Ads
ကြော်ငြာ
Showing posts with label မိုဘိုင်းဖုန်းဆိုင်ရာသတင်းများ. Show all posts
Showing posts with label မိုဘိုင်းဖုန်းဆိုင်ရာသတင်းများ. Show all posts
Monday, July 7, 2014
MEC Tel အမှတ်တံဆိပ် ကျပ် ၁,၅၀၀ တန် CDMA 800မိုဘိုင်းဖုန်းများကို ဆက်သွယ်ရေးရုံးသို့ သွားစရာမလိုဘဲ မိမိ၏ဖုန်းမှတစ်ဆင့် အင်တာနက်အသုံးပြုနိုင်ရန် လျှောက်ထားနိုင်ပြီဖြစ်ကြောင်း သတင်းရရှိသည်။
မိုးဘိုင်းဖုန်းမှတစ်ဆင့် တိုက်ရိုက်အင်တာနက်လျှောက် ထားနိုင်သည့် ဝန်ဆောင်မှုကို ဇူလိုင် ၅ ရက်မှစ၍ အသုံးပြုခြင်း ဖြစ်ပြီး လျှောက်ထားလိုသူများအနေဖြင့် သတ်မှတ်ထားသည့် နံပါတ်ကို မက်ဆေ့ခ်ျပေးပို့၍ လျှောက်ရမည်ဖြစ်ကြောင်း Call Center က ပြန်လည်ဖြေကြားသည်။
‘‘ဖုန်းထဲကနေ တစ်ခါတည်း လျှောက်လို့ရပြီဆိုတော့ အလုပ် လည်းမရှုပ်တော့ဘူးပေါ့။ ပိုက်ဆံလည်းအပိုမကုန်တော့ဘူး။ ဟို တစ်လောကမှ ကျွန်တော် ဆိုင်မှာအင်တာနက်သွားလျှောက်တာ ကျပ် ၁၄,၀၀၀ တောင်ပေးရတယ်’’ဟု MEC Tel ဆင်းမ်ကတ် အသုံးပြုနေသူ ကိုသူရက ပြောသည်။
အင်တာနက်လျှောက်ထားလိုသူများအနေဖြင့် မိမိ၏ဖုန်းထဲတွင် အနည်းဆုံး ကျပ်တစ်သောင်းကျော် ရှိရန် လိုအပ်ပြီး SMS နံပါတ် 233 သို့ Open EVDO ဟူသော စာသားပေးပို့ရမည်ဖြစ်ကြောင်း သတင်းရရှိသည်။
အင်တာနက်လျှောက်ရာတွင် အဆင်မပြေမှုများရှိပါက သိလိုသည့် အသေးစိတ်အချက်အလက်များကို 1212 နှင့် ရတနာ ပုံတယ်လီဖုန်းစင်တာ နံပါတ် 1876 သို့ ဆက်သွယ်၍ မေးမြန်းနိုင်ကြောင်း သိရသည်။
7 Day Daily
Monday, April 28, 2014
တယ်လီနောမြန်မာကုမ္ပဏီမှ ဆက်သွယ်ရေး အော်ပရေတာလုပ်ကိုင်ရန် စာချုပ်ချုပ်ဆိုပြီး သုံးလအတွင်း ပထမဆုံးအကြိမ် အသံနှင့်ဗီဒီယို ခေါ်ဆိုနိုင်မှုကို စတင် မိတ်ဆက်ပြီး ၄င်းတို့ ကတိ ပေးထားသည့် ရှစ်လ ကာလအတွင်း ဆင်းကတ် များကို စတင်ဖြန့်ဖြူး ရောင်းချပေးမည်ဖြစ်ကြောင်း ထပ်လောင်း ကတိပေးသည့်အခမ်းအနားကို တယ်လီနောမြန်မာကုမ္ပဏီ၏ Network အချက် အလက်များဌာနချုပ် ဒေတာစင်တာတစ်ခုဖြစ်သည့် Core Network တွင် ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
တယ်လီနောသည် တစ်နိုင်ငံလုံးကွန်ရက်များ ချိတ်ဆက်ခြင်းလုပ်ငန်းကို ဟွာဝေး၊ အဲရစ်ဆင်နှင့် ဝိုင်ပရိုစသည့် နိုင်ငံတကာကုမ္ပဏီများနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး အော်ပရေတာအဖြစ် လက်မှတ်ထိုးပြီးချိန်မှ ငါးရက်တာအတွင်း ပြည်တွင်းသို့ ဆက်သွယ်ရေးနှင့် အချက်အလက် သိုလှောင်မှု စနစ်များပါဝင်သော ဒေတာစင်တာများကို သင်္ဘောတင်ကွန်တိန်နာများ အသွင်ဖြင့် ပြောင်းလဲ ဆန်းသစ်ကာ တင်သွင်းခဲ့ပြီး တယ်လီနောရုံးချုပ်နှင့် ၂၂ ကီလိုမီတာခန့်ဝေးသည့် မင်္ဂလာဒုံမြို့နယ်အတွင်း နေရာချတပ်ဆင်၍ တာဝါ တိုင်ဆောက်လုပ်ခြင်းများကို ဟွာဝေးနှင့် လက်တွဲဆောင်ရွက်ခဲ့ခြင်းဖြစ် ကြောင်း တယ်လီနောမြန်မာ အမှုဆောင်အရာရှိချုပ် မစ္စတာပီတာ ဖားဘတ်ခ်ျ က ပြောကြားသည်။
အဆိုပါ အခမ်းအနားသို့ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမြတ်ဟိန်း တက်ရောက် အားပေးကာ ပထမဆုံးသောအသံနှင့် ဗီဒီယိုခေါ်ဆို မှုကို စမ်းသပ် ပေးခဲ့ရာ ဒေတာစင်တာ မှတစ်ဆင့် တယ်လီနောရုံးချုပ်သို့ အရုပ်အသံကြည်လင် ပြတ်သားစွာ ခေါ်ဆိုနိုင်ခဲ့သည်။
“တယ်လီနောအနေနဲ့ လျင်လျင် မြန်မြန်နဲ့ ဆောင်ရွက်တာကိုတွေ့ ရလို့ ဝမ်းသာမိပါတယ်။ နောက်ပိုင်း မှာ ပိုမိုကောင်းမွန်တဲ့ ပြိုင်ဆိုင်မှုတွေ ကို မိဘပြည်သူတွေ မြင်တွေ့ရမှာပါ။ အော်ပရေတာတွေအတွက် တာဝါ တိုင်တည်ဆောက်ရေး၊ ကွန်ရက်ချိတ် ဆက်ရေးတွေမှာ အခက်အခဲတွေရှိ နေတာကို သိပါတယ်။ ကျွန်တော်တို့ ဝန်ကြီးဌာနအနေနဲ့လည်း အကူ အညီတွေ ပေးအပ်နေပါတယ်။ နောက်ပိုင်းမှာ ရတနာပုံတယ်လီပို့ ကိုလည်း အများပိုင်ကုမ္ပဏီအဖြစ် မြင်တွေ့ရမှာမို့ မိဘပြည်သူတွေအနေနဲ့ နိုင်ငံတကာ အော်ပရေတာအနေနဲ့ တယ်လီနောနဲ့ အော်ရီဒူး၊ ပြည်တွင်း အော်ပရေတာတွေ အနေနဲ့ MPT နဲ့ ရတနာပုံတယ်လီပို့တွေကို ကြိုက်နှစ်သက်ရာ ရွေးချယ်သုံးစွဲနိုင် တော့မှာဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ် အတွင်းမှာ တစ်နိုင်ငံလုံး အတိုင်း အတာနဲ့ မိုဘိုင်းလွှမ်းခြုံအားက ၁၃ ရာခိုင်နှုန်းလောက်သာ ရှိပါတယ်။ အားလုံးသိတဲ့အတိုင်း ဖွံ့ဖြိုးဆဲတိုင်း ပြည်တွေမှာဆိုရင် မိုဘိုင်းလွှမ်းခြုံ မှု ၅၀ ရာခိုင်နှုန်းကျော်နေတာပါ။ ကျွန်တော်တို့ အများကြီးအမီလိုက် ကြရမယ်” ဟု ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်း ပညာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမြတ်ဟိန်းက ပြောကြား သည်။
