူ့လိုပဲလို့ ပုံသေတွက်ထားလို့ မရပါဘူး။ ဒါ တစ်ဦးချင်းစီကိစ္စပါ။ ယေဘုယျပြောရင်တော့ မိန်းမသား အများစုဟာ တစ်ကိုယ်ရေ အာသာဖြေတာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် အမျိုးသားတစ်ယောက်က သူတို့ တစ်ကိုယ်ရေ အာသာဖြေသလို လက်နဲ့ ဖြစ်စေ၊ ပါးစပ်နဲ့ဖြစ်စေ နည်းမှန်လမ်းမှန် လှုံ့ဆော်ပေးရင်ဖြစ်ဖြစ် ၁၀ မိနစ်လောက်အတွင်းမှာ ပြီးသွားနိုင်တယ်လို့ ပြောနိုင်ပါတယ်။
ယောက်ျားတစ်ယောက်အတွက်က သည် ၁၀ မိနစ်ဆိုတာ အတော်ကြာနေပါပြီ။ ယောက်ျားတစ်ယောက် သိပ် စိတ်ထက်သန်နေရင် တစ်မိနစ်၊ နှစ်မိနစ်အတွင်းတောင် ပြီးသွားနိုင်ပေတာကိုး။ မိန်းမသားအများစုအတွက်ကျတော့ အဲသလောက်နဲ့ ပြီးဖို့က အတော်ခဲယဉ်းပါတယ်။ ကိုယ်ပိုင် အတွေ့အကြုံအရ ပြောရရင် ဘယ်လောက် လှုံ့ဆော် လှုံ့ဆော် လုံးလုံး မပြီးသူတွေ ရှိပါတယ်။ ပြီးသူတွေလည်း ရှိပါတယ်။ သည်ထဲကမှ ရှားရှားပါးပါး တစ်ယောက်ကတော့ အလွန်ပြီးလွယ်တတ်တယ်။ အံ့အားသင့်စရာ ကောင်းအောင်ကို အချိန်တိုအတွင်း ပြီးနိုင်သလို အကြိမ်ကြိမ်လည်း ပြီးနိုင်ပါတယ်။ ဒါက အများထဲက တစ်ယောက်ပေါ့။
ပြီးတာကို မကြုံဖူးသေးတဲ့ အမျိုးသမီးတွေ သိအောင် ပြောရရင်တော့ ပြီးခါနီးလာရင် ဆီးသွားချင်သလို ခံစားမှုမျိုး ပေါ်ပေါက်လာပါလိမ့်မယ်။ အဲသလို ပြောသလို ဆီးသွားချင်တာနဲ့ တစ်ထပ်တည်း တူတဲ့ ခံစားချက်လို့ မဆိုလိုပါဘူး။ မျိုးဆက်ပွားအင်္ဂါမှာ ဆီးသွားချင်လာတဲ့အခါ ဖြစ်လာတတ်တဲ့ ခံစားချက်နဲ့ ဆင်ဆင်တူတယ်လို့သာ ပြောလို့ရပါတယ်။
အဲလိုနဲ့ ပြီးသွားချိန်မှာ အင်မတန် ပြင်းထန်လှတဲ့ အပူဓာတ်၊ ဒါမှမဟုတ် ကျင်ခနဲ ဖြစ်သါားတဲ့ ခံစားချက်က အစေ့ကနေ မျိုးဆက်ပွားအင်္ဂါတစ်ခုလုံးမှာ ဟုန်းခနဲဖြစ်သွားသလို တစ်ကိုယ်လုံးအနှံ့ကိုလည်း ပြန့်သွားပါတော့မယ်။ အဲဒီ့နောက် ဆက်တိုက်ဖြစ်မှာက မျိုးပွားအင်္ဂါထဲက ကြွက်သားများသာမက စအိုက ကြွက်သားများပါ ကြုံ့ခနဲ၊ ကြုံ့ခနဲ တုန်ယင် ကြုံ့ဝင်ပါတယ်။ အဲဒါက သုံးလေးကြိမ်မှအထိ ခြောက်ကြိမ် ခုနစ်ကြိမ်အထိ ဖြစ်တတ်တယ်။
အဲဒီ့အချိန်မှာ နှလုံးခုန်တာလည်း အလွန်မြန်နေလိမ့်မယ်။ ခြေဖျားတွေလဲ အလိုလို ကွေးချင်ကွေးသွားနိုင်တယ်။ အသက်အောင့်ထားရမလိုလို၊ အသက်ပဲ တအားရှူရတော့မလိုလို ဖြစ်လာမယ်။ တစ်ကိုယ်လုံးလည်း တောင့်တင်းနေပြီး ခါလိုက်ချင်သလို တွန့်လိုက်ချင်သလို တုန်တုန်ယင်ယင်ဖြစ်လာနိုင်ပါတယ်။ ကိုယ့်ဘာသာ မထိန်းနိုင်ပဲ အော်မိ၊ ညည်းမိနေတတ်ပါတယ်။

ဘယ်သူတွေ ဘယ်လို ပြီးနိုင်သလဲ

အဲဒီ့အချိန်မှာ ခံစားရတဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်း ခံစားချက်ဟာ ဘယ်လို ခံစားချက်နဲ့မှ အစားထိုးမရ၊ နှိုင်းယှဉ်လို့ မရအောင် ထူးထူးခြားခြားဖြစ်နေမှာလည်း သေချာပါတယ်။ အများစုအတွက်က အဲဒီ့ခံစားချက်ကို အသာယာဆုံးလို့ နားလည်ထားကြပေမယ့် သိပ်ကို နည်းတဲ့ အနည်းစုကတော့ တစ်ခါ ခံစားဖူးတာနဲ့ တအားလန့်သွားပြီး နောက်တစ်ခါ ထပ်ခံစားရမှာကို သေရမလောက် ကြောက်သွားတတ်ကြတယ်။
မြန်မာတွေမှာကျတော့ ဒါကို သွန်သင်မှု မရှိတဲ့အပြင် လိင်ကိစ္စကို ရှက်စရာ၊ အကုသိုလ်အမှု၊ ဘာညာ စသဖြင့် တစ်သက်လုံး ဆိုးဆိုးရွားရွား အသွန်သင်ခံထားရသူများဆိုရင် ကိုယ်ကိုယ်တိုင်လည်း အသက်သာ အစိတ်ကျော်လာတယ်၊ တစ်ခါမှ မစူးစမ်းဖူး၊ ကိုယ်နဲ့ ညားတဲ့ ယောက်ျားကလည်း ဘုမသိ ဘမသိနဲ့ အပြာကားနဲ့ အပြာစာအုပ်ကိုသာ အဟုတ်မှတ် ကြိတ်ယုံထားသူ ဖြစ်နေလို့ကတော့ သေသည်အထိ ပြီးတယ်ဆိုတဲ့ ခံစားချက်ကို ရမသွားနိုင်ပါဘူး။ အထူးသဖြင့် အသက် ၄၀ တန်းနဲ့ အထက်၊ ကျွန်တော်တို့ အမေအရွယ်၊ အဖွားအရွယ် ဘိုးဘေးဘီဘင်များလက်ထက်မှာ ပြီးတယ်ဆိုတာ ဘာမှန်း မသိဘဲ သေသွားတဲ့ မိန်းမတွေက ၉၀ ရာခိုင်နှုန်းမက ရှိလောက်ပါတယ်။
အဲ… တစ်ခုတော့ ရှိတယ်။ အထက်မှာ ပြောခဲ့တဲ့ ပြီးနည်းမျိုးဟာ အမြဲတစေတော့ ဖြစ်နေမှာ မဟုတ်ဘူးနော်။ တစ်ခါတစ်လေကျရင် အဲသလိုမျိုး ဖြစ်တော့ဖြစ်တယ်။ ဒါပေမယ့် အဲသလောက် မပြင်းထန်ဘဲ အလွန်သာယာတဲ့ ခံစားမှုလောက်နဲ့ ပြီးတာမျိုးလည်း ဖြစ်တတ်ပါတယ်။
အဲဒီ့လိုဖြစ်တာကလည်း တဖြည်းဖြည်း သိမ်မွေ့လာပြီး ငါးစက္ကန့်မှသည် စက္ကန့် ၂၀ လောက်အတွင်းမှာ စတင် ကွယ်ပျောက်သွားတော့မှာပါ။ ကိုယ်ခန္ဓာကလည်း ပြေလျော့သွားမယ်၊ အသားသိပ်ဖြူတဲ့သူတွေဆိုရင် ရင်သားအထက်မှာ ပန်းသွေးရောင်လျှမ်းလာနိုင်ပါတယ်။ အဲဒီ့နောက်မှာ နားချင်တဲ့ စိတ်ရင်လည်း ပေါက်ချင် ပေါက်လာမယ်၊ နောက်တစ်ကြိမ် ထပ်ပြီး သည်လို ခံစားချက်မျိုး ဖြစ်လာအောင် ပြန်လုပ်ချင်တဲ့ စိတ်လည်း ဖြစ်ချင် ဖြစ်လာနိုင်ပါတယ်။ ဒါလည်း တစ်ယောက်နဲ့ တစ်ယောက် မတူပါဘူး။
သိပ်တော့ ဖြစ်ခဲတယ်။ ဒါပေမယ့် တချို့တွေမှာ ဖြစ်တတ်တာကတော့ တစ်ကြိမ်တည်း မဟုတ်ဘဲ အကြိမ်ကြိမ် ပြီးနေတာက မနားတမ်းဆက်တိုက်ဖြစ်နေတာမို့ တစ်ကြိမ်တည်း ပြီးသလို ခံစားရတာမျိုးပေမယ့် ပြင်းထန်တဲ့ အဲဒီ့ ရုပ်ပိုင်း အရသာနဲ့ ခန္ဓာကိုယ်တောင့်ခနဲ ဖြစ်သွားတာတို့ဟာ စက္ကန့် ၃၀-၄၀ လောက်မှသည် သုံး-လေးမိနစ်လောက် အထိ တာရှည်နေတတ်ပြန်တယ်။ ထပ်ပြောမယ်နော်… ဒါအမျိုးသမီးတိုင်း မဖြစ်နိုင်ပါဘူး။ ဖြစ်ဖူးတဲ့ အမျိုးသမီးပေမယ့် နှစ်ပေါင်း သုံးဆယ်လောက်မှာမှ ဒါမျိုးက သုံး-လေးခါသာ ကြုံတောင့် ကြုံခဲ ကြုံရတာမျိုးလည်းဖြစ်နိုင်ပါတယ်။
တကယ်တော့ ကျွန်တော်က မိန်းမတစ်ယောက် မဟုတ်တဲ့အတွက် သည်ခံစားချက်ကို တစ်ဆင့်ကြားနဲ့၊ စာတွေ့နဲ့၊ ကိုယ်တွေ့မျက်မြင်နဲ့လောက်ပဲ ပြောပြနိုင်ပါတယ်။ ပြီးသွားတဲ့ မိန်းမတွေကို မေးတဲ့အခါ ဘယ်လိုဆိုတာ သရုပ်ပေါ်အောင် ပြန်ပြောတတ်တဲ့ မိန်းမဆိုတာ တစ်ယောက်မှ မကြုံဖူးသေးပါဘူး။ ဆင်ဆိုသည်မှာ နံရံကြီးပါလို့ ပြောသလိုပဲ ဟိုလိုဖြစ်တယ်၊ သည်လို ဖြစ်တယ်လို့ ပြောကြတာလောက်ပဲ ရှိပါတယ်။ မျက်မြင်တွေ့ရချိန်မှာလည်း တစ်ယောက်နဲ့ တစ်ယောက်က မတူပါဘူး။ ဒါ့ကြောင့် ပုံသေကားကျ အင်မတန် အပြောရခက်ပါတယ်။ ဒါ့ကြောင့် အထက်က ပြောတဲ့ အစီအစဉ်အတိုင်း တစ်ခုပြီးတစ်ခု ဆက်တိုက်ဖြစ်တယ်လို့ ပြောရလည်း ခက်နေဦးမှာပါ။ အဲဒါတွေ အားလုံးဖြစ်ချိန်ကလည်း စက္ကန့်ပိုင်းလေးအတွင်းမှာတင် ဖြစ်သွားတာမို့ ဘယ်ဟာက အရင်၊ ဘယ်လိုက နောက်ဆိုတာ ကိုယ်တိုင် ခံစားမကြည့်ဘဲနဲ့ မသိနိုင်ပါဘူး။

ရွှေယောက်ျားတို့ မှတ်သားဖို့

အခု ဒါကို ရေးပြလိုက်ရတာက အပြာစာအုပ်နဲ့ အပြာကားတွေကို အဟုတ်မှတ်နေတဲ့ ယောက်ျားလေးတွေကို ရှင်းပြစရာ ရှိနေလို့ အစချီလိုက်တာပါ။
(၁) ယောက်ျားလေးတွေလို ငယ်ပါကို အမျိုးသမီးအင်္ဂါထဲ အသွင်းအထုတ် လုပ်နေရုံနဲ့ အမျိုးသမီးတွေ ဘယ်လိုနည်းနဲ့မှ မပြီးနိုင်ပါဘူး။ ဒါကို ယောက်ျားလေးတွေ ကောင်းကောင်း သိဖို့ လိုပါတယ်။
(၂) အပြာကားတွေထဲကလည်း အမျိုးသမီးတွေရဲ့ မျိုးဆက်ပွား အင်္ဂါထဲက အရည်တွေ ပန်းထွက်တယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ ထွက်တယ်ဆိုရင်တောင်မှ အဲသလောက် အများကြီး မထွက်ဘူး။ အလွန်ဆုံးမှ လက်ဖက်ရည် ဇွန်း သေးသေးလေးနဲ့ တစ်ဇွန်းစာလောက်သာ ထွက်ပါတယ်။ အမှန်က တကယ့်ကို နည်းနည်းလေးသာ ထွက်ပါတယ်။ အဲဒါကလည်း “ဆလိမ်ကွက်”ကို လှုံ့ဆော်မှ ထွက်နိုင်တာမျိုးပါ။ အဲဒီ့နေရာကို လှုံ့ဆော်လို့ ပြီးတိုင်းလည်း မထွက်ပါဘူး။ တစ်သက်လုံးမှာ တစ်ခါပဲ ထွက်ချင်လည်း ထွက်မှာပါ။ ဒါ့ကြောင့် အမျိုးသမီးအင်္ဂါက အရည်ထွက်တဲ့ ကိစ္စကို အပြာစာအုပ်နဲ့ အပြာကားထဲမှာ ထားရစ်ခဲ့ကြစေချင်ပါတယ်။ ပြင်ပ လက်တွေ့ဘ၀ကို သယ်မလာကြစေချင်ပါဘူး။
(၃) ကတော့ “မျှော့”ပြဿနာပါ။ ခေတ်အဆက်ဆက်မှာ မျှော့ပါတယ်ဆိုတဲ့ စကားကြီးက ကျွန်တော်တို့ကို အတော် ဖမ်းစားထားပါတယ်။ တကယ်တော့ ဘာမျှော့မှ မဟုတ်ပါဘူး။ ပါတယ်ဆိုရင်လည်း အမျိုးသမီးတိုင်းမှာ ပါပါတယ်။ သို့သော် မပြီးရင် မဖြစ်ပါဘူး။ အမျိုးသမီးတစ်ယောက် တကယ်ပြီးနေချိန်မှာ သူ့အင်္ဂါထဲက ကြွက်သားတွေက ကြုံ့ဝင်သွားပြီး ငယ်ပါကို ဆုပ်ညှစ်သလို ဖြစ်စေပါတယ်။ တချို့ရဲ့ ပြီးပုံက ပြင်းထန်လွန်းတဲ့အခါ အဲသလို ညှစ်လိုက်တဲ့အားက အတော်ပြင်းတဲ့အတွက်၊ လက်နဲ့ ဆုပ်ညှစ်လိုက်သလောက်ကို ပြင်းတဲ့အတွက် အဲဒါကို ရွှေယောက်ျားတချို့က မျှော့ မျှော့နဲ့ တမျှော့တည်း မျှော့နေကြခြင်းသာ ဖြစ်ပါတယ်။
အမည်မဖော်လိုတဲ့ ဆရာမကြီးတစ်ဦးကတော့ သူ့သင်တန်းသူတွေကို မျှော့အတုလုပ်နည်း သင်ပေးထားပါတယ်။ ဘာမှ မခက်ပါဘူး။ စအိုကို ရှုံ့ရှုံ့ပေးလိုက်ရင် ယောက်ျားရဲ့ ငယ်ပါက ငေါက်ခနဲ ငေါက်ခနဲ ဖြစ်သွားသလို စအိုကို ရှုံ့ရှုံ့ပေးရင် အမျိုးသမီးရဲ့ အင်္ဂါအတွင်းက ကြွက်သားကလည်း ကြုံ့ကြုံ့သွားပါတယ်။ အဲဒါကို ယောက်ျားတစ်ယောက် သုက်ထွက်ချိန်မှာ ကစား ကစား ပေးရင် ယောက်ျားတွေက စွဲတယ်ဆိုတဲ့အတွေးနဲ့ အဲဒီ့ဆရာမကြီးက သေချာလေ့ကျင့်သင်ကြားပေးတာပါ။
တကယ်တော့ အိမ်ထောင်ရေးဘ၀မှာ လိင်ကိစ္စက အတော်လေး အဓိကကျပေမယ့် အဲဒီ့တစ်ခုတည်းနဲ့ ယောက်ျားနဲ့ မိန်းမကို စည်းနှောင်ပေးထားတာ မဟုတ်ပါဘူး။ တခြား အကြောင်းရပ်တွေ အများကြီးရှိပါသေးတယ်။ မိန်းမမှာ အဲဒီ့ မျှော့အတတ် ဘယ်လောက် တစ်ဖက်ကမ်းခတ် တတ်နေနေ၊ အိပ်ရာထဲမှာ ဘယ်လောက် သာယာနေနေ၊ တစ်နေ့တစ်နေ့ နားပူ ဂျီကျနေတဲ့ မိန်းမ၊ ဖြစ်ကတတ်ဆန်းနေတတ်တဲ့ မိန်းမ၊ အကျင့်တန်တဲ့ မိန်းမဆိုရင် ဘယ်ယောက်ျားက တွယ်တာ မြတ်နိုးနေမှာလဲ။

