Ads
ကြော်ငြာ
Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts
Sunday, July 20, 2014
Posted by Unknown on 8:44 PM in | 2 comments
သန်းခေါင်စာရင်း ကောက်ယူအပြီး သိလိုက်ရသည်မှာ ရန်ကုန်တိုင်း ဒေသကြီးတွင် လူဦးရေ ရှစ်သန်းရှိပြီး တစ်နိုင်ငံလုံး လူဦးရေ၏ ၁၈ ရာခိုင်နှုန်း နေထိုင်လျက်ရှိသည်ဟု ဖြစ်သည်။ ထိုနေထိုင်သူများသည် စီးပွားရေး လုပ်ငန်းမျိုးစုံဖြင့် စားဝတ်နေရေးကို ဖြေရှင်းလျက်ရှိရာ လုပ်ငန်းရှင်၊ အစိုးရ အမှုထမ်း၊ စာရေးစာချီ၊ ကုမ္ပဏီဝန်ထမ်း၊ စတိုးဆိုင် ပိုင်ရှင်၊ စားသောက်ဆိုင် ပိုင်ရှင်၊ စားပွဲထိုး၊ လမ်းဘေးဈေးသည်၊ ကြုံရာကျပန်း အလုပ်သမား၊ ဆိုက်ကားနှင့် အငှားယာဉ်မောင်း စသဖြင့် မျိုးမည်စုံလှသော လုပ်ငန်းများကို လုပ်ကိုင်နေကြသည်။
ထိုအထဲတွင် လူတကာ နှာခေါင်းရှုံ့ သော်လည်း ထိုနှာခေါင်းရှုံ့သူများလည်း မကင်းလွတ်သော ပျော်တော်ဆက်မယ်များကလည်း ရန်ကုန်တွင် တစ်နေ့တစ်ခြား ပေါများလာသည်။ တိုက်ရိုက်(CSW)နှင့် သွယ်ဝိုက်လုပ်ကိုင်နေသူ (ICSW) ပျော်တော်ဆက်မယ် အရေအတွက်မှာ လူဦးရေ တစ်သိန်းခန့်အထိ ရှိနေပြီဟု လူမှုရေး အဖွဲ့အစည်း တစ်ခုထံမှ သိရသည်။ ထိုနှုန်းအရ ရန်ကုန်တွင် လူ၈၀ရှိတိုင်း တစ်ဦးမှာ ပျော်တော်ဆက်မယ် အလုပ်လုပ်ကိုင်နေသည့် သဘောဖြစ်သည်။ အင်တာနက်ပေါ်တွင် မြန်မာနိုင်ငံသည် ထိုင်းနိုင်ငံ ပြည့်တန်ဆာ လုပ်ငန်းအတွက် လူအရင်းအမြစ်ပေးသည့် နိုင်ငံဟုပင် ဖော်ပြထားသည်။ မြန်မာနိုင်ငံ၏ HIV ရောဂါကူးစက်နှုန်းမှာ အာရှတွင် တတိယဖြစ်ပြီး ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံနောက်တွင် တည်ရှိကာ ပျော်တော်ဆက်မယ် အားလုံး၏ ၃၂ရာခိုင်နှုန်းမှာ ရောဂါပိုး ကူးစက်ခံထားရသူများဟု ဖော်ပြထားသည်။ မြန်မာနိုင်ငံတွင် ပျော်တော်ဆက်မယ် လုပ်သူများ၏ ၂၅ ရာခိုင်နှုန်းသာ ရောဂါ ရှိမရှိ စစ်ဆေးခံထားကြသူများ ဖြစ်သည်။
၂၀၁၂-၂၀၁၃ခုနှစ် ကောက်ယူထားသော စာရင်းအရ မြန်မာနိုင်ငံတွင် HIV ဆေးသောက်သုံးရန် လိုအပ်သူ နှစ်သိန်းလေးသောင်းကျော် ရှိသော်လည်း လူရှစ်သောင်းကိုသာ ဆေးပေးနိုင်သေးသည်ဟု သိရသည်။ အစိုးရနှင့် ပြည်ပအဖွဲ့အစည်းများ ကောက်ယူထားသော စာရင်းအရ မြန်မာနိုင်ငံတွင် ပြည့်တန်ဆာ အလုပ်လုပ်သူ Commercial Sex Workers (CSW)မှာ ခြောက်သောင်းကျော်ရှိပြီး Indirect Commercial Sex Workers (ICSW)မှာ ထို့ထက် အဆများစွာ ရှိနိုင်သည်ဟု သိရသည်။ အဆိုပါ စာရင်းမှာလည်း အမှန်စာရင်းထက် များစွာလျော့နည်းနိုင်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ပြည့်တန်ဆာ စာရင်း ကောက်ရသည်မှာ သန်းခေါင်စာရင်း ကောက်ရသကဲ့သို့ မဟုတ်သောကြောင့်ဟု အဆိုပါ စာရင်းကောက်ယူရာတွင် ပါဝင်သော ဆရာဝန်တစ်ဦးက ပြောသည်။
ထိုပျော်တော်ဆက်မယ်များတွင်လည်း လမ်းဘေးတွင် မတ်တပ်ရပ်ပြီး ကိုယ့်ခန္ဓာကိုယ် ဈေးဖြတ် ရောင်းသူများမှသည် တယ်လီဖုန်းဆက်ခေါ်က ကိုယ်ပိုင် ကားမောင်းပြီးလာသော တစ်ကိုယ်တော် ပျော်တော်ဆက်မယ်များ အထိ အတန်းတန်း အစားစား ရှိနေပြီ ဖြစ်သည်။ ထိုပျော်တော်ဆက်မယ်လေးများကို တွေ့ဆုံ အင်တာဗျူးခဲ့ရာတွင် (၁)မိသားစု စားဝတ်နေရေးကြောင့် မိဘကိုယ်တိုင်က သိလျက်ဖြင့် ထိုအလုပ်လုပ်ရန် ခိုင်းစေခံရသူ (၂) ကာရာအိုကေ၊ အနှိပ်ခန်းနှင့် စင်တင်ဂီတ ကဲ့သို့သော လုပ်ငန်းများတွင် လုပ်ကိုင်ရင်း တစ်ဦးနှင့်တစ်ဦး ဂုဏ်တုဂုဏ်ပြိုင် လုပ်ရာမှ ဖြစ်စေ၊ ဆိုင်ရှင်၏ ငွေကြေးရှာဖွေရန် သတ်မှတ်ချက် အရဖြစ်စေ ပျော်တော်ဆက်မယ် ဘ၀ ရောက်သွားသူ (၃) ရည်းစားက လိင်ဆက်ဆံမှုပြုပြီး ပစ်သွားချိန်တွင် မထူးဇာတ်ခင်းသူ (၄) မသိနားမလည်ဘဲ လူကုန်ကူးခံရပြီး ငြင်းဆန်ခွင့် မရှိဖြစ်ကာ ပျော်တော်ဆက်မယ် ဘ၀ ရောက်သွားသူ (၅) စားဝတ်နေရေး အတွက် ဖြစ်စေ၊ ပညာရေး အတွက် ဖြစ်စေ ရန်ကုန် တက်လာပြီး ရသည့်အလုပ်ဖြင့် အဆင်မပြေသောကြောင့် လူမသိသူမသိ ပျော်တော်ဆက် အလုပ်လုပ်သူ (၆) ငွေကြေး ချမ်းသာသူများ၏ စပွန်ဆာကို ရယူပြီး တစ်ဦးတည်း အတွက်သာ ပျော်တော်ဆက်သူ (၇) ငယ်ငယ်ရွယ်ရွယ်ဖြင့် အိမ်ထောင်ပျက်ပြီး ပျော်တော်ဆက်မယ်ဘ၀ ရောက်လာသူ (၈) လိင်ဆက်ဆံဖက် တစ်ဦးတည်းဖြင့် မတင်းတိမ်သဖြင့် လိင်ဆက်ဆံဖက် များများထားရာမှ ပျော်တော်ဆက်မယ် ဘ၀ ကူးပြောင်းလိုက်သူဟု ရှစ်မျိုးခွဲခြားနိုင်သည်။
အချို့မှာ လုပ်ငန်း သဘော သဘာဝအရ ပျော်တော်ဆက်မယ် ဘ၀သို့ သူတို့ကိုယ်သူတို့ မသိပဲ ရောက်သွားသူများရှိသည်။ ဥပမာ စင်တင်ဂီတ စားသောက်ဆိုင်တွင် အဆိုတော်လေးများ၏ လစာမှာ ကျပ်လေးသောင်းခန့်သာ ဖြစ်သည်။ ပိုင်ရှင်က ဧည့်သည်ရရန်၊ ပန်းကုံး မည်မျှရရန် သတ်မှတ်ပြီး ထိုသတ်မှတ်ချက် မပြည့်ပါက တစ်လအကြာ အလုပ်ဖြုတ်မည်ဆိုသောအခါ တွေ့သည့် ဧည့်သည်ကို မိမိ၏ ခန္ဓာကိုယ် ထိုးကျွေးပြီး အလုပ်မပြုတ်ရန် ဆွဲဆောင်ရင်း ဧည့်သည် တဖြည်းဖြည်းများလာကာ သူမ ကိုယ်တိုင် ပျော်တော်ဆက်မယ် ဘ၀သို့ ရောက်မှန်းမသိ ရောက်သွားတော့သည်။ နောက်ဆုံးတွင် အဆိုပါ စင်တင်ဂီတမယ် အများစုသည် အေအိုင်ဒီအက်စ် ရောဂါသည် ဘ၀ဖြင့် ဇာတ်သိမ်းရလေ့ရှိသည်။ စင်တင်ဂီတ လောကတွင် တစ်ကြိမ်တည်း ပန်းကုံး ၁၄၅သိန်းဖိုးရသော အဆိုတော်မလေးများ အထိပင် ရှိခဲ့သည်။ ထိုရသော ပန်းကုံးမှာ ဆိုင်ရှင်တစ်ဝက်၊ ကာယကံရှင် တစ်ဝက် ခွဲဝေယူသဖြင့် အဆိုပါ အဆိုတော်များကို ဆိုင်ရှင်များက အထူး အခွင့်အရေး ပေးလေ့ရှိသည်။ ကန်တော်ကြီး ပတ်လမ်းပေါ်မှ စင်တင်စားသောက်ဆိုင်ဆိုလျှင် အသက် ၁၇နှစ်၊ ၁၈ အရွယ် အဆိုတော်လေးများ မွေးမြူပြီး ပန်းကုံးရှာလေ့ရှိသည်။ ဆိုင်၏ အစားအသောက် ရောင်းရငွေနှင့် တစ်ညတာ ပန်းကုံးရကြေး ယှဉ်လျှင် ပန်းကုံးကြေးက ပိုများကြောင်းလည်း သိရသည်။
အသက်အရွယ်အားဖြင့် ပျော်တော်ဆက်မယ်လေးများသည် အငယ်ဆုံး ၁၄နှစ်မှ အကြီးဆုံး အသက် ၄၀ကျော် အထိရှိသည်။ အဆက်အသွယ် မရှိသော ပျော်တော်ဆက်မယ်များ အနေဖြင့် လမ်းမကြီးများပေါ်တွင် ရပ်ပြီး ဖောက်သည်ရှာရလေ့ရှိသည်။ အထူးသဖြင့် ပြည်လမ်းမကြီးပေါ်တွင် ကိုးမိုင်မှသည် လှည်းတန်း ယခင် မာလာဆောင်(ယခု အမျိုးသား အင်္ဂလိပ်စာဌာန)ရှေ့အထိ နေ့လယ်ပိုင်းမှ ညပိုင်းအထိ ဖောက်သည်ရှာနေသော ပျော်တော်ဆက်မယ်လေးများကို နေ့စဉ် မြင်တွေ့ရသည်။ ယခုအခါ ပြည်သူ့ရင်ပြင်ရှေ့ ပြည်လမ်းမကြီးပေါ်တွင်ပါ တွေ့လာရပြီ ဖြစ်သည်။ အလားတူ နေစောင်းသည်နှင့် ကန်တော်ကြီး ပတ်လမ်းတွင် အလျှိုအလျှို ထွက်လာသော ပျော်တော်ဆက်မယ်များနှင့် လိင်တူရှာသော ဂေးများကို တွေ့မြင်နိုင်သည်။ မြို့ထဲတွင်လည်း ပန်းဆိုးတန်း တစ်ဝိုက်နှင့် လမ်း၄၀ ကားမှတ်တိုင်များတွင် တွေ့ရသည်။ ဝေဇယန္တာ လမ်းမကြီးပေါ် တစ်လျှောက်လည်း နေ့စဉ်နံနက် ၁၀မှ ညနေစောင်းအထိ ပျော်တော်ဆက်မယ်များကို လမ်းပေါ်တွင် တွေ့နိုင်သည်။ သူတို့၏ကြေးမှာ တစ်ညတာ ပျော်ပါးခ ကျပ်သုံးသောင်းမှ ငါးသောင်းအထိဖြစ်ပြီး တစ်ကြိမ်သာ ပျော်ပါးမည် ဆိုပါက ကျပ်ငါးထောင်မှ ကျပ်တစ်သောင်းကြား ရှိသည်။ ထိုကဲ့သို့ မဟုတ်ဘဲ တယ်လီဖုန်းဆက်ခေါ်မှလာသော ပျော်တော်ဆက်မယ်လေးများလည်း တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ ရှိသေးသည်။ ထိုသူများ၏ ကြေးများမှာ တစ်ကြိမ် ပျော်ပါးလျှင် ကျပ်ငါးသောင်းမှ ကျပ်လေးသိန်းအထိ ရှိတတ်သည်။ ခေါ်သည့်နေရာသို့ မိန်းမထိန်းလုပ်သူက ကားဖြင့်လာပို့ပြီး အပြန်တွင်လည်း ကားဖြင့် လာကြိုလေ့ရှိသည်။ နောက်ပိုင်းတွင် ပျော်တော်ဆက်မယ် အများစုသည် တယ်လီဖုန်းဖြင့် အဆက်အသွယ် လုပ်ပြီးမှ ဖောက်သည်ရှိရာ နေရာသို့ လာလေ့ရှိသည်။
Yangonunderground.blogspot.comတွင် ရန်ကုန်ရှိ ကလပ်နှင့် ဘား၁၀ခု အမည်နှင့် လိပ်စာများ သာမက တစ်ခုချင်းစီတွင် ရနိုင်သော ပျော်တော်ဆက် မိန်းကလေးများ ဈေးနှုန်းကိုပါ တင်ပေးထားသည်ကို တွေ့ရသလို အနှိပ်ခန်းနှင့် ကာရာအိုကေခန်းများမှ ပျော်တော်ဆက်လေးများ၏ ဈေးနှုန်းများပါ ရေးထားသည်ကို တွေ့ရသည်။
ယခင်က အနုပညာ လောကသားထဲမှလည်း ထိုသို့လုပ်ကိုင်သူ စုန်းပြုး အနည်းငယ်ရှိခဲ့သည်။ သို့သော် ယခုအခါ ပျော်တော်ဆက်မယ်လေးများက အနုပညာလောက အတွင်း ၀င်ရောက်ပြီး သူတို့ ကိုယ်သူတို့ မော်ဒယ် အမည်တပ်ကာ လုပ်စားလာကြသည်။ သူတို့ကို ထိန်းထားသူများမှာ အလှဖန်တီးရှင်များ ဖြစ်ပြီး လိင်ဆက်ဆံကြေးမှာလည်း ကျပ်နှစ်သိန်းနှင့်အထက် ဖြစ်သည်။ နာမည်ကျော် သူဌေးကြီး များ၊ စီးပွားရေး လုပ်ငန်းရှင်များက နိုင်ငံခြားမှလာသော ဧည့်သည်များကို ဖျော်ဖြေရန် ဆက်သွယ်နိုင်သည့် ထိပ်သီး မိန်းမထိန်း သုံးဦးရှိသည်။ နှစ်ဦးမှာ အမျိုးသားများ ဖြစ်ပြီး တစ်ဦးမှာ အမျိုးသမီးဖြစ်သည်။ ထိုသူများထံမှ ခေါ်ပါက အနိမ့်ဆုံး တစ်ညတာ ပျော်တော်ဆက်ခ ကျပ်၁၀သိန်းမှ ကျပ်သိန်း၅၀ကြားရှိပြီး ပျော်တော်ဆက်နှင့် မိန်းမထိန်းတို့ တစ်ဝက်စီ ခွဲဝေယူ ကြသည်ဟု သိရသည်။
အချို့သော မော်ဒယ် အေဂျင်စီများကလည်း ပျော်တော်ဆက် အလုပ်ကို တရားဝင်သဖွယ် လုပ်ကိုင် နေကြသည်။ အေဂျင်စီမှ မော်ဒယ် အသစ်လေးများ( အထူးသဖြင့် သင်တန်းသူလေးများ)ကို သူဌေးများထံ ထည့်ပေးလေ့ရှိပြီး ထိုသို့ မငြင်းမဆန် လက်ခံသူကိုသာ ပွဲများတွင် ထည့်သုံးပေးလေ့ ရှိသည်။ အကွက်မြင်လာသော မော်ဒယ်အချို့ကလည်း စိတ်တူကိုယ်တူ စုပြီး ကိုယ်တိုင် ပျော်တော်ဆက် လုပ်ငန်းများ လုပ်ကိုင်လာကြသည်။ ထိုမော်ဒယ်များသည် စနေနှင့် တနင်္ဂနွေဆိုလျှင် အစိုးရ အရာရှိကြီးများကို ဖျော်ဖြေရန် ငွေကြေး အကုန်အကျခံမည့် သူဌေးများ နှင့်အတူ နေပြည်တော်သို့ တက်လေ့ရှိသည်။
အလားတူ ဆိုရှယ် မီဒီယာများ ဖြစ်သည့် ဖေ့စ်ဘွတ်နှင့် ဂျီတော့များတွင် မိမိကိုယ်ကို ကြေညာ ရောင်းချနေသော အမျိုးသမီး များစွာရှိသည်။ တစ်ဦးဆိုလျှင် ၂နာရီ ကျပ်ငါးသောင်းဟု သူ၏ဈေးနှုန်းကို ဗြောင်ရေးထားသည်။ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိသော ပြည့်တန်ဆာ ဆိုသည်မှာ အဆက်အသွယ် မရှိသူ၊ အဆက်အသွယ် မကောင်းသူ၊ တစ်ကိုယ်တော် ပျော်တော်ဆက် လုပ်သူများနှင့် အနှိပ်ခန်း အမည်ခံ ပျော်တော်ဆက် လုပ်ငန်းလုပ်သူများသာ အဖမ်းခံရလေ့ရှိပြီး မျက်နှာကြီး ပျော်တော်ဆက်များမှာ မည်သူ၏ ရန်ရှာမှုမှ မခံရဘဲ စီးပွားရေး အဆင်ပြေလျက်ရှိသည်။
မြန်မာနိုင်ငံ၏ နိုင်ငံရေးစနစ် အပြောင်းအလဲတွင် ပျော်တော်ဆက် လုပ်ငန်း တစ်ရှိန်ထိုး ကြီးထွားလာသည်မှာ မငြင်းနိုင်သော ကိစ္စဖြစ်သည်။ ပျော်တော်ဆက် လုပ်ငန်း၏ နောက်ဆက်တွဲ ဖြစ်သော လိင်ဆက်ဆံမှု မှတစ်ဆင့် ကူးစက်သော ရောဂါများကို မည်သို့ ထိန်းချုပ်မည်။ ထိုပျော်တော်ဆက်မယ်လေးများကို မည်သို့ ကျန်းမာရေး အသိပညာပေးမည် ဆိုသည်မှာ အရေးကြီး လှသည်။
