Ads

ကြော်ငြာ

Monday, June 24, 2013

Posted by ဆူးအေမီ on 7:52 AM in | No comments

Photo: မြစ်ကြီးနားမြို့၌ ဒုတိယ ရဲအုပ်လောင်း အမျိုးသား /အမျိုးသမီးများ လျှောက် ထားနိုင် 

မြစ်ကြီးနား ဇွန် ၂၃

ပြည်ထဲရေး ဝန်ကြီးဌာန မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တွင် ဒုတိယ ရဲအုပ်လောင်း အမျိုးသား၊ အမျိုးသမီးများ လျှောက် ထားနိုင်ကြောင်း သိရသည်။

ကချင်ပြည်နယ် အတွင်း လျှောက်ထားလိုသော လူငယ် မောင်မယ်များ သည် မြစ်ကြီးနားမြို့ရှိ ပြည်နယ် ရဲတပ်ဖွဲ့မှူး ရုံး၌ လျှောက်လွှာများ ရယူကာ ဇွန် ၂ဝ ရက်မှ ဇူလိုင် ၃ ရက် အတွင်း နောက်ဆုံးထား လျှောက် ထားနိုင်ပြီး လျှောက် ထားသူများသည် လူပျို၊ အပျို ဖြစ်ရမည်။

ဇူလိုင် ၁ ရက်တွင် အသက် ၂ဝ နှစ် ထက် မငယ် ၂၅ နှစ် ထက်မကြီး ဘွဲ့ရလက်မှတ် မူရင်းကို တင်ပြ နိုင်ရမည် ဖြစ်ပြီး ဒုတိယ ရဲအုပ်သင်တန်း တက်ရောက်၍ သင်တန်း ပြီးဆုံးပါ က ပေးအပ်သည့် တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ရမည် ဖြစ်ကြောင်း နှင့် အသေးစိတ် အချက်အလက်များ သိရှိလို ပါက

ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး ဖုန်း- ဝ၇၄-၂၂၄၄၄ 

သို့ ဆက်သွယ် စုံစမ်း မေးမြန်းနိုင်ကြောင်း သိရသည်။

ကနောင်သားလေး 

0 comments:

Search Our Site