တယ်လီနောမြန်မာမှ ဒေတာ စင်တာနှစ်ခုကို ရန်ကုန်နှင့် မန္တလေး မြို့တို့တွင် တပ်ဆင်သွားမည်ဖြစ်ပြီး တစ်နှစ်တာကာလအတွင်း ဆက်သွယ် ရေးကွန်ရက်စခန်းပေါင်း ၂၄၀၀၀ ခန့် တည်ဆောက်သွားမည် ဖြစ်သည့် အပြင် သုံးစွဲသူများအတွက် မြန်နှုန်း ကိုလည်း အမြင့်ဆုံးရရှိစေရန် ရည် ရွယ်ကာ သရီးဂျီကွန်ရက်များအပြင် တယ်လီနော၏ ဆက်သွယ်ရေးတာဝါ စတေရှင်များအနေဖြင့် ဖိုးဂျီအဆင့် မြှင့်တင်ပါကလည်း အဆင်သင့်ဖြစ်စေ မည်ဖြစ်ကြောင်း တယ်လီနောမြန်မာ ၏ အမှုဆောင်အရာရှိချုပ် မစ္စတာ ပီတာ ဖားဘတ်ခ်ျကရှင်းပြသည်။
ထို့အပြင် တယ်လီနောဆင်းကတ် သုံးစွဲသူများ၏ လုံခြုံရေးအချက် အလက်များကို ထိန်းသိမ်းပေးရန် အတွက် မူလအော်ပရေတာ စာချုပ် ချုပ်ဆိုစဉ်ကပင် ကတိကဝတ်ယူထား ပြီးဖြစ်ကာ အကယ်၍ အကြောင်း အမျိုးမျိုးကြောင့် တယ်လီနော ဆင်း ကတ် သုံးစွဲသူ တစ်ဦးဦး၏သတင်း အချက် အလက်များအား နိုင်ငံတော် အစိုးရမှ ရယူလိုပါက တရားရုံးမှ တစ်ဆင့်ရယူလိုကြောင်း အထောက် အထား ခိုင်လုံစွာတင်ပြနိုင်မှသာ ပေးမည်ဖြစ်သဖြင့် လုံခြုံစိတ်ချမှု အတွက် ပူပန်ရန်မလိုအပ်ကြောင်း သိရသည်။
တယ်လီနော ဆင်းကတ်များအား လာမည့် ငါးလတာအကုန်တွင် စတင်ဖြန့်ဖြူးရောင်းချမည်ဖြစ်ကာ အင်တာနက် ဒေတာမှတစ်ဆင့် ဗီဒီ ယိုခေါ်ဆိုမှုကိုလည်း တစ်ပြိုင်နက် အသုံးပြုနိုင်မည်ဖြစ်သည်။ မြန်မာ့ ဆက်သွယ်ရေးမှ သင်္ကြန် ကာလအတွင်း မိုဘိုင်းခေါ်ဆိုခများကို ၂၀ ရာခိုင်နှုန်း လက်ဆောင်ပေးခြင်း ဆောင်ရွက်ကာ လက်ရှိဈေးကွက်ကို ဦးဆောင်လျက်ရှိသော်လည်း မကြာမီ ငါးလတာအတွင်း ယှဉ်ပြိုင် သုံးစွဲသူ များအနေဖြင့် မည်သည့်အော်ပရေ တာကို ရွေးချယ်ကြမည်ကို စောင့် ကြည့်စေလိုပါကြောင်း တယ်လီနော က ပြောကြားသည်။
Saturday, April 12, 2014
MySocial for Andriod
+++++++++++++++
My Social Application လေးကို http://mysquar.com/ ကထုတ်လုပ်လိုက်တာဖြစ်ပါတယ်။
ဒီ Application ကိုအသုံးပြုပြီး
မြန်မာဘာသာစကားအသုံးပြုထားတဲ့ လူမှုကွန်ယက်မှာ သူငယ်ချင်းအသစ်တွေရှာကြမယ်
မြန်မာပြည်ရဲ့ ရှေ့ဆောင် လူမှုကွန်ယက်!
MySocial ဆိုတာ သူငယ်ချင်းအသစ်တွေနဲ့ တွေ့ဆုံဖို့၊ သတင်းအချက်အလက်တွေဖလှယ်ဖို့ နဲ့ စိတ်ဝင်စားစရာအကြောင်းအရာများကို ဝါသနာတူသူငယ်ချင်းများအချင်းချင်း နှီးနှောဖို့ရန် အကောင်းဆုံးနေရာလေးဖြစ်ပြီး မြန်မာဘာသာနှင့် အခမဲ့အသုံးပြုနိုင်သော မြန်မာ့ လူမှုကွန်ယက်ဖြစ်ပါသည်။
ထူးခြားချက်များ :
မြန်မာဘာသာစကားကိုရာနှုန်းပြည့်အသုံးပြုထားခြင်း
စိတ်ကြိုက် ပို့စ်များကိုအခမဲ့ရေးသားနိုင်ခြင်း၊ တစ်ဦးနှင့်တစ်ဦး ဆက်သွယ်နိုင်ခြင်း
ကွန်မန့်များရေးနိုင်ခြင်း၊ ပုံများတင်နိုင်ခြင်း၊မဲဆန္ဒများပြုလုပ်နိုင်ခြင်း
ပိုစ့်များ ပုံများ၏အောက်တွင် အကြောင်းပြန်နိုင်ခြင်း၊ ဝေမျှနိုင်ခြင်း၊ ကြိုက်ကြောင်း ပြသနိုင်ခြင်း
MySocial မှသူငယ်ချင်းများနှင့် ချက်တင်ပြောနိုင်ခြင်း
သူငယ်ချင်းအသစ်တွေနဲ့ဆုံဖို့ အုပ်စုဖွဲ့ချက်တင်ပြောနိုင်ခြင်း
နောက်ဆုံးဗားရှင်းတွင်ပါဝင်သည့် ထူးခြားချက်များ
ဗားရှင်း ၀.၉.၃၅၈
ဂျီမေးလ်နှင့်ပေါင်းစပ်ခြင်းတွင်ပိုမိုကောင်းမွန်အောင်ပြုလုပ်ထားခြင်း
Bug များကိုပြင်ထားပြီး ပိုမိုကောင်းမွန်အောင်ပြုလုပ်ထားခြင်း
ဘေးတန်းက UI ကိုပြင်ဆင်ထားခြင်း
Android OS ၂.၃.၅ တွင်သုံးနိုင်အောင်ပြုလုပ်ထားခြင်း
နောက်ဆုံး ထွက်ရှိခြင်း > Mar 26, 2014
ဗားရှင်း > ၀.၉.၃၅၈
ဖိုင်အရွယ်အစား > 5.2M
Play Store Link
Play Store မှ ဒေါင်းဖို့ ခက်နေသူများအတွက်
                                                         ဝင်းကမ္ဘာကျော်(နည်းပညာ)
Wednesday, March 19, 2014