မြောက်ဒဂုံမှ အသက် ၁၅နှစ်အရွယ် ပျော်တော်ဆက်မယ်လေး တစ်ဦးက “အိမ်ပေါင်တာကို ရွေးရတော့မယ့် အချိန်မှာ အစ်မက ရည်းစားနဲ့ နေဖူးတော့ ပါကင်ဖွင့်တဲ့ အလုပ် လုပ်လို့ မရတော့ဘူး။ ဒီတော့ အမေက သမီးကို ဒီတစ်ခါတော့ အိမ်အတွက် လုပ်ပေးပါလို့ ပြောတယ်။ တစ်ကြိမ်လုပ်ပေးပြီး ပေမယ့် အမေက ထပ်ထပ်ခိုင်းနေလို့ ကျောင်းပိတ်ရက်တွေမှာ တစ်လကို သုံးခါလောက် ဒီအလုပ်လုပ် ရတယ်။ အခုတော့ အစ်မကလည်း သမီးနဲ့တွဲပြီး ဒီအလုပ်လုပ်နေတယ်”ဟု ပြောပြသည်။ ပျော်တော်ဆက်မယ် လုပ်နေသူ အနုပညာ လောကမှ တစ်ဦးက “သမီးက နယ်ကတက်လာတာ။ ကိုယ့်ရုပ်ရည်နဲ့ဆို အနုပညာ လောကမှာ အောင်မြင်မယ်ထင်လို့။ ဒါပေမဲ့ အိမ်က ပေးတဲ့ငွေနဲ့ ဒီမှာနေထိုင် စားသောက် စရိတ်က မလွယ်ဘူး။ အထူးသဖြင့် ကိုယ်က အနုပညာ လောကကို ၀င်တာဆိုတော့ အ၀တ်အစားက အရမ်းဝယ်ရတယ်။ သမီးရဲ့ မိတ်ကပ် ဆရာက နင်ဒီအတိုင်းဆို ဘာမှဖြစ်မှာ မဟုတ်ဘူးဆိုပြီး ဒီအလုပ်ကို သူက ဆက်သွယ်ပေးတာ။ သူက ၁၅သိန်းတောင်းပြီး သူတစ်ဝက် သမီးတစ်ဝက် ယူကြတယ်။ တခါတလေတော့ သူဌေးတွေနဲ့ နိုင်ငံခြားအထိ လိုက်ရတယ်။ သူဌေး တစ်ယောက်ဆို မင်းသမီးလေး တစ်ယောက်ကို နိုင်ငံခြားသွားတိုင်း ခေါ်သွားတယ်။ နိုင်ငံခြားမှာ လောင်းကစား လုပ်တိုင်း အဲဒီ့မင်းသမီးပါရင် နိုင်တယ်လို့ သူဌေးက အယူရှိလို့ခေါ်တာ။ ပျော်တော်ဆက်ဖို့က အဓိက မဟုတ်ဘူး”ဟု ပြောပြသည်။ အလှ ဖန်တီးရှင် တစ်ဦးကမူ “သူတို့ အတွက် စားဝတ်နေရေး အဆင်ပြေအောင် ဖောက်သည်ရှာပေးတ ပါ။ ဒါပေမဲ့ ကိုယ်က တစ်ခါပဲ စားရတာ။ သူတို့ချင်း ဖုန်းနဲ့ချိတ်ပြီး နောက်ပိုင်းတွေ့ကြတာမှာ ကိုယ်တွေက ဘာမှရတော့တာ မဟုတ်ဘူး။ သိတောင် မသိရတော့ဘူး။ ကိုယ်က ပိုက်ဆံလိုချင်ရင် နောက်ထပ် ဖောက်သည် အသစ် ထပ်ရှာ ပေးရတာ။ ဖုန်းထဲမှာ သူတို့ပုံတွေနဲ့ နာမည်တွေ ထည့်ထားပြီး စိတ်ချရတဲ့သူဆိုရင် Viberကတစ်ဆင့် ပို့ပေးရတယ်။ ဟိုကကြိုက်တာရွေးပြီး ပြန်ပို့ရင် သူတို့ခေါ်တဲ့ နေရာ လိုက်ပို့ပေးရတာ။ ကိုယ်တွေဆီမှာတော့ အနုပညာလောကထဲ ၀င်ကာစလေးတွေ များပါတယ်။ အမှန်က ဒါလေးတွေက ပစ္စည်းသန့်တာ၊ နာမည်ကြီးချိန်ဆိုရင် ဗတ်လပိုင် လိုက်နေပြီ”ဟု သူ၏ အတွေ့အကြုံနှင့် သူ၏အလုပ်ကို ပြောပြသည်။
ပျော်တော်ဆက် လုပ်ငန်းသည် မည်သည့်နိုင်ငံမှ မကင်းသော လုပ်ငန်းဖြစ်သော်လည်း ရေရှည်တွင် အမျိုးသား ကျန်းမာရေးကို မထိခိုက်စေရန် အတွက် ယခုထက် ပွင့်လင်း မြင်သာသည့် အစီအမံများကို ချမှတ်လုပ်ဆောင်သင့်ပြီ ဖြစ်သည်။ အထူးသဖြင့် ပျော်တော်ဆက်မယ်များကို ကျန်းမာရေး ဗဟုသုတ ပေးရန် အလွန်အရေးကြီးလှသည်။ ပြည်သူ့ကျန်းမာရေး ဆရာဝန် တစ်ဦးက ဘယ်လောက်တောင် ကျန်းမာရေး အသိပညာ နည်းသလဲဆိုရင် အကာအကွယ် မသုံးဘဲ လိင်ဆက်ဆံရင် အေအိုင်ဒီအက်စ် အပါအ၀င် ရောဂါတွေရမယ်ဆိုတာ မသိကြဘူး။ တွေးကြည့်မယ်ဆိုရင် ကြောက်စရာပေါ့။ ပျော်တော်ဆက် လုပ်ငန်းတွေ တရှိန်ထိုး ကြီးထွားလာချိန်မှာ အစိုးရကလည်း အာဏာရှင် အစိုးရဆိုတော့ ကွန်ဒုံးကြေညာတာ၊ အေအိုင်ဒီအက်စ်နဲ့ ပတ်သက်ပြီး အသိပေးတာတွေကို ပွင့်ပွင့်လင်းလင်း ဆောင်ရွက်ခွင့် မပြုခဲ့ဘူး။ ဒါကြောင့် မြန်မာနိုင်ငံမှာ အေအိုင်ဒီအက်စ် ဝေဒနာရှင်တွေ များလာတာလည်း ဖြစ်တယ်”ဟု သူ၏အမြင်ကို ပြောပြခဲ့သည်။ လူမှုရေး လုပ်ငန်းများ လုပ်ကိုင်နေသူ တစ်ဦးက “ဘယ်သူမှ မွေးကတည်းက ပျော်တော်ဆက်မယ် လုပ်စားမယ်ဆိုတဲ့ ဘ၀ရည်မှန်းချက် ထားခဲ့ကြတာ မဟုတ်ဘူး။ အခြေအနေ အမျိုးမျိုးကြောင့် ဒီအလုပ်ကို သူတို့ လုပ်ရတာ ဖြစ်တယ်။ ဒီအလုပ် လုပ်ပြီးမှလည်း တခြားအလုပ်ကို သူတို့ ပြောင်းမလုပ်ချင်ကြတော့ဘူး။ သွေးသား ဆန္ဒကို ဖြေဖျောက်နိုင်ရင်း တစ်ချိန်တည်းမှာ ဒီအတွက် ငွေက ရနေတာကိုး။ ဒီတော့ သူတို့ကို လိင်ဆက်ဆံရာက တစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတွေ၊ STD အကြောင်းသိအောင် ပညာပေးဖို့လိုတယ်။ အထူးသဖြင့် ဒီပျော်တော်ဆက်မယ် ဘ၀ မရောက်ခင် ရအောင် တားနိုင်ရင်တား၊ မတားနိုင်ရင်တော့ သေတဲ့အထိ ဒီအထဲက ပြန်မထွက်နိုင်တော့ဘူး”ဟု သူ၏ အမြင်ကို ပြောပြ သွားခဲ့သည်။
ဆက်သွယ်ရေးစနစ် တိုးတက်ပြီး လူတိုင်း လက်ကိုင်ဖုန်း ကိုင်နိုင်သည့်အချိန်၊ စီးပွားရေးအတွက် ယခင်ကထက် ငွေရှာရန် ပိုမိုလိုအပ်လာချိန်၊ ပြည်တွင်းသို့ နိုင်ငံခြားသားများ ပိုမိုဝင်ရောက်လာချိန်၊ နည်းပညာကြောင့် အသစ်အဆန်းများ အချိန်နှင့်အမျှ ပေါ်လာချိန်တွင် အကြောင်း အမျိုးမျိုးကြောင့် ပျော်တော်ဆက်မယ် ဘ၀ ရောက်သူ များစွာရှိနေလေရာ ထိုသူများကို ဖမ်းဆီးရန်ထက် ကျန်းမာရေး အသိပညာပေးရန်က နိုင်ငံအတွက် အရေးတကြီး လိုအပ်နေပြီ ဖြစ်ကြောင်း တင်ပြလိုက်ရသည်။
သံဖနောင့်
Tomorrow
Friday, January 17, 2014
Posted by ဆူးအေမီ on 10:55 PM in , | No comments
လစာတိုးယူပါ ၊ လာဘ်မစားပါနှင့် ပြီးခဲ့သော လွှတ်တော်အစည်း အဝေး၏ နောက်ဆုံးနေ့ များတွင် ကျယ်ကျယ် လောင်လောင် အဖြစ်ဆုံး သတင်း တစ်ပုဒ်မှာ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ မှ သမ္မတကြီးသည် လစာ ခံစားခွင့်ထက် လျှော့ယူသဖြင့် ဥပဒေဖောက်ဖျက်ရာ ရောက်ကြောင်း စွပ်စွဲတင်ပြချက်နှင့်ပတ် သက်၍ လည်းကောင်း၊ လွှတ်တော် ကိုယ်စားလှယ်များေ ထာက် ပံ့ကြေး တစ် လသုံးသိန်းမှ ခြောက်သိန်းတိုးမြှင့်ယူရန် ကိစ္စများဖြစ်ပါသည်
သို့သော် ယင်းဆွေးနွေးချက်များ ကို လွှတ်တော်အစည်းအဝေးများပြီး ဆုံးသွား၍ ယခုဇန်နဝါရီလတွင် ကျင်းပ သည့် နဝမအကြိမ် လွှတ်တော်အစည်း အဝေးတွင်မှ တင်ပြ အတည်ပြုချက်ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိ ရပါသည်။သမ္မတကြီးသည်လည်းကောင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည်လည်း ကောင်း၊ တိုင်းပြည်၏ စီးပွားရေး အခြေ အနေအရ မိမိခံစားရမည့်လစာထောက် ပံ့ကြေးငွေများကို အပြည့်အဝမခံစားဘဲ လျှော့ပေါ့ယူကြသဖြင့် အမျိုးသားလွှတ် တော်ဥက္ကဋ္ဌ က ထောက်ပြဝေ ဖန်ခြင်းဖြစ် ပါသည်။ သို့သော် တစ်ဖက်ကကြည့် လျှင် လွှတ်တော်ကိုယ်စားလှယ်များ၏ ထောက်ပံ့ကြေးကို နှစ်ဆ တိုးမြှင့်ခံစား ရန် အဆိုပြုသဖြင့် မိမိတို့ အခွင့်အရေး ရရှိရန် တစ်ဖက်သို့ စောင်းပေးဝေဖန် ခြင်းပြုသလောဟု သံသယဖြစ်စရာရှိပါ သည်။ ထို့အတူ လွှတ်တော်ဥက္ကဋ္ဌက တခြားနိုင်ငံများတွင် လွှတ်တော်ကိုယ် စားလှယ်များ သည် ကိုယ်ရေးအရာရှိ၊ မော်တော်ကား၊
အခြားအဆောင်အ ယောင်များနှင့်ထောက်ပံ့ကြေးများ ပြည့် ပြည့်စုံစုံရှိသဖြင့် မိမိတို့တာဝန်များကို ကျေကျေပွန်ပွန် ထမ်းဆောင်နို င်သော် လည်း မြန်မာနိုင်ငံ လွှတ်တော်ကိုယ်စား လှယ်များမှာ ထောက်ပံ့ကြေးနည်းပါး၍ လွှတ်တော် ကိစ္စရပ်များကို ကျေကျေပွန် ပွန်မထမ်းဆောင်နိုင်သည့်သဘောပြော သွားသည်ကိုလည်း သိရှိရပါသည်။
ယခုအခါ လွှတ်တော်အဆင့်ဆင့် ၏ အစည်းအဝေးများ ပြန်လည်စတင် မည်ဖြစ်၍ ယခုကိစ္စရပ်များကို တင်ပြ ဆွေးနွေးကြမည်ဖြစ်ရာ ကျွန်တော့်အနေ ဖြင့် တိုင်းပြည် အကျိုး၊ ပြည်သူ့အကျိုးကို ရှေးရှု၍ ယင်းကိစ္စရပ်အပေါ် မီးမောင်း ထိုးပြလို၍ ကျွန်တော် ယခုဆောင်းပါးကို ရေးသားရခြင်း ဖြစ်ပါသည်။ပထမဦးစွာ သမ္မတကြီးနှ င့်ပြည် ထောင်စုဝန်ကြီးများ၏ လစာထောက်ပံ့ ကြေးကို ဥပဒေပါအတိုင်း အတိအကျ ခံစားရန် ကျွန်တော်အကြံပြုလိုပါသည်။ သို့သော် လစာကို အပြည့်အ ဝခံစားပြီး လာဘ်မစားဖို့တော့ လိုပါသည်။ အဂတိ မလိုက်စားဖို့တော့ လိုပါသည်။ လစာ လည်း အပြည့်အဝယူမည်၊ လာဘ်လည်း စားမည်ဆိုပါက တိုင်းပြည်မှာ မွဲသထက် မွဲဖို့သာ ရှိပါသည်။ ကျွန်တော် သမ္မတ ကြီးကိုယုံကြည်ပါသည်။ သို့သော် ပြည် ထောင်စုဝန်ကြီးအချို့ကို မယုံကြည်ပါ။ ဒါက ကျွန်တော် တစ်ဦး တည်း သဘောထားဖြစ်ပါသည်။
ယခု ပြည်ထောင်စုဝန်ကြီးများကို ဆန်းစစ်ကြည့်ပါက ယခင်စစ်အစိုးရ လက်ထက်က တာဝန်ယူခဲ့သော ဝန်ကြီး များပါသလို ယခုအစိုးရလက်ထက်မှ တာဝန်ပေးခံရသော အရပ်သားဝန်ကြီး များပါရှိသည်ကိုလည်း တွေ့ရှိရပါသည်။ ကျွန်တော်လေ့လာကြည့်သမျှ ယခင်စစ် အစိုးရလက်ထက်မှပါခဲ့သော တပ်ထွက် ဝန်ကြီးများမှာ ပြောရဲ၊ ဆိုရဲ၊ လုပ်ရဲ၊ ကိုင်ရဲဖြစ်သလို၊ စားရဲ၊ ဝါးရဲဖြစ်မည်ကို စိုးရိမ်ပါသည်။ အရပ်သားဝန်ကြီးများက တော့ မိမိတို့လက်ရှိ ရာထူးဖြစ်သော ပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ညွှန် ကြားရေးမှူးချုပ်များစသည့် ရာထူးများမှ လာသော အတတ်ပညာရှင်၊ အသိ ပညာရှင်များဖြစ်၍ မလုပ်ရဲ၊ မကိုင်ရဲဖြစ် သည်ကို လေ့လာတွေ့ရှိရပါသည်။ ဒါကလည်း မိမိတို့ရသော ဝန်ကြီး ရာထူးများ ပြုတ်မှာကို ကြောက်၍ဖြစ် မည်ဟုထင်မြင်ယူဆပါသည်။
ဥပမာ- ပညာရေးဌာနလိုမျိုး၊ အထက်ကခိုင်းမှ တာဝန်ပေးမှ လုပ်တတ်ပြီး မိမိကိုယ် တိုင် တီထွင်လုပ်ပါက အမှားရှိမည်ကို စိုးရိမ်နေကြပါသည်။ယနေ့သမ္မတကြီး ဦးသိန်းစိန်လက်ထက် ဝန်ကြီးများတော့ မသိပါ။ ယခင် စစ်အစိုးရ ဝန်ကြီးများ လက်ထက်က အ တွေ့အကြုံတစ်ခုကို တင်ပြလိုပါသည်။ ကျွန်တော်သည် လွန်ခဲ့သော ၁ဝ နှစ် ကျော်ခန့်က ဘုရင့်နောင်ဘက်တွင် စား သောက်ဆိုင်ဖွင့်သဖြင့် ဆိုင်နှင့်နီးသော သမိုင်းဘက်တွင် တိုက်ခန်းတစ်ခန်းငှား ရမ်းနေထိုင်ခဲ့ပါသည်။ အခန်းပိုင်ရှင်မှာ ယင်းအချိန်က ဆက်သွယ်ရေးဝန်ကြီး တစ်ဦး၏ ဒရိုင်ဘာဖြစ်ပါသည်။ ယင်း အချိန်က တယ်လီဖုန်းတစ်လုံးလျှင် ကျပ်သိန်းသုံးလေးဆယ်ခန့် ပေါက်နေ သောခေတ် ဖြစ်ပါသည်။ ကျွန်တော် တစ်နှစ်စာချုပ်ဖြင့် ငှားရာ စာချုပ်မပြည့် မီ သုံးလအလိုခန့်တွင် အခန်းပိုင်ရှင် အမျိုးသမီးရောက်လာပြီး အိမ်ကို ဆက် ငှား၊ မငှားမေးမြန်းရာ ကျွန်တော်က စာ ချုပ်အရ တစ်လကြိုတင်ပြောမည်ဖြစ် ကြောင်းပြောရာ သူက FMI ငှားရမ်း ထားသော အိမ်များ၊ စင်ကာပူတွင် ငှား ရမ်းထားသော တိုက်ခန်းနှင့်ဆိုင်ခန်း သွားရောက်ပြီးစာချုပ်ချုပ်ရမည်ဖြစ်၍ ယခုလို ကြိုတင်လာရော က်မေးမြန်းခြင်း ဖြစ်ကြောင်း ရှင်းပြရာ ကျွန်တော်လွန် စွာ အံ့သြမိပါသည်။
ဝန်ကြီး၏ ဒရိုင်ဘာတစ်ဦးပင် စင် ကာပူတွင် တိုက်ခန်းဆိုင်ခန်းများ ဝယ် နိုင်သည်အထိ ချမ်းသာသည်ကို သိရှိသူ တိုင်း အံ့သြကြမည်ဖြစ်ပါသည်။ ဒါက စစ်အစိုးရလက် ထက် ဝန်ကြီးဒရိုင်ဘာ တစ်ဦး၏ ချမ်းသာကြွယ်ဝမှုဖြစ်ပါသည်။ ယခုအစိုးရ လက်ထက်တွင်တော့ ဝန် ကြီးများ ဘယ်လောက်ချမ်းသာမည် ဆို သည်ကိုပြည် သူများမ သိရှိပါ။ ဒါ့ကြောင့် လည်း ယနေ့အထိ သူတို့ပိုင် ဆိုင်သော ချမ်းသာကြွယ်ဝမှုကို ချမပြနိုင်သေးခြင်း ဖြစ်ပါသည်။
ဒါက ပြည်ထောင်စုဝန်ကြီးများ နှင့် ပတ်သက်သော ကိစ္စရပ်များဖြစ်ပါ သည်။ လွှတ်တော်ကိုယ်စားလှယ်များ ထောက်ပံ့ကြေးတိုးမြင့်ခံစားခြင်းကိစ္စ တွင်တော့ တိုးမြှင့် လာေ သာ ခံစားခွင့် များနှင့်အတူ တာဝန်ကျေသော လွှတ် တော်ကိုယ်စားလှယ်များဖြစ်ဖို့လိုပါ သည်။ အိပ်ငိုက်နေသော လွှတ်တော် ကိုယ်စားလှယ် များတော့မဖြစ်သင့်ပါ။ နံနက် ၁ဝ နာရီစပြီး ၁၁ နာရီပြီးသော လွှတ်တော်အစည်းအဝေးများ မဖြစ် သင့်ပါ။ အချိန်ဖြုန်းသော လွှတ်တော် မဖြစ်သင့်ပါ။နိုင်ငံလုံးနှင့်ဆိုင်သော ကိစ္စ ရပ်များကို တင်ပြခြင်း၊ မေးမြန်းခြင်း၊ ဆွေးနွေး ခြင်းပြုသလို တိုင်းပြည်အတွက် အကျိုးရှိမည့် ဥပဒေများကို ပြဋ္ဌာန်းနိုင် ရန် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ပါ သည်။
