Ads

ကြော်ငြာ

Showing posts with label security..နည်းပညာ. Show all posts
Showing posts with label security..နည်းပညာ. Show all posts

Sunday, July 20, 2014

Posted by Unknown on 8:36 PM in | No comments

အားလုံးပဲ မင်္ဂလာပါခင်ဗျာ .....................
သားဒီပို့စ်ကို မရေးချင်ပါဘူး ၊ ဒါပေမယ့် သားကို လာလာစမ်းနေလို့ ရေးပေးလိုက်ရတာပါ ၊  ဦးစားပေးကတော့ FB အကောင့်ကို ကာကွယ်နည်းပါ။ 
ကျွန်တော်က ဟက်ကာတစ်ယောက်မဟုတ်ပေမယ့် Facebook အကောင့်တစ်ခုကို အောင်အောင်မြင်မြင် ဟက်ခဲ့ပါတယ်။ ဘာ ဟက်ကာ ဆော့ဖ်ဝဲမှ မသုံးပါဘူး။ အဲဒီအကောင့်က ကိုယ့်စိတ်ကြိုက်လိုသလို သုံးလို့ရတဲ့ အဆင့်ထိ ရောက်သွားပါပြီ။ တကယ်ပြောတာပါ။ သို့ပေမယ့် စမ်းသပ်ရန် ရည်ရွယ်ချက်နဲ့လုပ်ခဲ့တာ ဖြစ်ပြီး သူငယ်ချင်း အရင်းခေါက်ခေါက်ကို တောင်းပန်ကာ အကောင့်ပြန်ပေး မှာ ဖြစ်ပါတယ်။ လောလောဆယ်တော့ သူစိတ်ဆိုး နေလောက်ပါပြီ။ ဒီတော့ သိထားသူများလည်း သတိထားနိုင်ရန် ဖော်ပြလိုက်ခြင်း ဖြစ်ပါတယ်။

ပြီးတော့ ဒီစာ မျှဝေတဲ့ ရည်ရွယ်ချက်က အကောင့် ခိုးစေဖို့မဟုတ်ပါဘူး။ ဗဟုသုအနေနဲ့လည်းကောင်း၊ ကာကွယ်တတ်ရန်လည်းကောင်း၊ အကောင့် ခိုးသူများ ဘယ်လိုနည်းလမ်းတစ်ခု အသုံးပြုနေပါသေးတယ်ဆိုတာကို လည်းကောင်း သိစေလို လို့ ဖြစ်ပါတယ်။ အများသူငှာ ထိခိုက်အောင် မလုပ်ဖို့ အနူးအညွတ် မေတ္တာရပ်ခံပါတယ်။ ဒီတော့ ဆောင်းပါးကို အောက်မှာစတင်ပါပြီ။

တကယ် လက်တစ်လုံးကြားကနေ လုပ်သွားတာ ဖြစ်ပါတယ်။ တကယ်လွယ် ကူတဲ့ နည်းလမ်းဖြစ်ပါတယ်။ ဒီတော့ အကောင့်ခိုးနည်းနဲ့ အကောင့် အခိုးခံရခြင်းမှ ကာကွယ်ကွယ်နည်းဆိုပြီး နှစ်ပိုင်းတင်ပေးပါမယ်။ တစ်ပိုင်း တင်ရင်လည်း တကယ် ကွိုင်တက်မယ့် အခြေအနေဖြစ်ပါတယ်။ မိမိအကောင့်များ အခိုးမခံရအောင် ဖတ်ရှုစေလိုပါတယ်။

Facebook အကောင့် ခိုးခြင်း

အကယ်၍ အကောင့်ခိုးလို့မအောင်မြင်ရင်တေ

ာင် ယင်းအကောင့် ကြိမ်းသေ Lock ကျမယ့် နည်းပါ အင်မတန် ကြောက်စရာ ကောင်းပါတယ်။ ဘာမှ လုပ်စရာမလိုပါဘူး။ ကျွန်တော်လုပ်သွားတဲ့ အဆင့်လေးတွေပဲ ပြောပြပါမယ်။
၁။ Facebook – Browser ထဲကို ကျွန်တော်အရင်ဝင်လိုက်ပါတယ်။

၂။ ဘာမှ မလုပ်ပဲ လျှို့ ဝှက်ကုဒ်နံပါတ် မေ့ပါသည် ဆိုတဲ့ Forget Password ကိုနှိပ်လိုက်ပါတယ်။

၃။ ဒီတော့ Email ဖြည့်မလား၊ User name နဲ့ Friend name ဖြည့်မလား ဆိုတာ ပေါ်လာပါတယ်။ ဒါကိုတော့ လူတိုင်းသိမယ်ထင်ပါတယ်။

၎။ ဒီမှာ ကိုယ် ဟက်ချင်တဲ့ အကောင့်ရဲ့  ဂျီတော့ကို ရိုက်ထည့်လိုက်ရုံပါ ပဲ။ ပြီးတော့ Search လုပ်လိုက်တာနဲ့ အဲဒီအကောင့်ပေါ်လာပါပြီ။

၅။ ဒါသင့်အကောင့်လားလို့ မေးပါတယ်။ ဒီတော့ Yes , This is my account ဆိုတာလေးကို ရွေးချယ်ရပါတယ်။

၆။ ပြီးတော့ Pasword ပြန် rest လုပ်မလားလို့ မေးပါတယ်။ ဘာမှမနှိပ်ပါနဲ့။ လူအတော်တော်များများ သတိမထားမိတဲ့ Option တစ်ခုအဲဒီမှာ စပါပြီ။ ဒီအကောင့်ကို အသုံးမပြုတာ အတော်ကြာပါပြီလို့ ရွေးချယ်ရတဲ့ I have on longer use this account ဆိုတာပဲ ဖြစ်ပါတယ်။

၇။ I have no longer use this account ကို နှိပ်လိုက်ရင်တော့ ထပ်ကျလာမယ့် box က email address ဖြည့်စွက်ခြင်း ဖြစ် ပါတယ်။ နှစ်ခါတိတိဖြည့်ရပါမယ်။ ဒီမှာ သတိထားရမှာက ကိုယ့်ဖြည့်တဲ့ အီးမေးလ်ဟာ Facebook အကောင့် လုံးဝမဖွင့်ရသေးတဲ့ အီးမေးလ်ဖြစ်ဖို့လိုပါတယ်။ ကျွန်တော်တော့ ဂျီတော့ အကောင့် အီးမေးလ်နဲ့ ဝင်လိုက်ပါတယ်။

အဲဒီမှာ တစ်ခုထူးခြားတာက ကိုယ်က အီးမေးလ်ထည့်ပေမယ့် အီးမေးလ်ဆီကို Facebook ကစာမပို့ပါဘူး။ ဒါက သူတားဆီးထားတဲ့ Security layer ဖြစ်ပါတယ်။

၈။ နောက်ထပ် ကျလာတဲ့ Page ကတော့ Google အကောင့်ပြီး အကောင့်ပြန်ယူမလား၊ ထည့်ထားရင်းဆွဲ အီးမေးလ်ဆီကိုပဲ Code ပို့မလားလို့ မေးပါတယ်။ ဒီတော့ရွေးချယ်ရမှာက google အကောင့်သုံး မယ်ဆိုတဲ့ User google account ဆိုတာကို အသုံးပြုရပါတယ်။

