Ads

ကြော်ငြာ

Showing posts with label သတင်း၇ပ်ဝန်းနယ်ပယ်. Show all posts
Showing posts with label သတင်း၇ပ်ဝန်းနယ်ပယ်. Show all posts

Monday, April 28, 2014

Posted by ဆူးအေမီ on 1:16 AM in | No comments


ဧေပြီလဆန်းပိုင်းတွင် ပြန်လည်ဖြစ်ပွားလာသော တိုက်ပွဲများကြောင့် KIA တပ်ဖွဲ့ဝင်များ အလင်းဝင်ရောက် လာကြရာ အေပြီ ၂၂ ရက်နေ့တွင် KIA တပ်ဖွဲ့ဝင် (၂) ဦး လက်နက်မဲ့ထပ်မံ အလင်းဝင်ရောက်လာခဲ့ကြောင်း မြစ်ကြီးနားမြို့ ဌာနဆိုင်ရာရုံးတစ်ရုံးမှ သိရှိရသည်။
အလင်းဝင်ရောက်လာသော KIA တပ်ဖွဲ့ဝင် (၂) ဦးမှာ KIA တပ်မဟာ (၁) ၊ တပ်ရင်း (၁၀) မှ ကိုယ်ပိုင် အမှတ် A – ၅၇၀၀၇ တပ်သားအဆင့်ရှိ လဂျွန်အောင်းခေါင်နှင့် ကိုယ်ပိုင်အမှတ် A - ၅၇၀၁၂ တပ်သားအဆင့်ရှိ မန်ပျော့ခေါင်ဟောင်းတို့ ဖြစ်ကြသည်။
၂၀၁၂ ခုနှစ် ဒီဇင်ဘာလ (၁၀) ရက်နေ့တွင် လဂျွန်ဇောင်းခေါင်သည် မန်ပျော့ကျေးရွာရှိ နေအိမ်မှ တောင်ယာ ထဲသို့ တောင်ယာလုပ်ရန်သွားစဉ် KIA အဖွဲ့တစ်ဖွဲ့မှ ၎င်းနှင့်အတူရွာသား (၈) ဦးအား လူသစ်အဖြစ် အတင်း အကြပ် ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း၊ ၎င်း အနေဖြင့် KIA တွင် ဆက်လက်တာဝန်မထမ်းဆောင်ချင် တော့သဖြင့် လက်နက်မဲ့ အလင်းဝင်လာခြင်းဖြစ်ကြောင်းနှင့် အတူဖမ်းဆီးခံရသော ရွာသားများမှာ ယနေ့အချိန် ထိ KIA အဖွဲ့ထဲ၌ တာဝန်ထမ်းဆောင်နေရကြောင်း သိရသည်။
၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် မန်ပျော့ကျေးရွာနေ မန်ပျော့ခေါင်ေ ဟာင်းနှင့် ရွာသား (၄) ဦးအား KIA မှ လူသစ်အဖြစ် ထပ်မံဖမ်းဆီးခေါ်ဆောင် သွားခြင်းဖြစ်ကြောင်း၊ လတ်တလောဖြစ်ပွားလာသော တိုက်ပွဲများတွင် KIA တပ်ဖွဲ့ဝင်များမှာ ထိခိုက်ကျဆုံးမှုများပြီး စိတ်ဓါတ်ကျဆင်းမှု၊ အနေအထိုင်ဆ င်းရဲမှုတို့ ကြောင့် ဆက်မနေရဲတော့ဘဲ ယခုကဲ့သို့ အလင်းဝင်လာခြင်ြး ဖစ်ကြောင်း သိရသည်။
“ ဒီအေပြီလဆန်းပိုင်းထဲမှာ တိုက်ပွဲတွေ ပြန်ဖြစ်တာကြောင့် KIA စခန်းတွေ အသိမ်းခံရတယ်၊ KIA ခေါင်းဆောင်ပိုင်းက အောက်လက်ငယ်သားတွေကို ပြန်မကြည့်ဘူးလို့ ယူဆနေကြတယ်၊ လစာလည်းမရ၊ အနေအထိုင်ကလည်း ဆင်းရဲ၊ စားစရာသောက်စရာကလည်း အပြည့်အ၀မရှိတော့ KIA တပ်ဖွဲ့ဝ င်တွေ စိတ်ဓါတ်ကျလာကြတာပေါ့၊ တိုက်ပွဲတွေ ဆက်ဖြစ်နေရင် အသက်အန္တ ရာယ်အတွက် အာမခံချက်မရှိတာ ကြောင့် အလင်းဝင်လာတာလို့ သူတို့က ပြောပါတယ် ” ဟု ယင်းရုံးမှ အရာရှိတစ်ဦးက ဆိုသည်။
ကချင်ပြည်နယ်နေရာအချို့တွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာမှုကြောင့် အေပြီလဆန်းပိုင်းမှစ၍ KIA တပ်ဖွဲ့ဝင်များ လက်နက်မဲ့ အလင်းဝင်ရောက်မှု ပိုမိုများပြားလာကြောင်းနှင့် တိုက်ပွဲများတွင် အသက် အန္တရာယ်စိုး ရိမ်ရသ ည့်အတွက် နောက်ထပ်အလင်းဝင်လာမည့် KIA တပ်ဖွဲ့ဝင်များလည်း အများအပြားရှိ နေကြောင်း၊ အလင်းဝင်ရောက်လာသော KIA တပ်ဖွဲ့ဝင် (၂) ဦး၏ ထွက်ဆိုချက်အား ယင်းအရာရှိမှ ဆက်လက်ပြောကြား ခဲ့သည်။


ဇော်မိုင်
Posted by ဆူးအေမီ on 1:14 AM in | No comments




ရန်ကုန်တိုင်း၊ အလုံမြို့နယ်၊ ဌာနရပ်ကွက်၊ အလုံလမ်းနှင့် ဧရာဝတီလမ်းထောင့်တွင် ဖြိုလက်စ ၂ ထပ်တိုက် အဟောင်း တလုံး ပြိုကျမှုကြောင့် တိုက်အဟောင်းဖျက်နေသူ ၂ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာ အပြင်းအထန်ရရှိသွားကြောင်း အလုံမြို့နယ်ရဲစခန်းမှူး ဒုတိယရဲမှူး ၀င်းနိုင်မှ အတည်ပြုပြောကြားသည်။

တိုက်ပြိုကျမှု ဖြစ်စဉ်သည် ယနေ့ ညနေ ၄ နာရီတွင် ဖြစ်ပွားခြင်းဖြစ်ပြီး သေဆုံးသူ ၂ ဦးမှာ သာကေတမြို့နယ်နေ ကိုသက်နိုင်ဖြိုးနှင့် ကိုချစ်ဆန်းတို့ ဖြစ်ကြောင်း၊ အလွန်လေးလံကြီးမားသော ၀ရန်တာ မီးခံတန်း ပြုတ်ကျရာ ယင်းမီးခံတန်း အောက်တွင် ပိမိ၍ သေဆုံးခြင်းဖြစ်ကြောင်း၊ ဒဏ်ရာရသူမှာ သာကေတမြို့နယ်တွင် နေထိုင်သူ ကိုအောင်လင်းဖြစ်ပြီး ရန်ကုန်ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ကု သမှုခံယူနေရကြောင်း သိရသည်။

“အခုတော့ သေမှုသေခင်းက ဓမ္မတာအတိုင်း သေဆုံးတာ ဟုတ်မဟုတ်ကို စစ်ဆေးနေပါတယ်။ အခုချိန်ထိတော့ ဒဏ်ရာရ သူက သတိမရသေးပါဘူး။ ကျနော်တို့ စစ်ဆေးမှုအပြီးမှ ဓမ္မတာအတိုင်းမဟုတ်ရင် အရေးယူမှုတွေဆက်လုပ်မှာပါ။ အခု ချိန်ထိတော့ အရေးယူတားမျိုးတွေ မလုပ်ရသေးပါဘူး” ဟု ဒုရဲမှူး ၀င်းနိုင်က ဆိုသည်။

၂ ထပ်တိုက်အိုကို ၈ ထပ်တိုက်ပြန်ဆောက်ရန်အတွက် လွန်ခဲ့သော ၄ လခန့်ကတည်းက ဖျက်မိန့်ကျခဲ့၍ ဖြိုဖျက်ခဲ့ရာမှ ပြိုကျခြင်းဖြစ်ကြောင်း အဆိုပါအိမ်အနီးတွင် နေထိုင်သော အလုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင် ရည်က ဧရာဝတီသို့ ပြောသည်။

ယခုကဲ့သို့ ထိခိုက်ဒဏ်ရာအပြင် သေဆုံးမှုများဖြစ်ပေါ်လာသည့်အတွက် တိုက်အဟောင်းဖြိုဖျက်မှုများကို ဥပဒေအရ အန္တရာယ်မဖြစ်စေရန် တားမြစ်ကန့်သတ်မှုမျိုးလုပ်ဆောင်ရန် လိုအပ်ကြောင်း ဦးခိုင်မောင်ရည်က ရှင်းပြသည်။

“တိုက်အဟောင်းဖျက်တဲ့နေရာမှာ တိုက်အသစ်ဆောက်သလို လိုင်စင်မလိုတဲ့အခါ ကျွမ်းကျင်သူမပါပဲနဲ့ ဖျက်ကြတော့ မလို လားအပ်တာတွေ ဖြစ်ပျက်တာကို ပြန်သုံးသပ်သင့်ပြီ။ အခုဖြစ်စဉ်မှာ တိုက်ဖျက်တဲ့နေရာမှာ အမျိုးသမီး ၁ ဦးနဲ့ အမျိုးသား ၃ ဦးတို့ပဲ ဖြည်းဖြည်းချင်းလာဖျက်ကြတာ။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း သူတို့ဖျက်နေရင်း ၀ုန်းကနဲ့ ပြိုကျတဲ့အသံကို ကြားလိုက်ရသေးတယ်” ဟု ၎င်းက ဆိုသည်။


စနေလင်း
Posted by ဆူးအေမီ on 12:58 AM in | No comments



The Messenger ဂျာနယ်- အင်္ဂလိပ်ကိုလိုနီဘဝက ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင် ကြိုးပမ်းခဲ့တဲ့ တိုင်းရင်းသား ညီညွတ်ရေး လုပ်ငန်းစဉ်ဟာ အချိန်တိုအတွင်းမှာ အောင်မြင်မှု အကြီးအကျယ် ရခဲ့တယ်။ အခုပြည်တွင်းငြိမ်းချမ်းရေးအတွက် ဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ်တွေမှာ အချိန်ကြာမြင့် သလောက်စိတ်ကျေနပ်ဖွယ် တိုးတက်မှု တစ်စုံတစ်ရာ ရှိလာတာ မတွေ့ရသေးဘူး။ အဲဒါ ဘာကြောင့်လို့ သုံးသပ်သလဲ။

ဖဒိုမန်းငြိမ်းမောင်(KNU ဗဟိုကော်မတီဝင်) - ကျွန်တော် ပြောပြမယ်၊ ဗိုလ်ချုပ်အောင်ဆန်း ကြိုးပမ်းခဲ့တဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးက နယ်ချဲ့လက်အောက်ကနေ လွတ်မြောက်ဖို့အတွက် ကြိုးပမ်းခဲ့ရတဲ့ နိုင်ငံရေးအခြေအနေ၊ ဗမာပြည် အခြေအနေ ဖြစ်တယ်။ အဲဒီတုန်းက နယ်ချဲ့ဆန့်ကျင်တဲ့စိတ် တိုင်းပြည်လွတ်လပ်ချင်တယ်ဆိုတဲ့ စိတ် ရှိတယ်။ အဲဒီတစ်ပြည်လုံးမှာ တိုင်းရင်းသားမရွေး၊ လူတန်းစားမရွေးအားလုံးက လွတ်မြောက်ချင်စိတ်ရှိတယ်။ လွတ်မြောက်ချင်တဲ့စိတ် နယ်ချဲ့ဆန့်ကျင်ရေးစိတ်က တူညီ နေတဲ့ အခါကျတော့ အဲဒါ တူညီတာတစ်ချက်၊ နောက်တစ်ချက်ကတော့ ဗိုလ်ချုပ် အောင်ဆန်း လို ထက်မြက်တဲ့ခေါင်းဆောင်၊ တစ်တိုင်း ပြည်လုံးက လေးစားမှု၊ ယုံကြည်မှု၊ အားကိုးမှု ရရှိတဲ့ ခေါင်းဆောင်တစ်ယောက်ရဲ့ ဦးဆောင်မှုအောက်မှာ တစ်တိုင်းပြည်လုံးက ပါလာတဲ့အခါကျတော့ အဲဒီအခြေအနေရဲ့ ထူးခြားချက်ကြောင့် ဗမာပြည်လွတ်လပ်ရေး ကြိုးပမ်းမှုမှာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအတွက် ဗိုလ်ချုပ်အောင်ဆန်းဟာ စည်းရုံးခဲ့တာ အချိန်တိုအတွင်းမှာ ရခဲ့ပါတယ်။

