Ads

ကြော်ငြာ

Friday, June 28, 2013

Posted by ဆူးအေမီ on 9:12 PM in | No comments


Father Land ဆောက်လုပ်ရေး ကုမ္ပဏီက အကယ်ဒမီ ဒေါ်ဝါ၀ါဝင်းရွှေအား အမှုနှစ်ခုဖြင့် ရန်ကုန်တိုင်း ဒေသကြီး တရားလွှတ်တော်တွင် တရားစွဲဆိုထားရာ အကယ်ဒမီ ဒေါ်ဝါ ၀ါဝင်းရွှေ ဘက်မှလည်း Father Land ဆောက်လုပ်ရေး ကုမ္ပဏီအား ဥပဒေကြောင်းအရ ပြန်လည် တုံ့ပြန်မည် ဖြစ်ကြောင်း အကယ်ဒမီ ဒေါ်ဝါ၀ါဝင်းရွှေ၏ သားဖြစ်သူ ကိုဝင်းထွဋ်ဝင်းက ဇွန် ၂၈ ရက် မွန်းလွဲပိုင်းက ပြောကြားခဲ့သည်။

''အစ်ကိုတို့ ဘက်ကလည်း ဥပဒေကြောင်းအရ ပြန်ပြီးတော့ တုံ့ပြန်သွားမှာပါ။ မနက်ဖြန် (သို့မဟုတ်) သန်ဘက်ခါ သတင်းစာထဲ မှာ ကြေညာသွားမှာပါ။

ရှေ့နေပိုင်း အရလည်း အခုလက်ရှိရှေ့နေ ဦးသန်းဌေးအပြင် အခြားရှေ့နေတွေနဲ့လည်း ဆက်လက် ရင်ဆိုင်သွားမှာ ဖြစ်ပါတယ်။ သူတို့စွဲထားတဲ့ အမှုတွေ အပေါ်မှာလည်း ဥပဒေကြောင်းအရ လုပ်နေပါပြီ။

အဲဒီအကြောင်းအရာ တွေကတော့ သတင်းစာ ကြေညာချက်ထဲမှာ ပါမှာမို့ စောင့်ဖတ်စေချင်ပါတယ်'' ဟု ကိုဝင်းထွဋ်ဝင်းက ပြောကြားခဲ့သည်။
အစ်ကိုတို့ ဘက်ကလည်း ဥပဒေကြောင်းအရ ပြန်ပြီးတော့ တုံ့ပြန်သွားမှာပါ။

မနက်ဖြန် (သို့မဟုတ်) သန်ဘက်ခါ သတင်းစာထဲမှာ ကြေညာသွား မှာပါ။ ရှေ့နေပိုင်း အရလည်း အခုလက်ရှိရှေ့နေ ဦးသန်းဌေးအပြင် အခြားရှေ့နေတွေနဲ့လည်း ဆက်လက် ရင်ဆိုင်သွားမှာ ဖြစ်ပါတယ်...

အကယ်ဒမီ ဒေါ်ဝါ၀ါဝင်းရွှေ ပိုင်ဆိုင်သော ရန်ကုန်မြို့၊ ဗိုလ်ချုပ်အောင်ဆန်း လမ်းပေါ်ရှိ ဆုထူးပန် ရုပ်ရှင်ရုံဟောင်း မြေကွက်ပေါ်တွင် ၁၂ ထပ်အမြင့်ရှိ တော်ဝင် ဆုထူးပန်တာဝါ ဆောက်လုပ်ရန် ကိစ္စနှင့် ပတ်သက်၍ ဒေါ်ဝါ၀ါဝင်းရွှေနှင့် Father Land ကုမ္ပဏီတို့အကြား အငြင်းပွားမှု ပြဿနားများ ပေါ်ပေါက်ခဲ့ရကြောင်း၊

ဇွန် ၂၄ ရက်တွင် ဒေါ်ဝါ၀ါဝင်းရွှေဘက်မှ မြန်မာ့အလင်း သတင်းစာတွင် Father Land ကုမ္ပဏီနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာစွာ သိရှိစေရန်နှင့် အများပြည်သူ သိစေရန် ကြေညာချက် ထုတ်ပြန်ခဲ့ကြောင်း၊