ရထားလမ်းတံခါး ပိတ်ခြင်းကိစ္စ၊ သာမန်မြို့နယ် စည်ပင်ဈေးအဆင့်တိုး မြှင့်ခြင်းကိစ္စ၊ ရေမြောင်းကိစ္စ၊ လမ်းကိစ္စ စသည့် မြို့နယ်အဆင့်၊ တိုင်းအဆင့်တွင် ဆွေးနွေးဆောင် ရွက်ရမည့် ကိစ္စရပ်များ ကို လွှတ်တော်အသီးသီးတွင် ဆွေးနွေး ခြင်းမပြုသင့်ပါ။ လွှတ်တော်များပီပြင်မှု မရှိသေးပါ။ ကိုယ်စားလှယ်များ၏ စွမ်း ဆောင်ရည်လည်း သိသာ ထင်ရှားမှု မရှိ သေးပါ။ အဆောင်အယောင်များယူပါ။ သင့်တင့်သော လစာတိုးမြှင့်ခံစားပါ။ သို့သော် လွှတ်တော်ကိုယ်စားလှယ်၏ တာဝန်ကျေဖို့လိုပါသည်။ ယခုအစိုးရ တက်စအချိန်က လွှတ်တော်ကိုယ်စား လှယ်များ၏ လွှတ်တော်နားချိန်တွင် မိမိ တို့ မဲဆန္ဒနယ်မြေများသို့ ကွင်းဆင်းခြင်း၊ လွှတ်တော်အတွေ့ အကြုံများရှင်း လင်း ခြင်း ကိစ္စရပ်များ ဆောင်ရွက်သည်ကို တွေ့ရပါသည်။ ယခုသက်တမ်းတစ်ဝက် ကျော်သည့်အခါ လွှတ်တော်ကိုယ်စား လှယ်များ မဲဆန္ဒရှင်နှင့်ထိတွေ့မှု လုံးဝ မရှိတော့ပါ။ ယခုနောက် ပိုင်းတွေ့ရ သည်မှာ လွှတ်တော်နားချိန်တွင် နိုင်ငံ ခြားခရီးထွက်ခြင်း၊ မိမိတို့၏ ပါတီကိစ္စ များကိုသာ ဆောင်ရွက်သည်ကို တွေ့ရှိ ရပါသည်။
ယခုသက်တမ်းတစ်ဝက်ကျော်ပြီ ဖြစ်၍ ၂ဝ၁၅ တွင် ဆက်ပြီးမပါဝင်လို သော ပုဂ္ဂိုလ်များ၊ ပါဝင်လိုသော်လည်း အခြေအနေမပေးသည့် ပုဂ္ဂိုလ်များအ နေဖြင့် တွက် ဆ မိပြီးဖြစ်ပါသည်။ ထို ပုဂ္ဂိုလ်များသည် မလှုပ်၊ မရှုပ်၊ မပြုတ်နေ ခြင်းဖြင့် သက်တမ်းကုန်သည်အထိ ဒ ရွတ်တိုက်လိုက်သွားမည်ကို စိုးရိမ်ပါ သည်။ ပြည်ထောင် စုဝန်ကြီး များသည် တာဝန်ကျေသာလုပ်ဆောင်ပါက တိုင်း ပြည်နစ်နာပါသည်။ ထို့အတူ လွှတ် တော်ကိုယ်စားလှယ်များလည်း အနိုင် နှင့်ပိုင်းပြီး လက်ညှိုးထောင် ခေါင်း ညိတ် နေ တတ်သလိုနေပါက ပြည်သူများ သာဒုက္ခရောက်ရပါသည်။
ထို့အတူ လုပ်ပိုင်ခွင့်ရှိသူ ပြည် ထောင်စုဝန်ကြီးများကလည်း ယခု သက်တမ်းအတွင်း မီးကုန်ယမ်းကုန် ကိုယ်ကျိုးရှာပါက ကျွန်တော်တို့ ပြည်သူ များသာ ဒုက္ခရောက် ပါသည်။ ဒါက လည်း ကျွန်တော်ရဲ့ တွက်ဆချက်များဖြစ် ပါသည်။ မှန်/မမှန်ကတော့ ကာယကံ ရှင်များအသိဖြစ်ပါ သည်။ ခေတ်စနစ် နှင့် အညီ ပြောင်းလဲလိုသော လူစုမှာ ရာဂဏန်းသာရှိသည်ဟု လွန်ခဲ့သော အပတ်က ဝန်ကြီးတစ်ပါးပြောသွားသည် ကိုလည်း အမှတ်ရပါသည်။ ကျွန်တော် ဆောင်းပါးကို နိဂုံးချုပ်ရလျှင် သမ္မတ ကြီးနှင့် တ ကွ ပြည်ထောင်စုဝန်ကြီးများ လစာအပြည့်အဝခံစားပါ။ လာဘ်မစား ပါနှင့်၊ ကိုယ်ကျိုးမရှာပါနှင့်။ လွှတ် တော်ကိုယ်စားလှယ်ကြီးများကလည်း ထိုက်သင့်သော လစာစ ရိတ်များ ခံစား ပါ။ မိမိတို့ကို ပြည်သူက အပ်နှင်းသော တာဝန်ကိုလည်း ကျေပွန်စွာထမ်းဆောင် ပါလို့ တိုက်တွန်းရင်း နိဂုံးချုပ်ပါသည်။
 Popular News
Friday, October 4, 2013
Posted by ဆူးအေမီ on 5:42 AM in | No comments
'လူတွေဟာ တတိယကမ္ဘာစစ်ကို ဘယ်လိုလက်နက်တွေနဲ့ တိုက်ကြမယ်တော့ မဆိုနိုင်ဘူး။ ဒါပေမဲ့ စတုတ္တကမ္ဘာစစ်ကို တုတ်တွေ ကျောက်တုံးတွေနဲ့ တိုက်ကြမှာကတော့ သေချာတယ်' 'အဲလ်ဘတ် အိုင်းစတိုင်း' ပြောခဲ့တာဖြစ်ပါတယ်။ တတိယကမ္ဘာစစ်ဖြစ်ရင် ကမ္ဘာပျက်မယ်လို့ တိုက်ရိုက်မပြောဘဲ သွယ်ဝိုက်ပြောသွားခဲ့တာပါ။
အဲလ်ဘတ် အိုင်းစတိုင်းဟာ ၁၄-၃-၁၈၇၉ ခုနှစ်မှာ ဂျာမဏီမှာဖွားမြင်ခဲ့ပြီး ဒီနေ့ဒီအချိန်ထိ ကမ္ဘာမှာ သြဇာတိက္ကမအကြီးမားဆုံး သိပ္ပံပညာရှင်အဖြစ်အားလုံးက အသိအမှတ်ပြုထားခြင်း ခံရသူဖြစ် ပါတယ်။ အိုင်းစတိုင်းဟာ ၁၉၂၁ခုနှစ်မှာ ရူပဗေဒဘာသာနဲ့ နိုဘယ်လ်ဆုကိုရရှိခဲ့ပါတယ်။ တကယ်တော့လည်း သူနိုဘယ်လ်ဆုမရခင် အဏုမြူလို့ခေါ်တဲ့ အက်တမ်ကိုကို ၁၈၉၈မှာ ပြင်သစ်ရူပဗေဒ ပညာရှင် 'ပီယားကျူရီ (Pierre Currie)က စတင်တွေ့ရှိစဉ်ကတည်းက ကမ္ဘာ့ရူပဗေဒလောကဟာ လုံးဝဥဿုံပြောင်းလဲသွားခဲ့တာပါ။ ၁၉၃၄ခုနှစ်မှာတော့ ဟန်ဂေရီ ရူပဗေဒပညာရှင် 'လီယိုဇီး လတ်' (Leo Szilare) (ဟန်ဂေရီ အသံထွက်အမှန်၊ လက်အိုဆီးလောက်) ဟာ အက်တမ်တွေရဲ့ ဆင့်ကဲဆင့်ကဲပေါက်ကွဲနိုင်စွမ်းကို တွေ့ရှိခဲ့ပါတယ်။ ဒါ့ကြောင့် ဇီးလတ်ကို အဏုမြူဗုံးရဲ့ ဖခင်လို့ လူတွေက သတ်မှတ်ခဲ့ကြတာပါ။
ဇီးလတ်ဟာ အဏုမြူဗုံးကို တီထွင်ရင်ဖြစ်နိုင်ဖွယ်ရှိတဲ့အကြောင်း နာဇီတွေကလည်း ဒီကိစ္စကိုအသည်းအသန် ကြိတ်ကြံနေကြတဲ့ အကြောင်း စာတစ်စောင်ရေးပြီး ဒုတိယကမ္ဘာစစ်မဖြစ်ခင်လေးမှာ အမေရိကန်သမ္မတ ဖရန့်ကလင် ရုဇဗဲ့ဆီကို ပေးပို့ခဲ့တာဖြစ်ပါတယ်။ စာကို သူကိုယ်တိုင်လက်မှတ်ထိုးတာမဟုတ်ပါဘူး။ ဇီးလတ်ဟာ ငယ်ပေါင်းလည်းဖြစ် လုပ်ဖော်ကိုင်ဖက်လည်းဖြစ်ပြီး အဲဒီအချိန် မှာကတည်းက နာမည်ကြီးနေပြီဖြစ်တဲ့ အိုင်းစတိုင်းကို ၂-၈-၁၉၃၉ ရက်နေ့မှာ လက်မှတ်ထိုးခိုင်းပြီးမှ သမ္မတကြီးဆီကို ပို့ခဲ့တာပါ။
'သမ္မတကြီးခင်ဗျား .... ကျွန်တော်တို့ သိပ္ပံပညာရှင်တစ်စု လွန်ခဲ့တဲ့ ၄လခန့်က အပတ်တကုတ်ရှာဖွေကြိုးပမ်းချက်အရ၊ အင်မတန်ပေါက်ကွဲအား ပြင်းထန်လှတဲ့ ဗုံးတစ်လုံးကို ထုတ်လုပ်နိုင်မယ့် လမ်းစတစ်ခုကို တွေ့ရှိထားကြပါပြီ။ ဒီဗုံးထုတ်လုပ်နိုင်မယ်ဆိုရင် လေးလွန်းလို့ လေယာဉ်နဲ့တော့ သယ်နိုင်မှာမဟုတ်ဘူး။ ဒါပေမယ့် ဒီဗုံးကို ဘင်္ဘောတစ်စီး ပေါ်တင်ပြီး ဆိပ်ကမ်းတစ်ခုခုကိုဝင်တိုက် လိုက်မယ်ဆိုရင်၊ ဆိပ်ကမ်းပြာကျသွားရုံသာမက အနီးအနားတ၀ိုက်မှာ ထောင်နေတာဆိုလို့ ဘာတစ်ခုမှ ကျန်ရစ်ခဲ့မှာ မဟုတ်ပါဘူး။
သမ္မတကြီးခွင့်ပြုလို့ သုတေသနလုပ်ခွင့်ရမယ်ဆိုရင် ဒီဗုံးဟာမကြာခင်ဖြစ်မြောက်လာလိမ့်မယ်လို့ ကျွန်တော်တို့ ရဲရဲကြီးအာမခံပါတယ်။ အဲလ်ဘတ် အိုင်းစတိုင်းလို့ ရေးခဲ့တာပါ။ ဒါပေမယ့် ဒီစာကို သမ္မတကြီးချက်ချင်းမဖတ်နိုင်ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ ဟစ်တလာက ပိုလန်ကို ၁-၉-၁၉၃၉ ရက်နေ့မှာ ၀င်တိုက်ပြီး ဒုတိယကမ္ဘာစစ်ကြီး စဖြစ်သွားလို့ပါပဲ။ ဒါ့ကြောင့် ၁၁-၁၀-၁၉၃၉ နေ့ ရောက်တော့မှ ဒီစာကို ဖတ်နိုင်တော့တာပါ။
ဖတ်ပြီးပြီးချင်း ကော်မတီတစ်ခု ဖွဲ့လိုက်တာနဲ့ မန်ဟတ်အန် စီမံကိန်း' (Manhattan Project)ဆိုပြီး ဖြစ်ပေါ်လာရတော့တာပါပဲ။ နောက်ဆုံးမှာတော့ ၁၉၄၅ ခုနှစ် သြဂုတ်လ ၆ရက်နေ့ မနက် ၈နာရီ ၁၅မိနစ်မှာ ဟီရိုးရှီးမားပေါ် တစ်လုံး၊ နောက်သုံးရက်အကြာသြဂုတ်လ ၉ရက်နေ့ မနက် ၁၁နာရီ ၂မိနစ်မှာ နာဂစကီးပေါ်တစ်လုံး၊ အဏုမြူဗုံးထုတ်လုပ်ရေး စီမံကိန်းကြီးအောင်မြင်သွားခဲ့တာ ဖြစ်ပါတယ်။
စထုတ်တုန်းကတော့ ဂျာမဏီပေါ်ချဖို့ ထုတ်ခဲ့ကြတာပါပဲ။ နောက်တော့မှသာ ဂျပန်နိုင်ငံပေါ်မှာချခဲ့ကြတာပါ။ ဒါ့ကြောင့်လည်း ဆံပင်နီတဲ့လူတွေကျတော့ အချင်းချင်းမို့မချဘဲ၊ ဆံပင်နက်တဲ့ လူတွေ ပေါ်ကျမှရက်ရက်စက်စက် သက်သက်ဆော်လေခြင်းဆိုပြီး တချို့လူတွေမကျေမနပ်နဲ့ပြောကြတာ ဖြစ်ပါတယ်။
အိုင်းစတိုင်းကတော့ ဒီ 'မန်ဟတ်အန်' စီမံကိန်းထဲမှာ ဘာတစ်ခုမှ ၀င်မလုပ်ခဲ့ပါဘူး။ ဒါပေမဲ့ နိုဘယ်ဆု လွတ်လွတ်ကျွတ်ကျွတ် နှစ်ကြိမ်ရခဲ့တဲ့ ဓာတုဗေဒပညာရှင် 'လင်းနပ်စ်ဖေါလင်း' (Linus Pauling) က အိုင်းစတိုင်းဟာ ဒီစာကိုလက်မှတ်ထိုးခဲ့မိတဲ့အတွက် မသေမချင်းနောင်တရသွားတယ်လို့ ပြောခဲ့ဖူးပါတယ်။
အခုတော့ ကမ္ဘာပေါ်မှာ အဏုမြူဗုံးတင်မကတော့ပါဘူး။ ဟိုက်ဒရိုဂျင်ဗုံးတွေတောင် ပေါ်လာပါပြီ။ အရေအတွက်ကလည်း သောင်းဂဏန်းထိရှိလာပါတယ်။ ဒီကမ္ဘာကြီးထဲမှာ ဘယ်ချောင်မှာဝင်ပုန်း ပုန်း မလွတ်ပါဘူး။ အကုန်မျိုးပြုတ်သွားအောင် ပစ်နိုင်တဲ့ဗုံးတွေဖြစ်ကြပါတယ်။ ဒီဗုံးတွေကို နိုင်ငံကိုးနိုင်ငံက ပိုင်ဆိုင်ထားကြတာပါဖော်ပြပါ ခုနှစ်တွေအတိုင်း ပထမဆုံးစမ်းသပ်အောင်မြင်ခဲ့ကြပြီး နျူကလီးယားထိပ်ဖူးတပ်ဗုံးတွေကို ဖော်ပြပါအရေအတွက်အတိုင်း ပိုင်ဆိုင်ထားကြပါတယ်-
၁။ အမေရိကန်ပြည်ထောင်စု၊ ၁၉၄၅၊ ၉၄၀၀
၂။ ရုရှား၊ ၁၉၄၉၊ ၁၂၀၀၀
၃။ အင်္ဂလန်၊ ၁၉၅၂၊ ၁၈၅
၎။ ပြင်သစ်၊ ၁၉၆၀၊ ၃၀၀
၅။ တရုတ်၊ ၁၉၆၄၊ ၂၄၀
၆။ အိန္ဒိယ၊ ၁၉၇၄၊ ၈၀
၇။ ပါကစ္စတန်၊ ၁၉၉၈၊ ၉၀
၈။ မြောက်ကိုရီးယား၊ ၂၀၀၆၊ ၁၀
၉။ အစ္စရေး၊ ၁၉၇၉၊ ၈၀  (တရားဝင် မကြော်ငြာ) တို့ဖြစ်ကြပါတယ်။
အခုတလော လူတွေ မင်္ဂလာဆောင်မှာရော၊ လက်ဖက်ရည်ဆိုင်တွေမှာပါမကျန် ၂၀၁၂ ခုနှစ်ကျရင် ကမ္ဘာကြီးပျက်မယ် ပျက်မယ်ဆိုပြီး ပြောနေကြလို့ပါပဲ။ ဒီလိုဗုံးမျိုး တစ်တန်အလေးချိန်ရှိတဲ့ ဗုံး တစ်လုံးကိုခွဲရင် ယမ်းဘီလူးအလေးချိန်တန် တစ်သန်းကိုတစ်ပြိုင်တည်းခွဲလိုက်တာလောက် ပေါက်ကွဲအားပြင်းထန်တယ်လို့ဆိုပါတယ်။
စစ်အေးခေတ်ကာလတုန်းက အမေရိကားနဲ့ ရုရှားသူ့ငါချိန် ငါ့သူချိန်နဲ့ ဒီတိုက်ချင်းပစ်ဒုံးပျံတွေမှာ အဏုမြူဗုံးထိပ်ဖူးတွေ တပ်ပြီးချိန်ထားခဲ့ကြတာပါ။ အချက်ပေးစနစ်တွေကလည်းကောင်းပါတယ်။ ဒါပေမဲ့စက်တွေပဲဥစ္စာ၊ ဘယ်ရာနှုန်းပြည့်တော့ စိတ်ချလို့ရပါ့မလဲ။ စက်ကမှားပြလို့ပဲဖြစ်ဖြစ်၊ ဒါမှမဟုတ်လူကမှားဖတ်မိလို့ပဲဖြစ်ဖြစ် 'ဟ ... ချပဟ' ဆိုပြီး ကိုယ့်ဆီက ခလုတ်တွေကိုလန့်ဖျပ်နှိပ်လိုက် မိတာနဲ့ တစ်ကမ္ဘာလုံးပွဲသိမ်းသွားနိုင်တာမဟုတ်လား။ ဒီလို နျူးကလီးယားလန့်တဲ့အကြိမ်ပေါင်းကလည်း မရေတွက်နိုင်တော့ပါဘူး။ ဘဲငန်းအုပ်တွေ ပြန်လာတာကိုလည်း ရေဒါထဲမှာဒုံးပျံတွေတက် လာပဟဆိုပြီး လန့်ရပါတယ်။ ငန်းတွေပျံလာတာကို တွေ့ရတော့လည်း ရေဒါထဲမှာ 'မစ်' တိုက်လေယာဉ် (MiGs) တွေ အုပ်လိုက်ပျံလာနေပြီဟေ့ဆိုပြီး လန့်ရပါတယ်။ အမေရိကားကလည်း ပုလဲ ဆိပ်ကမ်းမှာ စိစိညက်ညက်ကြေအောင် တစ်ခါအဆော်ခံရပြီးကတည်းက ခဲမှန်ဖူးတဲ့စာသူငယ်လို နဂိုထဲကိုက အလိုလိုခပ်လန့်လန့်ဖြစ်နေတာမဟုတ်လား။
ဒီတော့ အခုလည်းပဲ လန့်လို့ကောင်းနေတာပေါ့။ ၁၉၇၇ ကနေ ၁၉၈၄ခုအကြား စစ်အေးတိုက်ပဲကာလအတွင်းမှာ အကြိမ် ၁၁၅၂ကြိမ်တောင် လန့်ခဲ့ကြတာပါ။ တစ်နှစ်ကို ၁၄၄ကြိမ်နှုန်းနဲ့  လန့်ရတာ ဆိုတော့ နှစ်ရက်ခွဲတစ်ကြိမ်လန့်ရတဲ့သဘောပါပဲ။ ဒါပေမဲ့ အဲဒီလိုတစ်ပတ်သုံးခါလောက်လန့်နေပေမယ့် ပြဿနာမရှိခဲ့ပါဘူး။ လန့်ရတဲ့အကြောင်းရင်းကိုချက်ချင်းအဖြေရှာတွေ့ခဲ့ကြလို့ပဲဖြစ်ပါတယ်။
တစ်ခါတလေတော့လည်း အဲဒီလိုလန့်တာမဟုတ်ဘဲ၊ နိုင်ငံရေးအခြေအနအရ ချလုချလုဖြစ်နေတာမျိုးတွေလည်း ရှိခဲ့ပါတယ်။ ဒါ့ကြောင့်လည်း ကမ္ဘာပျက်နာရီ (Doomsday Clock) ဆိုတာ ပေါ်လာရတာပါပဲ။ ကမ္ဘာပျက်နာရီဟာ ၁၉၄၇ခုနှစ်ကတည်းကစပြီး ပေါ်ခဲ့တာပါ။ 'ရှိခါးဂို' တက္ကသိုလ် (University of Chicago) က အဏုမြူသိပ္ပံပညာရှင်တစ်စု တည်ထွင်ပြီးဒီကနေ့ထိ ထိန်းသိမ်း လာခဲ့ကြတာဖြစ်ပါတယ်။ နာရီဟာ ည ၁၂နာရီထိုးဖို့ဘယ်နှမိနစ်လိုသေးသလဲဆိုတာကို အမြဲပြနေပါတယ်။ အဏုမြူစစ်ပွဲကြီးဖြစ်ပြီး ကမ္ဘာကြီးပျက်ဖို့ ဘယ်လောက်နီးနေပြီလဲဆိုတာကို
ပြတဲ့သဘောပါပဲ။
နာရီကို ၁၉၄၇ ခုနှစ်မှာကတည်းက ၁၂နာရီထိုးဖို့  ၇မိနစ်အလိုမှာထားပြီး စဖွင့်ခဲ့ကြတာပါ။ ၁၉၄၉ ခုနှစ်မှာ ဆိုဗီယက်က အဏုမြူဗုံးစပြီးစမ်းသပ်တော့ ၁၂နာရီထိုးဖို့ ၃မိနစ်အလိုကို ရှေ့ကိုတိုးထား လိုက်ကြတယ်။ ၁၉၅၃ ခုနှစ်မှာ အမေရိကန်ကရော ဆိုဗီယက်ကပါ အဏုမြူဗုံးထက် ပြင်းထန်တဲ့ ဟိုက်ဒရိုဂျင်ဗုံးတွေကို ကိုးလအတွင်း အပြန်ပြန်အလှန်လှန် စမ်းသပ်နေကြတော့ နာရီဟာ ၁၁နာရီ