ကျွန်တော်တို့ ဒီကနေ့ကာလ ဒီကနေ့ ငြိမ်းချမ်းရေးကို ဆောင်ရွက်တဲ့အခါမှာ ကျွန်တော်တို့ ပြောင်းပြန်ဖြစ်နေတယ်။ ကျွန်တော်တို့ဟာ ဗမာပြည်လွတ်လပ်ရေး ရလာကတည်းက အဲဒီမှာ ပဋိပက္ခတွေ အုပ်စိုးသူ အဆက်ဆက်က ဖန်တီးခဲ့တဲ့ ပဋိပက္ခတွေကြောင့် ရိုးရိုး သားသား မဖြေရှင်းခဲ့တဲ့ နိုင်ငံရေး ဒဏ်ရာဒဏ်ချက်တွေကြောင့် အဲဒီမှာ ပြည်တွင်းစစ်မှာ စုံးစုံးမြုပ်ပြီးတော့ နှစ်ပေါင်း ခြောက်ဆယ်ကျော် ရုန်းကန်ခဲ့ရတဲ့ အခါကျတော့ ကျွန်တော်တို့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးဟာ ပြိုကွဲ ပျက်စီးခဲ့ရတယ်။ အဲဒါ အင်မတန် ဆိုးရွားတဲ့ အခြေအနေ တစ်ခုဖြစ်တယ်။ အဲဒီ ဆိုးရွားတဲ့ အခြေအနေမှာ အဲဒီ ပဋိပက္ခ သံသရာထဲမှာ ကျွန်တော်တို့ နှစ်ပေါင်း ခြောက်ဆယ်ကျော် လည်နေတဲ့အခါကျတော့ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ အာဏာပိုင်တွေဘက်ကိုလည်း တိုင်းရင်းသားတွေက မယုံကြည်၊ တိုင်းရင်းသားတွေ ဘက် ကိုလည်း အာဏာပိုင်တွေကလည်း မယုံကြည်၊ မယုံကြည်တဲ့အခါကျတော့ ကျွန်တော်တို့ ပဋိပက္ခတွေဟာ နက်နက်ရှိုင်းရှိုင်းကို ရှိနေကြတယ်။ ဘာတွေရှိနေကြတာလဲ ဆိုတော့ အဲဒီဒဏ်ရာ ဒဏ်ချက်တွေကြောင့် မယုံကြည်မှုတွေ၊ သံသယတွေ အာဃာတတွေ ကြီးကြီးမားမားရှိတဲ့ အခါကျတော့ ဒီဟာတွေကို ဖြေဖျောက်ရတာ သမ္မတကြီး တက်လာတဲ့ ၂၀၁၁ ခုနှစ်ကစရင် ဖြေဖျောက် ရတာ သုံးနှစ်ပဲ ရှိသေးတယ်ဗျ။ ဒီခရီးစဉ်မှာ နှစ်ပေါင်း ခြောက်ဆယ်ကျော် ဒဏ်ရာ ဒဏ်ချက်ကြီးကို ကုစားရတာ။ ဒီနိုင်ငံရဲ့ ရောဂါကြီးဟာ တိုင်းရင်းသား စည်းလုံး ညီညွတ်မှု ပြိုကွဲတဲ့ ရောဂါကြီးဟာ ကုစားရတာ လွယ်တဲ့ကိစ္စ မဟုတ်ဘူးဗျ။ ဒါကြောင့်မို့ ဒီလို အခက်အခဲရှိနေတာ ဖြစ်တယ်။ ဒါ ပကတိ အခြေအနေ ဖြစ်တယ်။

ကျွန်တော်တို့က ကြည့်တဲ့ နေရာမှာ ပကတိ အခြေအနေကိုကြည့်တယ်။ အခု ခင်ဗျားတို့ မေးလိုက်လို့ ရှိရင် Possitive မေးတဲ့ မေးခွန်းမျိုး တစ်ခါမှ မဟုတ်ဘူး။ Negative မေးခွန်းတွေချည်းပဲ မေးကြတယ်။ ကျွန်တော်တို့ ပြောပြနေတယ်။ ပကတိ အခြေအနေ ဖြစ်တယ်။ ပကတိ အခြေအနေကို ကျွန်တော်တို့က အဲဒီလို မမြင်ဘူး။ တိုးတက်မှု ရှိတယ် လို့ပဲ မြင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ နှစ်ပေါင်း ခြောက်ဆယ်ကျော်မှာ ကျွန်တော်တို့ အခုလောက်ထိ စစ်မြေပြင်ကို စွန့်လွှတ်ပြီးတော့ စားပွဲဝိုင်းမှာ မျက်နှာစုံညီ မျက်နှာချင်းဆိုင် စုံနေတာကိုက ကျွန်တော်တို့က တိုးတက်မှု တစ်ခုလို့ ကျွန်တော်တို့ဘက်က ခံယူတယ်။ စစ်မြေပြင်မှာ ကျွန်တော်တို့က တစ်ဖက်နဲ့ တစ်ဖက်၊ တစ်ဦးနဲ့ တစ်ဦး၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့၊ အသေအကြေ တိုက်ခဲ့ရတဲ့လူတွေ။ ကျွန်တော်တို့က မနေ့တုန်းက ရန်သူဖြစ်ခဲ့တဲ့သူတွေ၊ သူတွေက ဒီနေ့ စားပွဲဝိုင်းမှာ ကျွန်တော်တို့ ပြုံးပြုံးရွှင်ရွင်နဲ့ လက်ဆွဲ နုတ်ဆက်နေတာ တိုးတက်မှုတစ်ခု မဟုတ်ဘူးလား။ ခင်ဗျားတို့ အသိအမှတ် မပြုနိုင်ဘူးလား။

အဲဒီတော့ ဒီနေ့ ကျွန်တော်တို့ ဒီတွေ့ဆုံ ဆွေးနွေးပွဲလည်း နှစ်နှစ်နီးပါးလောက်ပဲ ရှိသေး တယ်။ ကျွန်တော်တို့ စားပွဲဝိုင်းမှာ ဆုံကြတာ၊ မရနိုင်ဘူးဆိုရင်လည်း ဒါသဘာဝ ကျတယ်။ ခုနက ပြောတဲ့ ဒီပဋိပက္ခတွေ ဒီအရင်းအမြစ်တွေကြောင့် သံသယတွေကြောင့် ဖြစ်ခဲ့ကြတာ ဆိုတော့ ကျွန်တော်တို့ အခု တိုင်းရင်းသားတွေဘက်က ပြုစုတဲ့ တစ်ပြည်လုံး အပစ်အခတ် ရပ်စဲရေး သဘောတူမှုစာချုပ်မူကြမ်း၊ နိုင်ငံတော်အစိုးရဘက် ပြုလုပ်တဲ့ သဘောတူချက် မူကြမ်း ဒီနှစ်ခုကို ပြီးခဲ့တဲ့ လတုန်းက ယေဘုယျ သဘောတူချက်တစ်ခုတည်း တစ်စောင် တည်းရပြီ။ လာမယ့် မေလထဲမှာ တွေ့လို့ရှိရင် အဲဒါကို အချောသတ်တော့မယ်လေဗျာ။ ပြီးခဲ့တဲ့လ တွေ့တုန်းက တပ်မတော် ထိပ်တန်းခေါင်းဆောင်တွေ ပါလာပြီ။ ဒါကောင်းမွန်တဲ့ အခြေအနေတစ်ခုပဲ တိုးတက်တဲ့ အခြေအနေတစ်ခုပဲ။ ဒါကို ကျွန်တော်တို့ လက်ခံရမှာပေါ့။

အစိုးရဘက်ကဆိုရင် အစိုးရပါတယ်။ လွှတ်တော် ကိုယ်စားလှယ်တွေ ပါတယ်။ တပ်မတော် ကိုယ်စားလှယ်တွေပါတယ်။ ဒါကောင်းမွန်တဲ့ လက္ခဏာပဲဗျ။ ကျွန်တော်တို့ တိုင်းရင်းသား တွေ ဘက်ကလည်း တိုင်းရင်းသား လက်နက်ကိုင်တွေ စုစည်းထားတဲ့ NCCT ရှိတယ်လေ။ ဒီနှစ်ခုကို စုစည်းနိုင်တဲ့အတွက် ဒါကောင်းမွန်တဲ့ လက္ခဏာ တိုးတက်တဲ့ လက္ခဏာလို့ မြင်တယ်။ အဲဒီမှာ ကျွန်တော်တို့ Single Text ဆိုတဲ့ တစ်ခုတည်းသော သဘောတူညီချက် စာချုပ်မူကြမ်းကိုလည်း ရနေပြီလေ။ အခုလာမယ့်ပွဲဆိုရင် ပြီးခဲ့တဲ့ပွဲတုန်းက မပြေလည်ခဲ့တဲ့ အထစ်အငေါ့တွေကို ဖြေရှင်းသွားမယ်ဆိုလို့ရှိရင်တော့ တိုးတက်မှုတွေက ကျွန်တော်တို့ တိုးတက်မှု ဖြစ်စဉ်တွေဟာ နှေးကွေးတဲ့ အခါကျတော့ ခင်ဗျားတို့က ဥပမာ ပိတ်မိသွား သလို နှေးကွေးရင် နှေးကွေးမယ်ဗျာ။ လိပ်သွားသလို၊ နှေးကွေးသလို နှေးကွေးမယ်ဗျာ။ ယုန်ပြေးသလို မြန်တဲ့အခါကျတော့ ခင်ဗျားတို့က ရွေ့တယ်လို့ မထင်ဘူး။ ရွေ့ကို ရွေ့နေတာဗျ။ နှေးတာတစ်ခုပဲ။

ကျွန်တော်ပြောနေတာက စစ်မြေပြင်ကနေ၊ အသေတိုက် နေတာကနေ စားပွဲဝိုင်းမှာ ဆုံနေပြီလေ။ အဲဒါ တိုးတက်တာ မဟုတ်ဘူးလား၊ အဲဒါ တိုးတက်တာ မဟုတ်လို့ရှိရင် အဲဒါကိုမှ တိုးတက်တာပါလို့ မပြောရင် ဘာကို ပြောမလဲ။ ကျွန်တော်တို့နဲ့ တိုက်ခိုက်ခဲ့တဲ့ ဗိုလ်ချုပ်တွေကြီးပဲ၊ အခု ကျွန်တော်တို့ တစ်ယောက်နဲ့ တစ်ယောက် အဲဒီ တိုက်ခိုက်ခဲ့တဲ့ အကြောင်းတွေ ဆိုရင် ရီရီမောမော ရယ်စရာ မောစရာအဖြစ် ပြန်တောင်ပြောနေပြီဗျာ၊ ဒါ တိုးတက်တာ မဟုတ်ဘူးလား။ ရန်သူကို မိတ်ဆွေ ဖြစ်အောင်လုပ်ရတဲ့ ခေတ်ကြီးမှာ ဒီနေ့ ခေတ်က ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်ရတဲ့ ခေတ်ဗျ။ တစ်ယောက်ကို တစ်ယောက် အမြတ်ထုတ်ဖို့၊ အကောက်ကြံဖို့ လုပ်ရတဲ့ ခေတ်မဟုတ်ဘူးဗျ၊ အမြတ်ထုတ်ဖို့ အကောက် ကြံ ဖို့ လုပ်လို့ရှိရင် တစ်ပွဲတိုးပဲ ရမယ်။ ရေရှည်မရဘူး။ ကျွန်တော်တို့ ငြိမ်းချမ်းရေး လိုလို့ရှိရင် နှစ်ဖက်စလုံးက ယုံကြည်မှုကို တည်ဆောက်ရမယ်။

The Messenger ဂျာနယ် အတွဲ(၄) အမှတ်(၄၈) မှ ကူးယူဖော်ပြသည်

Thursday, April 17, 2014

Posted by ဆူးအေမီ on 6:41 AM in | 1 comment


 
Myanmar Peace Center မှာ ပြီးခဲ့တဲ့ မတ်လ (၈) ရက်နေ့က ပြုလုပ်တဲ့ တစ်နိုင်ငံလုံး အပစ် အခတ်ရပ်စဲရေး ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ KIA ကလွဲလို့ တိုင်းရင်းသား လက်နက်ကိုင်အားလုံးက ဆက်လက်ပူးပေါင်းပါဝင်ပြီး နောက်ဆုတ်တမ်း ရဲရဲဝံ့ဝံ့ ရှေးဆက်ကြဖို့ အသင့်ရှိနေပြီဆိုတာ ကြားရလို့ ကျွန်တော်တို့ တိုင်းရင်းသား နယ်မြေအားလုံးမှာ ငြိမ်းချမ်းတော့မှာပါလားဆိုပြီး ၀မ်းသာမဆုံးဖြစ်ရပေမဲ့ ကိုယ်နေထိုင်တဲ့ ကချင်ပြည်နယ်အတွက်ကတော့ KIA အဖွဲ့ရဲ့ ငြိမ်းချမ်းရေးရယူလိုစိတ် မရှိမှုကြောင့် မျော်လင့်ချက် အလမ်းဝေးနေဆဲပါပဲ။
ပြီးခဲ့တဲ့ များမကြာမီလများမှ ပြုလုပ်ခဲ့တဲ့ လိုင်ဇာကွန့်ဖရင့်မှာ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးအဖွဲ့(NCCT)နဲ့ နှစ်ဖက်တိုက်ပွဲများ စောင့်ကြည့်ရေးအဖွဲ့ Technical Teams တွေ ဖွဲ့စည်း လိုက်တော့ KIA အဖွဲ့ကတော့ ငြိမ်းချမ်းရေးလုပ်တော့မှာပါလားဆိုပြီး ကချင်ပြည်နယ်က လူထုအားလုံးက ၀မ်းပန်းတစ်သာ ဖြစ်ခဲ့ကြရပါတယ်။ မြစ်ကြီးနားမှာ လုပ်ခဲ့တဲ့ အစိုးရနဲ့ KIA ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တုန်း ကဆိုရင် ငြိမ်းချမ်းရေး ရစေချင်လွန်းလို့ ဆွေးနွေးပွဲလာတဲ့ KIA အဖွဲ့ကို လမ်းခရီးတစ်လျောက်မှာ သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ ကြပါသေးတယ်။

