Ads

ကြော်ငြာ

Showing posts with label အထွေထွေဗဟုသုတ. Show all posts
Showing posts with label အထွေထွေဗဟုသုတ. Show all posts

Monday, April 28, 2014

Posted by ဆူးအေမီ on 12:34 AM in | No comments

Phishing ဟူသည် အင်တာနက်သုံးစွဲနေသူတိုင်းသတိထား ရမည့်စကားလုံးဖြစ်ပြီး သင်သုံးစွဲနေသည့်ကွန်ပျူတာနှင့် အခြား device များသို့ virus နှင့် ထောင်ချောက် Link များပေးပို့ပြီး သင့် ကိုယ်ရေးအချက် ဒါမှမဟုတ် ကွန်ပျူတာဖုန်း အစရှိသည်တို့က အချက်အလက်တွေကိုရယူသွားနိုင်ပါသည်။

အွန်လိုင်းမှကိုယ်ရေး အချက်အလက်များခိုးယူခြင်း (Phishing)ဆိုသည်မှာ အင်တာနက်သုံးစွဲသူများ ၎င်းတို့၏ကိုယ်ရေးအချက်အလက်များကိုတရားမဝင်ဝက်ဘ်ဆိုက်များသို့ ရေးသွင်းစေရန်
လှည့်ဖြားခိုးယူမှုပုံစံတစ်ခု ဖြစ်သည်။

ယင်းကဲ့သို့ကိုယ်ရေးအချက်အလက်များခိုးယူခြင်းကို ကာ ကွယ်ရန် မလိုလားအပ်သော အီးမေးလ်များကိုစောင့်ကြည့်ပါ။ အထူးသဖြင့် မိမိနှင့်မသိသူ (သို့မဟုတ်) အဖွဲ့အစည်းများမှ အီးမေးလ်များ၊ ကိုယ်ရေးအချက်အလက်(သို့မဟုတ်) ငွေကြေး အချက်အလက်များအား ဝက်ဘ်ဆိုက်တစ်ခုခုမှ အတည်ပြုဖြည့်စွက်ခိုင်းခြင်း (သို့မဟုတ်) တောင်းခံခြင်းများ၊ ကြောက်စရာသတင်းများပေးပြီး ယင်းသတင်းကို ထပ်ဆင့်ဝေမျှသည့် ဝက်ဘ်ဆိုက် Link များကိုစောင့်ကြည့်ရန်လိုသည်။

ကိုယ်ရေးအချက်အလက်များကို ဖုန်း(သို့မဟုတ်)လုံခြုံစိတ် ချရသောဝက်ဘ်ဆိုက်များမှသာ ဆက်သွယ်ပေးပို့ပါ။ အွန်လိုင်းမှ ငွေလွှဲပို့ချိန်များတွင် ဝက်ဘ်ဆိုက် ရှာဖွေမှုအခြေအနေပြနေရာ၌ https ဟုဖော်ပြချက်ကဲ့သို့ လုံခြုံကြောင်းပြသထားသော သင်္ကေတကိုရှာပါ။ သင်က ဖုန်းစတင်ခေါ်ဆိုခြင်းမဟုတ်ပါက ကိုယ်ရေး အချက်အလက်များကို ဖွင့်မပြောပါနှင့်။ သင်၏စာရင်းဇယားအချက်အလက်များအသစ်ဖြည့်သွင်းရေး ဖုန်းနံပါတ်တစ်ခုပေး၍ ခေါ်ဆိုခိုင်းသည့်အီးမေးလ်မျိုးကို သတိထားပါ။

အမည်မသိပေးပို့သူများထံမှ အီးမေးလ်များတွင်ပါဝင်သော ပူးတွဲဖိုင်များကိုဖွင့်ခြင်း (သို့မဟုတ်) ဖိုင်များကို Download လုပ်ခြင်းLink များကိုနှိပ်ခြင်း မလုပ်ပါနှင့်။

လက်ခံမည့်သူနှင့် ရင်းနှီးနေလျှင်လည်း သင်၏ကိုယ်ရေး အချက်အလက် (သို့မဟုတ်) ငွေကြေးဆိုင်ရာအချက်အလက်များကို အီးမေးလ်ဖြင့်မပို့ပါနှင့်။ ကိုယ်ရေးအချက်အလက်တောင်းခံသည့်အီးမေးလ်များတွင်ပါသော Link များကိုသတိရှိပါလေ။

ရုတ်တရက် မိမိမဖွင့်ဘဲ ပေါ်လာသောဝက်ဘ်ဆိုက်များကို သတိထားပြီး ယင်းမျက်နှာပြင်တွင် ကိုယ်ရေးအချက်အလက်များမရိုက်ထည့်မိပါစေနှင့်။ ယင်းနေရာမှ Link များကိုမနှိပ်ပါနှင့်။

ယင်းဝက်ဘ်ဆိုက်စာမျက်နှာများမှ ဝက်ဘ်ဆိုက်လိပ်စာကို သင်၏ဝက်ဘ်ဆိုက်ရှာဖွေရေး ဇယားကွက်သို့ ကူးမထည့်ပါနှင့်။

သင်၏ကွန်ပျူတာကို ဗိုင်းရပ်စ်ကာကွယ်ရေးဆော့ဖ်ဝဲများမလိုလားအပ်သောအီးမေးလ်များ စစ်ထုတ်နိုင်သောဆော့ဖ်ဝဲများတပ်ထားခြင်းဖြင့်ကာကွယ်ပါ။

အခွင့်မရှိဘဲ အလွှဲအပြောင်း မလုပ်ထားကြောင်း သေချာစေ ရန် အင်တာနက်အကောင့်နှင့် ဘဏ်စာရင်းတို့ကိုပုံမှန်စစ်ဆေးပါ။အင်တာနက်ပေါ်တွင် ကိုယ်ရေးအချက်အလက်များပေးခြင်းနှင့်ပတ်သက်၍ အမြဲတစေသတိထားသင့်ပါသည်။
From: 7Day Daily

Monday, January 27, 2014

အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးနှင့်(၉၆၉) အမျိုးသားရေး တရားတော်များအား အစဉ်တစိုက် ဟောပြောခဲ့သည့် ပြည်တွင်းပြည်ပ မီဒီယာများ၏ စိတ်ဝင်စားမှုအမြင့်ဆုံး၊ ပြည်ပနိုင်ငံအများအပြား၊ ပြည်တွင်းရှိ လူအချို့တို့၏ ဆန့်ကျင်မှုခံနေရပြီး ဗုဒ္ဓဘာသာမြန်မာနိုင်ငံသား အများအပြား၏ အားပေးထောက်ခံမှု ရရှိနေသည့် မစိုးရိမ်တိုက်သစ် ဆရာတော်အရှင်ဝီရသူနှင့် တွေ့ဆုံမေးမြန်းချက်ကို ဖော်ပြလိုက်ရပါသည်။

မေး➤ လက်ရှိ ဘာသာရေးပွဲတွေ ပြုလုပ်နေတဲ့နေရာမှာ တိုက်တိုက်ဆိုင်ဆိုင် ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်ရေးအတွက် စာရွက်စာတမ်းတွေ ဝေငှတဲ့ဖြစ်စဉ်တွေရှိခဲ့ပါတယ်။ ဒီကိစ္စအပေါ်မှာ အရှင်ဘုရားတို့ သံဃာတော်တွေဘက်က ဘယ်လိုအမြင်မျိုးတွေ ရှိပါသလဲဘုရား။

ဖြေ➲ နံပါတ်တစ်ကတော့ အဲလိုအောက်လမ်းနဲ့သွားတာမျိုးတွေ ဦးဇင်းတို့ ကန့်ကွက်ပါတယ်။ ရှုတ်ချပါတယ်။ ဒါမျိုး မလုပ်သင့်ဘူးလို့ ဦးဇင်းတို့ပြောချင်တယ်။ နိုင်ငံရေးဆိုတာ နိုင်ငံရေးစင်မြင့်ရှိပြီးသားလေ။ ပြိုင်ဘက် အချင်းချင်း စင်မြင့်ပေါ်ကပဲ ယှဉ်ပြိုင်ရမှာပေါ့။ အဲဒါကြောင့် ဦးဇင်းတို့ သဘောမတူပါဘူး။

မေး➤ မန္တလေးမှာလုပ်ခဲ့တဲ့ အမျိုး၊ ဘာသာ၊ သာသနာစောင့်ရှောက်ရေး သြဝါဒခံယူပွဲမှာ သံဃာတော်ပေါင်း သုံးသောင်းလောက် တက်ရောက်ပြီး အောင်မြင်ခဲ့ပေမယ့် ကိစ္စအချို့ကြောင့် အုတ်အော်သောင်းနင်း ဖြစ်ခဲ့ရတယ်။ ဒါ ဘယ်လိုကြောင့်လို့ ထင်ပါသလဲ။

ဖြေ➲ အဓိကကတော့ ပုဂ္ဂိုလ်ရေးခံစားချက်လည်းပါတာပေါ့။ ပြီးတော့ ကိုယ်လိုချင်တဲ့ စကားလုံးလေး တစ်လုံးစ၊ နှစ်လုံးစအပေါ်မှာ စည်းမစောင့်ဘဲနဲ့ ပရိသတ်ကို ဖွင့်ချမိသွားတာပေါ့။ အဲဒီအပေါ်မှာ ပြန့်သွားတာ။။ ဆရာတော်ကြီးက ဒေါ်အောင်ဆန်းစုကြည်ဆိုတဲ့ နာမည် တစ်လုံးမှ မပြောဘူး။


မေး➤ အဲဒီကိစ္စနဲ့ပတ်သက်ပြီး သီတဂူဆရာတော်ဘုရားကြီးက အရှင်ဘုရားကို ဖုန်းဆက်တယ်ဆိုတာ ဘယ်လို အကြောင်းအရာကို မိန့်ကြားပါသလဲဘုရား။

အဲဒါတွေဖြစ်လာတော့ ဦးဇင်းကိုမေးတယ်။ မေးတဲ့အခါကြတော့ ရခိုင်ဆရာတော်က အခမ်းအနားမှာ ထုတ်ဖော် ပြောကြားတဲ့အတွက် ဒီလို ဒီလိုပဲ ဂယက်ရိုက်သွားတယ်ဆိုတဲ့အကြောင်း၊ မင်းတို့အဖွဲ့အစည်းတွေနဲ့ရှင်းကြ အဲဒီလို တာဝန်ပေးတယ်။ ဦးဇင်းတို့လည်း ချက်ချင်းပဲ ရှင်းလိုက်တယ်။ အဲဒီတော့ နီးစပ်ရာ ဂျာနယ်ကိုလည်းပဲ ခေါ်ပြီး ကြေညာချက်ပြလိုက်တယ်။ ပြီးတော့ ဦးဇင်း ဖေ့စ်ဘုတ်မှာလည်း တန်းတင်လိုက်တယ်။

မေး➤ တပည့်တော်တို့နိုင်ငံမှာ ၂၀၁၅ ရွေးကောက်ပွဲလည်း နီးလာခဲ့ပြီ၊ ဒီလိုအချိန်မျိုးမှာ ပြည်တွင်းစစ်တွေ မပြီးဆုံးသေးဘူး၊ မြစ်ဆုံလိုကိစ္စတွေ မပြီးပြတ်သေးဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေတွေ မပြင်ဆင်နိုင်သေးဘူး။ ဘာသာရေး ပဋိပက္ခတွေ စိုးရိမ်နေရသေးတယ်။ ဒီတော့ စစ်တပ်က အာဏာပြန်သိမ်းမယ်ဆို အနာဂတ် သာသ နာရေးက ဘယ်လိုဖြစ်နိုင်ပါသလဲဘုရား။

ဖြေ➲ ဦးဇင်းတို့အနေနဲ့ ထောင်ထဲမှာရှိစဉ်ကတည်းက ဒီနောက်ပြန်မလှည့်ရေးမူပဲလေ။ ဒီအစိုးရ နောက်ပြန် လှည့်မှာကိုလည်း မလိုလားဘူး။ စစ်တပ်နောက် ပြန်လှည့်တာကိုလည်း မလိုလားဘူး။ အဲဒီလိုပဲ နိုင်ငံရေး သမားတွေ အရင်တုန်းက ခံခဲ့ရသူတွေကုန်အလုံးက ကြိုးစင်တင်မယ်၊ တရားစွဲမယ်၊ ဓားဆွဲမယ်။ နောက်ဆုံး ကျောင်းသားအချင်းချင်း တောထဲမှာ ဖြစ်ခဲ့တဲ့ကိစ္စကစပြီး ပြန်ပြီး တရားစွဲမယ်၊ ဓားဆွဲမယ် လုပ်တာတွေလည်း မလိုလားဘူး။ နောက်ပြန်လှည့်မှုမှန်သမျှ မလိုလားဘူး။ နောက်ပြန်လှည့်မှုမှန်သမျှဟာ နိုင်ငံတော်ရဲ့ ရှေ့ချီတက်မယ့် ခရီးစဉ်ကို နှောင့်နှေးစေတာပဲလေ။ အဲဒါကြောင့် ဦးဇင်းတို့က လုံးဝ မလိုလားဘူး။

မေး➤ ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ပါတီကြီးတွေ အားပြိုင်တဲ့နေရာမှာ အင်တာနက်စာမျက်နှာတွေက ဘာသာရေးကို ခုတုံးလုပ်ပြီး လှုံ့ဆော်မှုတွေရှိတယ်။ ဒီကိစ္စကို အရှင်ဘုရားတို့ ဘယ်လိုမြင်ပါသလဲဘုရား။

ဖြေ➲ ဒီအွန်လိုင်းတွေပေါ်မှာ လုပ်တာတွေကို ဦးဇင်းတို့ တာဝန်ယူဖြေရှင်းလို့ မရဘူး။ ဒါပေမဲ့ နိုင်ငံရေးလည်း နိုင်ငံရေးစင်မြင့်ရှိတာပဲ။ စင်ပေါ်တက်ပြီး ရင်ဆိုင်ကြရမယ်။ ဖြေရှင်းကြရမယ်။ အဲဒီလို ရင်ဆိုင်ဖို့၊ ဖြေရှင်းပေးဖို့ လိုအပ်တာပေါ့။ တစ်ခုတော့ရှိတယ်၊ ဦးဇင်းတို့တစ်တွေက NLD ကို နိုင်စေချင်တယ်။ လွှတ်တော်ထဲမှာ အရပ်သားအမတ်တွေ၊ ဒီမိုကရေစီအင်အားစုတွေ ဖြစ်စေချင်တယ်။ ဒါပေမဲ့ အခုချိန်ထိ ၂၀၁၅ အတွက် ပြင်ဆင်တာမတွေ့ရတော့ အားမလို အားမရ ဖြစ်မိတယ်။

မေး➤ အရှင်ဘုရားကို ဘာသာရေးမှာ အကဲဆတ်လွန်းတယ်လို့ ဝေဖန်နေကြတယ်။ တစ်ဖက်မှာလည်း ထောက်ခံမှုတွေ အများအပြားရှိနေပြီး နိုင်ငံရေးနဲ့ မကင်းဘူးလို့ သုံးသပ်နေသူတွေလည်း ရှိနေတယ်။ ဒီအပေါ်မှာ ဆရာတော်အနေနဲ့ ဘယ်လိုဖြေရှင်းချင်ပါသလဲ။

ဖြေ= ဘာသာရေး အကဲဆတ်တယ်ဆိုတာတော့ သူတို့အမြင်ပေါ့နော်။ ဦးဇင်းက မဟုတ်မခံဆိုတော့ ခရစ်ယာန် ပဲဖြစ်ဖြစ်၊ ဟိန္ဒူပဲဖြစ်ဖြစ်၊ မွတ်စလင်နဲ့ညားတဲ့အခါ အစ္စလာမ်ဘာသာကိုပဲ ဝင်ရတဲ့အခါ စိတ်တူ ကိုယ်တူ ဝင်ရင် ပြဿနာမရှိပေမယ့် ကိုယ့်အယူဝါဒကို မစွန့်လွှတ်နိုင်လို့ ညှဉ်းဆဲခံရတာ မြင်နေရတဲ့အခါ ဦးဇင်းတို့က မကျေနပ်တာပါ။ အဲဒီအတွက် ဦးဇင်းက ဟောတဲ့အခါ မတရားတဲ့သူ၊ မဟုတ်တဲ့သူတွေကတော့ ဦးဇင်းအပေါ် မကြိုက်ကြဘူး။ မကြိုက်ကြတော့ သူတို့တွေက အသိုင်းအဝိုင်းကောင်းတယ်၊ မီဒီယာအင်အားကောင်းတယ်။ သူတို့ လွှမ်းမိုးမှုခံရတဲ့သူတွေက ဦးဇင်းအပေါ် မကြိုက်ကြဘူး။ ဒါ နံပါတ်တစ် ဘာသာရေးအကဲ ဆတ်မှုပေါ့။ နောက် နံပါတ်နှစ်၊ ပါဝါနိုင်ငံရေးမဟုတ်ဘူး။ ပီတီနိုင်ငံရေးမဟုတ်ဘူး။ ဦးဇင်းတို့အနေနဲ့က အမျိုးသားနိုင်ငံရေး ရည်ရွယ်ချက်ရှိရှိနဲ့ ခံယူချက်တွေ၊ ယုံကြည်ချက်တွေ၊ ရည်မှန်းချက်တွေ ပြတ်ပြတ်သားသား ပလန်ချပြီးတော့ ဆောင်ရွက်နေတဲ့ သူတွေဖြစ်တယ်။ ဦးဇင်းတို့က ပါတီမစွဲဘူး၊ ပုဂ္ဂိုလ်မစွဲဘူး၊ ဝါဒမစွဲဘူး၊ ချစ်ခြင်း၊ မုန်းခြင်း ကင်းတယ်။ အမှီအခို ကင်းတယ်။ လွတ်လွတ်လပ်လပ် အစိုးရကိုလည်း ထိန်းကျောင်းသွားဖို့ ပါတီတွေကိုလည်း ထိန်းကျောင်းသွား ဖို့၊ နိုင်ငံရေးသမားတွေကိုလည်း ထိန်းကျောင်းသွားဖို့၊ နောက်ဆုံး ပြည်သူလူထုကိုလည်း ထိန်းကျောင်းသွားဖို့ နိုင်ငံရေးလုပ်တာပါ။

မေး➤ အမျိုးဘာသာ သာသနာ စောင့်ရှောကရေးအတွက်နဲ့(၉၆၉) အပေါ်ကို အပြင်းအထန် ဝေဖန်နေသူတွေ အပေါ် အရှင်ဘုရား ဘာများ မိန့်ကြားလိုပါသလဲ။

ဖြေ➲ (၉၆၉) ရောက်ရှိတဲ့ဒေသတိုင်းမှာ ငြိမ်းချမ်းပါတယ်။ (၉၆၉) ကို မနာလိုတိုရှည်ဖြစ်တဲ့ အသိုင်းအဝိုင်းက အင်အားကြီးတဲ့အခါကျတော့ သူတို့ရဲ့ လောင်းရိပ်အောက်က ရုန်းမထွက်နိုင်လို့ အမြင်မကြည်လင် ဖြစ်တာ တာပါ။ မေ ၁၈၊ ၁၉ ရက်တွေ မူဆယ်မှာဟောတယ်။ ၂၀၊ ၂၁ မှာ အရှင်ပညာဝရ ဟောတယ်။ ၂၂၊ ၂၃ အရှင်ဇဝနဟောတယ်။ မူဆယ်မှာ ခြောက်ရက်ဆက်တိုက်ဟောတယ်။ ဦးဇင်းဟောတဲ့ နှစ်ရက်လုံး (၉၆၉) တရားပွဲ။ ဒါပေမဲ့ မူဆယ်မှာ ဘာမှ မဖြစ်ဘူး။ အဲဒီ မေလ ၂၈ ရက်မှာပဲ လာရှိုးမှာ ကောက်ဖြစ်သွားတယ်။ လာရှိုးမှာ(၉၆၉) လည်း မရောက်ဘူး။ တရားပွဲလည်း မကျင်းပရသေးဘူး။ အဲဒီတော့ (၉၆၉) ရောက်တဲ့ အရပ်ဒေသတွေမှာ ဘာမှ မဖြစ်ဘဲနဲ့ (၉၆၉) အကြမ်းဖက်လို့ ပြောနေတာတွေက စဉ်းစားစရာကောင်းတယ်။ နောက်တစ်ခုက ကန့်ဘလူမှာဟောတယ်။ သူနဲ့နီးစပ်ရာ ကျွန်းလှဟောတယ်၊ တန့်ဆည်ဟောတယ်။ အဲဒီမှာ ဘာမှမဖြစ်ဘဲနဲ့ ကန့်ဘလူမရောက်ခင် ထန်းကုန်းလေးမှာ ဖြစ်သွားတယ်။ ဦးဇင်းတို့လည်း အဓိကရုဏ်း ဖြစ်တော့မှ ထန်းကုန်းလေးလို့ သိရတယ်။ အဲလိုဖြစ်နေတာ မိတ္ထီလာမှာလည်း ပဋိပက္ခကူးမယ်ဆိုရင် မန္တလေးကို ကူးရမှာပေါ့။ အနီးစပ်ဆုံးပဲလေ။ အဲဒီအချိန်တုန်းက မန္တလေးမှာ အဓိကရုဏ်းဖြစ်နိုင်တဲ့ အခြေအနေ တွေ အများကြီးဖြစ်ခဲ့တယ်။ ဦးဇင်းတို့ အဲဒါတွေကို သံဃာတွေမသိအောင်၊ ပြည်သူလူထုမသိအောင် ထိန်းထိန်း သိမ်းသိမ်းနဲ့ ဥပဒေဘောင်အတွင်းက အရေးယူခဲ့တယ်။ မန္တလေးကို မကူးဘူး။ မန္တလေးမှာဆိုရင် ဓမ္မာရုံတိုင်းမှာ ဟောခဲ့တယ်။ လူကြီးဟောလိုက်၊ ကလေးဟောလိုက် (၉၆၉) တရားတွေ ပလူပျံလို့။ တကယ်တော့ (၉၆၉)က အကြမ်းဖက်အဖွဲ့ဖြစ်မယ်ဆိုရင် မန္တလေး ပြာကျနေတာကြာပေါ့။ အဲဒါကြောင့် (၉၆၉) ကို ဝိုင်းအားပေးကြပါ။ (၉၆၉) ရောက်ရှိတဲ့အရပ်ဒေသတိုင်း ငြိမ်းချမ်းပါတယ်။ ဟိုးအရင် ပဲခူးတိုင်းလည်း ရောက်ခဲ့တယ်။ တကယ်ဖြစ်ခဲ့ တဲ့ နတ်တလင်း၊ အုတ်ဖို၊ ကြို့ပင်ကောက်၊ အိုးသည်ကုန်း ဒါတွေလည်း ရောက်ရှိခဲ့တယ်။ ဦးဇင်းတို့ ဒီလိုဟောတဲ့အခါ လူတွေက ဥပဒေမဲ့ တုန့်ပြန်ရင် ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုး ကိုယ့်ဘာသာ သာသနာ နစ်နာတယ်ဆိုတာ သိကုန်ကြတယ်။ အဲတော့ သူတို့တစ်တွေ ဘယ်သောအခါမှ အကြမ်းဖက်တုံ့ပြန်မှာ မဟုတ်တော့ဘူးလို့ ဦးဇင်းယုံကြည်တယ်။ အဲဒီလို (၉၆၉) ကို အထင်အမြင် မလွဲပါနဲ့၊ အသံနဲ့ကြားပြီး မုန်းမနေ ပါနဲ့။ ထဲထဲဝင်ဝင် လေ့လာပြီး စနစ်တကျ သုံးသပ်ပြီးမှ အဖြေထုတ်ကြပါလို့ ပြောချင်ပါတယ်။