Download -  TheMyanmarsAndroid2
မောင်(စွယ်စုံကျမ်း)
Download- Android Basic ဆော့ဝဲရေးသားနည်း စာအုပ်
မောင်စွယ်စုံကျမ်း
 တစ်အုပ်ချင်း လိုက်ရှာစရာမလိုအောင် စုစည်းထားပါတယ် ဖိုင်တစ်ခုထဲမှာ
စုပေါင်းထည့်ထားတာမို့  တစ်ကြိမ်ဒေါင်းလုပ်ယူရုံနဲ့ အကုန်ရယူနိုင်ပါတယ်
စာပေစုဆောင်းလိုသူများ ၀ယ်ရ ငှားရမလွယ်သူများ အောက်ကလင့်နှိပ်ယူ
Download - ချစ်နိုင်(စိတ်ပညာ)-5 အုပ်
မောင်စွယ်စုံကျမ်း
ဒီစာအုပ်က Android ဖုန်းသုံးသူတွေအတွက် Setting ပိုင်းကို အသေးစိတ်ရှင်းထားပီး
အရေးပါတဲ့ မသိမဖြစ်သိရမယ့် Setting ပိုင်းတွေကိုလည်း  အကြောင်းရာ တစ်ခုချင်း
ပုံနှင်တကွ ရှင်းပြထားတာမို့  ဖုန်းစတင်သုံးစွဲသူတွေ  ဖုန်းကိုင်ခါစလူတွေ  ဖတ်သင့်
လေ့လာသင့်တဲ့ စာအုပ်တစ်အုပ်ပါ ။  ဖုန်းအမျိုးစား  မတူသော်လည်း  Android OS
သုံးထားတဲ့   ဖုန်းတွေ   Tablet ,Note  တွေမှာ Setting ပိုင်း သိပ်ပြီး ကွဲပြားမှုမရှိပါဘူး
ပြုပြင်ပုံနဲ့  အသုံးချပုံတူကြပါတယ်  ။ Samsung ပဲသုံးသုံး ၊ HTC ပဲသုံးသုံး ၊ Huawei
Sony-LG-Motorola-စသဖြင့် Android Os တင်ထားတဲ့  ဖုန်းတိုင်းအတွက် အရေးပါ
အရာေ၇ာက်တဲ့  သိသင့်သိထိုက်သည်များကို  အသေးစိတ်အခြေခံကျကျ  ရေးပြပီး
ပုံတွေနဲ့ ရှင်းထားတာကိုတွေ့ ရပါတယ် ။ Android ဖုန်းသမားတွေ  ကြုံရတဲ့ပြဿနာ
Root လုပ်နည်းတွေ ကောင်းကျိုးဆိုးကျိုး တွေကိုလည်း  ရှင်းပြထားပါတယ် နောက်
Root လုပ်တာဟာ  ဖုန်းရဲ့ Warranty ကို ပျက်စေတာကိုလည်း  သတိပြုသင့်ပါတယ်
တချို့ ဆိုင်တွေကတော့  ပြန်လက်ခံတာလည်းရှိပါတယ်။ ဒါပေမယ့် Android သုံးသူ
ကိုင်ဆောင်သူတွေ  ဘာလို့  Root လုပ်ချင်တာလည်းဆိုတာ  သေချာ သိဖို့ လိုမယ်
တွေ့ ရပါတယ် ။ ဟိုနေ့ က  Screen Recoder တစ်ခုရှာတာ   Root လုပ်တဲ့  ဖုန်းသာ
သုံးလို့ ရမှာဖုန်း ကိုယ့်ဖုန်းကို Root လုပ်သင့် မလုပ်သင့်  စဉ်စားနေဆဲပဲရှိသေးတာ
Root လုပ်မယ်ဆိုရင်တော့ ကိုယ်က Admin နေရာရပြီး App တွေကို  လိုအပ်သလို
သွင်းထုတ် လုပ်ခွင့်ရလာမယ် Programming ကို  နားလည်သူ တစ်ယောက်ဆိုလျှင်
Mobile Os တစ်ခုလုံး  ထိန်းချုပ်ခွင့်ရလာမယ် ။ ROM ကို  Modify  လုပ်နိုင်မယ်ဆို
ကိုယ်ပိုင် Setting တွေနဲ့   ကိုယ်ပိုင်ပုံပါတဲ့   Themes လှလှတွေ ပြင်နိုင်မယ်။နောက်
JAVA လေ့လာ  ထားသူတွေအတွက်   OS Management   ကို  ကောင်းကောင်းကြီး
လေ့လာသင်ယူ စမ်းသပ်ခွင့် ရပါလိမ့်မယ် ။ဒါပေမယ့် ဒီအပိုင်းဟာ သာမာန်သုံးသူ
လေ့လာသူအတွက် အန္တရယ်များလှသလို တစ်ခုခု မှားသွားရင် ဘာမှသုံးစားမရပဲ
Firmware ပြန်တင်ရတဲ့အထိ ဖြစ်သွားတတ်တာမို သတိထားသင့်ပါတယ် သို့ သော်
Root လုပ်ချင်တဲ့သူတွေအနေနဲ့ လည်း  ဒီစာအုပ်မှာ  Root လုပ်နည်း  အမျိုးမျိုးကို
ရှင်းပြထားတာမို့  မည်သည့်ဖုန်းအမျိုးစားမဆို Android Mobile Os ဆို အဆင်ပြေ
လွယ်ကူစေမှာဖြစ်ပါတယ် သာမာန်လေ့လာသူတွေအနေနဲ့ လည်း ဖုန်းအကြောင်း
ပြုပြင်နည်း အသေးစိတ်ပါတာမို့ ဖတ်သင့်ပါကြောင်း အကြုံပြု မျှဝေလိုက်ပါ၏
ဒီလင့်မှာ Download ယူဖတ်ပါ - Android သမားတွေအတွက်နည်းပညာစာအုပ်
အပေါ်လင့်ကမရရင် ဒီမှာ - http://www.mediafire.com/Android စာအုပ်
မောင်(စွယ်စုံကျမ်း)
Monday, January 27, 2014
ဇန်န၀ါရီ ၂၇၊ တနင်္လာနေ့၊ ၂၀၁၄ ခုနှစ် ။  မိုဘိုင်းဖုန်းဖြင့် ငွေအသုံးပြုမည့် မြန်မာမိုဘိုင်းဖုန်းငွေကြေးဝန်ဆောင်မှုကို ပထမခြောက်လအတွင်း အခမဲ့ အသုံးပြုနိုင်မည်ဖြစ်ကြောင်း မိုဘိုင်းဘဏ်စနစ်ပြုလုပ်ခွင့်ရသည့် အင်းဝဘဏ်ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ် ကြီးဝေလွင်က ဇန်န၀ါရီ ၂၄ ရက် ချက်ထရီယန်ဟိုတယ်တွင် ပြုလုပ်သော မိုဘိုင်းငွေကြေးစတင်အသုံး ပြုခြင်းအခမ်းအနားတွင် ပြောကြားလိုက်သည်။
ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်က “Myanmar Mobile Money ကို ပထမခြောက်လအတွင်း အခမဲ့အသုံး ပြုနိုင်ဖို့ ရည်ရွယ်ထားပါတယ်။ နောက်ပိုင်းမှာ တစ်လကို ကျပ် ၂,၀၀၀ ကောက်ယူသွားမှာဖြစ်ပါတယ်” ဟု ဆိုသည်။
Sunday, September 8, 2013