ငြိမ်းချမ်းရေး ရနိုးရနိုးနဲ့ တိုက်ပွဲ ဖြစ်နတဲ့ စစ်ဘေးရှောင် ဒုက္ခ အမျိုးမျိုးတွေကြားထဲကနေ ကချင်း ပြည်နယ် လူထုက အမျှော်လင့်ကြီး မျှော်လင့်နေခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ လေး ငါး လလောက်ကစပြီး ကချင်ပြည်နယ်မှာ တိုက်ပွဲဖြစ်တာတွေ လျော့သွားလို့ ကိုယ့်နေရပ်ကို ပြန်ပြီး နဂိုအတိုင်း အေးအေးဆေး ဆေး လုပ်ကိုင် စားသောက်မယ်လို့ ကြံတုန်း အခုတစ်ခါ တိုက်ပွဲတွေ ပြန်ဖြစ်နေတော့ စစ်ဘေးရှောင်ဖို့ နေရပ်စွန့်ခွါပြေးကြရပြန်ပါပြီ၊ တစ်ခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေလဲ အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေး နေကြတာပါဘဲ၊ သူတို့နယ်မြေတွေမှာ အေးချမ်းနေပြီး ကျွန်တော်တို့ နယ်မြေမှာကျမှ မအေးချမ်း တာဟာ KIA အဖွဲ့ရဲ့ ငြိမ်းချမ်းရေး လိုးလားစိတ် မရှိတာကြောင့် ဖြစ်တယ်ဆိုတာ အထူးပြောစရာ မလို တော့ပါဘူး။
အခုဆိုရင် အစိုးရတပ်တွေနဲ့ KIA တို့ တိုက်ပွဲဖြစ်လာတာ ၃ နှစ် ပြည့်လုနီးပါကြာခဲ့ပါပြီ၊ ဒီကြား ထဲမှာ အစိုးရနဲ့ KIA အဖွဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေလဲ အကြိမ်ကြိမ်လုပ်ခဲ့ကြပါတယ်။ ဆွေးနွေး မှုလုပ်တိုင်း လည်း ငြိမ်းချမ်းရေးလုပ်နိုင်ပါစေ၊ ငြိမ်းချမ်းရေး ရပါစေလို့ အဓိက ဒုက္ခခံစားနေရတဲ့ ကချင် လူထုက ဆုတောင်းပွဲတွေပြုလုပ်ပြီး အဖြေကို အမြဲနားစွင့်နေခဲ့ကြပါတယ်။ ဆွေးနွေးပွဲတွေသာ ပြီးသွား ပါတယ်၊ ကျွန်တော်တို့ မျော်လင့်နေတဲ့ ငြိမ်းချမ်းရေး ဆိုတဲ့အဖြေက အခုချိန်ထိ ထွက်မလာခဲ့ပါဘူး။

မြန်မာပြည်အရပ်ရပ်က ညီအစ်ကို မောင်နှမ အားလုံကလည်း ကျွန်တော်တို့ ပြည်နယ် အေးချမ်း ပါစေဆိုတဲ့ ဆန္ဒနဲ့ ကူညီထောက်ပေးတာတွေ၊ ကချင်ပြည်နယ်ငြိမ်းချမ်းရေးအတွက် ဂီတပွဲ၊ ဆုတောင်းပွဲ တွေ အားသက်တရော လုပ်ပေးခဲ့ကြပါတယ်။ ဒီအတွက်လည်း ကျွန်တော်တို့ ကချင်ပြည်နယ်နေ တိုင်းရင်းသား မောင်နှမများ အားလုံးက အထူးကျေးဇူးတင် ပါတယ်ဆိုတာကို ကျွန်တော်ဒီနေရာကနေ ပြောချင်ပါတယ်။

သေချာ ပြန်စဉ်းစားကြည့်လိုက်တော့ KIA အဖွဲ့ဟာ ကျွန်တော်တို့ ကချင်ပြည်နယ်နေ လူထုရဲ့ စိတ်ဆန္ဒကို မျက်ကွက်ပြုပြီး နယ်စပ်တစ်လျောက်မှာမှောင်ခိုလုပ်ငန်း လုပ်ကိုင်ပြီး ၊ အသိပညာ မကြွယ် ၀သေးတဲ့ ကချင်ပြည်နယ်နေလူထုကို ကချင်ဝမ်ပေါင်နိုင်ငံတော်ထူထောင်ရေး ဆိုတဲ့ စကားလုံးနဲ့ စည်းရုံး သိမ်းသွင်းထားတဲ့ လက်နက်ကိုင် အာဏာတည်မြဲရေး၊ KIA အဖွဲ့ကောင်းစားရေးကို ရှေ့ ရှု လုပ်ကိုင် နေတဲ့ အဖွဲ့ပဲ ဖြစ်တယ်ဆိုတာ ဒီကနေ့မှာ ကျွန်တော်တို့ နားလည်ခဲ့ကြပါပြီ။ ငြိမ်းချမ်းရေးလိုလားနေတဲ့ ကျွန်တော်တို့ ကချင်ပြည်နယ်နေ လူထုရဲ့ ဆန္ဒကို ဒီအတိုင်းမျက်ကွယ်ပြုထားပြီ ဒီပုံစံအတိုင် အကြမ်း ဖက်တဲ့ လုပ်ငန်းတွေနဲ့ တိုက်ပွဲတွေကိုပဲ ဆက်လက်ပုံဖော်နေဦးမယ်ဆိုရင် ငြိမ်းချမ်းရေးလိုချင်တဲ့ ကချင်ပြည်နယ်လူထုက ငြိမ်းချမ်းရေးမလိုချင်တဲ့ KIA ကို လက်တွဲဖြုတ်ဖို့ ဆုံးဖြတ်လိုက်ပါပြီ။

မောင်ရေချမ်း ( မြစ်ကြီးနား) 
 
From : https://www.facebook.com/367239923348076/photos/a.468867076518693.1073741849.367239923348076/654029371335795/?type=1&theater

Wednesday, March 19, 2014

Posted by ဆူးအေမီ on 11:01 PM in | No comments


ရခိုင်တစ်ပြည်လုံး ရိုဟင်ဂျာကို တောထုတ်ကြတော့မည်။ မြန်မာတစ်ပြည်လုံး အသင့်ပြင်ထားကြပြီ။
ref;   http://www.virathu.com/2014/03/blog-post_880.html  

Tuesday, October 15, 2013

Posted by ဆူးအေမီ on 2:04 AM in | No comments


ကုန်သည်ကြီးများဟိုတယ်မှာ မနေ့ညက ပေါက်ကွဲတဲ့ဗုံးက အခန်းနံပတ် ၉၂၁ ရဲ့ အိမ်သာခန်းထဲ ပေါက်ကွဲခဲ့တာလို့ Bomb Blast Hits Traders Hotel in Rangoon ဆိုတဲ့  ဧရာဝတီသတင်းတပုဒ်မှာ ရေးထားပါတယ်။
မူရင်းကို http://www.irrawaddy.org/burma/breaking-news/bomb-blast-hits-traders-hotel-rangoon.html မှာ ဖတ်နိုင်ပါတယ်။


အမျိုးသမီးတဦး ဒဏ်ရာရသွားတယ်၊ ဆေးရုံပို့လိုက်တယ်၊ သူ့ခင်ပွန်း  Max Mezezy ပြောတာကတော့ အန္တရာယ်က လွတ်ခဲ့သလို အသက် ၅ နှစ် နဲ့ ၇ နှစ်အရွယ် သား နှစ်ယောက်လည်း အထိအခိုက် မရှိခဲ့ပါဘူးလို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။

ဒီရဲ့ အမေရိကန်မိသားစုက မြန်မာပြည်ကို ခေတ္တ လာရောက်တာဖြစ်ပြီး ဟောင်ကောင်မှာ နေထိုင်သူတွေဖြစ်တယ်လို့ ဆိုပါတယ်။

ပေါက်ကွဲမှုကြောင့် မှန်ကွဲစတွေ လမ်းပေါ် လွှင့်သွားပါတယ်။
ဟိုတယ်မန်နေဂျာ Phillip Couvaras က ဒဏ်ရာရသွားတဲ့အမျိုးသမီးကို ဆေးရုံပို့လိုက်တယ် ဆိုတာပဲ ပြောပါတယ်၊ တခြား အသေးစိတ်အချက်တွေကို ထုတ်ဖော်ပြောဆိုခြင်း မရှိပါ၊ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးဆဲကာလမို့ ဒီထက် ပိုပြောလို့မရဘူးလို့ ဆိုပါတယ်။

Reuters သတင်းတပုဒ်မှာတော့ .... ဒီဧည့်သည်တွေမတိုင်ခင် ဒီအခန်းမှာ ဘယ်သူတည်းတယ်ဆိုတာကို စုံစမ်းနေတယ်ဆိုတဲ့အကြောင်း ရဲအရာရှိ ဟန်ဝင်းစိုးက ပြောတယ်လို့ ရေးထားပါတယ်။



ဓာတ်ပုံတွေမှာ တွေ့ရတဲ့အတိုင်း
  မှန်ကွဲစတွေ လမ်းပေါ်အထိ ပြန့်ကျဲသွားတာပါ။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေလည်း 
အနံ့ခံခွေးဆွဲပြီး ရောက်လာကြ စစ်ဆေးကြပါတယ်။


ကုန်သည်ကြီးများဟိုတယ်ခန်းထဲ အသေးစား ပေါက်ကွဲမှု မတိုင်ခင်မှာတော့ ရန်ကုန်၊ မန္တလေး၊ တောင်ငူမြို့တို့မှာ ဗုံးတချို့ တွေ့ရှိခဲ့ပါတယ်၊ ပေါက်ကွဲမှုတချို့လည်း ဖြစ်ခဲ့ပါတယ်။

ဒီစာကို ရေးနေတုန်း ရန်ကုန်မြို့ ၃၈ လမ်းတ၀ိုက်မှာ   လက်ဆွဲသေတ္တာတလုံး ပိုင်ရှင်မဲ့ တွေ့ရလို့ အဲဒီနေရာမှာ ရုပ်ရုပ်သဲသဲ ဖြစ်နေပါတယ် တဲ့။

သတင်းအချက်အလက်တွေ ထပ်ရရင် ဒီဘလော့ http://blog.irrawaddy.org မှာ ထပ်မံ ဖော်ပြပေးပါ့မယ်။

မနက် ၁၁း၀၀ ထပ်မံဖြည့်စွက်ချက်


၃၈ လမ်းအနီး လက်ဆွဲသေတ္တာနားကို မကပ်ကြဖို့ ရဲတပ်ဖွဲ့ဝင်တွေက ဆောင်ရွက်နေပါတယ်။
ဘာမှန်းမသိရသေးတဲ့သေတ္တာနားကို မကပ်အောင် ကြိုးတားပြီး ဟန့်တားထားတာပါ။
ဗုံးရှင်းလင်းရေးတပ်ဖွဲ့ဝင်တွေ မကြာခင် ရောက်လာမယ်လို့ ယူဆရပါတယ်။
အနားက ဆိုင်တွေကတော့ ပိတ်ထားလိုက်ကြတယ်လို့ သိရပါတယ်။

From:ဧရာဝတီ
Posted by ဆူးအေမီ on 1:53 AM in | No comments



 Photo: ★ အများပြည်သူများသို့ လုံခြုံရေး အသိပေးနှိုးဆော်ချက် ထုတ်ပြန် ★

ရန်ကုန် အောက်တိုဘာ ၁၄

• ရန်ကုန်တိုင်းဒေသကြီး နယ်မြေအတွင်း အောက်တိုဘာ ၁၃ ရက် နံနက် ၀၀ နာရီ ၁၅ မိနစ်ကအင်းစိန် မြို့နယ် စော်ဘွားကြီးကုန်း ရပ်ကွက် ရန်ကုန်-ပြည်လမ်း စော်ဘွားကြီးကုန်း ကားမှတ်တိုင်တွင် ပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့ပြီး မပေါက်ကွဲ သေးသည့် လက်လုပ် မိုင်းတစ်လုံးကို ရှင်းလင်းနိုင်ခြင်းနှင့် ယင်းနေ့တွင်ပင် ညနေ ၅ နာရီ မိနစ် ၄၀ က သာကေတ မြို့နယ် ၃/ မာန်ပြေရပ်ကွက် ယမုံနာလမ်း အခွန်လွတ်ဈေးရှေ့ လမ်းဘေးပလက်ဖောင်း အနီးရပ်ထားသည့် နောက်တွဲ ယာဉ်အောက်တွင် တွေ့ရှိသည့် ကြွပ်ကြွပ်အိတ် အမည်းဖြင့် ထုပ်ထားသည့် အထုပ်အား ထက်နိုင်အောင် (၁၄ နှစ်) နှင့် ဝင်းမင်းထွေး (၁၄ နှစ်)တို့က ၎င်းအိတ်အတွင်းရှိ နာရီလက်တံအား လှည့်စဉ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သဖြင့် ၎င်းလူငယ် နှစ်ဦးတွင် (မစိုးရိမ်ရ) ဒဏ်ရာများရရှိ ခဲ့ကြကြောင်း သိရသည်။

