Ads

ကြော်ငြာ

Thursday, June 20, 2013

Posted by ဆူးအေမီ on 12:41 AM in | No comments



ရတနာပုံ တယ်လီပို့ ကုမ္ပဏီ လီမိတက် ADSL Internet Bill များကို အင်တာ နက်ပေါ်မှ ဘဏ်များနှင့် ချိတ်ဆက်၍ Bill များ စတင် ပေးဆောင်နိုင်ပြီ ဖြစ်ကြောင်း သိရသည်။
Bill များ စတင် ပေးဆောင်နိုင်ခြင်း အခမ်းအနားကို ရန်ကုန်မြို့ လှိုင်တက္ကသိုလ်များ နယ်မြေရှိ MICT Park ၌ ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် ကျင်းပရာ ရတနာပုံ တယ်လီပို့ ကုမ္ပဏီ လီမိတက် စီမံကိန်းများ တည်ဆောက်ရေး ဌာနကြီးမှ ဌာနမှူး ဦးအောင်စံမြတ် Yatanarpon ADSL Online Billing စနစ် စတင်သုံးစွဲခြင်းနှင့် စပ်လျဉ်း၍ လည်းကောင်း၊  ဌာနခွဲ တာဝန်ခံ ဒေါ်နန္ဒာလင်းက Online အင်တာနက် မှတစ်ဆင့် ငွေပေးချေမှု စနစ် ဝန်ဆောင်မှု လုပ်ငန်းများနှင့် စပ်လျဉ်း၍ လည်းကောင်း၊ Easy Pay Co., Ltd. မှ Executive Director ဦးဝေဖြိုးသူက Onlineမှ ADSL Bill အသုံးပြုပုံကို သရုပ်ပြ၍ လည်းကောင်း ရှင်းလင်း ပြောကြားကြပြီး မီဒီယာများ၏ သိရှိ လိုသည်များကို တာဝန်ရှိသူများ က ပြန်လည် ရှင်းလင်းကြသည်။
ebilling. ypay.com. mm တွင် လျှပ်စစ်မီတာ ဘေလ်၊ ရတနာပုံ တယ်လီပို့ ADSL ဘေလ်များကို Payment Type နှစ်မျိုးဖြင့် AGD Bank ၊ ဧရာဝတီဘဏ်၊ ကမ္ဘောဇဘဏ်၊ CB bank ၊ မြန်မာနိုင် ငံတော် ဗဟိုဘဏ်၊ မြန်မာ့ စီးပွားရေး ဘဏ်နှင့် မြန်မာနိုင်ငံ သားများဘဏ် လီမိတက်များတွင် စတင် အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း သိရသည်။
မြ၀တီ

0 comments:

Search Our Site