အဟမ်း အဟမ်း ..... ဒီနေ့တော mobile ဖုန်းများ အတွက် android games များကို free downloads လုပ်လိုရတဲ့ ဆိုင်တစ်ခုကို လမ်းညွန်းပေးချင်ပါတယ်။ ထုံးစံအတိုင်း မသိသေးသူများ အတွက်ပါ။ ဟိုနေက လမ်းမှာ ဘော်ဒါတစ်ယောက်က sumsung ဖုန်းလေးနဲ့ android games တွေကို downloads ဆွဲနေတယ်။ ဂိမ်းတစ်ခုကို 30 ဘတ် တို့ 45 ဘတ် နဲ့ဆွဲနေတာ... သနားပါတယ်.. အဲဒါကြောင့် တစ်ခြား ဘော်ဒါတွေလည်း အဲလို မဖြစ်အောင် android games တွေကို downloads ကောင်းကောင်း လုပ်လိုရတဲ့ ဆိုဒ်တစ်ခု ကို လမ်းညွန်ပေးချင်တာပါ။ ဖုန်းကနေလည်း ဆွဲလိုရပါတယ်။ ဆိုဒ်နာမည်က http://www.androidgamesroom.com ပါ။  သူမှာ ဂိမ်း အမျိုးအစား အလိုက် games category လေး လုပ်ထားပါတယ်။ သူမှာ ကိုယ်နဲ့ လိုက်ဖက်မယ့် system version အလိုက်ရွေးချယ်လိုရသလို
phone resolution: အလိုက်လည်း  resolution ဆိုဒ်ကို ရွှေးချယ်လိုရပါတယ်။ စိတ်ဝင်စားတယ် ဆိုရင် ၀င်ရောက်လေ့လာကြည်လိုက်ပါ။downloads လုပ်တဲ့ အခါကြရင် အောက်ကပုံစံမျိုး
 Two-dimensional code
  Download Games ဆိုတဲ့ downloads အိုင်ကွန်လေးကို နှိပ်ပြီး downloads ယူကြပါ။ ပြီးရင် ဖုန်း မန်းမိုရီ ကဒ်ထဲထည့်ပြီး install သွင်းပြီးရင် ကစားရုံ ပါပဲ။ ကျွန်တော်ကတော့အောက်က လင့်က ဂိမ်းကို downloads လုပ်နေပါတယ်။
http://www.androidgamesroom.com/stand-alone-games/69871.htm 
ဘာဂိမ်းလည်း သိချင်ရင် လိုက်ခဲ့လိုက်ပါ။ :D,
ကိုစောဂျက် ဆိုဒ်မှာကူးယူးဖော်ပြပါသည်
Thursday, July 11, 2013
ပုံမှန်လစာ ကျပ်တစ်သိန်းအထက် ရရှိသော ဝန်ထမ်းများကို ဆမ်ဆောင်း ကုမ္ပဏီထုတ် အီလက်ထရွန်နစ် ထုတ်ကုန်များ၊ မိုဘိုင်းလ်ဖုန်းနှင့် တက်ဘ လက်များ အရစ်ကျစနစ်ဖြင့် ရောင်းချမည် ဖြစ်ကြောင်း ပန်းဆိုးတန်းလမ်း ဆမ်ဆောင်း အရောင်းပြခန်းမှ တာဝန်ရှိသူ ဦးကျော်ကျော်ဝင်းကိုက The Voice သို့ပြောကြားသည်။
အဆိုပါ အစီအစဉ်ကို ပန်းဆိုးတန်း၊ လသာ၊ ဗိုလ်အောင်ကျော်နှင့် လှည်းတန်း ဆိုင်ခွဲ လေးခုစလုံးတွင် ပြုလုပ်မည်ဖြစ်ပြီး လစာကျပ်တစ်သိန်းနှင့် အထက်ရရှိသော အစိုးရဝန်ထမ်းများ၊ ကုမ္ပဏီဝန်ထမ်းများ မည်သူမဆို လာရောက်ဝယ်ယူနိုင်ကြောင်း ၎င်းကပြောဆိုသည်။
ပစ္စည်းတန်ဖိုး၏ ၁ ဒသမ ၄ ရာခိုင်နှုန်း အတိုးနှုန်းဖြင့် မိုဘိုင်းလ်ဖုန်း များကို ခြောက်လမှ တစ်နှစ်အထိ အရစ်ကျ ပေးသွင်းနိုင်ပြီး အခြား အီလက်ထရွန်နစ် ပစ္စည်းများကိုမူ တစ်နှစ်ခွဲမှ ၂ နှစ်အထိ အရစ် ကျ ပေးသွင်းနိုင်ကြောင်း အဆိုပါ အစီအစဉ် ပြုလုပ်နေသည့် O2 Mobile မှသိရသည်။
“ပစ္စည်းသွားထုတ်ရင် Application Fees ငါးထောင်ပေးရမယ် လို့ ပြောတယ်။ သူတို့ဘက်က စာရွက်စာတမ်းတွေ စိစစ်ပြီးရင် အကြောင်းပြန်ကြားမယ်လို့ ပြောတယ်။ ဘာပဲပြောပြော တစ်နှစ်လောက်ခွဲ သွင်းရမှာဆိုတော့ မဆိုးပါဘူး” ဟု တယ်လီဖုန်းဖြင့် ဆက်သွယ် စုံစမ်းခဲ့သူ ဒေါ်သိင်္ဂီစိုးက ပြောကြားသည်။
ကုန်ပစ္စည်းများ ဝယ်ယူလိုသူသည် နိုင်ငံသားစိစစ်ရေးကတ်ပြား မိတ္တူ၊ ရပ်ကွက် ထောက်ခံစာ၊ အိမ်ထောင်စုစာရင်း မိတ္တူနှင့် အာမခံပေးမည့် ပုဂ္ဂိုလ်တစ်ဦး၏ ထောက်ခံချက် မူရင်းတို့ လိုအပ်မည်ဖြစ် ကာ ထောက် ခံပေးမည့် ပုဂ္ဂိုလ်သည် ကုမ္ပဏီမှ တာဝန်ရှိသူများအပါအဝင် ကုမ္ပ ဏီ က ယုံကြည်ရမည့် မည်သူမဆို ထောက်ခံပေးနိုင်ပြီး ထောက်ခံချက်ပေးမည့် သူများ၏ မှတ်ပုံတင် မိတ္တူနှင့် ရပ်ကွက်ထောက်ခံစာများ လိုအပ်မည်ဟု ကုမ္ပဏီထံမှ သိရသည်။
The Voice Weekly
Saturday, July 6, 2013
ကျေးလက်နေပြည်သူများနှင့် ဝန်ထမ်းများအတွက် ရောင်းချပေး ထားသောGSM ကျပ်နှစ်သိန်းတန်အရစ်ကျဖုန်းများ၏ စာချုပ်ကို သက်ဆိုင်ရာမြို့နယ် ဆက်သွယ်ရေးရုံးများတွင် ထုတ်ယူနိုင်ပြီ ဖြစ်ကြောင်း ဆက်သွယ်ရေး မန်နေဂျာရုံးထံမှ စုံစမ်းသိရသည်။ မြို့နယ်ဆက်သွယ်ရေးရုံးများတွင် အရစ်ကျဖုန်းများအတွက် ပထမအကြိမ် ကျပ်လေးသောင်းပေးချေစဉ်က ဆင်းမ်ကတ် လက်ခံရရှိခဲ့သော ပြေစာပြကာ စာချုပ်များကို ထုတ်ယူနိုင်ကြောင်း ပဲခူးတိုင်းမန်နေဂျာရုံးက လက်ထောက်မန်နေဂျာက အတည်ပြု ပြောဆိုသည်။