၅၈မိနစ်ထိရောက်သွားပါပြီ။ ကမ္ဘာပျက်ဖို့ ၂မိနစ်ပဲလိုပါတော့တယ်။ ခုချိန်ထိကမ္ဘာပျက်ဖို့ အနီးဆုံးထိရောက်ခဲ့တဲ့အချိန်ပါပဲ။ တစ်ခါရွှေ့တိုင်း အကြောင်းအရာ၊ ဒါမှမဟုတ် အဖြစ်အပျက်တစ်ခုခုကို အခြေခံပြီး ရွှေ့ခဲ့ကြတာပါ။ ရှေ့တိုးနောက်ဆုတ်လုပ်ရတဲ့ အကြောင်းရင်းတွေကို အသေးစိတ်မဖော်ပြဘဲလိုရင်းလောက်သာ အကျဉ်းချုံးဖော်ပြရမယ်ဆိုရင်တော့ ၁၉၈၆မှာ ပြင်သစ်နဲ့ တရုတ်တို့
အဏုမြူဗုံး ၅၉၆ ကြိမ်ထိ စမ်းသပ်ကြတဲ့အချိန် (၁၁း၄၈ မှ ၁၁၅၃ ထိရှေ့ကို ၅ မိနစ်တိုး)။ ၂၀၀၇ မှာ မြောက်ကိုးရီးယားက အဏုမြူဗုံး စမ်းသပ်ဖောက်ခွဲလိုက်တဲ့အချိန်နဲ့ အီရန်က နျူကလီးယား စီမံကိန်းတွေနဲ့ ပတ်သက်ပြီး သူ့ရည်ရွယ်ချက်တွေကို ထုတ်ဖော်ပြောလိုက်တဲ့ အချိန်တွေမှာ၊ (၁၁း၅၃ မှ ၁၁း၅၅ ထိ ရှေ့ကို ၂မိနစ်တိုး) တို့ ဖြစ်ကြပါတယ်။
အဲဒီလို ၁၂နာရီိထိုးဖို့ ရှေ့တိုးသွားခဲ့ကြသလို။ ၁၉၉၀ မှာ ဆိုဗီယက် ပြိုကွဲသွားတဲ့အချိန်မှာတော့ နာရီဟာ ၁၂ နာရီထိုးဖို့ ၁၇ မိနစ်အလိုထိနောက်ပြန်ရွှေ့သွားပါတယ်။ အခုအချိန်အထိ ကမ္ဘာပျက်ဖို့ အဝေးဆုံးအချိန်လည်းဖြစ်ခဲ့ပါတယ်။
နျူကလီးယားလက်နက်ကြီးတွေ ဖျက်သိမ်းရေးနဲ့ လျှော့ချရေး သဘောတူညီမှုစာချုပ်တွေကို လက်မှတ်ရေးထိုးကြတဲ့အချိန်၊ ဘာလင်တံတိုင်း ကျိုးကျတဲ့အချိန်တွေမှာ နာရီဟာ နောက်ပြန် ပြန်ဆုတ်သွားပါတယ်။ ၁၉၄၇ ခုနှစ်ကနေ ဒီကနေ့ထိ ၁၉ကြိမ်ရွှေ့ခဲ့ပြီးပါပြီ။ ၂၀၀၇ ခုနှစ်ကစပြီး နာရီကိုရွှေ့ရတဲ့အကြောင်းရင်းတွေထဲမှာ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုတွေနဲ့ အနုစိတ်ကမ္ဘာကို လေ့လာ တဲ့ဘာသာရပ်တွေကိုပါ ထည့်သွင်းတွက်ချက်လာကြပါပြီ။ ရာသီဥတုဖောက်ပြန်ရင် ကမ္ဘာပျက်နိုင်သလို၊ အနုစိတ်ကမ္ဘာကို လေ့လာတဲ့ပညာရပ်တွေ ထွန်းကားလာရင်လည်း လူတွေကပြောင်း ကပြန် ဖြစ်ကုန်နိုင်တယ်လို့ ယုံကြည်ကြလို့ပါပဲ။
အခုခေတ်မှာ အရင်တုန်းကအိမ်မက်ထဲမှာတောင် စိတ်ကူးမကြည့်ဖူးခဲ့တဲ့ တယ်လီဖုန်းမှာ (Smart Card) ကင်မရာမှာ (Memory Card) ဆိုတာတွေပေါ်လာပါပြီ။ (MP3,MP4) တို့လည်း ပေါ်လာပါပြီ။ ၁၅-၁၂-၂၀၀၀ ရက်နေ့မှာ (IBM U 8 MB) ရှိတဲ့ (USB Flash Drive) ကို ဈေးကွက်ထဲမှာ စရောင်းနိုင်ခဲ့ပါတယ်။ Micro ဆိုတာ ၁၀-၆ တစ်သန်းပုံ တစ်ပုံဖြစ်ပြီး၊ Nano ဆိုတာ ၁၀-၉ သန်းတစ်ထောင်ပုံတစ်ပုံဖြစ်ပါတယ်။ အဲဒီလောက်သေးငယ်တဲ့ အနုစိတ်ကမ္ဘာကို လေ့လာတဲ့ ဘာသာရပ်ကို (Nonotechnology) အတိုကောက် (Nanotech) လို့ခေါ်ကြပါတယ်။ ဒီလောက်သေးငယ်တာလေးတွေကို ကိုင်တွယ်ထိန်းချုပ်နိုင်တဲ့အတွက် အချက်အလက်တွေကိုလည်း ကြောက်ခမန်းလိလိ သိုမှီးလာနိုင်ပါတယ်။ ဒါ့ကြောင့် ၂၀၀၉ ခုနှစ် ၊ဇူလိုင်မှာ ပေါ်လာပြီး ၂၉၉ ဒသမ ၉၅ ဒေါ်လာပေးရတဲ့ ၂၅၆ GB Kingston Flash Drive ဟာ ဟိုတစ်နေ့က အကယ်ဒမီရသွားတဲ့ ရုပ်ရှင်ဇာတ်ကားမျိုး ၅၁ကားလောက်ကို သိုမှီးလာနိုင်တာဖြစ်ပါတယ်။
ဒီလက်မလောက်စာလေးကို ယူသွားပြီး ဘယ်နေရာရောက်ရောက်ကွန်ပျူတာထဲထည့် ကြိုက်တဲ့ကားကြည့်ရုံပါပဲ။ သိပ္ပံပညာရှင်တွေဟာ ဒီတိုးတက်မှုကို ၀မ်းလည်းသာရင်လည်း တမမနဲ့ကြည့်နေ ကြရတာပါ။ သီချင်းဂီတသာမက ဆေးပညာပါ မကျန်နေရာတိုင်းမှာ ဒီပညာကိုသုံးနေကြပါပြီ။ အနုစိတ်ကမ္ဘာနဲ့ပတ်သက်ပြီး လေ့လာတဲ့ဘာသာရပ်တေကို ဆေးပညာမှာအသုံးချလာတဲ့အခါ အံ့သြ တုန်လှုပ်စရာကောင်းတဲ့ ရလဒ်တွေကို တွေ့လာရပါတယ်။ အင်မတန်သေးငယ်တဲ့စက်ရုပ် (nanorobot) လေးတွေကို ခန္ဓာကိုယ်ထဲစေလွှတ်နိုင်မယ့်လမ်းစတွေတွေ့လာကြလို့ပါပဲ။
ဒီကလာပ်စည်း (celt) အရွယ်လောက်ပဲရှိတဲ့ စက်ရုပ်လေးတွေဟာ လူ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ ကင်ဆာဆဲလ်လေးတွေဆီသွားပြီး ပူးကပ်လိုက်ကြမယ်။ နောက်ပြီး အပြင်ကနေ သယ်လာတဲ့ အပူဓာတ်တွေနဲ့ ဓာတ်ကင်ပေးမယ်။ လိုအပ်ရင် ကလာပ်စည်းအကောင်းတွေကို မထိခိုက်စေဘဲ အဲဒီကင်ဆာဆဲလ်တွေကို အမှားအယွင်းအတိမ်းအစောင်းမရှိအောင် ဖျက်ဆီးပစ်လိုက်ကြမှာ ဖြစ်ပါတယ်။
နောက်ပြီး ဘတ်တီးရီးယားကြောင့်ဖြစ်တဲ့ အရေပြားရောဂါမှန်သမျှ ဆေးလိမ်းရုံနဲ့ မယုံကြည်နိုင်စရာကောင်းလောက်အောင် ချက်ချင်းပျောက်ကင်းသွားမှာတွေ၊ အရိုးအဆစ်တွေ ထိခိုက်ပျက်စီးသွား တဲ့အခါမှာ အရိုးနုလေးတွေပြန်ထွက်လာအောင် လုပ်ပေးနိုင်တဲ့ နည်းလမ်းတွေစသဖြင့် လူသားတွေအတွက်အလွန်အကျိုးထူးမယ့် နည်းလမ်းတွေကို သုတေသနလုပ်တဲ့ဟာလုပ်၊ တိရာစ္ဆာန်စမ်းသပ် တဲ့ဟာစမ်းသပ်၊ လူကိုစမ်းသပ်တဲ့ဟာ စမ်းသပ်၊ ဈေးကွက်ထဲမှာ ရောင်းခွင့်ရတဲ့ဟာ ရောင်းခွင့်ရနဲ့ ဖြစ်ကုန်ကြပါပြီ။
'သိကြားလက်နက် တစ်ဝက်ရက ကမ္ဘာပျက်လတ္တံ့' လို့ ရှေးလူကြီးတွေပြောခဲ့ကြသလို နည်းပညာတွေကြောင့် သိကြားလက်နက်ငါးပုံတစ်ပုံလောက်ကို လူတွေရနေကြပြီလို့ ဆိုရတော့မလိုဖြစ်နေ ပါတယ်။ ဒါ့ကြောင့်လည်း ကမ္ဘာပျက်နာရီကို ရွှေ့ကြရတဲ့အကြောင်းရင်းတွေထဲမှာ ဒီပညာကိုထည့်သွင်းတွက်ချက်ဖို့ စဉ်းစားလာကြတာပါပဲ။
ဒီပညာကို အခြေခံပြီး ပြုလုပ်ထားတဲ့ စက်ရုပ်တွေက အလိုလိုပုံတူတွေအများကြီး ပွားလာကြပြီး၊ ကမ္ဘာလောကကြီးထဲက သစ်တောတွေနဲ့ ငါးပုစွန်တွေကို အကုန်စားပစ်ကြလို့ကမ္ဘာပျက်သွားရတဲ့ ဇာတ်ညွှန်းတွေ ဇာတ်လမ်းတွေကိုလည်း ရေးနေကြပါပြီ။ ဒါ့ကြောင့် ကမ္ဘာ့ပျက်ခြောက်အိမ်မက်တွေကိုတော့ ကမ္ဘာနဲ့အ၀ှမ်းမက်နေကြတာကတော့ အမှန်ပါပဲ။
တကယ်ကမ္ဘာပျက်နိုင်သလား မပျက်နိုင်ဘူးလားဆိုတာကိုတော့ ကိုယ့်မှာရှိတဲ့ ဗဟုသုတနဲ့တွေးခေါ်စဉ်းစားနိုင်မှုကို အခြေခံပြီး စဉ်းစားကြရမှာပါ။ ၁၄-၁-၂၀၁၀ ရက်နေ့ကတည်းက ကမ္ဘာ့ပျက်နာရီ ၁၂ထိုးဖို့ ၆မိနစ်အလိုမှာပြနေခဲ့တာ ဒီနေ့ထိပါပဲ။ ၁၉၅၃ ခုနှစ်ပြခဲ့တဲ့ ၁၂နာရီ ၅၈မိနစ်နဲ့ နှိုင်းစာမယ်ဆိုရင် ညဘက်မှာ အိပ်ပျော်ရုံတင်မကဘူး၊ ဟောက်တောင်ဟောက်လို့ ရပါသေးတယ်။
ဒီအကြောင်းအရာနဲ့ ဆက်နွှယ်နေတဲ့ ကိစ္စတစ်ခုကတော့ လယ်ပိုင်းအမေရိကားဖြစ်တဲ့ မက်ဆီကိုနဲ့ ဂွါတီမားလာတို့မှာ နေထိုင်ကြတဲ့ 'မိုင်းယာ' လူမျိုးတွေရဲ့ အတွေးအခေါ်အယူအဆကိစ္စပဲဖြစ်ပါ တယ်။ လူဦးရေ ခုနစ်သန်းလောက်ပဲရှိပြီး ရက်အင်ဒီးယန်းမျိုးနွယ်စုတစ်ခုဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀၀၀ (ဘီစီ ၃၁၁၄) လောက်ကစပြီး နေလကြယ်တာရာတွေကို လေ့လာပြီး ပြက္ခဒိန် ဆွဲထားခဲ့ကြတာပါ။ သူတို့ပြက္ခဒိန်ဟာ ၂၀၁၂ မှာ ကုန်ဆုံးနေပါတယ်။ ၂၀၁၂ခုနှစ်၊ ဒီဇင်ဘာ ၂၃ရက်နေ့မှာ ကမ္ဘာပျက်ပြီး၊ ကမ္ဘာဦးခေတ်ကို ပြန်ရောက်မယ်လို့ ယုံကြည်နေကြသူတွေပါ။
တချို့ကလည်း အဲဒီနေ့မှာ ဂြိုဟ်တစ်ခုက ကမ္ဘာကိုလာတိုက်မယ်လို့ ပြောနေကြပါတယ်။ နောက်နေမင်းကြီးက အပူရှိန်အလွန်ပြင်းပြီး ကမ္ဘာကြီးပျက်မယ်လို့ ပြောနေကြသူတွေလည်းရှိပါတယ်။
ဂြိုဟ်တစ်ခုက ကမ္ဘာကိုဝင်တိုက်မှာကို မသိရအောင်က အခုခေတ်ကအရင်တုန်းကလိုမှ မဟုတ်တာဘဲ။ စကြ၀ဋ္ဌာကြီးထဲကို လက်လှမ်းမီသင့်သလောက် မီနေပြီပဲဥစ္စာ။ နောက်ပြီး နေမင်းကြီးရဲ့ အီကွေတာဟာ နေမင်းကြီးရဲ့ ၀င်ရိုးစွန်းတွေထက် လည်နှုန်းမြန်လို့ သံလိုက်စက်ကွင်းတွေ အပြောင်းအလဲဖြစ်ကုန်ပြီး နေမင်းကြီးဟာ အေးတဲ့အခါအေး ပူတဲ့အခါ ပူဖြစ်နေပါတယ်။
ဒါကိုလူတွေအသေးစိတ် သိနေတာပဲ။ သိပ်ပူလာရင် နေပေါ်မှာ အမည်းစက်တွေကိုတွေ့ရပါတယ်။ အဲဒီလို ၂၂နှစ်တစ်ခါ အစီအစဉ်တကျ အပူရှိန်ပြောင်းလဲနေတာကို ပြက္ခဒိန်လိုမျိုး အချိန်ဇယား တောင် လူတွေဆွဲထားနိုင်တာပဲဥစ္စာ။ ဘယ်လိုလုပ် နေအပူရှိန်ပြင်းပြီး ကမ္ဘာကြီး ပျက်နိုင်မှာလဲ။ ဒီလို ကောလဟာလ ဖြစ်နေရတာတွေရဲ့ နောက်ကွယ်မှာ အကြောင်းရင်းတွေအမြဲရှိတယ်။ လူတွေ စိုးရိမ်သောကတွေများပြီး ပူပန်နေကြတဲ့ အချိန်အခါမျိုးမှာ စီးပွားရှာလို့ကောင်းတဲ့ လူတွေရှိနေကြလို့ပါပဲ။ လူ့စိတ်တွေ များများမတည်ငြိမ်လေ စီးပွားဖြစ်လေပါ။
ဒီအကြောင်းကို ပြောရင်းနဲ့တစ်ခါတုန်းက ဘကြီးပြောခဲ့ဖူးတဲ့ အဖြစ်အပျက်တစ်ခုကို ပြန်သွား သတိရမိပါတယ်။ ဂျပန့်ခေတ်တုန်းက ဘကြီးတို့ရွာမှာလူတစ်ယောက်ပျောက်နေတယ်။ လိုက်ရှာကြ ပေမယ့် မတွေ့ကြဘူး။ အဲဒီရွာထဲက စိတ်မနှံ့တဲ့လူတစ်ယောက်က 'ထောင်တဲ့လူကလည်း ထောင်၊ တိုးတဲ့လူကလည်း တိုးသကွာ' ဆိုပြီး တတွတ်တွတ်ပြောနေပါတယ်။
အဲဒါ လူကြီးတွေက မသင်္ကာလို့ချော့မေးတော့မှ အဲဒီစိတ်မနှံ့တဲ့လူလိုက်ပြလို့ ရွာအပြင်ကသစ်ပင်တစ်ပင်မှာ ပျောက်နေတဲ့လူကြိုးဆွဲချပြီး သေနေတာကိုတွေ့ကြရတော့တာကိုး။ ဘနဖူးကို သိုက်တူးနေကြတဲ့ ဒီခေတ်ကြီးထဲမှာ ထောင်တဲ့လူတွေကတော့ နေရာအနှံ့လိုက်ထောင်နေကြမှာပါပဲ။ ဒါပေမဲ့ ဘယ်သူတွေ ဘယ်လိုပဲထောင်ထောင်၊ ယောင်တောင်ပေါင်တောင်နဲ့ ကိုယ်ဝင်မတိုး မိဖို့သာအဓိကပါ။
Ref: 1 Maynard.Andrew. The Twinkie Guide to Nanotech-nology
       2 "Doomsday Clock" Bulletin of the Atomic Scientists. 2007-01-17
နီမင်းဆွေ
Saturday, August 10, 2013
Posted by ဆူးအေမီ on 1:20 AM in | No comments
၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၃ ရက်နေ့၊ RFA မြန်မာပိုင်း အစီအစဉ်မှ နံနက် ၇ နာရီချိန် ထုတ်လွှင့် ခဲ့မှုနှင့် အိန္ဒိယသတင်း မီဒီယာများတွင် ယခုရက်ပိုင်း အတွင်း ဖော်ပြနေမှုများဖြစ်သည့် မြန်မာ- အိန္ဒိယ နယ်စပ် ခြံစည်းရိုး ကာရံခြင်းကို မရပ်တန့်ပါက မဏိပူရ် ပိုင်နက် နယ်မြေ တစ်စိတ်တစ်ပိုင်း အား မြန်မာနိုင်ငံသို့ ပေးလိုက်ရမည် သာမက ၄၀နီးပါးရှိသော ကျေရွာများသည်လည်း အိမ်နီးချင်း နိုင်ငံသို့ပါ သွားလိမ့်မည်ဟု ဖော်ပြထုတ် လွှင့်လျက်ရှိကြောင်း တွေ့ရှိနေရပါတယ်။
မြန်မာ- အိန္ဒိယ နှစ်နိုင်ငံဟာ အင်္ဂလိပ် ကိုလိုနီ အောက်ကနေ မရှေးမနှောင်းပဲ လွတ်လပ်ရေး ရခဲ့ ကြပါတယ်။ လွတ်လပ်ရေး ရပြီးတဲ့ အချိန်မှာ နှစ်နိုင်ငံ နယ်နိမိတ်ကို တိုင်းတာ သတ်မှတ်ဖို့ အတွက် နယ်နိမိတ် သဘောတူ စာချုပ်ကို ၁၉၆၇ ခုနှစ်တွင် ချုပ်ဆိုခဲ့ကြပါတယ်။
သဘောတူ စာချုပ်အရ နယ်နိမိတ် တိုင်းတာ သတ်မှတ်ခြင်းကို ၁၉၆၉မှ ၁၉၇၄ထိ ပူးတွဲတိုင်းတာ ခဲ့ပါတယ်။ နှစ်နိုင်ငံ ထိစပ်မှုအနေဖြင့် ၁၀၁၀ မိုင်ခန့် ဆက်စပ်လျက်ရှိပြီး တိုင်းတာရန် ၂ နေရာ ကျန် နေ ခဲ့ပါတယ်။ တစ်နေရာက မြန်မာ- တရုတ်- အိန္ဒိယ ၃ နိုင်ငံ ဆုံရာ နေရာပါ။ အဲဒီနေရာက အိန္ဒိယ- တရုတ်နှစ်နိုင်ငံ နယ်မြေ အငြင်းပွားမှုကြောင့် ကျန်ရှိနေတာ ဖြစ်ပြီး သူတို့ နှစ်နိုင်ငံပြေလည် မှ ဆက်တိုင်းရမှာပါ။ နောက်တစ်နေရာ ကတော့ မြန်မာ- အိန္ဒိယ ကဘော်ချိုင့်ဝှမ်း ဒေသ မှတ်တိုင် ၉တိုင် စိုက်ထူရန် ကျန်ရှိနေရတာ ဖြစ်ပါတယ်။
အကြောင်းရင်း ကတော့ မြန်မာ- အိန္ဒိယ နှစ်နိုင်ငံ အကြား ကဘော်ချိုင့်ဝှမ်း ဒေသမှာ အင်္ဂလိပ်က မှတ်တိုင် ၃၉ တိုင် သတ်မှတ် စိုက်ထူခဲ့ပြီးသားပါ။ အဲဒီတိုင်တွေ နေရာမှာ တိုင်အသစ်တွေ စိုက်ထူ ပြီး နယ်နိမိတ် သတ်မှတ်ရာ နယ်နိမိတ် မှတ်တိုင်ဟောင်းတွေ နေရာရွေ့နေတာရယ်၊ အိန္ဒိယ ဘက်က ရွာတွေ မြန်မာ့နယ်မြေဘက် ကျူးကျော် နေတာရယ်ကြောင့် မှတ်တိုင် ၉တိုင် အသစ် စိုက်ထူရန် ကျန်နေတာ ဖြစ်ပါတယ်။ ထိုနေရာတွေမှာ မြန်မာဘက်က ဆုံးရှုံးနေတာဖြစ်ပြီး နယ်နိ မိတ် စာချုပ် သဘောတူညီချက် အတိုင်း အတိအကျ ဆောင်ရွက်ပါက အိန္ဒိယ ဘက်က ကျူးကျော်နေတဲ့ ကျေးရွာ အစိတ်အပိုင်းအချို့ ရွာပြောင်း ပေးရမှာ ဖြစ်ပါတယ်။