နိဂုံး

တကယ်တော့ ကျွန်တော်အပါအ၀င် ယောက်ျားတွေဟာ သည်ကိစ္စကို တော်တော့်ကို အလေးထားကြပါတယ်။ သည်ကိစ္စကို သိချင်  တတ်ချင် အစွမ်းထက်ချင်သလောက်သာ ဘ၀တိုးတက်ရေးအတွက် ဆည်းပူးကြ၊ လေ့လာကြ၊ လေ့ကျင့်သွားကြမယ်ဆိုရင် တကယ့်ကို ထိပ်တန်းနေရာမှာ ရောက်နေကြမှာလည်း မလွဲပါဘူး။
အခုတော့ တလွဲ ဆံပင်ကောင်းနေကြပါတယ်။
တခြား မကြည့်ပါနဲ့။ ကျွန်တော့်မှာ ဘလော့(ဂ်)နှစ်ခု ရှိပါတယ်။ တစ်ခုက ဖတ်စရာ စာတွေ တင်ထားတာပါ။ အဲဒီ့ ဘလော့(ဂ်)ကို သည်ဘလော့(ဂ်)မှာထက် စာပိုတင်ထားပါတယ်။ ဒါပေမယ့် သည်ဘလော့(ဂ်)မှာလောက် ၀င်ဖတ်သူ မများပါဘူး။ ကွန်မန့်အရေအတွက်ချင်းဆိုလည်း ဆင်နဲ့ ပုရွက်ဆိတ်လောက် ကွာပါတယ်။
ဘ၀တစ်ခုလုံးအတွက် အကျိုးရှိမယ့်စာတွေကို ဖတ်သူ အရေအတွက်နဲ့ လိင်ကိစ္စကို သိချင်လို့ ၀င်ဖတ်သူ အရေအတွက်က ဆယ်ဆမက များပြားနေတာကို ကြည့်ရင်ပဲ လူတွေရဲ့ ထက်သန်မှုကို တွက်ဆလို့ ရနေပါပြီလေ။
အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
အတ္တကျော်
(ရန်ကုန် – ၂၄၀၃၁၄)

 ref;http://nookycontent.wordpress.com/2014/03/24/489/

Saturday, July 6, 2013



1. Sex Relieves Stress စိတ်ဖိအားကျစေတယ်
လိင်ဆက်ဆံမှုပြုရင် Stress စိတ်ဖိအား နည်းပါးစေတယ်။ Blood pressure သွေးတိုးကိုလည်း ကျစေတယ်။ စကော့တလန် သုတေသန လုပ်သူတွေက ယောက်ျား ၂၂ ယောက်နဲ့ မိန်းမ ၂၄ ယောက်ကို လေ့လာခဲ့တဲ့ ရလဒ်တွေအရ ပြောတာ ဖြစ်ပါတယ်။ သွေးဖိအားမှာ ပိုအရေးပါတဲ့ Diastolic blood pressure အောက်ဂဏန်း ကျတာဖြစ်တယ်။ ပွေ့ဖက်မှုကနေတောင်မှ အမျိုးသမီးတွေမှာ သွေးတိုးကျတယ်လို့ဆိုတဲ့ လေ့လာမှုလဲ ရှိပါသေးတယ်။

2. Sex Boosts Immunity ခုခံအားတက်စေတယ်
Good sexual health ကောင်းမွန်တဲ့ လိင်ကျန်းမာရေးကနေ ကိုယ်ကာယ ကျန်းမာရေးကိုပါ တိုးတက်စေတယ်။ တပါတ် ၁-၂ ကြိမ် ဆက်ဆံမှုကနေ Antibody (အင်တီဘော်ဒီ) ခေါ်တဲ့ ခုခံအားမှာ အသုံးကျတာတွေ များလာတာကို တွေ့ရတယ်။ Immunoglobulin A (IgA) လို့ ခေါ်ပြီး ရောဂါပိုးဝင်ရင် ထွက်လာတယ်။ Wilkes University (ဝေါ်လကီစ်) တက္ကသိုလ်က ပညာရှင်တွေကနေ ကျောင်းသူ-ကျောင်းသား ၁၁၂ ယောက်ကို သူတို့ တံတွေး-နမူနာတွေ ယူပြီး စစ်ဆေးတယ်။ လိင်မှုပြုတာ တပါတ်မှာ ၁-၂ ကြိမ်ပြုသူတွေမှာ လုံးဝမလုပ်သူ၊ နည်းနည်းသာပြုသူတွေနဲ့ သိပ်များများ ပြုသူတွေထက် IgA ပိုရှိနေတာ တွေ့ရတယ်။
3. Sex Burns Calories (ကယ်လိုရီ) ကျစေတယ်
မိနစ် ၃ဝ ကြာ လိင်ဆက်ဆံမှုကနေ ၈၅ (ကယ်လိုရီ) ကုန်စေတယ်။ များတယ် မထင်ရပေမဲ့ အကြိမ်ပေါင်း ၄ဝ ကျော်ရင် ကယ်လိုရီပေါင်း ၃ဝဝဝ ကျော်တယ်။ တနည်းပြောရရင် ကိုယ်အလေးချိန် (၁) ပေါင်ကျစေတယ်။ American Association of Sexuality Educators and Therapists အမေရိကန် လိင်ကျန်းမာရေးပညာရှင် Patti Britton (ပက်တီ-ဘရင်တန်) က ပြောပါတယ် Sex is a great mode of exercise "(ဆက်စ်) ဟာ လေ့ကျင့်ခန်းကောင်း တခုဖြစ်တယ်။ ရုပ်ပိုင်းရော စိတ်ပိုင်းကိုပါ တိုးတက်စေတယ်။"
4. Sex Improves Heart Health နှလုံးကျန်းမာရေး အားပေးတယ်
အစဉ်အလာ ထင်တာတခုက နှလုံးရောဂါသည်ဟာ လိင်ဆက်မှုပြုတဲ့ခါ Stroke (စထုပ်ခ်) ရစေနိုင်မလား စိုးရိမ်တယ်။ ဒါပေမဲ့ Journal of Epidemiology and Community Health က သိပ္ပံပညာရှင်တွေ အဆိုအရ ယောက်ျားပေါင်း ၉၁၄ ယောက်ကို အနှစ် ၂ဝ ကြာလေ့လာမှုအရ အဲလိုမဖြစ်စေတာကို သိရတယ်။ တပါတ်မှာ ၁ ကြိမ် နဲ့ ၂ ကြိမ် ဆက်ဆံမှုပြုသူ ယောက်ျားတွေထဲက တဝက်မှာ Fatal heart attack သေစေနိုင်တဲ့ နှလုံး (အတက်ခ်) ရတာ နည်းကြတာကိုပါ သိလာရတယ်။
5. Sex Boosts Self-Esteem ကိုယ့်ကိုယ်ကို အထင်ကြီးစိတ် ပိုစေတယ်
University of Texas (တက္ကဆပ်စ်) တက္ကသိုလ်က ပြုစုထားတဲ့ လူတွေဘာလို့ လိင်ဆက်ဆံမှုပြုကြသလဲ ဆိုတဲ့ အကြောင်းတရား ၂၃၇ ပါးထဲမှာ ကိုယ်ကိုယ်ကို အထင်ကြီးစိတ်ဆိုတာလဲ ပါတယ်။ ဒီအချက်ကို (ကိန်းဘရစ်ခ်ျ) က ပညာရှင် Gina Ogden (ဂျီနာ-အော်ဒင်) ကလဲ ထောက်ခံချက်ပေးပါတယ်။ သူမပြောတာက ကိုယ့်ကိုယ်ကို အထင်ကြီးမှု ရှိသူတွေမှာ လိင်ဆက်ဆံတာဟာ ပိုကောင်းတယ်ဆိုတဲ့ အသိစိတ် ရချင်ကြလို့ဖြစ်တယ်။
6. Sex Improves Intimacy တယောက်နဲ့ တယောက် ပိုပြီးရင်းနှီးစေတယ်
Having sex လိင်ဆက်ဆံကြမယ်၊ Orgasms (အောဂဇင်) လဲ ရမယ်ဆိုရင် Oxytocin (အောက်စီတိုဇင်) ဟော်မုန်း ပိုထွက်လာမယ်။ နှစ်ယောက်သား ပိုပြီးခိုင်မြဲတဲ့ စည်းနှောင်မှုကို ရစေမယ်၊ ယုံကြည်မှု တည်ဆောက်ရာလဲ ကျတယ်။ University of Pittsburgh and the University of North Carolina တက္ကသိုလ် ၂ ခုက ပညာရှင်တွေ သွေးမဆုံးသေးတဲ့ အမျိုးသမီး ၅၉ ဦးကိုလေ့လာရာက အဖြေထုတ် လိုက်ပါတယ်။ အဲဒီအခါ ကိုယ်အဖေါ်အတွက် ရက်ရောမှုပါ ပိုလာကြသေးတယ်။
7. Sex Reduces Pain နာတာကိုသက်သာစေတယ်
Oxytocin (အောက်စီတိုဇင်) ဟော်မုန်း များလာနဲ့အတူ Endorphins (အင်ဒိုဖင်) လဲ တက်လာတယ်။ ဒါကနေ နာတာကို သက်သာစေမယ်။ “ခေါင်းကိုက်တာ၊ အဆစ်နာတာ၊ ရာသီမလာခင်နာတာ ဘာလို့နာနာ လိင်ဆက်ဆံပါ” လို့ အကြံပြုတယ်။ Bulletin of Experimental Biology and Medicine မှာ ရေးထားတာတခု ရှိတယ်။ လူ ၄၈ ယောက်ကို Oxytocin vapor အငွေ့ရှူခိုင်းပြီး လက်ထိပ်တွေကို ဆိတ်နည်းနဲ့ အနာခံနိုင်မှုကိုတိုင်းပြီး စမ်းသပ်ခဲ့တာဖြစ်တယ်။
8. Sex Reduces Prostate Cancer Risk ဆီးကျိတ်ကင်ဆာ အဖြစ်နည်းစေတယ်
ငယ်ရွယ်သူတွေ Ejaculations သုက်လွှတ်တာ အကြိမ်များသူတွေမှာ သူတို့ကြီးလာရင် ဆီးကျိတ်-ကင်ဆာ ဖြစ်မှာကို နည်းစေနိုင်တယ်လို့ British Journal of Urology International မှာ သြစတြေးလျှ ပညာရှင်တွေကနေ ရေးထားပါတယ်။ ရောဂါရှိပြီးသားလူတွေမှာတော့ ထူးခြားစေမှု မရှိတာတွေ့ရတယ်။ Journal of the American Medical Association မှာလဲ တလမှာ ၂၁ ကြိမ်နဲ့အထက် သုက်လွှတ်ကြ သူတွေဟာ အသက်ကြီးလာရင် ဆီးကျိတ်-ကင်ဆာ ဖြစ်တာ နည်းကြတယ်လို့ ရေးထားတယ်။
9. Sex Strengthens Pelvic Floor Muscles တင်ပါးဆုံတွင်းက ကြွက်သားတွေ အားကောင်းစေတယ်
အမျိုးသမီးတွေမှာ Kegel exercise (ကီဂယ်လ်) လေ့ကျင့်ခန်းလို့ခေါ်တဲ့ Pelvic floor muscle exercises လုပ်ရင် တင်ပါးဆုံတွင်းက ကြွက်သားတွေ၊ အရွတ်တွေ အားကောင်းစေတယ်။ သားအိမ်ကျတာ၊ ဆီးအိမ်ကျတာ၊ အစာဟောင်းအိမ် ကျတာကို မဖြစ်အောင် တားနိုင်တယ်။ ရှိနေရင်လဲ သက်သာစေမယ်။ တကယ်လို့ လိင်ဆက်ဆံနေချိန် အခိုက်အတန့်မှာ ဒီလေ့ကျင့်ခန်းမျိုး လုပ်ရင် စောစောကလို အားကောင်းစေ တာတွေအပြင် သာယာမှုကိုပါ ပိုပေးစွမ်းနိုင်တယ်။
10. Sex Helps You Sleep Better ကောင်းကောင်းအိပ်ပျော်စေမယ်
Orgasm (အော်ဂဇင်) ရလို့ ထွက်လာတဲ့ Oxytocin (အောက်စီတိုဇင်) ကြောင့် ပိုပြီးအိပ်ပျော်စေတယ်။ အိပ်စက်ခြင်းဟာ သွေးတိုးကျစေတယ်။ ကျန်းမာရေး ကောင်းစေတယ်။
ဒီဆေးစာမှာ အကျိုးဘက်ကနေကြည့်တာချည်းသာ ပါတယ်။ အားလုံးကောင်းပါသည်ခင်ဗျားလို့ မယူဆစေချင်ပါ။ သတိထားစရာတွေ ဆက်တွဲဖြစ်တတ်တာတွေ၊ ရှောင်သင့်တာတွေ မပါတာ သတိပြုပါ။
ဒေါက်တာတင့်ဆွေ (၁ဝ-၄-၂ဝ၁၂ )

