Ads

ကြော်ငြာ

Friday, June 21, 2013

Posted by ဆူးအေမီ on 1:23 AM in | No comments



စီမံကိန်း ဧရိယာအတွင်းရှိ တချို့ သောမြေယာများသည် နိုင်ငံပိုင်မြေ ယာများဖြစ်သည့်အတွက်ကြောင့် ညှိ နှိုင်းခြင်းမျိုး လုပ်ဆောင်မည် မဟုတ် ကြောင်းနှင့် ဥပဒေဖြင့် သာဆောင်ရွက် သွားမည်ဖြစ်ကြောင်း မတ် ၃ဝ ရက်က ပြုလုပ်သည့် မြို့သာစက်မှုဥယျာဉ် မြို့နှင့် ဆီမီးခုံဆိပ်ကမ်းအကောင် အထည် ဖော်ဆောင်ရွက်မှု စာနယ်ဇင်း ရှင်းလင်းပွဲ ၌ လျှပ်စစ်ဝန်ကြီးက ပြော သည်။
မန္တလေး မြို့သာစက်မှုဥယျာဉ် မြို့နှင့် ဆီမီးခုံ ဆိပ်ကမ်းအကောင်အ ထည်ဖော်ဆောင်ရွက်မှု စာနယ်ဇင်း ရှင်းလင်းပွဲ အခမ်းအနားကို မတ် ၃ဝ ရက် မွန်းလွဲ ၃ နာရီက မန္တလေးမြို့ မန္တလေးတောင်ခြေ ဟိုတယ်၌ ကျင်း ပရာ အခမ်းအနားတွင် စီမံကိန်း ဧရိယာအတွင်း ဖြစ်ပေါ်လျက်ရှိသော မြေယာပြဿနာများနှင့်စပ်လျဉ်း၍ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်နှင့် စက်မှုဝန်ကြီးဌာနဝန်ကြီး ဒေါက်တာမြင့်ကြူက အောက်ပါ အတိုင်း ပြောကြားလိုက်ခြင်းဖြစ်သည်။
“ဒါနဲ့ ပတ်သက်ပြီးတော့ ပြောရမယ် ဆိုရင် လျော်ကြေးပေးတာ မဟုတ်ပါဘူး။ နစ်နာကြေးပေးတာ ဖြစ်တဲ့ အတွက်ကြောင့် ကျွန်တော်တို့ အနေနဲ့ဒီလို ညှိနှိုင်းနေမယ် ဆိုလို့ရှိရင် မလိုလားအပ်တဲ့ ပြဿနာတွေရှိ လာနိုင်တဲ့ အတွက်ကြောင့် ကျွန်တော်တို့ အဖွဲ့ကနေပြီးတော့ ၅ သိန်းပေးဖို့ ဆုံးဖြတ်ထားပါတယ်။ ညှိနှိုင်းဖို့ မလို ပါဘူး။ ဘာလို့ ညှိနှိုင်းဖို့ မလိုဘူး လဲဆိုတော့ ဒါက နိုင်ငံတော်ပိုင်မြေ များဖြစ်ပါတယ်။ ကျွန်တော်တို့က နစ်နာကြေး ပေးတာပါ။ လျော်ကြေး ပေးတာ မဟုတ်ပါဘူး” ဟု ဝန်ကြီး ကပြောသည်။
စီမံကိန်းဧရိယာ အတွင်းဖြစ်ပေါ်လျက်ရှိသော မြေယာတန်ဖိုး နစ်နာ ကြေး ပြဿနာများနှင့်ပတ်သက်ပြီး စုံစမ်း သိရှိရသည်မှာ မြေယာ တန်ဖိုး နစ်နာကြေး သတ်မှတ်ဈေးနှုန်း များသည် မြေယာအမျိုးအစား အလိုက် ကွာဟမှု ရှိနေခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်များနှင့် ပတ်သက်၍ မတ် ၃၁ ရက်က အဆိုပါဒေသသို့ မြန်မာ အင်ဒီပဲန်ဒင့်မှ သွားရောက်မေးမြန်း ရာ  လျော်ကြေးငွေ ဈေးနှုန်း  သတ်မှတ်ရာတွင် တချို့သော မြေယာများ တွင် တစ်ဧက သတ်မှတ်ဈေးနှုန်း ကျပ် သိန်း ၂ဝ ရှိပြီး တချို့သောမြေယာများ မှာမူ ၂ သိန်းကျပ်သာ ပေးအပ် ကြောင်း ဒေသခံများက ဆိုသည်။
“တကယ်ဆိုရင် နစ်နာကြေးသတ် မှတ်တာဆိုရင်လည်း အားလုံးတစ်ပြေး ညီဖြစ်သင့်တယ်။ အခုဟာက မြေ အမျိုး အစား သတ်မှတ်ထားတယ် ဆိုပြီး သိန်း ၂ဝ ပေးတဲ့ နေရာနဲ့ ၂ သိန်းပေး တဲ့နေရာဆိုပြီးကွာနေတယ်။ အရင်က တည်းက တောင်သူ ပညာပေး လုပ်တာမျိုးတွေလည်း မရှိခဲ့ဘူး ဟု ငါန်းဇွန်း မြို့နယ် တောင်အောက် ကျေးရွာသား တစ်ဦးကပြောသည်။