လက်ရှိတွင် ကျပ်နှစ်သိန်းတန် GSM ဖုန်းသည် စာရွက်စာတမ်း အပြည့်အစုံပါ ပါက ပေါက်ဈေး ကျပ်နှစ်သိန်း၊ အရစ်ကျ ဖုန်းများမှာ ကျပ်တစ်သိန်းခုနစ်သောင်း၊ ၁၅၀၀ တန် CDMA 800 MHz ဖုန်းများမှာ ကျပ်ခြောက်သောင်းခွဲ ဝန်းကျင် ဈေးပေါက်ကြောင်း ဖုန်းအရောင်းအဝယ် ဈေးကွက်အတွင်း စုံစမ်းသိရှိရသည်။
“နှစ်သိန်းဖုန်းတွေ အရောင်းအဝယ် သွက်နေတယ်၊ လားရှိုး၊ မူဆယ်၊ ရန်ကုန်၊ မန္တလေးဘက်က လာသိမ်းနေတယ်၊ လက်ငင်း ဝယ်တဲ့ ဖုန်းက နှစ်သိန်းပေါက်တယ်၊ ၁၅၀၀ တန်တွေက ခြောက်သောင်းခွဲ ပေါက်ပေမယ့် ပစ္စည်းရှားနေတယ်” ဟု ဖုန်းဝယ်ရောင်း ပွဲစားတစ်ဦးက ဆိုသည်။
၂၀၁၂ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ ကျေးလက်နေပြည်သူများနှင့် ဝန်ထမ်းများသို့ အစိုးရက ချထားပေးခဲ့သော အရစ်ကျဖုန်းများသည် ၁၅၀၀ ကျပ်တန် တန်ဖိုးနည်းဖုန်းများ ချထားပေးခဲ့သည့် ၂၀၁၃ ခုနှစ် ဧပြီလမှ စတင်ပြီး အရစ်ကျ ငွေပေးသွင်းရန် မလိုတော့ကြောင်း တိုင်းမန်နေဂျာရုံးထံမှ သိရသည်။
Ref & Credit to The Voice Weekly
“ကမ္ဘာ့ပထမဆုံး အရက်ပမာဏတိုင်း စမတ်ဖုန်းသုံးကိရိယာ”
အစ္စရေး စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်သူ ဘန်ဘာရွန် တီထွင်လိုက်သည့် ကမ္ဘာ့ပထမဆုံး အရက်ပမာဏတိုင်း စမတ်ဖုန်းသုံးကိရိယာ (#Smartphone #Breathalyzer #Alcohoot) ကို မိတ်ဆက်ပြသခဲ့သည်။ ဘာရွန် တီထွင်လိုက်သည့် ကိရိယာကို စမတ်ဖုန်းနှင့် ချိတ်ဆက်အသုံးပြုကာ သွေးထဲတွင် အရက်ပမာဏပါဝင်မှုအား ၁၀ စက္ကန့်အတွင်း တိုင်းတာသိရှိနိုင်မည်ဖြစ်သည်။
ဘာရွန်၏ ကိရိယာသည် အရွယ်အစားအားဖြင့် #iPhone ၏ လေးပုံတစ်ပုံမျှဖြစ်ပြီး အရက်ပမာဏတိုင်းတာလိုပါက ဖုန်း၏ နားကြပ်ပေါက် (#audio #port) တွင် အဆိုပါ ကိရိယာကို ချိတ်ဆက်ရမည် အသုံးပြုရမည် ဖြစ်သည်။ အရက်သောက်ထားသူ အနေဖြင့် ထိုကိရိယာတွင် လေမှုတ်သွင်းရမည်ဖြစ်ပြီး စမတ်ဖုန်းရှိ App က သွေးထဲရှိ အရက်ပမာဏကို တွက်ချက်ဖော်ပြပေးသည်။
သွေးထဲတွင် အရက်ပမာဏပါဝင်မှုကို #App က နေ့အလိုက်၊ သီတင်းပတ်အလိုက် ဂရပ်ဖြင့် ဖော်ပြပေးသည်။ စမတ်ဖုန်းဖြင့် တွဲဖက်သုံးရသည့် အရက်ပမာဏတိုင်း ကိရိယာကို ၇၅ ဒေါ်လာ တန်ဖိုးသတ်မှတ်ထားကြောင်းနှင့် ဒေါ်လာ ၈၀၀ ခန့် ပေးရသည့် ရဲတပ်ဖွဲ့ဝင်များ အသုံးပြုသည့် အရက်ပမာဏတိုင်းကိရိယာထက် များစွာဈေးသက်သာကြောင်း အသက် ၂၄ နှစ်အရွယ် ဘာရွန်ကဆိုသည်။
#PlanetMyanmar
အစ္စရေး စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်သူ ဘန်ဘာရွန် တီထွင်လိုက်သည့် ကမ္ဘာ့ပထမဆုံး အရက်ပမာဏတိုင်း စမတ်ဖုန်းသုံးကိရိယာ (‎#Smartphone ‎#Breathalyzer ‎#Alcohoot) ကို မိတ်ဆက်ပြသခဲ့သည်။ ဘာရွန် တီထွင်လိုက်သည့် ကိရိယာကို စမတ်ဖုန်းနှင့် ချိတ်ဆက်အသုံးပြုကာ သွေးထဲတွင် အရက်ပမာဏပါဝင်မှုအား ၁၀ စက္ကန့်အတွင်း တိုင်းတာသိရှိနိုင်မည်ဖြစ်သည်။
ဘာရွန်၏ ကိရိယာသည် အရွယ်အစားအားဖြင့်
‎#iPhone ၏ လေးပုံတစ်ပုံမျှဖြစ်ပြီး အရက်ပမာဏတိုင်းတာလိုပါက ဖုန်း၏ နားကြပ်ပေါက် (‎#audio ‎#port) တွင် အဆိုပါ ကိရိယာကို ချိတ်ဆက်ရမည် အသုံးပြုရမည် ဖြစ်သည်။ အရက်သောက်ထားသူ အနေဖြင့် ထိုကိရိယာတွင် လေမှုတ်သွင်းရမည်ဖြစ်ပြီး စမတ်ဖုန်းရှိ App က သွေးထဲရှိ အရက်ပမာဏကို တွက်ချက်ဖော်ပြပေးသည်။
သွေးထဲတွင် အရက်ပမာဏပါဝင်မှုကို ‎#App က နေ့အလိုက်၊ သီတင်းပတ်အလိုက် ဂရပ်ဖြင့် ဖော်ပြပေးသည်။ စမတ်ဖုန်းဖြင့် တွဲဖက်သုံးရသည့် အရက်ပမာဏတိုင်း ကိရိယာကို ၇၅ ဒေါ်လာ တန်ဖိုးသတ်မှတ်ထားကြောင်းနှင့် ဒေါ်လာ ၈၀၀ ခန့် ပေးရသည့် ရဲတပ်ဖွဲ့ဝင်များ အသုံးပြုသည့် အရက်ပမာဏတိုင်းကိရိယာထက် များစွာဈေးသက်သာကြောင်း အသက် ၂၄ နှစ်အရွယ် ဘာရွန်ကဆိုသည်။
‎#PlanetMyanmar
Tuesday, July 2, 2013
ထိုင်း Jay Mart မြန်မာတွင် ဟန်းဆက်အရောင်းဆိုင်များ ဖွင့်မည်
ဇူလိုင်လ ၂ ရက် ၂၀၁၃
ထိုင်းနိုင်ငံမှ မိုဘိုင်းလ်ဖုန်း ဖြန့်ချိရေးကုမ္ပဏီ Jay Mart က ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးရန် အခြေအနေ ကောင်းနေသော မြန်မာနိုင်ငံတွင် ယခုနှစ်အတွင်း ဖုန်းဟန်းဆက် အရောင်းဆိုင် ၂၀ ခန့် ဖွင့်လှစ်ရန် စီစဉ်နေကြောင်း ဘန်ကောက် ပို့စ်သတင်းစာက ရေးသားသည်။
...