Monday, June 24, 2013



အမျိုးသမီးတစ်ယောက်ဆီက စာတစ်စောင် ၀င်လာပါတယ်။
————————————–
ဆရာ့ကို မေးခွန်း အနည်းငယ် မေးချင်ပါတယ်။ မမေးသင့်တဲ့ အမှား ပါခဲ့လျှင် ခွင့်လွှတ်စေချင်ပါတယ်။
ကျွန်မက အပျိုလေးတန်မဲ့၊ မြန်မာ မိန်းကလေးတန်မဲ့ masturbation ကို လုပ်လေ့ရှိသူ တစ်ယောက်ပါ။ အဲလို လုပ်ပြီးတဲ့အခါတိုင်း မထိန်းနိုင်တဲ့ ကိုယ့်ကိုယ်ကိုယ် မုန်းမိပါတယ်။ အဲဒီအကျင့်ကို ကျွန်မရဲ့မိတ်ဆွေနိုင်ငံခြားသူ တစ်ယောက်က သင်ပြပေးသွားတာပါ။ တစ်ခါက သူနဲ့ အတူ အင်္ဂလိပ် ဇာတ်ကား ကြည့်နေရင်း ဇာတ်ကားထဲက မင်းသမီးက masturbation လုပ်နေတာကို ကြည့်ပြီး အဲလို လုပ်ဖူးသလားလို့ သူက ကျွန်မကို မေးတယ်။ ကျွန်မက တစ်ခါမှ မလုပ်ဖူးဘူးလို့ ဖြေတော့ သူက စမ်းလုပ်ကြည့်ဆိုပြီး သင်ပေးခဲ့တယ်။
ဆရာ့ကို ပွင့်ပွင့်လင်းလင်းပဲ ပြောပြပါ့မယ်။ ဇာတ်ကားထဲမှာတော့ မင်းသမီးတွေ ပြကွက်က ကြောက်စရာ ကောင်းတယ်။ အချွန်ကြီးတွေနဲ့ သူတို့ရဲ့ အင်္ဂါထဲကို ထိုးသွင်းနေကြတယ်။ ကျွန်မကတော့ ကြောက်လို့ အဲလိုတစ်ခါမှ မစမ်းဖူးဘူး။ အဲလို စမ်းဖို့လည်း စိတ်ကူးမကြည့်ဖူးဘူး ။ စိတ်ထဲမှာ ရွံ့စရာ ကောင်းတယ်လို့ ထင်လို့ပါ။
ဇာတ်ကားတွေ ကြည့်ရင်း၊ စာအုပ်တွေ ဖတ်ရင်း ဆန္ဒပြင်းလာတဲ့အခါ လက်ကို ပေါင်ကြားထဲ ညှပ်ပြီး ပြီးမြောက်တဲ့အထိ အင်္ဂါကို ဖိတွန်းထားရုံပါပဲ။ ကျွန်မရဲ့ သူငယ်ချင်းက အဲ့ဒီနည်းအပြင် မှောက်အိပ်နေပြီး ခြေနှစ်ချောင်းကို လိမ်ပြီး ညှစ်တဲ့နည်း (စကားလုံးရိုင်းလျှင် ခွင့်လွှတ်ပါ) ကိုလည်း သင်ပြခဲ့တယ်။
အသေးစိတ် ပြောပြဖြစ်တာက အဲဒီလို နည်းလမ်းတွေနဲ့ ပတ်သက်တဲ့ အပြစ်တွေကို သိချင်လို့ပါ။
ကျွန်မသိချင်တာက အဲလို လုပ်နေခြင်းကြောင့် ကျွန်မကို အပျိုစင်တစ်ယောက်လို့ သတ်မှတ်နိုင်သေးရဲ့လား။
ကျွန်မ ကိုယ်ခန္ဓာ အစိတ်အပိုင်း တစ်နေရာရာမှာ အပျိုစင်တစ်ယောက်ရဲ့ အသရေ ယုတ်လျော့ပြီး အိမ်ထောင်သည်တစ်ယောက်နဲ့ တူလာတဲ့ အချက်တွေ ပေါ်နေမှာလား သိချင်ပါတယ်။ ကျွန်မ ဆိုလိုတာက အပျိုဆို ကိုယ်လုံးက ဘယ်လို၊ တင်က ဘယ်လိုဆိုပြီး ကြည့်တတ်ကြတယ်လေ။
နောက်တစ်ချက်က ကျန်းမာရေးအပိုင်းပါ ။ ကျန်းမာရေး ထိခိုက်နိုင်ပုံကို ပြောပြပေးပါ။
ကျွန်မ သတိထားမိတဲ့အချက်ကတော့ ကျွန်မမှာ ဆီးနဲ့ ပတ်သက်တဲ့ ရောဂါ ရနေတယ် ထင်တယ်။ ဆီး ခဏခဏ သွားချင်တယ်။ နောက်တစ်ခုက အကြောတွေ အားနည်းလာသလားလို့ ။ အဲဒါရဲ့ အကျိုးဆက် ဟုတ်/မဟုတ် ကျွန်မ နားမလည်ဘူး။ ကျွန်မ အသက် ၃၀ ကျော်ပါပြီ ။ သည်နှစ်ကုန်ရင် အိမ်ထောင်ပြုဖို့ ရည်ရွယ်ထားပါတယ်။
အိမ်ထောင်ရေးမှာရော အနှောင့်အယှက် ရှိလာနိုင်ပါသလား။
နောက်တစ်ခု ပြောပြရလျှင် ကျွန်မက အဲဒီ feeling မျိုးကို ယောက်ျားလေးတစ်ယောက်ဆီက လိုချင်တာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ကျွန်မက ကျွန်မချစ်သူနဲ့ နှစ်ယောက်တည်း တိုက်ခန်းတစ်ခုမှာ တစ်နေကုန် အချိန်ဖြုန်းဖူးတယ်။ အဲဒီအချိန်က သူတစ်ခုခု ခြေလှမ်း ပြင်နေမလားလို့ စောင့်ကြည့်ရင်း ကြောက်နေတယ်။ ကျွန်မ မလိုချင်ဘူး။ သူတောင်းဆိုလာခဲ့ရင်လည်း ကျွန်မ မပေးနိုင်ဘူး။ သူ့ရဲ့ အနမ်းဆန်းဆန်းတွေကိုတောင် လက်မခံချင်ဘူး။ မတတ်သာလို့
ငြိမ်နေရတာ။ တော်သေးတယ်။ သူ ဘာမှ မတောင်းခဲ့ဘူး။ ကျွန်မ ဆိုလိုချင်တာက ကျွန်မက အရမ်း စိတ်ဆန္ဒ လွန်ကဲတဲ့သူ မဟုတ်ဘူး ထင်တယ်လို့ ဆိုလိုချင်တာပါ။

ဆရာကရော ကျွန်မအပေါ် ဘယ်လိုမြင်သလဲ။ ပွင့်ပွင့်လင်းလင်း အားမနာဘဲ အကြံပေးစေချင်ပါတယ်။ ကျွန်မတို့ တိုင်းပြည်မှာရော ကျွန်မလို စရိုက် မမှန်တဲ့ မိန်းကလေးတွေ ရှိနိုင်သလား။
သည်အကြောင်းအရာကို ခုလို ပွင့်ပွင့်လင်းလင်း ပြောပြပြီး မေးချင်နေခဲ့တာ ကြာပါပြီ။ မေးသင့် မမေးသင့် ချိန်ဆနေရင်း ကြာနေခဲ့တာပါ။ ဆရာ့ ဆောင်းပါးတွေလည်း ဖတ်ဖြစ်ပါတယ်။ လူငယ်တွေ သိသင့်တဲ့၊ သတိထားသင့်တဲ့ ပညာပေးတွေ၊ စိတ်နေသဘောထား၊ လူမှုဆက်ဆံရေးတင် မဟုတ်ဘဲ
ဖိုမ သဘာဝကိုပါ ရှင်းလင်း ရေးသားပြပေးလို့ လူငယ်တွေကိုယ်စား ကျေးဇူးတင်ရပါတယ်။

ဆရာလည်း ကျန်းကျန်းမာမာနဲ့  စာတွေ အများကြီး ဆက်လက် ရေးသားနိုင်ပါစေ။
————————————–
သည်ဘလော့(ဂ်)ကို ဖွင့်ခဲ့မိတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ကျေးဇူးတင် ရပါမယ်။ စာမျက်နှာပေါ်မှာ ဆွေးနွေးလို့ မကောင်းတာတွေကို ဆွေးနွေးပေးချင်တဲ့ ရည်ရွယ်ချက် အထမြောက်သွားလို့ပါပဲ။
အမှန်တော့ ဒါမျိုးက နွေးထွေးပွင့်လင်းတဲ့ မအေနဲ့ သမီးကြားမှာ ဆွေးနွေး သွန်သင်ရမှာမျိုးဖြစ်ပေမယ့် ဘယ်လူ့ဘောင်မှာမဆို ဒါမျိုးကို ဆွေးနွေးဖို့ တွန့်ဆုတ်နေကြဆဲပါ။ ကျွန်တော်တို့ အရှေ့တိုင်း လူ့ဘောင်မှာတော့ သာဆိုးသပေါ့။
အဲတော့လည်း အတွေးအမြင် အလွဲတွေနဲ့ လူတွေမှာ စိတ်ဆင်းရဲနေကြရရှာပါတယ်။ အခုပဲ ကြည့်ပါဦး။ သူ့စာထဲမှာ “ကျွန်မက အပျိုလေးတန်မဲ့၊ မြန်မာ မိန်းကလေးတန်မဲ့ masturbation ကို လုပ်လေ့ရှိသူ တစ်ယောက်ပါ။ … ကျွန်မတို့ တိုင်းပြည်မှာရော ကျွန်မလို စရိုက် မမှန်တဲ့ မိန်းကလေးတွေ ရှိနိုင်သလား။ တဲ့ဗျား။ အဲဒါ အပျို မလုပ်ရဘူး၊ မိန်းကလေး မလုပ်ရဘူး၊ စရိုက်မှန်ဘူးလို့ ဘယ်သူကများ ပညတ်ခဲ့တယ် မသိဘူး။
လူတွေများ တယ်ခက်။ သူ့စာဖတ်ပြီးတော့ အဖေ့ သွားသတိရတယ်။ ကျွန်တော် လူပျိုပေါက်က တစ်ကိုယ်ရေ အာသာဖြေတာကို သိသွားတော့ “လူညွန့်တုံးသွားမယ်၊ လူစင်မီမှာ မဟုတ်တော့ဘူး” ဘာညာနဲ့ ဆုံးမတော်မူတယ်။ သူကျတော့ အမေ့ကို ယူ၊ သည်အလုပ်လုပ်လို့ ကျွန်တော့်တောင် မွေးထားတာ။ သူ့လူညွန့်လည်း မတုံး၊ လူစင်မီလိုက်တာမှ လေးလုံးခြောက်ဖက်ကြီး၊ သူကျတော့ လုပ်လို့ရပြီး သူ့လိုပဲ လူဖြစ်နေတဲ့ ကျွန်တော့်ကျတော့ ပြောထည့်လိုက်တာ ပိုးစိုးပက်စက်။ အဲတော့လည်း ဘာဖြစ်တုံး၊ သူပြောတော့ နားထောင်ချင်ယောင်ဆောင်၊ ခေါင်းညိတ်၊ ဟုတ်ကဲ့လိုက်၊ ပြီးတော့ ထင်ရာလုပ်တော့တာပဲပေါ့။
ရှိသေးတယ်၊ ကျွန်တော် ဒါတွေ ရေးတော့ လူငယ်တွေကို မြှောက်ပေးတယ်၊ အကုသိုလ်အလုပ်တွေ သင်ပေးနေတယ်လို့ လာပြောတဲ့ သူတွေ ရှိဖူးတယ်။ သူတို့ကကျတော့ မယားယူ၊ သားမွေးထားတဲ့ဟာတွေ၊ ကိုယ်တိုင်ကျတော့ မကင်းနိုင်ဘဲနဲ့ သူတော်စင် လာလုပ်ပြချင်နေသေးတယ်။ သူတော်စင် စစ်ရင်လည်း ဒါမျိုးကို မဥပါဒ်တတ်မှန်း မသိရှာကြဘူး။
ထားပါတော့ဗျာ… ရေးလာတဲ့ စာကိုပဲ ပြန်ဆွေးနွေးပါ့မယ်။ ခမျာမှာ အတော်စွန့်စားပြီး ရေးလိုက်ရမှန်း သိသာတယ်။ ရိုးရာဥခွံထဲက မနည်း ဖောက်ထွက်ပြီး ရေးရရှာတာ။ အမှန်တော့ တစ်ကိုယ်ရေ အာသာဖြေခြင်းနဲ့ အပျိုစင်နဲ့ အဆက်အစပ် မရှိကြောင်း ရှေ့ပိုင်းမှာ ဆွေးနွေး တင်ပြပြီးပါပြီ။ အထူးသဖြင့် အခု ဆွေးနွေးလာသူ လုပ်ကိုင်ဆောင်ရွက်တဲ့ နည်းစနစ်နဲ့ဆိုရင် ကညာမြှေးသာ ရှိသေးရင် အဲဒီ့အမြှေးတောင် ပျက်ယွင်းစုတ်ပြဲသွားစရာ ဘာအကြောင်းမှ မရှိပါဘူး။ သူက ယောနိထဲကို ဘာဆိုဘာမှ ထည့်သွင်းခြင်းမှ မရှိတာကိုး။
တကယ်တော့ စိတ်ကျန်းမာ၊ ကိုယ်ကျန်းမာသူတစ်ယောက် လုပ်တဲ့ အလုပ်ပါ။ အာရုံကြော အားနည်းတာမျိုးတွေ ဘာတွေလည်း မဖြစ်ပါဘူး။ ဆီး ခဏခဏ သွားချင်တာက တခြားဆီးလမ်းကြောင်းဆိုင်ရာ ပြဿနာ တစ်ခုခု ရှိလို့၊ ဒါမှမဟုတ် စိတ်ထင်လို့ ဖြစ်ပါလိမ့်မယ်။ ဒါကို အပြစ်ကြီးတစ်ခုလို မြင်ထားတော့ အဲဒီ့ ဥပါဒါန်ကြောင့် ဥပါဒ်ရောက်နေတာမျိုး ပိုဖြစ်နိုင်ပါတယ်။
တစ်ကိုယ်ရေ အာသာဖြေပြီးတဲ့နောက် အားရပါးရ ဇာတ်သိမ်းချိန်မှာ တစ်ကိုယ်လုံးက အကြောအခြင်တွေ တင်းသွားတတ်တာမို့ ဗိုက်သားအောက် ဆီးခုံ အထက်နားမှာ ဖြစ်စေ၊ ဒူးမှာဖြစ်စေ၊ တင်ပါးဘယ်ညာမှာဖြစ်စေ၊ ခါးမှာဖြစ်စေ အကြောပြတ်တာမျိုးတွေတော့ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ဒါဟာ ၀လွန်းသူတွေမှာလည်း တစ်ကိုယ်ရေ အာသာမဖြေဘဲ ဖြစ်တတ်တာမို့ တစ်ကိုယ်ရေ အာသာဖြေတာ သက်သက်ကြောင့်လို့ ပြောလို့ မရပါဘူး။
အိမ်ထောင်ရေးမှာ ပြဿနာ နည်းချင်ရင်တော့ ကိုယ့်အကြောင်းကို ပွင့်ပွင့်လင်းလင်း ပြောထားတာပါပဲ။ ဘယ်လိုမှ ကိုယ့်စိတ် ကျေနပ်မှု ရတယ်ဆိုတာ ကိုယ့်ခင်ပွန်း သိအောင် နှစ်ဦးနှစ်ဖက် ပွင့်ပွင့်လင်းလင်း ဆွေးနွေးထားရင် အဆင်ပြေပါလိမ့်မယ်။
စရိုက်မမှန်ဘူး၊ မှားနေတယ်ဆိုတဲ့ အတွေးတွေ ခေါင်းထဲက ထုတ်လိုက်ပါ။ လူမှန်ရင် ပါးစပ်ပါတော့ လျှာအရသာ ခံစားကြတယ်၊ နားပါတော့ နားအရသာ ခံစားတယ်၊ မျက်စိပါတော့ မျက်စိအရသာ ခံစားတယ်။ ဒါမျိုးပါပဲ။ လူလုပ်တဲ့ အလုပ်ကို လုပ်နေတာမို့ ကိုယ့်ကိုယ်ကိုယ် စရိုက်မမှန်ဘူးလို့ ဘယ်တော့မှ မတွေးပါနဲ့။

ထပ်ပြောပါမယ်။ တစ်ကိုယ်ရေ အာသာဖြေတာဟာ လောကမှာ အန္တရာယ် အကင်းဆုံး လိင်စိတ် ဖြေဖျောက်နည်းတစ်ခု ဖြစ်ပါတယ်။  ကျန်းမာရေးနဲ့ အညီညွတ်ဆုံးလို့တောင် ပြောလို့ရပါတယ်။ လူပျိုလူရွယ်တွေ၊ အပျိုတွေအတွက် လိင်စိတ်တင်းကျပ်မှုကို ဖြေလျော့ရာမှာ သည်နည်းကသာ အကောင်းဆုံးပါ။ ဆန့်ကျင်ဘက်လိင်နဲ့ ကိုယ်လက်နှီးနှောရင် မလိုလားအပ်တဲ့ ပြဿနာပေါင်းစုံ ပေါ်ပေါက်လာနိုင်တဲ့အပြင် လိင်မှ တစ်ဆင့် ကူးစက်တဲ့ ရောဂါဆိုးတွေပါ ရလာနိုင်ပါတယ်။ တစ်ကိုယ်ရေ အာသာဖြေတဲ့အတွက် သည်လို ရောဂါတွေ ဘယ်လိုမှ ရလာစရာ အကြောင်း မရှိပါဘူး။
လွန်ကဲလို့လည်း ဘာမှ မဖြစ်ပါဘူး။ အလွန်ဆုံးမှ ကိုယ့်စိတ်ကို အလိုလိုက်လွန်းတယ်လို့သာ ပြောလို့ ရပါလိမ့်မယ်။ သည့်ထက် တစ်ပြားဖိုးမှ မပိုပါဘူး။ ဒါကို အိမ်ထောင် မရှိသေးသူတိုင်းရော၊ အိမ်ထောင်ရှင်တိုင်းပါ နားလည်သင့်နေပါပြီ။

ဆ၇ာအတ္တကျော်


ယဉ်ကျေးဖွယ်ရာအောင် “ဇာတ်သိမ်းခန်း”လို့ ခေါင်းစဉ်တပ်လိုက်တာပါ။ ကျွန်တော့်ရဲ့ သားငယ်တို့ နားလည်ဖို့နဲ့ မီးငယ်တို့ အသိကြွယ်ဖို့ စာအုပ်တွေထဲမှာလည်း သည်ဝေါဟာရကိုပဲ ရေလဲ သုံးခဲ့ပါတယ်။

သိုးဆောင်းဘာသာစကားမှာတော့ orgasm [အောဂက်ဇင်း(မ်)]ရယ်လို့ ခေါ်ပါတယ်။ အဲဒါကို မြန်မာစာအဖွဲ့က ထုတ်ဝေတဲ့ အင်္ဂလိပ်-မြန်မာအဘိဓာန်မှာတော့ “ကိုယ်လက်နှီးနှောရာတွင် စိတ်အလှုပ်ရှားဆုံး၊ အတက်ကြွဆုံး ကာလ”ရယ်လို့ ဖွယ်ရာစွာ ဖွင့်ဆိုပေးထားပါတယ်။ မူရင်းအနက်အတိုင်းလည်း ဒက်ခနဲ လှမ်းမြင်နိုင်တဲ့ ဖွင့်ဆိုချက်ပါ။ သို့သော် တော်တော် ရှည်ရှည်လျားလျား ပြောမှ ဇာတ်ရည်လည်နိုင်တာမို့ ကျွန်တော်လည်း “ဇာတ်သိမ်းခန်း”ရယ်လို့ပဲ အလွယ် ပြောကြည့်လိုက်တာ ဖြစ်ပါတယ်။