အဆိုပါ ကြေညာချက်တွင် ဒေါ်ဝါ၀ါဝင်းရွှေက Father Land ကုမ္ပဏီက ဆုထူးပန် တာဝါဆောက်ရန် ငွေကျပ် သိန်း ၉၀၀၀ ကို လက်ခံရယူပြီးနောက် ၁၄ လကျော် ကြာသည်အထိ အဆောက်အအုံ ဆောက်ရန် လုပ်ဆောင်ခြင်း မရှိကြောင်းနှင့် ဒေါ်ဝါ၀ါဝင်းရွှေအား Father Land ဆောက်လုပ်ရေး ကုမ္ပဏီဥက္ကဋ္ဌ ဦးကျော်မြင့်က အပေါင်းအပါလေးဦးဖြင့် အောက်လမ်းနည်းသုံး၍ တိုက်ခိုက် လုပ်ဆောင်ခဲ့၍ Father Land ကုမ္ပဏီနှင့် ချုပ်ဆိုထားသော လုပ်ငန်းစာချုပ်ကို ဖျက်သိမ်းကြောင်း ကြေညာသည့် ဇွန် ၂၄ ရက်မှ စတင်၍ ၂၄ နာရီအတွင်း Father Land တာဝန်ရှိသူများ အပါအ၀င် လုံခြုံရေး အစောင့်များ ဆုထူးပန် မြေကွက်ပေါ်မှ ထွက်ခွာပေးရန် အသိပေး ကြေညာခဲ့သည်။

ယင်းကြေညာချက်ကြောင့် Father Land ဆောက်လုပ်ရေး ကုမ္ပဏီက အကယ်ဒမီ ဒေါ်ဝါ၀ါဝင်းရွှေအား ကုမ္ပဏီ ဂုဏ်သိက္ဓာ ကျဆင်းအောင် ပြုလုပ်သည်ဟုဆိုကာ အသရေဖျက်မှု အမှုတွဲ ၃၉/၂၀၁၃၊ မူလစာချုပ် ဖျက်သိမ်းစေလိုမှု အမှုတွဲ ၄၀/၂၀၁၃ တို့ဖြင့် ဇွန် ၂၅ ရက်တွင် တရားစွဲခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဇွန် ၂၆ ရက်တွင် Father Land ဆောက်လုပ်ရေး ကုမ္ပဏီက ဒေါ်ဝါ၀ါဝင်းရွှေနှင့် သက်ဆိုင်သူများ သိစေရန် ပြန်လည်တုံ့ပြန် ကြေညာချက်အား မြန်မာ့အလင်း သတင်းစာတွင် ထည့်သွင်းခဲ့ပြီး ကြေညာချက်တွင် ဒေါ်ဝါ၀ါဝင်းရွှေမှ ဆုထူးပန် တာဝါဆောက်ရန် သဘောတူ စာချုပ်ကို တစ်ဖက်သက် ဖျက်သိမ်းခြင်းမှာ ပေးထားသော စရန်ငွေ ကျပ်သိန်း ၉၀၀၀ အဆုံးရှုံး ခံမည်ဟုသာ မှတ်ယူရန်ရှိပြီး

စာချုပ်ကို နှစ်ဦးသဘောတူ ဖျက်သိမ်းစာချုပ် ချုပ်ဆိုသော နေ့ရက်မှသာ ဆူထူးပန်ရုပ်ရှင် မြေနေရာကို ဒေါ်ဝါ၀ါဝင်းရွှေထံသို့ အသိသက်သေများရှေ့တွင် ပေးအပ်မည်ဖြစ်ကြောင်း၊

ဆုထူးပန် မြေကွက်မှာ လက်ရှိ Father Land ကုမ္ပဏီဥက္ကဋ္ဌ ဦးကျော်မြင့်လက်ဝယ် ထိန်းသိမ်းထားသော လုပ်ငန်းခွင် မြေနေရာဖြစ်၍ နှစ်ဦးသဘောတူစာချုပ် ချုပ်ဆိုနိုင်သေးသည် အထိနှင့် တရားရုံး အဆုံးအဖြတ် အမိန့်မချမီအထိ ထိန်းသိမ်းထားမည် ဖြစ်ကြောင်းနှင့် ကျူးကျော်ဝင်ရောက်သူ မှန်သမျှကို တရားဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်ရလိမ့်မည် ဖြစ်ကြောင်း ပါရှိခဲ့သည်။

''ကြေညာချက်ထဲမှာ ပါတဲ့အတိုင်း အခုထိ ကျွန်တော်တို့ ဆုထူးပန် မြေကွက်ပေါ်မှ လုံးဝ မဖယ်သေးပါဘူး။ ဒေါ်ဝါ၀ါဝင်းရွှေကို တရားစွဲထားပြီး ဖြစ်တဲ့အတွက် ကျန်တဲ့အပိုင်းက တရားရုံးက ဆက်လုပ်ပါလိမ့်မယ်'' ဟု Father Land ဆောက်လုပ်ရေး ကုမ္ပဏီမှ ဒါရိုက်တာ ဦးမျိုးမြင့်က ဇွန် ၂၈ ရက် မွန်းလွဲပိုင်းက ပြောကြားခဲ့သည်။

Eleven Media Group

0 comments:

Search Our Site