Ads

ကြော်ငြာ

Showing posts with label စပ်မီစပ်၇ာများ.... Show all posts
Showing posts with label စပ်မီစပ်၇ာများ.... Show all posts

Friday, January 17, 2014


 -
ဗိုလ်ချုပ်ကြီး ခင်ညွှန့်လက်ထက် စစ်ထောက်လှန်းရေးများ တန်ခိုးထွားစဉ်က နိုင်ငံရေးလှုပ်ရှားသူများကို ဖမ်းဆီး၊  နှိပ်စက်ထောင်ဒဏ်တွေ ချမှတ်ခဲ့တာနဲ့ပတ်သက်လို့
ဟံသာဝတီ  ဦးဝင်းတင်၊  လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒေါ်နှင်းနှင်းမွှေးတို့နဲ့  ဧရာဝတီမဂ္ဂဇင်း အင်္ဂလိပ်ပိုင်း အယ်ဒီတာကျော်စွာမိုးတို့က ဆွေးနွေးထားပါတယ်။ 

ကျော်စွာမိုး ။  ။ ဒီတပတ်ကျနော်တို့ဆွေးနွေးမယ် အကြောင်းအရာကတော့ ၁၉၈၈ ခုနှစ် စစ်တပ်က  အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံရေးပါတီတွေ၊  နိုင်ငံရေးသမားတွေ၊  နိုင်ငံရေးလှုပ်ရှားတက်ကြွသူတွေ၊ ကျောင်းသားအဖွဲ့အစည်းတွေကို ဘယ်လိုမျိုး အဲဒီအချိန်တုန်းက
နာမည်ဆိုးနဲ့ နာမည်ကြီးခဲ့တဲ့ ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်ရဲ့ စစ်ထောက်လှမ်းရေး အဖွဲ့ကနေပြီးတော့ ဘယ်လိုဖမ်းဆီးခဲ့သလဲ၊
နိုင်ငံရေးလှုပ်ရှားမှုတွေကို ရပ်တန့်ဖို့ ကြိုးစားခဲ့သလဲဆိုတာ ကို ကျနော်တို့ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။


Tuesday, April 23, 2013

SIM ဆိုတာ မိုဘိုင်းဖုန်းတွေနဲ့ ကွန်ပျူတာတွေ လိုမျိုး စက်ပစ္စည်း တွေမှာ Subscriber တွေ အသုံးပြုနိုင်ဖို့
ID အလိုက် တိုက်ဆိုင် စစ်ဆေးတဲ့ သက်ဆိုင်ရာ key တွေနဲ့ International Mobile Subscriber Identity (IMSI) တို့ကို လုံခြုံစွာ ထိန်းသိမ်း ထားနိုင်တဲ့ Integrated Circuit တစ်ခုပဲဖြစ် ပါတယ်။ Subscriber Identity Module ( Subscriber Identification Module) ရဲ့ အတိုကောက်ပါ။ လွယ်လွယ်ကူကူ သယ်ဆောင်နိုင်တဲ့ memory chip အမျိုး အစား ဖြစ်ပြီး GSM (Global System for Mobile Communications) network မှာသုံးတဲ့ cell phone တွေမှာ အသုံးများ ပါတယ်။ SIM Card တွေ ကို H1, H2, H3,H4 ဆိုပြီး အမျိုး အစား လေးမျိုး ခွဲခြားထား ပါတယ်။
H1= Normal Network
H2= Better Network , Means Strong
H3= More Better Network , Means Stronger
H4= Normal, Better, More Better Is Nothing In Front OF This Sim
များသော အားဖြင့်တော့ H4 SIM တွေကို အဖွဲ့အစည်း တွေနဲ့ စစ်ဘက်မှ အရေးကြီး ပုဂ္ဂိုလ်တွေ အတွက် ထုတ်လုပ်လေ့ ရှိပါတယ်။ မိုဘိုင်း ကုမ္ပဏီတွေဟာ User တိုင်း အတွက် H4 SIM တွေ ထုတ်ပေးလေ့ မရှိပါဘူး၊ ဘာကြောင့်လဲ ဆိုတော့ ဒီ Card တွေက bandwidth ပိုစားလို့ ဖြစ်ပါတယ်။ ကိုယ် ဘယ် SIM card အမျိုးအစားကို အသုံးပြု နေသလဲ သိချင်ရင် SIM card ရဲ့ ကျော ဘက်မှာ ပါတဲ့ Sim No. နဲ့ Sim Type ကိုကြည့်ပြီး သိနိုင်ပါတယ်။
SIM card အရွယ်အစား အမျိုးမျိုးရှိပြီး ဖုန်းအများစု ကတော့ mini-SIM ဒါမှမဟုတ် micro-SIM card တွေကို အသုံးပြု ပါတယ်။ mini-SIM ရဲ့ အရွယ်အစားက 25mm x 15 mm ရှိပြီး micro-SIM ကတော့ 15 mm x 12 mm ရှိပါတယ်။ card အရွယ်အစား အားလုံးဟာ 0.76 mm အထူ ရှိပါတယ်။ ဘယ်အရွယ်အစား Sim card မျိုးမဆို သူ့မှာ ပါဝင်တဲ့ microchip က အရွယ် အစားနဲ့ လုပ်ဆောင်ပုံ အတူတူပဲဖြစ်တဲ့ အတွက် အရွယ်အစား သေးတဲ့ card တွေကို လည်း (အံဝင်ဂွင်ကျသာ တပ်ဆင်ရင်) card အကြီးသုံးတဲ့ ဖုန်းတွေမှာပါ သုံးစွဲနိုင် ပါတယ်။
SIM card တွေမှာ User ရဲ့ အချက်အလက် တွေနဲ့ call log တွေ ဖုန်းအ၀င်အထွက် မှတ်တမ်းတွေကို တခြားသူတွေ မသိရှိနိုင် စေမယ့် လုံခြုံရေး အစီအမံ တစ်ရပ်လည်း ပါဝင်ပါတယ်။ SIM card ကို lock ချထားနိုင်ပြီး PIN လို့ ခေါ်တဲ့ Personal Identification Number ကို သိရှိ သူမှသာ SIM card ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ SIM card ကိုသာ Lock လုပ်ထားမယ် ဆိုရင် ကိုယ့်ဖုန်း အခိုးခံ ရရင်တောင် PIN ကို မသိဘဲ SIM card ကို အသုံးပြု နိုင်မှာ မဟုတ်သလို (SIM card ထဲမှာရှိတဲ့) ကိုယ့်အချက်အလက် တွေကိုလည်း ရယူနိုင်မှာ မဟုတ်ပါဘူး။
Tech & Security News
Posted by ဆူးအေမီ on 2:05 AM in | No comments
မြန်မာအမျိုးသမီးငယ်များကြား ယမကာယဉ်ကျေးမှု များပြားလာ