ယင်းကုမ္ပဏီက မြန်မာနိုင်ငံတွင် ပထမဆုံး အရောင်းဆိုင်သုံးဆိုင် ဖွင့်လှစ်ရန် အဆင်သင့် ဖြစ်နေပြီး ကျန်ဆိုင်များ ဆက်လက် ဖွင့်လှစ်မည် ဖြစ်ကြောင်း Jay Mart အမှုဆောင် အရာရှိချုပ် Adisak Sukumvitaya က ပြောကြားသည်။
မြန်မာနိုင်ငံတွင် ပထမတစ်နှစ်အတွင်း ဘတ်သန်း ၁၅၀ ခန့် (အမေရိကန်ဒေါ်လာ ၄ ဒသမ ၅ သန်း) ရင်းနှီးမြှုပ်နှံမည် ဖြစ်ပြီး ဒုတိယနှစ်တွင် ရင်းနှီးမြှုပ်နှံမှု ပမာဏ ဘတ်သန်း ၇၅၀ (အမေရိကန်ဒေါ်လာ ၂၁ ဒသမ ၄ သန်း) အထိ တိုးမြှင့်ရင်းနှီး မြှုပ်နှံသွားမည်ဟု ၎င်းကဆိုသည်။
အဆိုပါ ကုမ္ပဏီသည် Telenor ကုမ္ပဏီပိုင် ထိုင်းအခြေစိုက် ဆက်သွယ်ရေးကုမ္ပဏီ dtac နှင့် မိတ်ဖက်ကုမ္ပဏီအဖြစ် ကာလရှည် ပူးပေါင်း ဆောင်ရွက်နေသော ကုမ္ပဏီဖြစ်ပြီး dtac ၏ မိုဘိုင်းလ်ဖုန်း ဆင်းမ်ကတ်များကို ရောင်းချပေးနေသည်။
Jay Mart ၏ ၂၀၁၂ ခုနှစ် အမြတ်ဝင်ငွေ၏ ၃၈ ရာခိုင်နှုန်းကို 3G စနစ် မိုဘိုင်းလ်ဖုန်းများ ရောင်းချမှုမှ ရရှိခဲ့ကြောင်း ယင်းကုမ္ပဏီက ထုတ်ပြန်ထားသည်။
နိုင်ငံတကာက စိတ်ဝင်စားနေသည့် ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်များ ချထားပေးပြီးနောက် ဆက်သွယ်ရေးကဏ္ဍ အခွင့်အလမ်း ကောင်းနေသော မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် အဆိုပါ ထိုင်းအခြေစိုက် ကုမ္ပဏီက စိတ်ဝင်စားနေခြင်း ဖြစ်သည်။
“ဒီဈေးကွက်က အကြီးကြီးပါ။ ဝင်လာတော့လဲ တတ်နိုင်သမျှ ပြိုင်ရတာပေါ့။ ဆင်းမ်ကတ်တွေ ဈေးပေါလာရင် မိုဘိုင်းလ် ဖုန်းဆိုင်တွေ ပိုလိုအပ်လာဦးမယ်။ ဖုန်းဆိုင်တွေက မြို့ကြီးတွေမှာပဲ စုနေတာ” ဟု မြောက်ဥက္ကလာပမြို့နယ် Mobile Star ဖုန်းဆိုင်ပိုင်ရှင် ဦးဇော်မင်းက မှတ်ချက်ပေးသည်။
နော်ဝေအခြေစိုက် Telenor နှင့် ကာတာနိုင်ငံမှ Ooredoo (Q Tel) ကုမ္ပဏီတို့ကို ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင် ချထားပေးမည် ဖြစ်ကြောင်း ဆက်သွယ်ရေး အော်ပရေတာ တင်ဒါခေါ်ယူခြင်းနှင့် ရွေးချယ်ရေးကော်မတီက ဇွန်လ ၂၇ ရက်နေ့တွင် ထုတ်ပြန် ကြေညာခဲ့သည်။
The Voice weekly
ထိုင်းနိုင်ငံမှ မိုဘိုင်းလ်ဖုန်း ဖြန့်ချိရေးကုမ္ပဏီ Jay Mart က ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးရန် အခြေအနေ ကောင်းနေသော မြန်မာနိုင်ငံတွင် ယခုနှစ်အတွင်း ဖုန်းဟန်းဆက် အရောင်းဆိုင် ၂၀ ခန့် ဖွင့်လှစ်ရန် စီစဉ်နေကြောင်း ဘန်ကောက် ပို့စ်သတင်းစာက ရေးသားသည်။ ...