(ကိုခက်)


News Watch(စောင့်ကြည့်သတင်းဂျာနယ်)
Myanmaalinn
က

၁. “ကြက်ကန်း ဆန်အိုးတိုး”
၂. “ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ”
၃. “ကိုယ်ကကျူး ကိုယ့်ဒူးတောင်မယုံရ”
၎. “ကိုယ်ထင် ကုတင်ရွှေနန်း”
၅. “ကျွဲပါး စောင်းတီး”
၆. “ကတုံးပေါ် ထိပ်ကွက်”
၇. “ကျေးဇူးရှိမှ ကျေးစွပ်”
၈. “ကြမ်းကျွံရင် နှုတ်ရ..စကားကျွံရင် နှုတ်မရ”
၉. “ကျန်းမာခြင်းသည်..လဘ်တစ်ပါး”

၁၀. “ကြက်တူရွေးကတော်တော်...မယ်ဘော်က..ကဲ”
၁၁. “ကျူပင်ခုတ်..ကျူငုတ်ပါမကျန်”
၁၂. ကျားဆရာကြောင်...ကြောင်ဆရာကြွက်”
၁၃. “ကြွက်မနိုင်..ကျီမီးနဲ့ရှို့”
၁၄. “ကျီစားသန်က..ရန်များ၏”
၁၅. “က ရိုး မက ဆန်း၍က နှပ်ပစ်ခံရ”
၁၆. “ကျားကြောက်လို့...ရှင်ကြီးကိုး..ရှင်ကြီး.ကျားထက်ဆိုး”
၁၇. “ကံကိုယုံတော့..စုံလုံးကန်း”
၁၈. “ကျော်တော့..လှေသူကြီး...ညားတော့..လှေထိုးသား”
၁၉. “ကံကိုယုံပြီး...ဆူးပုံနင်း”
၂၀. “ကျားရှေ့...မှောက်ရက်လဲ”

၂၁. “ကြာကြာဝါးမှ..ခါးမှန်းသိ”
၂၂. “ကြာကြာဝါးမယ့်သွား...အရိုးကြည့်ရှောင်”
၂၃. “ကျားကြီး..ခြေရာကြီး”
၂၄. “ကံဆိုးမသွားရာ...မိုးလိုက်လို့ရွာ”
၂၅. “ကြွေတစ်လှည့်...ကြက်တစ်ခုန်”
၂၆. “ကြောင်သူတော်..ကြွက်သူခိုး”
၂၇. “ကျောသားကလည်းသား...ရင်သားကလည်းသား”
၂၈. “ကြွက်သေတစ်ခု....အရင်းပြု”
၂၉. “ကုသိုလ်တစ်ပဲ...ငရဲတစ်ပိဿာ”
၃၀. “ကုလားမနိုင်....ရခိုင်မဲ”
၃၁. “ကြောက်ရင်လာဘ်လွဲ...ရဲလျှင်မင်းဖြစ်”
၃၂. “ကွန်တစ်ချက်....ဟင်းတစ်ခွက်”
၃၃. “ကြောင်အိုတော့...ကြွက်မလေး”
၃၄. “ကြိုက်မရှက်...ငိုက်မရှက်”
၃၅. “ကျင်ကြီးစွန့်ရာ...ကျင်ငယ်ပါ”
၃၆. “ကြောင်ကဲ့သို့.ကျင့်လေ..ညောင်ကဲ့သို့..ကျင့်လေ”
၃၇. “ကောက်သော်..စားမလောက်...ဖြောင့်သော်..စားမနိုင်”
၃၈. “ကိုယ်ကောင်းရင်..ခေါင်းမရွေ့”
၃၉. “ကချင်ရက်...လက်ကျိုး”
၄၀. “ကံသာလျှင်အမိ..ကံသာလျှင်အဖ”
၄၁. “ကျည်ပွေ့ကောင်းလို့..ဆန်ဖြူ”
၄၂. “ကင်းခြေများ.ခြေတစ်ချောင်းကျိုး၍..အသွားမပျက်”
၄၃. “ကျားရဲလည်းသေ...တောလည်းကျေ”
၄၄. “ကြက်မ.တွန်လို့..မိုးမလင်း”
၄၅. “ကိုယ့်ဂုဏ်ကိုယ်ဖော်..မသူတော်ခုနစ်ပါး”
၄၆. “ကွမ်းသီးကြိုက်...တောင်ငူပို့”
၄၇. “ကိုယ့်ဒူး..ကိုယ်ချွန်”
၄၈. “ကြီးလျှင်မှီ..ငယ်လျှင်ချီ”
၄၉. “ကဆုန်.နယုန်..စွေ့စွေ့ခုန်”
၅၀. “ကျေးဇူးမတင်...-င်လှန်ပြ”
၅၁. “ကြပ်ပူထိုးလေ ရောင်လေ”
၅၂. “ကြက်မတွန်၍ မိုးမလင်း၊ ကြက်ဖတွန်မှ မိုးလင်းသည်”
၅၃. “ကိုယ်ဖြစ်.ကိုယ်ခံ”
၅၄. “ကုလားသိုက်...ကျားဝင်ကိုက်”
၅၅. “ကျီးကြည့်...ကြောင်ကြည့်”
၅၆. “ကြက်ကြော်မကြိုက်တဲ့....လူမိုက်”
၅၇. “ကြောင်မရှိ....ကြွက်ထ”
၅၈. “ကလေးကျမှ.လှေခါးထောင်....ရန်သူပြန်မှ..ဒူးလေးပြင်”
၅၉. “ကြိုက်မရှက်....ငိုက်မရှက်...ငတ်မရှက်”
၆၀. “ကြိုးကြာဆို....ဘာငှက်လဲမေး”
၆၁. “ကံကောင်းရင် တစ်ချက်....ကံမကောင်းရင် တစ်သက်”
၆၂. “ကံသည် အလုပ်....အလုပ်သည် ကံ”
၆၃. “ကုန်းပေါ်ရောက်မှ....ရေမမွန်းစေနှင့်”
၆၄. “ကိစ္စများမြောင်....လူတို့ဘောင်”



၁. “ခင်ရာဆွေမျိုး မြိန်ရာဟင်းကောင်း”
၂. “ခွေးလေးရောဝင် ပါးလျက်နားလျက်”
၃. “ခေါင်းတစ်လုံးနဲ့..အိုးနှစ်လုံးမရွက်နိုင်”
၎. “ချွေးထွက်များမှ...သွေးထွက်နည်းမည်”
၅. “ခလုတ်ထိမှ...အမိတ”
၆. “ခုစာကလေးကြော်...ခုဆီထမင်း”
၇. “ခွေးမြီးကောက်....ကျည်တောက်စွပ်”
၈. “ချစ်ခြင်းအစ...မျက်စိက”
၉. “ချက်ဆို...နားခွက်က...မီးတောက်”
၁၀. “ခဲလေသမျှ......သဲရေကျ”
၁၁. “ခရုခါးတောင်းကျိုက်ဖမ်း”
၁၂. “ခါချဉ်ကောင်မာန်ကြီးလို့..တောင်ကြီးဖြိုမယ်ကြံ...ခါးကမသန်”
၁၃. “ချောင်းကိုပစ်၍...မြစ်ကိုရှာ”
၁၄. “ခိုးစားတော့ခွေးဟောင်...လယ်လုပ်တော့မိုးခေါင်”
၁၅. “ခဲတစ်လုံးနဲ့...ငှက်နှစ်ကောင်ပစ်”
၁၆. “ချစ်စကိုရှည်စေ..မုန်းစကိုတိုစေ”
၁၇. “ချစ်တိုင်းလည်းမညား...ညားတိုင်းလည်းမချစ်”
၁၈. “ချဉ်ချဉ်တူးတူး...မူးပြီးရော”
၁၉. “ခြေမ.မကောင်း.ခြေမ...လက်မ.မကောင်း..လက်မ”
၂၀. “ခရမ်းသီးပိန်...ဓားတုံး”
၂၁. “ခြောက်ပစ်ကင်း...သဲလဲစင်”
၂၂. “ခွေးဟောင်တိုင်း..ထကြည့်လျှင်..အိပ်ရေးပျက်”
၂၃. “ခွေးရူးဖက်ကိုက်...ခွေးကောင်းနားရွက်ပျက်”
၂၄. “ချောင်းကြီးတော့....မြစ်ဖြစ်”
၂၅. “ချည်ပုဆိုးက..ပိုးပေါင်းချင်”
၂၆. “ချော့တစ်ခါ..ခြောက်တစ်လှည့်”
၂၇. “ခြောက်ပြော..မြှောက်ပြော”
၂၈. “ချီးမွမ်းခုနစ်ရက်..ကဲ့ရဲ့ခုနစ်ရက်”
၂၉. “ချော်လဲ..ရောထိုင်”
၃၀. “-ျီး..ပါခါနီးမှ....-ျီးခံတွင်းပေါက်ရှာ”
၃၁. “ခွေးဟောင်၍ တောင်ပို့မပြေး”
၃၂. “ခွေးဟောင်လို့...တောင်မရွေ့”
၃၃. “ခိုးစားမှ..လူမိ”
၃၄. “ခွေးရူးကောင်းစား...တစ်မွန်းတည့်”
၃၅. “ခုတ်ရာတစ်ခြား..ရှရာတစ်လွဲ”
၃၆. “ခြေမွှေးမီးမလောင်...လက်မွှေးမီးမလောင်”
၃၇. “ခေါင်ကမိုးမလုံလျှင်...တံစက်မြိတ်လည်း...မလုံနိုင်”


၁. “ဂိုက်ကောင်း..ဆိုက်ကောင်း”



၁. “ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်”
၂. “ငါးပိနဲ့လောက်..ရွှေနဲ့ကျောက်”
၃. “ငိုချင်ရက်...လက်တို့”
၎. “ငွေမရှိ...စကားမတည်”



၁. “စကား စကား ပြောပါများ စကားထဲက ဇာတိပြ”
၂. “စကားနောက် တရားပါ”
၃. “စုပ်လဲဆူး..စားလဲရူး”
၎. “စည်းကမ်းသည်..လူ့တန်ဖိုး”
၅. “စိန်ကောင်းကျောက်ကောင်းရောင်းဝယ်ရာ...ဆေးရိုးသည်က ကန့်လန့်”
၆. “စားရမှာလဲ...သဲနဲ့တရှပ်ရှပ်..ပစ်ရမှာလဲ...အဆီနဲ့တ၀င်းဝင်း”
၇. “စိုင်ကော်လို့...ချုံပေါ်ရောက်”
၈. “စကားနည်း...ရန်စဲ..”
၉. “စီးတဲ့ရေ ဆယ်တဲ့ကန်သင်း...”
၁၀. “စစ်မရောက်ခင်..မြှားကုန်”
၁၁. “စလယ်ဝင်... -င်မမည်းခင်.ကွဲ”
၁၂. “စာအုပ်စာပေ..လူ့မိတ်ဆွေ”
၁၃. “စားပြီးအိပ်နေ...ဘိက္ခဝေ”
၁၄. “စားရကံကြုံတော့...မုတ်ဆိတ်ပျားစွဲ”
၁၅. “စကောလောက်မှ..စောက်မနက်”
၁၆. “စားတော့ပြုံးပြုံး..ယိုတော့ကုန်းကုန်း”
၁၇. “စိုပြီးသောလက်...မခြောက်စေနှင့်”
၁၈. “စိန်နားကပ်ရောင်ကြောင့်..ပါးပြောင်”
၁၉. “စစ်ရောက်မှ...မြှားချွန်”



၁. “ဆရာမပြ..နည်းမကျ”
၂. “ဆရာထက်..တပည့်လက်စောင်းထက်”
၃. “ဆင်သွားရင်.လမ်းဖြစ်တယ်”
၎. “ဆေးမင်ရည်စုတ်ထိုး...အိမ်ထောင်မှုဘုရားတည်”
၅. “ဆရာများ..သားသေ”
၆. “ဆင်ကျီစားရာ...ဆိတ်မခံသာ”
၇. “ဆင့်ပါးစပ်...နှမ်းပက်”
၈. “ဆင်ဖိုးထက်...ချွန်းဖိုးကကြီး”
၉. “ဆီကိုရေချိုး......ဆေးရိုးမီးလှုံ”
၁၀. “ဆန်စင်ရာ..ကျည်ပွေ့မလိုက်နိုင်”
၁၁. “ဆရာ့ထက်..သားတစ်လကြီး”
၁၂. “ဆင်ပြောင်ကြီး..အမြီးကျမှတစ်”
၁၃. “ဆင်သေကို..ဆိတ်သားရေနဲ့..မဖုံးနဲ့”
၁၄. “ဆုပ်လည်းစူး...စားလည်းရူး”
၁၅. “ဆပ်ပြာကောင်းလို့...ခေါင်းပေါင်းဖြူ”
၁၆. “ဆန္မရွိ...ေ-ာက္စားႀကီး”
၁၇. “ဆင်စွယ်မှန်..ပိုးမစား”
၁၈. “ဆန်တစ်အိတ်နဲ့...ဆိတ်တစ်ကောင်”
၁၉. “ဆပ်ပြာသည်..လင်ပျောက်”
၂၀. “ဆင်ဖြူတော်မှီပြီး...ကြံစုပ်”



၁. “ညားတိုင်းမချစ် ချစ်တိုင်းမညား”
၂. “ညောင်မြစ်တူး..ပုတ်သင်ဥပေါ်”
၃. “ညောင်စေ့လောက်လှူသော်လည်း..ညောင်ပင်ကြီးလောက်ကုသိုလ်ရ”
၎. “ညောင်ဦးကမ်းပါးပြို....စမ္မာနဂိုက..နွားမပေါင်ကျိုး”



၁. “တောင်ကြီးဖ၀ါးအောက် လှိုင်းကြီးလှေအောက်”
၂. “တစ်ရွာမပြောင်း သူကောင်းမဖြစ်”
၃. “တလုတ်စားဖူး သူ့ကျေးဇူး”
၎. “တီးတိုးတီးတိုး သဖန်းပိုး”
၅. “တစ်ရွာ..တစ်ကျီဆောက်”
၆. “တပည့်မကောင်း ဆရာ့ခေါင်း”
၇. “တစ်နေ့တစ်လံ...ပုဂံဘယ်ရွေ့မလဲ”
၈. “တံငါနားနီး.တံငါ...မုဆိုးနားနီး.မုဆိုး”
၉. “တစ်လှေတည်းစီး..တစ်ခရီးတည်းသွား”
၁၀. “တုံးတိုက်တိုက်...ကျားကိုက်ကိုက်”
၁၁. “တရားမပျက်...ကျောင်းမခက်”
၁၂. “တစ်ယောက်စကား...တစ်ယောက်နား”
၁၃. “တစ်ခါသေဖူး...ပျဉ်ဖိုးနားလည်”
၁၄. “တောမီးလောင်....တောကြောင်လက်ခမောင်းခတ်”
၁၅. “တစ်ယောက်ဆိုတစ်ယောက်...ပိတောက်ဆို..ပိတောက်”
၁၆. “တစ်ပင်လဲမူ..တစ်ပင်ထူ”
၁၇. “တစ်နွယ်ငင်...တစ်စင်ပါ”
၁၈. “တစ်မိပေါက်...တစ်ယောက်ထွန်း”
၁၉. “တောပြော..တောင်ပြော”
၂၀. “တပည့်လိမ္မာ...ဆရာအာပတ်လွတ်”
၂၁. “တစ်လ.ကိုးသီတင်း”
၂၂. “တိတ်တိတ်နေ..ထောင်တန်”
၂၃. “တပည့်မကောင်း..ဆရာ့ခေါင်း”
၂၄. “တစ်ခြုံကွယ်..တစ်မယ်မေ့”
၂၅. “တော်သလင်းနေ ပုစွန်သေ”
၂၆. “တောင်းတစ်လုံးနဲ့..အလုပ်မဖြစ်”
၂၇. “တောင်လဲရာ...မြက်ပြတ်”
၂၈. “တစ်တက်စားလည်း ကြက်သွန်....နှစ်တက်စားလည်း ကြက်သွန်”
၂၉. “တတ်သည့်ပညာ...မနေသာ”
၃၀. “တောင်မှလာတဲ့မိုး....ဒေါင်ဒေါင်မြည်တဲ့အိုး”
၂၁. “တွေ့ရာသချို`င်္င်း....ဓားမဆိုင်း”
၂၂. “တောင်းဆိုး....ပလုံးဆိုးသာ....ပစ်ရိုးထုံးစံရှိ”



၁. “ထိုင်နေအကောင်းသား ထသွားမှကျိုးမှန်းသိ”
၂. “ထောင်မြင်ရင် ရာစွန့်”
၃. “ထမင်းရည်ပူ..လျှာလွှဲ”
၎. “ထမင်းကြမ်းက..အငွေ့ထွက်ချင်”
၅. “ထန်းသီးကြွေခိုက်...ကျီးနင်းခိုက်”
၆. “ထီးဖြူ..ဖိနပ်ပါး”
၇. “ထောင်အပြင်..တန်းမရှိ”
၈. “ထိပ်ပေါက်မှ..ထိမှန်းသိ”
၉. “ထိုးမယ့်ဆင်...နောက်တစ်လှမ်းဆုတ်”
၁၀. “ထောင်တန်တဲ့စကား...ရယ်ပေါ့”
၁၁. “ထင်ပေါ်ရင်..စင်တော်ကကောက်”
၁၂. “ထင်းခွေမကြုံ..ရေခပ်ကြုံမယ်”
၁၃. “ထန်းရေမူး...ကျွဲခိုးပေါ်”
၁၄. “ထားရာနေ...စေရာသွား”
၁၅. “ထုံးလိုမွှေ..ရေလိုနှောက်”
၁၆. “ထုလေ.မာလေ..ငါးဖယ်တေ”
၁၇. “ထောင်နေတဲ့ ဒူး လဲတာထက်ဆိုး”
၁၈. “ထမင်းရည်ချောင်းစီး....မောင်းတီးလှူ”
၁၉. “ထွက်ပြီးသားဆင်စွယ်...ပြန်ဝင်ရိုးထုံးစံမရှိ”



၁. “နွားပျိုသန်လှ နွားအိုပေါင်ကျိုး”
၂. “နွားရှေ့ထွန်ကျူး”
၃. “နတ်ကရာ...ကျီးမော့”
၎. “နေရိပ်လို..နေပူကစောင့်”
၅. “နီးရာပေါင်..ပြေးကပ်”
၆. “နှုတ်တစ်ရာ စာတစ်လုံး”
၇. “နွားကွဲရင်....ကျားဆွဲ”
၈. “နဂိုရှိမှ...နဂိုင်းထွက်”
၉. “နောင်ခါလာ..နောင်ခါဈေး”
၁၀. “နတ်တို့ဖန်....ရေကန်အသင့်..ကြာအသင့်”
၁၁. “နီးရာဓား...ကြောက်ရတယ်”
၁၂. “နေသာသပ...လေညာက”
၁၃. “နွားသိုး.ကြိုးပြတ်...”
၁၄. “နဂါးမှန်းသိအောင်..အမောက်ထောင်”
၁၅. “နှမ်းတစ်စေ့နဲ့..ဆီမဖြစ်နိုင်”
၁၆. “နှုတ်ကြောင့်သေ၊ လက်ကြောင့်ကြေ”
၁၇. “နေတော့ချုံကြား...စိတ်နေဘုံဖျား”
၁၈. “နဂါးပြည်..နဂါး..ဂဠုန်ပြည်...ဂဠုန်”
၁၉. “နှုတ်ခမ်းပဲ့ချင်း...မီးမှုတ်”
၂၀. “နောက်လာတဲ့..မောင်ပုလဲ..ဒိုင်းဝန်ထက်ကဲ”
၂၁. “နောင်တဆိုတာ..နောင်မှရ”
၂၂. “နူရာဝဲစွဲ..လဲရာသူခိုးထောင်း”
၂၃. “နေပူတုန်း...စပါးလှန်း”
၂၄. “နဂါးတို့မျက်စောင်း..အကြောင်းသုံးပါးမရွေး”
၂၅. “နေတော့ပျဉ်ထောင်..စားတော့ချဉ်ပေါင်”
၂၆. “နှာရည်စိုရွှဲ...တပို့တွဲ”
၂၇. “နီးတကျက်ကျက်..ဝေးတသက်သက်”
၂၈. “နှမလင်နေ...မောင်ဖင်ကျိန်း”
၂၉. “နဖူးစာ...ရွာလည်”
၃၀. “နှာခေါင်း...ကျည်ပွေ့တွေ့”
၃၁. “နေသေးသပ...ချုံထဲက....ချိုသွေးလို့ တမြမြ”
၃၂. “နွားအို...မြက်နုကြိုက်”