အိန္ဒိယ ပြည်သူတွေကလည်း လက်မခံကြလို့ ၁၉၇၀မှာ သူတို့ အစိုးရကို ဆန္ဒပြမှုတွေ လုပ်ခကြပါတယ်။ ဒါနဲ့ မြန်မာဘက်က အိမ်နီးချင်း ပီသစွာ ကျူးကျော် ကျေးရွာတွေကို ဖယ်ရှား စေရန် (အစား) အစားထိုး မြေပြန်ပေးဖို့သာ ညှိနှိုင်းရာ အိန္ဒိယ ပြည်သူတွေရဲ့ ဖိအားပေးမှုကြောင့် ဖြေရှင်းရ ခက်နေပါတယ်။
ဒါ့အပြင် နယ်နိမိတ် သတ်မှတ်ပြီး နေရာတွေမှာတောင် အခုနောက်ပိုင်း ကာလများမှာ အိန္ဒိယ ဘက်က ကျူးကျော်မှုတွေ များစွာရှိနေလို့ နှစ်နိုင်ငံ ပူးတွဲ ကွင်းဆင်း စစ်ဆေးမှုတွေ လုပ်ကြ ရပါတယ်။ ကွင်းဆင်း အဖြေအရ သူတို့ဘက်က နယ်နိမိတ် ကျူးကျော်မှုတွေ ပေါ်လွင် နေတာ တောင် မဖြေရှင်းနိုင်သေးဘဲ ပြည်နယ် တရားရုံး အဆင့်မှာတင် ကြန့်ကြာ နေပါတယ်။
 အိန္ဒိယ အနေနဲ့  နယ်နိမိတ် သတ်မှတ်ပြီးဖြစ်တဲ့ နယ်နိမိတ် မှတ်တိုင် ၇၉နဲ့ ၈၁ အကြားမှာ ခြံစည်း ရိုးကာရံခြင်း ဆောင်ရွက် ခဲ့ပါတယ်။ သူတို့ခြံစည်းရိုး ခတ်မယ့် နေရာမှာရှိတဲ့ ဂေါ်ဘာယံ ရွာဟာ နယ်နိမိတ်ကို ကျော်လွန်ပြီး မြန်မာဘက် ကိုတောင် ရောက်နေတာ ဖြစ်တဲ့အတွက် ၎င်းကျေးရွာ နေရာတွင် ခြံစည်းရိုး ကာရံမှု ချန်လှပ် ဆောင်ရွက်ခဲ့ရတာ ဖြစ်ပါတယ်။ အဲ့ဒီကျေးရွာမှ အိမ်များ မြန်မာနိုင်ငံ ဘက်ကို ကျော်လွန်နေတာလည်း သူတို့ဖယ်ရှား ရှင်းလင်း နိုင်ခြင်း မရှိတဲ့အပြင် ကျေးရွာနေ သူတွေရဲ့ ဖိအားပေးမှု ခံနေရတာ ဖြစ်ပါတယ်။ ဒီအခြေအနေမှာ နိုင်ငံရေး ပါတီတွေက မဲဆွယ်တဲ့ အနေနဲ့ မြန်မာ- အိန္ဒိယ နယ်နိမိတ် ပြန်တိုင်းမယ်ဆိုတဲ့ ပုံစံမျိုး မဲဆွယ်နေပြီး ယခုကဲ့သို့ သတင်းမှားများ ထုတ်လွှင့်နေတာ ဖြစ်ကြောင်း တွေ့ရှိရပါတယ်။
မြန်မာပိုင်နက်ကို ထပ်မံကျူးကျော်မှု မရှိဖို့၊ ကျူးကျော် နေရာများအား ပြန်လည် ဖယ်ရှားဖို့ တွေဟာ နယ်စပ် ဒေသမှာရှိတဲ့ မြန်မာပြည်သူတွေလည်း သိဖို့လိုအပ်ပါတယ်။ ဒါကြောင့် မြန်မာ- အိန္ဒိယ နယ်နိမိတ် မှာရှိတဲ့ ပြည်သူတွေအနေနဲ့ မျိုးချစ်စိတ်ရှိရှိနဲ့ လိမ်မာပါးနပ်မှုတို့ဖြင့် ကာကွယ် ကြိုးပမ်း ကြရန် လိုအပ်လျက် ရှိကြောင်း၊ အဲဒီနယ်စပ်မှာ တာဝန် ထမ်းဆောင်ဖူးတဲ့ ဝန်ထမ်းဟောင်း တစ်ဦး အနေနဲ့ သိရှိသမျှကို အကျဉ်းချုပ်ပြီး မျှဝေလိုက်ရပါတယ်။
ဆောင်းပါးရှင်- ဦးအောင် (၀န်ထမ်းဟောင်း)
မြဝတီ
Tuesday, July 2, 2013
Posted by ဆူးအေမီ on 9:48 PM in | No comments
မစိုးရိမ်တိုက်နှင့် ဆရာတော် ဦးကောဝိဒါဘိဝံသ
ဖျာပုံ ဦးတေဇောဘာသာဘိဝံသ
ဇူလိုင် ၃၊ ၂၀၁၃
ဤမစိုးရိမ်ကျောင်းတိုက်ကြီးကို ကျောင်းဒါယကာ တဦးတည်းက ဆောက်လုပ်လှူဒါန်းသည်။ လှေကား ၄ဘက်တပ် အလယ်တိုက်ကြီးနှင့်တကွ အရံကျောင်း အုတ်တိုက်များကို မဟာရံအုတ်တံတိုင်းကြီးက ကာရံထားသည်။ မန္တလေးစာသင်တိုက် အများကဲ့သို့  ပေမီ အဆင့်မီ စာသင်တိုက်ကြီးပါ။ တဦးတည်းသော ကျောင်းဒါယကာအမည်ကား ဦးသက်ရှည်သား မောင်ကျော် (မစိုးရိမ် ဆရာတော်ကြီး ဦသူရိယ ခေါ်တဲ့အတိုင်း မောင်ကျော်ဟု ရေးတာပါ။)
ဤမစိုးရိမ်ကျောင်းတိုက်ကြီး၌ ကျောင်းတိုင်စာချ နာယကဖြစ်ရန် အကပ်အဖား ကောင်းဖို့ မလို။ ဆရာတော်နဲ့ ဆွေမျိုးတော်စပ်ဖို့ မလို။ တကယ်လိုသည်ကား ပြောင်ပြောင် မြောက်မြောက် စာချနိုင်အောင် စာတတ်ဖို့ တခုသာ။ ကောင်းပါပြီးစာတတ် မတတ် သိရအောင် ဘယ်ပေတံနှင့် တိုင်းမလဲ။
တဒါ နဂရေ လဒ္ဓ ရာဇလဉ္ဆိကာ ပရိယတ္တိ ၀ိသာရဒါ မဟာထေရာ
အဟေသုံ၊ ဘိက္ခုသံဃော သဋ္ဌိသဟဿ မတ္တော အဟောသိ။
(လယ်တီဆရာတော်၏ ပရမတ္တဒီပနီ နိဒါန်း)
စာသင်ကြားပို့ ချတဲ့ စာချ များရှိမှ စာသင်သူ စာသင်သားရှိမယ်၊ စာချများ ပေါ်ထွန်းလာအောင် စာချအား ဆွမ်းဆန်တော် အထောက်အပံ လက်ထက်တော်တုန်းက ပေးလှူခဲ့သည် မဟုတ်ပါလော။ ကောင်းပြီ လက်ရှိပြဿနာ ပြေလည်အောင် စာချဆရာတော်များ ပြန့် ကြဲ ပျောက်ပျက်နေတာကို စုစည်းမယ်၊ နောက် အစဉ်စာချများ မွေးထုတ်နိုင်အောင် စာအရည်အသွေး စစ်တဲ့ စာမေးပွဲတခု ကျင်းပမယ်။ (စာလျှောက်မေးပွဲ ဟု တရိုတသေ သုံးနှုန်းပါသည်။) ဒီအမှုကိစ္စအားလုံး ဆောင်ရွက်နိုင်ရန် အသင်းတခု ဖွဲ့ မည်၊ ပရိယတ္တိသာသနာ့ဟိတ အသင်း။
ဒီအသင်းက ကိုးကွယ်ထောက်ပံ့ခံရသူ စာချဆရာတော်သည် နှစ်မျိုး။ တမျိုးက မူလစာချ။ (စာမေးပွဲ မဖြေ၊အောင်မြင်စွာ စာချနိုင်လို့ မူလစာချ ဖြစ်သည်။) အခြားတမျိုးကား သီးခြားစာချ (စာဖြေ အောင်မြင်သူ)။
ပရိယတ္တိ သာသနာ့ဟိတအသင်းသည် မန္တလေး ပရိယတ္တိသာသနာတော် အကျိုးအတွက် ရည်မှန်းရင်း ရှိသည့်အတိုင်း မန္တလေးမြို့ မှာ စာချသူများကိုသာ အားပေးထောက်ပံ့ပါသည်။ မန္တလေးမြို့ မှအပ အခြား နေရာဌာနတို့ ၌ သီတင်းသုံး စာပေပို့ ချသူများကို မရည်ရွယ် မထောက်ပံ့ပါ။
ယခု ပရိယတ္တိသာသနာ့ဟိတ စာမေးပွဲနှင့် မစိုးရိမ်တိုက် ဆက်စပ်ပုံကို ဖော်ပြပါမယ်။ အသင်း စာမေးပွဲ စတင်ကျင်းပသောနှစ်မှာ သမင်ခြံဇာတိ( မန္တလေး မင်းကွန်းကြား ဇရောစေတီ မြေနုကျွန်း) မစိုးရိမ်ဆရာတော် အလောင်းအလျာ ဦးသူရိယ စာမေးပွဲဝင်ရောက် ဖြေဆိုအောင်မြင်ပါသည်။ ဦးပဉ္ဇင်း စာမေးပွဲ အောင်တယ်ဟု သင်းမ လူကြီးတဦးက လျှောက်ပါသည်။ ထိုအခါက ဦးသူရိယသည် မိုးကောင်းတိုက် အလယ်တိုက်ကြီးတွင် သီတင်းသုံး၍ ထိုအလယ်တိုက်ကြီးမှပင် အသင်းစာမေးပွဲ ၀င်ရောက်ဖြေဆို အောင်မြင်ပါသည်။ လျှောက်ထားချိန်မှာ အတော် ညဥ့်နက်နေပါပြီ၊ မိုးကောင်းတိုက် မနီးမဝေး၌ နေထိုင်သူ သင်းမလူကြီးက အစည်းအဝေးမှ အပြန် ၀င်ရောက်လျှောက်ထားခြင်း ဖြစ်ပါသည်။
အခု ဦးဇင်းတို့ စာအောင်တာသိချင်ယင် အသင်းတိုက်သွားကြည့်ရတယ် မဟုတ်လား၊ ဒို့ များတုန်းကတော့အိပ်ရာမှာ လာနှိုးပြီး အသင်းလူကြီးတွေက လျှောက်ရတာ ဟု ဆရာတော်ဘုရားကြီး ကိုယ်တိုင် ဤစာရေးသူအား မိန့် ကြားဖူးပါသည်။
ဆရာတော် ဦးသူရိယ မစိုးရိမ်တိုက်ကို တည်ထောင်သောအခါ ကျောင်းစည်းမျဉ်း ဥပဒေတွင် ကျောင်းတိုင် နာယကဖြစ်ရန် အရည်အချင်း (အရေးအကြီးဆုံး) မှာ ပရိယတ္တိသာသနဟိတ စာမေးပွဲ အောင်မြင်သော သီးခြားစာချ ဓမ္မာစရိယဖြစ်ရမည်ဟု ထည့်သွင်းရေးသားတော်မူ ပါသည်။ ဤအချက်သည် မစိုးရိမ်တိုက် စည်ပင်ကြီးပွားခြင်း၏ ပင်မ အဓိက ပဓာန အကြောင်းကြီးဖြစ်သည်။
နယူးယောက် မစိုးရိမ်ဆရာတော်လောင်း ဦးကောဝိဒသည် စာသင်ရာဌာနကို မန္တလေး မစိုးရိမ်တိုက်ကို ရွေးခဲ့ သည်။ စာသင်တိုက်တွင်နေရန် ထောက်ခံစာ (ကျောင်းအပ်စာ) ကောင်းကောင်းလိုသည်။ ထိုအခါ ရန်ကုန် ဗားကရာလမ်း ဥယျာဉ်တိုက် ဦးသုဇာတာလင်္ကာရ မစိုးရိမ်ရူပသိဒ္ဓိ အဖြေရေးသူ) တာဝန်ယူထောက်ခံခဲ့ပါသည်။
မစိုးရိမ်တိုက်တွင် စာသင်နေစဉ် သကျသီဟ စာချတန်း မပြီးသေးခင်ကပင် စာဖြေဖက် သူငယ်ချင်း များအားစာချပေးခဲ့သည်။ စာချဘုန်းကြီး တပါးလို တခမ်းတနား စာချသည်မဟုတ်၊ ကြမ်းပေါ်အတူထိုင်လျက် ဆရာတပည့် ဒူးတိုက်ဆွေးနွေးသည့် ပုံစံမျိုး ကူညီခဲ့သည်။ တဖက်သား အခက်အခဲကို ပွင့်ပွင့် လင်းလင်း ရှင်းပြသည်။ ခက်ရာခက်ဆစ်များ လွယ်ကူသွားသည်။ ပရိသတ်က ကြိုက်ကြသည်။ ကူညီလိုသော ဆန္ဒ ပြဋ္ဌာန်းလို့ ပင်ကိုဥာဏ် ထက်သူ ဦးကောဝိဒ။
ပိုမို တတ်ကျွမ်းလာရသည်။ တပည့်များက ကြည်ညိုလေးစားကြသည်။ သကျသီဟ စာမေးပွဲတွင် အတန်းနှစ်တန်းရှိသည်။ စာသင်တန်းကို အသက် ၂၇နှစ် လွန်လျှင် ၀င်ခွင့်မပြု။ ဦးကောဝိဒ စာသင်တန်းအောင်ပြီး စာချတန်းအတွက် သတ်မှတ်ထားပြီး အကြိမ်အတွင်း (အသင်းစည်းမျဉ်းမှာ သတ်မှတ်ထားသည်) ဖြေဆိုနိုင်ရန် ကြိုးစားရင်း တဖက်က ဘ၀တူ စာသင်သားများအား ပရဟိတ (သူများအကျိုး ဆောင်စိတ်) အပြည့်ဖြင့် ကူညီခဲ့ခြင်းဖြစ်ပါသည်။ စာချတန်းကို နှစ်ကြိမ် မဖြေရဘဲ နှစ်ချင်းပေါက် အောင်လျှင် “၀ဋံသကာ”ဆိုတဲ့ဘွဲ့ ထူးကို ရပါသည်။ ဆာ ဦးသွင်၏ ရွှေတံဆိပ် ဆက်ကပ်ခံရပါသည်။ ဦးကောဝိဒ ဒီလို ၀ဋံသကာ ဘွဲ့ ထူးကိုတော့ မရရှိပါ။
သကျသီဟ စာမေးပွဲရန် အသက် ၂၇ထက် မလွန် (မကြီး) ဖို့ လိုပါသည်။ စာသင်တန်း ပြဋ္ဌာန်းစာ အားလုံးကိုအလွတ်ပြန်ဆိုရသည်။ စာသင်တန်း မပြီးမချင်း ပြန်ရတာပါ။ အသက်သတ်မှတ် ခြင်းနှင့် အလွတ် အာဂုမ် ပြန်ဆိုရခြင်း ဟူသောဤအတားအဆီးနှစ်ခုကြောင့် ဖြေနိုင်စွမ်း အရည်အချင်း ပြည့်စုံပါလျက် မဖြေ လိုက်ရသောပုဂ္ဂိုလ် အမြောက်အမြားရှိပါသည်။ ခွန်အားဗလနှင့် ပြည့်စုံပြီး အပင်ပန်းခံနိုင်သည့်အရွယ်ကို သတ်မှတ်လိုဟန် ရှိပါသည်။
မှတ်ဥာဏ်ကောင်းတာ မကောင်းတာက မွေးရာပါ အရည်အချင်းပါ။ ကြိုးစားခြင်း ကူညီလိုသော ဆန္ဒ ပြင်းပြခြင်းတို့ ကား ပြုပြင်လို့ ရသည်။ ဦးကောဝိဒ ဤအရည်အချင်း အားလုံးနှင့် ပြည့်စုံ၍ အချိန် တန်လျှင် မစိုးရိမ်တိုက်၏ စာချနာယက(ကျောင်းထိုင်ဘုန်းကြီး ဖြစ်ရန် မွေးရာပါ) အခွင့်အရေး ဖြစ်ခဲ့ပါသည်။ မုချ မသွေ စာချနာယက ဖြစ်ရမည်ဟုဆိုလိုတာပါ။ သို့ သော် တရံတခါ စာချတန်းအောင်သူကများပြီး ကျောင်းထိုင် လစ်လပ်သော ကျောင်းက မရှိသေးလျှင် တန်းစီပြီ မိမိ အလှည့်ကိုစောင့်ရတတ်ပါသည်။
ဆရာတော် ဦးကောဝိဒသည် ကြီးမားကျယ်ပြန့် ဥာဏ်အမြင် သနားကြင်နာတတ်သော ကရုဏာ ရှိသည့် အလျောက် ဆန္ဒနဲ့ ဝီရိယ ပြည့်မီအောင် လိုက်ဖြည့်နိုင်သဖြင့် လုပ်ငန်းများ ကျယ်ပြန့် လာပါသည်။ စစ်ကိုင်းတောင်ရိုး မဟာရန်ကုန်စသော နေရာများသို့ ဧည့်ပါမောက္ခ(Visiting Professor) အဖြစ် အခွင့်သင့်တိုင်း စာပို့ ချခဲ့သည်။ စစ်ကိုင်းတောင်ရိုးရှိ စာသင် သီလရှင်များ မန္တလေးတွင် စာလိုက်နိုင်အောင် အခြေအနေ ဖန်တီးပေးသည်။ သာမဏေငယ်များ ထိန်းသိမ်းစောင့်ရှောက် ပြုစုပျိုးထောင်မှုကို မလစ်လပ် စေရပါ။ ဇီဝိတဒါန ဆေးပေးခန်း ဆေးကုသမှုကလည်း မစိုးရိမ်တိုက်အတွက် သာမဟုတ်တော့ဘဲ ပတ်ဝန်းကျင်ပါ ပြန့် နှံ ကျယ်ပြန့် လျက်ရှိသည်။ အမေရိက အနယ်နယ်အရပ်ရပါသို့ လည်း တရားဟောကြွ၍ နယူးယောက်မြို့ တွင် ဘုန်းတော်ကြီးကျောင်းဆောင် သိမ်သမုတ်နိုင်ခဲ့ပါသည်။
ဤမျှ များပြားကျယ်ဝန်းသော လုပ်ငန်းများကို မပင်ပန်း ရွှင်ရွှင်လန်းလန်း ဆောင်ရွက်နိုင်လောက်အောင် ခန္ဓာကိုယ် တောင့်တင်းကျန်းမာမှုကလဲ အရွယ်နှင့် မလိုက်အောင် ခိုင်မာလှပါသည်။ အစာလည်းဆေး၊ ဆေးလည်းအစာ ဖြစ်အောင်ဓာတ်စာစားခြင်း မြန်မာတိုင်းရင်းဆေးများကိုသာ သုံးဆောင်ခြင်း ဖြန့် ဝေခြင်းပြုပါသည်။ အထူးသဖြင့် ပြဒါးဓာတ်မကင်းသည့်အဂ္ဂိယတ်ဆေးများကို ကိုယ်တိုင်ဖိုထိုး ဖော်စပ်မှီဝဲပါသည်။
အများအကျိုး သယ်ပိုးပြီး ကိုယ်ကျိုးစွန့် နိုင်လို့  လူကောင်းတယောက်ပင် ဖြစ်သော်လည်း အများ အကျိုးထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့  “တော်”ဖို့ လဲ လိုပြန်ပါသည်။ ကရုဏာရှိလျှင် “ကောင်း”၍ ပညာစွမ်းရည် ထက်မြက်လျှင်“တော်”နိုင်ပါသည်။ တော်လည်းတော် ကောင်းလည်းကောင်းလျှင် လူတော် လူကောင်း သို့ မဟုတ် သူတော် သူကောင်း(သူတလုံးဖြုတ်လျှင် သူတော်ကောင်း ဒါက ရှေးစကားပါ။)
တော် တယ် ဆိုတာထက် ချွန် တယ်ဆိုတာက ပိုမို မြင့်သလို ခံစားရသည်။ ပညာရှင်အဆင့်၊ ထက်မြက်ခြင်း၊ဆုံးဖြတ်ချက် မြန်ဆန် မြဲမြုံခြင်း၊ တာဝန်ယူခြင်း၊ မှား မှန် ခွဲခြားတတ်ခြင်း၊ မိမိကိုယ်ကို မိမိ ယုံကြည်ခြင်း၊ သိရမည့် အရာများကိုကျွမ်းကျွမ်းကျင်ကျင် သိမြင်ခြင်း၊ ဒါကို ချွန်တယ် လို့ ဆိုလိုသည်။