• ရန်ကုန်တိုင်းဒေသကြီး နယ်မြေအတွင်း ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားခဲ့သဖြင့် ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့ မှူး၏ လမ်းညွှန်ကြီး ကြပ်မှုဖြင့် တိုင်း/ခရိုင်/မြို့နယ်များတွင် လုံခြုံရေးတိုးမြှင့် ချထား ဆောင်ရွက်လျက် ရှိပြီး 

• အများပြည်သူများ အနေဖြင့် ဘူတာများ၊ ကားဝင်းများ၊ ကားဂိတ်များ၊ သင်္ဘောဆိပ်များ၊ လူစည်ကားရာ နေရာများနှင့် လမ်းကြို လမ်းကြား များတွင် မသင်္ကာအထုပ်များတွေ့ရှိပါက ဖွင့်ဖောက်ခြင်းများ မပြုလုပ်ဘဲ သက်ဆိုင်ရာမြို့နယ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ထံနှင့် မြို့နယ်ရဲစခန်းများသို့ ချက်ချင်းသတင်းပို့ပေးကြ ရန်နှင့် 

• ရပ်ကွက် အုပ်ချုပ်ရေးမှူးများကလည်း မိမိရပ်ကွက်ရှိ ရာအိမ် မှူး၊ ဆယ်အိမ်မှူးများအား ဆက်လက်သတင်း ပေးပို့ပေးနိုင်ရေး အသိပေး အကြောင်းကြား ထားပေးပါရန် ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ မေတ္တာရပ်ခံ လိုက်သည်။ 

• အများပြည်သူများအနေဖြင့်လည်း ယခုကဲ့သို့ ပြည်သူများ အထိတ် တလန့်ဖြစ်အောင်နှင့် ထိခိုက် ဒဏ်ရာရသေစေအောင် အဖျက်အမှောင့် လုပ်ငန်းဖြစ်သည့် ပေါက်ကွဲမှုများ ဖြစ်ပေါ်အောင် လုပ်ဆောင်နေ သူများအား ဝိုင်းဝန်းကူညီပူးပေါင်း ပါဝင် ဖော်ထုတ်ပေးကြပါရန် တိုက်တွန်းနှိုးဆော် မေတ္တာ ရပ်ခံအပ်ကြောင်း နှင့် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ယနေ့ထုတ်ပြန်ချက်အရ သိရသည်။ 
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
source::http://www.moi.gov.mm/news/15/10/2013/id-1148
• ရန်ကုန်တိုင်းဒေသကြီး နယ်မြေအတွင်း အောက်တိုဘာ ၁၃ ရက် နံနက် ၀၀ နာရီ ၁၅ မိနစ်ကအင်းစိန် မြို့နယ် စော်ဘွားကြီးကုန်း ရပ်ကွက် ရန်ကုန်-ပြည်လမ်း စော်ဘွားကြီးကုန်း ကားမှတ်တိုင်တွင် ပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့ပြီး မပေါက်ကွဲ သေးသည့် လက်လုပ် မိုင်းတစ်လုံးကို ရှင်းလင်းနိုင်ခြင်းနှင့် ယင်းနေ့တွင်ပင် ညနေ ၅ နာရီ မိနစ် ၄၀ က သာကေတ မြို့နယ် ၃/ မာန်ပြေရပ်ကွက် ယမုံနာလမ်း အခွန်လွတ်ဈေးရှေ့ လမ်းဘေးပလက်ဖောင်း အနီးရပ်ထားသည့် နောက်တွဲ ယာဉ်အောက်တွင် တွေ့ရှိသည့် ကြွပ်ကြွပ်အိတ် အမည်းဖြင့် ထုပ်ထားသည့် အထုပ်အား ထက်နိုင်အောင် (၁၄ နှစ်) နှင့် ဝင်းမင်းထွေး (၁၄ နှစ်)တို့က ၎င်းအိတ်အတွင်းရှိ နာရီလက်တံအား လှည့်စဉ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သဖြင့် ၎င်းလူငယ် နှစ်ဦးတွင် (မစိုးရိမ်ရ) ဒဏ်ရာများရရှိ ခဲ့ကြကြောင်း သိရသည်။

• ရန်ကုန်တိုင်းဒေသကြီး နယ်မြေအတွင်း ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားခဲ့သဖြင့် ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့ မှူး၏ လမ်းညွှန်ကြီး ကြပ်မှုဖြင့် တိုင်း/ခရိုင်/မြို့နယ်များတွင် လုံခြုံရေးတိုးမြှင့် ချထား ဆောင်ရွက်လျက် ရှိပြီး

• အများပြည်သူများ အနေဖြင့် ဘူတာများ၊ ကားဝင်းများ၊ ကားဂိတ်များ၊ သင်္ဘောဆိပ်များ၊ လူစည်ကားရာ နေရာများနှင့် လမ်းကြို လမ်းကြား များတွင် မသင်္ကာအထုပ်များတွေ့ရှိပါက ဖွင့်ဖောက်ခြင်းများ မပြုလုပ်ဘဲ သက်ဆိုင်ရာမြို့နယ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ထံနှင့် မြို့နယ်ရဲစခန်းများသို့ ချက်ချင်းသတင်းပို့ပေးကြ ရန်နှင့်

• ရပ်ကွက် အုပ်ချုပ်ရေးမှူးများကလည်း မိမိရပ်ကွက်ရှိ ရာအိမ် မှူး၊ ဆယ်အိမ်မှူးများအား ဆက်လက်သတင်း ပေးပို့ပေးနိုင်ရေး အသိပေး အကြောင်းကြား ထားပေးပါရန် ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ မေတ္တာရပ်ခံ လိုက်သည်။

• အများပြည်သူများအနေဖြင့်လည်း ယခုကဲ့သို့ ပြည်သူများ အထိတ် တလန့်ဖြစ်အောင်နှင့် ထိခိုက် ဒဏ်ရာရသေစေအောင် အဖျက်အမှောင့် လုပ်ငန်းဖြစ်သည့် ပေါက်ကွဲမှုများ ဖြစ်ပေါ်အောင် လုပ်ဆောင်နေ သူများအား ဝိုင်းဝန်းကူညီပူးပေါင်း ပါဝင် ဖော်ထုတ်ပေးကြပါရန် တိုက်တွန်းနှိုးဆော် မေတ္တာ ရပ်ခံအပ်ကြောင်း နှင့် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ယနေ့ထုတ်ပြန်ချက်အရ သိရသည်။

.. www.MyanmarExpress.net

မြန်မာပြည်တွင်ဝင်ငွေရှာနေသူများရဲ့ ထောက်ခံမှုအထူးးးရရှိထားတဲ့...........
2013 အတွင်း အသစ်ထွက်ဝင်ငွေရှာဖွေဖို့အကောင်းဆုံး... အလွယ်ကူဆုံး..အလျင်မြန်ဆုံး ငွေရှာဆိုဒ်ဖြစ်ပါတယ်။။ Loading Time လဲမြန်တယ်..ကြော်ငြာတွေလဲ အပေးများတယ်..ကြော်ငြာများတော့ ငွေမြန်မြန်တက်တာပေါ့. အခု NaidBux က Probux ထက်ကိုအပေးများပါတယ် Probux ကမြန်မာနိုင်ငံမှာလုပ်ဖို.အတွက်အဆင်မပြေပါဘူး ကျော်သုံးရပါတယ်..ဒီNaidBuxကတော့မြန်မာပြည်မှာလည်းအဆင်ပြေပါတယ်ခင်ဗျ...ကြော်ငြာတွေလည်းအပေးများတယ်ဗျာ ငွေတက်တာလည်းအရမ်းကိုမြန်တယ် Payment ကလည်း Instant စနစ်ကိုသုံးထားတဲ့အတွက် ချက်ခြင်းထုတ် ချက်ခြင်းကိုကိုယ့်အကောင့်ထဲကိုငွေရောက်ပါတယ် နောက်တခုကတော့ Register လုပ်ထားတဲ့ Company ဖြစ်တဲ့အတွက်အရမ်းကိုစိတ်ချရပါတယ် NaidBux ကအခုမှပေါ်လာတာပါ သူငယ်ချင်းညီအကိုမောင်နှမတွေအားလုံးကို မြန်မြန်လေးလုပ်စေချင်တဲ့ ဆိုဒ်လေးဖြစ်နေလို. ချက်ခြင်းဘဲတင်လိုက်တာပါခင်ဗျာ.. အထူးပရိုမိုးရှင်းအနေဖြင့် Naidbux မှာငွေရှာလို့ 8$ ပြည့်တိုင်း 2$ လက်ဆောင်ပေးတဲ့ စနစ်လေးထည့်သွင်းထားပါတယ်... ဒါကြောင့် Online ၀င်ငွေရှာနေသူများ လက်မလွှတ်သင့်တဲ့ဆိုဒ်ဖြစ်တယ်ဆိုတာပြောကြားရင်း

လုပ်ပုံလုပ်နည်းကိုကို http://makingmoneytutorial.weebly.com/naidbux-412141574140414541004156412341574140412341164153.html

မှာကြည့်ပါ...အညွှန်းတွေနဲ့သေချာလေးရေးပြထားပါတယ်..အေးအေးဆေးဆေးဖတ်ပြီး လုပ်ကြည့်သွားပါ..တစ်ပတ်အတွင်း အကုန်သဘောပေါက်သွားမှာ အသေအချာပါ။.
ရလာတဲ့ငွေတွေကို မြန်မာမှာလည်း မကြာခင်အဆင်ပြေပြေနဲ့ထုတ်လို့ရပါတော့မယ် CB Bank ကနေ မကြာခင် ၀န်ဆောင်မှုပေးဖို့ ကြော်ငြာထားပါတယ်ခင်ဗျာ။

 
*ဘလော့ ခရီးသည်*

Friday, October 4, 2013

Posted by ဆူးအေမီ on 5:45 AM in | No comments

မင်္ဂလာပါခင်ဗျာ။ Mizzima နေ့စဉ် သတင်းစာကို မနက်တိုင်း အခမဲ့ ဖတ်ရှုပြီး Samsung Galaxy Grand ဖုန်းကို ရယူနိုင်ပါပြီ။ ကံစမ်းရန် အတွက် (၁) မိမိတို့၏ Android ဖုန်း နှင့် Tablet များတွင် Mizzima Daily App ကိုထည့်သွင်းပါ။ (၂) နေ့ စဉ်ထွက် သတင်းစာ တစ်စောင်ကို Download ရယူပြီး ဖွင့်ကြည့်ပါ။ (၃) သတင်းစာတွင် ပါရှိသည့် Registration Form တွင် မိမိ၏ ဆက်သွယ်ရန် အချက်အလက်များ ဖြည့်သွင်းပြီး ကံစမ်းနိုင်ပါပြီ ခင်ဗျာ။ Download ရယူရန် Link များ- http://www.bitmyanmar.com.mm/kanaung/mizzima_daily Google Play Store မှ ရယူလိုသူများအတွက် -https://play.google.com/store/apps/details?id=com.bit.mizzimadailynews 1mobie မှ ရယူလိုသူများအတွက် - http://www.1mobile.com/mizzima-daily-newspaper-835182.html ကံထူးရှင် စာရင်းကို ၂၀၁၃ နိုဝင်ဘာလတွက် ကြေညာသွားပါမည် ခင်ဗျာ။ မဇ္ဈိမ သတင်းစာ Android Version သည် မနက်စောစောတွင် Update ဖြစ်သောကြောင့် ဖတ်ရှုသူများအနေဖြင့် နေ့စဉ်ဖြစ်ပျက်နေသော သတင်းဦး၊ သတင်းထူးများကို လက်မလွတ်နိုင်စေရန် ယခုပင် http://www.bitmyanmar.com.mm/kanaung/mizzima_daily တွင် Download ရယူနိုင်ပါပြီ။ မှတ်ချက်။ ။ iPhone များအတွက် မကြာမီ ထွက်ရှိလာမည်ဖြစ်ပါသည်။ Android Version မှ သတင်းစာများသည် စနေ၊ တနင်္ဂနွေနေ့များတွင် မထွက်ရှိပါ။
 