မြေယာအမျိုးအစား သတ်မှတ် ရာတွင် အမည်ပေါက်ဦးပိုင် (မြဲဦး ပိုင်)နှင့် စားကျက်မြေ(မမြဲဦးပိုင်)ဟူ၍ သတ်မှတ် ထားပြီး အမည်ပေါက်ဦးပိုင် မြေယာအမျိုးအစားအား သိန်း ၂ဝ ကျပ် သတ်မှတ်ကာ စားကျက်မြေ အမျိုးအစားကိုမူ နိုင်ငံပိုင်မြေဟု သတ် မှတ်ပြီး ၂ သိန်းကျပ်သာ နစ်နာကြေး အဖြစ် ပေးအပ်သည်ကိုလည်း ယင်း ၏ ပြောပြချက်အရ သိရသည်။
မြေယာနစ်နာကြေးပေးသည့် ဈေးနှုန်း ကွာဟချက်နှင့် ပတ်သက်၍ လည်း ဈေးနှုန်းတိုးမြှင့်ပေးရန် တောင်းဆို ထားကြောင်းနှင့် တချို့သော တောင်သူများကမူ နစ်နာကြေး မယူလိုဘဲ လက်ရှိမြေနေရာတွင်သာ ဆက်လက် လုပ်ကိုင် လိုကြောင်း ဒေသခံများက ပြောသည်။
စီမံကိန်း ဧရိယာအတွင်းရှိ တောင် သူဦးရေ တစ်ထောင်ခန့်ပိုင်ဆိုင်သည့် စိုက်ပျိုးမြေ ဧရိယာတစ်သောင်းကျော် တွင် နားလည်ရန် ခဲယဉ်းသည့် မြဲဦးပိုင်နှင့် မမြဲဦးပိုင် ဆိုသည့် အသုံးအနှုန်း အခေါ်အဝေါ်များဖြင့် မြေယာတန်ဖိုး နစ်နာကြေး သတ်မှတ်ရာတွင် ကွာဟ မှုရှိနေခြင်းအတွက်လည်း ဒေသခံ များက ကျေနပ်မှုမရှိကြောင်း ထုတ် ဖော်ပြောဆိုကြသည်။
မန္တလေး စာနယ်ဇင်း ရှင်းလင်းပွဲ တွင် ဒေသခံများအား နစ်နာကြေးပေး အပ်ခြင်းနှင့်စပ်လျဉ်းပြီး လျှပ်စစ် ဝန်ကြီး က ပြောရာ၌ ယင်းတို့အဖွဲ့ အနေနှင့် မြဲဦးပိုင်မြေယာ အမျိုး အစားအား တစ်ဧကသတ်မှတ် ဈေး နှုန်းသိန်း ၂ဝ ကျပ်ပေးအပ်သည်မှာ မှန်ကန်ကြောင်း၊ မမြဲဦးပိုင်အတွက် ၂ သိန်းကျပ် ပေးအပ်မည်ဟုမဆိုထား ကြောင်းနှင့် နားလည်မှု လွဲမှားခြင်း သာဖြစ်ကြောင်း သတင်းမီဒီယာသို့ ပြောသည်။
“ကျွန်တော်တို့က ၂ သိန်းပေး မယ်လို့ပြောတာမဟုတ်ပါဘူး။တခြား နေရာတွေမှာ ၄ နှစ်စာအတွက် တစ်နှစ် ၅ သောင်းနဲ့ ၄ နှစ်စာ အတွက် ၂ သိန်းပေးနေပါတယ်။ ကျွန်တော်တို့ အနေနဲ့လည်း အခြေ ခံအနေနဲ့တော့ ၂ သိန်းပေးဖို့ စီစဉ်တော့ ထားတယ်။ သို့သော်လည်းပဲ ဘယ် လောက် လိုချင်သလဲဆိုတာကို ညှိ နှိုင်းပြီးတော့ ပြောမယ် ဆိုလို့ ရှိရင်တော့ ကျွန်တော်တို့ဘက်က တိုးပေးသွား မယ်လို့ပြောတာပါ။ ယတိပြတ် မဟုတ်ပါဘူးလို့ ဒီတုန်းကလဲ ရှင်းပြခဲ့ပြီးပါပြီ “ဟု ဆိုသည်။
နိုင်ငံတော် အစိုးရ ခွင့်ပြုချက်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည့် မန္တလေးမြို့သာစက်မှု ဥယျာဉ်မြို့နှင့် ဧရာဝတီမြစ် ဆီမီးခုံ ဆိပ်ကမ်း ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း ဧရိယာအတွင်း ပြဿနာ ဖြစ်ပေါ်လျက် ရှိသည့် ကျေးရွာ ၁ဝ ရွာအတွင်းရှိ တောင်သူဦးရေ တစ်ထောင်ခန့်ပိုင်ဆိုင် သည့် မြေဧက တစ်သောင်းကျော် ရှိ ကြောင်း မြို့နယ်မြေစာရင်း ဦးစီးဌာနမှ သိရသည်။
အဆိုပါ မြေဧကတစ်သောင်း ကျော်အနက် မြဲဦးပိုင်ဟု သတ်မှတ် ထားသည့် မြေဧကမှာ ၉၄၆ ဧကရှိပြီး တစ်ဧက လျှင် ကျပ်သိန်း၂ဝ နစ်နာ ကြေးဖြင့် ဧကပေါင်း ၃၅ဝ ကျော် အတွက် ပေးအပ် ခဲ့ပြီးဖြစ်ကြောင်းနှင့် မမြဲဦးပိုင်မြေဧကအနေဖြင့် တစ် သောင်းကျော်ခန့်ရှိရာ ပေးအပ်သည့် နစ်နာကြေးကွာဟမှုကြောင့် ညှိနှိုင်းမှု အဆင်မပြေ သေးကြောင်း သိရသည်။

0 comments:

Search Our Site