ပြီးသော် လူကောင်း၊ ဘယ်လို ကောင်းတာလဲ ရိုးသားဖြောင့်မတ်ခြင်း၊ စိတ်ကောင်း စေတနာကောင်းထားခြင်းအများအကျိုးစီးပွားကို တသမတ်တည်း ရှေးရှူခြင်း၊ မလိမ်ညာ မချဲ့ ကား(မာယာ သာဌေယျ ကင်းခြင်း၊ အဝေဖန်ခံနိုင်ခြင်း၊ အရေးကြုံလာတိုင်း အတ္တ မာန်မာနကို ချိုးနှိမ်ခြင်း၊ ဒါတွေက ကောင်းတဲ့ အရည်အသွေးတွေပါ။ လောဘကို အခြေခံပြီးမှ ဒေါသဖြစ်ရတာပါ။ ဒုက္ခ၏ အကြောင်းသည် လောဘပါ၊ ရသမျှ နည်းအမျိုးမျိုးလှူဖို့ ခွဲခြင်းဝေဖန်သူမှာ ဒေါသဖြစ်စရာ အခွင့်အလမ်း နည်းပါးသည်။ ဖြောင့်မတ် ရိုးသားသူများသည် ဒိုးဒိုးဒေါက်ဒေါက် ဒဲ့ တိုးပြောတတ်ပါသည်။
လူချွန် လူကောင်း အသိ (၀ိဇ္ဇာ)နဲ့ အကျင့် စရဏ တထပ်တည်းကျပြီး ပြောသလိုလုပ်တတ်၍ အသိနှင့်အကျင့်ပြည့်ဝကုံလုံသော အပေါင်းအစုအားကို မြင်လိုကြည်ညိုလိုပါသည်။ လူချွန်လူကောင်း ခေါင်းဆောင်တယောက် စံနမူနာပြု အတုလိုက်သူများ၏ စုပေါင်းအားကို ကြည်ညိုစွာ ရိုသေစွာ ခင်မင်စွာ နှစ်သက်ဂုဏ်ပြုဖွယ် အဖြစ် ချွန်နိုင်ကြပါစေ….ကောင်းနိုင်ကြပါစေ။
မိုးမခ မီဒီယာ
Posted by ဆူးအေမီ on 2:33 AM in | No comments
သိလိုနေကြသော လုပ်ငန်းနှစ်ခု၏ အမည်နာမများကို ထုတ်ပြန်လိုက်ပြီ ဖြစ်သည်။ နော်ဝေ အခြေစိုက် Telenor နှင့် ကာတာ အခြေစိုက် Ooredoo (အူရီဒု)။ သူရဦးရွှေမန်း ခေါင်းဆောင်သော ပြည်သူ့လွှတ်တော်နှင့် ဆက်သွယ်ရေးဆိုင်ရာ အငြင်းပွားဖွယ်ရာ ကိစ္စရပ် အချို့အကြား ကမ္ဘာ့ ခေတ်အနောက်ကျဆုံး ဆက်သွယ်ရေးစနစ် ပိုင်ဆိုင်ထားသော မြန်မာဈေးကွက် သို့ဝင်ရန် ယင်းကုမ္ပဏီနှစ်ခု၏ အမည်ကို တင်ဒါကော်မတီက ဇွန်လ ၂၇ ရက်နေ့ ညနေပိုင်းတွင် ကြေညာလိုက်ခြင်း ဖြစ်သည်။
လုပ်ပိုင်ခွင့် သက်တမ်းကို ၁၅ နှစ် ချထားပေးပြီး ယင်းကုမ္ပဏီနှစ်ခု သတ်မှတ်ချက်အတိုင်း တစ်စုံတစ်ရာ မလုပ်ဆောင်နိုင်ပါက အစားထိုးနိုင်ရန် ပြင်သစ် Orange ကုမ္ပဏီနှင့် Marubeni တို့ကိုမူ အရန်အဖြစ် ရွေးချယ်ထားသည်။
ဘယ်လိုရွေးသလဲ
မြန်မာနိုင်ငံ အတွင်းရှိ တိုင်းရင်းသား လက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေး တည်ဆောက်ရေး လုပ်ငန်းစဉ်များတွင် အထောက်အပံ့များ ပေးလျက်ရှိသော နော်ဝေနိုင်ငံ၏ ရှယ်ယာ ထက်ဝက်ကျော် ပိုင်ဆိုင်ထားသော Telenor နှင့် အာရပ်ကမ္ဘာမှ ကာတာ အစိုးရပိုင် Ooredoo တို့ကို ချထားပေးမှုကြောင့် တင်ဒါကြေညာချက် ထုတ်ပြန်ပြီးနောက် လူထုအကြား စောကြောမှုများစွာ ရှိလာခဲ့သည်။
သို့သော် တင်ဒါကော်မတီ ဥက္ကဋ္ဌ ဦးဆက်အောင်က ယင်းကိစ္စများနှင့် တင်ဒါ ရွေးချယ်မှု ဆက်စပ်မှု မရှိကြောင်း ရှင်းလင်း ပြောဆိုသည်။
“(ရွေးချယ်ရာမှာ) အကူအညီရယ်၊ အစိုးရချင်း ဆက်ဆံရေးရယ်၊ ဘာသာရေးရယ်ကို လုံးဝထည့်မတွက်ဘူး” ဟု ၎င်းက ဆိုသည်။
အမြင်ရှုထောင့် ဒိုင်မန်းရှင်း ရှစ်မျိုး၊ စံသတ်မှတ်ချက် နှစ်ရာကျော်ဖြင့် ဆက်သွယ်ရေးလုပ်ငန်း လုပ်ပိုင်ခွင့်ကို စိစစ်ရွေးချယ်ခြင်း ဖြစ်ပြီး အသေးစိတ်ကို မကြာမီ ရှင်းလင်း ထုတ်ပြန်သွားမည် ဖြစ် ကြောင်း ဆက်သွယ်ရေး အော်ပရေတာလုပ်ငန်း တင်ဒါခေါ်ယူရေး ကော်မတီဥက္ကဋ္ဌ ဦးဆက်အောင်က ရှင်းပြသည်။
“အပြင်မှာ Marketing တွေ ဘယ်လိုလုပ်လုပ်၊ ဘယ်လို ကတိတွေပေးပေး အဲဒါတွေကို မူတည်ပြီး ရွေးတာ မဟုတ်ဘူး။ လုပ်ထုံးလုပ်နည်းနဲ့ပဲ လုပ်သွားတာ” ဟု သူကဆိုသည်။
အဆိုပါ ကုမ္ပဏီများသည် အစိုးရပိုင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် တပ်မတော်ပိုင် MEC Tel တို့ ပူးပေါင်းထားသည့် Myanmar Telecom၊ ပြည်တွင်းတွင် ဆက်သွယ်ရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်နေသည့် ကုမ္ပဏီများ စုပေါင်းထားသော ရတနာပုံ ဆက်သွယ်ရေးကုမ္ပဏီ တို့နှင့် လူဦးရေ သန်း ၆၀ ကျော်ရှိသော နိုင်ငံအတွင်း ဆက်သွယ်ရေး ဝန်ဆောင်မှုတိုက်ပွဲ ဆင်နွှဲရတော့မည် ဖြစ်သည်။
ပြည်တွင်းတွင် လက်ဝါးကြီးအုပ် လုပ်ကိုင်နေသော မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် အများပိုင် ကုမ္ပဏီအဖြစ် ပြောင်းလဲရန် ပြင်ဆင်နေသော ရတနာပုံတယ်လီပို့ ကုမ္ပဏီတို့အတွက် ကြီးမားသော စိန်ခေါ်မှုလည်း ဖြစ်သည်။
မြောက်ဥက္ကလာပ မြို့နယ်မှ အသက် ၃၀ အရွယ် လခစား ဝန်ထမ်းတစ်ဦး ဖြစ်သူ ကိုဖြိုးဝေဦး အတွက်မူ မည်သည့်ကုမ္ပဏီ လုပ်ကိုင်ခွင့်ရသည် ဖြစ်စေ ကိစ္စမရှိ။
“အဓိကကျတာက ဖုန်းဈေးနှုန်း သက်သာဖို့ရယ်။ ခေါ်ဆိုခတွေလည်း သက်သာဖို့ရယ်ပဲ” ဟု ၎င်းကဆိုသည်။
သူစိုးရိမ်နေသကဲ့သို့ မြန်မာနိုင်ငံတွင် ကမ္ဘာ့အံ့ဖွယ် ဖုန်းကတ်ဈေးနှုန်းကား ဖြစ်စရာမရှိတော့။ မည်သည့် ကုမ္ပဏီ၊ လုပ်ငန်းက ဖုန်းပြောဆိုခ အသက်သာ အကြည်လင်ဆုံး၊ ဝန်ဆောင်မှု အကောင်း ဆုံး ပေးနိုင်ဆိုမည်ကိုသာ စောကြောရဖွယ် ရှိသည်။
တင်ဒါဝင်ရောက် ယှဉ်ပြိုင်စဉ်က ကုမ္ပဏီအချို့က ဝန်ဆောင်မှုလုပ်ငန်း လုပ်ခွင့်ရလျှင် ကျသင့်မည့် ဖုန်းပြောခ နှုန်းထားကို ထုတ်ဖော် ပြောဆိုခဲ့သော်လည်း ယခု တင်ဒါအောင်ထားသည့် ကုမ္ပဏီများ ကမူ ကြိုတင် ပြောဆိုထားခြင်း မရှိသေးပေ။
Telenor - ဘယ်လိုဝန်ဆောင်မှုပေးမလဲ
နော်ဝေအစိုးရ၏ ရှယ်ယာ ၅၄ ရာခိုင်နှုန်း ပိုင်ဆိုင်သော Telenor ကုမ္ပဏီက လူတိုင်း မိုဘိုင်းလ်လ်ဖုန်း၊ ဆက်သွယ်ရေး ဝန်ဆောင်မှုများကို လွယ်ကူအဆင်ပြေ သက်သာစွာ ကိုင်ဆောင် သုံးစွဲခွင့် ရရှိစေရ မည်ဟု ကတိပေးထားသည်။
အဆိုပါ ကုမ္ပဏီသည် မြန်မာနိုင်ငံ ပတ်ဝန်းကျင်ရှိ ထိုင်း၊ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ မလေးရှား အစရှိသော နိုင်ငံတို့တွင် ဆက်သွယ်ရေး ဝန်ဆောင်မှုများ ဆောင်ရွက်နေပြီး ထိုင်းနိုင်ငံတွင် မြန်မာဘာသာ၊ မွန်ဘာသာတို့ဖြင့် ဆက်သွယ်ရေး ဝန်ဆောင်မှု ပေးခြင်းနှင့် Call Center များဖြင့် ဝန်ဆောင်မှု ပေးခြင်းတို့ ဆောင်ရွက်နေသည်။
“လက်ရှိ ပြဿနာတွေကို ဖြေရှင်းပြီး ဘယ်လို လုပ်ရကိုင်ရမယ် ဆိုတာကို သိပြီးသား ဖြစ်တဲ့အတွက် မြန်မာနိုင်ငံ အတွက်လည်း ဒီလိုလုပ်ဆောင်ပေးနိုင်မယ် ထင်ပါတယ်။ မြန်မာနိုင်ငံမှာလည်း မိုဘိုင်းလ်လ် ဆက်သွယ်ရေးကြာင့် လူတွေ အကျိုးအမြတ်ရအောင် ကူညီချင်ပါတယ်” ဟု Telenor OuuX Jon Fredrik Basksaas နေပြည်တော်တွင် ပြုလုပ်သော ကမ္ဘာ့စီးပွားရေး ဖိုရမ်တွင် The Voice နှင့် သီးသန့် တွေ့ဆုံစဉ် ပြောကြားထားသည်။
တစ်နိုင်ငံလုံး တာဝါတိုင် တစ်သောင်း စိုက်မည်။ မြန်မာ့ဆက်သွယ်ရေး ကဏ္ဍကို ကမ္ဘာ့အဆင့်မီရန် မြန်နှုန်းမြင့် မိုဘိုင်းလ်ဖုန်း အင်တာနက်စနစ် HSPA နှင့် LTE (4G) နည်းပညာများကို အသုံးပြုသွားမည်ဟု တင်ဒါ အောင်မြင်ပြီးနောက် Telenor က ကြေညာခဲ့သည်။
မိုဘိုင်းလ် ကွန်ရက်ကို ငါးနှစ်အတွင်း တစ်နိုင်ငံလုံး ဖြန့်ကျက်နိုင်ရန် စီစဉ်ထားပြီး ဆက်သွယ်ရေး ဝန်ဆောင်မှုများကို ၂၀၁၄ ခုနှစ် ဒုတိယသုံးလပတ် (ဧပြီမှ ဇွန်လ) အတွင်း စတင်ဖြန့်ဖြူး ရောင်းချနိုင်သွားမည်ဟု ဆိုသည်။
ဝန်ထမ်း ခန့်ထားရန်နှင့် ရေရှည် မွေးထုတ်ရန် ထိုင်းနိုင်ငံ ဘန်ကောက်ရှိ တယ်လီနော်ပိုင် dtac ကုမ္ပဏီ သင်တန်းကျောင်းတွင် မြန်မာ သင်တန်းသားများ လက်ခံသွားမည် ဖြစ်ပြီး မြန်မာနိုင်ငံသား အများစုကို အလုပ်အကိုင် ဖန်တီးပေးမည် ဖြစ်ကြောင်း မြန်မာနှင့် လိုက်ဖက်သော ကုမ္ပဏီ အမည်တစ်ခု ထပ်ပေးမည်ဆိုသည့် Telenor က ဆိုသည်။
ထိုင်းတွင် dtac ဟု အမည်တပ်ထားသည်။
သို့သော် dtac က ထိုင်းနယ်မြို့များတွင် လိုင်းမကောင်း။ ပြတ်တောင်းပြတ်တောင်း ဖြစ်လေ့ရှိကြောင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ တက္ကသိုလ်ကျောင်းသူ တစ်ဦးက ပြောကြားသည်။ “dtac က မြို့ပေါ်မှာ လိုင်းကောင်းတယ်” ဟု ၎င်းကဆိုသည်။
Ooredoo ဘာလုပ်မလဲ
ယခင် Q tel နှင့် Qatar Telecom အမည်ရခဲ့သော Ooredoo မှာ ကာတာ နိုင်ငံပိုင် ဆက်သွယ်ရေး ကုမ္ပဏီဖြစ်ပြီး ကာတာနိုင်ငံ ဒိုဟာတွင် အခြေစိုက်သည်။
ဈေးကွက်အတွင်း ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၅ ဘီလီယံ ရှိပြီး လက်ရှိဝန်ဆောင်မှု သုံးစွဲသူ ၉၁ သန်းကျော် ရှိကြောင်း Ooredoo က တင်ဒါအောင်ပြီးနောက် ထုတ်ပြန်သော သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စကာတင်စာရင်း ဝင်ခဲ့သော်လည်း အခြားဆက်သွယ်ရေး ကုမ္ပဏီများကဲ့သို့ မဟုတ်ဘဲ တချိန်လုံး တိတ်ဆိတ်နေခဲ့သော အာရပ် ကမ္ဘာ့အခြေစိုက် Ooredoo မှာ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း တင်ဒါ အောင်ပြီးနောက် “အလွန်အမင်း စိတ်လှုပ်ရှား” နေကြောင်း ဆိုခဲ့သည်။
Ooredoo ၏ ပြည်တွင်းပြည်ပ အတွေ့အကြုံများနှင့် ဗဟုသုတများကို မြန်မာနိုင်ငံအတွင်း ယခင်နှင့် မတူသော မိုဘိုင်းလ်ကွန်ရက် အသစ်တစ်ခုကို ဖန်တီးပြီး သုံးစွဲသူများထံ လွယ်ကူပြီး ဆန်းသစ် သောအရာများ ပို့ဆောင်ပေးရေး ထိရောက်စွာ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း Telenor နောက် အတန်ငယ် နောက်ကျမှ ထုတ်ပြန်ခဲ့သော သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Ooredoo ၏ ရင်းနှီးမြုပ်နှံမှုမှ တဆင့် အလုပ်အကိုင် အခွင့်အလမ်းများစွာ ဖန်တီးပေးသွားမည့်အပြင် ၎င်းနှင့် ဆက်စပ်နေသော အရောင်းမြှင့်တင်ရေး၊ ကုန်ပစ္စည်း ဖြန့်ချိရေး၊ ဝန်ဆောင်မှုလုပ်ငန်း စသော နယ်ပယ်များတွင်လည်း အလုပ်အကိုင် အခွင့်အလမ်း မြောက်မြားစွာကို ဖန်တီးပေးသွားမည်ဟု ယင်းထုတ်ပြန်ချက်က ဆိုသည်။
“လူသားတွေရဲ့ လူမှုဘဝတွေ တိုးတက်မြင့်မားအောင် ဆောင်ရွက်ပေးမှာ ဖြစ်လို့ မြန်မာနိုင်ငံဟာ Ooredoo ရဲ့ အဓိကဈေးကွက် ဖြစ်လာမယ်လို့ အကြွင်းမဲ့ ယုံကြည်ပါတယ်” ဟု Ooredoo ၏ ဥက္ကဋ္ဌ Mr.Sheikh Abdullah Bin Mohammed Bin Saud Al-Thani က မြန်မာဈေးကွက်တွင် လုပ်ကိုင်ခွင့် တင်ဒါ အောင်မြင်ပြီးချိန်တွင် ပြောဆိုသည်။
အဆိုပါ ကုမ္ပဏီသည် နာမည်ကျော် အင်တာနက် ဖုန်းခေါ်ဆိုမှု Software များကို VOiP နှင့် Skype ကဲ့သို့သော ဝန်ဆောင်မှုများကို ပိတ်ပင် တားမြစ်ဖူးကြောင်း Wikipedia တွင် ဖော်ပြထားသည်။ Ooredoo ကို ကမ္ဘာ့ စတုတ္ထမြောက် လူဦးရေ အများဆုံး အင်ဒိုနီးရှားနိုင်ငံတွင် အဓိက အသုံးပြုသည်။
မြင်းလေးကောင်နှင့် မြန်မာ့အနာဂတ်
ကြော်ငြာအားကြောင့် မြန်မာလူထုအကြား ရေပန်းစားခဲ့သော Digicel ကမူ တင်ဒါမအောင်ခဲ့သည့် အတွက် စိတ်ပျက်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
Myanmar Telecom ငွေ၊ အရင်းအနှီးနှင့် နည်းပညာ ချို့တဲ့ဆဲ ဖြစ်သောကြောင့် ပြည်တွင်းပြည်ပ ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှုများ လက်ခံသွားမည်ဟု ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ဝန်ကြီး ဦးမြတ်ဟိန်းက ဆိုထားရာ တင်ဒါလက်လွှတ်ခဲ့ရသော ကုမ္ပဏီများ အနေနှင့် တင်ဒါလုပ်ပိုင်ခွင့်ရ ကုမ္ပဏီလေးခုအနက် တစ်ခုခုဖြင့် ချိတ်ဆက် လုပ်ကိုင်ရန် ကြိုးစားဖွယ်ရှိသည်။