mizzima

Monday, September 23, 2013

Posted by ဆူးအေမီ on 9:48 PM in | No comments




ရှမ်းပြည်နယ် (တောင်ပိုင်း) ပင်လုံမြို့ နယ်ခွဲ ဟဲနန်း ကျေးရွာအုပ်စု ၊ ကျူပေါ်ရွာ တွင် နေထိုင်သည့် ဒေါ်နန်းယွန်း ၅၇ နှစ် နှင့် မြေးများ ဖြစ်သော မောင်သိန်းဇော် ၈ နှစ် ၊ မမေသူ ၇ နှစ်တို့သည် စက်တင်ဘာလ ၂၂ ရက် မွန်းလွဲပိုင်း က ကျူပေါ် - ကာဝိရွာသွား လှည်းလမ်းဘေး ရှိ လက်ဖက်ခြံ ၌ လက်ဖက် ခူးစဉ် SSA (ရွက်ဆစ်) အဖွဲ့ ထောင်ထားသည့် တိုက်မိုင်း တစ်လုံးအား မောင်သိန်းဇော် မှ တိုက်မိ ပေါက်ကွဲ ခြင်းကြောင့် ဒေါ်နန်းယွန်း ၊ မောင်သိန်းဇော် နှင့် မမေသူ တို့မှာ မိုင်းစ ထိမှန် ဒဏ်ရာများ ရရှိခဲ့ သဖြင့် ပင်လုံ မြို့နယ်ခွဲ ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်၍ ဆေးဝါး ကုသမှုများ ပြုလုပ် ပေးလျက် ရှိပြီး တပ်မတော် မှ လိုအပ်သည်များ ကူညီ ဆောင်ရွက် ပေးလျက် ရှိကြောင်း သိရှိရသည်။


themyawaday daily

Posted by ဆူးအေမီ on 9:18 PM in | No comments


အနော်ရထာမင်းကြီးသာ ဒီလောက်စွမ်းတဲ့ ဆရာကြီးအကြောင်းကြားရင် ဘယ်လောက်ဝမ်းသာလိုက်မလဲ
=========================================================
     ပုဂံပြည်ရဲ့  လူစွမ်းကောင်း စွမ်းအားရှင် လူသား ကျန်စစ်သား, ငထွေးရူး, ငလုံးလက်ဖယ်၊ ဗျတ်ဝိ၊ဗျတ္တ၊ မီးပုံပျံဦးကျော်ရင် ၊ သံမဏီ ဦးကျော်ရင်၊ ဓားနဲ့ မျက်နှာသစ်တဲ့ ဗန္ဓုလ ဦးကျော်စိန်တို့ကဲ့သို့ လူစွမ်းကောင်း စွမ်းအားရှင်တစ်ဦး ယနေ့ခေတ် မြန်မာနိုင်ငံတွင် ပေါ်ပေါက်နေပါသည်။
     ထိုစွမ်းအားရှင် လူစွမ်းကောင်းသည် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမှ အသက်(၆၈)နှစ်ရှိ ဦးကျော်ဝင်းလို့ ခေါ်သူဖြစ်ပါသည်။ သူက လေယဉ်ပျံကို ဆံပင်နဲ့ချည်ပြီး ကမ္ဘာ့ဂင်းနစ်စံချိန်ဝင်နိုင်ဖို့ ကြိုးစားနေတဲ့လူ၊ ထိုစွမ်းအာင်းရှင် လူစွမ်းကောင်းသည် မြေလျှိုးမိုးပျံပြီး ကျည်ကိုဖမ်းလို့ ရသည်အထိ အစွမ်းထက်အောင် ကြိုးစားနေတဲ့လူ၊ ထိုစွမ်းအားရှင် လူစွမ်းကောင်းဆရာကြီးသည် ဗိုက်ပေါ်သို့ ကားဘီးဖြင့် အကြိတ်ခံပြခြင်း၊ လူ(၃)ယောက်စီးသော DIဆိုင်ကယ်(၃)စီးကို ဗိုက်ပေါ်သို့ အကြိတ်ခံပြခြင်း၊ လူ(၃)ယောက်စီးသော ဆိုင်ကယ်(၁၀)စီးကို ဆံပင်ဖြင့် ဆွဲပြခြင်း၊ အရှည်(၁)ပေခွဲရှိ ငါးမူးလုံး သံချွှန်ချောင်းဖြင့် လည်မျိုတွင်ထောက်လျက် ငှက်ပျောတုံး ထုတ်ချင်းပေါက်သည်အထိ  တွန်းပြနိုင်ခြင်း၊ လည်မျိုကို ၀ါးရင်းတုတ်ဖြင့် အားကုန်အရိုက်ခံပြခြင်း၊ လည်မျိုအား ကြိုးစွပ်၍ ဇွဲကြိုးချပြသခြင်း၊ အုန်းပင်ထန်းပင်များပေါ်သို့ ဇောက်ထိုးတက်ပြခြင်း၊ ဇောက်ထိုးတက်ပြနိုင်ခြင်း၊ ကားများဖြင့် အကြိတ်ခံပြခြင်း၊ စသော အံသြဖွယ် ပြကွက်ဆန်းပေါင်း (၅၀၀)ကျော် အစွမ်းပြနိုင်သော မဟာစွမ်းအားရှင် လူစွမ်းကောင်းလည်း ဖြစ်ပါသည်။
  သူ့အား စွမ်းအားကျင့်စဉ်က ရှင်တော်ဗုဒ္ဓအလိုကျ နှစ်ပေါင်း (၄၀)ကျော် လေ့ကျင့်ရာမှ အောင်မြင်မှု ရရှိခဲ့တဲ့ မဟာပါဝါအတွင်းအား ထူးခြားကသိုဏ်းစွမ်း၇ည် လည်းဖြစ်ပါသည်။ ရှင်တော်ဗုဒ္ဓရဲ့ အာနာပါနကို အဓိကထားပြီးကျင့်တာ၊ အာနာပါနကို စိတ်စွမ်းအင်နဲ့ပေါင်းပြီး ကျင့်တယ်၊ အထူသဖြင့် အောက်ဆီဂျင်တွေဟာ အတိုင်းအဆမရှိ လေနဲ့သွားတယ်၊ ဒါကြောင့် ဆရာကြီးက လေကို အဓိကဖမ်းယူရူရှိုက်ပြီး ကျင့်စဉ်ပညာရပ်နဲ့ ပေါင်းယူ စွမ်းအားထက်တာပဲ၊ ဒီပညာဟာ ရုပ်နဲ့နာမ် နှစ်ခုပေါင်းပြီး တရားအးထုတ်တယ်၊ တည်ငြိမ်တဲ့ သမာဓိ သမထအားတွေနဲ့ အချိုးညီညီ စိတ်စွမ်းအင်ကျင့်ထားတဲ့ အံဖွယ်ပညာရပ်တွေပါ၊ ကသိုဏ်းပညာလို့လည်း ခေါ်ကြတယ်၊ ထိုပြကွက်ဆန်းများကို ၁၇-၇-၂၀၁၂ ၇က်နေ့ အာဇာနည်နေ့ အထိမ်းအမှတ်ဖြစ် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရေဆင်းရွာအနီး ရန်ကုန်မန္တလေး အဝေးပြေးလမ်းမကြီးပေါ်တွင်လည်းကောင်း၊ ၂၂-၇-၂၀၁၂ ရက်နေ့တွင် နေပြည်တော် တိရစ္ဆာန်ဥယျာဉ်မှာလည်းကောင်း အံသြဖွယ် ပြကွက်ဆန်းတွေကို ပြသခဲ့ပါတယ်။
ဆရာကြီးရဲ့ဖုန်း- ၀၉-၇၃၂၅၄၀၅၉

မှုခင်းသတင်းဂျာနယ် အတွဲ(၁၇)၊ အမှတ်(၁၉) မှ ကူးယူဖေါ်ပြပါသည်။
Posted by ဆူးအေမီ on 9:11 PM in | No comments




          ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ တာလောကြီးဒေသနှင့် ပူတာအိုဒေသများ၌ အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ဖြစ်သော မနေ့ စက်တင်ဘာလ ၂၁ ရက်နေ့က  KIA ၏ စစ်သားသစ်အဖြင့် အတင်းအဓမ္မ စုဆောင်း ပေါ်တာဆွဲသော လုပ်ရက်များကြောင့် ဒေသခံတိုင်းရင်းသားပြည်သူများ မငြိမ်းချမ်းနိုင်ခဲ့ဘူးလို့ သိရပါတယ်။
          ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်၊ တာလောကြီးကျေးရွာ၏ တောင်ဘက် ၃ မိုင်ခန့် ကွာဝေးသော ရေကြည်ကျေးရွာမှ လီဆူးလူမျိုး အမျိုးသား (၆) ဦးနှင့်
တာလောကြီးကျေးရွာ၏  မြောက်ဘက် (၅) မိုင်ခန့် ကွာဝေးသော ရွာသစ်ရွာမှ ရှမ်းအမျိုးသားတစ်ဦး အပါအ၀င်  လီဆူးလူမျိုး အမျိုးသား (၅) ဦး စုစုပေါင်း (၁၂) ဦးကို တာလောကြီးကျေးရွာ ပတ်ဝန်းကျင်တစ်ဝိုက်ရှိ ကျေးရွာများမှ အဆွဲခံလိုက်ရတယ်လို့ သိရပါတယ်။
          အခုလို တာလောကြီးကျေးရွာ ပတ်ဝန်းကျင် တ၀ိုက်ရှိ ကျေးရွာများမှ ဖမ်းဆီးခေါ်ဆောင် ခံခဲ့ရတာကြောင့် တာလောကြီး ဌာနေပြည်သူ့စစ်များကို အသင့်အနေအထားနှင့် အခင်းဘက်တွေမှာပါ လုံခြုံရေးတွေကို တင်းတင်းကျပ်ကျပ် တိုးမြင့်ချထားတယ်လို့ တာလောကြီး ဌာနေပြည်သူ့စစ် တပ်ဖွဲ့ဝင်တစ်ဦးမှ ပြောပြသည်။
KIA မှ ဒေသခံတိုင်းရင်းသားများကို စစ်သားသစ်အဖြင့် အခုလို ဖမ်းဆီးခေါ်ဆောင်ခဲ့တာနှင့် ပက်သက်၍ တာလောကြီးကျေးရွာ ရပ်မိရပ်ဖ တစ်ဦးမှ -
          “မနေ့ စက်တင်ဘာလ ၂၁ ရက်နေ့က အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့လို့ ကြားရတော့ သြော် အေးအေးဆေးဆေးပဲ နေရလိမ့်မယ်လို့ ယူဆထားတာပေါ့၊ အဲဒီအချိန်မှာဘဲ တချိန်တခါတည်းမှာဘဲ နေရာတကာတိုင်းမှာ အဖမ်းခံရတာပေါ့၊ သူတို့ဖမ်းချင်တာက ရှမ်းကလေးတို့ ဗမာကလေးတို့ကို ဖမ်းချင်တာပေါ့၊ ဒါပေမဲ့ ရှမ်းကလေးတွေက တော်တော်ပါးနေလို့ တချို့တချို့နေရာတွေမှာဘဲ အဖမ်းခံလိုက်ရတယ်လို့ ပြောတယ်၊ ကျွန်တော်တို့ ဘက်ကတော့ ရှမ်းတွေက ထွက်ပြေးလို့ မပါလိုက်ဘူး၊ ရွာသစ်ဘက်မှာဘဲ ရှမ်းတစ်ယောက် ပါသွားတယ်၊ ဧည့်သည်လို့လဲ ပြောတယ်၊ အဲဒါ ပြေးကြ လွှားကြနဲ့ ဆိုတော့ ဘယ်သူဘယ်ဝါဆိုတာတော့ အတိအကျ မသိရသေးပါဘူးလို့ “  ပြောပြသည်။
ပူတာအိုဒေသ ဘက်တွေမှာလဲ တော်တော်လေး ရှုပ်ရှုက်ခတ်နေတယ်လို့ ကြားရပါတယ်၊ မနေ့တုန်းက လူတွေ တော်တော်ကို အဖမ်းခံရတယ်လို့ ပူတာအိုဒေသဘက်မှ အမျိုးသမီးတစ်ဦးထံမှ သိရပါသည်။ ၀င်ရောက်လာတဲ့ KIA လူငယ်တွေကလည်း ကျွဲတွေ၊ နွားတွေ အကုန်သတ်စား၊ တွေ့ကရာ အကုန်ယူစားနဲ့ တော်တော်လေးကို ဒုက္ခရောက်နေကြတယ်လို့ ၄င်းအမျိုးသမီးကပဲ ငြီးပြသွားခဲ့ပါတယ်။



http://ukawlay.blogspot.com
Posted by ဆူးအေမီ on 9:01 PM in | No comments



မြတ်သူအောင်| September 23, 2013 | Hits:637

 ခင်လပြည့်ဇော်, မယ်, ဂျွန်လွင်, တရုတ်နိုင်ငံ
စာနယ်ဇင်းပွဲမှာ ရေကူးဝတ်စုံနဲ့ ဓာတ်ပုံ အရိုက်ခံနေတဲ့ ခင်လပြည့်ဇော် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
မြန်မာပြည်တွင်းက စာနယ်ဇင်းပွဲမှာ ရေကူးဝတ်စုံနဲ့ ပထမဆုံး ဓာတ်ပုံအရိုက်ခံခဲ့၊ လမ်းလျှောက်ပြခဲ့တဲ့ မော်ဒယ်လ် ခင်လပြည့်ဇော်ဟာ တရုတ်နိုင်ငံမှာ ကျင်းပမယ့် Miss Tourism International 2013 ပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင် နေပြီ ဖြစ်ပါတယ်။

ရေကူးဝတ်စုံနဲ့ လမ်းလျှောက်ပြခြင်း၊ ဓာတ်ပုံ အရိုက်ခံခဲ့ခြင်းဟာ သူ့အနေနဲ့ ပွဲမဝင်ခင် အပြင်က ကျင်းပတာဖြစ်ပြီး သူ့ကို ဒီပြိုင်ပွဲမှာ ပါဝင်ဖို့ စေလွှတ်တဲ့ Star & Model Agency က ဂျွန်လွင်ရဲ့ အစီအစဉ်ဖြစ်တယ်လို့ ခင်လပြည့်ဇော်က ပြောပါတယ်။