၁. “ပညာရှိသတိဖြစ်ခဲ”
၂. “ပြောမှသိ ထိမှနာ သာမှနေ သေမှခင်”
၃. “ပ၀ါပါးကို ကြက်သားထုပ်တော့ စွန်းရတတ်တယ်၊ တစ်ရွာသားကို ရည်းစားလုပ်တော့.လွမ်းရတတ်တယ်”
၎. “ပညာရှာ ပမာသူဖုန်းစား”
၅. “ပညာရွှေအိုး လူမခိုး”
၆. “ပွဲပြီး မီးသေ”
၇. “ပိုနေမြဲ..ကျားနေမြဲ”
၈. “ပျော်ပျော်နေ သေခဲ”
၉. “ပေါက်ပင်..ဘာကြောင့်ကိုင်းရတယ်...”
၁၀. “ပြောတော့မိုး..ထိုးတော့မြေကြီး..”
၁၁. “ပျံလေတဲ့ငှက်ခါး...နားကာမှသိရမယ်”
၁၂. “ပျက်အစဉ်...ပြင်ခဏ”
၁၃. “ပွဲလန့်တုန်း.ဖျာခင်း”
၁၄. “ပြောတော့မူး..လူးတော့အိုင်”
၁၅. “ပျောက်သောသူရှာရင်တွေ့...သေသောသူကြာရင်မေ့”
၁၆. “ပျာသလောက်...ဖွဲမထွက်”
၁၇. “ပြဿနာ..မီးခွက်ထွန်းရှာ”
၁၈. “ပန်းသတင်း.လေညှင်းဆောင်..လူသတင်း.လူချင်းဆောင်”
၁၉. “ပညာရှိအမျက်..အပြင်မထွက်”
၂၀. “ပုလင်းတူ...ဘူးဆို့”
၂၁. “ပညာလို...အိုသည်မရှိ”
၂၂. “ပလိုင်းပေါက်နဲ့..ဖားကောက်”
၂၃. “ပိုးသာကုန်..မောင်ပုံစောင်းမတတ်”
၂၄. “ပုဆိုးခြုံထဲက..လက်သီးပြ”
၂၅. “ပါးစပ်က..ဘုရား.ဘုရား..လက်က..ကားယား.ကားယား”
၂၆. “ပျားအုံကို..တုတ်နဲ့ထိုး”
၂၇. “ပုပ်လို့ပေါ်..ဟုတ်လို့ကျော်”
၂၈. “ပညာရဲရင့်...ပွဲလယ်တင့်”
၂၉. “ပြဒါးတစ်လမ်း...သံတစ်လမ်း”
၃၀. “ပန်းပဲသူကြီး...မီးပူမကင်းနိုင်”
၃၁. “ပေးတိုင်းလည်း..မယူနဲ့....ကျွေးတိုင်းလည်း...မစားနဲ့..
၃၂. “ပျိုတိုင်းကြိုက်တဲ့...နှင်းဆီခိုင်”
၃၃. “ပဒိုင်းသီးလို....ဆုပ်လဲစူး...စားလဲရူး”
၃၄. “ပြည်ပန်းညိုချိုပါလျက်....ဆားခတ်မှ အရသာပျက်”
၃၅. “ပါးပုပ်၍..လက်ဝှက်သည်”
၃၆. “ပြဿနာမရှိ...ပြဿနာရှာ”
၃၇. “ပန်းထိမ်တတ်မတတ်..ဂဟေစပ်သက်သေ”
၃၈. “ပျားရည်နဲ့ဝမ်းချ”
၃၉. “ပြုသူအသစ်...ဖြစ်သူအဟောင်း”
၄၀. “ပွဲမ၀င်ခင်..အပြင်ကကျင်းပ”
၄၁. “ပို့မယ့်ပို့...ကူးတို့ရောက်အောင်ပို့..”
၄၂. “ပလီစိ...ချောက်ချက်”
၄၃. “ပါးစပ်ပါ..ရွာရောက်”
၄၄. “ပြောမယုံ...ကြုံဖူးမှ.သိ”
၄၅. “ပလူမွှေး..ပလူတောင်”
၄၆. “ပေါက်တဲ့ နဖူး မထူး”
၄၇. “ပိုးဖလံမျိုး...မီးကိုတိုး”
၄၈. “ပြောပြောပြီးပြီး..တီးတီးမြည်မြည်”
၄၉. “ပြန်မပြော....နားမထောင်”
၅၀. “ပုထုဇနော..ဥမ္မတကော”



၁. “ဖောင်စီးရင်း ရေငတ်”
၂. “ဖားတုလို့..ခရုခုန်..အိုင်ပျက်ရုံရှိမပေါ့”
၃. “ဖြစ်သမျှအကြောင်း..အကောင်း”
၎. “ဖွတ်မရ...ဓားမဆုံး”
၅. “ဖတ်ပေါ်ဆူးကျလဲ..ဖတ်ပေါက်...ဆူးပေါ်..ဖတ်ကျလဲ..ဖတ်ပေါက်”
၆. “ဖားအော်တာ..လူသိသော်လဲ..မြွေကိုက်တာ..လူမသိ”
၇. “ဖိုးသူတော်မျက်စိလည်လေ...ဆန်ရလေ”
၈. “-င်မနိုင်ဘဲ..ပဲကြီးဟင်းစား”
၉. “ဖွတ်ကျော..ပြာစု”
၁၀. “ဖိတ်ချင်းဖိတ်..ကိုယ့်အိတ်ထဲဖိတ်”
၁၁. “ဖိုးသူတော်လဲ..တောင်ဝှေးမထူနိုင်”
၁၂. “ဖောင်လှေစီးစီး..လှေကြီးရခိုင်”
၁၃. “ဖာတစ်လုံး..ခေါင်းကျား”



၁. “ဘနဖူး သိုက်တူးမယ့်သူ”
၂. “ဘူးကောင်းမှ စင်ခံ”
၃. “ဘမျိုး...ဘိုးတူ”



၁“မပြည့်တဲ့အိုး ဘောင်ဘင်ခတ်”
၂. “မိုးထိအောင် လှေကားထောင်”
၃. “မိန်းမတို့အိနြေ္ဒ..ရွှေပေးလို့မရ”
၎. “မေးပါများ..စကားရ”
၅. “မအိပ်မနေ..အသက်ရှည်”
၆. “မြွေမသေ..တုတ်မကျိုး”
၇. “မျက်နှာသာပေး...ရွှေရေးပန်းကန်တက်”
၈. “မသိလျှင်မေး...မစင်လျှင်ဆေး”
၉. “မ..ဘက်လိုက်တော့...မိုက်ဘက်ပါ”
၁၀. “မောင်တစ်ထမ်း....မယ်တစ်ရွက်”
၁၁. “မြင်းကမလှုပ်...ခုံကလှုပ်”
၁၂. “မစားရတဲ့အမဲ..သဲနဲ့ပက်”
၁၃. “မယားနေစ...ကြောင်သေမှ”
၁၄. “မီးများမီးနိုင်...ရေများရေနိုင်”
၁၅. “မချစ်သော်လည်း...အောင့်ကာနမ်း”
၁၆. “မြေနိမ့်ရာ...လှံစိုက်”
၁၇. “မိုးရွာတုန်း...ရေခံ”
၁၈. “မျက်နှာကြီးရာ..ဟင်းဖတ်ပါ”
၁၉. “မသိသူကျော်စား...သိသူဖော်စား”
၂၀. “မြွေမြွေချင်း..ခြေမြင်”
၂၁. “မူးကို.မြစ်ထင်”
၂၂. “မျက်ကန်း..တစ္ဆေမကြောက်”
၂၃. “မယားဆို..ပျိုမှ..သမားဆို..အိုမှ”
၂၄. “မမှားသောရှေ့နေ...မသေသောဆေးသမား..မရှိ”
၂၅. “မျက်ဖြူစိုက်လေ...ဆရာကြိုက်လေ..”
၂၆. “မလို...ကူးတို့ခတောင်း”
၂၇. “မင်းနားတစ်ထောင်..မင်းမြှောက်တစ်သိန်း”
၂၈. “မျောက်ပြ..ဆန်တောင်း”
၂၉. “မကတတ်သော်....ဖျာကိုအပြစ်တင်”
၃၀. “မြွေပါလည်းဆုံး...သားလည်းဆုံး”
၃၁. “မည်းမည်းမြင်ရာ...ငါ့ယောက္ခမထန်းတောမလုပ်ချင်နဲ့”
၃၂. “မီးစတစ်မှုတ်...ရေတစ်မှုတ်”
၃၃. “မီးဝေး...ချိတ်မာ”
၃၄. “မြွေမကြောက်....ကင်းမကြောက်”
၃၅. “မောင်မောင်ဆိုလေ....ထီးရိုးရှည်”



၁. “ယုန်တောင်ပြေး..ခွေးမြောက်လိုက်”
၂. “ယုန်ကမတိုး..ပိုက်ကတိုး”
၃. “ယင်ကောင်မြင်တိုင်း..လေယာဉ်မထင်နဲ့”



၁. “ရည်းစားလူလု..အူနုကျွဲခတ်”
၂. “ရလေလိုလေ..အိုတစ္ဆေ”
၃. “ရိုးရိုးကျင့် မြင့်မြင့်ကြံ”
၎. “ရတာမလို..လိုတာမရ”
၅. “ရည်းစားတစ်ထောင်..လင်ကောင်းတစ်ယောက်”
၆. “ရာသီမသိ...ပန်းနဲ့ညှိ”
၇. “ရရစားစား..၀ါးဝါးမြိုမြို”
၈. “ရှိတန်ဆာ...မရှိဝမ်းစာ”
၉. "ရှိလျှင်တန်ဆာ၊ မရှိလျှင်ဝမ်းစာ"
၁၀. “ရွှေအကြောင်း..ဖယောင်းသက်သေ”
၁၁. “ရှဥ့်လည်းလျှောက်သာ..ပျားလည်းစွဲသာ”
၁၂. “ရွာနားကမြက်...ရွာနွားမစား”
၁၃. “ရာဇ၀တ်အိုး...တုတ်နဲ့ထိုး”
၁၄. “ရှမ်းကြိုက်ရင်..နွားချော”
၁၅. “ရတနာရှိရာ..ရတနာလာ”
၁၆. “ရေသာများ၍.ငါးမတွေ့”
၁၇. “ရှေ့နေငှားမှ...ထောင်လုံးလုံးကျ”
၁၈. “ရှေးထုံးလည်းမပယ်နဲ့...ဈေးသုံးလည်းမကြွယ်နဲ့”
၁၉. “ရေကြည်ရာ..မြက်နုရာ”
၂၀. “ရှာဖွေလေ..တွေ့ရှိလေ”
၂၁. “ရန်သူပြန်မှ..ဒူးလေးပြင်”
၂၂. “ရှားပင်အိုလေ...အနှစ်ပြည့်လေ”
၂၃. “ရယ်သောသူ...အသက်ရှည်၏”
၂၄. “ရာဇ၀တ်ဘေး..ပြေးမလွတ်”
၂၅. “ရေများရေနိုင်..မီးများမီးနိုင်”
၂၆. “ရန်ကိုရန်ချင်း..မတုံ့နှင်းနှင့်”
၂၇. “ရှင်နည်းရာ..အဂ္ဂလူထွက်”
၂၈. “ရှောင်လေဝေးဝေး..မူးယစ်ဆေး”
၂၉. “ရေစီးတစ်ခါ....ရေသာတစ်လှည့်”
၃၀. “ရှင်ဘုရင်တစ်ခါထွက်...ပဲကြီးတစ်လှေချက်”
၃၁. “ရေမနောက်.....ကြာမရှောက်”
၃၂. “ရွှေပင်နားတော့....ရွှေကျေး”



၁. “လူလိမ္မာသား ယဉ်ပါး”
၂. “လသာတုန်း ဗိုင်းငင်”
၃. “လည်လွန်းတဲ့ဘီး ချီးသင့်”
၎. “လူမိုက်သား ရမ်းကား”
၎. “လင်ကိုဘုရား..သားကိုသခင်”
၅. “လယ်ထွန်သွား..နွားမေ့”
၆. “လူပျို့လက်..၀က်မြီး”
၇. “လိုတာမရ...ရတာမလို”
၈. “လွယ်မယောင်နဲ့ခက်....တိမ်မယောက်နဲ့နက်”
၉. “လမ်းမသိ....ခွေးနောက်လိုက်”
၁၀. “လူမလေး....ခွေးမခန့်”
၁၁. “လာဘ်ပေးလာဘ်ယူ...တို့ရန်သူ”
၁၂. “လူတူမရှား...နာမည်တူမရှား”
၁၃. “လူ့အလို..နတ်မလိုက်နိုင်”
၁၄. “လူအကြောင်း..ပေါင်းမှသိ”
၁၅. “လူနေချုံကြား...စိတ်နေဘုံဖျား”
၁၆. “လှတာမက်ရင်...ညစာခက်တယ်”
၁၇. “လှေအဆင်း...ကုန်းအတက်”
၁၈. “လူ့စည်း..ဘီလူးစည်း”
၁၉. “လူတစ်ကိုယ်..အကြိုက်တစ်မျိုး”
၂၀. “လူအမျိုးမျိုး..စိတ်အထွေထွေ”
၂၁. “လူပြောမသန်...လူသန်မပြော”
၂၂. “လာမယ့်ဘေး...ပြေးတွေ့”
၂၃. “လင်နဲ့မယား...လျှာနဲ့သွား”
၂၄. “လွတ်တဲ့ငါး..ကြီး”
၂၅. “လင်းနို့ခွန်တောင်း.ကြွက်...ကြွက်ခွန်တောင်း.လင်းနို့”
၂၆. “လူမှာအမျိုး...ကြက်မှာအရိုး”
၂၇. “လိုက်လေ...ဝေးလေ”
၂၈. “လုံ့လလည်းထူ...မိုးလည်းကူ..နွားချေးလည်းချ..ကံလည်းမ”
၂၉. “လူပျင်းလုံ့လ..တစ်ခဏ”
၃၀. “လာချင်ရင်..အနီးလေး..မလာချင်ရင်..ခရီးဝေး”
၃၁. “လင်စံရွေး...လင်ခွေးနဲ့ရ”
၃၂. “လျင်သူ...စားစတမ်း”
၃၃. “လှေနံ..နှစ်ဖက်နင်း”
၃၄. “လက်ပံပွင့်ချိန်....ခွေးရူးထချိန်”



၁. “၀.မရှိဘဲ...၀ိ...မလုပ်နဲ့”
၂. “၀ါးလုံးခေါင်းထဲ..လသာ”
၃. “၀ါဝါမြင်တိုင်း...ရွှေအစစ်လို့မထင်နဲ့”
၎. “၀ါဆိုဝါခေါင်..ရေဖောင်ဖောင်”



၁. “သတိပညာ ဥာဏ်မြေကတုတ် ချွန်းကဲ့သို့အုပ်”
၂. “သူများအကျိုးဆောင် ကိုယ်ကျိုးအောင်”
၃. “သူခိုးပြေးမှ ထိုးကွင်းထ”
၎. “သေချင်တဲ့ကျား တောပြောင်း”
၅. “သေသောသူ ကြာရင်မေ့...ပျောက်သောသူ..ရှာရင်တွေ့”
၆. “သတိမမူ ဂူမမြင်”
၇. “သခွပ်ပင်က..မီးတကျည်ကျည်”
၈. “သူများယောင်လို့.လိုက်ယောင်...အမောင် တောင်မှန်းမြောက်မှန်းမသိ”
၉. “သစ်တစ်ပင်ကောင်း...ငှက်တစ်သောင်းနားနိုင်”
၁၀. “သူ့အိုးနဲ့သူ့ဆန်..တန်ရုံကောင်း”
၁၁. “သားသမီးမကောင်း မိဘခေါင်း”
၁၂. “သက်ကြီးစကား သက်ငယ်ကြား”
၁၃. “သူများမကောင်းကြံ..ကိုယ်သာခံ”
၁၄. “သေမြေကြီး....ရှင်ရွှေထီး”
၁၅. “သံသေ.တစ်ဆွေဝ....ပြဒါးသေ.တစ်ပြည်ဝ”
၁၆. “သားကိုသခင်..လင်ကိုဘုရား”
၁၇. “သားရေပေါ်အိပ်...သားရေနားစား”
၁၈. “သီးချိန်တန်သီး..ပွင့်ချိန်တန်ပွင့်”
၁၉. “သိသာသိစေ...မမြင်စေနဲ့”
၂၀. “သဲထဲရေသွန်”
၂၁. “သမီးမွေးမှ...ဓားတသွေးသွေး”
၂၂. “သူများတံတွေးခွက်....ပက်လက်မျော”
၂၃. “သူခိုးကျင့်...သူခိုးကြံ”
၂၄. “သားကောင်လည်း.မုဆိုး.....မုဆိုးလည်း.သားကောင်”
၂၅. “သံကိုကြွက်စား...သားကိုစွန်ချီ”
၂၆. “သခင်အားရ...ကျွန်ပါးဝ”
၂၇. “သူတော်ကောင်း..နတ်ကောင်းမ”
၂၈. “သူခိုးက..လူဟစ်”
၂၉. “သူခိုးရွှေရ...တပြပြ”
၃၀. “သမီးတစ်ကောင်...နွားတစ်ထောင်”
၃၁. “သမင်မွေးရင်း...ကျားစားရင်း”
၃၂. “သူကြီးဘုရား..ရွာသားကောင်းမှု”
၃၃. “သားသမီးယုံ...စုံလုံးကန်း”
၃၄. “သင်ကောင်းလျှင်...ကျွန်ုပ်မဆိုးပါ...”
၃၅. “သစ်မရှိခင်စပ်ကြား...၀ါးဖောင်ကွပ်”
၃၆. “သမင်ဆယ်လှမ်း..ကျားတစ်လှမ်း”
၃၇. “သစ်မရခင် ၀ါးကူ”
၃၈. “သောင်မတင်..ရေမကျ”
၃၉. “သူ့ဆန်စား ရဲရ”
၄၀. “သစ်ပင်မှန်ရင် အမြစ်နဲ့.....လူမှန်ရင် အချစ်နဲ့”
၄၁. “သင်ကောင်းလျှင်...ကျွန်ုပ်မဆိုးပါ”
၄၂. “သိကြားမင်း ကျွဲယောင်ဆောင်...ချိုကား”



၁. “ဟောက်တိုင်းလည်း..မကြောက်နဲ့”
၂. “ဟောင်လွန်းတဲ့ခွေး..လူမလေး”



၁. “ဠင်းတလောက်တော့...ငှက်တိုင်းလှ”



၁. “အိုးကမပူ စလောင်းကပူ”
၂. “အစကောင်းမှ အနှောင်းသေချာ”
၃. “အိုးချင်းထားတော့ အိုးချင်းထိ”
၎.“အချစ်ကြီးရင် အမျက်ကြီးတယ်”
၅. “အချိန်နှင့်ဒီရေသည်..လူကိုမစောင့်”
၆. “အမှိုက်ကစ..ပြသဒ်မီးလောင်”
၇. “အချိန်ရှိခိုက်...လုံ့လစိုက်”
၈. “အနာပေါ်တုတ်ကျ”
၉. “အပေါ်ယံရွှေမှုန်ကြဲ....အထဲကနောက်ချေးခံ”
၁၀. “အကြံကုန်...ဂဠုန်ဆားချက်”
၁၁. “အိုးမလုံ...အုံပွင့်”
၁၂. “အမေပြောတော့..တစ်လ....မယားပြောတော့ တစ်ည”
၁၃. “အကျိုးဆော့.....အကန်းမော့”
၁၄. အချစ်ကြီးရင် အမျက်ကြီးတယ်"

Wednesday, January 22, 2014



Prosthesis လို့အမည်ပေးထားတဲ့ စက်ရုပ် ဖြစ်ပြီး ကနေဒါက အိုင်တီ ပညာရှင်၊ စက်ရုပ်ပညာရှင်တို့ ကြိုးစားဖန်တီးလိုက်ခြင်း ဖြစ်ကြောင်း သိရ ပါတယ်။


ကမ္ဘာ့အမြန်ဆုံး သွားနိုင်မယ့် စက်ရုပ်လည်း ဖြစ်လာမှာ ဖြစ်ပါတယ်။ တစ်နာရီ ၁၉ မိုင်နှုန်းသွားနိုင်ပြီး မိုင်ပေါင်း ၁၀၀ လောက်ထိ မနားမနေ သွားနိုင်မှာ ဖြစ်ပါတယ်။ လစ်သီယမ် ဘက်ထရီက ကီလိုဝပ်အား ၂၃၀  အား စွမ်းအင် (မြင်းကောင်ရေအားဖြင့် ၃၀၀) ထုတ်လုပ်နိုင်ပြီး အပိုစွမ်းအင် ဖြည့် ဆည်းပေးမယ့် နည်းပညာတွေလည်း ပါဝင် အုံးမှာ ဖြစ်ပါတယ်။

စစ်တပ်သုံး တင့်ကား၊ မော်တော်ယာဉ်များကို အခြေခံလို့ ဒီဇိုင်းဆွဲ ဖန်တီး ထားတဲ့ စက်ရုပ် ဖြစ်ပါတယ်။ ခြေထောက် လေးချောင်းပါဝင်ပြီး အထဲမှာ ထိုင်ပြီး လူမောင်းနှင်လို့ရအောင် ဖန်တီးပေးထားပါတယ်။ ယင်း အထဲက လူက စက်ရုပ်ကို ထိန်းချုပ်မောင်းနှင် ရမှာ ဖြစ်ပါတယ်။ စက်ရုပ်က ပေါင် ၇၇၀ လေးပြီး အမြင့် ၁၆ ပေ ရှိပါတယ်။ ဒီတော့ အရွယ်ကြီး စက်ရုပ် ပါပဲ။ Pacific Rim ရုပ်ရှင်ထဲကလို စက်ရုပ်တွေ တကယ် ဖြစ်လာတော့မှာ ဖြစ်ပါတယ်။

လာမယ့် ၂၀၁၅  ခုနှစ် နှစ်ကုန်ပိုင်းလောက်မှာ Prosthesis လို့ အမည်ပေးထားတဲ့ ယင်းစက်ရုပ်ကို အပြီးသတ် ထုတ်လုပ်သွားနိုင်ဖို့ ခန့်မှန်း ထားကြောင်း သိရ ပါတယ်။
.
Ref: gizmag
အောင်ခမ်း ( www.innewsmyanmar.com )


ပုံမှာ မြင်တွေ့နေရတဲ့ ဖန်ပြား အဝိုင်းလေး တစ်ခုပမာ ပစ္စည်း ဖြစ်ပြီး ဗြိတိန်နဲ့ နယ်သာလန် Scientist တို့ တီထွင် ဖန်တီးထားတဲ့ ပစ္စည်း ဖြစ်ပါတယ်။ ယင်းဖန်ပြားငယ်လေးက 4.7 GB ဝန်းကျင်ရှိတဲ့ Standard DVD အချပ်ပေါင်း ၇သောင်းခွဲရဲ့  သိမ်းဆည်းအားနဲ့ ညီမျှကြောင်း ဆိုပါတယ်။


အတိအကျအားဖြင့် 360 TB (Terabytes) ဖြစ်ပါတယ်။ နောက်ထပ် ထူးခြားမှု တစ်ခုက အသိမ်းခံခြင်း ဖြစ်ပါတယ်။ နှစ်ပေါင်း ၁ သန်းကျော်တောင် မပျက်ဆီး မဆုံးရှုံးနိုင်အောင် ထိန်းသိမ်း၊ သိမ်းဆည်း ထားနိုင်မှာ ဖြစ်ပါတယ်။ ဒီတော့ လက်ရှိ ထွက်ပေါ်နေတဲ့ အချက် အလက် သိမ်းဆည်း ပစ္စည်းများထက် အဆပေါင်းများစွာ သာလွန်နေတာ ကို တွေ့မြင်ရ ပါတယ်။ ဒါကြောင့် သူ့ကို "Superman Memory Crystal" လို့ အမည်ပေးထားပါတယ်။ သေးငယ်လှတဲ့ အချက်ပြားက အမှန်တော့ အထပ်ပေါင်းများစွာ ခံထားပြီး အတွင်းသို့ အချက်အလက်များကို လေဆာနဲ့ အသုံးပြုလို့ သိမ်းဆည်း စေခြင်း ဖြစ်ပါတယ်။