ယခုအချိန်ထိတော့ မြန်မာနိုင်ငံရှိ တယ်လီဖုန်း သုံးစွဲနှုန်း သိပ်သည်းဆသည် အာဆီယံနိုင်ငံများတွင် ‘ဘိတ်ချီး’။ တစ်နိုင်ငံလုံး လူဦးရေ၏ ၉ ရာခိုင်နှုန်းသာ ရှိသည်။
ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနက သတ်မှတ်ထားသော စည်းမျဉ်းများအရ လုပ်ပိုင်ခွင့်ရထားသည့် ကုမ္ပဏီလေးခုသည် ၂၀၁၃ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း မိုဘိုင်းလ်ဖုန်း အလုံးရေ ၃၉ သန်းခွဲ ရောင်းချပေးနိုင်ရန် ရည်ရွယ်ထားပြီး ၂၀၁၃-၁၄ တွင် လိုင်း ၁၀ သန်း၊ ၂၀၁၄-၁၅ တွင် လိုင်း ၁၄ သန်း၊ ၂၀၁၅-၁၆ တွင် ၁၅ သန်းခွဲ တပ်ဆင်ပေးရမည် ဖြစ်သည်။
တစ်နည်းဆိုရသော် ပြည်တွင်း ကုမ္ပဏီနှစ်ခုနှင့် ပြည်ပကုမ္ပဏီနှစ်ခု စုစုပေါင်း မြင်းလေးကောင်ဖြင့် လင်းပွင့်စ မြန်မာနိုင်ငံ၏ လူမှုစီးပွားဘဝ တိုးတက်ရေး ဆက်သွယ်ရေး ကွန်ရက်ဖြင့် ဆွဲတင်နိုင်ရမည် ဖြစ်သည်။
သူမကြား၊ ကိုယ်မကြား ဆက်သွယ်ရေးစနစ်ဖြင့် နှစ်ပေါင်းများစွာ စခန်းသွားခဲ့ရသော မြန်မာပြည်သူများ၏ မျှော်လင့်ချက်ကို ဆွဲတင်ပေးရမည် ဖြစ်သည်။
“ပြည်သူတွေ ဈေးနှုန်းသက်သာစွာ သုံးနိုင်မယ်။ ပြည်သူတွေစိတ်ကြိုက် ရွေးချယ်သုံးစွဲနိုင်မယ်။ ဖုန်းသုံးစွဲမှု မြင့်တက်ရင် GDP တက်မယ်” ဟု တပ်မတော်(လေ) ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ဦးမြတ်ဟိန်းက ဆိုသည်။
မြန်မာနိုင်ငံတွင် လုပ်ကိုင်ခွင့်ရရေး တစ်ကမ္ဘာလုံးရှိ ထိပ်သီးလုပ်ငန်းများနှင့် ကျားကုတ်ကျားခဲ ယှဉ်ပြိုင် လုပ်ပိုင်ခွင့် ရရှိခဲ့သော Telenor နှင့် Ooredoo တို့ လုပ်ပိုင်ခွင့် ရရှိသည်နှင့် ၎င်းတို့ပေးအပ်မည့် ဝန်ဆောင်မှုများနှင့် ပတ်သက်၍ မြန်မာပြည်သူများကို ယေဘုယျ ကတိကဝတ်ပြု ပြောဆိုပြီး ဖြစ်သည်။
သို့သော်မည်သို့မျှ အားထုတ်ရန် မလိုဘဲ အရန်သင့် လုပ်ပိုင်ခွင့် တစ်နေရာစီ ရရှိပြီး ဖြစ်သည့် ပြည်တွင်း ကုမ္ပဏီနှစ်ခု ဖြစ်သည့် Myanmar Telecom နှင့် ရတနာပုံ ဆက်သွယ်ရေး ကုမ္ပဏီတို့မှာမူ တုပ်တုပ်မျှ မလှုပ်သေးပေ။ ကုမ္ပဏီများစတင် အခြေတည်စ ရှိသေးသည်။
တင်ဒါအောင်သည့် ပြည်ပကုမ္ပဏီများတွင် ပြည်တွင်း ဖက်စပ်ကုမ္ပဏီများ မပါရှိသည့်အတွက် ‘ပြည်တွင်းနည်းဖြင့် လူလည်ကျ ခံရနိုင်ချေ’ နည်းသည့်အတွက် ပိုမိုဝမ်းမြောက်ကြောင်း ဆိုလာသူမှာ ရန်ကုန် အခြေစိုက် ကုန်သည်တစ်ဦးဖြစ်သူ ဦးသက်နိုင်က ဖြစ်သည်။
“ဝန်ဆောင်မှုခြင်း အရမ်းကွာ၊ ပြောခချင်း အရမ်းကွာနေရင်တော့ အခုသုံးနေတဲ့ ဖုန်းကတ်ကို နောက်ဖေးမြောင်းထဲက ကန်စွန်းခင်းထဲ လွှင့်ပစ် လိုက်တော့မယ်” ဟု လက်ရှိ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ WCDMA ကို လက်ရှိ သုံးစွဲနေသူ ၎င်းက ဆိုလေသည်။
http://thevoicemyanmar.com
Wednesday, June 26, 2013
Posted by ဆူးအေမီ on 9:27 PM in | No comments
ကျွန်တော်ဒီနေ့တော့ ဘလော်ဂါများရဲ့ ကိုယ်စား နည်းနည်းလောက်ပြောချင်ပါတယ်
ကျွန်တော်တို့ မြန်မာနိုင်ငံက အခြားနိုင်ငံတွေထက် အစစအရာရာ နောက်ကျခဲ့တဲ့အလျောက်
နည်းပညာ ပိုင်းမှာလည်း အရမ်းကို နှောင့်နှေးပါတယ် လက်ရှိအချိန်ထိပေါ့
အဲဒီလို နည်းပညာပိုင်းအားနည်းမှုတွေကြောင့် တကယ်တော်သူတွေ
တကယ်ထက်မြက်သူတွေက မြန်မာနိုင်ငံမှာ အလုပ်မလုပ်ကြပါဘူး
သူတို့ ပညာနဲ့ တန်မယ့် လခကို ယူဖို့အတွက် အခြားသောတိုင်းပြည်ကို
ထွက်သွားကြပါတယ် ဒါပေမယ့် မြန်မာလူမျိုးတွေကိုတော့ သူတို့ တိုးတက်စေချင်ကြပါတယ်
ဒါကြောင့် သူတို့ သိတာလေးတွေကို မသိတဲ့သူတွေအတွက် ဝေမျှဖို့
blog တွေလုပ် website တွေ ရေး Facebook မှာ Group တွေဖွဲ့ပြီးတော့
လုပ်ပေးကြပါတယ်။ ဒါက သူတို့ရဲ့ အချိန်တွေတစ်စွန်းတစကို အခြားသူတွေအတွက်
ပေးဆပ်နေတာပါ မြန်မာပြည်ကနေဘလော့ရေးနေသူတွေလည်း အများကြီးပါ
လိုင်းကောင်းလို့ ဘလော့ရေးသူတွေရှိသလို လိုင်းမကောင်းပေမယ့်
မရရအောင် ဖုန်းဘေတွေအကုန်ခံပြီး အချိန်တွေ အကြာကြီးပေးဆပ်နေသူတွေလည်း
ကျွန်တော်အပါအ၀င်အများကြီးပါ နိုင်ငံခြားက ဘလော့တင်သူတွေက အင်တာနက်လိုင်းကောင်း
တော့အဆင်ပြေကြတယ် ငွေကြေးလည်း သိပ်မကုန်ကျပါဘူး။။
ကျွန်တော်တို့ကျတော့ ကောင်းတစ်ခါ မကောင်းတစ်လှည့်နဲ့
ရေးနေကြတာပါ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်သိတာလေးတွေကို အများကို မျှဝေစေချင်တဲ့
ဆန္ဒတွေနဲ့သာ လျှောက်လှမ်းနေကြတာပါ အဲဒီအတွက် ကျွန်တော်တို့မှာ
အချိန်တွေ ငွေကြေးတွေ အများကြီးရင်းနှီးထားရပါတယ်။ ကိုယ်ပိုင်အချိန်အချို့ကိုတောင်
လျစ်လျူရှုထားရပါတယ် .. ဒါက စေတနာတွေပေါ့
ဒါဆို ကျွန်တော်တို့ရော ဘာပြန်ရသလဲ ငွေမရပါဘူးဗျာ ဘလော်ဂါတိုင်းကိုမေးကြည့်ပါ
အခုအချိန်ထိ ဘလော့ကနေ ငွေဘယ်လောက်ရပြီးပြီလဲလို့
ငွေရဖို့ဒီအလုပ်တွေလုပ်နေတာမဟုတ်ပါဘူး ဒါပေမယ့် website ပေါ်မှာ
ကြော်ငြာတင်တာလေးတွေခေတ်စားတော့ မိမိဆိုဒ်လေးတွေ ဘလော့လေးတွေကို
အထိုက်အလျှောက်ကြော်ငြာလေးတွေ သွင်းထားခဲ့ကြတယ်
ငါတို့အတွက်တင်ပေးနေလို့ donate လေး လစဉ်လုပ်မယ်လို့လည်း
ပြောမယ့်သူတွေမရှိပါဘူး မရလို့ပြောတာမဟုတ်ပါဘူး ကျွန်တော်တို့မှာ
ဘာမှမရဘူးလို့ပြောချင်တာပါ ။။ ဘာမှမရရင်နေပါ ကျွန်တော်တို့တင်ပေးတာလေး
တွေ ထဲက မိမိအတွက် တစ်ခုခုလောက် အသုံးဝင်မယ် တစ်ခုခုလောက်ပိုသိသွားရင်ပဲ
ကျွန်တော်တို့ကျေနပ်လှပါပြီ။ နောက်ပြီး ရင်းနှီးမှုတွေ ပိုရလာတယ်။
အွန်လိုင်းပေါ်မှာ မိတ်ဆွေတွေ ပေါများလာတယ် ။ ဒါတွေက
ကျွန်တော်တို့အတွက် အမြတ်တွေပါ ငွေရတာမရတာ အသာထား
ဒီလိုမျိုး ခင်မင်ရင်းနှီးမှုရတာတွေက တကယ့်ကို ပျော်ရွှင်စေတာပါ
မိမိဘလော့လေး လူဝင်များနေရင် ကြိတ်ပီး ပီတိဖြာနေသူပါ။။
ကော်ပီပို့စ်တင်တယ်လို့ အချို့သူတွေက ဘလော်ဂါတွေကို
ပြောကြပါတယ် ဟုတ်ပါတယ် အားလုံးက copy တွေပါ
ဘယ်သူက စဦး တီထွင်ခဲ့လို့လဲ ကိုယ့်ဆိုဒ်မှာတင်ထားတာတွေက
ကျွန်တော်တို့ကိုယ်တိုင် တီထွင်ခဲ့တဲ့ ဆော့ဝဲတွေလား
နည်းပညာတွေလား မဟုတ်ပါဘူး ဒီလိုပဲ တစ်ဆင့်ခြင်း လက်ဆင့်ကမ်း
ယူလာခဲ့ကြတာပါ ဘယ်လိုပဲဖြစ်ဖြစ် ကော်ပီတင်သူလည်း
သူ့မှာအချိန်တွေတော့ ပေးဆပ်ရတာပါပဲ ။။ ဒါလေးတော့ သိစေချင်ပါတယ်ဗျာ။
ကျွန်တော် အဓိကပြောချင်တာကတော့ အွန်လိုင်းမှာ ဘလော့ရေးနေတာ
အားယားနေလို့မဟုတ်ကြပါဘူး ကိုယ်ပိုင်အလုပ်တွေရှိကြပါတယ်။
အဲဒီလူတွေရဲ့ စေတနာကို ကျေးဇူးမတင်ရင်နေပါ မစော်ကားကြပါနဲ့
မြန်မာစကားပုံလိုပေါ့ " ကျေးဇူးမတင်ဖင်လှန်ပြ" ဆိုသလိုတော့
မလုပ်ကြပါနဲ့ အဲဒီပြဿနာတိုင်းက ဘလော်ဂါတွေခံစားရပါတယ်
အချို့သူများဆိုလျှင် အဲဒီအရာတွေကို စိတ်နာပြီး ဘလော့တောင် မရေးကြတော့ပါဘူး။
အားလုံးရဲ့ ကိုယ်စားကျွန်တော် မေတ္တာရပ်ခံချင်ပါတယ်။
မိမိအတွက် တစ်စုံတစ်ခုမှမရရင်နေပါ မဆဲပါနဲ့ရိုင်းဆိုင်းတဲ့
စကားမျိုးတွေ မပြောကြပါနဲ့ တစ်ခါ ကျွန်တော့် page လေးမှာ
windows 8 မှာ screen shot အလွယ်ရိုက်နည်းလေးတင်ပေးဖူးပါတယ
အောက်မှာ လူတစ်ယောက် ကော်မန့်တက်လာတယ်
"အခုမှ လာဟောင်နေတယ် ဒီကဖြင့်ရိုက်လွန်းလို့ ကီးဘုတ်ခလုတ်တွေတောင်ပျက်နေပီ"
တဲ့ သူ့စကားက မဆဲပေမယ့် စော်ကားသလိုဖြစ်နေပါတယ်
ကျွန်တော်သူတစ်ယောက်တည်းအတွက် တင်ပေးနေတာမဟုတ်ပါဘူး
မသိသူတွေ အများကြီးရှိကြပါတယ် မိမိက သိနေတယ်ဆိုရင်
အဲဒီရေးသားသူတွေရဲ့ ဘလော့တွေ page တွေကို ၀င်မကြည့်ပါနဲ့
ကိုယ်နဲ့မှ မဆိုင်တာ ကိုယ့်လောက်မသိသူတွေ ရေးနေတဲ့ဘလော့ကို
ကိုဝင်ကြည့်စရာမလိုဘူးလေ အဲလိုပဲနေပေးပါ ၀င်ကြည့်ပြီး
အပစ်ကြီးပဲ ဆိုမယ်ဆိုရင် လူတိုင်းမှာ အပြစ်တွေတစ်ပုံကြီးပါ
အဲဒီအပြစ်တွေပြောသူတွေကရော တကယ်အပြစ်ကင်းကြတယ်ပေါ့
ဘယ်လိုပဲဖြစ်ဖြစ် မိမိက သူများလိုမလုပ်နိုင်ရင်နေပါ
လုပ်ပေးနိုင်သူတွေကို မစော်ကားပါနဲ့လို့ အွန်လိုင်းမှာ
မျှဝေနေသူတွေ အားလုံးရဲ့ ကိုယ်စားကျွန်တော် အောင်ကျော်ခိုင် ကပဲ
တောင်းပန်ပါရစေခင်ဗျာ။။
အောင်ကျော်ခိုင်(ပုသိမ်)
www.aungkyaw.net
Friday, June 21, 2013
Posted by ဆူးအေမီ on 1:03 AM in | No comments
လျှပ်စစ်တွေ ထုတ်တယ်၊
ပြည်သူအများစု မသုံးရဘူး။
ဆန် စပါးအများကြီး စိုက်တယ်၊
ပြည်သူတွေ ဝဝလင်လင်မစားရဘူး။
တိုင်းတစ်ပါးသားတွေ ကျူးကျော်နေတာကြာပြီ၊
ခြံစည်းရိုးမရှိဘူး။
ဆင်းရဲလို့
မိန်းမငယ်လေးတွေ သူများနိုင်ငံမှာ
ပြည့်တံဆာအလုပ် အစေခံအလုပ်တွေ သွားလုပ်နေရတယ်၊
ချမ်းသာအောင် မလုပ်ဘူး။
စစ်သည်သုံးသိန်းရှိတယ်၊
သောင်းကျန်းသူတွေကို မနှိမ်နင်းနိုင်ဘူး။
ပညာတတ်တွေ အများကြီးထွက်တယ်၊
အသုံးမချတတ်ဘူး။
ကျောက်တွေ ကတ္တရာတွေ အများကြီးရှိတယ်၊
လမ်းတွေ မကောင်းဘူး။
Saturday, June 15, 2013
Posted by ဆူးအေမီ on 4:05 AM in | No comments
ဒီမေးခွန်းကို လွန်ခဲ့သည့် ၂ နှစ်ကျော်ကာလက မေးခဲ့လျှင်တော့ အခြေအနေက တစ်မျိုးဖြစ်ပေလိမ့်မည်။ သို့ သော် ယနေ့တပ်မတော်ကို လူဟောင်းများက ဦးဆောင်နေခြင်း မဟုတ်တော့။ ခိုင်မာသည့် စည်းကမ်း စည်းမျဉ်းများဖြင့် အသစ်အသစ်သော ခေါင်းဆောင်များက ပြောင်းလဲ အုပ်ချုပ်နေကြပြီ ဖြစ်သည်။ နိုင်ငံ သား တိုင်း သည် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းရန် တာဝန်ရှိပေသည်။ နိုင်ငံတကာမှ အ သက် အရွယ် ပြည့်ပြီး သူတိုင်း စစ်မှုထမ်းဖူးကြသည်။ သို့ပါဆိုလျှင် မြန်မာနိုင်ငံတွင် နေထိုင်ပြီး အသက်သာ တဖြည်းဖြည်းကြီးလာ ကာ စစ်မှုမထမ်းဖူးသည့် သင့်အတွက် မြန်မာစစ်သား တစ်ယောက်ဖြစ်ဖို့ အဆင် သင့်ဖြစ် ရဲ့လား ဆိုသည့် အမေးကို ဖြေကြည့်ဖို့ လိုအပ်ပေသည်။
စစ်သား တစ်ယောက်ဖြစ်ဖို့ သင်သည် အသက် ၁၈ နှစ်ပြည့်ပြီး ပြည်ထောင်စု နိုင်ငံသား ဖြစ်ရမည် ဖြစ် သည်။ ကလေး စစ်သား ပြဿနာသည် အတိတ်မှာ ကျန်ခဲ့ပြီ ဖြစ်သည်။ တပ်သားစုဆောင်းရေး ကို စနစ် တကျ လေ့ ကျင့်ထားခြင်း မရှိသူများ၏ လုပ်ဆောင်ချက်ကြောင့် ကလေးစစ်သားများ ရှိခဲ့ရသည်။ ယနေ့ အချိန် တွင်တော့ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ဆောင်ရွက်နေ သည် မို့ အသက် ၁၈ နှစ် မပြည့် သည့် စစ်သား မလိုအပ်တော့။ အဖေက ဒုက္ခသည်၊ အမေက ဒုက္ခသည် ကျွန်တော်လည်း ဒုက္ခသည် ဆိုပါက ဒီစာကို ဆက်မ ဖက်တာက အကောင်းဆုံး ဖြစ်ပေလိမ့်မည် ဖြစ်သည်။
ကျန်းမာသန်စွမ်းရမည်။ နေရာဒေသ မရွေးတာဝန် ထမ်းဆောင်နိုင်ရမည် ဖြစ်သည်။ ကိုယ်လက်အင်္ဂါ အစုံ အလင် ရှိရမည်။ ရာသီမရွေး ကြမ်းတမ်းသော တာဝန်ထမ်းဆောင်ရမည်မို့ ကျန်းမာ သန်စွမ်းဖို့လည်း လို အပ် သည်။ တောင်ပေါ် မြေပြန့် မခွဲခြားဘဲ တာဝန်ပေးရာ နေရာတွင် တာဝန်ထမ်းဆောင်ရမည်မို့ အမေ့ ရင် ခွင်မှ မခွဲ နိုင်သူ ဖြစ်ပါက အဆင်ပြေမည် မဟုတ်ပါ။
Thursday, May 23, 2013
Posted by ဆူးအေမီ on 7:18 AM in | No comments
အရင်က ဗိုလ်ချုပ်လွန်းမောင် အခု ဦးလွန်းမောင် (ဓာတ်ပုံ – ဧရာဝတီ)
