Ads

ကြော်ငြာ

Wednesday, June 26, 2013

Huawei Ascend W2

တရုတ်ကြီး Huawei ကတော့ Windows ဖုန်းတွေဘက် ခြေဆန့်လာပြန်ပါပြီ။ Huawei Ascend W2 ဆိုတဲ့ နာမည်နဲ့ Windows 8 OS သုံးပြီး ထွက်ရှိလာတာပါ။ 

လွန်ခဲ့တဲ့ လတွေကတော့ Huawei Ascend W1 ဆိုပြီး ထုတ်လုပ်ခဲ့ဖူးပေမယ့် ဈေးကတော့ မသေးခဲ့ပါဘူး။ အခုတစ်ကြိမ်မှာတော့ ဈေးသက်သက်သာသာ နဲ့ Windows 8 ဖုန်းအသုံးပြုနိုင်အောင် ဖန်တီးပေးထားတယ်လို့တော့ ဆိုပါတယ်။ 

4.3-inch  ရှိတဲ့ မျက်နှာပြင်ကို အသုံးပြုထားပြီး Resolution ကတော့ (800 x 480) ပဲရမှာဆိုတော့ သိပ်အကောင်းစားကြီးလို့တော့ ပြောလို့မရနိုင်ပါဘူး။ Processor အတွက်ကတော့ ယခင် W1 တုန်းကလိုပဲ Qualcomm 1.4GHz dual-core processor ပါပဲ။ RAM ကတော့ 512MB နဲ့ Storage အတွက် 8GB ပါတဲ့။ Micro SD Slot လည်းပါပါသေးတယ်။ 

ဘက်ထရီ အတွက် 1700 mAh capacity ရှိတဲ့ ဘက်ထရီကို အသုံးပြုထားပါတယ်။ အရောင်ရွေးခြယ်ဖို့ရာ အနီနဲ့ အ၀ါ ၂မျိုးပဲလာမှာ ဖြစ်ပါတယ်။ ဈေးနှုန်းအနေနဲ့ အတိအကျ မကြော်ငြာပေမယ့် အမေရိကန်ဒေါ်လာ ၂၀၀ နဲ့ ၃၀၀ ကြားသာရှိမယ်လို့တော့ သုံးသပ်ထားကြပါတယ်။ 

xx Pyae Phyo Naing (SQUAR Team) xx

0 comments:

Search Our Site