အပူချိန် ၁၀၀၀ ဒီဂရီ စင်တီဂရိတ်ရှိတဲ့ လေထုပတ်ဝန်းကျင်မှာတောင် ဘာမှ မပျက်ဆီးအောင် သူ့အလိုအလျောက် ထိန်းသိမ်းထားနိုင်တဲ့ ပစ္စည်း ဖြစ်ပါ တယ်။ 2013 Conference of Lasers and Electro-Optics မှာ ဝင်ရောက် မိတ်ဆက်သွားတဲ့ နည်းပညာ ဖြစ်ပြီး နှစ်အနည်းငယ်အတွင်း အများအသုံးပြု နိုင်ရန် ထုတ်လုပ်သွားမှာ ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref: piysicsworld.com
အောင်ခမ်း ( www.innewsmyanmar.com )
ပွင့်လင်းခြောက်သွေ့သည့်ရာသီသို့ ရောက်လာသောအခါ လမ်းဘေးအရိပ်အာဝါသကောင်းသည့်နေရာများ၌ ရေချမ်းစင်လေးများ ဆောက်လုပ်လှူဒါန်းပြီး ကုသိုလ်ယူကြသည်မှာ မြန်မာလူမျိုးတို့၏ ချစ်စရာဓလေ့စရိုက် ပင်ဖြစ်သည်။ ထိုသို့ ဆောက်လုပ်လှူဒါန်းကြသည့် ရေချမ်းစင်များမှာ အများအားဖြင့် လေးတိုင်စင်၊ ဝါးပေါက်စိပ်တိုင်တို့ဖြင့် ဆောက်လုပ်လေ့ရှိကြသည်။

ထူးခြားသည့်ရေချမ်းစင်လေးတစ်ခုကို ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် မင်ရွာကျေးရွာ၌ တွေ့ရှိခဲ့သည်။ အခြားရေချမ်းစင်များနှင့်မတူဘဲ ရှေးမြန်မာအမျိုးသားကြီးတစ်ယောက်က သောက်ရေအိုးနှစ်လုံးကို ဆိုင်းထမ်းဖြင့် ထမ်းထားသည့်ပုံနှင့် ဆောက်လုပ်လှူဒါန်းထားသည်မှာ အမြင်တစ်မျိုးထူးခြား ဆန်းသစ်နေပြီး ဆောက်လုပ်လှူဒါန်းသည့် ရွာသူရွာသားတို့၏ စိတ်ကူးကောင်း ပုံကိုလည်း လေးစားဂုဏ်ယူမိသည်။

ငွေသိန်း(မှော်ဘီ)
The Mirror Daily
Posted by ဆူးအေမီ on 8:35 AM in | No comments
ကမ္ဘာ့အချမ်းသာဆုံး လူပုဂ္ဂိုလ် ၈၅ ယောက်တို့ရဲ့ ချမ်းသာကြွယ်ဝမှု ပမာဏဟာ ကမ္ဘာ့လူဦးရေ သန်း ၇,၀၀၀ ကျော်ထဲက ထက်ဝက်ဖြစ်တဲ့ ဆင်းရဲသားတွေရဲ့ ချမ်းသာကြွယ်ဝမှု ပမာဏနဲ့ ညီမျှတယ်လို့ လူ့အခွင့်အရေးအဖွဲ့တခုဖြစ်တဲ့ Oxfam က ပြောလိုက်ပါတယ်။

အစိုးရနဲ့ စီးပွားရေးခေါင်းဆောင်တွေ ဒီသီတင်းပတ်အတွင်း စုဝေးတက်ရောက်ကြမယ့် ဆွစ်ဇာလန်နိုင်ငံ၊ ဒါးဗို့စ်မြို့က ကမ္ဘာ့စီးပွားရေးဖိုရမ် မတိုင်ခင်မှာပဲ ကမ္ဘာလုံးဆိုင်ရာ ဆင်းရဲချမ်းသာကွာဟမှု လေ့လာချက်တခုကို Oxfam အဖွဲ့က တနင်္လာနေ့မှာ ထုတ်ပြန်ခဲ့တာပါ။

ချမ်းသာသူတွေဟာ အခွန်နည်းနည်းပဲပေးရဖို့၊ ဥစ္စာဓနကို ပြည်ပမှာ သွားထားဖို့နဲ့ ကိုယ်ကျိုးစီးပွားအတွက် သူတို့ရဲ့ နိုင်ငံရေး သြဇာအာဏာကို အသုံးပြုခဲ့တယ်လို့ အစီရင်ခံစာ ပူးတွဲပြုစုသူ Nick Galasso က ဗွီအိုအေကို ပြောပါတယ်။


ဆင်းရဲချမ်းသာကွာဟမှု ကြီးမားတာဟာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေတယ်၊ အလွန်အမင်း ဆင်းရဲနွမ်းပါးမှုကို လျှော့ချဖို့ ခက်ခဲစေတယ်၊ ရာဇ၀တ်ပြစ်မှုနဲ့ ရောဂါဘယတွေ အပါအ၀င် လူမှု ဘေးဥပဒ်အမျိုးမျိုး ဖြစ်စေတယ်လို့ Nick Galasso က ပြောပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)



>>ဂန္တ၀င်သိပ္ပံပညာရှင် ဆာအိုက်ဆက် နယူတန်အကြောင်း (၁)<<


ဆာအိုက်ဆက် နယူတန် (Sir Isaac Newton) (၁၆၄၃ ဇန္နဝါရီလ ၄ - ၁၇၂၇ မတ်လ ၃၁) သည် အင်္ဂလိပ်လူမျိုး ရူပဗေဒပညာရှင်၊ သင်္ချာပညာရှင်၊ နက္ခတ္တဗေဒပညာရှင်၊ အတွေးအခေါ်ပညာရှင်၊ အဂဿဂိရတ်ပညာရှင် တစ်ဦးဖြစ်ပြီး ကမ္ဘာ့သမိုင်းတွင် ဩဇာလွှမ်းမိုးမှု ကြီးမားသူတစ်ဦးအဖြစ် အများက ယူဆထားသည်။နယူတန်သည် ၁၆၈၇ ခုနှစ်တွင် ကမ္ဘာမြေကြီး၏ဆွဲငင်အားနှင့် သက်ဆိုင်သည့် နိယာမများကို ထုတ်ပြန်ခဲ့သည်။ ယင်း လှုပ်ရှားမှုဆိုင်ရာ နယူတန် နိယာမ သုံးရပ်သည် နောက်နှစ်ပေါင်း သုံးရာကျော်အတွင်း ရူပဗေဒလောကအပေါ် နက်နက်ရှိုင်းရှိုင်း သက်ရောက်ခဲ့သည်ဟု ဆိုနိုင်သည်။

နယူတန်သည်လည်း ပထမဦးဆုံးသော အဝေးကြည့်မှန်ပြောင်းကို တီထွင်ခဲ့သူ ဖြစ်သည်။အဖြူရောင် အလင်းတန်းများ သုံးမြှောင့်ဖန်တုန်းအား ဖြတ်သန်းစဉ် ရောင်စဉ် ၇ မျိုးအဖြစ် ဖြာထွက်သွားခြင်းကို အခြေခံ၍ အရောင်သီအိုရီကိုလည်း ထုတ်ပြန်ခဲ့သည်။ သူသည် အေးခဲခြင်း နိယာမကို ရေးသားခဲ့သည့်အပြင် အသံ၏ အရှိန်နှုန်းကိုလဲ လေ့လာခဲ့သည်။

ယနေ့ခေတ် သိပံ္ပပညာမှာ အံ့မခမ်းပင် ဖြစ်သည်။ ၁၇ ရာစုက သင်္ချာ နှင့် သိပ္ပံပညာရှင် ဆာအိုင်းဇက်နယူတန် ၏ သီအိုရီများ ၊ လေ့လာတွေ့ရှိချက်များ ၊ နိယာမများသာ မရှိပါလျှင် သိပ္ပံပညာလည်း ရှိမည် မဟုတ်တော့ပါ။ နောင်လာ နောက်သားများအတွက် အလွန်ကျေးဇူးများသော သိပ္ပံပညာ၏ အခြေခံသဘောတရားများကို ဖော်ထုတ်ခဲ့သော ဆာအိုင်းဇက်နယူတန်၏ ကျေးဇူးကား ကြီးမှားလှပါပေသည်။

ဆာအိုင်းဇက်နယူတန်ကို ၁၆၄၂ တွင် England နိုင်ငံ Wools Thorpe ၌ မွေးဖွားသည်။ မြေပိုင်ရှင်မျိုးရိုးဖြစ်သည်။ သူသည်မွေးဖွားစဉ်က အချိန်မတိုင်မီ လမစေ့ဘဲ မွေးလာခဲ့သော premature baby ဖြစ်သဖြင့် အလွန်သေးကွေးသည်။ နယူတန်၏ ဖခင်ဖြစ်သူမှာ သူ့ကို မမွေးဖွားမီ ၃လအလိုက ကွယ်လွန်သွားခဲ့၍ နယူတန်မှာ ဖတဆိုးလေးဖြစ်သည်။ မိခင်ဖြစ်သူမှာ သူ ၂နှစ်သားအရွယ်တွင် နောက်အိမ်ထောင်ပြုကာ နယူတန်ကို အဖွားထံတွင် ထားခဲ့လေသည်။ သူသည် ငယ်စဉ်ဘ၀တွင် ကျန်းမာရေး အလွန် ချူချာကာ အခြားသော ကလေးများကဲ့သို့ ခုန်ပေါက်ပြေးလွှား မကစားနိုင်ပေ။ နေနာရီ၊ သစ်သားတိုင်ကပ်နာရီများဖြင့်သာ ဆော့ကစား ၍ ပျော်ရွှင်ခဲ့လေသည်။ စာဖတ်ခြင်းနှင့် ဂျာနယ်များ စုဆောင်းခြင်းကို ၀ါသနာပါလေသည်။

သူနေထိုင်ရာ ရွာလေးက ကျောင်းတွင် ပညာသင်ကြားခဲ့ပြီးနောက်တွင် Grantham Grammar School သို့သွားရောက် ပညာသင်ကြားသည်။ ကျောင်းမှတ်တမ်းများအရ သူသည် ကျောင်းတွင် အညံ့ဆုံးနှင့် ကျောင်းစာတွင် အာရုံ စူးစိုက်မှု မရှိဆုံး ကျောင်းသားဖြစ်သည်။ ဂရမ်သမ်ကျောင်းသည် သူ့အိမ်မှ ၅မိုင်ခန့်သာ ကွာဝေးသော်လည်း ဘယဆေးဆရာတစ်ဦး၏ နေအိမ်တွင် နေထိုင်ကာ ကျောင်းတက်ခဲ့သည်။ဘယဆေးဆရာ၏ သမီးဖြစ်သူ Miss Storey နှင့်ရည်ငံကာ စေ့စပ်ေကြောင်းလမ်းခဲ့သည်။

နယူတန်၏ဦးလေး ဖြစ်သူက တိုက်တွန်းသဖြင့် အသက် ၁၉ နှစ်သားအရွယ်တွင် Cambridge University သို့ သွားရောက်ပညာသင်ကြားခဲ့သည်။ ၁၆၆၁ ဇွန်လ ၅ရက်နေ့တွင် သူသည် Trinity College ၊ Cambridge သို့ဝင်ရောက်ခဲ့သည်။ သူသည် အခြားကျောင်းသား များထက် အသက်ကြီးပြီး Trinity College ကောလိပ်တွင် ပညာသင်စရိတ်ကို အခြား ကျောင်းသားများ၏ အစေခံအလုပ်ကို လုပ်ကာ ရှာဖွေခဲ့လေသည်။

ဆက်လက်ဖော်ပြပါမည်။

Source: မှတ်စုစာအုပ်
>>ဂန္တ၀င်သိပ္ပံပညာရှင် ဆာအိုက်ဆက် နယူတန်အကြောင်း (၂)<<


နယူတန်သည် တွင် ဥပဒေ ပညာရပ်ကိုသင်ယူခဲ့သည်။ Aristotle ၊ Descartes ၊ Gassendi ၊ Hobbes ၊Boyle တို့၏ ဒဿနိကဗေဒ ကိုလေ့လာ သင်ယူခဲ့သည်။ ဂယ်လီလီယို၏ နက္ခတ္တဗေဒ က သူ့အား အထူး ဆွဲဆောင်ခဲ့ပြီး Kepler ၏ Optics ကိုလည်း လေ့လာ သင်ယူခဲ့သည်။ သု့အတွေးများ၏ မှတ်တမ်းသဖွယ်ဖြစ်သော Quaestiones Quaedam Philosophicae (Certain Philosophical Questions) စာအုပ်ကို ထုတ်ဝေခဲ့သည်။ ထိုစာအုပ်တွင် ပလေတိုသည် ကျွန်တော်၏ သူငယ်ချင်း ဖြစ်သည်။ အရစ္စတိုတယ်သည် ကျွန်တော်၏ သူငယ်ချင်းဖြစ်သည်။ သို့သော် ကျွန်တော်၏ အကောင်းဆုံး သူငယ်ချင်းမှာ အမှန်တရားဖြစ်သည်ဟု ရေးသားခဲ့သည်။

၁၆၆၃ နွေနှောင်းရာသီတွင် သူသည် သင်္ချာဘာသာရပ်ကို စတင်ကာ စိတ်ဝင်စားခဲ့သည်။ သင်္ချာဘာသာရပ်နှင့် ဆက်နွယ်ကာ နက္ခတ္တဗေဒ ဘာသာရပ်ကိုလည်း လေ့လာခဲ့သည်။ ၁၆၆၃ ပြီလ ၂၈ ရက်တွင် ကောလိပ်၏ ပညာသင်ဆုရ ကျောင်းသားအဖြစ် ရွေးချယ်ခြင်းကို ခံရသည်။ နယူတန်သည် ကျောင်းပညာရပ်များတွင်သာ စိတ်ဝင်စားနေရာ သူ၏ အချစ်ဇာတ်လမ်းမှာ အေးစက်သွားခဲ့ပြီး စေ့စပ်ထားသော ချစ်သူ Miss Storey က အခြားလူတစ်ယောက်နှင့် လက်ထပ်သွားလဲ့လေသည်။ နယူတန်သည် အချစ်ကို တန်ဖိုးထား မြတ်နိုးလေသူ ဖြစ်သဖြင့် နောက်ထပ် အချစ်မရှာ ၊ အိမ်ထောင်လည်း မပြုပေ။

၁၆၆၅ ဧပြီလတွင် ဘီအေဘွဲ့ကို ရရှိခဲ့သည်။ ထိုနှစ်တွင်ပင် ကြောက်မက်ဖွယ် ကောင်းသော ပလိပ်ရောဂါဆိုးကြီးက ဥရောပသို့ ကူးစက်လာရာ တက္ကသိုလ်များကို ၂နှစ်ခန့်ပိတ်လိုက်သဖြင့် သူ့ဇာတိဖြစ်သော Woolsthorpe သို့ပြန်လာရသည်။

နယူတန်သည် အိမ်မှာနေစဉ်အတွင်း သင်္ချာဘာသာရပ်ကို မပြတ်လေ့လာနေခဲ့သည်။ ကျောင်းပိတ်ထား ၍အိမ်မှာနေစဉ် ၂ နှစ်အတွင်းတွင် သချာင်္ နှင့် ရူပဗေဒ ဆိုင်ရာ ပြ နာများကို တွေ့ရှိ ဖြေရှင်းနိုင်ခဲ့သည်။ ကမ္ဘာ မြေကြီးဆွဲအားနိယာမ (The Law of Universal Gravitation) ၊ အဖြူရောင်သည် သက်တန့်ရောင်စဉ်များဖြင့် ဖွဲ့စည်းထားကြောင်း (The Theory of Optics) ၊ သင်္ချာဘာသာရပ်ဖြစ်သော integral and differential calculus များကို ရှာဖွေတွေ့ရှိခဲ့သည်။

နေအိမ်ခြံဝင်းအတွင်းတွင်ထိုင်နေစဉ် ပန်းသီးပင်ပေါ်မှ ပန်းသီးကြွေကျသည်ကို တွေ့ရှိ၍ ကမ္ဘာမြေကြီးဆွဲအားကို ရှာဖွေ ဖော်ထုတ်နိုင်ခဲ့သည်။ ဂြိုလ်များ၏ ပတ်လမ်းများကို တွေ့ရှိခဲ့သည်။ ဂျူပီတာဂြိုလ်၏ အရံဂြိုလ်များနှင့် ပတ်လမ်းများကို တွေ့ရှိခဲ့သည်။ နယူတန်သည် ၁၆၇၁ တွင် De Methodis Serierum Fluxionum (On the Methods of Series of Fluxions) စာအုပ်ကို လက်တင်ဘာသာဖြင့် ရေးသားခဲ့သော်လည်း မထုတ်ဝေဖြစ်ခဲ့ပေ။၁၇၃၆ တွင်မှ အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေခဲ့သည်။

နယူတန်သည် သူ၏ ရှာဖွေတွေ့ရှိသည်များကို စာအုပ်ထုတ်ဝေရန် အမြဲစိတ်မပါ ဖြစ်လေ့ရှိသည်။ ပလိပ်ရောဂါဆိုးကြီး ကင်းစင်ပပျောက်ပြီးနောက် ၁၆၆၇ တွင် Cambridge University ပြန်ဖွင့်သောအခါ ကျောင်းပြန်တက်ခဲ့ပြီးနောက် တစ်နှစ်အကြာတွင် မဟာဝိဇာ ဘွဲ့ကို ရရှိခဲ့သည်။ ၁၆၆၉ တွင် အသက် ၂၇ နှစ်မပြည့်မီတွင် သင်္ချာပါမောက္ခ ရာထူးရရှိလဲ့သည်။ ၁၆၈၄တွင် De Motu စာအုပ်ကို ထုတ်ဝေခဲ့ပြီး အာကာသသိပံ္ပကို ရှင်းပြနိုင်ခဲ့သည်။

နောင် ၂နှစ်အကြာတွင် သိပံ္ပပညာရပ်ဆိုင်ရာ သမိုင်းကြောင်းတွင် အရေးပါဆုံး ၊ အရေးအကြီးဆုံးဖြစ်သော Philosophiae Naturalis Principia Mathematica (The Mathematical Principles of Natural Philosophy) စာအုပ်ကို ထုတ်ဝေနိုင်ခဲ့သည်။ ၁၆၉၃ တွင် အာရုံကြော ချွတ်ယွင်းအားနည်းမှု ဝေဒနာကို ပြင်းထန်စွာ ခံစားရပြီး နာမကျန်းဖြစ်ခဲ့သည်။ ၁၆၉၆ တွင် Warden and the Master of Mint ရာထူးကို ရခဲ့သော်လည်း လန်ဒန်သို့ ထွက်ခွာလာခဲ့သည်။

၁၇၀၃ တွင် Royal Society ၏ ဥက္ကဋ္ဌ ရာထူးကို ရရှိခဲ့ပြီး နှစ်စဉ် ပြန်လည်ရွေးချယ် တင်မြှောက်ခြင်းကို ခံရလေသည်။ ၁၇၀၅တွင် အန်းဘုရင်မ (Queen Ann) က နယူတန်အား ပထမဦးဆုံးသော သိပ္ပံပညာရှင် အဖြစ် သူကောင်းပြုခဲ့ငည်။ ၁၇၁၇တွင် လက်တင်ဘာသာဖြင့် ထုတ်ဝေခဲ့သော စာအုပ်ကို အင်္ဂလိပ်ဘာသာဖြင့် ပြန်လည် ထုတ်ဝေခဲ့သည်။ ၁၇၂၇ ၊မတ်လ ၂၀ ရက်နေ့တွင် လန်ဒန်၌ ကွယ်လွန်ခဲ့သည်။

Source: မှတ်စုစာအုပ်

Sunday, January 19, 2014

ယနေ့ ကမ္ဘာတစ်ဝန်း ၌ သိပ္ပံနှင့် နည်းပညာများ ၊ သတင်း အချက်အလက် များနှင့် ဆက်သွယ်ရေး နည်းပညာများ တိုးတက် လာမှုကြောင့် နိုင်ငံ အသီးသီး၏ လူမှုစီးပွား ဘဝသည် တစ်ရှိန်ထိုး တိုးတက် ပြောင်းလဲ လာခဲ့ ပေသည်။

ယနေ့ ကျောင်းသား လူငယ်များ သည်လည်း နောင် အနာဂတ်၏ ကြယ်ပွင့် လေးများ ဖြစ်သည်နှင့် အညီ တိုးတက် ပြောင်းလဲ လာသော ကမ္ဘာကြီးကို အမီ လိုက်နိုင် စေရန် ၊ ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက် ရာတွင် တစ်ဖက် တစ်လမ်းမှ အားကိုး အားထားပြု ရမည့် အသီးအပွင့် လေးများ ၊ အသိပညာရှင် ၊ အတတ် ပညာရှင် မျိုးဆက်သစ် လေးများပင် ဖြစ်ပေသည်။

ယခုအခါ နိုင်ငံတော် အစိုးရ အနေဖြင့် ကျောင်းသား ၊ ကျောင်းသူလေး များကို ဘက်စုံ ထူးချွန်သော ကျောင်းသား လူငယ်လေးများ ဖြစ်လာစေရန် ပြုစု ပျိုးထောင် ပေးလျက် ရှိပေသည်။ ပညာထူးချွန် ထက်မြက်သည် သာမက စိတ်ဓာတ်နှင့် စည်းကမ်း ကောင်းမွန်ပြီး ကျန်းမာ ကြံ့ခိုင်သည့် သူများ ဖြစ်လာ စေရန်လည်း မျှော်မှန်း ဆောင်ရွက် ပေးလျက် ရှိသည်။