အင်္ဂလိပ်-မြန်မာ အဘိဓာန်မှာ ဖွင့်ဆိုထားတဲ့အတိုင်း ကိုယ်လက်နှီးနှောမှုရဲ့ စိတ်အလှုပ်ရှားဆုံး၊ အတက်ကြွဆုံး ကာလဖြစ်လေတဲ့အတွက် လူအတော်များများက သည်ဇာတ်သိမ်းခန်းကိုသာ အန္တိမ ရည်မှန်းချက်တစ်ရပ်အဖြစ် ကိုင်စွဲ ထားတတ်ကြပါတယ်။ သို့ပေမယ့် သည်အတွေ့အကြုံကို ရဖို့အတွက်ပဲ အလွန်အကျွံ အလေးထားလိုက်တဲ့အခါ တစ်ဖက်သားအပေါ် မစာနာ မထောက်ထားမိသလိုလည်း ဖြစ်ကုန်ရတတ်တာကို အိမ်ထောင်ရှင်တွေ သတိချပ်သင့်ပါတယ် ခင်ဗျာ။

သည်လိုပါ။ ဘယ်လမ်းက သွားသွား ကိုယ့်အတွက် ပန်းတိုင်ရောက်ရင် ပြီးတာပဲလို့ အောက်မေ့ပြီး ကိုယ့်ဇောနဲ့ကိုယ် ကိုယ့်ခြေလှမ်းအတိုင်း ဖိလျှောက်နေတဲ့အခါ ကိုယ်နဲ့အတူ သွားတဲ့ ခရီးဖော်က ကိုယ့်ခြေလှမ်းကို အမီလိုက်နိုင်ရဲ့လား၊ သူ မောနေသလား၊ ရေငတ်နေသလားဆိုတာတွေကို မငဲ့အားအောင် ဖြစ်ကုန်တဲ့ သဘောမျိုးပါပဲ။ အမှန်တော့ ချစ်လမ်းခရီးကို သွားကြတဲ့အခါမှာ နှစ်ယောက်အတူ အပေးအယူမျှမှာ သာယာ ကြည်နူးစရာ ကောင်းနေတတ်တာမျိုးပါ။
တစ်ယောက်က ခြေလှမ်း ကျဲကျဲ သွက်သွက်၊ နောက်တစ်ယောက်က ခြေလှမ်း မှန်မှန်၊ အေးအေးဆေးဆေးဆိုရင် နှစ်ယောက်စလုံးအတွက် စိတ် အနှောင့်အယှက်က မဆိုစလောက်လေးမှသည် အကြီးအကျယ်အထိ ဖြစ်သွားရတတ်ပါတယ်။

ရှေ့ပိုင်းမှာ ဆွေးနွေးတင်ပြခဲ့တဲ့အတိုင်း အိမ်ထောင်ရေးမှာ အဲလို အပေး  အယူ မမျှတာတွေ များလွန်းမက များလာတဲ့အခါ စိတ်ပျက်လက်ပျက် ဖြစ်လာရတတ်သလို အတော်ကြီးကို မွန်းကျပ်လာရနိုင်တာကို အိမ်ထောင်ရှင်တိုင်း သတိထားသင့်တယ်။ ခင်ပွန်းသည်က တစ်နေကုန် လူတကာကို ဆူပူမောင်းမဲနေတာ၊ ရန်လုပ်နေတာမျိုး၊ ဇနီးသည်ကလည်း ဆီလို အပေါက်ရှာပြီး တွေ့ကရာလူကို မဲနေတာမျိုးတွေဟာ သူတို့အိမ်ထောင်ရေးရဲ့ လူမမြင်ရတဲ့ ချစ်လမ်းခရီးထဲက စိတ်အိုက်တာတွေ၊ အလိုမကျတာတွေရဲ့ အကျိုးဆက်တွေ အများကြီး ဖြစ်နေနိုင်ပါတယ်။

သည်ဇာတ်သိမ်းပိုင်းနဲ့ ပတ်သက်ပြီး ခန္ဓာဗေဒပိုင်း သဘာဝကို ၁၉၆၆ ခုနှစ် မှာ မားစထား(စ်)နဲ့ ဂျော်(န်)ဆင်(န်)တို့က ဓာတ်ခွဲခန်းသုတေသနပြုပြီး လေ့လာ ဆန်းစစ်ခဲ့ကြပါတယ်။ ကျားနဲ့ မတို့ရဲ့ ခန္ဓာကိုယ်အတွင်းပိုင်းမှာရော၊ ခန္ဓာကိုယ် ပြင်ပမှာပါ ဇာတ်သိမ်းခန်းကို ရောက်တဲ့အခါ တုံ့ပြန်ပုံများကို သူတို့တွေ စောင့် ကြည့်လေ့လာနိုင်ခဲ့ကြတယ်။

သည်အခါမှာ သည်ပညာရှင်နှစ်ဦး တွေ့ခဲ့ရတာကတော့ ဇာတ်သိမ်းခန်းကို ရောက်ရှိခြင်းဟာ ယောက်ျားတွေအတွက်ရော၊ မိန်းမတွေအတွက်ပါ လိင်စိတ် နိုးကြားမှုရဲ့ အစိတ်အပိုင်း တစ်ရပ်သာ ဖြစ်နေတယ်ဆိုတဲ့ အချက်ပါပဲ။ သူတို့က အဲဒီ့ လိင်စိတ် နိုးကြားမှု တစ်ရပ်လုံးကို “လိင်မှုရေးရာ တုံ့ပြန်မှု သံသရာ”လို့ အမည်ပေးခဲ့ကြတယ်။ (သူတို့ရဲ့ တွေ့ရှိချက်ကို ပုံပြမျဉ်းတွေနဲ့ ရှင်းလင်းကျနစွာ ဖော်ပြထားတာ ဖြစ်ပေမယ့် အခု ကျွန်တော် ပြန်လည် တင်ပြ ဆွေးနွေးရာမှာတော့ သိပ်ပညာရပ် ဆန်သွားမှာ စိုးတဲ့အတွက် ချန်လှပ်ထားခဲ့ပါတယ်။)

အရပ်စကားနဲ့ တင်ပြရရင်တော့ အဲဒီ့ သံသရာမှာ အဆင့် လေးဆင့် ပါရှိပါတယ်။ ပထမအဆင့်က “စိတ်လှုပ်ရှားမှုအဆင့်”ပါ။ ဒုတိယအဆင့်ကို “ကုန်းပြင်မြင့်”လို့ သိုးဆောင်း ဘာသာစကားနဲ့ ရေးထားပါတယ်။ ဆိုလိုတာက အမြင့်ကို ရောက်နေတယ်။ သို့ပေမယ့် အထက်လည်း ဆက်မတက်သေး၊ အောက်ကိုလည်း ပြန်မဆင်းသေးဘဲ တန့်နေ၊ တန်းနေတဲ့ အခိုက်အတန့်ပါပဲ။ တတိယဆင့်ကျတော့မှ “ဇာတ်သိမ်းခန်း” လာပါတယ်။ နောက်ဆုံးအဆင့်ကတော့ “အထာကျမှု”ပါပဲ။

လူတစ်ဦးချင်းစီဟာ တစ်ယောက် တစ်မျိုးစီမို့ သည်တုံ့ပြန်ချက် အဆင့်ဆင့်မှာ ပြင်းထန်ပုံချင်း၊ အချိန်ယူပုံချင်း ကွဲပြားပင် ကွဲပြားသော်ငြားလည်း သူတို့ သုနေသနပြုခဲ့ရာ လူပုဂ္ဂိုလ်များအကြားမှာ အတွေ့ရ အများဆုံး အဆင့်လေးဆင့်သာ ဖြစ်တာမို့ ဒါဟာ လူတိုင်းလောက်နီးနီးမှာ ဖြစ်တတ်တဲ့ သဘောသဘာဝပဲ ရယ်လို့ ယေဘုယျ ကောက်ချက်ချနိုင်ပါတယ်။

စကားချပ်အနေနဲ့ ပြောရရင် တစ်ချိန်က ဝိဇ္ဇာ ပညာရပ်တွေလို့ သတ်မှတ်ခဲ့ကြတဲ့ စိတ်ပညာအပါအဝင် ဘာသာရပ်အသီးသီးကို အခုအခါမှာ “သိပ္ပံပျော့” (Soft Science)လို့ ခေါ်ဆိုလာကြပါပြီ။ ဆေးပညာနဲ့ တခြား သိပ္ပံဘာသာရပ်တွေကိုတော့ “သိပ္ပံမာ” (Hard Science) ပါတဲ့။ ဘာဖြစ်လို့လဲဆိုတော့ ဘာသာရပ် အမျိုးအစား နှစ်ခုစလုံးမှာ သိပ္ပံနည်းကျ စနစ်တကျ လေ့လာ ဆန်းစစ်မှုတွေ ပါဝင်နေလို့ပါပဲ။ သို့သော် သိပ္ပံမာကတော့ အဖြေကို အတိအကျပေးနိုင်တယ်၊ တရားသေ ပြောနိုင်တယ်။ အများ သိနေတဲ့ အလွယ်ဆုံး ဥပမာကို ပြရရင် ဟိုက်ဒြိုဂျင် နှစ်ဆနဲ့ အောက်ဆီဂျင် တစ်ဆ ပေါင်းလိုက်တဲ့အခါ ရေဖြစ်လာမယ် ဆိုတာမျိုးပါ။ ဘယ်တော့ပဲဖြစ်ဖြစ်၊ ဘယ်နေရာမှာဖြစ်ဖြစ်၊ ရေဟာ ဟိုက်ဒြိုဂျင်နဲ့ အောက်ဆီဂျင် အတွဲအစပ်ပဲ ဖြစ်တယ်လို့ ပုံသေ ပြောနိုင်တာဟာ သိပ္ပံမာရဲ့ သဘောပါ။

သိပ္ပံပျော့မှာကျတော့ အဲလို ရာနှုန်းပြည့် အခိုင်အမာ ပြောလို့မရဘူး။ ဖြစ်နိုင်ချေကိုသာ တွက်ချက် ပြောဆိုကြရတာ ဖြစ်ပါတယ်။ ဥပမာပြောရရင် လူတွေဟာ ကိုယ်ကျိုးကိုသာ ပဓာနထားတတ်တယ် ဆိုတာမျိုးပါ။ ကိုယ်ကျိုးကို ပဓာန မထားဘဲ အများအကျိုးကိုသာ အာရုံစိုက်တဲ့ သူတွေ မရှိဘူးလားဆိုတော့ ရှိ တယ်။ သို့သော် အဲလိုလူမျိုးက သိပ်ကို နည်းလှတဲ့ လူနည်းစု။ ကိုယ်ကျိုးကို ပဓာနထားတဲ့ လူက လူများစု။ သည်အခါမှာ ဥပမာပြခဲ့တဲ့ အဆိုကို ခိုင်မာတယ်လို့ ပြောလို့ရလာပါတယ်။ ဒါ သိပ္ပံပျော့ရဲ့ သဘာဝပါပဲ။

ဘာ့ကြောင့် သည်စကားချပ်ကို ထည့်ပြောရတာလဲဆိုရင်တော့ အခု ကျွန်တော် တင်ပြဆွေးနွေးနေတဲ့ အဆင့်လေးဆင့်ကိစ္စမှာလည်း“လူတိုင်းလောက် နီးနီး”လို့သာ ရေးခဲ့တဲ့အတွက် တချို့က ငါတော့ ခြွင်းချက်ထဲမှာ ပါလောက်တယ်လို့ တွေးမိသွားနိုင်လို့ပါပဲ။ အဲလိုတွေးတာ မှန်ချင်လည်း မှန်နိုင်ပါတယ်၊ မှားချင်လည်း မှားနိုင်ပါတယ်။ ဖြစ်နိုင်ချေနဲ့ ပြောရင်တော့ မှားဖို့ ပိုများပါတယ်။

လူတိုင်းလောက်နီးနီးလို့ ပြောတဲ့အတွက် တစ်ရာမှာ တစ်ယောက်၊ တစ်ထောင်မှာ တစ်ယောက်နှုန်းလောက်မှ ခြွင်းချက်ထဲမှာ အကြုံးဝင်နေနိုင်ပါတယ်။

ကိုင်း… တစ်ဆင့်ချင်းကို နည်းနည်းလေး အသေးစိတ်ကြည့်ကြရအောင် လားခင်ဗျာ။

ပထမဆုံးအဆင့်ဖြစ်တဲ့ စိတ်လှုပ်ရှားမှုမှာတော့ လိင်စိတ် အာရုံနိုးကြားမှု  ဖြစ်ပါတယ်။ အဲဒီ့နိုးကြားမှုဟာ စိတ်ကူးထွေလာနဲ့ဖြစ်စေ၊ အသားချင်း တွေ့ထိရာကဖြစ်စေ ပေါ်ပေါက်လာတတ်စမြဲပါပဲ။ အခြေအနေ အကြောင်းတရား အမျိုးမျိုး၊ ချစ်ရေးချစ်ရာအပေါ်မှာ ထားရှိတဲ့ တစ်ဦးချင်းစီရဲ့ ခံယူချက် အမျိုးမျိုးတို့အပေါ်မှာ လိုက်ပြီး သည်အဆင့်ဟာ ဖျတ်ခနဲ ပေါ်ပြီး ဘာမဟုတ်တဲ့ အချိန်တိုလေးအတွင်းမှာ ပြီးဆုံးသွားနိုင်သလို အချိန် အတန်ကြာအောင်လည်း ပေါ်ပေါက်နေနိုင်ပါတယ်။

ကုန်းပြင်မြင့်ကကျတော့ တကယ့်တောင်ထိပ်ကို ရောက်လုနီးအချိန်မှာ ပေါ်ပေါက်လာတဲ့ စိတ်အခြေအနေပါ။ အပြင်းထန်ဆုံး၊ အတက်ကြွဆုံး စိတ်လှုပ်ရှားမှုကို ရောက်လုနီးလို့လည်း ပြောနိုင်ပါတယ်။ တကယ်လို့သာ သည်အနေအထားမှာ လှုံ့ဆော်မှုက ဆက်လက် တည်ရှိနေမယ်ဆိုရင်တော့ ဇာတ်သိမ်းခန်းဆီအထိ ရောက်သွားနိုင်ပါပြီ။

ဇာတ်သိမ်းခန်းကိုတော့ အထူး ပြောစရာ မလိုပါဘူး။ အဲဒီ့ဇာတ်သိမ်းခန်းရဲ့ နောက်မှာ ကပ်လိုက်လာတာကတော့ အထာကျမှုပါပဲ။ သည်အဆင့်မှာတော့ လိင်စိတ် တင်းကြပ်မှုတွေကနေ တသိမ့်သိမ့် တငြိမ့်ငြိမ့် လျော့ပါးသွားပြီး နိုးကြားမှုများ လုံးဝ မရှိတော့တဲ့ ပုံမှန် အခြေအနေကို ပြန်လည်ရောက်ရှိသွားတာများ ပါဝင်ပါတယ်။
ထူးဆန်းတာ တစ်ခုက သည် အထာကျမှု ကာလအတောအတွင်းမှာ ယောက်ျားသားတွေမှာက “ဒုံးပေကတ်သတ်ကာလ” တစ်ခုကို ရင်ဆိုင်တတ်ကြရတာပါပဲ။ မိန်းမသားတွေမှာ အဲဒီ့ကာလကို ရင်ဆိုင်ရတာ မတွေ့ရဘူး။ သည် ကာလကလည်း ယောက်ျားတစ်ယောက်နဲ့ တစ်ယောက်ကြား မတူညီကြဘူး။

တချို့တွေအတွက်ကျတော့ မိနစ်ပိုင်းပဲ ကြာတယ်။ တချို့အတွက်ကျတော့လည်း  တစ်နာရီလောက်ကြာတယ်၊ တချို့ဆိုလည်း သည့်ထက်မက ကြာချင်ကြာနိုင် ပါသေးတယ်။ ဘာကို ပြောနေတာလဲ ဆိုရင်တော့ဗျာ၊ ယောက်ျားတွေမှာ ဇာတ်သိမ်းခန်းကို ရောက်ရှိပြီး အထာလည်း ကျသွားတဲ့နောက် နောက်တစ်ကြိမ် နိုးကြားမှုကို အလွယ်တကူ ပြန်မရနိုင်သေးတဲ့ ကာလ အပိုင်းအခြားကို ပြောနေတာပါ။ အဲဒီ့ကာလမှာတော့ အမျိုးသားတွေဟာ ချစ်တင်းနှောရေးကိုလည်း စိတ်မဝင်စားအားတော့ဘဲ ဖြစ်နေတတ်ပါတယ်။
အမျိုးသမီးတွေမှာကတော့ အဲသလို မဟုတ်ဘူး။ နောက်တစ်ကြိမ် ပြန်လည် လှုံ့ဆော်မယ်ဆိုရင် ယောက်ျားတွေထက် မြန်မြန်ဆန်ဆန် တုံ့ပြန်နိုင်စွမ်း ရှိတတ်ကြစမြဲ ဖြစ်သလို အတော်များများဟာ ဘယ်တော့မဆို ဇာတ်သိမ်းခန်းဆီ အဖန်ဖန် ပြန်သွားနိုင်တတ်ကြပါတယ်။
နောက်ကွဲပြားမှု တစ်ချက်က ကျပြန်တော့လည်း ပထမဆုံး ဇာတ်သိမ်းခန်းကသာ ယောက်ျားတွေအတွက် သာယာ ကြည်နူးစရာ အကောင်းဆုံး ဖြစ်နေတတ်ပေမယ့် အမျိုးသမီးတွေ အတွက်ကျပြန်တော့ နောက်ပိုင်းမှာ ထပ်မံ ရောက်ရှိသွားတဲ့ ဇာတ်သိမ်းခန်းများက ပထမဆုံး ဇာတ်သိမ်းစဉ်ကထက် ပိုပြီး သာယာ ကြည်နူးစရာ ကောင်းနေတတ်စမြဲ ဖြစ်နေတာပါပဲ။