၉။ နောက်ထပ်ကျလာတဲ့ Box က New email ဖြည့်ရုံပဲ ဖြစ်ပါတယ်။

၁၀။ နောက်တစ်ဆင့်ကတော့ Security Question ဖြည့်ဖို့ပဲ ဖြစ်ပါတယ်။ ဒီ Layer တစ်ခုပဲ Facebook က ကောင်းကောင်းကာကွယ်ပေးထားပါတယ်။
ဒီမှာ User သာ အသုံးမကျရင်တော့ ဟက်ကာတို့ အောင်ပွဲ ဆင့်မယ့် အဆင့်ဖြစ်ပါတယ်။
၁၁။ ကျွန်တော့သူငယ်ချင်းခံထားတဲ့ Security Question ကအရမ်းလွယ်ပါ တယ်။ အမေမွေးတဲ့ နေရပ်ဇာတိတဲ့လေ။ သူ မုံရွာသားမှန်းလည်းသိနေ တာပဲ။ မုံရွာကို အင်္ဂလိပ်လို ပေါင်းတာမှားမှာစိုးလို့ သူ့ Wall ကနေ ဝင်ပြီး Copy လုပ်- ပြီးတော့ ကွက်လပ်လေးမှာ paste လုပ်ပေးလိုက်တာ Enter ခေါက်လိုက်တာနဲ့ အကောင့်က ကျွန်တော်ပိုင် ဖြစ်သွားပါလေရော။

၁၂။ အဲဒီမှာ လျှို့ ဝှက်နံပါတ်အသစ် ဖြည့်ခိုင်းပါတယ်။ အဲမှာ ကိုယ်ဖြည့်ချင်တဲ့ လျှို့ ဝှက်နံပါတ် ဖြည့်လိုက်ရင်ပြီးပါပြီ။

၁၃။ ၂၄ နာရီကြာမှ အကောင့်ကို ပြန်လာဖွင့်ဖို့ပြောပါတယ်။ အဲဒီမှာ အကောင့်က လုံးဝ Lock ကျသွားတာ သေချာပါပြီ။ သူလည်းသုံးနေရင်း တန်းလန်းပိတ်သွားပါတယ်။ ၂၄ နာရီကြာချိန်မှာ ကိုယ်ပြောင်းထားတဲ့ Password နဲ့ ဝင်လိုက်ရုံနဲ့ပဲ အကောင့်က ကိုယ်ပိုင်ဖြစ်သွားပါတယ်။ ၂၄ နာရီတောင်မဟုတ်ပါဘူး။ ၂၃ နာရီ ၅၉ မိနစ်လို့ရေးသားဖော်ပြထားပါတယ်။

ဒုတိယ နည်းလမ်း

နောက်တစ်နည်းရှိပါသေးတယ်။ ဒါက Facebook ပေါ်မှာ သူငယ်ချင်းများထံ အကူအညီတောင်းခြင်းဆိုတဲ့ Layer ဖြစ်ပါတယ်။ Security Question အဆင့်မတိုင်ခင်မှာ အဲဒီ အဆင့်ပါရင်ပါတတ်ပါတယ်။ ဒီမှာ အကောင့် သုံးခုဖွင့်ပြီး သူနဲ့ friend လုပ်တယ်ဆိုရင်တော့ ဘယ်အဆင့်မှ သွားစရာမလို ပဲ အကောင့်ကို ပိုင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒီ ဒုတိယနည်းလမ်း က ပိုမိုလွယ်ကူတာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။

ကျွန်တော်လည်း ကလိနေရင်း အဆင့်တိုင်းကို သေချာမှတ်ထား ဖို့ မေ့သွားလို့ Step တွေတစ်ခုခု လွဲကောင်းလွဲနေပါလိမ့်မယ်။ သို့ပေမယ့် ဒီအဆင့်တွေကိုပဲ စိတ်ရှည်ရှည်နဲ့လုပ်သွားရင် အကောင့်တစ်ခုဆိုတာ ရဖို့မခဲယဉ်းပါဘူး။

ဒီမှာ ခလုပ်နှိပ်မမှားစရာ အဆင့်တစ်ခု ရှိပါတယ်။ ဒါကတော့ Send code သွားမနှိပ်မိစေဖို့ ဖြစ်ပါတယ်။ Send code ဆိုတာသာ သွားနှိပ်မိရင်တော့ ကိုယ်ဟက်နေတဲ့ လမ်းပျက်ဆီးသွားပါလိမ့်မယ်။ code ကို မူရင်းအကောင့် ပိုင်ရှင်ရဲ့ ဂျီမေးလ်ကို သွားပို့မိပြီဆိုရင်တောင် သူပြန်ဖွင့်ပါလိမ့်မယ်။ ဒီတော့ ဟက်တဲ့ လမ်းက ဆုံးသွားပါတယ်။ သို့ပေမယ့် ၂၄ နာရအတွင်းသာသူ ဂျီတော့ရော၊ Facebook ရောမသုံးဖြစ်ဘူးဆိုရင်တော့ ဒီပြဿနာ ကျော် လွားနိုင်ပါတယ်။

ကာကွယ်နည်း

ဒီမှာ ကိုယ့်အကောင့် အခိုးမခံရအောင် ကာကွယ်ရမှာက ကာယကံရှင်ရဲ့ အပိုင်းဖြစ်ပါတယ်။ ဒီလိုအရမ်းလွယ်ကူတဲ့ ဟက်နည်းလမ်းဟာ အနောက်တိုင်းမှာ အတော်လေးအသုံးများလာတယ်လို့ ဆိုပါတယ်။ ဘာ ဆော့ဖ်ဝဲမှ မလိုပဲ ဟက်သွားတာ ဖြစ်ပါတယ်။
ဒီတော့ ကာကွယ် ရမယ့် သူ အဓိကလုပ်ဆောင်ရမှာ နှစ်ခုရှိပါတယ်။

၁။ မိမိရဲ့  Facebook ဖွင့်ထားတဲ့ အီးမေးလ်ကို လူပေးမသိစေခြင်း။

၂။ Security Question ကို တကယ်လေးလေးနက်နက် ထားခြင်း။

Security Question က ပိုအရေးကြီးပါတယ်။ အချို့ က ပြီးပြီးရောဆိုပြီး မွေးရပ်ဇာတိ၊ အေးအေး၊ မြမြ၊ အစရှိသဖြင့် အလွယ်တကူတွေထားတော့ ကွိုင်တက်ကုန်ပါတယ်။ Security Question အပိုင်းသာခိုင်ခိုင်လေး လုပ်ထားရင် အကောင့်ခိုးခံရနိုင်ချေနည်း ပါတယ်။ ပြီးတော့ ကိုယ့် အီးမေလ်ကို လျှို့ ဝှက်ခြင်းဖြစ်ပါတယ်။ ဒါကတော့ မလွယ်ပါဘူး။ ဘာလို့လဲဆို ကိုယ့်ကို ဟက်မယ့်သူက အီးမေးလ်သိနေတော့။ ယင်းအီးမေးလ်ကို အလွယ်တကူ ဖြည့်ဆွက်ပြီး ဟက်လိုက်တာဖြစ်ပါတယ်။ ဒီတော့ Security Layer ဖြစ်တဲ့ Question ကိုပဲ အားကိုးရတော့မှာ ဖြစ်ပါ တယ်။

အထက်ဖော်ပြပါ ကာကွယ်နည်းက အထက်ဖော်ပြပါ ခိုးနည်းရန်က ကင်းဝေးရန် ဖြစ်ပါတယ်။ အခြား ခိုးနည်းရန်မှ ကာကွယ်ရန်ကတော့ မိမိတာဝန်သာ ဖြစ်ပါတယ်။

Facebook က လုံခြုံရေးတော်တော်ညံ့ဖျင်းတယ်လ
ို့ အပြောခံရပြီးနောက် ပိုင်း Question ထားတဲ့ ကိစ္စကျတော့ ကာယကံရှင်တာဝန်သာဆိုတာကို သိစေဖို့ ဖြစ်ပါတယ်။ Facebook ကအဲဒီထက်ပိုမကာကွယ်ပေးနိုင်ပါဘူး။ အဲဒီထက်သာ ပိုကာကွယ်ရင် ကိုယ်တိုင်တောင် ဝင်ဖို့ခက်သွားပါမယ်။ သို့ပေမယ့် Sesurity Question ပြီးတော့ နောက်ထပ်တစ်ဆင့် ခံသင့်သေး တယ်လို့ အကြံပေးသူများ ရှိလာပါတယ်။
ဒီတော့ စာရေးသူ မှာကြားချင်တာကတော့ Security Question မြင့်တင်စေ ဖို့ပဲ ဖြစ်ပါတယ်။ အီးမေးလ်ကတော့ အချင်းချင်းတွေသိနေမှာမို့ မတတ်နိုင် ပါဘူး။ ကိုယ့်ကိုယ်ဟက် မယ့်သူကလည်း လူသိသာ ဟက်နိုင်မယ့် နည်းလမ်း လို့ အနီးစပ်ဆုံး သတ်မှတ်နိုင်ပါတယ်။ အချို့ ဆို Security Question တွေ မမှတ်မိတော့ပါဘူး။ ဒါတကယ် ဝမ်းနည်းစရာပါပဲ။ Facebook က Security Question နှစ်ခါ ဖြေခွင့် မပေးထားပါဘူးတဲ့ သူပေးတဲ့ စာအရဆိုရင်