ယခုအခါ ၂ဝ၁၃ - ၂ဝ၁၄ ပညာသင်နှစ် တွင် တစ်နှစ်ပတ်လုံး ပညာသင်ကြား ခဲ့ရသည့် သင်ကြား ပြီးမြောက် ခဲ့သော ကျောင်းစာများကို ကျောင်းသား ၊ ကျောင်းသူ လေးများ အနေဖြင့် ပြန်လည် လေ့ကျင့် ကျက်မှတ် နေကြရပြီ ဖြစ်သည်။ ပျင်းရိနေ၍ မရပေ။ '' ပျင်းရိသော သူသည် အတတ်ပညာ မရနိုင်ပေ ၊ အတတ်ပညာ မရှိလျှင် ဥစ္စာပစ္စည်း မရနိုင်ပေ ၊ ဥစ္စာပစ္စည်း မရှိသူတွင် အဆွေ ခင်ပွန်းကောင်း မရနိုင်ပေ။ အဆွေ ခင်ပွန်းကောင်း မရှိသူသည် ချမ်းသာသုခ မရနိုင်ပေ။ ချမ်းသာသုခ မရှိသူသည် ကောင်းမှု ကုသိုလ် မရနိုင်ပေ ၊ ကောင်းမှု ကုသိုလ်မရှိ သူသည် နိဗ္ဗာန်ကို အဘယ်မှာ မျက်မှောက် ပြုနိုင်အံ့နည်း ''ဟု လောကနီတိ က ဆိုထားသည်။

ထို့ကြောင့် ကျောင်းသား လူငယ်လေးများ အနေဖြင့် စာမေးပွဲ ဖြေဆိုရန် အချိန် နီးကပ် နေပြီဖြစ်ရာ ကျန်းမာရေးကို ဂရုစိုက်ပြီး သင်ကြား ပြီးသော ဘာသာရပ် အလိုက် ကျက်စာ များကို ကောင်းစွာ လေ့လာ ကျက်မှတ်ပြီး တွက်စာများကို စဉ်ဆက်မပြတ် လေ့ကျင့် တွက်ချက် နေရမည့် အချိန်သို့ ရောက်ရှိ နေပြီ ဖြစ်သည်။

သို့ဖြစ်ရာ နိုင်ငံတော် အတွက် တစ်ချိန် တစ်ခါတွင် တစ်ထောင့် တစ်နေရာက အားထားရမည့် ယနေ့ ကျောင်းသား လူငယ်များ သည် ပညာပြည့်ဝ နှလုံးလှသည့် အသိ ပညာရှင် ၊ အတတ် ပညာရှင် များ ဖြစ်လာရေး အတွက် ကျောင်း သင်ခန်းစာ များကို နည်းလမ်း မှန်ကန်စွာ လေ့လာ ကျက်မှတ်ပြီး စာမေးပွဲ ဖြေဆို ကြရာတွင်လည်း စိတ်ကြည်လင် ချမ်းမြေ့စွာ ဖြေဆို နိုင်ကြစေရန် ကျန်းမာရေးကို အထူး ဂရုပြု နေထိုင်သင့် ပါကြောင်း အသိပေး ရေးသား လိုက်ရ ပေသည်။

( ၁၉-၁-၂၀၁၄ ရက် ရတနာပုံနေ့စဉ်သတင်းစာ အယ်ဒီတာ့အာဘော် )
Myawady News

ဗိုလ်ချုပ်ကြီး ခင်ညွှန့်လက်ထက် စစ်ထောက်လှန်းရေးများ တန်ခိုးထွားစဉ်က နိုင်ငံရေးလှုပ်ရှားသူများကို ဖမ်းဆီး၊  နှိပ်စက်ထောင်ဒဏ်တွေ ချမှတ်ခဲ့တာနဲ့ပတ်သက်လို့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ သဘာပတိဖြစ်တဲ့ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်၊  လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ဒေါ်နှင်းနှင်းမွှေးတို့နဲ့ ဧရာဝတီမဂ္ဂဇင်း အင်္ဂလိပ်ပိုင်းအယ်ဒီတာကျော်စွာမိုးတို့ကဆွေးနွေးထားပါတယ်။

ကျော်စွာမိုး ။  ။   ၁၉၈၈ ခုနှစ် စစ်တပ်က  အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံရေးပါတီတွေ၊  နိုင်ငံရေးသမားတွေ၊  နိုင်ငံရေးလှုပ်ရှားတက်ကြွသူတွေ၊ ကျောင်းသားအဖွဲ့အစည်းတွေကို ဘယ်လိုမျိုး အဲဒီအချိန်တုန်းက
နာမည်ဆိုးနဲ့ နာမည်ကြီးခဲ့တဲ့ ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်ရဲ့ စစ်ထောက်လှမ်းရေး အဖွဲ့ကနေပြီးတော့ ဘယ်လိုဖမ်းဆီးခဲ့သလဲ၊
နိုင်ငံရေးလှုပ်ရှားမှုတွေကို ရပ်တန့်ဖို့ ကြိုးစားခဲ့သလဲဆိုတာ ကို ကျနော်တို့ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

ဒီနေ့ ကျနော်ဖိတ်ကြားထားတဲ့  ဧည့်သည်တွေကတော့ ၁၉၈၈ ခုနှစ်မှာဒေါ်အောင်ဆန်းစုကြည်နှင့်အတူ NLD ပါတီကို တည်ထောင်ခဲ့ပြီးတော့ လက်ရှိအချိန်မှာလည်း
NLD ပါတီရဲ့သဘာပတိအဖွဲ့ဝင်တဦးဖြစ် တဲ့ ဆရာကြီးဦးဝင်းတင် သူကလည်းပဲ စာနယ်ဇင်းလောကမှာပဲ တောက်လျှောက်ရေးသားခဲ့တဲ့ သတင်းထောက်၊
သတင်းစာဆရာတဦးလို့လည်းပြောလို့ရပါ တယ်။ နောက်တဦး ကျနော်တို့ ဖိတ်ကြားထားတာကတော့ ထောင်ထဲမှာနှစ်ကြိမ် စစ်ထောက်လှမ်းရေးရဲ့ ဖမ်းဆီးခြင်းကို
ခံရပြီးတော့ လက်ရှိ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီရဲ့ခေါင်းဆောင်တဦးဖြစ်တဲ့ မနှင်းနှင်းမွှေးတို့က ဒီဆွေးနွေးပွဲမှာ ဝင်ရောက်ဆွေးနွေးသွားမှာ ဖြစ်ပါတယ်ခင်ဗျာ။
ကျနော်ကတော့ ဧရာဝတီမဂ္ဂဇင်းရဲ့ အင်္ဂလိပ်ပိုင်းအယ်ဒီတာကျော်စွာမိုးဖြစ်ပါတယ်။

မနှင်းနှင်းမွှေးထောင်ထဲမှာ နှစ်ခါဖြတ်သန်းခဲ့ရတော့ အင်းစိန်ထောင်ရယ်၊ နောက်ဘယ်ထောင်မှာနေခဲ့ရသလဲ။

ဒေါ်နှင်းနှင်းမွှေး ။    ။  ကျမတို့က ၉ဝ စက်တင် ဘာ ဆန္ဒပြမှုမှာ ပါဝင်ခဲ့တာဆိုတော့ ကျမတို့ အမျိုး သမီး ၅ယောက်ပါတယ်။
 အမျိုးသားအဆောင်ဘက်ကတော့ ရာနဲ့ချီပြီးပါတယ်။  ကျမတို့ကို ရိုက်ပြီးတော့ ပထမတခါ သာယာဝတီအကျဉ်းထောင်ကို ပို့တယ်ပေါ့၊
 အဲဒီ အင်းစိန်ထောင်ကနေပြီးတော့ သာယာဝတီထောင်ကို သွားရာလမ်းတလျှောက်မှာ ရိုက်တယ်ပေါ့နော်။
တနေ့ကုန်လည်း  မစားရ မသောက်ရဘဲနဲ့ သာယာဝတီထောင်ကို ပြောင်းရွှေ့ခြင်း ခံရတယ်ပေါ့။
နောက်တခေါက်ကတော့ ၁၉၉၇ထောင်ကျတဲ့အခါမှာ အင်းစိန်ထောင်မှာ နေရတာပေါ့၊
 ပထမထောင်ကျပြီး နောက်တခေါက်ထောင် ကျတဲ့အချိန်မှာပေါ့နော်။ ထောင်က အခြေအနေဆိုးတာကိုတွေ့ရတယ်။
ကျမတို့ထောင်ကျတဲ့ အခါမှာ အမိန့် မကျမခြင်းပေါ့ ဘယ်သူနဲ့မှ မတွေ့ရဘူး၊  အခန်းနားနီးတွေနဲ့လည်း စကားမပြောရဘူး၊  ဝန်ထမ်းတွေနဲ့လည်း စကားမပြောရဘူး၊
ကိုယ်လိုအပ်တာကိုတော့ပြောပေါ့၊  ဒါပေမယ့် သူတို့ဘက်က ဘာမှဖြည့်ဆည်းပေးတာ မရှိဘူး။
ကျမတို့ ပုံစံခွက်နဲ့ ထမင်းဟင်းကျွေးတာကလွဲပြီးတော့ ကျန်တာကို မရဘူးပေါ့၊ ထောင်ဝင်စာလည်းပို့လို့မရဘူး၊
ဘေးအခန်းတွေနဲ့လည်း စကားပြောခွင့်မရဘူး၊  လမ်းလျှောက်ထွက်လို့လည်း မရဘူး၊ ရေချိုးတဲ့အချိန်မှာလည်း ကမန်းကတန်းချိုးရတာပေါ့၊
ကျမဆို အဝတ်တထည် ကိုယ်တခုနဲ့ ပါသွားတာဆိုတော့ အမျိုးသမီးတွေကြုံ ရတဲ့ ဒုက္ခကို တော်တော် ဆိုးဆိုးဝါးဝါး ခံရတာပေါ့နော်။
အဲဒီအချိန်မှာထောင်ထဲမှာ ကွပ်ပျစ်တို့ဘာတို့လည်း မပေးတဲ့အခါကျတော့ သမံတလင်းပေါ်မှာပဲ ဖျာကြမ်းနဲ့ အင်မတန်အေးတဲ့ဆောင်းတွင်းကို ဖြတ် သန်းရတာပေါ့၊  ဇန်နဝါရီလဆိုတော့။

ကျော်စွာမိုး။     ။ ထောင်ချလိုက် ပြီ  ဆိုပေမယ့်လည်း ထောက်လှမ်းရေးရဲ့  လက်အောက်က မလွတ်ဘူးလို့ပြောကြတယ်၊
နိုင်ငံရေးအကျဉ်းသားတွေ အပြင်ထွက်ပြီးတော့ဆေးကုဖို့  လိုအပ်လာမယ်၊  ကျန်းမာရေး အခြေအနေအရဆေးကုဖို့ လိုအပ်လာမယ်ဆိုရင် ထောက်လှမ်းရေးက ဘယ်လိုမျိုးတာဝန်ယူသလဲ၊
သူတို့ လက်မှတ်ရေး ထိုးပေးရတယ်လို့ကြားတယ်၊  အဲဒါကျတော့ ဘာတွေများ သိမလဲ။

ဒေါ်နှင်းနှင်းမွှေး ။     ။  ကျမကိုယ်တိုင်က အပြင်ကို ထွက်ပြီးတော့ဆေးကုရလောက်တော့ အခြေအနေမျိုးတော့ မရှိခဲ့ဘူးပေါ့လေ၊
မရှိခဲ့ဘူး ဆိုတာက ကျမကတော်ရုံတန်ရုံကိစ္စဆိုရင် ကျမမှာ ရှိတဲ့ဆေးဝါးနဲ့ပဲဖြေရှင်းတာမျိုးပေါ့၊
ဘာဖြစ်လို့လဲ ဆိုရင်ဆေးမှူးတခါခေါ်လို့ရှိရင် အရမ်းကြာတာ၊  အဆင့်ဆင့်တင်ရတယ်၊  ဆရာဝန်ကုသဖို့ လိုလို့ရှိရင်လည်း အဲဒီဆရာဝန်ကို အဆင့်ဆင့်တင်ရတယ်၊
 အရမ်းကြာတဲ့အခါကျတော့ ကျမတို့ ဒီမှာသေစရာ ရှိရင်သေလောက်ပြီဆိုတော့ ကျမတို့ဆေးဝါးတွေ အဆင်သင့်ဆောင်ထားကြတာမျိုးရှိတယ်၊
အဲဒါ ဆိုရင်ထောင်ကဝန်ထမ်းတွေကိုပြောပြီး ယူပြီးသောက်တာမျိုးပေါ့၊
တကယ်တမ်းအပြင်ကိုထွက်ပြီးဆေးကုရတဲ့အခါကျတော့ ကျမတို့နဲ့ အတူတူနေခဲ့ရတဲ့  အမျိုးသမီးတွေမှာဆိုရင် အခက်အခဲတွေဖြစ်ရတယ်၊
အဲဒီလိုပဲထောက်လှမ်းရေးတွေ ခွင့်မပြုလို့ထောင်ထဲမှာ ဆုံးသွားတဲ့လူတွေဆိုရင် အများကြီး ကြုံရတယ်ပေါ့လေ၊
  ဥပမာ ဦးတင်မောင်ဝင်းတို့လို လူမျိုး၊  ဦးစိုးဝင်းတို့လိုလူမျိုး သာမန်ဝမ်းကိုက်ရောဂါ ဆိုတာ အပြင်မှာ အလွယ်တကူပျောက်နိုင်တဲ့ရောဂါ မျိုးလေ၊
သွေးတိုးရောဂါနဲ့ ဆုံးပါးသွားတဲ့ ဦးညိုဝင်း လိုလူမျိုး၊   အဲဒီလိုမျိုး ဆုံးပါးသွားတာထောင်ထဲမှာ အများကြီးပဲလေ၊  လက်ရှိကျမတို့ စာရင်းအတိအကျ ဆိုရင် ၁ဝဝကျော်။
  ရာကျော်ဂဏန်းရှိတယ်ဆိုတာက ဒီထက်ပိုပြီးကောက်ရင်လည်း ဒီထက်ပိုပြီးရှိနိုင်တယ်။
ဘာဖြစ်လို့လဲဆိုတော့ စစ်ကြောရေးစခန်းမှာ ကွယ်လွန်သွားတဲ့လူတွေလည်း အများကြီးပဲရှိတယ်၊
 မန္တလေးက ဦးမောင်လေးတို့ လူမျိုးဆိုရင် စစ်ကြောရေးစခန်းမှာပဲ လုံးဝမဖြေနိုင်ဘူး မင်းတို့မေးချင်ရာမေး ငါကတော့ မဖြေနိုင်ဘူး၊  ငါရဲ့ ကိုယ်ရေးအကျဉ်းမေးရင်ဖြေမယ်၊  ကျန်တဲ့လူရဲ့အကြောင်းဆိုရင် မဖြေနိုင်ဘူး ဆိုလို့ ရိုက်ပြီး သတ်လိုက်တာပဲလေ။  အဲဒီလို မျိုးတွေ အများကြီးကြုံရတယ်လေ၊
အဲဒီလိုမျိုး စာရင်း မရှိ အင်းမရှိဘဲသေဆုံးသွားတဲ့ ရဲဘော်တွေလည်း အများကြီးရှိသေးတာပဲ။

ကျော်စွာမိုး ။     ။  အဘကိုယ်တိုင်ကရော ကြုံ ရလား၊  အဘကိုယ်တိုင်ထောင်ထဲမှာနေပြီးတော့ ဗိုက်ခွဲတာတွေပေါ့၊

ဦးဝင်းတင်။     ။  ကျနော်အဲဒီဟာနဲ့ပတ်သက် ပြီးတော့ တဆိတ်လောက်တော့ ပြောပါရစေ။  ခုန မနှင်းနှင်းမွှေးပြောတဲ့ထဲမှာပါလို့ ဖျာနဲ့အိပ်ရတယ်ဆိုလို့။
ကျနော်တို့ဟာ စစ်ကျောရေးထဲမှာပို့တာ ဇန်နဝါရီဆောင်းတွင်းကြီး၊ ဆောင်းတွင်းဆိုတော့ ဗမာပြည်မှာလည်း ချမ်းတာပဲ၊  အဲဒီအချိန်မှာ သူတို့ကဖျာကို မပေးတော့ဘူးဗျ၊
ဖျာကိုသိမ်းယူသွားတယ်၊  တိုက်တိုက်ဆိုင်ဆိုင်ပဲ ကိုသက်ခိုင်က သူ့ကိုယ်သူ အကြောကို ဓားနဲ့ လှီးတယ်၊  ကိုသက်ခိုင်ဓားနဲ့လှီးတယ်ဆိုရော သတင်းက ဘယ်လိုလဲဆိုတော့
 ဓားနဲ့လုပ်တယ်ဆိုရင် သူတို့တွေကို ဆူမှာစိုးလို့ သူတို့ဘယ်လိုလုပ်လဲဆိုတော့ ဝါးနှီးကြောကနေ ဖြတ်တယ်လို့ပြောတယ်၊
 သူတို့က အဲဒါကိုအကြောင်းပြုပြီးတော့  နှီးဖျာတွေ အကုန်လုံး သိမ်းသွားရော၊  ကျနော်တို့ ဖျာမရှိဘဲနဲ့ သမံတလင်းပေါ်မှာ အိပ်ရတယ်၊  သမံတလင်းပေါ်မှာနေရတယ်၊  ဒါကတခု၊
ဆေးရုံတွေ ဘာတွေပို့တာနဲ့ ပတ်သက်ပြီးတော့ ကျနော်ပြောစရာတွေရှိတယ် ဗိုလ်ခင်ညွန့်ကိုယ်တိုင်ကအစ အထက်အမိန့်ပေးတယ်၊
အထက်အမိန့်ပေးတယ်ဆိုပြီး သူတို့တောင်း ပန်ရမယ့်ထဲမှာ ဒါတွေပါတယ်၊  အထက်အမိန့်ပေးတယ် ဆိုပြီးတော့ သူတို့ကိုယ်တိုင်က ဆိုပါတော့ဗျာ။
 ကျနော်အူခွဲရတယ်ဆိုပါတော့ နှလုံးရောဂါနဲ့ဆေးရုံပို့ရတာရှိတယ်၊  ဆီးကျိတ်ရောဂါနဲ့ဆေးရုံ ပို့ရတာရှိတယ်၊
အဲဒီပို့မယ့်နေရာတွေမှာ မပို့တဲ့ ရက်တွေအများကြီးရှိတယ်။ ကျနော် အူကျလို့ ခွဲမယ့်နေရာမှာ ၁၉၉ဝ ဇန်နဝါရီလမှာ သိသိတာတာ ကြီးကို အူမှာ အဖုပေါက်လာတယ်၊
နောက်ပိုင်းမှာ ကျနော် အိပ်ရာထဲမှာ လဲကျနေတယ်၊  မထနိုင်ဘူး၊  အဲဒါမျိုးဆိုရင် သူက လာစစ်၊  တံခါးဖွင့်ပြီးတော့ လှဲနေတာကိုဆေးထိုးပေးပြီး အဲဒီလိုနဲ့  ၅ နှစ်တိတိ ကြာတဲ့အခါကျမှာ ၁၉၉၅ မှ ကျနော်ကိုထောင်ပို့တယ်၊
၅ နှစ်ဝေဒနာခံစားရတယ်၊  အဲဒါက အကုန်လုံးက ဦးသန်းရွှေတယောက်တည်းပဲ အမိန့်ချတာ မဟုတ်ဘူး၊
သူတို့သူတို့အောက်ခြေကလူတွေ ဗိုလ်ခင်ညွန့်အပါအဝင်အောက်ခြေက လူတွေက သူ့ဟာသူ ဆုံးဖြတ်ပြီးတော့ ဒီလူတော့သေပါစေ၊  ဒီလူတော့ ဘာဖြစ်စေဆိုတဲ့ ပုံစံမျိုးနဲ့ လုပ်တယ်လို့ ကျနော်တော့ပြောချင်တယ်။
အဲဒါတွေဟာ ဗိုလ်ခင်ညွန့်ကစပြီးတော့ အကုန်လုံး တာဝန်ရှိတယ်၊   အဲဒီ ဦးသန်းရွှေပေါ်ချည်းပဲ တာဝန်လွှဲလို့မရဘူး။

ကျော်စွာမိုး။     ။  နိုင်ငံရေးလှုပ်ရှားသူတွေကို ကိုင်တွယ်တဲ့နေရာမှာ ထောက်လှမ်းရေးက အဓိကပဲ မဟုတ်လား။

ဦးဝင်းတင်။     ။ သူတို့တွေအကုန်လုံး တာဝန် ရှိတယ်။

ဒေါ်နှင်းနှင်းမွှေး ။  ။  သူတို့က၊  သူ့အထင်တိုင်း လုပ်နိုင်တယ်ဆိုတာက ဘာပဲပြောပြော သူ့ကို လုပ် ပိုင်ခွင့်ပေးခဲ့တဲ့ခေတ်နဲ့စနစ်နဲ့ အာဏာရဲ့
အကြောင်းရင်းခံကြောင့် ဖြစ်လာတာပေါ့နော်၊  နို့မို့ဆိုလို့ရှိရင် သူက ဒီလူကို ထင်တိုင်းဖမ်းတယ်၊  ထင်တိုင်း သတ်တယ်၊
ထင်တိုင်းထောင်ချတယ်ဆိုတာက သူ့တကိုယ် တည်းအနေနဲ့ လုပ်လို့မရဘူး၊  သူ့ကိုနောက်ကွယ်ကနေ  Force Authorities  ထက်ပိုတဲ့
Over Authorities ပေးထားတဲ့ စစ်အာဏာရှင်စနစ်နဲ့  အဲဒီခေတ် အဲဒီကာလက သူပြောတဲ့အထဲမှာပါတဲ့ အဲဒီခေတ်ရဲ့ ဥပဒေနဲ့ အမိန့်အာဏာတွေကြောင့်ပေါ့နော်၊
ကျမတို့က ဘာမှန်းမသိဘဲနဲ့ ဥပဒေကဲ့သို့ အာဏာတည်တဲ့အမိန့်ဆိုတဲ့ စစ်အုပ်ချုပ်မှုအောက်မှာ ဖြတ်သန်းခဲ့ရတယ်၊
အဲဒီအောက်မှာထောက်လှမ်းရေးဆိုလို့ရှိရင် သာမန်ပြည်သူတွေအနေနဲ့ အသံ ကြားရုံနဲ့ ဖိမ့်ဖိမ့်တုန်အောင်ကြောက်ရတယ်၊
 နိုင်ငံရေးသမားတွေဆိုလို့ရှိရင် စိုးရွံ့နေရတယ်၊  ကျမတို့ ဆိုလို့ရှိရင် အိမ်ရှေ့မှာ စစ်ကားရပ်ပြီးတော့ သူတို့ရဲ့ကြော်ငြာချက်တွေကို  ည သန်ခေါင်ကျော် ၁၂ နာရီ  ၁ ချက် အဲဒီအခါကျမှ  အသံချဲ့စက်တွေဖွင့်ပြီးတော့ သူတို့ရဲ့ကြော်ငြာချက်တွေကို အိမ်ထဲကို လှည့်ပြီးအော်တယ်၊
အိမ်ရှေ့မှာ ဆိုင်ကယ်ရပ်သံကြားရင် ငါ့ကို လာဖမ်းတာလားဆိုပြီးတော့ဖြစ်ရတယ်၊
ဒီ ရပ်ကွက်ထဲ လမ်းထဲတွေ၊  လက်ဖက်ရည်ဆိုင်တွေမှာ ဆိုလို့ရှိရင်  သတင်းပေး ဆိုတဲ့ဟာတွေ မမြင်ချင်မှ အဆုံး၊
ဒီအတွက် နိုင်ငံတော်က ကုန်ကျခဲ့တဲ့စရိတ်တွေ။