ဇာတ်သိမ်းဆီ အဖန်ဖန် ပြန်သွားနိုင်စွမ်းဟာ အမျိုးသားများနဲ့ အမျိုးသမီးများကြားက အဓိက ကွဲပြားခြားနားမှုတစ်ရပ် ဖြစ်ပါတယ်။

အမျိုးသားများရဲ့ ဇာတ်သိမ်းခန်း

သုက်ပိုးများ ပါဝင်တဲ့ သုက်ကို ထုတ်လွှတ်လိုက်တာမို့ သည်အချိန်မှာ အမျိုးသားများရဲ့ ဝှေးစေ့များနဲ့ ငယ်ပါမှာ ရှိတဲ့ အာရုံကြောများပါဝင်နေတဲ့ တစ်ရှူး (ခေါ်) ဇီဝ ကလာပ်စည်း အစုအဝေးများမှာ နှစ်လိုဖွယ်ရာ တုန်ခါမှုများ ဖြစ်ပေါ်လာပါတယ်။ တစ်ချိန်တည်းမှာပဲ နှလုံးခုန်နှုန်းနဲ့ အသက်ရှူနှုန်းကလည်း အမြင့်ဆုံးဖြစ်လာတယ်။ ဒါ့အပြင် ခန္ဓာကိုယ်ရဲ့ လိင်မှုဆိုင်ရာ ယန္တယား တစ်ရပ်လုံးကို မိမိသဘောကျ ထိန်းသိမ်းနိုင်စွမ်းလည်း မရှိတော့ပါဘူး။

ထုတ်လွှတ်တဲ့ သုက်ပမာဏ များပြားလေလေ အဲသလို ထုတ်လွှတ်မှုနဲ့ တွဲဖက် ပေါ်ပေါက်လာတဲ့ သာယာမှုအတွေ့အကြုံကလည်း ကြီးမားလေလေပါပဲ။ သည်ပမာဏကလည်း ဇာတ်သိမ်းခန်း တစ်ခုနဲ့ တစ်ခုကြားမှာ ဘယ်လောက် ခြားခဲ့ပြီလဲဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ ဇာတ်သိမ်းချိန်မှာ အမျိုးသားများရဲ့ တခြား ခန္ဓာကိုယ် အစိတ်အပိုင်းတွေမှာလည်း တစ်နည်းမဟုတ် တစ်နည်းနဲ့ တုံ့ပြန်တတ်ကြပေမယ့် စိတ်ခံစားမှုနဲ့ အာရုံစူးစိုက်မှုကတော့ ဆီးခုံရိုး၊ တင်ပါးဆုံရိုး ပတ်ဝန်းကျင်တဝိုက်မှာသာ အဓိကဖြစ်ပါတယ်။ အထူးသဖြင့်ကတော့ ငယ်ပါမှာပဲပေါ့ ခင်ဗျာ။

အမျိုးသမီးများရဲ့ ဇာတ်သိမ်းခန်း

အမျိုးသားတွေနဲ့ မတူပါဘူး။ အမျိုးသမီးများရဲ့ ဇာတ်သိမ်းခန်းမှာ ကနဦးမှာတော့ ယောနိထိပ်က အကြောဆိုင် အဖုအထုံးလေးမှာ အဓိက ဆုံချက်ဖြစ်ပါတယ်။ ပြီးတာနဲ့ ဆီးခုံရိုးအတိုင်း အထက်ဘက်ကို ပျံ့နှံ့သွားတယ်။ အဲဒီ့နောက်မှာ တစ်ကိုယ်လုံး အနှံ့မှာ နွေးခနဲ ဖြစ်သွားပါတယ်။ နွေးခနဲ ဖြစ်ပြီးတာနဲ့ တစ်ပြိုင်နက် တင်ပါးဆုံရိုး အောက်ပိုင်းနဲ့ ယောနိတဝိုက်မှာ အထူးပြုပြီး တဒုတ်ဒုတ် ခုန်လာတတ်ပါတယ်။ အဲဒီ့ခံစားမှုဟာ သားအိမ်နဲ့တကွ မွေးလမ်းကြောင်း အဆုံးပိုင်းက သွေးသားများ ကျုံ့သွားတဲ့အတွက် ပေါ်ပေါက်လာတာပါပဲ။
ဇာတ်သိမ်းခန်းကို ရောက်နေချိန်မှာ အမျိုးသမီးတွေရဲ့ နှလုံးခုန်နှုန်းဟာ ပုံမှန်ထက် နှစ်ဆလောက် ရောက်လာတတ်သလို အသက်ရှူနှုန်းကလည်း ပုံမှန်ထက် သုံးဆ အထိ မြန်လာတတ်ပါတယ်။
သည်နေရာမှာ အရေးတကြီး မှတ်သားသင့်တဲ့ အချက်တစ်ချက်ကတော့ အမျိုးသမီးပဲဖြစ်ဖြစ်၊ အမျိုးသားပဲဖြစ်ဖြစ် ဇာတ်သိမ်းချိန် အတွေ့အကြုံတွေဟာ တစ်ယောက်နဲ့ တစ်ယောက် မတူတတ်ဘဲ ကွဲပြားနေတတ်သလို သည်တစ်ယောက်တည်းမှာတင်ပဲ တစ်ကြိမ်နဲ့ တစ်ကြိမ်တောင် မတူဘဲ ကွဲပြားနေတတ်တာကိုပါပဲ။ စိတ်အား ထက်သန်မှု အတိုင်းအဆ၊ ချစ်တင်းနှောဖို့ အချိန်ယူတဲ့ ပမာဏစတာတွေပေါ်မှာ မူတည်ပြီး အမျိုးမျိုး ပြောင်းလဲနေနိုင်ပါတယ်။

အမျိုးသားတွေအတွက်က ဇာတ်သိမ်းခန်း အတွေ့အကြုံကို ဘယ်လောက်အထိ ခံစားသာယာနိုင်သလဲဆိုတာဟာ ထုတ်လွှတ်လိုက်တဲ့ သုက်ပမာဏပေါ်မှာ တော်တော်ကြီးကို မူတည်နေပါတယ်။ သည်အချက်ကလည်း အသက်အရွယ်၊ အထွေထွေ ကျန်းမာကြံ့ခိုင်မှု၊ လိင်စိတ်နိုးကြားတဲ့ အတိုင်းအဆစတဲ့ အချက်တွေပေါ်မှာ တည်နေပြန်တယ်။ အလွယ်ဆုံး ပြောရရင်တော့ ယောက်ျားတွေရဲ့ ဇာတ်သိမ်းခန်းဟာ သွေးသားက ပဓာနဖြစ်ပါတယ်။

အမျိုးသမီးတွေအတွက်ကျတော့ သည်ဇာတ်သိမ်းခန်း အတွေ့အကြုံကို ဘယ်လောက်အထိ ခံစား သာယာနိုင်သလဲဆိုတာဟာ လူမှုရေးနဲ့ စိတ်ဓာတ်ရေးရာ အချက်အလက်တွေပေါ်မှာ ပိုပြီး မူတည်နေတာ တွေ့ရတယ်။ တစ်နည်းပြောရရင်တော့ အမျိုးသမီးတွေမှာ သွေးသားဆိုတာထက် စိတ်က ပို အဓိကကျတယ်ပေါ့ဗျာ။

အားလုံး တွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ


(၂၀၀၇ ခုနှစ် မတ်လထုတ် Idea မဂ္ဂဇင်း)

FROM,...ATK
ကျမ်းကိုး စာရင်း
  1. Marriage and Family: Development and the Change by Stephen R Jorgensen, Macmillan Publishing Company, New York, 1986)
  2. Human Behaviour in the Social Environment: A Multidimensional Perspective by José B Ashford, Craig Winston LeCroy and Kathy L Lortie, Wadsworth/Thomson Learning, USA, 2001, Second Edition)
  3. Fischer’s Erotic Encyclopaedia, Dreamcatcher Interactive Inc., 1996