ယင်းကုမ္ပဏီက မြန်မာနိုင်ငံတွင် ပထမဆုံး အရောင်းဆိုင်သုံးဆိုင် ဖွင့်လှစ်ရန် အဆင်သင့် ဖြစ်နေပြီး ကျန်ဆိုင်များ ဆက်လက် ဖွင့်လှစ်မည် ဖြစ်ကြောင်း Jay Mart အမှုဆောင် အရာရှိချုပ် Adisak Sukumvitaya က ပြောကြားသည်။
မြန်မာနိုင်ငံတွင် ပထမတစ်နှစ်အတွင်း ဘတ်သန်း ၁၅၀ ခန့် (အမေရိကန်ဒေါ်လာ ၄ ဒသမ ၅ သန်း) ရင်းနှီးမြှုပ်နှံမည် ဖြစ်ပြီး ဒုတိယနှစ်တွင် ရင်းနှီးမြှုပ်နှံမှု ပမာဏ ဘတ်သန်း ၇၅၀ (အမေရိကန်ဒေါ်လာ ၂၁ ဒသမ ၄ သန်း) အထိ တိုးမြှင့်ရင်းနှီး မြှုပ်နှံသွားမည်ဟု ၎င်းကဆိုသည်။
အဆိုပါ ကုမ္ပဏီသည် Telenor ကုမ္ပဏီပိုင် ထိုင်းအခြေစိုက် ဆက်သွယ်ရေးကုမ္ပဏီ dtac နှင့် မိတ်ဖက်ကုမ္ပဏီအဖြစ် ကာလရှည် ပူးပေါင်း ဆောင်ရွက်နေသော ကုမ္ပဏီဖြစ်ပြီး dtac ၏ မိုဘိုင်းလ်ဖုန်း ဆင်းမ်ကတ်များကို ရောင်းချပေးနေသည်။
Jay Mart ၏ ၂၀၁၂ ခုနှစ် အမြတ်ဝင်ငွေ၏ ၃၈ ရာခိုင်နှုန်းကို 3G စနစ် မိုဘိုင်းလ်ဖုန်းများ ရောင်းချမှုမှ ရရှိခဲ့ကြောင်း ယင်းကုမ္ပဏီက ထုတ်ပြန်ထားသည်။
နိုင်ငံတကာက စိတ်ဝင်စားနေသည့် ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်များ ချထားပေးပြီးနောက် ဆက်သွယ်ရေးကဏ္ဍ အခွင့်အလမ်း ကောင်းနေသော မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် အဆိုပါ ထိုင်းအခြေစိုက် ကုမ္ပဏီက စိတ်ဝင်စားနေခြင်း ဖြစ်သည်။
“ဒီဈေးကွက်က အကြီးကြီးပါ။ ဝင်လာတော့လဲ တတ်နိုင်သမျှ ပြိုင်ရတာပေါ့။ ဆင်းမ်ကတ်တွေ ဈေးပေါလာရင် မိုဘိုင်းလ် ဖုန်းဆိုင်တွေ ပိုလိုအပ်လာဦးမယ်။ ဖုန်းဆိုင်တွေက မြို့ကြီးတွေမှာပဲ စုနေတာ” ဟု မြောက်ဥက္ကလာပမြို့နယ် Mobile Star ဖုန်းဆိုင်ပိုင်ရှင် ဦးဇော်မင်းက မှတ်ချက်ပေးသည်။
နော်ဝေအခြေစိုက် Telenor နှင့် ကာတာနိုင်ငံမှ Ooredoo (Q Tel) ကုမ္ပဏီတို့ကို ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင် ချထားပေးမည် ဖြစ်ကြောင်း ဆက်သွယ်ရေး အော်ပရေတာ တင်ဒါခေါ်ယူခြင်းနှင့် ရွေးချယ်ရေးကော်မတီက ဇွန်လ ၂၇ ရက်နေ့တွင် ထုတ်ပြန် ကြေညာခဲ့သည်။
The Voice weekly
ဒီနေ့ ညနေပိုင်းမှာ (OK 2000) စတိုးယာဉ်ထိန်းတဲ ဘေးနားက လျှပ်စစ်ပစ္စည်းဆိုင်မှာ(၁၉လမ်း – ၆၂ ထောင့်က ) ဆိုင်မှာ တွေ့ခဲ့တဲ့ MEC ဖုန်းကဒ်ကို စတင်ကဒ်ထုတ်ရက် (၂၁-၆-၂၀၁၃) ဖြစ်ပေမဲ့ …အက်တီဗိတ်ဖြစ်အောင် လုပ်ထားတာက (၁၆-၇- ၂၀၁၃) ထိကု (၃၀၀) ကျံ မက်ဆေ့ခ်ျဖက်ပြီးကဒ်မချိုးထားဘဲ ကဒ်ကို အက်တစ်ဖြစ်နေအောင် လုပ်တဲ့စက်လေး တွေ့ခဲ့တယ်…ဖုန်းသမားတွေ အတွက် မထူးဆန်းပေမဲ့ ကိုယ်လို အရည်ကျို ကားသမားအတွက် ထူးဆန်းတော့ တစ်ခြားမသိတဲ့ မန်ဘာတွေ လဲ သိချင်မလားလို့ တင်ပေးလိုက်တာပါ။ အက်တစ်ဖြစ်အောင် လုပ်ခက (၅၀၀) ပါတဲ့ ခင်ဗျာ။
(ချစ်ခြင်းများစွာဖြင့်)
အရည်ကြို
Ref & Credit: အရည်ကြို ၊ မန္တလေး သတင်းပုံရိပ်များ
Saturday, June 29, 2013
စံမြန်မာဖောင့်ပါဝင်တဲ့ HTC ONE စမတ်ဖုန်းအသစ်ကို လာမယ့် ဇူလိုင်လအတွင်းမှာ ရောင်းချဖို့ စီစဉ်နေတဲ့အကြောင်း ဇွန်လ ၂၆ရက်နေ့ကထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
 Kamayut MediaTv
Wednesday, June 26, 2013
Huawei Ascend W2
တရုတ်ကြီး Huawei ကတော့ Windows ဖုန်းတွေဘက် ခြေဆန့်လာပြန်ပါပြီ။ Huawei Ascend W2 ဆိုတဲ့ နာမည်နဲ့ Windows 8 OS သုံးပြီး ထွက်ရှိလာတာပါ။ 
လွန်ခဲ့တဲ့ လတွေကတော့ Huawei Ascend W1 ဆိုပြီး ထုတ်လုပ်ခဲ့ဖူးပေမယ့် ဈေးကတော့ မသေးခဲ့ပါဘူး။ အခုတစ်ကြိမ်မှာတော့ ဈေးသက်သက်သာသာ နဲ့ Windows 8 ဖုန်းအသုံးပြုနိုင်အောင် ဖန်တီးပေးထားတယ်လို့တော့ ဆိုပါတယ်။ 
4.3-inch  ရှိတဲ့ မျက်နှာပြင်ကို အသုံးပြုထားပြီး Resolution ကတော့ (800 x 480) ပဲရမှာဆိုတော့ သိပ်အကောင်းစားကြီးလို့တော့ ပြောလို့မရနိုင်ပါဘူး။ Processor အတွက်ကတော့ ယခင် W1 တုန်းကလိုပဲ Qualcomm 1.4GHz dual-core processor ပါပဲ။ RAM ကတော့ 512MB နဲ့ Storage အတွက် 8GB ပါတဲ့။ Micro SD Slot လည်းပါပါသေးတယ်။ 
ဘက်ထရီ အတွက် 1700 mAh capacity ရှိတဲ့ ဘက်ထရီကို အသုံးပြုထားပါတယ်။ အရောင်ရွေးခြယ်ဖို့ရာ အနီနဲ့ အ၀ါ ၂မျိုးပဲလာမှာ ဖြစ်ပါတယ်။ ဈေးနှုန်းအနေနဲ့ အတိအကျ မကြော်ငြာပေမယ့် အမေရိကန်ဒေါ်လာ ၂၀၀ နဲ့ ၃၀၀ ကြားသာရှိမယ်လို့တော့ သုံးသပ်ထားကြပါတယ်။ 