ကျော်စွာမိုး။     ။ နောက်တခုက အဘလည်း ပြောသွားတယ်၊  မနှင်းနှင်းမွှေးလည်းပြောခဲ့သလိုပေါ့  ကျနော် သိလောက်ဆိုရင် ၁၆၂ယောက်ရှိတယ်၊
 ၁၉၈၈နောက်ပိုင်းပေါ့၊ ထောင်ထဲမှာနဲ့ ထောက်လှမ်းရေးစခန်းမှာ သေဆုံးသွားတဲ့သူတွေပေါ့၊  ခုနလိုမျိုးဝေဒနာတွေခံစားပြီးတော့၊  ပြီးတော့ ထောင်ကျတဲ့ လူပေါင်းဆိုရင်လည်း
ကျနော်ထင်တယ် ၁၉၈၈၊  ၈၉၊  ၉ဝ တို့ဆိုရင်ထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ ၃ဝဝဝ၊  ၄ဝဝဝလောက်ရှိတယ်လို့ပြောကြတယ်၊  အမြဲတမ်းပေါ့လေ၊
 တလျှောက်လုံးကို တွက်ကြည့် မယ်ဆိုရင် မနှင်းနှင်းမွှေး ဘယ်လောက်လောက် ရှိ မယ်လို့ ထင်လဲ၊  တချို့က ကျတယ်၊  ပြန်လွတ်သွားတယ်၊  အဘကျတော့
တလျှောက်လုံးရှိတယ်လေ၊   သုံးနှစ်နေပြီး ပြန်လွတ်သွားနောက်တခါ အစ်မက ပြန်ဝင်လာတယ်၊  လူသစ်တွေနဲ့ ကျတာရှိတယ်၊
ကျနော်ထင်တယ် ဒီတလျှောက်လုံးမှာ ထောက်လှမ်းရေးကနေ ချခဲ့တဲ့ ဒီနှစ်၂ဝ အတွင်းမှာ ၂ဝဝ၄ပေါ့ သောင်းနဲ့ ချီမလား။

မနှင်းနှင်းမွှေး ။        ။  ဖြစ်နိုင်လောက်ပါတယ်၊  ဘာဖြစ်လို့လဲဆိုတော့ ကျမအတွေ့အကြုံအရဆိုရင် ဒီ ဘိုကလေး အရေးအခင်းဆိုရင် ကရင်တွေကို ဘာမှမသိတဲ့
ကရင်ဟောင်းတွေကို ဖမ်းပြီးတော့ထောင်ထဲမှာ အစာရေစာပြတ်လပ်ပြီး သေအောင် လုပ်ခဲ့တာပဲလေ။  အဲဒီလိုမျိုးဆိုရင် ဒါဟာ ရာနဲ့ချီနေ တာပဲလေ။
နောက်တောင်ငူမှာဆိုလို့ရှိရင် ကျမ အမျိုးသားကတောင်ငူထောင်က ထွက်လာတာကို
သူတို့တောင်ငူထောင်မှာဆိုလို့ရှိရင် KNU နဲ့ပတ် သက်လို့ ဆက်နွှယ်လို့ဆိုပြီး တောင်ပေါ်ဒေသတွေ က ဒီလိုပဲ ကိုယ့်အမျိုးသားတွေကို ဆက်နွယ်ပတ်သက်မှုတော့ ရှိကြတာပေါ့၊  သူတို့ကိုယ်သူတို့ နိုင်ငံရေး ပတ်သက်ပြီးတော့ထောင်ကျတာလို့ ၁၇ (၁) နဲ့ ကျမှန်းမသိ၊  ၁၇ (၂) နဲ့ကျမှန်းမသိ
အဲဒီလောက် ရိုးသားတဲ့ ကရင်တွေထောင်ထဲမှာ ရာနဲ့ချီပြီးရှိတယ်၊   ပြီးတော့ နိုင်ငံရေးအကျဉ်းသား စာရင်းကောက်တဲ့ အချိန်မှာလည်း သူတို့ကိုယ်သူတို့ နိုင်ငံရေးအကျဉ်း သားမှန်း  မသိတဲ့သူတွေ  အများကြီးပဲ။  ဒီတော့သောင်းနဲ့ချီပြီး ရှိနိုင်ပါတယ်။

ဦးဝင်းတင် ။     ။  ကျနော်ကတော့ ဒီလိုပြော ချင်ပါတယ်။  စာရင်းအင်းတွေတော့ ဒီလောက်မသိဘူး၊  ဘာဖြစ်လို့လဲဆိုတော့ ကျနော်က အကျဉ်းသား အဖွဲ့အစည်းတွေကို
ကိုင်တာ မဟုတ်လို့၊  လက်သုံး စကားကတော့ မီဒီယာတွေမှာပြောတဲ့စကားကတော့ ၁၉၈၈နောက်ပိုင်းမှာထောင်ကျတဲ့သူတွေ ပြန်ဝင် တာတို့ ထွက်တာတို့ပေါ့။
သောင်းဂဏန်းနဲ့ချီပြီးရှိတယ်၊  အဲဒီသောင်းဂဏန်းနဲ့ချီပြီးရှိတဲ့သူတွေကနေ သူတို့ရဲ့ သားသမီးတွေ မိသားစုနဲ့ဆိုရင် သိန်းဂဏန်းနဲ့ချီပြီးတော့ရှိတယ်၊
အဲဒီလူတွေအားလုံးအတွက်ကို တာဝန် ယူရမယ်၊ တောင်းပန်ရမယ်၊  ခင်ဗျားတို့ရဲ့အကျင့်ဆိုးတွေကိုလည်း ပြင်ရမယ်၊
 အဲ့ဒီလူတွေဘဝ ပြန်လည် ရပ်တည်ဖို့အတွက် လုပ်ပေးရမယ်၊  ကျနော် ကိုးကားတဲ့ ကိန်းကဏန်းကတော့သောင်းဂဏန်းလောက်ပဲ၊
ကျနော့်ဂဏန်းကတော့ သူတို့လို အဖွဲ့အစည်းကိုင် တဲ့ စုဆောင်းတဲ့သူတွေနဲ့ ညီသွားတဲ့အခါကျတော့ ကျနော်လည်း ဝမ်းသာပါတယ်၊
ဘာလို့လဲဆိုတော့ မှန်တဲ့နီးပါး ဖြစ်သွားလို့ပေါ့။

ကျော်စွာမိုး ။     ။  ဒီနေရာမှာနောက်တခုက မနှင်းနှင်းမွှေး ထောင်ထဲကို နိုင်ငံရေး လုပ်တဲ့သူတွေထောင်ထဲထည့်လိုက်တာ မဟုတ်ဘဲနဲ့ထောင်ရွှေ့လိုက်တဲ့ ပုံစံမျိုးပေါ့၊
အဲဒါဟာလည်း တနည်းအားနှင့် နှိပ်စက် မှုတမျိုးပေါ့၊  ဘယ်လိုနှိပ်စက်မှုလည်းဆိုတော့ အကျဉ်းသားကိုသာမကဘဲ အပြင်ကလိုက်ပြီးတော့ အကျဉ်းသားကိုထောင်ဝင်စာတွေ့တဲ့
မိသားစုကိုပါ စီးပွားရေး ချွတ်ခြုံကျအောင်၊  အချိန်ကုန်အောင်၊  ပိုက်ဆံကုန်အောင် အဲဒီလိုမျိုး လုပ်တဲ့ရည်ရွယ်ချက်ပေါ့၊
အစ်မကိုယ်တိုင်ကလည်းထောင်ပြောင်းခံခဲ့ရတာဆိုတော့။

မနှင်းနှင်းမွှေး။     ။  ကျမတို့ အကျဉ်းချပြီးသွားလို့ရှိရင်၊  အမိန့်ချပြီးသွားလို့ရှိရင် နှစ်ပတ်တခါတွေ့ ခွင့်ရတယ်လေ၊  အဲဒီလိုတွေ့ခွင့်ရတဲ့အခါကျတော့ ကျမတို့အိမ်က
ပုံမှန်လာတွေ့တယ်ပေါ့နော်။  ဒါတောင်မှ သာယာဝတီထောင်ဆိုတာ ရန်ကုန်နဲ့အနီးဆုံးထောင်ပေါ့လေ၊  အဲဒီထောင်ကိုရောက်သွားတဲ့ အခါကျတော့ အလွန်ဆုံး တလကို တခါပဲလာတွေ့နိုင်တယ်၊
နောက်ပိုင်း ဒီထက်ဒီထက်ဝေးတဲ့ထောင်ကို သွားလို့ရှိရင် တချို့လူတွေဆိုရင်ထောင်ကသာလွတ် လာတာ တခါမှ ထောင်ဝင်စာ လာတွေ့နိုင်တဲ့သူ မရှိဘူးလေ၊
  ကိုကျော်စွာမိုးတို့လည်း ဒါကိုကြုံဖူးတဲ့အခါ ကျတော့ထောင်ထဲမှာထောင်ဝင်စာတွေ့တယ် ဆိုတာ ပစ္စည်းပစ္စယတခုတည်းအတွက် မဟုတ်ဘူး၊
 ကိုယ့်မိသားစုနဲ့တွေ့တဲ့အခါမှာ ခံစားလိုက်ရတဲ့ စိတ်ခံစားမှုမျိုးပေါ့၊  အဲဒါကိုမြင်ရတဲ့အခါမှာ လူတွေက အကျဉ်းထောင်ထဲမှာ အကျဉ်းခံရတာထက် ပိုပြီးတော့ စိတ်ပိုင်းဆိုင်ရာ ပိုခံစားရအောင် လုပ်တယ်လို့ ကျမကတော့ ယူဆတယ်။

ကျော်စွာမိုး ။     ။    ပြီးခဲ့တဲ့ကာလ တလျှောက်လုံး  ငြိမ်းချမ်းစွာ  ဆန္ဒပြတာ ၁၄၊  ၁၅ နှစ်တွေလည်း ပါ တယ်၊  ပညာတတ် ဆရာဝန်တွေလည်းပါတယ်၊  ရှေ့နေတွေလည်းပါတယ်၊  အင်ဂျင်နီယာတွေလည်း ပါတယ်။
ထောင်ကျတဲ့အထဲမှာပေါ့၊  အဘတို့လို ပါတီခေါင်းဆောင်တွေ ၊  စာနယ်ဇင်းတွေလည်း ပါတယ်ပေါ့လေ။
ဒါဆို တချို့ကပြောကြတယ် လူသားဆန့်ကျင်ရေးပြစ်မှုပေါ့။  အဲဒါနဲ့ဆိုရင် ဘယ်လောက်အထိ ကိုက်ညီမှုရှိလဲ။

ဦးဝင်းတင် ။     ။  ကျနော်ပြောမယ်ဗျ၊  ဒီလို ၂ဝဝ၉  မှာ ဒီကိစ္စတွေ ထွက်လာတာပေါ့ဗျာ၊  အမေရိကားမှာလည်း ထွက်လာတယ်၊  လူ့အခွင့်အရေး အဖွဲ့အစည်းတွေကလည်း ပြောတယ်၊
 ကုလသမဂ္ဂ မှာလည်း ဒီကိစ္စတွေတင်တယ်၊  တင်တဲ့အခါကျတော့ ကျနော်တို့ ဒီလူတွေကို ပြည်သူတရပ်အနေနဲ့တရားစွဲ ရမယ်ပြောတယ်၊
ကျနော်လည်း အများကြီးပြောခဲ့တယ်။  ဒီလူတွေဟာ လူသားဆန့် ကျင်ရေး ပြစ်မှုတွေကို ကျူးလွန်တဲ့သူတွေ ဒီလူတွေကို တရား စွဲရမယ်၊  ဘယ်လိုလူတွေလဲ ဆိုတော့
ဗိုလ်ချုပ်ခင်ညွန့်တို့၊  ဦးသန်းရွှေတို့ ကုန်ကုန်ပြောရရင် ဦးသိန်းစိန်လည်းပါတယ်၊  ဦးသိန်းစိန်လည်း လူသားဆန့်ကျင်ရေးအဖွဲ့ထဲမှာပါတယ်၊

ကျော်စွာမိုး။     ။  ဒါပေမယ့် သူ့အစိုးရလက်ထက်မှာတော့ နိုင်ငံရေးအကျဉ်းသားတွေ အများကြီးကို လွှတ်ပေးတယ်လေ။

ဦးဝင်းတင်။     ။  ဒါတပိုင်းပေါ့လေ၊   အဲဒါကလည်း အာပတ်ဆိုတာ ဖြေချင်တိုင်းဖြေလို့ရတာ မဟုတ်ဘူး၊  အာပတ်သင့်တဲ့ ဘယ်လောက်ကြီးတဲ့ အာပတ်ကို
ကျူးလွန်ပြီးတော့ လွတ်သလဲ ဆိုတာလည်း အဲဒါတော့မရဘူးပေါ့၊  ဒါကတော့ မဆိုင်ဘူး ထင်တယ်၊  ဒီလူတွေဟာ အကုန်လုံးပေါ့။
 ၂ဝဝ၉ မှာ ဒီဟာလုပ်တဲ့အခါကျတော့ အမေရိကားမှာလည်းတော်တော်လုပ်ကြတယ်၊  အမေရိကားက ကိုအောင်ဒင်တို့ဆိုရင်တော်တော်လေး ဒီကိစ္စကို အာရုံစိုက်ကြတယ်၊
သူတို့လည်းလိုက်ကြည့်တယ်၊  အမေရိကန် ပါတယ်ပေါ့ဗျာ၊ တော်တော်လေး နိုင်ငံ ၁၃ နိုင်ငံလောက် ပါလာတယ်။
စစ်တပ်ကလည်း ဒါကိုသိတဲ့ အခါကျတော့ ဦးသန်းရွှေတို့ဘာတို့ အကုန်လုံး ကိုပြောင်းလိုက်ပြီးတော့ ဒီပုံစံတွေ မရတော့ဘူး၊
 ကမ္ဘာ ကနေ သူတို့ကို လည်ပင်းညှစ်တော့မယ်ဆိုပြီးတော့ ပြောင်းလိုက်ပြီးတော့ ပြောင်းတဲ့အပေါ်မှာ မူတည် ပြီးတော့ သူတို့ပြောင်းရကျိုးလည်း နပ်ပါတယ်၊
သူတို့လည်း အခုတော့ နည်းနည်းလွတ်သလိုဖြစ်သွားတာပေါ့၊  ဒါပေမယ့် ကျနော့်သဘောကတော့ ဒီ လူသား ဆန့်ကျင်နေတဲ့ ပြစ်မှုတွေဟာ ဒီနေ့အထိရှိနေတုန်းပဲ။
ဒီလူတွေဟာ တာဝန်ရှိတုန်းပဲ၊  ဒီလူတွေဟာ လူသားဆန့်ကျင်မှု ရာဇဝတ်မှုကိုကျူးလွန်တဲ့ လူတွေ ဆိုတာကို သမိုင်းမှာ မှတ်တမ်းဝင်နေတယ်။  သမိုင်း ဆိုကတော့ သူက တရားသူကြီးမဟုတ်တဲ့အတွက် အပြစ်တော့ မပေးနိုင်ဘူးပေါ့၊  သမိုင်းကတော့ မှတ် တမ်းမှာ ဘယ်တော့မှမမေ့ဘူး၊   အဲတော့ သမိုင်းမှတ် တမ်းထဲမှာ ဒီလူတွေဟာအလွန်ကိုဆိုးရွားတဲ့သူတွေ၊  လူသား ဆန့်ကျင်မှု ရာဇဝတ်မှုတွေကို ဆန့်ကျင်တဲ့ သူတွေ အနေနဲ့တော့ မှတ်တမ်းတင် ရှိနေတယ်လို့  ကျနော်ကတော့ အဲလိုမျိုးပြောချင်ပါတယ်။

ကျော်စွာမိုး။     ။  အဘဦးဝင်းတင်၊  မနှင်းနှင်းမွှေး၊  အခုလို ဝင်ရောက်ဆွေးနွေးပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။
အခုကျနော် တို့ဆွေးနွေးပွဲကနေပြီးတော့ကောက်ချက်ချကြည့် မယ်ဆိုရင်တော့ ၁၉၈၈နောက်ပိုင်းမှာ နိုင်ငံရေး သမားတွေ၊
နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ ကျောင်းသား လူငယ်တွေကို ဖမ်းဆီးချုပ်နှောင် နှိပ်စက်ပြီးတော့ နှစ်ရှည်လများစွာ ထောင်ချ အကျဉ်းချခဲ့တာကတော့ အဓိကအားဖြင့်  စစ်ထောက်လှမ်းရေးအဖွဲ့လို့ ကျနော်တို့ သုံးသပ်လို့ရပါတယ်ခင်ဗျာ။
ဒါပေမယ့် အခုအချိန်ထိ ဘယ်သူ့မှ တာဝန်ရှိသလဲ ဆိုတာကတော့ တိတိကျကျ အမှန်တရားဖော်ထုတ် နိုင်တဲ့အခြေအနေကို ကျနော်တို့မတွေ့ရသေးပါဘူး၊
ဘယ်အချိန်မှာလည်း ဒါကိုဖော်ထုတ်နိုင်မလဲဆိုတာကို လက်ရှိနိုင်ငံရေးအခြေအနေအရ ကျနော်တို့မှာ တိတိကျကျပြောနိုင်တဲ့အခြေအနေ မဟုတ်ဘူးလို့ သုံးသပ်လို့ရပါတယ်ခင်ဗျာ၊  အားလုံးပဲကျေးဇူးတင်ပါတယ်။

ဆက်လက်ပြီး ပြည်သူတွေကိုတောင်းပန်ရမယ်(1 ) ကိုဖတ်နိုင်ပါတယ်
Irrawaddy ဧရာဝတီ သတင်း
April Maung Maung
Options for this story
ဂင်းနစ် ကမ္ဘာ့စံချိန်မှတ်တမ်းဖြစ်ပေါ်လာပုံ
==============================
ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းစာအုပ်ကို အင်္ဂလိပ်ဘာသာဖြင့် Guinness Book of World Records ဟု ခေါ်ဆိုပါသည်။ ၎င်းကို ၁၉၅၅-ခုနှစ်မှ စ၍ နှစ်စဉ်ထုတ်ဝေခဲ့ပြီး နိုင်ငံတကာမှ ကမ္ဘာ့စံချိန်များကိုစုဆောင်း တင်ြပထားပါသည်။ ဂင်းနစ်ဟူသောအမည်မှာအိုင်ယာလန်နိုင်ငံရှိ ဂင်းနစ် (Arthur Guinness) ဘီယာကုမ္ပဏီကို ရည်စူးပါသည်။ ၁၇၅၂-ခုနှစ်တွင် အာသာဂင်းနစ် (၁၇၅၂-၁၈၀၃) ဆိုသော ပုဂ္ဂိုလ်တစ်ယောက်သည် ပေါင်ငွေတစ်ရာကို အမွေရ ရှိခဲ့ပါသည်။ ၎င်းပေါင်ငွေတစ်ရာကို အရင်းပြု၍ အာသာဂင်းနစ်သည် ယမကာဆိုင်တစ်ခုကို စတင်တည်ထောင်ခဲ့ပါသည်။ ၁၇၅၉သို့ ရောက်သောအခါ ဒဗွလင်မြို့သို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပါသည်။ သူသေဆုံးပြီးနောက် သားဖြစ်သူ အာသာ(၁၇၆၇-၁၈၅၂)၊ မြေးဖြစ်သူ ဘင်ဂျမင်ဂင်းနစ် (၁၇၉၈-၁၈၆၈) တို့က ဘီယာလုပ်ငန်းကိုဆက်လက်လုပ်ကိုင်ခဲ့ကြပါသည်။ ဘင်ဂျမင်လက်ထက်တွင်ဂင်းနစ် ဘီယာသည် အမေရိကန်၊အင်္ဂလန် နှင့် ဥရောပ တိုင်းပြည်များသို့ပါ တင်ပို့ရောင်းချနိုင်သည် အထိ လုပ်ငန်းအောင်မြင်ခဲ့ပါသည်။ ဂင်းနစ်မိသားစုသည် သူတို့၏ ဂင်းနစ်ဘီယာကို ကိုယ်ပိုင်စက်ရုံတည်ဆောက်ကာ ထုတ်လုပ်ရောင်းချခဲ့ခြင်းဖြစ်ပါသည်။
သူတို့၏ဘီယာ အောင်မြင်ရခြင်းတွင်အချက်(၂)ချက်သည် အရေးပါပါသည်။ ပထမအချက်မှာဂင်းနစ်ဘီယာ သည် အရည်သက်သက်မဟုတ်ဘဲ အနည်းငယ်စေးပျစ်သည်။ ဘီယာတစ်ပိုင့်ကိုငှဲ့မည်ဆိုပါက ၁၁၉ ဒသမ ၅-စက္ကန့်ကြာမည်ဟု ကြေငြာကာ စားသုံးသူကို စွဲဆောင်နိုင်ခဲ့ ပါသည်။ ဒုတိယအချက်မှာ ဂင်းနစ်ဘီယာ ထည့်ခွက်၏ ထူးခြားမှုပင် ဖြစ်ပါသည်။ ဂင်းနစ်ဘီယာ
ကုမ္ပဏီသည် ကိုယ်ပိုင်ခွက်တစ်မျိုးကို တီထွင်ထုတ်လုပ်ခဲ့ပါသည်။ အဆိုပါခွက်အတွင်းသို့ ဘီယာကိုထည့်မည်ဆိုပါက ဘီယာမြှုပ်များသည် အပေါ်သို့မတက်ဘဲ အောက်သို့ သာဆင်းသွားသည်ကို တွေ့မြင်ရမည်ြဖစ်ပါသည်။ ဤနည်းဖြင့် စားသုံးသူကို ကောင်းစွာ စွဲဆောင်နိုင်ခဲ့ကြပါသည်။၁၉၅၅-တွင် ဂင်းနစ်ဘီယာအရောင်းဆိုင်တစ်ဆိုင်၌ ဘီယာသောက်သူများ ငြင်းခုံမှုတစ်ခု ဖြစ်ကြပါသည်။ ၎င်းအငြင်းအခုံမှာမည်သည့် ငှက်သည် အမြန်ဆုံးပျံသန်းနိုင်သနည်းဟူသော မေးခွန်းနှင့်ဆက်စပ်နေပါသည်။ ငြင်းခုံသူများသည် အကိုးအကားစာအုပ်မျိုးစုံကို ရှာဖွေပါသော်လည်း ရှာမတွေ့နိုင်ဖြစ်နေပါသည်။ ဤတွင် ဆိုင်ရှင်ဖြစ်သူ ဂင်းနစ်မျိုးနွယ်တစ်ယောက်သည် ကမ္ဘာ့စံချိန်မှတ်တမ်း စာအုပ်တစ်အုပ် လိုအပ်ကြောင်း သတိပြုမိသွားပါသည်။ ဤသို့ဖြင့်၁၉၅၅-တွင် ပထမဆုံးဂင်းနစ်ကမ္ဘာ့စံချိန် စာအုပ်ထွက်ပေါ်လာပါသည်။ စာအုပ်ကိုတာဝန်ခံ ရေးသားသူမှာ ရော့စ်ဝှစ်တနာ နှင့်
နောရစ် ၀ှစ်တနာ(Ross and Noris Whitner) အမြွှာညီအစ်ကို နှစ်ယောက်ဖြစ်ပါသည်။ ၎င်းတို့သည် သတင်းထောက်များ၊ ဂျာနယ်တိုက်များမှ အချက်အလက်များ ကိုရယူပြီး စာအုပ်ရေးသားထုတ်ဝေခဲ့ပါသည်။ ပြီးနောက် ခရစ်စမတ်ဈေးရောင်းပွဲတော်အမှီ အောက်တိုဘာလတိုင်းတွင်စာအုပ်ကို နှစ်စဉ်ထုတ်ဝေခဲ့ပါသည်။ စာအုပ်တွင် ကြက်ဥအဝေးဆုံးရောက်အောင် ပစ်နိုင်သူ၊ ဆယ်မိနစ်အတွင်း ဟော့ဒေါ့ (Hot Dog) အများဆုံး စားနိုင်သူ၊ အရပ်အရှည်ဆုံးလူသား၊ အကြီးဆုံးကင်ဆာကျိတ်၊ အဆိပ်ပြင်းဆုံး အပင်၊ အတိုဆုံးမြစ်စသည်ဖြင့် ကမ္ဘာ့စံချိန်များကို မှတ်တမ်းတင်ဖော်ပြခဲ့ပါသည်။ ယခုအခါ ထိုစာအုပ်သည် ကမ္ဘာ့အရောင်းရဆုံး စာအုပ်တစ်အုပ်ဖြစ်ပြီး တစ်နှစ်အတွင်း အကြိမ်ပေါင်းများစွာ ပုံနှိပ်ခဲ့ရပါသည်။ လူတို့သည် ထိုစာအုပ်တွင် မှတ်တမ်းတင်ခံရစေရန် အမျိုးမျိုး ကြိုးစားလာကြပါသည်။ တစ်ခါက ဂင်းနစ်စာအုပ်တွင် အလေးဆုံးကြောင် အကြောင်းကို ဖော်ပြခဲ့ပါသည်။ ထိုအခါ ကြောင်ပိုင်ရှင်များသည် သူတို့ကြောင်များ ကို စံချိန်ချိုးနိုင်အောင် အစာများ တနင့်တပိုးကျွေးခဲ့သဖြင့် ကြောင်သေဆုံးမှုများ ပေါ်ပေါက် လာပါသည်။ ထို့ကြောင့် စာအုပ်တွင် ကျန်းမာရေးနှင့် အသက်အန္တရာယ်ထိခိုက်စေသော ကိစ္စများကို ဖော်ပြဖြင်းမပြုရန် ဆုံးဖြတ်ခဲ့ကြပါသည်။