“အခု စာနယ်ဇင်းပွဲမှာ ရေကူးဝတ်စုံကို ၀တ်ပြတာက နိုင်ငံတကာမှာ သွားရောက် ယှဉ်ပြိုင်ရင်တော့ ဒီလိုဝတ်ရမှာပဲလေ။ ညီမက မြန်မာလူမျိုး၊ မြန်မာ မိန်းကလေး တယောက်ပါ။ ကိုယ်ကျင့်တရား၊အရှက်တရားနဲ့ မိန်းကလေးတွေရဲ့ အိနြေ္ဒသိက္ခာ ညီမမှာရှိပါတယ်၊ မြန်မာမိန်းကလေး တယောက်ဆိုတော့ ရှက်တတ်ပါတယ်။ ဒါပေမယ့် နိုင်ငံတကာမှာ သွားရောက် ယှဉ်ပြိုင်ဖူးတဲ့ သူတွေအတွက် ဒီလို ၀တ်ဆင်ရတာ မဆန်းပါဘူး။ ညီမ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပါတယ်” လို့ သူက ဆက်ပြောပါတယ်။

ဂျွန်လွင်ရဲ့ Star & Model Agency သင်တန်းမှာ တက်ရောက်ခဲ့တဲ့ သင်တန်းသူ မော်ဒယ်လ် ခင်လပြည့်ဇော်ဟာ ဂျွန်လွင်ရဲ့ စီစဉ်ပေးမှုကြောင့် တရုတ်နိုင်ငံ Xianning မြို့မှာ ကျင်းပပြုလုပ်မယ့် Miss Tourism Queen International 2013 ပြိုင်ပွဲကို စက်တင်ဘာလ ၂၂ ရက်နေ့က သွားရောက် ယှဉ်ပြိုင်နေပြီ ဖြစ်ပါတယ်။

ဒီပြိုင်ပွဲမှာ ခင်လပြည့်ဇော် သွားရောက်ယှဉ်ပြိုင်နိုင်ဖို့ စီစဉ်ခဲ့သူ ဂျွန်လွင်က “ကျနော် ဒီပွဲကိုစီစဉ်ဖြစ်တာက သူတို့က လာကမ်းလှမ်းလို့ပါ။ ကျနော့်ကို လာကမ်းလှမ်းတဲ့ နိုင်ငံတကာပွဲတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် မလွှတ်ဖြစ်တာက လူကုန်ကူးမှုတွေ ကလည်း ဖြစ်နေတော့ မယုံကြည်လို့ပါ။ ဒီပွဲကျတော့ ကိုယ်နဲ့လည်းသိကျွမ်းတဲ့သူတွေ၊ လက်တွဲ လုပ်ဖူးတဲ့ သူတွေဆိုတော့ ယုံကြည်ရတယ်လေ။ ဒါကြောင့် လက်ခံပြီး လုပ်ဖြစ်တာပါ” လို့ ဆိုပါတယ်။

Star & Model Agency သင်တန်းက မော်ဒယ်လ် အယောက် ၃၀ ရဲ့ ဓာတ်ပုံတွေကို တရုတ်နိုင်ငံကို ပို့ပေးလိုက်တဲ့ အထဲကမှ သူတို့က ခင်လပြည့်ဇော်ကို ရွေးချယ်ခဲ့တာဖြစ်တယ်၊ ဒီသင်တန်းက မော်ဒယ်လ်တွေကို စာချုပ် ချုပ်ထားပေမယ့် သင်တန်း တာဝန်ရှိသူကို အသိပေးပြီး နိုင်ငံတကာ ပြိုင်ပွဲတွေမှာ ဝင်ပြိုင်ရင် ခွင့်ပြုတယ်လို့ သိရပါတယ်။

Star & Model Agency သင်တန်းက မော်ဒယ်လ် တချို့ဟာ စာချုပ်ချုပ်ထားပြီး ဖြစ်ပေမယ့် တာဝန်ရှိသူကို အသိမပေးဘဲ နိုင်ငံတကာ ပြိုင်ပွဲတွေမှာ သွားရောက် ယှဉ်ပြိုင်တာမျိုးတွေ ရှိတယ်လို့လည်း ဂျွန်လွင်က ပြောပါတယ်။

“ကျနော်က ကိုယ့်သင်တန်းက လူတွေကို စာချုပ်နဲ့ လုပ်ရတာက သူတို့ကို ထိန်းချုပ်ချင်လို့ မဟုတ်ပါဘူး။ စည်းစနစ် ရှိစေချင်တာကြောင့်၊ စည်းလေးတခု ထားတဲ့သဘောပါ။ ဒီလို ကိုယ့်နိုင်ငံ ကိုယ်စားပြုပြီး သွားရတဲ့အတွက် ကျနော်တို့ဘက်က ကျေနပ်ပါတယ်၊ ဂုဏ်ယူမိပါတယ်။ ဒီလိုမျိုး လုပ်တာလည်း ကျနော့်အတွက် ဘာအမြတ်အစွန်းမှ မရပါဘူး၊ နိုင်ငံ့ ဂုဏ်ဆောင် အနေနဲ့ သွားရတဲ့အတွက် ကျေနပ်ဝမ်းသာပါတယ်” လို့ ဂျွန်လွင်က ဆိုပါတယ်။

သွားရောက်ယှဉ်ပြိုင်မယ့် ခင်လပြည့်ဇော်က အခုလို ဒီပြိုင်ပွဲကို စေလွှတ်တဲ့ ဂျွန်လွင်ကို ကျေးဇူးတင်ကြောင်း၊ အရွေးချယ် ခံရတဲ့အတွက်လည်း ၀မ်းသာ ဂုဏ်ယူကြောင်း ပြောပါတယ်။

“ဟိုမှာက အောက်တိုဘာ ၃ ရက်နေ့မှာ Final ပွဲကျင်းပမှာပါ။ သွားရောက် ယှဉ်ပြိုင်တဲ့အခါ ညီမကို မြန်မာပရိသတ်တွေက အားပေးပါဦးနော်။ ညီမ နိုင်ငံ ဂုဏ်ကိုဆောင်တဲ့ အမျိုးသမီးတဦး ဖြစ်ချင်ပါတယ်၊ အစွမ်းကုန် ကြိုးစားမှာပါ၊ စိတ်ရော၊လူရော နှစ်ပြီး ကြိုးစားသွားမှာပါ။ ညီမ မြန်မာနိုင်ငံ ပြန်ရောက်ရင်လည်း မီဒီယာက ဆရာ၊ ဆရာမတွေအတွက် အချိန်ပေးပြီး အနုပညာ လှုပ်ရှားမှုတွေ လုပ်ပေးမှာပါ။ ညီမဘယ်လောက်ပဲ ပင်ပန်းနေပါစေ၊ အချိန်ပေးပြီး မီဒီယာအတွက် လုပ်ပေးမှာပါ။ ဆရာ ဂျွန်ကလည်း ညီမကို ဘာမှမချုပ်ချယ် ထားပါဘူး၊ မြန်မာနိုင်ငံရဲ့ ဂုဏ်ကိုဆောင်တဲ့ သူတဦး ဖြစ်ချင်ပါတယ်” သူက ဆိုပါတယ်။

မြန်မာနိုင်ငံက ပရိသတ်တွေ အနေနဲ့ Miss Tourism Queen International 2013 ပြိုင်ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြု ယှဉ်ပြိုင်မယ့် Miss Khin La Pyae Zaw ကို facebook စာမျက်နှာမှာ ၀င်ရောက်ကြည့်ရှုပြီး Like လုပ်နိုင်ကြောင်း သိရပါတယ်။
From: ဧရာဝတီ
Posted by ဆူးအေမီ on 8:59 PM in | No comments




၂၃.၉.၂၀၁၃ ရက်နေ့ ၀၃၃၀ အချိန်တာမွေမြို့မရဲစခန်းမှ
တပ်ဖွဲ့ဝင်များသည် ကာမစိတ်ကြွဆေးများရောင်းချနေကြောင်း
သတင်းအရ တာမွေမြို့နယ်၊ တာမွေကြီး(ခ)ရပ်ကွက်၊ သမိန်ပရမ်းလမ်း ပလက်ဖေါင်းပေါ်ရှိ မြင့်လှိုင်၊ တာမွေကြီး(က/ဂ)ရပ်ကွက်နေသူ၏
ဆေးဆိုင်အား ရှာဖွေရာ သစ်သားခေါက်ဗန်းအတွင်း ကာမစိတ်ကြွ
ဟော်မုန်း ဆေးများဖြစ်သည့် GOOD MAN ၊ ANPHAMALEPLUS ၊
MAX MAN ၊ VIAGRA ၊ MIRBEAN ၊ PIOTIN ၊ GREEN MAGRA ၊
MASTIGRA ၊PLANT VIGRA ၊ KING BOSS တံဆိပ်များပါဆေဗူးများ၊
DR-X-100 ၊ MCC ၊ CAVERTA တံဆိပ်များပါဆေးကဒ်များ၊
STRONG POWER ၊ BGNTLEY ၊ BLACK DIAMOND တံဆိပ်များပါ
ဆေးထုပ်များ၊ BLACKANT တံဆိပ်ပါဆေးတောင့်များနှင့်ဆေးပစ္စည်းများ
ရောင်းချရရှိသည့်ငွေကျပ် (၉၀၀၀)တို့အား တွေ့ရှိသိမ်းဆည်းရမိသဖြင့် တာမွေမြို့မရဲစခန်း(ပ)၄၁၄/၂၀၁၃၊အမျိုးသားဆေးဝါးပုဒ်မ ၁၈ ဖြင့်
အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။


From: Yangon Police

Monday, September 16, 2013

Posted by ဆူးအေမီ on 10:10 PM in | No comments


ရိုးသားဖြောင့်မတ်စွာ အားသွန်ခွန်စိုက် လုံ့လပြု၍ ရှာဖွေခြင်းဖြင့် ရအပ်သော စီးပွားရေးအဆင့်နှင့် ထိုစီးပွားရေးအရင်းအမြစ်များကို
သုံးစွဲ၍ဖြစ်သော လူနေမှုအဆင့်သည် သဘာဝကျကျ ဆက်စပ်မှုရှိရပေသည်။ ဤကား မိသားစု အဆင့်မှာရော၊ တိုင်းနိုင်ငံအဆင့်မှာရော အရေးထား စဉ်းစားရမည့်အချက်ဖြစ်၏။ ထိုအဆင့်တွင် ကျွန်ုပ်တို့သည် ကြောက်မက်ဖွယ်ကောင်းသော စီးပွားရေး အယူအဆဖြစ်သည့် ကိုယ်ကျိုးစီးပွား ကာကွယ်ရေးဝါဒကို စက်မှုထွန်းကားပြီးနောက် လူ့အဖွဲ့အစည်းစသည်တို့က ရင်ဆိုင်ကြရပေမည်။ ဤအယူအဆများသည် ကမ္ဘာကြီးကို စိတ်ဝမ်းကွဲပြားစေသော အယူအဆများဖြစ်သည်ကို ကျွန်ုပ်တို့ အသိအမှတ်ပြုကြရမည် ဖြစ်၏။

ဗုဒ္ဓဘာသာကျမ်းဂန်များ၌ ငွေကြေးဥစ္စာဓနအား သတိရှိရှိ သုံးစွဲရေးကိစ္စကို အသေးစိတ် ပြဌာန်းထားသည်။ ငွေကြေးသုံးစွဲမှုအပိုင်း၌ ချွေတာစုဆောင်းရေး၊ ရင်းနှီးမြုပ်နှံရေးများကိုလည်း
ဖော်ပြထားသည်။ ထိုဖော်ပြချက်များသည် ဗုဒ္ဓ၏ စီးပွားရေးစနစ်ပင် ဖြစ်သည်ဟု ဆိုနိုင်ပေသည်။ ဥစ္စာဓနကို အကောင်းဆုံး သုံးစွဲရေး ကိစ္စများပါဝင်သည်။ သန္တုတ္တိဆိုသော ကျေနပ်ရောင့်ရဲမှုသည်သာလျှင် အကြီးမားဆုံးချမ်းသာဖြစ်သည်ဟု ပြညွှန်တော်မူခဲ့သည်။ (သန္တုတိ ပရမံ ဓနံ)

ဗုဒ္ဓ၏ စီးပွားရေးစနစ်တွင် ထိရောက်သော အခြားအယူအဆတစ်ရပ်မှာ အသုံးအဖြုန်းကို ထိန်းချုပ်ရေးအပိုင်း ဖြစ်သည်။ အသုံးအဖြုန်းကြီးခြင်း၊ အမြော်အမြင်မရှိခြင်း၊ ငွေတန်ဖိုး၊ ပစ္စည်းတန်ဖိုးမတည်ငြိမ်ခြင်းတို
့သည် စီးပွားပျက်စီးခြင်း၊ သုခချမ်းသာမရခြင်းသို့ ရောက်စေနိုင်သော အချက်ဖြစ်သည်။ ဗုဒ္ဓဘာသာက အသုံးအဖြုန်းခြိုးခြံခြင်း။ ရိုးရိုးသားသား နှိမ့်နှိမ့်ချချနေခြင်းကို တန်ဖိုးထားသည်။ ဤကား မာနအလိုသို့ မလိုက်ခြင်း၊ ပပလွှားလွှား ကြွားကြွားဝါ၀ါမနေခြင်းကို ဆိုလိုသည်။