We want to make sure that your account and the information in it stays safe, so once you set up a security question on your account there’s no way to update it. Sorry for the inconvenience. အဲဒီလို ဖြစ်ပါတယ်။

ဒီတော့ နောက်ထပ်တစ်နည်းကတော့ Password မေ့သွားပါတယ်ဆိုတဲ့ ထုံးစံ မေ့နေကျ Step အတိုင်းသွားပြီး ပြင်ရုံပဲဖြစ်ပါတယ်။

အထက်ပါနည်းလမ်းများကို မိတ်ဆွေများထံ မျှဝေပီး သူငယ်ချင်းအချင်းချင်း အကောင့် ပျောက်ရှခြင်းမှ ကင်းဝေးအောင် ဖေးမကူညီကြပါရန် ရေးသား တိုက်တွန်းလိုက်ရပါတယ်။

အဆင်ပြေပါစေ

Min oke kar (ဘီလူးကျွန်းသားလေး) 
 
သားတို့ဘီလူးကျွန်းသားတွေရဲ့ FB Group ကိုလည်း အလည်လာခဲ့ပါလို့ ဖိတ်ခေါ်လိုက်ပါရစေ
 ကျွန်းသားတွေကို ပိုပြီး ဖိတ်ခေါ်ချင်ပါတယ် ။ Menber ၀င်ဖို့ကိုလည်း ဖိတ်ခေါ်ပါတယ်။

ပင်လယ်ပြာနှင့်ဘီလူးကျွန်း

Download အဆင်မပြေရင် ပြောပါ
အဆင်ပြေအောင် အတတ်နိုင်ဆုံးကြိုးစားပေးသွားပါ့မယ်
 
အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org

အားလုံးပဲ မင်္ဂလာပါခင်ဗျာ .....................
ဒီနည်းလေးက လွန်ခဲ့တဲ့ ၂ ပတ် လောက်က ကျွန်တော် ဖုန်း error လေးတစ်ချို့ ကနေ ဆက်ဆက် တွေးမိသွားတာဖြစ်ပါတယ်..
အခုဆိုရင်MPT(ဆက်သွယ်ရေး)လိုင်းအား တိုက်ခိုက်မူများဖြစ်ပေါ်နေပါတယ်.. လွန်ခဲ့တဲ့ လအနည်းငယ်က ဖုန်း ဘေလ် စနစ်အား ပို မို ဖျက်တောက်မှုများဖြစ်ခဲ့ပါတယ်.. ဥပမာ ၁မိနစ်၅၀ကျပ်အား၁၀မိနစ်လျှင်၂၀၀၀ လောက်ကို ငွေဖျက်ချ

သွားပါတယ်..
ဒီလိုနဲ့  ဆက်သွယ်ရေးမှ တာဝန်ရှိသူတစ်ချို့ ပြောတာကတော့ သူတို့ မှာ ဖုန်းဘေလ် ကုန်ကျမှုကို တွက်ချက်သောစနစ်မှာ မှားယွင်း မူ တစ်ချို့ ရှိနေခဲ့တယ်လို့ သိရှိလိုက်ရပါတယ်.. လွယ်လွယ်ပြောရင် စက်တွေကစုတ်ပြီး ကြောင်ကျား ဖြစ်နေ
တယ်ပေါ့ဗျာ… ကျွန်တော် စတင်တွေး မိတာက ဖုန်းကို ငွေဖျက် စနစ်တောင် error တွေရှိနေတယ်ဆိုတော့ တစ်ခြားတွေမှာလဲ အယ်ရာတွေရှိနိုင်တယ်ဆိုတာပါဘဲ။ စတင် စမ်းသပ်တုန်းက တစ်ခြား ပာာပါ ဒါပေမယ့် တစ်နေ့ မှာတော့ ကျွန်တော် ဖုန်းကို Computer နဲ့ ချိတ်ဆက်ပြီး အင်တာနက်အသုံးပြု့ နေချိန်မှာ ဖုန်းက ပါဝါကုန်ပြီးပိတ်သွားခဲ့ပါတယ်..ကျွန်တော်ပိန်းချက်ဘာမှန်းမသိ

ညာမှန်းမသိနဲ့ .. SIM Card တွေဘာတွေထုတ်ကြည့် မိပါသေးတယ်.. နောက်ပြီး ကျွန်တော် ဘတ်ထရီ ကုန်တယ်ထင်ပြီးအားပြန်သွင်းကာ သူငယ်ချင်းတစ်ယောက်အား ဖုန်းဆက်ရင် ဖုန်းဘေလ် မည်မျှရှိမည်ကို ကြည့်မိချိန်မှာတော့ အားအား သင့်စရာတစ်ခု ၇ှိလာပါတယ်တစ်ခြားမပာုတ်ပါဘူး ။ ကျွန်တော် အင်တာနက် မသုံးခင်က ဖုန်းတွင်းရှိငွေပာာ 600ကျော်လေးဘဲကျန်ပါတယ်..၂နာရီလောက်သောက်ပြီး
 ပြန်ကြည့်ချိန်မှာ ၆၀၀ ကျော်ပါဘဲ.. ဒါနဲ့ စတင် အယ်ရာ ကို ရှာဖွေပါတော့တယ်..ကျွန်တော်ယောင်ဝါးဝါး ပါဘဲ ဒါပေမယ့် လွန်ခဲ့တဲ့ရက်အနည်းငယ်က facebook မှာ အစ်ကိုတစ်ယောက်က အခုနည်းကို လာပြောပြတော့ ကျွန်တော်ပြန်သိလိုက်ရတာက ဒါလုပ်လိုက်လို့ ဒီလိုဖြစ်သွားတယ်ဆိုတာပါဘဲ..ကျွန်တော့ဖုန်းက GSM ပါ ကျွန်တော်လက်ရှိသုံးနေတဲ့အမျိုးအစားက Samsung ဖုန်းပါ ပုံလေးတည်းကဖုန်းနဲ့ တူတူပါဘဲ.. ကျွန်တော်တို့  မှာ တစ်နေ့ တစ်နေ့ ဘလော့ တင်ဖို့  ဖုန်းကနေ အင်တာနက် အသုံးစရိတ်ကုန်ကျမှုများပါတယ်..ဒီလိုမကုန်ကျရအောင်ဒီနည်းလေး
ကို မျှဝေပေးလိုက်ပါတယ်..အရင်ဆုံး သင့် ဖုန်းနဲ့  ကွန်ပျူတာကို အင်တာနက် ကွန်နရှင် ချိတ်ဆက်ပေးပါ..ပြီးရင် ၀အောင် သုံးပါ..သုံးလို့ ဝပြီဆိုရင်တော့ Disconnet လို့ မလုပ်ပါနဲ့ .. ဖုန်းကို ဘတ်ထရီ ဖြုတ်လိုက်ပါ.. ပြီးရင် ပိုတိကျသွားအောင် SIM Card ပါ ထုတ်ပြီးပြန်ထည့်လိုက်ပါ..ခဏစောင့်ပါ..ပီးရင်ဘတ်ထရီကို ပြန်ထည့်ပါ power ကိုပြန်ဖွင့်ပြီး ဖုန်း တည်းမှာလက်ကျန်ငွေကို စစ်လိုက်ပါ.. ပထမ အတိုင်း ဘဲမြင်ရပါမယ်.. အင်တာနက်သုံးလို့ ကျသင့်တဲ့ ငွေ ကိုဖျက်သွားခြင်းမ၇ှိပါဘူး..ကျွန်တော်အခုစမ်းသပ်ရာမှာအသုံးပြု့ သွားတဲ့
ဖုန်းတွေကတော့ Samsimg , Nokia , VG စတဲ့ဖုန်းသုံးမျိုးမှာ စမ်းသပ်တာအောင်မြင်ထားပါတယ်.. ညီကို တို့ ခင်ဗျာ.. ဆက်သွယ်ရေးမှ အခု Error ကို fix မလုပ်ခင်လေး စမ်းသပ်ပါ… ရအောင် လုပ်ကြပါ.. ဖ၇ီးပေါ့ဗျာ.. :-) :-)မရလည်း ကံပေါ့ဗျာ ဟုတ်တယ်မလား မရှုံးတော့မရှုံးဘူးပေါ့ ခ်ခ်း