နေခ၇မ်း

Saturday, January 18, 2014


Credit > သီတဂူစတား

သတင်းမီဒီယာများ အထူးသတိထား
ကိုယ့်သတင်း လူကြိုက်များ၊ လူစိတ်ဝင်စား ပြီးရောဆိုပြီး သတင်းအရင်းအမြစ် မရှိဘဲ မလုပ်သင့်ပါဘူး၊ တိုင်းပြည်အကျိုးပြုတာလည်း သတင်းမီဒီယာဖြစ်သလို တိုင်းပြည် ဖျက်ဆီးတာလည်း သတင်းမီဒီယာ ဖြစ်သည်။ တိုင်းပြည်အေးချမ်းတည်ငြိမ်အောင် လုပ်နိုင်တာလည်း သတင်းမီဒီယာများ ဖြစ်သလို တိုင်းပြည် မငြိမ်မသက်ဖြစ်အောင်လုပ်နိုင်တာလဲ သတင်းမီဒီယာများ ဖြစ်သည်။

မန္တလေးသံဃာ့ ညီလာခံကြီးကို ကြိုဆိုပါသည်။ ရည်ရွယ်ချက်တွေလည်း သဘောကျ နှစ်ချြိုက်မိပါသည်။ တိုင်းပြည်နှင့် လူမျိုးအတွက် လုံးခြုံရေး၊ အေးချမ်းရေးအတွက် နှလုံးသွင်းမိပါသည်။

Friday, January 17, 2014


 -
ဗိုလ်ချုပ်ကြီး ခင်ညွှန့်လက်ထက် စစ်ထောက်လှန်းရေးများ တန်ခိုးထွားစဉ်က နိုင်ငံရေးလှုပ်ရှားသူများကို ဖမ်းဆီး၊  နှိပ်စက်ထောင်ဒဏ်တွေ ချမှတ်ခဲ့တာနဲ့ပတ်သက်လို့
ဟံသာဝတီ  ဦးဝင်းတင်၊  လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒေါ်နှင်းနှင်းမွှေးတို့နဲ့  ဧရာဝတီမဂ္ဂဇင်း အင်္ဂလိပ်ပိုင်း အယ်ဒီတာကျော်စွာမိုးတို့က ဆွေးနွေးထားပါတယ်။ 

ကျော်စွာမိုး ။  ။ ဒီတပတ်ကျနော်တို့ဆွေးနွေးမယ် အကြောင်းအရာကတော့ ၁၉၈၈ ခုနှစ် စစ်တပ်က  အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံရေးပါတီတွေ၊  နိုင်ငံရေးသမားတွေ၊  နိုင်ငံရေးလှုပ်ရှားတက်ကြွသူတွေ၊ ကျောင်းသားအဖွဲ့အစည်းတွေကို ဘယ်လိုမျိုး အဲဒီအချိန်တုန်းက
နာမည်ဆိုးနဲ့ နာမည်ကြီးခဲ့တဲ့ ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်ရဲ့ စစ်ထောက်လှမ်းရေး အဖွဲ့ကနေပြီးတော့ ဘယ်လိုဖမ်းဆီးခဲ့သလဲ၊
နိုင်ငံရေးလှုပ်ရှားမှုတွေကို ရပ်တန့်ဖို့ ကြိုးစားခဲ့သလဲဆိုတာ ကို ကျနော်တို့ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။


Posted by ဆူးအေမီ on 10:55 PM in , | No comments
လစာတိုးယူပါ ၊ လာဘ်မစားပါနှင့် ပြီးခဲ့သော လွှတ်တော်အစည်း အဝေး၏ နောက်ဆုံးနေ့ များတွင် ကျယ်ကျယ် လောင်လောင် အဖြစ်ဆုံး သတင်း တစ်ပုဒ်မှာ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ မှ သမ္မတကြီးသည် လစာ ခံစားခွင့်ထက် လျှော့ယူသဖြင့် ဥပဒေဖောက်ဖျက်ရာ ရောက်ကြောင်း စွပ်စွဲတင်ပြချက်နှင့်ပတ် သက်၍ လည်းကောင်း၊ လွှတ်တော် ကိုယ်စားလှယ်များေ ထာက် ပံ့ကြေး တစ် လသုံးသိန်းမှ ခြောက်သိန်းတိုးမြှင့်ယူရန် ကိစ္စများဖြစ်ပါသည်
သို့သော် ယင်းဆွေးနွေးချက်များ ကို လွှတ်တော်အစည်းအဝေးများပြီး ဆုံးသွား၍ ယခုဇန်နဝါရီလတွင် ကျင်းပ သည့် နဝမအကြိမ် လွှတ်တော်အစည်း အဝေးတွင်မှ တင်ပြ အတည်ပြုချက်ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိ ရပါသည်။သမ္မတကြီးသည်လည်းကောင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည်လည်း ကောင်း၊ တိုင်းပြည်၏ စီးပွားရေး အခြေ အနေအရ မိမိခံစားရမည့်လစာထောက် ပံ့ကြေးငွေများကို အပြည့်အဝမခံစားဘဲ လျှော့ပေါ့ယူကြသဖြင့် အမျိုးသားလွှတ် တော်ဥက္ကဋ္ဌ က ထောက်ပြဝေ ဖန်ခြင်းဖြစ် ပါသည်။ သို့သော် တစ်ဖက်ကကြည့် လျှင် လွှတ်တော်ကိုယ်စားလှယ်များ၏ ထောက်ပံ့ကြေးကို နှစ်ဆ တိုးမြှင့်ခံစား ရန် အဆိုပြုသဖြင့် မိမိတို့ အခွင့်အရေး ရရှိရန် တစ်ဖက်သို့ စောင်းပေးဝေဖန် ခြင်းပြုသလောဟု သံသယဖြစ်စရာရှိပါ သည်။ ထို့အတူ လွှတ်တော်ဥက္ကဋ္ဌက တခြားနိုင်ငံများတွင် လွှတ်တော်ကိုယ် စားလှယ်များ သည် ကိုယ်ရေးအရာရှိ၊ မော်တော်ကား၊
အခြားအဆောင်အ ယောင်များနှင့်ထောက်ပံ့ကြေးများ ပြည့် ပြည့်စုံစုံရှိသဖြင့် မိမိတို့တာဝန်များကို ကျေကျေပွန်ပွန် ထမ်းဆောင်နို င်သော် လည်း မြန်မာနိုင်ငံ လွှတ်တော်ကိုယ်စား လှယ်များမှာ ထောက်ပံ့ကြေးနည်းပါး၍ လွှတ်တော် ကိစ္စရပ်များကို ကျေကျေပွန် ပွန်မထမ်းဆောင်နိုင်သည့်သဘောပြော သွားသည်ကိုလည်း သိရှိရပါသည်။
ယခုအခါ လွှတ်တော်အဆင့်ဆင့် ၏ အစည်းအဝေးများ ပြန်လည်စတင် မည်ဖြစ်၍ ယခုကိစ္စရပ်များကို တင်ပြ ဆွေးနွေးကြမည်ဖြစ်ရာ ကျွန်တော့်အနေ ဖြင့် တိုင်းပြည် အကျိုး၊ ပြည်သူ့အကျိုးကို ရှေးရှု၍ ယင်းကိစ္စရပ်အပေါ် မီးမောင်း ထိုးပြလို၍ ကျွန်တော် ယခုဆောင်းပါးကို ရေးသားရခြင်း ဖြစ်ပါသည်။ပထမဦးစွာ သမ္မတကြီးနှ င့်ပြည် ထောင်စုဝန်ကြီးများ၏ လစာထောက်ပံ့ ကြေးကို ဥပဒေပါအတိုင်း အတိအကျ ခံစားရန် ကျွန်တော်အကြံပြုလိုပါသည်။ သို့သော် လစာကို အပြည့်အ ဝခံစားပြီး လာဘ်မစားဖို့တော့ လိုပါသည်။ အဂတိ မလိုက်စားဖို့တော့ လိုပါသည်။ လစာ လည်း အပြည့်အဝယူမည်၊ လာဘ်လည်း စားမည်ဆိုပါက တိုင်းပြည်မှာ မွဲသထက် မွဲဖို့သာ ရှိပါသည်။ ကျွန်တော် သမ္မတ ကြီးကိုယုံကြည်ပါသည်။ သို့သော် ပြည် ထောင်စုဝန်ကြီးအချို့ကို မယုံကြည်ပါ။ ဒါက ကျွန်တော် တစ်ဦး တည်း သဘောထားဖြစ်ပါသည်။
ယခု ပြည်ထောင်စုဝန်ကြီးများကို ဆန်းစစ်ကြည့်ပါက ယခင်စစ်အစိုးရ လက်ထက်က တာဝန်ယူခဲ့သော ဝန်ကြီး များပါသလို ယခုအစိုးရလက်ထက်မှ တာဝန်ပေးခံရသော အရပ်သားဝန်ကြီး များပါရှိသည်ကိုလည်း တွေ့ရှိရပါသည်။ ကျွန်တော်လေ့လာကြည့်သမျှ ယခင်စစ် အစိုးရလက်ထက်မှပါခဲ့သော တပ်ထွက် ဝန်ကြီးများမှာ ပြောရဲ၊ ဆိုရဲ၊ လုပ်ရဲ၊ ကိုင်ရဲဖြစ်သလို၊ စားရဲ၊ ဝါးရဲဖြစ်မည်ကို စိုးရိမ်ပါသည်။ အရပ်သားဝန်ကြီးများက တော့ မိမိတို့လက်ရှိ ရာထူးဖြစ်သော ပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ညွှန် ကြားရေးမှူးချုပ်များစသည့် ရာထူးများမှ လာသော အတတ်ပညာရှင်၊ အသိ ပညာရှင်များဖြစ်၍ မလုပ်ရဲ၊ မကိုင်ရဲဖြစ် သည်ကို လေ့လာတွေ့ရှိရပါသည်။ ဒါကလည်း မိမိတို့ရသော ဝန်ကြီး ရာထူးများ ပြုတ်မှာကို ကြောက်၍ဖြစ် မည်ဟုထင်မြင်ယူဆပါသည်။
ဥပမာ- ပညာရေးဌာနလိုမျိုး၊ အထက်ကခိုင်းမှ တာဝန်ပေးမှ လုပ်တတ်ပြီး မိမိကိုယ် တိုင် တီထွင်လုပ်ပါက အမှားရှိမည်ကို စိုးရိမ်နေကြပါသည်။ယနေ့သမ္မတကြီး ဦးသိန်းစိန်လက်ထက် ဝန်ကြီးများတော့ မသိပါ။ ယခင် စစ်အစိုးရ ဝန်ကြီးများ လက်ထက်က အ တွေ့အကြုံတစ်ခုကို တင်ပြလိုပါသည်။ ကျွန်တော်သည် လွန်ခဲ့သော ၁ဝ နှစ် ကျော်ခန့်က ဘုရင့်နောင်ဘက်တွင် စား သောက်ဆိုင်ဖွင့်သဖြင့် ဆိုင်နှင့်နီးသော သမိုင်းဘက်တွင် တိုက်ခန်းတစ်ခန်းငှား ရမ်းနေထိုင်ခဲ့ပါသည်။ အခန်းပိုင်ရှင်မှာ ယင်းအချိန်က ဆက်သွယ်ရေးဝန်ကြီး တစ်ဦး၏ ဒရိုင်ဘာဖြစ်ပါသည်။ ယင်း အချိန်က တယ်လီဖုန်းတစ်လုံးလျှင် ကျပ်သိန်းသုံးလေးဆယ်ခန့် ပေါက်နေ သောခေတ် ဖြစ်ပါသည်။ ကျွန်တော် တစ်နှစ်စာချုပ်ဖြင့် ငှားရာ စာချုပ်မပြည့် မီ သုံးလအလိုခန့်တွင် အခန်းပိုင်ရှင် အမျိုးသမီးရောက်လာပြီး အိမ်ကို ဆက် ငှား၊ မငှားမေးမြန်းရာ ကျွန်တော်က စာ ချုပ်အရ တစ်လကြိုတင်ပြောမည်ဖြစ် ကြောင်းပြောရာ သူက FMI ငှားရမ်း ထားသော အိမ်များ၊ စင်ကာပူတွင် ငှား ရမ်းထားသော တိုက်ခန်းနှင့်ဆိုင်ခန်း သွားရောက်ပြီးစာချုပ်ချုပ်ရမည်ဖြစ်၍ ယခုလို ကြိုတင်လာရော က်မေးမြန်းခြင်း ဖြစ်ကြောင်း ရှင်းပြရာ ကျွန်တော်လွန် စွာ အံ့သြမိပါသည်။
ဝန်ကြီး၏ ဒရိုင်ဘာတစ်ဦးပင် စင် ကာပူတွင် တိုက်ခန်းဆိုင်ခန်းများ ဝယ် နိုင်သည်အထိ ချမ်းသာသည်ကို သိရှိသူ တိုင်း အံ့သြကြမည်ဖြစ်ပါသည်။ ဒါက စစ်အစိုးရလက် ထက် ဝန်ကြီးဒရိုင်ဘာ တစ်ဦး၏ ချမ်းသာကြွယ်ဝမှုဖြစ်ပါသည်။ ယခုအစိုးရ လက်ထက်တွင်တော့ ဝန် ကြီးများ ဘယ်လောက်ချမ်းသာမည် ဆို သည်ကိုပြည် သူများမ သိရှိပါ။ ဒါ့ကြောင့် လည်း ယနေ့အထိ သူတို့ပိုင် ဆိုင်သော ချမ်းသာကြွယ်ဝမှုကို ချမပြနိုင်သေးခြင်း ဖြစ်ပါသည်။
ဒါက ပြည်ထောင်စုဝန်ကြီးများ နှင့် ပတ်သက်သော ကိစ္စရပ်များဖြစ်ပါ သည်။ လွှတ်တော်ကိုယ်စားလှယ်များ ထောက်ပံ့ကြေးတိုးမြင့်ခံစားခြင်းကိစ္စ တွင်တော့ တိုးမြှင့် လာေ သာ ခံစားခွင့် များနှင့်အတူ တာဝန်ကျေသော လွှတ် တော်ကိုယ်စားလှယ်များဖြစ်ဖို့လိုပါ သည်။ အိပ်ငိုက်နေသော လွှတ်တော် ကိုယ်စားလှယ် များတော့မဖြစ်သင့်ပါ။ နံနက် ၁ဝ နာရီစပြီး ၁၁ နာရီပြီးသော လွှတ်တော်အစည်းအဝေးများ မဖြစ် သင့်ပါ။ အချိန်ဖြုန်းသော လွှတ်တော် မဖြစ်သင့်ပါ။နိုင်ငံလုံးနှင့်ဆိုင်သော ကိစ္စ ရပ်များကို တင်ပြခြင်း၊ မေးမြန်းခြင်း၊ ဆွေးနွေး ခြင်းပြုသလို တိုင်းပြည်အတွက် အကျိုးရှိမည့် ဥပဒေများကို ပြဋ္ဌာန်းနိုင် ရန် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ပါ သည်။
ရထားလမ်းတံခါး ပိတ်ခြင်းကိစ္စ၊ သာမန်မြို့နယ် စည်ပင်ဈေးအဆင့်တိုး မြှင့်ခြင်းကိစ္စ၊ ရေမြောင်းကိစ္စ၊ လမ်းကိစ္စ စသည့် မြို့နယ်အဆင့်၊ တိုင်းအဆင့်တွင် ဆွေးနွေးဆောင် ရွက်ရမည့် ကိစ္စရပ်များ ကို လွှတ်တော်အသီးသီးတွင် ဆွေးနွေး ခြင်းမပြုသင့်ပါ။ လွှတ်တော်များပီပြင်မှု မရှိသေးပါ။ ကိုယ်စားလှယ်များ၏ စွမ်း ဆောင်ရည်လည်း သိသာ ထင်ရှားမှု မရှိ သေးပါ။ အဆောင်အယောင်များယူပါ။ သင့်တင့်သော လစာတိုးမြှင့်ခံစားပါ။ သို့သော် လွှတ်တော်ကိုယ်စားလှယ်၏ တာဝန်ကျေဖို့လိုပါသည်။ ယခုအစိုးရ တက်စအချိန်က လွှတ်တော်ကိုယ်စား လှယ်များ၏ လွှတ်တော်နားချိန်တွင် မိမိ တို့ မဲဆန္ဒနယ်မြေများသို့ ကွင်းဆင်းခြင်း၊ လွှတ်တော်အတွေ့ အကြုံများရှင်း လင်း ခြင်း ကိစ္စရပ်များ ဆောင်ရွက်သည်ကို တွေ့ရပါသည်။ ယခုသက်တမ်းတစ်ဝက် ကျော်သည့်အခါ လွှတ်တော်ကိုယ်စား လှယ်များ မဲဆန္ဒရှင်နှင့်ထိတွေ့မှု လုံးဝ မရှိတော့ပါ။ ယခုနောက် ပိုင်းတွေ့ရ သည်မှာ လွှတ်တော်နားချိန်တွင် နိုင်ငံ ခြားခရီးထွက်ခြင်း၊ မိမိတို့၏ ပါတီကိစ္စ များကိုသာ ဆောင်ရွက်သည်ကို တွေ့ရှိ ရပါသည်။
ယခုသက်တမ်းတစ်ဝက်ကျော်ပြီ ဖြစ်၍ ၂ဝ၁၅ တွင် ဆက်ပြီးမပါဝင်လို သော ပုဂ္ဂိုလ်များ၊ ပါဝင်လိုသော်လည်း အခြေအနေမပေးသည့် ပုဂ္ဂိုလ်များအ နေဖြင့် တွက် ဆ မိပြီးဖြစ်ပါသည်။ ထို ပုဂ္ဂိုလ်များသည် မလှုပ်၊ မရှုပ်၊ မပြုတ်နေ ခြင်းဖြင့် သက်တမ်းကုန်သည်အထိ ဒ ရွတ်တိုက်လိုက်သွားမည်ကို စိုးရိမ်ပါ သည်။ ပြည်ထောင် စုဝန်ကြီး များသည် တာဝန်ကျေသာလုပ်ဆောင်ပါက တိုင်း ပြည်နစ်နာပါသည်။ ထို့အတူ လွှတ် တော်ကိုယ်စားလှယ်များလည်း အနိုင် နှင့်ပိုင်းပြီး လက်ညှိုးထောင် ခေါင်း ညိတ် နေ တတ်သလိုနေပါက ပြည်သူများ သာဒုက္ခရောက်ရပါသည်။
ထို့အတူ လုပ်ပိုင်ခွင့်ရှိသူ ပြည် ထောင်စုဝန်ကြီးများကလည်း ယခု သက်တမ်းအတွင်း မီးကုန်ယမ်းကုန် ကိုယ်ကျိုးရှာပါက ကျွန်တော်တို့ ပြည်သူ များသာ ဒုက္ခရောက် ပါသည်။ ဒါက လည်း ကျွန်တော်ရဲ့ တွက်ဆချက်များဖြစ် ပါသည်။ မှန်/မမှန်ကတော့ ကာယကံ ရှင်များအသိဖြစ်ပါ သည်။ ခေတ်စနစ် နှင့် အညီ ပြောင်းလဲလိုသော လူစုမှာ ရာဂဏန်းသာရှိသည်ဟု လွန်ခဲ့သော အပတ်က ဝန်ကြီးတစ်ပါးပြောသွားသည် ကိုလည်း အမှတ်ရပါသည်။ ကျွန်တော် ဆောင်းပါးကို နိဂုံးချုပ်ရလျှင် သမ္မတ ကြီးနှင့် တ ကွ ပြည်ထောင်စုဝန်ကြီးများ လစာအပြည့်အဝခံစားပါ။ လာဘ်မစား ပါနှင့်၊ ကိုယ်ကျိုးမရှာပါနှင့်။ လွှတ် တော်ကိုယ်စားလှယ်ကြီးများကလည်း ထိုက်သင့်သော လစာစ ရိတ်များ ခံစား ပါ။ မိမိတို့ကို ပြည်သူက အပ်နှင်းသော တာဝန်ကိုလည်း ကျေပွန်စွာထမ်းဆောင် ပါလို့ တိုက်တွန်းရင်း နိဂုံးချုပ်ပါသည်။
 Popular News