မင်္ဂလာပါလို့ စာရေးတဲ့ ကျွန်တော် အတ္တကျော်က ဦးစွာပထမ ဂါရဝနဲ့ နှုတ်ခွန်းဆက်ပါရစေလား ခင်ဗျာ။ သည်တစ်ခါတော့ တစ်ဆင့်ကြားစကားကနေ ယုံမှားတဲ့ အတွေးပေါ်လာရာက ကျွန်တော့်ကို စာတွေ ရေးခိုင်းလာတဲ့ စာလေးတစ်စောင်နဲ့ပတ်သက်ပြီး ဆွေးနွေးတင်ပြရတော့မှာပါ။ အများနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာမို့ သူက စာနဲ့ ရေးခိုင်းပေမယ့် စာဖတ်သူ အင်အားထက် ရေဒီယိုနားထောင်တဲ့ အင်အားက ပိုများလှတာမို့ အဲဒီ့ ကျွန်တော်၊ ကျွန်တော်နဲ့ ပြောတတ်တဲ့ ကလေးမ ရေးပြလာတဲ့ စာလေးကိုပဲ ကျွန်တော့် အစီအစဉ်ကတစ်ဆင့် ဦးစွာ ထုတ်လွှင့် တင်ဆက်လိုက်ရပါတယ်ခင်ဗျား။
ကျွန်တော် မနေ့က HIV နဲ့ ပတ်သတ်တာတွေ ဖတ်မိပါတယ်။ အဲဒီမှာ ဘာကို သွားတွေ့ရသလဲဆိုတော့ မိန်းမလျာ မဖြစ်ချင်ဘဲ ဖြစ်ရတဲ့ ဇာတ်လမ်းလေးပါ။ ကောင်လေး ဆယ်တန်းအောင်တဲ့နေ့မှာ အိမ်မှာ ဝင်ထွက် သွားလာနေတဲ့ ဦးလေးလို လူက စော်ကားလိုက်တာပါ။ ကျွန်တော် ဖြစ်စေချင်တာက အဲဒီလို မိန်းမလျာ ဇာတ်သွင်းသူ မတရား ကြံတတ်တဲ့ လူယုတ်မာတွေရဲ့ ရန်က ဘယ်လို ကာကွယ်ရမယ်ဆိုတာပါ ရေးပေးပါဆရာ။ အဲဒီဇာတ်ထဲမှာ ကောင်လေးက နောက်ပိုင်း အေပါ ကိုက်သွားတာ။
ဆရာရေးတဲ့ စာအုပ်တွေထဲမှာ မိန်းမလျာဖြစ်တဲ့ လိင်စိတ်က ပုံမှန် မဟုတ်တဲ့စိတ် မဟုတ်ဘဲ ပုံမှန်စိတ်ဖြစ်လို့ ဘဝကို ရဲရဲရင့်ရင့်နေကြပါလို့ ဆရာ့စာတွေက ညွှန်းတယ်လို့ ခံစားမိပါတယ်။ ဒါပေမယ့်ဆရာ၊ ယောက်ျားချင်းပဲ ဖြစ်ဖြစ်၊ မိန်းကလေးပဲ ဖြစ်ဖြစ် စော်ကားခံရရင် ခံရချင်း မိဘကိုသာ အသိပေးမယ်ဆိုရင်၊ ပွင့်လင်းတဲ့ မိဘတွေနဲ့ နွေးနွေးထွေးထွေး ဆက်ဆံရေး ရှိမယ်ဆိုရင် အများကြီး အဆင်ပြေမှာပါ။
အများစုက အယုံလွယ်တယ်။ အရှက်အကြောက်ကြီးတယ်။ ဦးနှောက်မရှိဘူး။ အများပြောရင် ယုတ္တိ မရှိလည်း ယုံကြတာ များတယ်။ အဓိကကတော့ အတွေးအခေါ်ပါပဲ။ ပိတ်လှောင်ထားတဲ့ လွဲမှားတဲ့ အရှက်တရားတွေအစား ပွင့်လင်းမျှတတဲ့ လောကကြီးကို ရရှိစေဖို့ ဆရာတို့လို ပွင့်ပွင့်လင်းလင်း ရေးသားနေတဲ့သူတွေ၊ ပရိတ်သတ် များနေတဲ့ လူတွေက များများကြီး ရေးပေးစေချင်ပါတယ်။ ဒါမှ ကျွန်တော်တို့ ကလေးတွေ အုံ့ပုန်းနှိပ်စက်ခံရတဲ့ဘေးက ကင်းဝေးမှာဗျ။
ဆရာရေ ဆရာ့စာတွေက ပြည်သူတွေအတွက် အလင်းဖြစ်စေပါတယ်။ အရေးကြီးတာက အလင်းကို အလင်းလို့ မမြင်ဘဲ အလွဲသုံးစား လုပ်မယ့်သူတွေ မပေါ်ဖို့ပါဘဲ။ ကျေးဇူးအများကြီးတင်ပါတယ်။
အင်း… အများအတွက် ထည့်တွက် ငဲ့ကွက် စဉ်းစားပေးတတ်တဲ့ ကလေးမလေးတစ်ယောက်ရဲ့ အမောပါ။ တစ်နည်း ပြောရင် သူ့အမောထဲမှာ စေတနာလေးပါနေတာမို့ သည်ကလေးမလေးရဲ့ စာလေးက ကျွန်တော့်စိတ်ကို ကြည်နူးစေ၊ ပီတိဖြစ်စေပါတယ်။ ကိုယ်နဲ့ ဘယ်လိုမှ မသက်ဆိုင် မပတ်သက်တဲ့၊ ကိုယ်မြင်တောင်မှ မမြင်ဖူးလေတဲ့ တခြား တစ်ပါးသူများအတွက် ထည့်တွက် စဉ်းစားပေးတဲ့စိတ်ဆိုတာဟာ ကြီးကြီးကျယ်ကျယ်ပြောရရင် ပရဟိတစိတ် ဖြစ်ပါတယ်။ သည်လို စိတ်မျိုးနဲ့ လူငယ်လေးတွေသာ ကျွန်တော်တို့ပတ်ဝန်းကျင်မှာ များသထက်များလာမယ်ဆိုရင် ကျွန်တော်တို့ လူ့ဘောင်ရဲ့ အနာဂတ်ဟာ သိပ်ကို လှပနေတော့မှာမို့ သူ့စာလေးက ကျွန်တော့်ကို ပီတိဖြစ်သွားစေခဲ့ပါတယ်။
“သားငယ်တို့ နားလည်ဖို့”တို့၊ “ယောက်ျားသားချင်း ပွင့်ပွင့်လင်း”တို့လို ကျွန်တော့် စာအုပ်တွေမှာရော မဂ္ဂဇင်းဂျာနယ် တွေထဲက ကျွန်တော့် စာတွေထဲမှာပါ လိင်တူချင်း တပ်မက်သူများကို ခွဲခြားဆက်ဆံတာမျိုး မလုပ်ကြဖို့နဲ့ လိင်တူချင်း တပ်မက်မှုဟာ မူမှန်စိတ်သာ ဖြစ်ကြောင်းများကို ရေးပြခဲ့ဖူးပါတယ်။ စာရေးလာသူ ကလေးမလေးက အဲဒီ့စာတွေနဲ့ ရင်းနှီးနေပုံရတယ်။ အဲဒီ့ အချိန်မှာ HIV နဲ့ ပတ်သက်တဲ့စာတချို့ကို ဖတ်မိရာက အဲဒီ့စာတွေထဲမှာပါတဲ့ အကြောင်းအရာလေးကို ထောက်ပြီး ကျွန်တော့် စာတွေက အဆိပ်အတောက်များ ဖြစ်နေလေမလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ ယဉ်ယဉ်ကျေးကျေး သတိပေးတဲ့စာလေး ကျွန်တော့်ဆီ ပို့ပေးလိုက်တာပါပဲ။
သူ့စာထဲမှာ နှစ်ပိုင်း ပါပါတယ်။ တစ်ပိုင်းက သူပြောသလို ဇာတ်သွင်းတယ်ဆိုတဲ့ အပိုင်းပါ။ ဒုတိယတစ်ပိုင်းက မိဘနဲ့ သားသမီးကြားမှာ ပွင့်လင်းကြဖို့နဲ့ ယောက်ျားလေးဖြစ်ဖြစ်၊ မိန်းကလေးဖြစ်ဖြစ် ကိုယ့်ကို တစ်စုံတစ်ယောက်က မဖွယ်မရာ လုပ်လာခဲ့ရင် မိဘကို ဖွင့်ဟ အသိပေးတိုင်ပင်နိုင်ဖို့ လိုအပ်တယ်ဆိုတဲ့ အပိုင်းဖြစ်ပါတယ်။ ဒုတိယပိုင်းဖြစ်တဲ့ အရွယ်မရောက်သေးသူများကို မဖွယ်မရာလုပ်တာနဲ့ ပတ်သက်ပြီး မကြာသေးခင်က ထွက်ထားတဲ့ ကျွန်တော့်ရဲ့ “မိန်းမသားတို့ သိမ်းထားဖို့” စာအုပ်ထဲမှာ “ကလေးသူငယ် မဖွယ်မရာ ပြုကျင့်မှုများနှင့် စပ်လျဉ်း၍”ဆိုတဲ့ ခေါင်းစဉ်နဲ့ အကျယ်တဝင့် ရေးသား တင်ပြခဲ့ပြီး ဖြစ်သလို မိန်းကလေးငယ်လေးတွေကို ကာယဗလနဲ့ အနိုင်ကျင့်ပြီး မဖွယ်မရာလုပ်တာတင် မကဘဲ ပါးစပ်နဲ့ ထိကပါး ရိကပါး လုပ်တာ၊ လက်နဲ့ မထိတထိ လုပ်တာများကအစ ဘယ်လို ကာကွယ်ရမယ်၊ ဘယ်လို အရေးယူရမယ်ဆိုတာများကိုပါ ဆိုင်တွေပေါ်မှာ မပြတ်သလောက်ရှိနေလေတဲ့ ကျွန်တော့်ရဲ့ “မီးငယ်တို့ အသိကြွယ်ဖို့” စာအုပ်ထဲမှာ ကျယ်ကျယ်ဝင့်ဝင့် ဆွေးနွေးတင်ပြထားပြီးဖြစ်ပါတယ်။ ဒါ့ကြောင့် သည်အပိုင်းကို လောလောဆယ်မှာ အဓိကထားပြီး မဆွေးနွေးတော့ဘဲ ပထမပိုင်းဖြစ်တဲ့ မိန်းမလျာ ဇာတ်သွင်းခံရတယ်ဆိုတဲ့ အပိုင်းကိုပဲ အလေးထားပြီး ဆွေးနွေးသွားချင်ပါတယ်။
တကယ်တော့ အများက ပြောရင် ယုတ္တိတန်တန် မတန်တန် နင်းကန် ယုံတတ်ကြတော့တာပဲလို့ ကလေးမလေးက ရေးထားသလို အခုစာရေးလာသူ ကလေးမလေးဟာလည်းပဲ ယုတ္တိမတန်တဲ့စကားကိုယုံမှားပြီး ကျွန်တော့်ဆီ စာရေးလာတာပါ။ သူ့ စကားသာ မှန်ကန်မယ်၊ ယုတ္တိတန်မယ်ဆိုရင် အခု သည်စကားတွေ ပြောနေတဲ့ ကျွန်တော်တစ်ယောက် အခြောက်ဖြစ်သွားတာ နှစ်ပေါင်း ကြာလှရောပေါ့ခင်ဗျား။
သူပြောတဲ့ ကလေးကမှ ဆယ်တန်း အောင်ပြီးတဲ့အချိန်မှာ မိန်းမလျာ ဇာတ်အသွင်းခံရတာမို့ အဖျင်းဆုံး အသက်က ၁၆ နှစ်လောက်မှာ ဖြစ်ပါတယ်။ ကျွန်တော် ရင်ဆိုင်ခဲ့ရတာက အဲဒီ့ထက် များစွာ ငယ်နုလှသေးတဲ့ အသက် ၁၁ နှစ်မပြည့်ခင် ငါးတန်း ကျောင်းသားအရွယ်မှာပါခင်ဗျား။ ဒါတင်မကသေးပါဘူး။ ကလေးဘဝက ကျွန်တော် ကြောက်ရတဲ့၊ ကျွန်တော့်ကို အမြဲတစေ အနိုင်ကျင့်ခဲ့တဲ့ ကစားဖက်ဟာလည်းပဲ ယနေ့အခါမှာ မိန်းမလျာ ရင့်မာကြီးတစ်ယောက် ဖြစ်နေသလို ငယ်ငယ်လေးကတည်းက ဆရာဝန်လုပ်တမ်း ကစားတယ်၊ ဆရာဝန်လုပ်တမ်း ကစားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကျွန်တော့်ရဲ့ လူတကာ မထိအပ်တဲ့ နေရာတွေကို ပယ်ပယ်နယ်နယ် ကိုင်တွယ် ဆော့ကစားခဲ့ဖူးပါတယ်။ အဲတုန်းကတော့ ကလေးမို့လို့ ဒါဟာ မိန်းမလျာတွေရဲ့ အမူအကျင့်မှန်း ဘယ်သိခဲ့ပါ့မလဲဗျာ။
အဲဒါမျိုးကို နဖူးတွေ့ ဒူးတွေ့ သိခွင့်ရတာက စောစောက ပြောတဲ့အတိုင်း အသက် ၁၁ နှစ်မပြည့်တပြည့် ငါးတန်းကျောင်းသား အရွယ်မှာဖြစ်ပါတယ်။
ဖြစ်ပုံက သည်လိုပါ။ ကျွန်တော်က လေးတန်းတစ်နှစ်လုံး ကျောင်းအိပ်ကျောင်းစား နေခဲ့ရသလို ငါးတန်းကျတော့ လည်း မန်းရွှေမြို့တော်ကြီးမှာ ကျောင်းအိပ် ကျောင်းစား ထပ်နေရပြန်ပါတယ်။ နေရတဲ့ ကျောင်းက ယောက်ျားလေးတွေချည်း ထားတဲ့ အထက်တန်းကျောင်းပါ။ အဲတော့ ဘော်ဒါမှာက ကျောင်းသားကြီးတွေ ရှိပါတယ်။ ယောက်ျားလေး တွေချည်းလည်း စုနေတဲ့ နေရာ၊ အဆောင်လည်း အဆောင်ဖြစ်တာမို့ ကျွန်တော်တို့လို ကလေးတွေကို ကျောင်းသားကြီးတွေက အတတ်စုံတွေ သင်ပေးကြပါတယ်။ ကျောင်းသားကြီးတွေလို့သာ ပြောရတာ၊ သူတို့တွေ ကိုယ်တိုင်ကလည်း အထက်တန်းကို မလွန်မြောက်ကြသေးတော့ ဆယ်ကျော်သက် အရွယ်ကို မလွန်မြောက်ကြ သေးပါဘူး။ သည်တော့ကာ သူတို့ကိုယ်တိုင်ကလည်း လက်တည့်စမ်းချင်တဲ့ စိတ်ကလေးတွေနဲ့ ကျွန်တော်တို့ ကလေးတွေကို မဟုတ်တာတွေ အကုန်သင်ပါတယ်။ အဲဒီ့အကျိုးကျေးဇူးကြောင့် ကျွန်တော်ဟာ ဖိုမရေးရာတွေကို အရွယ်မတိုင်ခင်ကတည်းက စတင် ကြားဖူးလာရပါတော့တယ်။
တစ်ဖက်ကလည်း သူတို့တွေက လိင်ဆက်ဆံမှု မပါဝင်ဘဲ ယောက်ျားချင်း အာသာဖြေပေးတဲ့ အလုပ်ကို ကျွန်တော်တို့ ကျောင်းသားငယ်လေးတွေကို လုပ်ခိုင်းတတ်ပါတယ်။ သည်အတွက်ကြောင့် ကျွန်တော် ပြောလိုက်ရတာပါ။
ဇာတ်သွင်းလို့ တကယ်ရပြီး လိင်တူချင်းသာ တပ်မက်ကြရစတမ်းဆိုရင် အဲဒီ့အရွယ်ကတည်းက ကျွန်တော့်မှာ လိင်တူချင်း စွဲလန်းသွားစရာ အခွင့်အလမ်းက မတန်တဆကို များလွန်းလှပါတယ်။ ဒါပေမယ့် သူတို့တွေ ကျေးဇူးကြောင့် အရွယ်မတိုင်ခင် အတတ်ကောင်းတွေ တတ်လာရတဲ့ ကျွန်တော့်မှာ အဲဒီ့အရွယ်ကတည်းက လိင်မတူလေတဲ့ မိန်းမသားများအပေါ်မှာ မဖွယ်ရာတဲ့ စိတ်နဲ့သာ ပြင်းပြင်းပြပြ စွဲလန်းတတ်လာခဲ့တော့တာ ဘဝတစ်လျှောက်လုံးပါ။
ဒါနဲ့ ပြီးရောလားဆိုတော့ မပြီးသေးပါဘူး။ နောက်တစ်နှစ်မှာ ကျွန်တော် ရန်ကုန် ရောက်လာပါတယ်။ အဲဒီ့ရဲ့ နောက်တစ်နှစ် ကျွန်တော် ခုနစ်တန်းနှစ် အသက် ၁၃ နှစ်မပြည့်ခင်မှာ တကယ် လိင်တူချင်းတပ်မက်သူ အရွယ်ကောင်း အမျိုးသားတစ်ဦးကို ဘဝရဲ့ ပထမဆုံးအကြိမ်အဖြစ် စတင် ရင်ဆိုင်လိုက်ရပြန်ပါတယ်။ အဲဒီ့အချိန်မှာ သူနဲ့ ရင်ဆိုင်ရတာ ကျွန်တော်တစ်ယောက်တည်း မဟုတ်ဘဲ ရွယ်တူ သူငယ်ချင်း ၆ ယောက်လောက်လည်း ပါပါတယ်။
ကျွန်တော်တို့ စတင် ရင်ဆိုင်လိုက်ရတဲ့ အရွယ်ကို သတိထားတော်မူကြစေလိုပါတယ်။ တကယ့်ကို ဆယ်ကျော်သက်ထဲ ချင်းနင်းဝင်ရောက်စ၊ ကြီးကောင်ဝင်စ ၁၃ နှစ်ဆိုတဲ့ အရွယ်ပါခင်ဗျား။
အဲတုန်းက ကျွန်တော်တို့ အားလုံး မကြုံဖူးလို့ မျက်လုံးပြူး မျက်ဆန်ပြူး ဖြစ်သွားခဲ့ကြတာက လွဲရင် ရယ်စရာတစ်ခု အဖြစ်သာ သဘောထားခဲ့ကြပါတယ်။ အဲဒါကို ကြုံခဲ့ရတဲ့ ကျွန်တ်ာအပါအဝင် ခုနစ်ယောက်စလုံးလည်း ယနေ့အခါမှာ အသက် ၅၀ ကျော်တန်းကို ရောက်လာခဲ့ကြတယ်၊ အားလုံး သားနဲ့ မယားနဲ့၊ ဘယ်ကောင်မှလည်း မိန်းမလျာ ဖြစ်သွားတယ်၊ ဒါမှမဟုတ်လည်း မိန်းမလျာရဲ့ အဖော်အဖြစ် နေသွားတယ်လို့ မကြားရပါဘူး။
ဆက်ပြောပါရစေဦး။ ကျွန်တော့် အသက် ၁၉၊ ၂၀ ဆယ်တန်းအောင်ပြီးချိန်မှာတော့ ကျွန်တော်ဟာ ရန်ကုန်မြို့ရဲ့ အဲဒီ့အချိန်က လိင်တူချင်း တပ်မက်သူ ပဂေးကြီးများနဲ့ လုံးလား ထွေးလားနေခဲ့ပါတယ်။ သူတို့စကားနဲ့ ပြောရင် သူတို့ရဲ့ သူငယ်လေးအဖြစ် သူတို့ ဆွဲစားတာကို ကျွန်တော် လိုလိုချင်ချင် ခံခဲ့ပါတယ်။ ဘာရယ် မဟုတ်ပါဘူး၊ အဲဒီ့အရွယ်ကတည်းက ကိုယ့်ကိုယ် ကိုယ် စာရေးဆရာအမှတ်နဲ့ ဘဝင်မြင့်နေတဲ့ ကျွန်တော်ဟာ သူတို့တွေရဲ့ အခြေအနေကို စူးစမ်းကြည့်ချင်တဲ့ စိတ်နဲ့ပါ။ ခက်တာက သူတို့တွေကလည်း တစ်ယောက်ဆို တစ်ယောက် စွဲစွဲမြဲမြဲသာ ရှိစေချင်တတ်ပါတယ်။ စူးစမ်းချင်တဲ့ ကျွန်တော်ကလည်း လူတကာနဲ့ ရောရောနှောနှော နေပါတယ်။ အားလုံးကို လိုက်လိုက်လျောလျောနေပါတယ်။ အဲဒါကို သူတို့ မကြိုက်ကြပါဘူး။ သည်မှာတင် ကျွန်တော့်ကို သူတို့က သိပ်အရောတဝင် မလုပ်ကြတော့ပါဘူး။
ပြောချင်တာက အဲဒီ့အရွယ်မှာကျတော့ ကျွန်တော်ဟာ လိင်တူချင်းတပ်မက်သူများနဲ့ အတွင်းကျကျ ထဲထဲဝင်ဝင်နေခဲ့ဖူးတယ် ဆိုတဲ့အချက်ပါ။ အဲဒီ့မှာကျတော့ သူတို့က ကျွန်တော့်ကို ဇာတ်မသွင်းကြတာကို အထင်အရှားတွေ့ရပါတယ်။ ကျွန်တော့်ကို ယောက်ျားတစ်ယောက်လိုသာ ဆက်ဆံခဲ့ပါတယ်။ သူတို့နဲ့ ထဲထဲဝင်ဝင် ရင်းရင်းနှီးနှီး ပတ်သက်ခဲ့တဲ့ ကာလဟာ စုစုပေါင်း ၃-၄ နှစ်မက ကြာခဲ့ပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်ဟာ သူတို့ကို စာနာမိတာက လွဲလို့ စွဲလန်းစိတ်လည်း မဖြစ်ပေါ်၊ တပ်မက်ဖို့ဆိုတာ ဝေလာဝေးပါ။ ခေတ်စကားနဲ့ ပြောရရင် လိင်တူချင်းတပ်မက်သူတွေကို ကျွန်တော် ဘယ်လိုမှ ဖီလင် မလာပါဘူး။ ကျွန်တော် တကယ်ဖီလင်လာတာက ဆန့်ကျင်ဘက်လိင် မိန်းမသားတွေသာ ဖြစ်ပါတယ်။ သူတို့နဲ့ ၃-၄ နှစ်မက အရောတဝင် နေခဲ့ဖူးပါလျက်ကနဲ့ တစ်စက်မှ သူတို့အပေါ် ဖီလင်မလာဘူး ဆိုကတည်းက ဇာတ်သွင်းဖို့ နေနေသာသာ သူတို့ကို စိတ်လာအောင်တောင် ဇွတ်လုပ်ယူလို့ ရတယ်ဆိုတဲ့အချက်ကို ကျွန်တော် ဘယ်လိုမှ လက်ခံပေးလို့ မရတာကို နားဆင်နေသူ ချစ်မိတ်ဆွေများ နားလည်နိုင်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။
ဒါဖြင့် သည်စကား ဘယ်လိုဖြစ်လာတာတုံးလို့ ဆန်းစစ်ဖို့ လိုလာပါတယ်။ အမှန်ကတော့ လူတင်ပါလို့ နွားကျားကိုက် တာပါ။ မူလကတည်းက အဲဒီ့ကာယကံရှင်မှာ လိင်တူချင်း တပ်မက်တဲ့ စိတ်အခံလေးက တစ်ထောင့်တစ်နေရာမှာ ရှိနှင့်ပြီးသားဖြစ်နေပါလိမ့်မယ်။ သို့သော်လည်း ဒါမျိုးကို လူ့ဘောင်က ဝိုင်းကြဉ်ထားလေတော့ကာ သည်စိတ်ရှိတယ်လို့ ဝန်ခံဖို့ သိပ်ခက်နေတယ်။ သူ့ကိုယ်သူလည်း အားတင်းပြီး သည်စိတ်ကို ဖျောက်ကြည့်နေတယ်။ ခက်တာက ကျွန်တော် ပြောနေကျအတိုင်း သည်စိတ်မျိုးက ဘယ်သန်တဲ့သူက ဘယ်သန်သလို၊ ညာသန်တဲ့သူက ညာသန်သလို သူ့ဟာသူ အလိုလိုဖြစ်နေတဲ့ သဘာဝ။ ညာဘက်ကို မနည်းလေ့ကျင့်ထားလို့သာ စာရေးတဲ့အခါ ညာဘက်နဲ့ ရေးပေမယ့် တကယ့်အရေးကျတော့ ဘယ်လက်က အရင် လှုပ်ရှားမိတတ်တာမျိုးကလား။
သည်စိတ်ကလည်း အလားတူပါပဲ။ ပတ်ဝန်းကျင် လူ့ဘောင်က လက်မခံဘူးလို့ နားလည်ထားလို့သာ မနည်း ကျိတ်မှိတ် မျိုသိပ်၊ သိုဝှက် ဖုံးကွယ်ထားရတယ်၊ စိတ်ထဲမှာ ရှိနေတာကတော့ ရှိနေတာပါပဲ။ ဒါကို တစ်ယောက်ယောက် က ရိပ်စားမိပြီး၊ ကျွန်တော့်ဆီ ရောက် လာတဲ့စာထဲက ဆိုရင် အိမ်ကို ဝင်ထွက်နေတဲ့ ဦးလေးလို လူက ရိပ်စားမိပြီး သူ့ဇာတိရုပ်ကို ဖော်ထုတ်လိုက်တာ ဖြစ်ပါလိမ့်မယ်။ အဲဒီ့လို ဟိုလူက ဇွတ်လုပ်တယ်ဆိုရင်တောင်မှ ငြင်းဆန်ပိုင်ခွင့်က သူ့မှာ ရှိပါတယ်။ အားချင်း မယှဉ်သာလို့ ခံလိုက်ရတယ်ဆိုဦးတောင် တစ်ကြိမ်တစ်ခါသာ ခံရမှာပါ။ သူတကယ် လက်မခံရလေအောင် တစ်နည်းနည်းနဲ့ ရှောင်ရှားနိုင်သလို လူကြီးသူမတွေကို ပြောပြ တိုင်တန်းလို့ ရနိုင်နေပါပြီ။ ဆယ်တန်းတောင် အောင်ပြီးသားလို့ ဆိုထားတော့ အသက်အရွယ်နဲ့ အသိဉာဏ်က သိပ်တော့ နိမ့်မှာ မဟုတ်တာ သေချာပါတယ်။
အဲ… သူကိုယ်တိုင်ကလည်း မစွမ်းရင်းက ရှိနေလို့သာ ကန်စွန်းခင်းတွေ ဆက်ငြိနေတာ ဖြစ်နေမှာ အင်မတန် သေချာပါတယ်။ သို့သော် လူမိသွားတဲ့အခါကျတော့ သူ့အပြုအမူ သူရှက်တယ်။ သူ့အဖြစ်သူ လက်မခံချင်ဘူး။ သည်အခါမှာ သူ့စိတ်ကြောင့် ဖြစ်ရတာ၊ သူ့ကြောင့်ဖြစ်ရတာ မဟုတ်ဘူး၊ တစ်ဖက်သားက ဇွတ်လုပ်လို့သာ ဖြစ်ရတာပါဆိုပြီး တစ်ဖက်သားအပေါ်မှာသာ အပြစ်တွေ ပုံချပါတော့တယ်။ အဲဒီ့မှာ ဇာတ်သွင်းခံရတယ်ဆိုတဲ့ စကားက ထွက်လာရတော့တာပါပဲ။
ကြားရတဲ့သူတွေကလည်း လိင်တူချင်း တပ်မက်တယ်ဆိုတာ ဘာ့ကြောင့်ဖြစ်ရမှန်း ကောင်းကောင်းကန်းကန်း နားမလည်ကြတော့ သူ့စကားကိုပဲ အဟုတ်မှတ်ပြီး စုပ်တသတ်သတ်နဲ့ သည်ဇာတ်လမ်းကို ဇာချဲ့၊ စာဖွဲ့တဲ့သူက အပီအပြင်ကြီး ဖွဲ့ထည့်လိုက်တဲ့အခါ ယုံတဲ့သူတွေကလည်း စွတ်ယုံ၊ အဲသလို ယုံတဲ့သူတွေထဲမှာ ကျွန်တော့်စာတွေ ဖတ်ထားတဲ့သူ တစ်ယောက်ကလည်း ကျွန်တော်ကပါ အဲဒီ့ ဇာတ်သွင်းတယ်ဆိုတဲ့ ကိုယ့်ကိုယ်ကိုယ်တော့ ကိုယ်လွတ် ရုန်းပြီး သူတစ်ပါးအပေါ်ကိုသာ အပြစ် ပုံချတတ်တဲ့ မဟာအမှုကို အားပေး အားမြှောက် ပြုနေဘိသကဲ့သို့ ထင်မြင်လာကာ သည်စာကို ရေးလိုက်တာပါ။
အမှန်တော့ ရှင်တော်မြတ်ဘုရား မိန့်ကြားတော်မူခဲ့တဲ့အတိုင်းပဲ သတ္တဝါမှန်သမျှဟာ မိမိတို့ရဲ့ မနောကံ၊ ကာယကံ၊ ဝစီကံဆိုတဲ့ ကံသုံးပါးနဲ့ ပြုသမျှ အားလုံးရဲ့ အကျိုးဆက်ကို မပျက်မကွက်ခံစားကြရတာပါ။
အပေါင်းအသင်းမကောင်းလို့ ဆေးလိပ်စွဲတယ်၊ အရက်စွဲတယ်၊ မူးယစ်ဆေးစွဲတယ်ဆိုတာမျိုးတွေလည်း အခု ကလေးမလေး ရေးလာသလို လိင်တူချင်း တပ်မက်သူ ဘဝ မရောက်ရောက်အောင် ဇာတ်သွင်းခံရတယ်ဆိုတာမျိုး နည်းတူ လူအများကြားမှာ အလွယ်တကူ နားယောင်လွယ်ကာ အဟုတ်မှတ်တတ်ကြပါတယ်။ အဲဒီ့အထဲမှာ မိဘတွေတောင် ပါပါသေးတယ်။
ကျွန်တော့်ငယ်သူငယ်ချင်းတွေထဲမှာ ကျွန်တော်တို့ အရက်သောက်တဲ့အခါတိုင်း အမြဲတမ်းအဖော်လုပ်ပေးခဲ့တဲ့အပြင် ကျွန်တော်တို့ မူးပြီး ရမ်းလေသမျှ အနွံအတာ မျိုးစုံ ခံခဲ့တဲ့အပြင် အန်ဖတ်ပါ ကျုံးပေးခဲ့တဲ့အထိ သည်းခံခဲ့ပေမယ့် သူတို့ကိုယ်တိုင်ကဖြင့် ယနေ့ အသက် ငါးဆယ်ကျော်တဲ့တိုင် အရက်တစ်စက်ကိုသော်မှ ပါးစပ်ထဲ မထည့်ခဲ့ဖူးသူတွေ ရှိပါတယ်။ အဲဒီ့ကောင်တွေကို ကျွန်တော်တို့က ဘယ်လောက် တိုက်တိုက် မသောက်ပါဘူး။ အဲဒါ ၁၈-၁၉ အရွယ်မှာ ဖြစ်ပါတယ်။ အလားတူပဲ၊ ကျွန်တော် ၁၈-၁၉ အရွယ်မှာ ကျွန်တော်နဲ့ ဟိုးငယ်ငယ်လေးကတည်းက တတွဲတွဲနေတဲ့ ကိုယ်ရင့်တတူ သူငယ်ချင်းတွေထဲမှာ မူးယစ်ဆေးစွဲကုန်ကြသူတွေ ရှိပါတယ်။ သည်ကောင်တွေကလည်း ကျွန်တော့်ကို စမ်းကြည့်ပါလားလို့ မြှူဆွယ်ဖူးသူက ခပ်နည်းနည်းပါ။ သည်ကြားထဲမှာပဲ ဆွယ်ဖူးသူတွေ ရှိသော်လည်း ကျွန်တော်ကိုယ်တိုင်က ယတိပြတ် ငြင်းပယ်ခဲ့တဲ့အတွက် ကျွန်တော်လည်း မူးယစ်ဆေးနဲ့ ဝေးဝေးကြီး နေခဲ့တာ ဘဝ တစ်လျှောက်လုံးပါပဲ။
အဲတော့ တချို့က စောဒက တက်လိမ့်မယ်။ ခင်ဗျားတို့က စိတ်ခိုင်တာကိုးဗျ၊ စိတ်မခိုင်တဲ့သူတွေကျတော့ အလွယ်တကူ ပါချင်ပါသွားမှာပေါ့လို့ ပြောပါလိမ့်မယ်။ အဲလိုဆိုရင်တော့ ကျွန်တော်ကလည်း ပြန်ပြောချင်ပါတယ်။ စိတ် ခိုင်တာ မခိုင်တာထက် တညင်းသီး၊ ဒူးရင်းသီး ငါးပိရည်စတဲ့ လူတိုင်း မစားနိုင်တဲ့ အစား အသောက်တစ်ခုခုရဲ့ အနံ့ကိုတောင် မခံနိုင်သူဟာ ဘယ်လောက်ပဲ ဆွယ်ဆွယ် သူ မစားချင်ရင် စားကို မစားပါဘူး။ အဲဒါဟာ စိတ်ခိုင်ခြင်း မခိုင်ခြင်းနဲ့ မသက်ဆိုင်ဘဲ တစ်ဦးချင်းစီရဲ့ အစားစုံ စားလိုမှု၊ မစားလိုမှုနဲ့ ဆိုင်ပါတယ်။ မစားလိုသူကို ဘယ်လောက် ဆွယ်ဆွယ်၊ ဓားမိုးပြီးပဲ ကျွေးကျွေး စားကို စားမှာ မဟုတ်တာကို လက်ခံနိုင်မယ်ဆိုရင် တစ်ခုခုဖြစ်လာတဲ့အခါတိုင်း ဟိုလူ့ပုံချ၊ သည်လူ့လွှဲချကာ ကိုယ်လွတ်ရုန်း ဆင်ခြေပေးကာ သူတို့ကိုယ်သူတို့ကျ သနားစရာ သတ္တဝါလေးများ သဖွယ် အပြောလွယ်ကြသူ ထိုလူတစ်တန်းတစ်စားရဲ့စကားကို မိမိတို့ကိုယ်ပိုင်ဉာဏ်များနဲ့ ချင့်တွက်ပြီး ယုံထိုက်မှ ယုံသင့်ကြောင်း တင်ပြဆွေးနွေးလိုက်ချင်ပါတယ်။
ဆယ်ကျော်သက် အရွယ်မှာ ရွယ်တူတွေရဲ့ဖိအားပေးမှုဒဏ်ကို ခံရမှာတော့ သေချာပါတယ်။ သည်အခါမှာ အရက်၊ ဆေးလိပ်၊ မူးယစ်ဆေးလိုဟာမျိုးက တော်တော် စိတ်နုသူ၊ စာဖတ် မနာလို့ အသိအမြင် နည်းသူလေးတွေအတွက် အလွယ်တကူ ပါချင် ပါသွားနိုင်သည့်တိုင် မိမိရဲ့လိင်စိတ်လို မွေးရာပါ သန်ရာ တစ်ခုခုကိုကျတော့ ဘယ်ဖိအားနဲ့မှ မရနိုင်တဲ့အကြောင်း ကျွန်တော်ကိုယ်တိုင် ကြုံခဲ့ဖူးတဲ့ ဖြစ်ရပ်အမျိုးမျိုးနဲ့ ချိန်ထိုးပြီး တင်ပြလိုက်ရပါတယ်။
သည်အကြောင်းကို တင်ဆက်ရာမှာ အဓိက ပြောလိုတာ တစ်ခုတည်းရှိပါတယ်။ ကိုယ်ကြားရသမျှ၊ ကိုယ်မြင်ရသမျှ၊ ကိုယ် ဖတ်လိုက်ရသမျှကို သည်အတိုင်း အလွယ်တကူ လက်မခံကြဘဲ မိမိတို့ ကိုယ်ပိုင်ဆင်ခြင်ဉာဏ်များနဲ့ ယုတ္တိတန်၏ မတန်၏ လေးလေးနက်နက် စဉ်းစားချိန်ထိုးတတ်တဲ့အလေ့အထလေးများ ပွားများရင့်သန်လာအောင် ပျိုးထောင်သင့်ကြောင်းပါပဲခင်ဗျား။
မင်္ဂလာအပေါင်းနဲ့ ခညောင်းပြည့်စုံကြတဲ့အပြင် အားလုံး တွေးဆင်ခြင်ကြည့်နိုင်ကြပါစေလို့ စာရေးတဲ့ ကျွန်တော် အတ္တကျော်က ဂါရဝနဲ့ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ် ခင်ဗျား။
၂၀၁၀ ပြည့်နှစ် စက်တင်ဘာလ ၅ ရက် (တနင်္ဂနွေနေ့) ညနေ ၆း၄၅ Mandalay FM ရေဒီယို အစီအစဉ်က ထုတ်လွှင့်သွားတဲ့ အတ္တကျော်ရဲ့ “ဘ၀အမောပြေဖို့ အဖြေရှာစို့” အစီအစဉ် အသံလွှင့်ချက် ဖြစ်ပါတယ်။ 
from,...ဆ၇ာအတ္တကျော်(ATK) 
Posted by ဆူးအေမီ on 6:21 AM in | No comments