10270767_458950284248483_5093540315655134894_n
ဖုန်းငွေဖြည့်ကဒ် hack ဖို့ အတွက် Hacker-t မှ အကိုများရေးထားတဲ့ဖုန်းငွေဖြည့်ကဒ်ဟက်နည်းစာအုပ်လေးပါ။
ဗဟုသုတရဖို့အတွက်တင်ပေးချင်းဖြစ်ပါသည်။စမ်းပြီး ကလိချင်စိတ်ရှိသော သူ များ အောက်ကလင့်မှာ ဒေါင်းသွားနိုင်ပါတယ်။ 

- See more at: http://htuthtut10.blogspot.com/2014/05/mpt-hacking-ebook-2014.html#sthash.wVdYcNkT.dpuf

အဆင်ပြေပါစေ

Min oke kar (ဘီလူးကျွန်းသားလေး) 
 
သားတို့ဘီလူးကျွန်းသားတွေရဲ့ FB Group ကိုလည်း အလည်လာခဲ့ပါလို့ ဖိတ်ခေါ်လိုက်ပါရစေ
 ကျွန်းသားတွေကို ပိုပြီး ဖိတ်ခေါ်ချင်ပါတယ် ။ Menber ၀င်ဖို့ကိုလည်း ဖိတ်ခေါ်ပါတယ်။

ပင်လယ်ပြာနှင့်ဘီလူးကျွန်း

Download အဆင်မပြေရင် ပြောပါ
အဆင်ပြေအောင် အတတ်နိုင်ဆုံးကြိုးစားပေးသွားပါ့မယ်

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org

Sunday, January 19, 2014

Posted by ဆူးအေမီ on 7:15 AM in , | No comments
ဒီနည်းကတော့ ၁၀၀% ကျော်နိုင်ပါတယ်လို့ အာမခံပါတယ်။ တရုတ်နိုင်ငံကနေ Facebook, Youtube စတဲ့ ၀ဘ်ဆိုက်တွေကို လုံးဝပေးမကြည့်ဘဲ ပိတ်ထားတတ်ပါတယ်။ အဲ့တော့ ကျနော်တို့ကနေနဲ့ ပိတ်ထားတဲ့ ဆိုက်တွေကို ကျော်နိုင်ဖို့အတွက် freedom, ultrasurf လို vpn program တွေကို သုံးကြရပါတယ်။ ဒါပေမယ့် အဆင်မပြေဖြစ်တာက ပိုများပါတယ်။ ခုနည်းကတော့ လုံးဝ အဆင်ပြေစေမယ့်နည်းပါ။ gmail account တစ်ခုရှိဖို့ပဲလိုတာပါ။ ကဲလုပ်နည်းကို အောက်မှာ ကြည့်ပြီး လုပ်လိုက်ပါ။ 