xx Pyae Phyo Naing (SQUAR Team) xx
တရုတ်ကြီး Huawei ကတော့ Windows ဖုန်းတွေဘက် ခြေဆန့်လာပြန်ပါပြီ။ Huawei Ascend W2 ဆိုတဲ့ နာမည်နဲ့ Windows 8 OS သုံးပြီး ထွက်ရှိလာတာပါ။
လွန်ခဲ့တဲ့ လတွေကတော့ Huawei Ascend W1 ဆိုပြီး ထုတ်လုပ်ခဲ့ဖူးပေမယ့် ဈေးကတော့ မသေးခဲ့ပါဘူး။ အခုတစ်ကြိမ်မှာတော့ ဈေးသက်သက်သာသာ နဲ့ Windows 8 ဖုန်းအသုံးပြုနိုင်အောင် ဖန်တီးပေးထားတယ်လို့တော့ ဆိုပါတယ်။
4.3-inch ရှိတဲ့ မျက်နှာပြင်ကို အသုံးပြုထားပြီး Resolution ကတော့ (800 x 480) ပဲရမှာဆိုတော့ သိပ်အကောင်းစားကြီးလို့တော့ ပြောလို့မရနိုင်ပါဘူး။ Processor အတွက်ကတော့ ယခင် W1 တုန်းကလိုပဲ Qualcomm 1.4GHz dual-core processor ပါပဲ။ RAM ကတော့ 512MB နဲ့ Storage အတွက် 8GB ပါတဲ့။ Micro SD Slot လည်းပါပါသေးတယ်။
ဘက်ထရီ အတွက် 1700 mAh capacity ရှိတဲ့ ဘက်ထရီကို အသုံးပြုထားပါတယ်။ အရောင်ရွေးခြယ်ဖို့ရာ အနီနဲ့ အ၀ါ ၂မျိုးပဲလာမှာ ဖြစ်ပါတယ်။ ဈေးနှုန်းအနေနဲ့ အတိအကျ မကြော်ငြာပေမယ့် အမေရိကန်ဒေါ်လာ ၂၀၀ နဲ့ ၃၀၀ ကြားသာရှိမယ်လို့တော့ သုံးသပ်ထားကြပါတယ်။
xx Pyae Phyo Naing (SQUAR Team) xx
Tuesday, June 18, 2013
ဗြိတိန် Vodafone မှ ဖန်တီးတဲ့ နည်းပညာလို့ ဆိုသတဲ့။ ဂျင်းဘောင်းဘီ နောက်ဘက်က အိတ်ကပ်ကို ဘက်ထရီအဖြစ် ပြောင်းမယ်လို့ ဆိုပါတယ်။
ဒီအတွက် ဘက်ထရီ အတုံးကြီး ထည့်မှာ မဟုတ်ပါဘူး။ ခန္ဓာကိုယ်က ထွက်ရှိတဲ့ အပူကို ယင်းအိပ်ကပ်မှာ စုစေပြီး Thermo Electric အနေနဲ့ အပူကို လျှပ်စစ်အဖြစ် ပြောင်းပေးမယ်လို့ ဆိုပါတယ်။ ဒီအတွက် ပျော့ပြောင်းတဲ့ သတ္တုကို အသုံးပြုမှာပါ။ Android User များအတွက်ပါ။ အခြား မိုဘိုင်း OS များအတွက် မရနိုင် သေးပါဘူး။ သို့ပေမယ့် ပေါက်ပေါက်ရှာရှာ အိပ်ကပ်ကို ဘာလို့ တင်ပါးမှာ လုပ်ရသလဲလို့ မေးခွန်းထုတ်ကြပါတယ်။ တင်ပါးပူအောင် ထိုင်ရသူတွေ၊ ပစ်ကနစ် ထွက်တဲ့သူတွေ၊ နိုက်ကလပ်ကဲတဲ့ သူတွေအတွက် ပိုပြီး အဆင်ပြေစေ မတဲ့လေ။
ယခုနှစ်အတွင်း Vodafone မှ ပြသမယ့် နည်းပညာသစ် ဖြစ်ကြောင်း သိရပါတယ်။
Ref: techblog
Aung Kham (TSJ team)
Ref & Credit to Techspace Journal, Myawaddy News
ကျပ်၁၅၀၀ တန်ဖုန်းဖြင့် အာဆီယံ၁ဝနိုင်ငံ ကို ပြည်တွင်းခေါ်ဆိုခနှုန်းဖြင့် ခေါ်ဆို ခွင့်ကို ခွင့်ပြုလိုက်ပြီဖြစ် ကြောင်း သိရ သည်။ ကျပ် ၁၅၀၀ တန် CDMA 800MHz ဖုန်းတွင်MEC Tel ငွေဖြည့်ကတ်ဖြည့် သွင်းကာ တစ်မိနစ်ကျပ်၅ဝဖြင့် အာဆီယံ၁ဝနိုင်ငံသို့ ခေါ်ဆိုခွင့် ပြုထားပြီး ကျပ် ၁၅ဝဝတန်ဆင်းမ် ကတ်တစ်မျိုးတည်းသာ ပြောဆို နိုင်မည်ဖြစ်ကြောင်း သိရသည်။
”ကျပ် ၁၅ဝဝ တန်ကတ်တွေ နဲ့ ပြည်ပနိုင်ငံတွေကို ဖုန်းခေါ်ဆို ခွင့်ပြုထားပါတယ်။ အဓိကက တော့ ဆီးဂိမ်းပွဲတော်မှာ ဆက် သွယ်ပြောဆိုရ အဆင်ပြေလွယ် ကူအောင် လို့ပါ။ ဖုန်းခေါ်ဆိုခကို လဲ ပြည်တွင်းမှာ ခေါ်ဆိုခနှုန်းပဲ သတ်မှတ်ထားပါတယ်။ ဆီးဂိမ်း ပြီးရင်တော့ ဘယ်လိုလာမလဲဆို တာ မဆုံးဖြတ် ရသေး ပါဘူး”ဟု မြန်မာ့ ဆက် သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
အာဆီယံ၁ဝ နိုင်ငံသို့ ခေါ် ဆိုနိုင်ရန်အတွက် ခေါ်ဆိုလိုသည့် ဖုန်းနံပါတ်ရှေ့တွင် သက်ဆိုင်ရာ နိုင်ငံ၏ ကုတ်နံပါတ်ထည့်သွင်း ခေါ်ဆိုရမည်ဖြစ်ကြောင်း သိရ သည်။ ”ငွေဖြည့် ကတ် ကိုလဲ ပြည် ပခေါ်ဆိုဖို့ သတ်မှတ်ထားတဲ့ အက်ဖ်အီးစီငွေဖြည့်ကတ် သီးသန့် ဝယ်ဖို့မလိုပါဘူး။MEC ကျပ် ၅ဝဝဝတန်၊ ကျပ် ၁ဝဝဝဝ တန် ငွေ ဖြည့် ကတ်ပဲ ထည့်ပြီး ခေါ်ဆိုနိုင် ပါတယ်”ဟု ယင်းက ထပ်မံပြော သည်။
Thursday, May 23, 2013
၁ – ဖုန်းရဲ့ Setting ထဲကိုဝင်ပါ
၂ – Wireless & networks ထဲဝင်ပါ (သို့မဟုတ်) Android version 4.0 နှင့်အထက်ဖုန်းများဖြစ်ပါက Wireless & Network ကဏ္ဍအောက်က More… ထဲသို့ဝင်ပါ။
၃ – Mobile networks ထဲကိုဝင်ပါ
၎ – Access Point Names ကိုဝင်ပါ
၅ – Menu Key ( မျဉ်းကြောင်းသုံးကြောင်းထပ်) ကိုနှိပ်ပြီး New APN ကိုနှိပ်ပါ
၆ – အောက်ပါအတိုင်းလိုက်ဖြည့်ပါ
Search Our Site