တစ်နေ့တုန်းက ဒေါက်တာ (…) ရဲ့စာအုပ်ကို ဖတ်မိတော့ သူ့ဆောင်းပါးထဲမှာ အပျိုဆိုတဲ့ ကောင်မလေးတစ်ယောက်က ဆေးခန်းလာပြတာ ကလေးပျက်ကျမှု ဖြစ်နေတယ်တဲ့။ အဲဒါနဲ့ သူလည်း ရင်သားတွေကို လှန်ကြည့်တော့မှ အပျို မဟုတ်ဘူးဆိုတာ သိသွားတယ်တဲ့။ အပျိုရဲ့ ရင်သား၊ အိမ်ထောင်သည် ရင်သားနဲ့ ကလေးအမေ ရင်သားတွေက ဘယ်လောက်တောင် ကွာခြားမှုရှိလို့လဲ။ အဲဒါလေးသိချင်ပါတယ်ဆရာ။
ကျွန်တော့်ဆီ ရောက်လာတဲ့ မေး(လ်)လေးတစ်စောင်ပါ။ တော်တော်တော့ ဟုတ်နေပြီဗျ။ ကလေးပျက်ကျမှု ဖြစ်နေတယ်၊ ဒါနဲ့ သူလည်း ရင်သားကို လှန်ကြည့်တယ်ဆိုတော့ တော်တော် လန့်သွားတယ်။ အပျိုလို့ ပြောရင် ရင်သား လှန်ကြည့်ရမှန်း ကျွန်တော်တော့ အခုမှ သိရပါတယ်။ အံ့ဘွယ်သုတပါပဲ။ (ကလေး ပျက်ကျတာ သိနေပြီးမှတော့ ဘာပြုလို့ ရင်သားကို လှန်ကြည့်တာလဲ မသိဘူးနော်။ ကလေးပျက်ပါတယ်ဆိုမှ အပျိုမဟုတ်တော့တာ သေချာနေပြီပဲဟာ…)
ထားပါတော့လေ… မေးခွန်းကို ဖြေရရင်တော့ ကလေးပျက်ကျတာလို့ ဆိုထားတဲ့အတွက် ကိုယ်ဝန်ဆောင် မိန်းကလေးဖြစ်ပါလိမ့်မယ်။ ကိုယ်ဝန်ဆောင်ပြီဆိုတာနဲ့ သဘာဝတရားက ကိုယ်ဝန်ဆောင်မိခင်ရဲ့ ရင်သားကို ပြုပြင်ပါတော့တယ်။  သည်အခါမှာ ရင်သားဟာ မူလကထက်လည်း ကြီးထွားလာပါတယ်။ အလေးချိန်အားဖြင့် တစ်ဖက်ကို တစ်ပေါင် နှုန်းလောက်အထိတောင် ကြီးထွားလာနိုင်တယ်လို့ အဆိုရှိတယ်။ တချို့အမျိုးသမီးတွေမှာ အဲသလို ရင်သား ကြီးထွားလာလို့ ရင်သားမှာ အကြောပြတ်သလို အရာမျိုးတွေ ရှိလာတတ်တယ်။ (အပျိုပေမယ့် ၀လွန်း၊ ရင်သား ထွားလွန်းရင်လည်း အလားတူပဲ အကြောပြတ်တတ်တာကို သတိချပ်ကြစေလိုပါတယ်။)