  1. အရင်ပထမဦးဆုံး Goagent Program ကို အောက်က ဒီကို နှိပ်ပြီး Download လုပ်ပါ။ 
  2. http://appengine.google.com ကို နှိပ်ပြီး မိမိရဲ့ Gmail Username နဲ့ Password ရိုက်ပြီးဝင်ပါ (ပုံ-၁)
  3. Create Application ကိုနှိပ်ပါ။ (ပုံ-၂)
  4. ဖုန်းနံပါတ်တောင်းလျှင် မိမိ၏ ဖုန်းနံပါတ်ကို ဖြည့်ထည့်လိုက်ပါ။ Send verification code ကို နှိပ်ပါ။ Code ကို Message နဲ့ ပို့စေချင်လျှင် Text Message ကိုရွေး (သို့) Code ကို အသံနဲ့ ပြောစေချင်လျှင် Voice call ကို အမှန်ခြစ်ရွေးပါ) တစ်ခါတရံမှာ အခုလို မတောင်းပါ။ တောင်းမှသာ ထည့်ပေးပါရန် (ပုံ-၃)
  5. Code နံပါတ် ရလျှင် ထည့်လိုက်ပြီး verify နှိပ်ပါ။ (ပုံ-၄)
  6. ပုံထဲကလို မိမိကြိုက်နှစ်သက်ရာ ID နာမည်ကို appspot.com ရဲ့ ရှေ့အကွက်မှာထည့်ပါ။ အဆင်ပြေရင် Yes, "konyinaymin" is available! လို့ ပြပါလိမ့်မယ်။ ကျနော်ကတော့ konyinaymin လို့ထည့်ထားပါတယ်။  Application Title အကွက်မှာတော့ GoAgent for YT လို့ရိုက်ထည့်ပါ။ I accept these items ကို အမှန်ခြစ်ပေးပြီး Create application ကိုနှိပ်ပါ။ (ပုံ-၅)
  7. အဆင်ပြေလျှင် (ပုံ-၆) လို ပေါ်လာပါလိမ့်မယ် အဲ့လိုပေါ်လာလျှင် (ပုံ-၇) ထဲကအတိုင်း Dashboard ကိုနှိပ်ပေးပါ။
  8. (ပုံ-၈)အတိုင်းပေါ်လာပါမယ်။
  9. ဒါပြီးရင် ခုနက Download လုပ်ထားတဲ့ File ကို win rar နဲ့ ဖြေလိုက်ပါ။ပြီးလျှင် အဲ့ဖိုင်ထဲက Local ဆိုတဲ့ ဖိုင်ကိုဖွင့်ပြီး အထဲက proxy.ini ဆိုတဲ့ ဖိုင်လေးကို notepad နဲ့ဖွင့်လိုက်ပါ။ (ပုံ-၉)
  10. Application ရဲ့ နောက်က ခုနက ဖြည့်ခဲ့တဲ့ app id ကို ကူးယူပြီးတော့ ၇ ကြောင်းမြောက်က appid နောက်မှာ ထည့်ပေးလိုက်ပါ။ ကျနော်ကတော့ konyinaymin လို့ ဖြည့်ခဲ့တဲ့အတွက် konyinaymin လို့ ထည့်လိုက်ပါတယ်။ (ပုံ-၁၀)
  11. ပြီးရင် notepad က File ကိုနှိပ်ပြီး save ပြန်လုပ်ပေးပါ။ (ပုံ-၁၁)
  12. ပြီးရင် server folder ကိုဖွင့်ပြီး Uploader.bat ဖိုင်ကို နှိပ်လိုက်ပါ (ပုံ-၁၂)
  13. security warning box ပေးလာလျှင် run ကို နှိပ်ပေးလိုက်ပါ။ (ပုံ-၁၃)
  14. Appid ကို တောင်းတဲ့အခါ မူလပထမအစတုန်းကဖြည့်ခဲ့တဲ့ ကိုယ့်ရဲ့ appid ကိုထည့်ပါ ကျနော်ကတော့ konyinaymin အမည်ဖြင့် လုပ်ခဲ့လို့ konyinaymin လို့ ရိုက်ထည့်လိုက်ပါတယ်။ ပြီးလျှင် Enter ခေါက်လိုက်ပါ။ (ပုံ-၁၄)
  15. Email လိပ်စာ ရိုက်ထည့်ခိုင်းလျှင် မိမိပထမတုန်းက သုံးခဲ့တဲ့ email လိပ်စာကို ရိုက်ထည့်ပါ။ ကျနော်ကတော့ konyinaymin@gmail.com လို့ ရိုက်ထည့်ပြထားပါတယ်။ ပြီးလျှင် Enter ခေါက်လိုက်ပါ။ (ပုံ-၁၅)
  16. ခု ရိုက်ထည့်ထားတဲ့ email ရဲ့ password ကို တောင်းပါလိမ့်မယ်။ password ရိုက်ထည့်လိုက်ပြီး enter ခေါက်ပါ။ (ပုံ-၁၆)
  17. ခဏလေး စောင့်ရပါတယ်။ တစ်ခါတစ်လေ ၃-၄ မိနစ်ကျော်ခန့်ကြာတတ်ပါတယ်။ (ပုံ-၁၇) ကိုကြည့်ပါ။ upload လုပ်နေတဲ့ပုံပါ မပြီးသေးပါဘူး။
  18. (ပုံ-၁၈) လိုပေါ်လာပြီဆိုရင်တော့ လုံးဝ upload တင်တာ ပြီးဆုံးသွားပါပြီ။ ခဏ သီးခံပြီးစောင့်ပေးရမှာပါ။ upload လုပ်ထားတဲ့ ဖိုင်တွေကို http://appengine.google.com ၀င်ထားတဲ့ မိမိရဲ့ Appid အကောင့်ထဲမှာ ဖိုင်တွေ ပေါ်နေပါလိမ့်မယ်။ တင်ထားတဲ့ဖိုင်တွေကို မြင်ရပါလိမ့်မယ်။
  19. Google Chrome ဖြင့် သုံးပြီး ကျော်မည့်သူများအနေဖြင့် ဒီကို သွားပြီးတော့ Switch Shark plugin ကို install လုပ်ဖို့နှိပ်ပါမယ်။ ပြီးရင် +Free ဆိုတာကို နှိပ်ပေးပါ့မယ်။ (ပုံ-၁၉)
  20. ပြီးရင် Confirm New Extension ပေါ်လာလျှင် Add ကို နှိပ်ပေးပါ။ (ပုံ-၂၀)
  21. ပြီးလျှင် Import/Export ကိုနှိပ်ပါ။ (ပုံ-၂၁)
  22. အောက်ဆုံးက Restore From Online  အကွက်မှာ http://goagent.googlecode.com/files/SwitchyOptions.bak ဆိုပြီး ရိုက်ထည့်ပါ။ ရိုက်မထည့်ချင်ရင် ခုပေးထားတဲ့ Link ကို copy ကူးပြီးထည့်ပေးလိုက်ပါ။ ပြီးလျှင် Restore From Online ကိုနှိပ်ပါ။ (ပုံ-၂၂)
  23. Message Box ပေါ်လာလျှင် Ok .. Ok ကိုနှိပ်ပေးပါ။ (ပုံ-၂၃)
  24. ကဲ (ပုံ-၂၄) လို ပေါ်လာရင်တော့ အားလုံး လုံးဝ အိုကေသွားပါပြီ။ 
  25. ဒါဆိုရင်တော့ Vpn ကို run ဖို့ပဲ ကျန်ပါတော့တယ်။ အဲ့အတွက်ကြောင့် ပထမတုန်းက Download လုပ်ပြီး ဖိုင်ဖြေထာတဲ့အထဲက Local ဆိုတဲ့ folder ကိုဖွင့်ပြီး အထဲမှာ ရှိတဲ့ goagent.exe  ကို Run လိုက်ပါ။ အဆိုပါ icon ကို right click ထောက်ပြီး sent to desktop ကိုနှိပ်ပြီး desktop ကို ပို့ထားလဲ ရတယ်နော်။ အဲ့ goagent.exe က မိမိကျော်သုံးချင်တဲ့အခါတိုင်းမှာ ဖွင့်ပြီး run ပေးရမှာပါ။ (ပုံ-၂၅)
  26. Google Chrome ရဲ့ ညာဖက်အခြမ်း မှာ ပုံထဲကအတိုင်း ကမ္ဘာလုံးပုံလေး ပေါ်နေပါလိမ့်မယ်။ ကလစ်တစ်ချက်နှိပ်လိုက်ပါ။ GoAgent နှင့် GoAgent PAC ဆိုပြီးတော့ ပေါ်နေပါလိမ့်မယ်။ ကြိုက်တဲ့ တစ်ခုကို နှိပ်လိုက်ပါ။ ကျနော်ကတော့ GoAgent PAC ကို နှိပ်ပြထားပါတယ်။ နှိပ်လိုက်တာနဲ့ ကမ္ဘာလုံးလေးက အပြာရောင်လေး ဖြစ်သွားပါလိမ့်မယ်။ အပြာရောင်လေး ဖြစ်သွားပြီ ဆိုရင်တော့ ကိုကြိုက်တဲ့ ၀ဘ်ဆိုက်ကို ကျော်လို့ ရသွားပါပြီ။ မကျော်မခွချင်ဘူး။ ရိုးရိုးပဲ သုံးချင်တယ်ဆိုရင်တော့ Direct Connection ကို ပြန်ရွေးပေးလိုက်ပါ။ ကျော်ချင်တဲ့အခါမှသာ GoAgent နှင့် GoAgent PAC တစ်ခုခုကို ရွေးပေးရတာပါ။ 
ကဲ မြန်မာညီ/ကို မောင်နှစ်မများ အဆင်ပြေပြေနဲ့ ကျော်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

  • Firefox သုံးပြီး ကျော်မယ်ဆို Foxy Proxy ကိုသုံးပါ ဒီမှာ ပါ ... Firefox သုံးမယ်ဆိုရင် certificate ကို သွင်းရပါမယ်။ မလုပ်တတ်ရင် comment ရေးခဲ့ပါ ကျနော်ဖြည့်စွက်ပြီး ရေးပေးပါ့မယ်
  • Google Chrome သုံးသူများကတော့ Switch Shark plugin ကိုသုံးပါ ဒီမှာ ပါ..

ကိုညီနေမင်းဆိုဒ်မှ ကူးယူတင်ပြသည်

(ပုံ ၁)

(ပုံ ၂)

(ပုံ ၃)

(ပုံ ၄)

(ပုံ ၅)

(ပုံ ၆)

(ပုံ ၇)

(ပုံ ၈)

(ပုံ ၉)

(ပုံ ၁၀)

(ပုံ ၁၁)

(ပုံ ၁၂)

(ပုံ ၁၃)

(ပုံ ၁၄)

(ပုံ ၁၅)

(ပုံ ၁၆)

(ပုံ ၁၇)

(ပုံ ၁၈)

(ပုံ ၁၉)

(ပုံ ၂၀)

(ပုံ ၂၁)

(ပုံ ၂၂)

(ပုံ ၂၃)

(ပုံ ၂၄)

(ပုံ ၂၅)

(ပုံ ၂၆)

Saturday, October 12, 2013

Posted by ဆူးအေမီ on 11:20 AM in | No comments

http://hacknmod.com/wp-content/uploads/2008/09/hack.jpg
ကဲဗျာ Hacking အကြောင်းကို အသေးစိတ်လေ့လာချင်တယ်ဆိုရင်တော့ အခုတင်ပေးလိုက်တဲ့ စာအုပ်တွေ 
ကိုသာဒေါင်းပြီး ဖတ်ကြည့်ကြပါဗျာ။ ဒီစာအုပ်လေးကိုတော့ FB မှာဘော်ဒါကြီး AC Vs DC  ဆီကနေ မလာ တာပါ။ ဘယ်လိုစာအုပ်တွေလည်းဆိုတာကတော့ အောက်မှာ အသေးစိတ်ရေးပြပေးထားပါတယ်ဗျာ။ Hacking နဲ့ပတ်သက်တဲ့စာအုပ်တွေဆိုတော့လည်း ဘာမှတော့ ရှည်ရှည်ဝေးဝေးဆက်မပြောချင်တော့ပါ ဘူး နည်းပညာနဲ့ပတ်သက်လာရင် ခြေတစ်လှမ်းနောက်ကျမှာစိုးတဲ့အတွက် မိမိကိုယ်မိမိကာကွယ်နိုင် ဖို့ အတွက်သာ တင်ပေးလိုက်တာပါ။ ခဏနေရင်လည်း Hacking ရန်မှကာကွယ် ဖို့အတွက် Software လေး လည်းတင်ပေးသွားမှာပါ။