လူမှုရေးပလွှားမှု၊ ပြိုင်ဆိုင်မှုများသော လူ့အဖွဲ့အစည်းသည် စီးပွားရေး အကျပ်အတည်း ကြုံရမည်သာ ဖြစ်သည်။ ဤသို့လျှင် ပစ္စည်းဥစ္စာကို ရိုးသားဖြောင့်မတ်စွာ လုံ့လစိုက်ထုတ်၍ ရှာဖွေရမည်။ အသုံးအဖြုန်းကို ဉာဏ်နှင့် ဆင်ခြင်၍ ထိန်းချုပ်ရမည့်ပြင် ချွေတာစုဆောင်းရေးနှင့် ရင်းနှီးမြုပ်နှံရေးကိုလည်း အရေးထား၍ စဉ်းစားရမည်ဖြစ်ကြောင်းကို မြတ်ဗုဒ္ဓက ပြညွှန်တော်မူခဲ့လေသည်။ ချွေတာစုဆောင်းခြင်းနှင့် ရင်းနှီးမြုပ်နှံခြင်းသည် စီးပွားရေးကို တည်ငြိမ်အောင် ပြုလုပ်ခြင်း ဖြစ်၏။ ဤကဲ့သို့ ချွေတာစုဆောင်းထားမှ၊ ရင်းနှီးမြုပ်နှံထားမှသာ ဘေးအန္တရာယ်နှင့် ကြုံရသောအခါ ဘ၀လုံခြုံမှုကို ရနိုင်မည်ဖြစ်၏။ နောက်တစ်ချက်မှာ ဤကဲ့သို့ ချွေတာစုဆောင်းပြီး ရင်းနှီးမြှုပ်နှံနိုင်မှသာ တစ်ဦးတစ်ယောက်၏ စီးပွားရေးကို ချဲ့ထွင်ရာလည်း ကျပေလိမ့်မည်။


ဤသို့ပြုလုပ်မှသာလျှင် အတ္တိသုခဟုဆိုအပ်သော စီးပွားဥစ္စာကြောင့် ရအပ်သော ဘ၀လုံခြုံမှုနှင့် ဘ၀ချမ်းသာကို အမှန်အကန် ရရှိနိုင်ပေလိမ့်မည်။


To Earn and To Spend

The Buddhist Way
By Dr.Jotiya Dhirasekera
ဓမ္မရုပ်စုံမဂ္ဂဇင်း
၁၉၉၄ ခုနှစ်၊ အောက်တိုဘာလ


(ဆရာဦးဆန်းလွင် ရေးသားသော ဓမ္မဒဿနစာစု-စာအုပ် စာမျက်နှာ ၃၅ မှ တိုက်ရိုက်ကူးယူ မျှဝေပါသည်။)
Posted by ဆူးအေမီ on 10:08 PM in | No comments



နာမည်ကြီး ဂျာနယ် တစ်ခုပေါ့
KIA နဲ့ စတိုက်ပွဲဖြစ်ကတည်းက
ရေးလိုက်တဲ့ KIA သတင်း
ဖေါ်ပြလိုက်တဲ့ KIA ဓါတ်ပုံ
တကယ့်ကို KIA ဂျာနယ်ကိုဖြစ်ပါရော
သတင်းတွေက up to date တွေချည်းပဲ

သိပ်ကိုတဖက်စောင်းနင်းကျလွန်းလို့
Counter လိုက်ကြည့်ရာက
အဖြစ်မှန်ကို သိခဲ့ရပါတယ်

အဲ့သည့် သတင်းတွေပင်တိုင်ရေးသားသူ
အကြီးတန်းသတင်းထောက် အမျိုးသမီးက
ကချင်သင်းအုပ်ဆရာ တဖြစ်လဲ KIA က ဗိုလ်အဆင့်ရှိသူတစ်ယောက်နဲ့
ချစ်ကြိုးသွယ်နေတာ တစ်နှစ်တောင်ကြာပြီ ဆိုပဲ
လိုင်ဇာကိုလည်း နှစ်ခေါက်နဲ့အထက်သွားပြီးပြီလို့ သိရပါတယ်
နေ့စဉ် viber နဲ့ အဆက်အသွယ် လုပ်နေကြပါတယ် တဲ့ဗျား

အဲ့သည့် KIA ဗိုလ် ကိုတော့ ချီးကျူးပါတယ်ဗျာ
လိုင်ဇာမှာ တစ်ယောက်
ချင်းမိုင်မှာ တက္ကသိုလ် ဆရာမလေးတစ်ယောက် အပြင်
ရန်ကုန်က senior reporter မမ ကို လှမ်းထိန်းထားတာ
ဆရာကျသဗျာ
တကယ့်ကို Multi warfare ပဲ
 
From:Ko Ko Oo

www.mmdailystar.com
Posted by ဆူးအေမီ on 10:07 PM in | No comments

မိသားစုလုံခြုံရေးကို အာမခံမည်ဆိုလျှင် ဒီပဲရင်း အရေးအခင်းနှင့်ပတ်သတ်သမျှ အားလုံးဖွင့်ချမည်ဟု အငြိမ်းစာဗိုလ်ချုပ်ကြီးခင်ညွန့်ပြောကြား

မိသားစု လုံခြုံရေးကို အာမခံမည်ဆိုလျှင် ဒီပဲရင်း အရေးအခင်းနှင့်ပတ်သတ်သမျှ အားလုံးဖွင့်ချမည်ဟု အနောက်နိုင်ငံ သံရုံးကိုယ်စားလှယ် တစ်ဦးနှင့် လျှို့ဝှက်တွေ့စုံ စဉ် အငြိမ်းစာဗိုလ်ချုပ်ကြီးခင်ညွန့်မှပြောကြား ခဲ့ခြင်းဖြစ်သည် ၊

စစ်တပ်မှ ဖိအားပေး အနားယူခိုင်းခံခဲ့ရသော အငြိမ်းစားအရာရှိများလည်း သူ့နည်းတူ တိုင်းပြည်သို့ ဝန်ခံဖွင့်ချမည့်သူ အများအပြားရှိကြောင်းလည်း ပြောကြားသွားသည်ဟု သိရပါသည် ၊

" အားလုံးက ပြောချင်နေကြပြီလေ ၊ အဲဒီအချိန်တုန်းကတော့ အထက်အမိန့်အရ လုပ်ခဲ့ကြတာလေ ၊ မှားတယ်မှန်တယ် လုပ်သင့်တယ် မလုပ်သင့်ဘူး ပြန်ဝေဖန်ပိုင်ခွင့်မှ မရှိတာ ၊ ခိုင်းတာလည်းလုပ်ပြီးရော အဲဒါက ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် လုပ်ခဲ့သလိုလို နဲ့ အပြင်ကို 

ကောလဟာလလွှင့်တာခံရတယ် ၊ အဲဒါတွေက နောက်ကျောဓါးနဲ့ထိုးလိုက်တာပဲ ၊ ကိုယ့်ကို သမိုင်းတရားခံဖြစ်အောင် ထိုးကျွေးလိုက်တာ ၊ ဒါ ဘယ်သူကမှ မခံနိုင်ဘူးလေ ၊ ကိုယ့်သားစဉ်မြေးဆက်အပေါ် မဟုတ်တဲ့ အမည်းစက်ကြီးဖြစ်နေမှာလေ ၊ အားလုံး 

ဖွင့်ချချင်နေကြတယ် ၊ တစ်ခုပဲရှိတယ် ၊ မိသားစုရဲ့ လုံခြုံရေးကို တိတိကျကျ အာမခံချက်ပေးရမယ် ၊ "

မည်သည့်စိုးရိမ်မှုများကြောင့် မိသားစုလုံခြုံရေးကို အာမခံချက်တောင်းရတာလဲ ဟု သ့ရုံးကိုယ်စားလှယ်မှမေးရာ ၅လောင်းပြိုင်လူသတ်မှု အမှုမှန်မပေါ်မခြင်း အရင်အာဏာရှင်များ၏ နောက်ကွယ်မှ ကြိုးကိုင်မှုများရှိနေသည်ကို အထင်အရှားသိနိုင်ကြောင်း ၊ အချိန်မရွေး 

အသက်အန္တရာယ် စိုးရိမ်နေရကြောင်း ဗိုလ်ချုပ်ကြီးခင်ညွန့်မှ ပြန်ဖြေခဲ့သည်ဟု သိရပါသည် ၊

သံရုံးကိုယ်စားလှယ်မှ တဆက်တည်းဖြေလို့ရလျှင် မေးစရာတစ်ခုရှိကြောင်း ၊ ဖြေလို့ရလျှင်ဖြေပေးစေလိုကြောင်း ပြောကြားခဲ့ရာ ဗိုလ်ချုပ်ခင်ညွှန့်မှ သဘောတူသဖြင့် အတွင်းရေးမှူး(၂) ဗိုလ်ချုပ်တင်ဦး ရဟတ်ယာဉ်ပျက်ကျခြင်းသည် ဗိုလ်ချုပ်ကြီးခင်ညွန့်၏ ပယောဂပါ 

မပါ သိလိုကြောင်းမေးကြားခဲ့သည် ၊

" အဲဒါကိုလည်း ဖြေချင်နေတာပါ ၊ ကိုယ့် ပယောဂ မပါပါဘူး ၊ လုံးဝကို မပါတာပါ ၊ ကိုယ်တို့ ဟာ လုပ်ဖော်ကိုင်ဖက်တွေပါ ၊ တခါတခါ သဘောထားတိုက်ဆိုင်တာရှိသလို ထိပ်တိုက်ပြောရတာလေးတွေလည်းရှိတာပေါ့ ၊ အခုဟာက အပြင်မှာ ဒီကိစ္စနဲ့ပတ်သတ်လာရင် 

ကိုယ်က တရားခံလိုလို ဘာလိုလို ဖြစ်နေတယ် ၊ ဒါလုံးဝမဟုတ်ပါဘူး ၊ ဒါဘယ်သူလုပ်တယ်ဆိုတာ ကိုယ်သိတယ် ၊ အချိန်တန်ရင် ကိုယ်ဖွင့်ပြောမှာပါ ၊ ကိုယ်မသေခင် တာဝန်ကျေသွားချင်တယ် "

တွေ့ဆုံမှုအစီအစဉ်ကို ပြည်ပရောက် ဗိုလ်မှူးအောင်လင်းထွဋ်မှ စီစဉ်ပေးခဲ့ကြောင်း သိရသည် ၊


Credit @ Hawdeka Khalaylay
Copied @ Hlaing Bwa
မိသားစုလုံခြုံရေးကို အာမခံမည်ဆိုလျှင် ဒီပဲရင်း အရေးအခင်းနှင့်ပတ်သတ်သမျှ အားလုံးဖွင့်ချမည်ဟု အငြိမ်းစာဗိုလ်ချုပ်ကြီးခင်ညွန်
့ပြောကြား

မိသားစု လုံခြုံရေးကို အာမခံမည်ဆိုလျှင် ဒီပဲရင်း အရေးအခင်းနှင့်ပတ်သတ်သမျှ အားလုံးဖွင့်ချမည်ဟု အနောက်နိုင်ငံ သံရုံးကိုယ်စားလှယ် တစ်ဦးနှင့် လျှို့ဝှက်တွေ့စုံ စဉ် အငြိမ်းစာဗိုလ်ချုပ်ကြီးခင်ညွန့်မှပြောကြား ခဲ့ခြင်းဖြစ်သည် ၊

စစ်တပ်မှ ဖိအားပေး အနားယူခိုင်းခံခဲ့ရသော အငြိမ်းစားအရာရှိများလည်း သူ့နည်းတူ တိုင်းပြည်သို့ ဝန်ခံဖွင့်ချမည့်သူ အများအပြားရှိကြောင်းလည်း ပြောကြားသွားသည်ဟု သိရပါသည် ၊

" အားလုံးက ပြောချင်နေကြပြီလေ ၊ အဲဒီအချိန်တုန်းကတော့ အထက်အမိန့်အရ လုပ်ခဲ့ကြတာလေ ၊ မှားတယ်မှန်တယ် လုပ်သင့်တယ် မလုပ်သင့်ဘူး ပြန်ဝေဖန်ပိုင်ခွင့်မှ မရှိတာ ၊ ခိုင်းတာလည်းလုပ်ပြီးရော အဲဒါက ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် လုပ်ခဲ့သလိုလို နဲ့ အပြင်ကို

ကောလဟာလလွှင့်တာခံရတယ် ၊ အဲဒါတွေက နောက်ကျောဓါးနဲ့ထိုးလိုက်တာပဲ ၊ ကိုယ့်ကို သမိုင်းတရားခံဖြစ်အောင် ထိုးကျွေးလိုက်တာ ၊ ဒါ ဘယ်သူကမှ မခံနိုင်ဘူးလေ ၊ ကိုယ့်သားစဉ်မြေးဆက်အပေါ် မဟုတ်တဲ့ အမည်းစက်ကြီးဖြစ်နေမှာလေ ၊ အားလုံး

ဖွင့်ချချင်နေကြတယ် ၊ တစ်ခုပဲရှိတယ် ၊ မိသားစုရဲ့ လုံခြုံရေးကို တိတိကျကျ အာမခံချက်ပေးရမယ် ၊ "