ဒါ့အပြင် ရင်သားများဆီကို သွေးပို့လွှတ်မှုကလည်း တိုးပွားလာတဲ့အတွက် ရင်သားပေါ်က သွေးကြောတွေရဲ့ အရောင် ပိုရင့်လာသလို မြင်လည်း ပိုမြင်သာလာပါတယ်။ ဒါ့အပြင် နို့သီးခေါင်း အောက်ခြေက အမည်းဝိုင်းကလည်း အရောင် ပိုရင့်ပြီး နက်မှောင်လာပါတယ်။ ကလေးအနေနဲ့ မအေ့နို့သီးခေါင်းကို အလွယ်တကူ တွေ့နိုင်အောင် သဘာဝတရားက ဖန်တီးလိုက်တာပါ။
ကိုယ်ဝန် သုံးလကနေ ခြောက်လအတွင်းမှာတော့ ခပ်ပျစ်ပျစ်နဲ့ အ၀ါရောင်သမ်းတဲ့ နို့ဦးရည် စထွက်လာတတ်ပါတယ်။ အများကြီး မဟုတ်တဲ့အတွက် တချို့ဆို သတိတောင် မထားမိဘူး။ တချို့ကျတော့လည်း အရည်အနေနဲ့ သတိထားမိတာ ရှိသလို တချို့ကျတော့လည်း နို့သီးခေါင်းမှာ ခြောက်နေတဲ့ အဖတ် အဖတ်လေးတွေ အဖြစ် တွေ့ရတတ်တယ်။
အဲဒါတွေဟာ ကိုယ်ဝန်ဆောင်ရဲ့ ရင်သားမှန်း သိသာစေတဲ့ အပြောင်းအလဲပါပဲ။ အဲတော့ အပျို့ရင်သားနဲ့ ကိုယ်ဝန်ဆောင့်ရင်သား ကွဲပြားမှုမှာ ကိုယ်ဝန်ဆောင်ရဲ့ ရင်သားက တအား တင်းနေမယ်၊ ထွားနေမယ်၊ အကြောတွေကို သိသိသာသာ ထင်းထင်းကြီး မြင်နေရမယ်၊ နို့သီးခေါင်းနဲ့ အောက်ခြေအမဲဝိုင်းတို့လည်း တအား နက်မှောင်နေမယ်ဆိုတာလောက်ပဲ မျက်စိနဲ့ ကြည့်ပြီး ပြောနိုင်ပါတယ်။
အိမ်ထောင်သည့်ရင်သားကတော့ တကယ်လို့သာ ကလေး မမွေးဖူးသူ၊ ကိုယ့်ကိုယ်ကိုယ်လည်း ဂရုစိုက် မွမ်းမံ ထိန်းသိမ်းတတ်သူမျိုးဆိုရင် အပျို့ရင်သားနဲ့ ဘာမှ သိသိသာသာ မကွဲပြားပါဘူး။ ကလေးအမေ ရင်သားဖြစ်ဦးတောင်မှ ကလေးကို နို့ခွဲပြီးချိန်ကစပြီး သူ့ရင်သား အလှအပကို မွမ်းမံ ထိန်းသိမ်းသွားမယ်ဆိုရင်လည်း အပျိုနဲ့ မခြားနိုင်တဲ့ ရင်သားမျိုးကို ပြန်ရနိုင်ပါတယ်။ (အခုခေတ်မှာ အဲသလို ရင်သားကို ပြုပြင်နိုင်တဲ့ အလှကုန်ပေါင်းစုံ ပေါ်ထွန်းလို့ နေပါပြီ။ ခွဲစိတ် ကုသနည်းနဲ့ ရင်သားအလှကို ထိန်းသိမ်းကြတာမျိုးလည်း ရှိနေပါတယ်။ ဘာအလှကုန်တွေလဲ၊ ဘယ်မှာ သွားခွဲရမှာလဲတွေတော့ ဆက်မမေးကြပါနဲ့တော့ဗျာ၊ ကိုယ့်ဘာသာ ကိုယ်သာ စုံစမ်းယူကြပါတော့။ မေးလည်း မဖြေဘူးလို့ အခုကတည်းက တစ်ခါတည်း ပြောထားလိုက်မယ်နော်…)

အသက်ကလေး ရလာရင်တော့ ရင်သားက ပျော့လာတယ်၊ အိတွဲလာပါတယ်။ သွေးဆုံးချိန်မှာတော့ ရင်သားက တဖြည်းဖြည်းနဲ့ ပြန်ကျုံ့သွားတတ်ပါတယ်။ ယောက်ျားရင်ဘတ်လို လုံးလုံးကြီး ပြားချပ်ချပ်တော့ ဖြစ်မသွားပေမယ့် ငယ်တုန်းကထက် အများကြီး ကျုံ့သွားတာတော့ အမှန်ပါပဲ။
သည်လောက်ဆိုရင် အပျို၊ အိမ်ထောင်သည်နဲ့ ကလေးအမေတို့ကြားက ရင်သားများ ခြားနားပုံကို သိချင်သူများ စိတ်အထာကျလောက်ပြီထင်ပါတယ်။


ဆ၇ာအတ္တကျော် 
http://nookycontent.wordpress.com/2010/09/03/170/

Monday, June 10, 2013

“လောကအလှ” အင်တာနက် မဂ္ဂဇင်း စာမျက်နှာက “လိင်တူချင်းတပ်မက်မှု”နဲ့ ပတ်သက်ပြီး ကျွန်တော့်ကို မေးမြန်းခဲ့ဖူးပါတယ်။ အဲဒါကို http://lawka-ahla.com/news.php?item.1167 မှာ ၂၀၁၁ ခုနှစ် သြဂုတ်လ ၁၃ ရက်နေ့က တင်ထားတာ တွေ့ရပါတယ်။ အဲဒါလေးကို သူ့စာမျက်နှာကပဲ ကူးယူပြီး ကျွန်တော့် ပရိသတ်အတွက် ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။

မေး
။   ။အမျိုးသားတစ်ဦးက သူ့ကိုယ်သူ လိင်တူချင်းကို နှစ်သက်တဲ့သူဆိုတာကို အသက်ငယ်စဉ်မှာ တင်သိနိုင်သလား ဆရာ။  အသက်ငယ်စဉ်မှာကတည်းက ကိုယ့်ကိုယ်ကို သိနိုင်တာပဲ။ သက်လတ်ပိုင်းအရွယ်ကျမှ လိုင်းပြောင်းသွားတာမျိုးဆိုတာ ဖြစ်နိုင်ပါသလား။

အတ္တကျော်
 ။   ။ ကျွန်တော့်ဆီမှာ ကလေးရပြီး၊ ကလေးတော်တော် အရွယ်ရောက်ပြီးမှ အဲဒီ့လိုင်းကို အပြီး ပြောင်းသွားပြီး သူ့ကိုယ်သူ စက်ဆုပ်နေသူရဲ့ လက်ရေးနဲ့ ရေးထားတဲ့ စာရှိပါတယ်။ အလားတူ စာတွေလည်း ရှိနေတဲ့အပြင် တစ်နေ့က Burnet Institute မှာ Sexuality အကြောင်း ဟောပြောတော့  တက်လာတဲ့ မေးခွန်းတွေထဲမှာ အိမ်ထောင်သည် ဖြစ်ပြီးမှ သည်လိုတွေ လိုင်းပြောင်းကုန်ကြတာ ဘာ့ကြောင့်လဲ ဆိုတဲ့ မေးခွန်းက ငေါငေါကြီး တက်လာပါတယ်။ လိုင်းပြောင်းတာ မဟုတ်ဘူး၊ အပုန်းတွေ ပွင့်လာတာလို့သာ ကျွန်တော် ဖြေခဲ့ပါတယ်။ (အဆိုပါ ဟောပြောချက်ကို Talking about sexualityတွင် နားဆင်နိုင်ပါသည်။) လောကကြီးဟာ တချို့တွေ တွေးသလောက် မဖြောင့်ပါဘူး။ အတွင်းစိတ်ထဲမှာ ငုပ်နေတဲ့ ခုခံမှု ယန္တယားရဲ့ အလုပ်လုပ်ပုံကလည်း အလွန် ပွေလီလှပါတယ်။ မေး။   ။ အိမ်ထောင်ပြုပြီးမှ လိုင်းပြောင်းသွားတတ်သူတွေ ရှိတယ်ဆိုရင် အိမ်ထောင်မပြုခင်က သူတို့ကိုယ် သူတို့ မသိနိုင်ဘူးလား ဆရာ။
အတ္တကျော် ။ လိင်တူချင်း တပ်မက်သူက စုစုပေါင်း ၆ မျိုး ရှိပါတယ်။ (၁) အပွင့် (receiver)၊ (၂) အပုန်း (receiver)၊ (၃) ဂလန် (၀ါ) နှစ်ဖက်ချွန် (၀ါ) Bi (both receiver and provider and finds pleasure in both sexes) ၊ (၄) သ…ူငယ် (provider) (၅) Offer (provider) နဲ့ (၆) အခြောက်တို့ ဖြစ်ပါတယ်။ တချို့ ပြောတဲ့ လိုင်းပေါင်းစုံ “မထသ”က အမှတ်စဉ် ၃ ဂလန်နဲ့ ၄၊ ၅ တို့သာဖြစ်ပါတယ်။ ၄ နဲ့ ၅ ကကျတော့ အပုန်းတွေ၊ အပွင့်တွေ၊ ဂလန်တွေဆီက ချူစားနေသူမို့ ပိုပြီး “မထသ”ဖြစ်ဖို့ များတယ်။ အမှတ်စဉ် ၆ က ရှုပ်ထွေးတယ်။ သူက လူက နွဲ့နေ၊ နုနေ၊ အလှကြိုက်နေ၊ သန့်နေတတ်ပေမယ့် လိင်ကိုင်းညွတ်မှု ရှိချင်မှလည်း ရှိမယ်၊ ရှိချင်လည်း ရှိမယ်။ အပုန်းတွေဟာ တစ်ခါတစ်ရံ သူတို့ရင်ထဲက ကိစ္စကို သူတို့ကိုယ်တိုင်တောင် မသိပါဘူး။ နာမည်နဲ့ မပြောကောင်းလို့သာပါ၊ မြန်မာပြည်မှာ အထင်ကရ တစ်ယောက် ရှိဖူးပါတယ်။ သူဟာ အသက် ၃၅ နှစ်လောက်အထိ မိန်းမပွေသူပါ။ သူ့ကိုယ်သူလည်း မသိပါဘူး။ ခုခံမှု ယန္တယားရဲ့ စေ့ဆော်မှုကြောင့် သူဟာ တကယ့် ကျားကျားလျားလျား ယောက်ျားတစ်ယောက်လိုပဲ နေနေခဲ့ပါတယ်။ ဒါပေမယ့် သည်သဘာဝကို နားလည်တဲ့ offer တစ်ယောက်နဲ့ ၃၅ ကျော်မှ တွေ့ပြီး သေသည်အထိ အဲဒီ့ဘ၀ကို ခံယူသွားပါတယ်။ သေခါနီးမှာ သူ့အကြောင်းနဲ့သူ မိန်းမ ယူပြသွားလိုက်ရသေးတယ်ဗျို့။ အဲဒါဟာ ခုခံမှု ယန္တယားရဲ့ ပွေလီပုံပါပဲ ခင်ဗျား။

Wednesday, May 1, 2013

From : .. လင်းမာန်အောင်




လူတစ်ဦး ကျန်းမာရေးကောင်းသူတစ် ယောက်ဖြစ်ရန်အတွက် အလွန်ပင်အရေးပါလှ သောအချက်မှာ ကောင်းမွန်စွာ လေ့ကျင့်ခန်းပြု လုပ်ခြင်းနှင့် နေ့စဉ်စားသောက်အစားအစာများ ပင်ဖြစ်သည်ဟု အများဆုံးသိကြသည်။ သို့ရာ တွင် အမှန်တကယ်ပင် အရွယ်ရောက် သူအိမ် ထောင်ရှင်များ၏ လိင်ဆက်ဆံခြင်းသည် ကျန်း မာရေးကောင်း လာခြင်းဖြင့် လူ့ဘဝအကျိုးကျေး ဇူးများကို ကောင်းစွာဖြစ်ပေါ်လာေ စနိုင်သည်။ လိင်ပညာပေးသုတေသီများက လိင်ဆက်ဆံ ခြင်းကြောင့် ကျန်းမာရေးကို တိုးတက်စေနိုင် ခြင်းနည်းကို အကြံပြုနေကြပေသည်။ ၄င်းတို့ ၏ အကြံပြုချက်များထဲမှ အောက်ပါ (၈) ချက် ကို သတိပြုရန်လိုအပ်ပေသည်။

Friday, April 12, 2013


အထူးသတိပြုရန်
သည်အပိုင်းမှာ ဖော်ပြထားတဲ့ ဆေးဝါးများကို မိမိသဘောနဲ့မိမိ သုံးစွဲတာမျိုးကို လုံးဝ မလုပ်စေချင်ပါဘူး။ ဘယ်ဆေးပဲဖြစ်ဖြစ် နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်/ကျန်းမာရေးဝန်ထမ်းများနဲ့ တိုင်ပင်ညှိနှိုင်းခြင်း မရှိဘဲ မိမိရဲ့ကိုယ်ခန္ဓာထဲကို အဝင် မခံသင့်ဘူးဆိုတာ အထူးပြောစရာမလိုတဲ့ အချက်ပါ။ သို့ပင်သို့ငြားလည်း ကျွန်တော်အပါအဝင် လူအများအပြားဟာ အားတိုးဆေး အထွေထွေမှသည် ခေါင်းကိုက်ပျောက်ဆေးအထိ ကိုယ့်သဘောနဲ့ ကိုယ်ဖြစ်စေ၊ ကိုယ့်ပတ်ဝန်းကျင်က ဆွေမျိုးမိတ်သင်္ဂဟ (လူပြိန်း)များရဲ့ထောက်ခံချက်အရဖြစ်စေ ခပ်တည်တည်နဲ့သောက်ဖြစ် သုံးဖြစ်နေတတ်ပါတယ်။ အဲဒီ့ ကနေအကျင့်ပါပြီး အခု တင်ပြရာမှာ ဖော်ပြထားတဲ့ ဆေးဝါးတွေကိုလည်း မိမိသဘောနဲ့ မိမိသောက်သုံးလို့ တစ်စုံတစ်ရာ လွဲချော်သွားခဲ့မယ်ဆိုရင် စာရေးသူ ကျွန်တော်က တာဝန်ယူပေးမှာ၊ တာဝန်ခံပေးမှာ မဟုတ်ပါကြောင်း အတိအလင်း မြွက်ဟကြေညာ အပ်ပါတယ်။
ဖော်ပြထားတဲ့ ကုသမှုများဟာ “အမေရိကန် ပြည်ထောင်စု ရောဂါဘယများ ထိန်းချုပ်ရေးနဲ့ ကာကွယ်ရေး ဗဟိုဌာနများ” ရဲ့ ၁၉၉၈ခုနှစ်က ထောက်ခံချက်များကို ယေဘုယျအားဖြင့် အခြေခံထားပါတယ်။
IMG_1766


ဆရာရေ… ကျွန်တော် သိချင်တာက လိင်အင်္ဂါမှာ ဂေါ်လီထည့်တာ အန္တရာယ်ရှိပါသလား… ခေါင်းစဉ်တစ်ခုအနေနဲ့ ရေးပေးလို့ ရမလားခင်ဗျား.. ကျွန်တော်တို့ လူငယ်တွေမှာ ခေတ်စားနေလို့ပါခင်ဗျာ…
သည်ကိစ္စက အခုမှ၊ မနေ့တစ်နေ့ကမှ ထပြီး ခေတ်စားလာတာ  မဟုတ်ပါဘူး။ လိင်ကိစ္စမှာ စတင်စိတ်ဝင်စားကြတဲ့အရွယ် လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော် ကျွန်တော်တို့ လူပျိုပေါက်ဘ၀ကတည်းက ဒါကို ကြားဖူးခဲ့ပါတယ်။ နေရတာကလည်း ယောက်ျားလေးတွေချည်း ထားတဲ့ ကျောင်းဆိုတော့ အဲသလို ကိစ္စအပါအ၀င် မဟုတ်တမ်းတရားတွေကိုပဲ ရမ်းသမ်း ပန်းသမ်း ပြောကြတဲ့စကားတွေ နားနဲ့ မဆံ့အောင် ကြားခဲ့ရဖူးပါတယ်။ သုတေသီတွေကတော့ ဒါဟာ ဒုတိယကမ္ဘာစစ်အပြီးမှ ပေါ်လာတာလို့ ယူဆကြတယ်။

ပထမဆုံးအချက်

ငယ်ပါမှာ ဂေါ်လီထည့်တယ်ဆိုကတည်းက ရည်ရွယ်ချက်က မကောင်းတော့ပါဘူး။ စိတ်ရင်း မကောင်းဘူးလို့ပဲ အရပ်စကားနဲ့ ပြောနိုင်ပါတယ်။
 

Thursday, April 11, 2013






ကနေဒါ သုသေသီမျာ၏ ကြံကြံဖန်ဖန် သုသေသန စုံစမ်းဖော်ချက်အရ အမျိုသားများရဲ့ လိင်အင်္ဂါ အရွယ်အစားက အမျိုးသမီးတွေရဲ့ စိတ်ဝင်စား အနည်းအများကို ဖြစ်စေတယ်လို့ ဆိုထားပါတယ်။

... ယောက်ျားလေးများရဲ့ လူမူ့ဆက်ဆံရေးတော်ခြင်း၊ ရုပ်ချောခြင်း နှင့် ပိုက်ဆံရှိခြင်းများကို နှစ်သက်ကြတယ်လို့ မိန်းကလေးများ ပြောလေ့ ရှိသော်ငြားလည်း အခြားတဖက်မှာ တကယ်အမှန်စင်စစ် ဖွင့်ဟချက်ကတော့ အရွယ်အစားကလည်း စကားပြောပါတယ်တဲ့။

၂၁ ရာစု ခတ်သစ် မိန်းကလေးများသည်လည်း ဘယ်လောက် ခတ်မှီနေ
ပါစေ ရှေးယခင်ခတ် ဂူတွင်းနေ မိန်းမများကဲ့သို့ အတွေးအခေါ်များ ရှိနေဆဲဖြစ်ကြောင်း သိရပါတယ်။

Search Our Site