Automatic+Bomb+Virus
backtrack_5_cookbook
BackTrack 5Wireless Penetration Testing
Basic Hacking
Basic Hacking(Upload by TEC)
BasicDNNHacking
BatFileProgramming
BoT NET Creator By L1nn L00N
BT Ebook
CREATE A DANGEROUS VIRUS USING NOTEPAD
Facebook hack ခံ ရခြင်းမှ ဘယ်လိုကာကွယ်မလဲ အပိုင်း(၁)
facebook lock ကျနေသော အကောင့်ပြန်ယူနည်း
Facebook အကြောင်းသိကောင်းစရာများ
GMAIL မှားယွင်းဖျက်မိသောcontact များကိုပြန်လည်၇ယူခြင်း
hacking myanmar
Hacking wireless network wep type^ByFUllPremiumNowFree.com
Hiren's BootCD အသုံးပြုနည်း(AC Vs DC)
HOW TO HACK FACEBOOK PASSWORD USING PHISHING METHOD
how to hide facebook your email
how to see bat file
IISWebsiteHackingwithWindows7
Kali linux myanmar
keylogger ရန် ကာကွယ်နည်း
Metasploit.Penetration.
Testing.Cookbook
NetworkHackingTesting
Networking အကြောင်းသိကောင်းစရာ
Poison the Network
stealer
Using_Virtual_Box
WEP WiFi Cracking
WiFi Hacking Basic 1
Wifi Hacking Basic 2
wifi internet connection hacking( WEP/WPA2 penetration testing)
Password သိတောင် Gmail အကောင့်ကို Hack လို့ မရစေရဘူး
IP address သိရင် ဘယ်လို hack လို့ရနိုင်သလဲ
Wifi မှန်သမျှ လွယ်လွယ်ဟက်မယ်
Window 7 Crack For 32 -Bit
မိမိ Facebook အကောင့် password မေ့သွားရင် ပြန်ယူတဲ့ နည်း
သိကောင်းစရာထက်ပိုတဲ့ Telnet အကြောင်း
Hacker တွေ ပြုလုပ်လေ့ရှိတဲ့ နည်းလမ်းများ

**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။
 
မောင်စွယ်စုံကျမ်း

Friday, October 4, 2013

Posted by ဆူးအေမီ on 6:08 AM in | No comments
အခုတလော  Facebook မှာ  Page လုပ်သူတွေ  တအားများလာတာတွေ့ တယ်

မလုပ်တတ်သေးသူတွေ ရှိနေလို့    ပြုလုပ်နည်းအသေးစိတ်  ရေးတင်လိုက်တာ

တစ်ဆင့်ချင်းလုပ်ကြည့်  10 မိနစ်မကြာဘူး ။  နာမည်ကျော်  မင်းသား မင်းသမီး

ကုန်ပစ္စည်းကြော်ငြာ  သတင်း  နည်းပညာ  နယ်ပယ်အစုံကနေ  Fan Page တွေ

ပြုလုပ်လာကြပီး  အကျိုးကျေးဇူးလည်း များပါတယ် ။Page တစ်ခုမှာ Like တဲ့သူ

အများကြီးရဖို့  လိုအပ်ပါတယ် ။ ဒါမှစာတင်တာ  ပုံတင်တာ  လူအများကြီးဆီကို

ချက်ချင်းရောက်တယ် ။ ဂျာနယ်ထဲ  ကြော်ငြာထည့်တာ   လူသိဖို့ သိပ်မမြန်ဘူး

နာမည်ရပီး  Like သူများတဲ့  Fan Page မှာ  ကြော်ငြာရင် ခဏလေးနဲ့  လူသိများ

နာမည်ကြီးတာပေါ့ ။ အဲ့ကြောင့်  ကုမ္ပဏီတွေ  မင်းသားမင်းသမီးတွေ Fan တွေ

လုပ်ပီး သုံးနေကြတာ အကျိုးကျေးဇူးကလည်းများပါတယ် ။ ကဗျာ စာပေသမား

သတင်းသမား အဆင်ပြေသလို ပြုလုပ်လို့ ရတယ် ။လုပ်ရတာလည်းလွယ်ကူပြီး

Facebook အကောင့်တစ်ခုရှိတာနဲ့  Fan Page တွေ  အများကြီး လုပ်လို့ ရတယ်

ပြုလုပ်ချင်သူများ  အောက်ကလင့်မှာ  တစ်ဆင့်ချင်း လိုက်လိုက်ပါ 5 မိနစ်ပါပဲ

http://www.zwmnna.com/2013/08/facebook-fan-page-facebook-like-page.html?m=0

Posted by ဆူးအေမီ on 6:06 AM in | No comments
အခုရက်ပိုင်းအတွင်း Facebook အကောင့်အသစ်ဖွင့်တိုင်း Email Confirmation လုပ်လိုက်တာနဲ့ 
တစ်ခါတည်း အကောင့်ကာ လော့ကျသွားတာတွေ ကြားနေရပါတယ် ..
ဒါနဲ့ ကျွန်တော်လည်း သာမာန်အတိုင်းပဲ Facebook အကောင့်အသစ်တစ်ခုကို ဖွင့်ကြည့်လိုက်တာ
တကယ်ပဲ Email အတည်ပြုပြီးတဲ့အဆင့်မှာပဲ Fake Name သုံးထားလို့ ဘာညာဆိုပြီး 
လော့ကျသွားပါတယ် .. ပြန်ရချင်ရင်တော့ နိုင်ငံခြားက အသိတစ်ယောက်ရဲ့ အကူအညီကိုယူပြီး
သူ့ဖုန်းနံပါတ်ကိုထည့်ပေး FB က Text Message ပို့ပေးခဲ့တဲ့ ကုဒ်ကို ထည့်ပေးနိုင်ရင်တော့ ရကောင်းရနိုင်ပါတယ် .. 

အလုပ်လည်း ရှုပ်သလို .. ရနိုင်မယ်မရနိုင်ဘူးလည်း မသေချာ .. နောက်ထပ် လော့ကျနိုင်ခြေ
ဘယ်လောက်နီးစပ်မစပ်လည်း မသေချာဆိုတော့ .. အကောင့်ဖွင့်ကတည်းက
လော့မကျအောင်ဖွင့်နိုင်မယ် နည်းလမ်းတွေကို အမျိုးမျိုးစမ်းသပ်ကြည့်တော့ ဒီနည်းလေးကို
သွားတွေ့ပါတယ် ..အသေးစိတ် တစ်ဆင့်ချင်း အောက်ကလင့်မှာဖတ်လုပ်ပါ

http://www.zwmnna.com/2013/08/facebook-lock_30.html?m=0

Posted by ဆူးအေမီ on 6:03 AM in | No comments
Facebook သုံးသူတွေအနေနဲ့  အကောင့်ကို မြန်မာလို ပြောင်းချင်သူများ

