Ads

ကြော်ငြာ

Sunday, June 30, 2013

Posted by ဆူးအေမီ on 10:29 PM in | No comments


မြန်မာနိုင်ငံမှဆေးပညာဘာသာရပ်တခုခုသို့မဟုတ် ဆရာဝန်ဘွဲ့ရရှိထား သူများအနေဖြင့်Griffith University ၏ Graduate Certificate in Health Services Management နှင့်Master of Health Services Management ကိုလေ့လာသင်ယူနိင်မည်ဖြစ်ကြောင်းနှင့်အဆိုပါဘာသာ ရပ်များ၏ ထူးခြားချက်အနေဖြင့်လက်တွေ့လုပ်ဆောင်ရသော စာသင်ကြားမူ့များနှင့်အလုပ်အကိုင်နေရာချထားမူ့ပါဝင်ကြောင်း ကျောင်းလျှောက်ထားခြင်းကို ၀န်ဆောင်မှု့ ပြေးမည့် CROWN Education မှတာဝန်ရှိသူတစ်ဦးမှပြောကြားသည်၊၊

အဆိုပါဘွဲ့ ကို Australian College of Health Service Management (ACHSM) အဖွဲ့ကြီး မှအသိ အမှတ်ပြု ထားပြီးကျောင်းပြီးပါ က ACHSM အဖွဲ့ဝင် အဖြစ် ပါဝင်ခွင့်ရရှိမည်ဖြစ်သည်။

ကျောင်းသားကျောင်းသူများအနေဖြင့်အပတ်စဉ် အလှည်ကျအဖြစ်တစ် ပတ်လေးရက်စာသင်ရမည်ဖြစ်ပြီး ကျန်အပတ်ကို လုပ်ဖော်ကိုင်ဖက် များ၊ ဆရာဆရာများ၊ ပရောဂျက်လုပ်ငန်း တာဝန်ရှိသူများနှင့် လက်တွေ့ လုပ်ဆောင်စီမံခန့်ခွဲရ မည်ဖြစ် သည်။ သင်ယူရမည့်မော်ဂျူးများ အနေဖြင့်Health Informatics ၊Health Systems ၊ Health Economics ၊ Health Finance and Project Management ၊ Leadership in Management for Health Services ၊ Strategic Decision Making in Health နှင့် Health Policy and Planning တို့ကိုသင်ယူနိုင်သည်။

ဘွဲ့ရများအနေဖြင့် သြစတြေးလျ သို့မဟုတ် နိုင်ငံတကာတွင် Health Project Manager များအဖြစ် လုပ်ကိုင်နိုင်ရန်အခွင့်အလမ်းများ ရရှိနိုင်မည်ဖြစ်ကြောင်းလည်းသိရသည်၊၊

“နိုင်ငံတကာ မှာ အရည်အသွေးပြည့်ဝပြီးအဆင့်မှီတဲ့ ကျန်းမာရေး စောင့်ရှောက်မူ့၊ ကျန်းမာရေးဝန်ဆောင်မူ့လုပ်ငန်း များဖွံဖြိုး တိုးတက် လာနေပါတယ်။ မြန်မာနိုင်ငံမှာလည်း တမျိုးသားလုံး ကျန်းမာဖို့ဆို ရင်ကောင်းမွန်တဲ့စီမံကိန်းတွေ၊ နောက်ပြီးအရည်အသွေးပြည့်ဝ တဲ့ ကျန်းမာ ရေးစီမံခန့်ခွဲသူများလိုအပ်လာပါတယ်။ ဒီဘာသာရပ်မှာဆိုရင် ကျန်းမာရေးစီမံကိန်း ကိုရေးဆွဲပြီး အကောင် အထည် ဖော်လုပ် ဆောင်ရမူ့၊ အဲဒီစီမံကိန်းထဲမှာ လုပ်သားစွမ်းအား၊ ဘတ်ဂျက်တွေ တွက်ချက် ခြင်း၊နိုင်ငံတကာ ပရောဂျက်တွေကို လက်တွေ့ ပူးပေါင်းလုပ်ဆောင်မူ့၊ ကျန်းမာရေးေ စာင့် ရှောက်မူ့နှင့် စီမံခန့်ခွဲမူ့ သင်ခန်း စာတွေ ပါဝင်လို့ အသိပညာအ တတ်ပညာများကို ရရှိမည်ဖြစ်ပါတယ်” ဟု CROWN Education မှဦးအောင်ကျော်ဆန်းမှပြောကြားသည်။

မြန်မာနိုင်ငံမှ MBBS လက်မှတ်ရကျောင်းသူကျောင်းသားများအနေဖြင့် သြစတြေလျနိုင်ငံတွင် ဆေးပညာနှင့် ဆက်စပ်သော ဘွဲ့ လွန်သင်တန်းများ အတွက် ၀င်ခွင့်ခက်ခဲ့လေ့ရှိပြီး ယခုပရိုရမ်သည် မြန်မာနိုင်ငံမှ ဆရာဝန်များအတွက် အသင့်တော်ဆုံးပရိုဂရမ် တစ်ခုဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်၊၊

Intake မှာ ဖေဖော်ဝါဂရီ နှင့်ဇူလိုင်လတို့ဖြစ်ပြီးGraduate Certificate ကို(၆) လနှင့် Master ပရိုဂရမ် ကိုတနှစ်ကြာသင်ယူနိုင်ပြီး ကျောင်း လခ Graduate Certificate အတွက် သြစတြေးလျဒေါ်လာ ၈၉၂ဝ နှင့် Master of Health Services Management အတွက် AUS $ 17840 ကုန်ကျ မည်ဖြစ်သည်။ မြန်မာနိုင်ငံမှ ဆေးပညာ ဘာသာရပ် တခုခု(သို့ဟုတ်)၊ ဆရာဝန်ဘွဲ့တခုခုရရှိထားပြီးအင်္ဂလိပ်စာ လိုအပ်ချက် IELTS 6.5 ရှိသူများ လျှောက်ထားနိုင်သည်။

ကျောင်းလျှောက်ထားရန်အသေးစိတ်သိရှိလိုသူများအနေဖြင့် CROWN Education၊ အမှတ်(၂၇၀) ၊ ပထမထပ်၊ အခန်း(1 B) ၊ မြေနီကုန်း၊ ပြည်လမ်း၊ ကောင်းမြတ်မွန်ဆေးခန်းအပေါ်ထပ်၊ ဖုန်း ၀၉-၇၃၂ ၇၂၃ ၇၇ ၊ ၀၉- ၅၀ ၈၅ ၁၈၅ သို့ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။
 
 
CROWN Education၊

0 comments:

Search Our Site