မူးယစ်ရီဝေ လာပါက အဖော် ယောက်ျားလေး ကို ကုန်းပိုးခိုင်း စေလိုခြင်း နှင့် ငို၍ ကောင်းသောကြောင့် ဘီယာ နှင့် ဆိုဂျူ အရက်များ သောက်သုံး ကြသည်ဟု ဆိုသည့်

ကိုရီးယားလှိုင်း ၏ ရိုက်ခတ်မှု သည် မြန်မာ မိန်းကလေး တစ်ချို့ အတွက် ဖက်ရှင် ကျသည့် လူငယ် သဘာဝ တစ်ခု ဖြစ်လာခဲ့ပါပြီ။ အမျိုးသား များနှင့် ရင်ပေါင်တန်း မည့် တန်းတူ ညီမျှ အခွင့်အရေး ဟူသော အသုံးအနှုန်း ကို တွယ်ကျယ်စွာ ပြောဆို လာကြပြီး နောက်ပိုင်းတွင် ယမကာ သောက်သုံးခြင်း သည်လည်း အမျိုးသမီးများ ကိုယ်ပိုင် အခွင့်အရေး တစ်ရပ်ဟု လက်ခံ ယူဆ လာကြသည်။

Friday, March 29, 2013

Posted by ဆူးအေမီ on 9:44 AM in | No comments
၀၁၄ မော်ဒယ် အသစ် ဆက်ဆက်ပါ။ မြင်းကောင်ရေအား ၅၆၀ အထက် ထုတ်နိုင်မယ့် အင်ဂျင်ပါဝါ ၅၀၀၀ စီစီ ဆလင်ဒါ ၈လုံးပူး V အင်ဂျင်ကို အသုံးပြုပါတယ်။
 ကားက ခြောက်ဘီး ပါပါတယ်။ ခြောက်ဘီးမောင်း စနစ်ပါ။ တောကြမ်းကော၊ မြို့မှာပါ လူရှိန်လောက်တဲ့ ကိုယ်ထည်ပုံစံကို ပိုင်ဆိုင် ထားပါတယ်။ Top Speed အနေနဲ့ တစ်နာရီ မိုင် ၁၀၀ ဝန်းကျင်လောက် အထိ သွားနိုင်ပါတယ်။ လူ ငါးယောက် ဆံ့ပြီး နောက်မှလည်း ပစ္စည်းတင်ဖို့ အတွက် နေရာ ကျယ်ကျယ် ဝန်းဝန်း ပါရှိပါတယ်။ အမေရိကန်မှာ ဆိုရင်တော့ ယင်းကဲ့သို့ SUV များကို စိုက်ပျိုးရေးနဲ့ မွေးမြူရေး သမားများ ပိုအသုံးပြု ပါတယ်။ Celebrity များလည်း သုံးပါတယ်။ ဥပမာ မင်းသား အာနိုးရဲ့  အကြိုက်ကားထဲမှာ Mercedes Benz G63 AMG လည်း ပါဝင်နေပါတယ်။
ကာလတန်ဖိုး အားဖြင့် အမေရိကန် ဒေါ်လာ ၅ သိန်း ဆိုတော့ တော်ရုံလူ ဝယ်စီး နိုင်တဲ့ ကားတော့ မဟုတ်ပါဘူး။  ဂျာမနီထုတ် G63 ကို အမေရိကန် မှာ ရောင်းချတော့မှာ ဖြစ်ကြောင်း သိရပါတယ်။
Ref: carcraz
 

Search Our Site