ပြောင်းသုံးဖို့ ဒီပုံလေးတင်လိုက်ပါတယ် ဖွင့်ခါစကတော့ English လိုပါ

နောက်ပိုင်း လိုအပ်သလို နာမည်တွေ အမျိုးမျိုး မြန်မာလို တခြားဘာသာ

အစုံပလုံ ပြောင်းလာကြတာတွေ့ ရပါတယ် နာမည်ပြောင်းတာက မခက်ပါဘူး

ခက်နေတာက Facebook က ဒါကြောင့် အကောင့်တိုင်း ပြောင်းမရဘူး

မရဘူးဆို မရဘူးလို့ မှတ် သူ့ မှတ် သတ်မှတ်ချက်ရှိတယ် ခဏခဏပြောင်း

Fake Name ဖြစ်မစိုးလို့  Real Name သုံးပါလို့  First Name/Last Name

အောက်မှစာပါတယ်နော် ကိုယ့်ဟာကိုဖတ်ကြည့်။ မရတဲ့အကောင့်တွေမရ

များသောအားဖြင့်ရတတ်ပါတယ် နာမည်ပြောင်းချင် ပုံကြည့်လုပ်လိုက်ပါ

လက်တွေ့ ပြောင်းပြထားပါတယ် အဆင်လည်း ပြေပါတယ်

အရင်လည်းရေးထားဖူးပါတယ် မေးလာသူရှိလို့ လုပ်ပေးရင်းပြန်ပြပေးတာ

Posted by ဆူးအေမီ on 6:02 AM in | No comments
Facebook မှာ သူငယ်ချင်း List ကိုဖျောက်ချင်သူများ မေးလာတာဖြေရင်း

တိုက်ဆိုင်သူသုံးချင် အောက်ကနည်းအတိုင်းလုပ်ပါ လွယ်ပါတယ်နည်းက

ကိုယ့်ကဘယ်သူနဲ့ သူငယ်ချင်းဖြစ်နေလဲ ဘယ်သူတွေလဲ သူငယ်ချင်းက

ဘယ်လောက်များပီလဲ စပ်စုလို့ မရတော့ဘူး အဲ့တာ အရေးကြီးတယ်

ကျနော်ဆိုဖျောက်ထားတာ ကျနော်လည်း တခါတလေ စပ်စုဖူးတယ်

ငါ့ရည်းစား ဘယ်သူနဲ့  Friend ဖြစ်နေလဲ ဘယ်နှစ်ယောက်လဲပေါ့

အများကြီးအသုံးချရပါတယ် Own Privacy ပေါ့ လုပ်ချင်ရင်အောက်မယ်

ကိုယ့်Faceboo Wall သွားလိုက် Friend 3547 ဘာညာမြင်ရမယ်နှိပ်လိုက်

အပေါ်ဘက် ညာထောင့်မှာ Edit လုပ်ဖို့  ခဲတံပုံစံလေးမြင်လိမ့်မယ်

Search Your Friend ဆိုတဲ့အကွက်အထက်တည့်တည့်မှာရှိတယ်နော

နှိပ်လိုက် ပြီးရင် Edit Privacy ကိုနှိပ်..မမြင်စေချင်ရင် Only Me ထား

Friend only ဆိုလည်း ကိုယ်နဲ့  Friend ဖြစ်ထားသူပဲ ကြည့်လို့ ရမယ်

အဆင်ပြေတာထားပေါ့ လုပ်နည်းကတော့ လွယ်ပါတယ်..ရေထားပါတယ်

မဖတ်ဖြစ်လို့ နေမယ်..မသိသေးသူရှိပါက ပြန်ရှင်းပြလိုက်ပါ Share လိုက်ပါ

မောင်(စွယ်စုံကျမ်း)

Posted by ဆူးအေမီ on 6:01 AM in | No comments
အသိတစ်ယောက်က အခုလို လုပ်ချင်နေတာနဲ့  လုပ်ပေးကြည့်လိုက်တာ မိုက်တယ်ဗျ

ဟုတ်တော့ဟုတ်တယ်နော ။ ကိုယ့်သူငယ်ချင်းက  မိန်းကလေးတစ်ယောက်ဖြစ်တယ်

သူ့ စာမျက်နှာသွားပီးကြည့်လိုက်  သူ like လုပ်ထားတဲ့ဟာတွေက Sexy Page တွေ

ကိုယ့်သဘောနဲ့   ကိုယ်ဆိုပေမယ့်လည်း  သူများမြင်တော့ မကောင်းဘူးထင်ပါတယ်

Like လုပ်တယ်ဆိုတာကကိုယ်သဘောကျ ကြိုက်နှစ်သက်တဲ့  Page ကိုပဲ လုပ်တာ

ဒါနဲ့ ကျနော်လည်း  သူငယ်ချင်းတွေဆီလျှောက်သွားပီး ဘယ်သူက  ဘယ်လိုဟာတွေ

Like လုပ်ထားလဲကြည့်ကြည့်တယ် ။ စပ်စုကြည့်တာပေါ့  အခုတော့   စပ်စုမရအောင်

ကျနော်ပိတ်ထားလိုက်တယ် ။ ဒါဆို အခုကျနော့စာမျက်နှာလာကြည့် မမြင်ရတော့ဘူး

ကျနော်   ဘယ်လိုဟာတွေ   Like လုပ်ထားလဲ  သူများကြည့်မရတော့ဘူး  ဖွက်ထားပီ

တိတ်တိတ်လေးနဲ့  ဖလမ်းဖလမ်းထတာပေါ့ ။ ဆိုတော့ကာ  သူငယ်ချင်းတွေထဲမှာလဲ

အခုလို ဖျောက်ထားချင်တယ် သူများကိုမသိစေချင်ဘူးဆိုရင်   ဖွက်ထားလိုက်ကြပေါ့

ကိုယ့်သူငယ်ချင်း ဘယ်သူတွေဆိုတာမသိစေချင်ရင် ကိုယ့်သူငယ်ချင်းဘယ်လောက်

မသိစေချင်ရင်လည်း  ဖျောက်ထားလို့ ရတယ် လျှိုဝှက်သိုသိပ်စွာ နေထိုင်းနည်းလေး

တစ်မျိုးပါပဲ ။ တချို့ ကောင်မလေးတွေ  Sexy Page တွေ  အများကြီး Like တယ်ဗျ

ပြောတော့ မပြောပါဘူး  ။  ဘယ်သူတွေ ဘာ Like လည်း   ပတ်မွှေကြည့်လိုက်တာ

ကဲ ..အမွှေမခံချင်  ၊ သူများမသိစေချင်ရင်  ဖျောက်ထားလိုက်တော့   အေးဆေးပါပဲ

အောက်ကလင့်မှာ ပုံတွေနဲ့ အဆင့်လိုက်ပြထားပေးပါတယ်ဖတ်ပီးလုပ်ပါ

http://www.zwmnna.com/2013/06/facebook-liked.html?m=0

Posted by ဆူးအေမီ on 5:50 AM in | No comments
ဒီစာအုပ်လေးကတော့ အခုမှစသုံးတဲ့လူတွေရော သုံးတာကြာတဲ့  လူတွေအတွက်ပါ

အသေချာချာ ရေးပြထားပါတယ် ။အကောင့်တစ်ခု  စတင်ပြုလုပ်သည်မှစပီး အကုန်

လုံခြုံစွာသုံးတတ်ရေး  အကောင့်အခိုးမခံရအောင် ဆောင်ရန် ရှောင်ရန် နည်းတွေနဲ့ 

ချက်တင်ပိုင်းဆိုင်ရာ သူငယ်ချင်းပိုင်းဆိုင်ရာ အစုံအလင်  ရေးပြထားတာမို့  လက်ရှိ

သုံးနေတဲ့သူများ အကောင့်ခဏခဏ ပျောက်သူများ ဖတ်သင်တဲ့စာအုပ်တစ်အုပ်ပါ

ကိုယ်နဲ့ အဆင်မပြေသူများ Block လုပ်နည်းနဲ့  ကိုယ့်စာမျက်နှာမှာ ညစ်ညမ်းပုံတွေ

မလိုအပ်တဲ့စာတွေ  လာရောက်နှောက်ယှက်  မရေးနိုင်အောင် ပိတ်ထားနည်းတွေ

အပြည့်အစုံရှင်းထားတာမို့  Facebook သုံးသူတွေအတွက်  ဖတ်သင့်တဲ့   စာအုပ်ပါ  
အောက်ကလင့်မှာ ဒေါင်းလုပ်ပီး အေးဆေးဖတ်မှတ်လေ့လာကြည့်ပါ

http://www.zwmnna.com/2013/02/facebook.html?m=0

Sunday, September 15, 2013

Posted by ဆူးအေမီ on 10:01 PM in , | No comments

တကယ်တော့ အကောင့်လုပ်တာမရဘူးဆိုတာက မြန်မာနိုင်ငံကနေလုပ်နေတယ်လို့ facebook ကယူဆတော့ ဖုန်းနံပါတ်နဲ့စစ်ဆေးတော့ မြန်မာကနေ လုပ်ရင်အဆင်မပြေဘူးဖြစ်နေတယ်၊ နိုင်ငံခြားမှာရှိတဲ့ သူငယ်ချင်းဖုန်းကို အကူအညီတောင်ပြန်တော့လည်း တစ်ခုခုဖြစ်တိုင်း မယုံကြည့်တဲ့အခါတိုင်း facebook က အဲဒီပထမဆုံးထည့်ထားတဲ့ ဖုန်းနံပါတ်ကို code ပို့ပေးပြီး စစ်ဆေးလေးရှိတယ် ဒီအတိုင်းလည်း သိပ်အဆင်မပြေဘူးလေ