Thursday, January 16, 2014

တစ်ကိုယ်ရည်နေထိုင်တဲ့ လေလွင့်အဘိုးကြီး Amou Haji ဟာ အသက် ၂၀ အရွယ်က မိန်းမတစ်ယောက်ကို ပိုးပန်းခဲ့ဖူးပေမယ့် အချစ်ရေးကံမကောင်းခဲ့ပဲ သူ့ ချစ်သူကို ဆုံးရှုံးလိုက်ရပါတယ်။ အဲဒီ့အချိန်ကစ ရေမချိုး၊ မသန့် ရှင်းပဲ နေထိုင်ခဲ့တဲ့ Amou Haji ဟာ အခုဆို အသက် ၈၀ အရွယ်ကို ရောက်ရှိလာပါပြီ။ အချစ်ရေးကံခေ ခဲ့ပြီးနောက် Amou ဟာ အီရန်နိုင်ငံတောင်ပိုင်း ၊ Dejgah ဆိုတဲ့ ရွာနားက တောနက်ထဲမှာ တစ်ကိုယ်ရည် နေခဲ့ပြီး ၊ ညတွေမှာဆို သူဟာ မြေတွင်းထဲမှာ အိပ်စက်ပြီး ဆောင်းရာသီမှာတော့ ရွာသားတွေက သူ့ အတွက် ဆောက်ပေးထားတဲ့ အုတ်တိုက်ငယ်လေးမှာ နေထိုင်ပါတယ်။

သူ အနှစ်သက်ဆုံးအရာကတော့ တိရစ္ဆာန်နောက်ချေးခြောက်တွေကို ဆေးတံထဲထည့်ပြီး သောက်ရတာကိုပါတဲ့။ Amou ဟာ သူ့ ရဲ့ စုတ်စုတ်ပြတ်ပြတ်နေထိုင်တဲ့ ပုံစံကို လက်ခံပြီး သူနဲ့ အတူ နေထိုင်နိုင်မယ့် အမျိုးသမီးကို လက်ထပ်ချင်တယ်လို့ Tehran Times သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
အမေရိကန်သမ္မတအိုဘားမားစတိုင် အင်ဒိုနီးရှားခေါင်းဆောင်
ဇော်အောင် (မုံရွာ)
ဇန်န၀ါရီ ၁၆၊ ၂၀၁၄



JOKOWI ပိုစတာဖြစ်ပါသည်။ အင်ဒိုနီးရှား၊ လက်ရှိ ဂျာကာတာမြိုတော်ဝန် ဂျိုကိုဝီ ဟု လူသိများပြီး၊ အင်ဂျင်နီယာတစ်ဦးလဲ ဖြစ်ပါသည်။
လောလောဆယ် ၁၃ ဇန္နဝါရီ ၂၀၁၄ ဂျာကာတာ ရေလွှမ်းမိုးကာ အိမ်ပေါင်း ၇ထောင်ကျော် ရေမြုတ်နေပြီး၊ လူပေါင်း ၂၅၀၀၀ ရေဘေးဒုက္ခရောက်နေပါသည်။  “ ရေဆီးတားတွေ ပြင်ဖို့ ယန္တရားကြီးတွေနှင့် လုပ်နေပါတယ်။ မြစ် ၁၃ခု မြို့ထဲစီးဝင်တဲ့ ရေတွေဖြစ်ပါတယ်။ ရေရှည်မှာ ဒါမျိုးမဖြစ်အောင် အနီးနားက သစ်လုပ်ငန်းများက သစ်တောခုတ်လှဲများ ရပ်ဆိုင်းပြီး စိမ်းလန်းတဲ့ သစ်တောဖြစ်ဖို့ အစိုးရ၏ အကူညီလိုပါတယ်။  မြို့သူမြို့သားများလဲ မြောင်းများ မပိတ်ဆို့ဖို့ အမှိုက်စနစ်တကျပစ်ဖို့ လိုပါတယ်...” ဟု မြို့တော်ဝန် ဂျိုကိုဝီ ကပြောပါသည် ။  ဒါတွေ လုပ်ဖို့ ဂျာကာတာမြို့အဖွဲ့နှင့်မရပါ၊ ဗဟိုအစိုးရလည်း ပူးပေါင်းလုပ်ဆောင်ပေးဖို့ လိုကြောင်း ပြောပါသည်။ ရေစုတ်ပန့်များစွာ အလုပ်လုပ်လျှက်ရှိကြောင်း၊ ဂျာကာတာ မြို့နယ်ပေါင်း ၃၁ ခုမှာ ရေကြီးနေကြောင်း၊ ဂျာကာတာ ရဲဌာနမှ သတင်းထုတ်ပြန်ပါတယ်။ 
သူ့ကို ဂျာဗားကျွန်းအလယ်က လူဦးရေ၅သိန်းခန့်ရှိသော ရှေးဟောင်းမြို့တော် Surakarta မြို့တွင် ၁၉၆၁ မွေးဖွားခဲ့ပါသည်။ ယခု ၅၂ နှစ်အရွယ်ဖြစ်သည်။ ၁၉၈၅  သစ်တောဆိုင်ရာ၊ အင်ဂျင်နီယာဘွဲ့ရရှိပြီး နောက်ပိုင်း ကုမ္ပဏီအလုပ်၊ အိမ်ထောင်ပရိဘောဂ စီးပွားရေးလုပ်ငန်းများ အောင်မြင်စွာ လုပ်ခဲ့ပါသည်။  ဆူကရာတာမြို့ဝန် ရာထူး အတွက် သူ့ကို ယှဉ်ပြိုင်စေရာမှာ အနိုင်ရရှိပြီး ၂၀၀၆ ဆူကရာတာမြို့ဝန်ဖြစ်လာပါသည်။ သာမန် လုပ်ငန်းရှင်တစ်ဦး မြို့ဝန်တာဝန်ကို ထမ်းဆောင်နိုင်ပါ့မလား သံသယဖြစ်ခဲ့ကြသည်။ လက်ရှိ အင်ဒိုနီးရှားသမ္မတ ယူဒိုယိုနို မြို့ဝန်လုပ်ခဲ့ဖူးသော မြို့လည်းဖြစ်ပါသည်။ သူတာဝန်ယူပြီး မကြာခင် သူ့၏ အရည်အချင်များကို တွေ့လာရပါသည်။ သူ လုပ်ငန်းရှင်အဖြစ် ဥရောပမြို့တော်တော်များများကို ရောက်ခဲ့စဉ်က  ထိုမြို့များ၏ ဖွံ့ဖြိုးရေး လုပ်ဆောင်မှု နမူနာများစွာအတုယူပြီ ဆူကရာတာမြို့အတွက် သင့်လျှော်အောင် ကော်ပီ လုပ်ဆောင်စေပါသည်။ သူ နိုင်ငံခြား သွားလာနေစဉ်ကာလ သူများနိုင်ငံမှာ ဘယ်လိုလုပ်ကိုင်သည်ဆိုတာ သေသေချာချာ လေ့လာ၊ ဆည်းပူးခဲ့ပါသည်။ ထိုကဲ့သို့လေ့လာပြီး မှတ်တမ်းတင်မှုများသည် သူကိုယ်တိုင် မြို့တော်ဝန် ဖြစ်လာချိန်တွင် လက်တွေ့ကျင့်သုံး၊ အကောင်ထည်ဖေါ်နိုင်ခဲ့ပါသည်။ သူသည် ယခင် အင်ဒိုနီးရှားခေါင်းဆောင်များလို ဟိတ်ဟန်မရှိ၊ ပုံစံခြားနားပါသည်။ ပြည်ထုနှင့် တွေ့ဆုံပွဲများတွင် လူငယ်များက ဂျိုကိဝီ လက်ကိုဆွဲပြီး သူတို့ခေါင်းပေါ်တင်ကြပါသည်။ အင်ဒိုနီးရှားစတိုင် လူငယ်တွေက လူကြီးကိုလေးစားကြောင်း ပြခြင်းဖြစ်သည်။

Sunday, September 15, 2013


ဆရာရှင့် ကျွန်မရဲ့စိတ်အကြောင်းမေးချင်လို့ပါ။ ကျွန်မနဲ့ကျွန်မအမျိုးသား အတူနေတဲ့အခါ ကျွန်မယောက်ျား ကပြောပါတယ် ကျွန်မကို ကျောက်ရုပ်ကြီးကျနေတာပဲတဲ့။ သူ့ကိုစိတ်ပါသေးရဲ့ လားလို့လဲ မေးပါတယ်။ ကျွန်မဘာလို့အဲဒီ့လိုဖြစ်နေရတာလဲ။ အမှန်တိုင်းပြောရရင် ကျွန်မတို့အိမ်ထောင်သက် ၂ နှစ်ပြည့်ခါနီးပေ မယ့် ကျွန်မရှက်တုန်းပဲ။ ကလေးတစ်ယောက် ရသွားပေမယ့် ရှက်နေတုန်းပဲ။ အဲဒါဘာဖြစ်လို့ပါလည်းရှင်။ သူ့အပေါ်တာဝန်မကျေသလို ခံစားရပါတယ်။ သူ့အပေါ် တာဝန်ကျေချင်ပါတယ်ရှင့်။ ပြောပြပေးပါဦး။

မေးတဲ့သူဟာ အခုလိုမေးသင့်တယ်လို့ထင်တဲ့၊ စိတ်ဆန္ဒရှိနေတာဟာ အလားအလာအတော်ကြီး ကောင်းပါ တယ်။ ရှက်စိတ်ရှိတာ ပုံမှန်ပါ၊ လူဆန်ပါတယ်။ အကြံတခုပေးချင်တာက ဒီလိုရှက်စိတ်ဟာ “ကြိုက်မရှက်၊ ငိုက်မရှက်၊ ငတ်မရှက်" ဆိုတာ လူတိုင်းအသိပါ။ ပြောဘို့ မယဉ်ကျေးတဲ့ မရှက်တရား နောက် တပါး ကတော့ “တရားဝင် အကြင်လင်မယား နှစ်ဦးသားဟာ ဆက်ဆံရာမှာရှက်နေစရာ မလိုဘူး”။ ဒါဖြင့်ရင်“အရှက်ကိုမရှိရတော့မှာလား”ဆိုတာတော့လဲမဟုတ်ပါ။ လင်မယားတွေ ပေါင်းလာကြတာ နှစ်တွေ အများကြီးကြာပေမဲ့လဲ ဘယ်အရေးကိစ္စမှာမဆို သူသူကိုယ်ကိုယ် ရှက်နေကြရသေးတာပါ။ အဖိုးကြီး၊ အဖွါးကြီးဖြစ်တဲ့အထိပါ။

ဒါပေမဲ့ အခုမေးလာသူလို လိုအပ်ချက်ရယ်လို့ရှိလာပြီဆိုရင်တော့ ပြင်ယူရပါလိမ့်မယ်။ တနှစ်က သတင်းစာ မှာ ဖတ်ရတယ်။ ကမ္ဘာ့နံပါတ်တစ် အားကစားမယ်တယောက် ရုပ်ရည်ကလဲ အင်မတန်ချော ပါတယ်။ သူ့ (ဘွိုင်း-ဖရင်း) က ပြောတယ် “အိပ်ယာထဲမှာဆို ဒီမိန်းကလေးဟာ သစ်တုံးလိုဘဲ” တဲ့။ သူတို့ဆီကတော့ အကြင်လင်မယားမဖြစ်သေးလဲ အဲလို နေကြတာကထုံးစံပါ။ နာမည်ကြီးသူဆိုရင်သတင်းလိုက်သူတွေ ကလဲ ရှောင်လို့မရဘူး။ ပြန်ပြောပေါ့ “ကျမတယောက်တည်း မဟုတ်ဘူး (ဆယ်လီဘရက်တီ) အပျိုမလဲ ကျမလိုပါဘဲ” လို့။

မြန်မာအရပ်စကားတခုလဲ ရှိသေးတယ်။ “မယားကောင်းဆိုတာအိပ်ယာထဲမှာ ပြည့်တန်ဆာလို နေရ -ကျင့်ရတယ်” တဲ့။ ဒီအကြံပေးချက်ဟာ လက်တွေ့ဘဝတွေကနေ လာပုံရတယ်။ တခုရှိတာက ကိုယ် ခန္ဓာ ရောင်းစားသူတွေ၊ ငွေယူပြီး လိင်ဇာတ်ကား ရိုက်ပေးသူတွေဟာ ကြည့်တဲ့သူတွေပို သဘောကျ၊ အားကျစေအောင် တမင်တကာ သရုပ်ဆောင်ကြရတယ်။ ဥပမာ အမျိုးသမီးတွေက ခံစားမှုရှိနေသယောင်၊ သာယာနေသယောင် သရုပ်ဆောင်ကြတယ်။ ဒါတင်မကဘူး လိင်ဆန္ဒ ပြည့်ဝ ပြီးစီးတာကိုပါ အတုလုပ်လေ့ ရှိတယ်။ ဒါကို Women Fake Orgasm လို့ခေါ်တယ်။

ဒီလိုအတုလုပ်ကြတာက ကြေးစားမိန်းမတွေမှ မဟုတ်သေးဘူး။ အနောက်နိုင်ငံတွေမှာ (မြန်မာနိုင်ငံ မှာတော့ လေ့လာမှု မရှိလို့ မပြောနိုင်ပါ။) အတွဲထားတဲ့ အမျိုးသမီးများကလဲ ပြီးစီးမှု အတုလုပ်တတ်ကြ တယ်။ AskMen.com ကနေ အမေရိကန်၊ ကနေဒါ၊ ယူကေနဲ့ သြစတြေးလျ မှာ ယောက်ျား-မိန်မပေါင်း ငါးသောင်းကို လေ့လာမှုလုပ်တော့ ၃ ပုံ ၁ ပုံသော အမျိုးသမီးတွေက (အော်ဂဇင်) ရသယောင်ဆောင်ပါ သတဲ့။ (ကိုလန်ဘီယာ) က Farnaz Kaighobadi ကနေလုပ်တဲ့ သုတေသနအရ ၄ဝ-၆ဝ% အမျိုးသမီးတွေ က အဲလိုအတုလုပ်ကြရတာဟာ Mate retention tactic သူတို့ ယောက်ျားဖေါ်တွေ သူတို့ဆီကနေ ခွါမ သွားစေအောင်လုပ်ရတဲ့ ဗျူဟာလို့ ဆိုပါတယ်။

နောက်တခုလဲ ကြားဘူးကြမှာပါ။ “ယောက်ျားသား ဖေါက်ပြားတာဟာ သူ့မိန်းမက အလိုကို လိုသလို မဖြည့်နိုင် လို့” ဆိုတာ။ ဒီအချက်က တဝက်တပျက်သာ မှန်ပါမယ်။ ဖေါက်ပြားချင်သူဆိုတာ ယော က်ျားဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် စ (ဇ) ရှိသူတွေက ဇနီးမယား၊ ယောက်ျား ခင်ပွန်းဘက်က ပြောစရာမလိုပေ မဲ့ ဖေါက်ပြန်ကြပါတယ်။

လင်မယားနေကြရာမှာ အချိန်ကာလအရ တိုးတက်လာကြရတယ်။ မေးတဲ့သူလဲ တိုးတက်လာအောင် လုပ်သင့် ပါတယ်။ ပိုပြီး နားလည်လာရမယ်။ သာယာမှုရှာတဲ့နေရာမျိုးမှာ ပိုပြီးသာယာမှုကိုဖြစ်လာစေ သင့်တယ်။ ခွင့်လွှတ်စရာမျိုးကို ပိုပြီး ခွင့်လွတ်လာကြတာမျိုးလိုပါဘဲ။ အပြန်အလှန်ပါဘဲ။ ယောက်ျား လုပ်သူကလဲ နားလည်မှု ပြန်ပေးဘို့လိုတယ်။ မိန်းမသဘာဝဟာ တမျိုးဆိုတာ သိသင့်တယ်။ ပိုးပြီးရှက် တတ်တယ်။ လိင်စိတ်ဖြစ်လာတာ အချိန်ပိုယူတယ်။ အခါတိုင်း အပြီးမသတ်ပေမဲ့ သိပ်ကိစ္စမရှိတတ်ဘူး။ လစဉ်ဓမ္မတာနဲ့အတူ ဟော်မုန်းသတ္ကိကြောင့် လိင်စိတ် အတက်အကျ ရှိတတ်တယ်။ အိမ်ထောင်မကျ ခင်ဘဝ၊ နောက်ခံ (လိင်) ကျန်းမာရေးသုတ ဆိုတာမျိုးကို တမင်တကာ လိုက်ရှာနေတတ်သူမျိုး ဆိုတာ ယောက်ျားတွေနဲ့ယှဉ်ရင် အရေအတွက်နည်းပါးတယ်။ ဒီတော့ လိုနေတယ်ထင်ရင် ပြင် လာစေအောင် ကူညီရမယ်။ သုတအရလိုနေရင် သုတဖြည့်ပေးပါ။ ကျန်းမာရေးကြောင့်ဆိုရင်ခွင့်လွတ်ပေး ပါ။ တိုးတက်လာတိုင်း အသိအမှတ်ပြုပေးပါ။

လိင်မှုကိစ္စဟာ တခြားအရေးအရာတွေလိုဘဲ။ နှစ်ဦးနှစ်ဘက် ပါဝင်ပတ်သက်ရတယ်။ လက်ခုပ်တီးတာ လက်နှစ်ဖက် ပါရသလိုမျိုး။ လက်နှစ်ဖက်တော့ ဟုတ်ပါရဲ့ တဖက်လက်ဝါးက ဖြန့်ကော့ထားရင် မည်တဲ့ လက်ခုပ်သံက မပီသဘူး။ တက်ညီ-လက်ညီ ရှိကြတာ ကောင်းတဲ့ဂုဏ်တရပ်ပါ။ ရှေ့သွား၊ နောက်လိုက် ညီကြတယ်ဆိုတာ အများအမြင်သာ ဖြစ်တယ်။ ဘက်ညီတယ်ဆိုတာမှာ အတူနေတဲ့ကိစ္စလဲ ပါသင့်တယ်။

စိတ်မပျက်ပါနဲ့။ အားငယ်စရာမဟုတ်ပါ။ အိမ်ထောင်ရေး ပိုသာယာတာ အခုမေးတဲ့သူမှာ သေချာပေါက်ဖြစ် လာမယ်လို့ ယူဆပါတယ်။ ဖတ်ပါ၊ လိုက်နာပါ။ မေးမြန်းပါ၊ လိုက်လုပ်ပါ။ ကိုယ်က ကျောက်ရုပ် (သစ်တုံး) လိုဖြစ်မနေအောင် လိုသေးရင် ဆရာဝန်ကိုမေးပါ။

From:ဒေါက်တာတင့်ဆွေ
 **မြန်မာ** အမည်နာမ ဆင်းသက်လာပုံ


 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXGmzU7gZPIBpb7ubw4MCpExPRgz3JFzUHMOhb7zrudPT0GeDSdeXtBC5Ko4h5gzCtTDSsKnV4zZZpso9rzC5N3F5pU1odoJjNOLHnHEeChWt4EvxqZkfVqKEMkJklHEQOX7HJuscdLCB3/s1600/Myanmar+History+and+Names.jpg


 မီးပြတိုက် မှာ ကူးယူးဖော်ပြပါသည်



Friday, June 28, 2013

Posted by ဆူးအေမီ on 8:36 PM in | No comments
ဘုရားဂုဏ်တော် ကိုးပါး ( The Nine Supreme Qualities Of Buddha )
==========================================

၁။အရဟံ ( Arahan = The Accomplished One )
= ဗြဟ္မာ-နတ်-လူ ပူဇော်အပ်တဲ.၊ ဂုဏ်တော်မြတ်နဲ့ပြည်စုံပါသောမြတ်စွာဘုရား

၂။သမ္မာသဗ္ဗုဒ္ဓေါ ( Sammasambuddho = The Perfectly Enlightened One )
= တရားအလုံးစုံ ဆရာမရှိ ကိုယ်တိုင်သိတဲ့
မြတ်စွာဘုရား

၃။ဝိဇ္ဇာစရဏသမ္ပန္နော ( Vijjacaranaasampanno = The Endowed One with Knowledge and Conduct )
= သုံးရှစ်ဝိဇ္ဇာ စရဏများ။ဆယ့်ငါးပါးနဲ.ပြည့်စုံပါသောမြတ်စွာဘုရား

၎။သုဂတော ( Sugata = The Well-gone One or The Well-spoken One )
= ကောင်းတဲ့စကားကို မိန့်ဆိုတက်လို့ နိဗ္ဗာန်မြတ်သို့ကြွသွားတော်မူသော မြတ်စွာဘုရား

၅။လောက၀ိဒူ ( Lokavidu = The Knower of the three Worlds )
= လောက သုံးပါးကို ခွဲခြားသိမြင်တော် မူသော
မြတ်စွာဘုရား

၆။အနုတ္တရောပုရိသ ( Anuttaro purisadammasarathi = The Incomparable Leader of men to be Tamed )
= မယဉ်ကျေးသူ ယဉ်ကျေးအောင် ဆုံးမရာတွင်
ဓမ္မသာရထိ အတုမရှိသောမြတ်စွာဘုရား

၇။သတ္ထာဒေ၀ မနုဿာနံ ( Sattha devamanussanan = The Teacher of Celestial and Human Beings )
= လူ-နတ်-ဗြဟ္မာ သတ္တ၀ါများရဲ့ ဆရာတစ်ဆူဖြစ်တော် မူသောမြတ်စွာဘုရား

၈။ဗုဒ္ဓေါ ( Buddho = The Enlightened One )
= သစ္စာလေးပါးမြတ်တရားကို ပိုင်းခြားသိမြင်တော်မူသော မြတ်စွာဘုရား

၉။ဘဂ၀ါ (Bhagava = The Blessed One )
= ဘုန်းတော်ခြောက်စုံ ဂုဏ်တော်မြတ်နှင့်ပြည့်စုံတော် မူသောမြတ်စွာ ဘုရား

Blog: http://buddhismbeams.blogspot.com/

Ref: World Of Wisdom

Search Our Site