မည်သည့်စိုးရိမ်မှုများကြောင့် မိသားစုလုံခြုံရေးကို အာမခံချက်တောင်းရတာလဲ ဟု သ့ရုံးကိုယ်စားလှယ်မှမေးရာ ၅လောင်းပြိုင်လူသတ်မှု အမှုမှန်မပေါ်မခြင်း အရင်အာဏာရှင်များ၏ နောက်ကွယ်မှ ကြိုးကိုင်မှုများရှိနေသည်ကို အထင်အရှားသိနိုင်ကြောင်း ၊ အချိန်မရွေး

အသက်အန္တရာယ် စိုးရိမ်နေရကြောင်း ဗိုလ်ချုပ်ကြီးခင်ညွန့်မှ ပြန်ဖြေခဲ့သည်ဟု သိရပါသည် ၊

သံရုံးကိုယ်စားလှယ်မှ တဆက်တည်းဖြေလို့ရလျှင် မေးစရာတစ်ခုရှိကြောင်း ၊ ဖြေလို့ရလျှင်ဖြေပေးစေလိုကြောင်း ပြောကြားခဲ့ရာ ဗိုလ်ချုပ်ခင်ညွှန့်မှ သဘောတူသဖြင့် အတွင်းရေးမှူး(၂) ဗိုလ်ချုပ်တင်ဦး ရဟတ်ယာဉ်ပျက်ကျခြင်းသည် ဗိုလ်ချုပ်ကြီးခင်ညွန့်၏ ပယောဂပါ

မပါ သိလိုကြောင်းမေးကြားခဲ့သည် ၊

" အဲဒါကိုလည်း ဖြေချင်နေတာပါ ၊ ကိုယ့် ပယောဂ မပါပါဘူး ၊ လုံးဝကို မပါတာပါ ၊ ကိုယ်တို့ ဟာ လုပ်ဖော်ကိုင်ဖက်တွေပါ ၊ တခါတခါ သဘောထားတိုက်ဆိုင်တာရှိသလို ထိပ်တိုက်ပြောရတာလေးတွေလည်းရှိတာပေါ့ ၊ အခုဟာက အပြင်မှာ ဒီကိစ္စနဲ့ပတ်သတ်လာရင်

ကိုယ်က တရားခံလိုလို ဘာလိုလို ဖြစ်နေတယ် ၊ ဒါလုံးဝမဟုတ်ပါဘူး ၊ ဒါဘယ်သူလုပ်တယ်ဆိုတာ ကိုယ်သိတယ် ၊ အချိန်တန်ရင် ကိုယ်ဖွင့်ပြောမှာပါ ၊ ကိုယ်မသေခင် တာဝန်ကျေသွားချင်တယ် "

တွေ့ဆုံမှုအစီအစဉ်ကို ပြည်ပရောက် ဗိုလ်မှူးအောင်လင်းထွဋ်မှ စီစဉ်ပေးခဲ့ကြောင်း သိရသည် ၊


Credit @ Hawdeka Khalaylay
Copied @ Hlaing Bwa

Sunday, September 15, 2013

 **မြန်မာ** အမည်နာမ ဆင်းသက်လာပုံ


 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXGmzU7gZPIBpb7ubw4MCpExPRgz3JFzUHMOhb7zrudPT0GeDSdeXtBC5Ko4h5gzCtTDSsKnV4zZZpso9rzC5N3F5pU1odoJjNOLHnHEeChWt4EvxqZkfVqKEMkJklHEQOX7HJuscdLCB3/s1600/Myanmar+History+and+Names.jpg


 မီးပြတိုက် မှာ ကူးယူးဖော်ပြပါသည်



Posted by ဆူးအေမီ on 10:44 PM in | No comments




      KIA နယ်မြေတွင်း အခြေစိုက် စခန်းချလျှက်ရှိသော ABSDF (မြောက်ပိုင်း) တပ်ဖွဲ့ဝင်များကို သြဂုတ်လ ၂၈ ရက်နေ့မှစပြီး KIA ဗဟိုဌာနချုပ်မှ လက်နက် များ ပြည်လည်သိမ်း ဆည်း ကာ နေအိမ်အကျယ်ချုပ် ဖြင့်ထားရှိ ကြောင်း ABSDF မြောက်ပိုင်းအဖွဲ့ဝင် တစ်ဦးမှ ပြောကြားခဲ့သည်။ ၎င်းမှ လက်ရှိဖြစ်နေ သည့် ပြဿနာမှာ ABSDF မှ အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးခဲ့ မှုကြောင့် ဖြစ်ကြောင်း အောက်ပါအတိုင်းပြောကြားခဲ့သည်။ 


       “ABSDF (မြောက်ပိုင်း) အဖွဲ့က KIA အကူအညီနဲ့ ပြန်ဖွဲ့ထားတာ… အရင် တုန်းက အစိုးရ နဲ့ KIA တိုက်ပွဲဖြစ်တုန်းက KIA ဖက်က ပူးပေါင်းတိုက်ခိုက်ဖို့ KIA ဗဟို ကနေ လက်နက်နဲ့ ကျည်တွေပေးထား တယ်… အခု ABSDF ဥက္ကဌ ကိုသံခဲတို့က အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ မြောက်ပိုင်း ကအဖွဲ့တွေလဲပါလာတော့ KIA ရဲ့ ခွင့်ပြုချက်မရပဲ လုပ်တယ်ဆိုပြီး လက်နက်တွေ အကုန်လိုက်သိမ်းတယ်… ခေါင်းဆောင်တွေကိုလည်း အိမ်မှာပဲနေခိုင်းပြီး စောင့်ကြည့်နေတယ်…” ဟု ၎င်းက ဆိုသည်။

     ယခုနှစ်အတွင်း အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ နှင့် ABSDF တို့ မေ လတွင် တစ်ကြိမ်၊ ဇူလိုင်လ ၁၁ ရက်နေ့တွင် တစ်ကြိမ်၊ သြဂုတ်လ ၄ ရက်နေ့ တွင် တစ်ကြိမ် ဆွေးနွေးခဲ့ကြပြီး သြဂုတ်လ ၄ ရက်နေ့ ဆွေးနွေး ပွဲတွင် ABSDF ဥက္ကဌ ကိုသံခဲနှင့် အစိုးရအဖွဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းတို့ ကိုယ်တိုင်တွေ့ဆုံကာ နှစ်ဖက် သဘောတူ စာချုပ်များ ချုပ်ဆိုနိုင်ခဲ့သည်။ ထို့နောက် သြဂုတ်လ ၂၈ ရက်နေ့တွင် KIA မှ ABSDF အား ထောက်ပံ့ထားသည့် လက်နက် ခဲယမ်းအားလုံးကို ပြန်လည်းသိမ်း ဆည်းကာ အဖွဲ့ဝင်များကိုလည်း အကျယ်ချုပ်ဖြင့် ထိန်းသိမ်းထားကြောင်း သိရသည်။

ယခုအခါ ABSDF (မြောက်ပိုင်း) စစ်ရေးတာဝန်ခံ ကိုမင်းဌေး၊ နိုင်ငံရေး တာဝန်ခံ ဦးလဆိုင်း နဲ့ တပ်ရင်းမှူး ဦးအောင်ဆွေဦးတို့ (၃) ဦးကို KIA ဌာနချုပ်မှ နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းထားကြောင်း သိရပြီး KIA တပ်ဖွဲ့ဝင်အချို့၏ ပြောကြားချက်များအရ ကိုမင်းဌေး မှ ABSDF တပ်ဖွဲ့ဝင်ဟောင်းများနှင့် KIA မသိအောင် ဆက်သွယ်မှုများ ပြုလုပ်ခဲ့ပြီး ABSDF တောင်ပိုင်းအဖွဲ့များနှင့် ပူးပေါင်းရန် ကြံစည်နေမှုကို KIA ဗဟိုက မလိုလား တာကြောင့် လက်နက်များ သိမ်းဆည်းခြင်းဖြစ်ကြောင်း သိရရှိရသည်။

၎င်းအခြေအနေကို ဖြေရှင်းရန်အတွက် ကျောင်းသားတပ်မတော် ဥက္ကဌ ကိုသံခဲနှင့် အဖွဲ့သည် KIA ခေါင်းဆောင်များနှင့် ဆွေးနွေးရန် လိုင်ဇာမြို့သို့ ထွက်ခွာ သွားကြောင်း သိရသည်။

ABSDF (မြောက်ပိုင်း)အဖွဲ့ အား ၁၉၈၉ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့တွင် ဖွဲ့စည်းခဲ့သော မြန်မာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး(ကချင်)ဖြစ်ပြီး KIA ဗဟိုဌာနချုပ်ရှိရာသို့ တောခို ၀င်ရောက် လာသည့် ကျောင်းသားများဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ အဖွဲ့ အစည်း အနေဖြင့် ABSDF (မြောက်ပိုင်း)သည် ABSDF(ဗဟို)၏ လက်အောင် တွင်ရှိပြီး စစ်ပညာများကို KIA မှ ပို့ချပေးခဲ့တဲ့အပြင် လက်နက်ခဲယမ်း များကိုလည်း ထောက်ပံ့ပေးကာ KIA တပ်ရင်းများနှင့် စစ်ရေးလှုပ်ရှားမှုများ တွဲဖက်လုပ်ဆောင် ခဲ့သည်။ ABSDF(မြောက်ပိုင်း) အဖွဲ့တွင်း သဘော ထားကွဲမှုနှင့် အထင်လွဲမှုများမှတစ်ဆင့် ၁၉၉၂ ခုနှစ် ဖေဖော် ၀ါရီလတွင် အဖွဲ့သားအချင်းချင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ဖြစ်ပေါ်ခဲ့ရာမှ ပြိုကွဲသွားပြီး ကျန်ရှိသော ABSDF (မြောက်ပိုင်း) အဖွဲ့ဝင်အနည်းငယ်မှာ KIA နယ်မြေအတွင်း ဆက်လက်နေထိုင်ကာ KIA နှင့် စစ်ရေးပူးပေါင်း ဆောင် ရွက်မှုများ လုပ်ဆောင်လျှက်ရှိသည်။

Planet 

Photo- internet




Posted by ဆူးအေမီ on 10:34 PM in | No comments




မြန်မာနိုင်ငံမှာ တနိုင်ငံလုံး အတိုင်းအတာ စာပို့စနစ်ကို ပြင်ဆင်မွန်းမံ ချမှတ်ရာမှာ ဂျပန် နိုင်ငံကနေ ကူညီ ပေးမှာဖြစ်ပြီး အစီအစဉ်ကို ၂၀၁၄ခု ဘဏ္ဍာနှစ်မှာ စတင်မှာဖြစ်တယ်လို့ သိရပါတယ်။

အသေးစိတ် အကူအညီတွေ ဘယ်လိုအကောင်အထည် ဖေါ်မလဲဆိုတာတွေကို လာမည့် နှစ်စပိုင်းလောက် မှာ ဆွေးနွေးသွားမယ်လို့လဲ သိရပါတယ်။

အကောင် အထည် ဖေါ်တဲ့ အခါ၊ စာပို့စနစ်ကို ထိထိရောက်ရောက် လုပ်ကိုင်ဆောင် ရွက်သွား နိုင်ဖို့ လူအင် အား အရင်းအမြစ်ကို ဖွံ့ဖြိုးတိုးတက် စနစ်ကျအောင် အသုံးချဖို့ ပါဝင်မယ်လို့လဲ သိရပါတယ်။

တနိုင်ငံလုံး အတိုင်းအတာ စာပို့စနစ်ကို post code လို့ သတ်မှတ်ထားတဲ့ ရပ်ကွက်ဒေသဆိုင်ရာ သတ်မှတ် ချက်တွေစက်ကနေတဆင့် စာတွေကို ရှင်းထုတ် တန်းစီ ဖြန့်ဖြူးပေးတဲ့စနစ်တွေ စာပို့ရာမှာ လိုအပ်တဲ့ကွန် ယက် တည်ဆောက်မှု တွေကိုပါ စီစဉ်ပေးသွားမယ်လို့ သိရပါတယ်။

မြန်မာ နိုင်ငံမှာ ကူညီပူပေါင်းဆောင် ရွက်ပေးဖို့ ပြီးခဲ့တဲ့ မေလတုံးက မြန်မာ အာဏာပိုင်တွေနဲ့ ဂျပန်တို့ သဘောတူ လက်မှတ်ရေးထိုး ခဲ့တယ်လို့လဲ သိရပါတယ်။

အလားတူ ဂျပန်နိုင်ငံက ဗီယက်နမ် နိုင်ငံအဖို့ တနိုင်ငံလုံး အတိုင်းအတာ စာပို့စနစ်ကို ပြင်ဆင်မွန်းမံချမှတ် ရာမှာ ကူညီပေးသွားမယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံနဲ့ ဗီယက်နမ်လို တိုးတက်ဆဲနိုင်ငံတွေမှာ စာပျောက်တာတွေ ကြံ့ကြာတာတွေများတဲ့အတွက် ကြောင့် ဂျပန်နိုင်ငံက အခုလိုခေတ်မှီစက်ကရိယာတွေ ကူညီပေးတာဖြစ်တယ်လို့ ဆိုပါတယ်။

ABC
 

Search Our Site