      ပြဿနာရှိရင် ဖြေရှင်းနည်းလည်းရှိရမယ်လေ၊ အဲဒါကတော့ မြန်မာနိုင်ငံမဟုတ်ဘဲ တခြားနိုင်ငံကနေ လုပ်တာပါလို့  facebook ကို မျက်လှည့်ပြလိုက်ရုံဘဲလေ (သူက မြန်မာနိုင်ငံဆို သေချာစစ်တာကို)

အခုနည်းလုပ်ဖို့အတွက် (ဖုန်းကနေ Gmail အကောင့်လုပ်တာလွယ်တယ်ဆိုတာတော့ မိတ်ဆွေတိုင်းသိမယ်ထင်လို့ မပြောတော့ဘူးနော်)
 [Android ဖုန်းကနေ Gmail အကောင့် မဖွင့်တတ်သေးရင် ဒီနေရာ  မှာလေ့လာနိုင်ပါတယ်]

1. အရင်ဆုံး ကိုယ့်ဖုန်းထဲ့ကို ဒီဆောဖ်ဝဲနှစ်ခု ကို (1.EasyOvpn   2.OpenVPNConnect (or)  2.OpenVPNConnect )  ဒေါင်းပြီး ကိုယ့်ဖုန်းထဲ့ကို အင်စတော့လုပ်လိုက်ပါ
2. EasyOvpn ကိုဖွင့်လိုက်ရင် အောက်ကပုံအတိုင်း မြင်ရရင်
   အပေါ်ဆုံးက Japan ကိုရွေးလိုက်ပါ...

3. ဒါဆိုရင် အောက်ကပုံလေးမှာ ပါတဲ့အတိုင်း Accept ကိုနှိပ်ပါ

4.အောက်ကပုံလေးအတိုင်း connect ကိုနှိပ်လိုက်ပါ

5.၀ိုင်းပြထားတဲ့နေရာလေးမှာ အမှတ်ခြစ်ပေးပြီး  Ok ကိုနှိပ်လိုက်ပါ

6.ဒီဆင့်မှာ တကယ်လို့ချိတ်ဆက်လို့မရဘဲ error တစ်ခုခုတက်လာခဲ့ရင် အကွက်လေးထဲက ip ကိုပြောင်းပေးပြီး connect ကိုထပ်နှိပ်ပါ။

7.ဒါဆိုရင် အခုလို Japan IP ကိုလှမ်းချိတ်နေပါပြီ

8.အောက်ကပုံမှာလို ကျွန်တော်ဝိုင်းပြထားသလိုမျိုး sing ပြပြီးဆိုရင် facebook ကျွန်တော်တို့ကို japan      နိုင်ငံကနေ သုံးနေပြီ ထင်သွားပါပြီ။

9. အဲလိုဖြစ်သွားပြီးဆိုရင်တော့ ကြိုက်တဲ့ Browser ကနေ facebook ကိုဝင်ပြီး  Create New Account ကိုနှိပ်ပြီး ကြိုက်သလောက် လုပ်လို့ပါပြီး( ကျွန်တော်ကတော့ UC browser ကိုသုံးပါတယ်

မှတ်ချက်။  facebook နာမည်တွေ ဖြည့်တဲ့အခါ  English နာမည်တွေပေးမှ ပိုအဆင်ပြေတယ် ခင်ဗျ ဥပမာ-Jon Smit လိုမျိုးပေါ့ နောက်ပြီး ကျောင်းတွေ တက္ကသိုလ်တွေဆိုရင်လည်း အစစာလုံးလေးတစ်လုံးရိုက်လိုက်တာနဲ့ သူရွေးပေးတဲ့ ဟာရွေးတာက ပိုအဆင်ပြေတယ် နောက်ပြီး တစ်ခါတည်း ဂျပန်က သူငယ်ချင်းလေး ငါးယောက်လည်း Add လိုက်အုံး၊ facebook pake လေးနှစ်ခုကိုလည်း Like လုပ်ပေးထားလိုက်အုံး အဲဒါဆိုရင်
တော်တော်ကို အဆင်ပြေသွားပြီခင်ဗျ 

(ကျွန်တော်ကိုယ်တိုင် အကောင့်နှစ်ခုစမ်းသပ်ထားပြီးမှ သေချာရေးထားတာပါခင်ဗျ  ကျွန်တော်မိတ်ဆွေတွေ သူများကိုယ်တိုင် လုပ်တတ်စေချင်၊ သူများကိုလည်း ပြန်ပြီးကူညီလို့ရအောင် တစ်ခါမှ မေ၇းဖူးဘဲ ရေးထားလိုက်ပါတာ တစ်ခုခုလိုအပ်ခဲ့ရင် နားလည်ပေးပါနော်)

မောင်စွယ်စုံကျမ်း

Credit & Ref :  http://readtohelp.blogspot.com/ 

Monday, July 8, 2013

Posted by ဆူးအေမီ on 12:21 AM in | No comments
Windows 7 administrator password hacking (၀င်းဒိုးကိုယ်တိုင်တင်တတ်သူများသာ)

တစ်ခါတစ်လေကိုယ်ပေးထားတဲ့ password ကိုကိုယ်ကိုတိုင်ကိုမေ့သွားတတ်ပါတယ် ။ အဲ့လိုမေ့သွားခဲ့ရင် အဆင်ပြေအောင် password ပြောင်းတဲ့နည်းလေးပါ ။ သူများကို ကွိုင် မရှာဘူးလို့ ယုံကြည်ပါတယ်နော် ။ သိပြီးသားဖြစ်နေရင် ကျွန်တော်ညံ့လို့ ပင်ဖြစ်ပါကြောင်း ....
လိုအပ်တဲ့ပစ္စည်းကတော့ windows 7 ခွေတစ်ချပ်ထဲပါ ။ (ဘာဆော့ဝဲလ်မှမလို)
၁ . windows 7 ခွေထည့် restart ချ စက်ပြန်တက်လာရင် BIOS ထဲမှာ CD ခွေကို first boot device မှာထား.....
၂ . CD ခွေကနေ boot တက် install လုပ်မယ် ဆိုတဲ့အဆင့်မှာ install မလုပ်ပဲ repair my computer ရွေး
၃ . CMD command prompt ကိုရွေး
၎ . sethc.exe ဆိုတဲ့ဖိုင်ကို copy ကူးရမှာဖြစ်ပါတယ်...(command prompt ထဲမှာရေးရမှာပါ)
copy C:\windows\system32\sethc.exe C:\
(C:drive အောက်က windows folder အောက်က system32 folder အောက်က sethc.exe ဆိုတဲ့ file ကို C:drive ထဲ copy ကူးယူတာပါ) copy ကူးတာအောင်မြင်ရင် copy ကူးပြီးကြောင်းစာတမ်းလေးပြပါလိမ့်မယ် 1 file is copied (ခြုံကြည့်ရင် c:drive ကြီးထဲမှာ sethc.exe file နှစ် file ဖြစ်သွားမှာပါ)
ဆက်ဖတ်ရန် >>>>http://mobileitnew.blogspot.com/2013/07/windows-7-administrator-password-hacking.html

Search Our Site