စစ်စွပ်ကျယ်၊ ပုဆိုးခါးတောင်းကျိုက်နဲ့ ရေသန့် ၆ ဘူးတကတ်တွဲ ၂ တွဲကို လက်တဘက်တချက် ကိုင်ထားရင်း နဖူးကချွေးတွေကို လက်မောင်းရင်းနဲ့ ခပ်ကြမ်းကြမ်း သုတ်လိုက်သူကတော့ တချိန်က စစ်အစိုးရလက်ထက် တနိုင်ငံလုံးရဲ့ စာရင်းစစ်ချုပ် ရာထူးကို ပိုင်ဆိုင်ခဲ့ဖူးသူ အရင်က ဗိုလ်ချုပ်လွန်းမောင် ဆိုပြီး နာမည်ကျော်ခဲ့သူပဲ ဖြစ်ပါတယ်။
ရေသန့်ဘူးတွေကို ရေခဲသေတ္တာထဲ အစီအရီ ထည့်ဖို့ပြင်နေတဲ့ အသက် ၆၀ ကျော်အရွယ် ဦးလွန်းမောင်ရဲ့ ပုံစံဟာ တချိန်က ဘုန်းမီးနေလ ထွန်းတောက်ခဲ့သူ သူတဦးလို့ ထင်စရာ မရှိပါဘူး။ လက်ရှိအချိန်မှာတော့ ထမင်းဆိုင်ပိုင်ရှင် ဦးလွန်းမောင် အဖြစ်နဲ့ မွန်ပြည်နယ် ဘီးလင်းမြို့မှာ အခြေချနေပါပြီ။
ဦးလွန်းမောင်ဟာ ရေခဲသေတ္တာထဲကို ရေသန့်ဘူးတွေ အစီအရီထည့်ပြီး မကြာခင်မှာပဲ ထမင်းစားပွဲခုံ အလုံး ၄၀ ကျော်ကို ရေစိုအ၀တ်နဲ့ လိုက်လံ သုတ်နေပြန်ပါတယ်။ ဘေးက ကြည့်နေသူတွေကတော့ သူ့အသက်အရွယ်နဲ့ မလိုက်အောင် လုပ်ကိုင်နေပုံကို အံ့သြနေပုံရပါတယ်။
အင်တာနက်စာမျက်နှာ ပေါ်မှာ ဗိုလ်ချုပ်ဟောင်း လွန်းမောင်တယောက် ထမင်းဆိုင် ဖွင့်ထားတယ်၊
Wednesday, May 1, 2013
Posted by ဆူးအေမီ on 10:07 PM in | No comments
တာဝန်မဲ့ အွန်လိုင်းကွန်ယက်များနှင့် ၀က်ဆိုက်များက မုန်းတီးမှုနှင့် အဖျက်လုပ်ငန်းများ တိုးပွားလာအောင် မီးလောင်ရာ လေပင့်ခဲ့ကြသည်။
မကြာမီက လွတ်လပ်ခွင့်ရလာသော မြန်မာနိုင်ငံ၏ အင်တာနက်မှ ၀က်ဆိုက်နှင့် လူမှုကွန်ယက် စာမျက်နှာများတွင် ယခုအခါ ၀ါဒဖြန့်ချီရေးက ရှောင်မလွတ်နိုင်အောင် ဖြစ်လာနေသည်။ တပ်မတော်ကို ထောက်ခံခြင်း သို့မဟုတ် မူဆလင်များကို အလုံးစုံဆန့်ကျင်ခြင်း၊ မီဒီယာများကို တိုက်ခိုက်ခြင်းနှင့် ဒေါ်အောင်ဆန်းစုကြည်ကို ဆဲဆိုဝေဖန်ခြင်းတို့က Facebook စာမျက်နှာများနှင့် ဘလော့ဂ်များပေါ်တွင်ပြည့်နှက်နေသည်။
ဤလမ်းကြောင်းကို မည်သူတွေက ဖန်တီးလုပ်ကိုင်နေကြသည် ဆိုခြင်းကို တိတိကျကျ သိရှိရန် မဖြစ်နိုင်သော်လည်း ပါဝင်သော အကြောင်းအရာနှင့် ရုပ်ပုံတွေက ရေးသားသူများကို မှန်းဆနိုင်ဖို့ သဲလွန်စတွေ ထုတ်ပေးထားသည်။ အများစုက နိုင်ငံတော်အလံ၏ ပုံရိပ်ကို သုံးလေ့ရှိကြပြီး ကျန်သည့်သူတွေကတော့ ပြင်ဦးလွင် စစ်တက္ကသိုလ် အ၀င်ဝတွင်ထားရှိသော စစ်ဘုရင်တပါး၏ ရုပ်ထုပုံကို နှစ်ချိုက်စွာ အသုံးပြုကြသည်။
မျက်မြင်သိနိုင်သည့် အကြောင်းအရာ မဟုတ်သော်လည်း သူ့အနေဖြင့် ထိုဝက်ဆိုတ်အများစုကို စစ်ဖက်က လုပ်ကိုင်နေသည်ဟု ခံစားရကြောင်း ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်ခဲ့သော ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး  ဦးအာစရိယက ပြောသည်။
“စစ်ဘုရင်တွေဆိုတာ စစ်တပ်ကို ကိုယ်စားပြုတယ်လေ၊ ဒီတော့ သူတို့တွေက စစ်တပ်နဲ့ တနည်းနည်းနဲ့ ပတ်သက်မှု ရှိရမယ်” ဟု သူက ဆို၏။
Myanmar ICT for Development Organisation ၏ အမှုဆောင် ညွှန်ကြားရေးမှုး ဖြစ်ပြီး ဘလော့ဂါ တဦးလည်းဖြစ်သူ နေဘုန်းလတ်က ဘလော့ဂ် အများအပြားသည် အစိုးရ ၀ါဒဖြန့်ချီရေး လမ်းကြောင်းများဖြစ်သည်ဟု ယုံကြည် ကြောင်း ပြောသည်။ အချို့သော အုပ်စုများသည် သတင်းအချက်အလက်များကို အင်တာနက်ပေါ်သို့ လျှင်မြန်စွာ တင်ပို့ ဖြန့်ချီနိုင်ကြသည်မှာ သံသယဖြစ်ဖွယ် ကောင်းသည်ဟု သူကဆို၏။ အထူးသဖြင့် ဆူပူမှုဖြစ်စေရန်လှုံ့ဆော်သော အကြောင်းအရာများဖြစ်သည်။
“အဲဒီဆိုက်တွေမှာ နိုင်ငံတော်အလံနဲ့ နေပြည်တော်ရဲ့ဓါတ်ပုံတွေ တင်ထားကြတယ်။ နောက်ပြီး သူတို့ရဲ့ သတင်းအများစုက အစိုးရ ၀က်ဆိုက်တွေကသတင်းတွေ”ဟု နေဘုန်းလတ်က ပြောသည်။
သံသယဖြစ်ဖွယ်ကောင်းသည်မှာ မှန်သော်လည်း ထိုဝက်ဆိုက်များ၏ နောက်ကွယ်တွင် မည်သူရှိနေသည်ကို တိကျစွာ သက်သေပြရန် ခက်ခဲနေသေးသည်ဟုလည်း ဆိုသည်။
“ဒီအဖွဲ့တွေက လမ်းကြောင်း နှစ်ခုကိုသုံးတယ်၊ ပထမတခုက လူမျိုးရေး ဘာသာရေးအုပ်စုတွေကြားမှာ ပဋိပက္ခတွေ ဖြစ်အောင် သွေးထိုးလှုံ့ဆော်တဲ့ သတင်းအချက်အလက်တွေ ဖြန့်ဖို့၊ နောက်တခုက သူတို့ကို ထောက်ခံအားပေးတဲ့သူတွေနဲ့ ဆက်သွယ်ဖို့သုံးတယ်” ဟု သူက ဆက်ပြောသည်။
ရေးသူ မသိရှိရသည့် ၀က်ဆိုက် ၁၀ခုကို အလွတ်သဘော လေ့လာကြည့်သည့်အခါ ထိုဆိုက်အားလုံးတွင် စစ်တပ်ကိုထောက်ခံခြင်း၊ မူဆလင်ဆန့်ကျင်ရေးနှင့် နိုင်ငံရေးအတိုက်အခံများကို ဆန့်ကျင်တိုက်ခိုက်ခြင်း စသော အကြောင်းအရာများ ပါဝင်ကြသည်။ ဒေါ်အောင်ဆန်းစုကြည်၊ မင်းကိုနိုင်၊ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့နှင့် အခြား သြဇာရှိသော လူ့အခွင့်အရေးလှုပ်ရှားသူများမှာ သူတို့ အဓိကထားပြီး ပြောဆို တိုက်ခိုက်ခြင်း ခံကြရသူများဖြစ်သည်။
ဝင်ရောက်ကြည့်ရှုသူများကို ဆွဲဆောင်နိုင်ရန်အတွက် ၎င်းဝက်ဆိုက်များသည် ညစ်ညမ်းဓါတ်ပုံနှင့် ရုပ်ရှင်များ၊ အတင်းအဖျင်းများနှင့် လိင်ကိစ္စ ဦးစားပေးသော ကောလဟာလများကို ဖော်ပြကြသည်။ ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်ခံရစဉ်အတွင်း ကလေးတယောက်မွေးခဲ့သည် ဆိုသောသတင်းမျိုးသည်လည်း ထိုအထဲတွင် တခု အပါအ၀င်ဖြစ်သည်။
လူသိများသော ၀က်ဆိုက်တခုမှာ Myanmarexpress.net ဖြစ်ပြီး ၎င်းကို ၂၀၁၁ ခုနှစ် ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချိန်မှ လွတ်မြောက်လာသည်နှင့် မရှေးမနှောင်းမှာ တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ရုရှားနိုင်ငံ မော်စကိုမြို့တွင် မှတ်ပုံတင်ထားသော ထိုဝက်ဆိုက်အား စတင် ဖန်တီးခဲ့ချိန်မှစ၍ အကြိမ်ရေ ၂၂သန်းကျော် ၀င်ရောက်ကြည့်ရှုမှု ရှိခဲ့သည်။
ထိုသို့သော ၀က်ဆိုက်များ၏ နောက်တွင် စစ်တပ်ရှိနေနိုင်သည်ဆိုသည့် ယူဆချက်ကို ပိုမိုလေးနက်စေသည့် အကြောင်းတခုမှာ သတင်း နည်းပညာနှင့် ပတ်သက်၍ အဆင့်မြင့်သင်တန်းများ တက်ရောက်ထားသူ အမြောက်အများ တပ်မတော်တွင်းမှာ ရှိနေသောကြောင့်ဖြစ်သည်။
အစိုးရ၏ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနသည် ရုရှားတက္ကသိုလ်များတွင် ပညာသင်ကြားရန် ၂၀၀၁ ခုနှစ်မှစ၍ ၂၀၁၀-၂၀၁၁ စာသင်နှစ်အထိ နှစ်စဉ် လူငါးရာခန့် စေလွှတ်ကြောင်း Anton Khlopkov နှင့် Dmitry Konukhov တို့က ၂၀၁၁ခုနှစ်ထုတ် Nuclear Club journal ဂျာနယ်တွင်ရေး သားသော “ရုရှား၊ မြန်မာနှင့် နျူကလီယား နည်းပညာ” ဆောင်းပါးတွင် ဖော်ပြထားသည်။ ရုရှားတက္ကသိုလ်များသို့ မြန်မာနိုင်ငံမှ ကျောင်းသားစေလွှတ်မှုက အခြားသောနိုင်ငံများ ထက် ပို၍များသည်။
မြန်မာနိုင်ငံ၏ ထိပ်တန်းနည်းပညာကျောင်းများမှ ဘွဲ့ရရှိသူများရှိနေသော်လည်း ရုရှားတွင် ပညာသင်ကြားရန် စေလွှတ်ခြင်း ခံရသူ အများစုမှ စစ်ဖက်မှ ဗိုလ်နှင့် ဗိုလ်ကြီးအဆင့် အရာရှိများသာဖြစ်သည်ဟု သတင်းများက ဆိုသည်။
စိုင်းသိန်းဝင်းသည် စစ်တပ်မှ ဗိုလ်မှူးဟောင်းတယောက်ဖြစ်ပြီး အစိုးရ၏ သံသယဖြစ်ဖွယ်ရာ နျူကလီးယားလက်နက် အစီအမံများကို ကမ္ဘာသိအောင် ဖွင့်ဟထုတ်ဖေါ်ပြော၍ ၂၀၁၀ တွင် မြန်မာနိုင်ငံမှ ထွက်ပြေးခဲ့သူဖြစ်သည်။ ယခုအခါ နော်ဝေနိုင်ငံ၌ နေထိုင်သော စိုင်းသိန်းဝင်းက ၂၀၁၁ က သူ၏ အီးမေးလ်ကို ဖောက်ထွင်းဝင်ရောက်ခံလိုက်ရပြီးနောက် သူ၏ ပုဂ္ဂိုလ်ရေးအချက်အလက်များကို Myanmarexpress.net တွင် ဖော်ပြထားသည်ကို တွေ့ရကြောင်း ပြောသည်။
သူ၏ နည်းပညာ ကျွမ်းကျင်မှုကို အသုံးပြု၍ ဖောက်ထွင်းဝင်ရောက်သူကို ခြေရာခံထောက်လှမ်းခဲ့ရာ စစ်ဖက်က လူတယောက် ဖြစ်နေသည်ကို တွေ့ရကြောင်း စိုင်းသိန်းဝင်းကပြောသည်။
“အဲဒီလူက ရုရှားမှာ ကျောင်းတက်သွားတဲ့ စစ်တပ် အရာရှိတယောက်ပါ၊ မြန်မာနိုင်ငံကနေ သူ အသုံးပြုတဲ့ IP လိပ်စာကိုပါ ကျနော်ပြောပြနိုင်ပါတယ်” ဟု သူကဆိုသည်။
စိုင်းသိန်းဝင်းက Myanmar Express နှင့် Opposite Eyes ကဲ့သို့သော ၀က်ဆိုက်များသည် အစိုးရ အဖွဲ့အစည်းများနှင့် ဆက်သွယ်မှု ရှိသည် ဆိုသည်မှာ အလွန်သိသာကြောင်း ဆက်ပြောသည်။
“သူတို့ဆီမှာတင်နေတဲ့ ဓာတ်ပုံတွေ သတင်းအချက်အလက်တွေက အပြင်မှာမရှိဘဲ ရဲဖက် နဲ့ စစ်ဖက်မှာပဲ ရနိုင်မယ့်ဟာမျိုးတွေ၊ ဒီလိုဆိုက်တွေကို တည်ထောင်ရတဲ့ ရည်ရွယ်ချက်က ဒေါ်အောင်ဆန်းစုကြည်လို၊ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့လို ပုဂ္ဂိုလ်မျိုးတွေအပေါ်မှာ လူထုအမြင် ဆန့်ကျင်ဖက် ပြောင်းသွားအောင်လုပ်ဖို့ပဲ၊ ရခိုင်လိုမျိုး မိတ္ထီလာလိုမျိုး ဘာသာရေး ပဋိပက္ခတွေ ဖြစ်လာရင်လည်း ပိုကြီးထွားအောင်ဝင်မွှေ ကြတယ်” ဟု စိုင်းသိန်းဝင်းက ဆိုသည်။
Friday, April 12, 2013
Posted by ဆူးအေမီ on 1:00 AM in | No comments
၁၃၅၁ ခုနှစ် မဟာသင်္ကြန်အကြို နေ့၌ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဥက္ကဋ္ဌ ဦးတင်ဦး(ယခင်)၏ မိန့်ခွန်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
ကြွရောက်လာကြတဲ့ ကျောင်းသား ပြည်သူ၊ ရဟန်းရှင်လူများခင်ဗျား။ ဗုဒ္ဓ ဘာသာမြန်မာလူမျိုးတို့ရဲ့ နှစ်သစ်ကူးနေ့ မှာ၊ ဗမာလူမျိုးတိုင်း၊ ဗုဒ္ဓဘာသာဝင်တိုင်း ဟာ၊ ဒီနေ့ ဒီရက်ကို နေ့ထူးနေ့မြတ်ထား ပါတယ်။ ကျွန်တော်တို့ ဗုဒ်္ဓမြန်မာနိုင်ငံ တော်ရဲ့၊ ဗမာလူမျိုးများအနေနဲ့ မိမိတို့ရဲ့ ရိုးရာအလိုက်၊ ယခုလိုနှစ်သစ်ကူးတဲ့အခါ မှာ၊ နှစ်ဟောင်းတုန်းကဖြစ်ပျက်ခဲ့ရတဲ့ စိတ်ဆင်းရဲမှု၊ စိတ်မချမ်းသာမှု၊ စိတ်ထဲ မှာ ဒေါသဖြစ်ခဲ့ရမှု စသည်တို့ဟာ နှစ် ဟောင်းနဲ့ အတူတကွ ပါသွားပြီးတဲ့ နောက်၊ ယခုလို နှစ်သစ်ကူးတဲ့နေ့မှာ လာမယ့်နှစ်အတွက် ကျွန်တော်တို့မြန်မာ့ ရိုးရာထုံးတမ်းစဉ်လာအရ ဒီအချိန် ဒီ အခါမှာ ရှေ့နှစ်ကောင်းမှာ မင်္ဂလာ အပေါင်းနဲ့ ခညောင်းပြည့်စုံပါစေလို့ဆိုတဲ့ စိတ်နဲ့ ရှေ့မှာ စိတ်ချမ်းသာမှု၊ ပျော်ရွှင် မှု၊ ၀မ်းမြောက်မှု၊ အောင်မြင်မှု စသည် တို့ကို ရည်စူးပြီးတော့ ဒီလိုသင်္ကြန်ပွဲတော် မျိုးကို ကျင်းပခြင်းဖြစ်ပါတယ်။
သင်္ကြန်ဆိုတဲ့ အဓိပ္ပာယ်က နှစ် ဟောင်းက အတွေးအခေါ်ဟောင်းများ တို့သည် အားလုံး နှစ်ဟောင်းနဲ့အတူ ပြီးဆုံးခဲ့ပြီဖြစ်၍ နှစ်သစ်ကိုကူးတဲ့အခါ မှာ မိမိတို့အတွက် ကောင်းသောအကြံ အစည်၊ ကောင်းသော အလုပ်အကိုင်၊ မင်္ဂလာရှိသော အပြုအမူစသဖြင့် ဒါတွေ ကို တိုးပွားစေဖို့ဆိုတဲ့အနေနဲ့ ရည်ရွယ်ပြီး တော့ ဒီလိုပွဲမျိုးကို ကျင်းပခြင်းဖြစ်ပါ တယ်။ ဒီလိုကျင်းပတဲ့အခါမှာ သင်္ကြန်ဆို တဲ့ စိတ်ဓာတ်နဲ့ ဒီလိုအချိန်အခါမျိုးမှာ နှစ်ဟောင်းတုန်းက အညစ်အကြေးတွေ ကို ရေနဲ့ဆေးကြောပြီးတဲ့နောက်၊ လူသစ် စိတ်သစ်အဖြစ် နှစ်သစ်ကူးကို ကြိုဆိုကြ တာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့လဲ ပြီးခဲ့ တဲ့နှစ်ဟောင်းတုန်းက တွေ့ကြုံခဲ့ကြတဲ့ အနိဌာရုံအားလုံးဟာ အားလုံး ပြီးမြောက် ပြီးတဲ့နောက် လာမယ့်နှစ်အတွက် အဲဒါ တွေ စိတ်ဓာတ်ထက်သန်စွာဖြင့် ကျင်းပ ကြမှာဖြစ်ပါတယ်။ အဲဒီလို ကျင်းပကြတဲ့ အခါ ကျွန်တော်တို့ ရိုးရာအရဆိုရင် ဒီလို ရေပက်ခြင်းကိုအကြောင်းပြုပြီးတော့ ဒီ အချိန်၊ ဒီအခါ၊ ဒီလိုနေ့မျိုးမှာ ဘယ်သူက မှ စိတ်ဆိုးရခြင်း၊ အကြမ်းဖက်ရခြင်း မလုပ်ရပါဘူး။ အမှန်ကတော့ ဒီလိုအချိန် မျိုးမှာ စိတ်တိုတယ်၊ စိတ်ဆိုးတယ်ဆို တာ စိတ်ထဲမှာ မခံချင်အောင်ဖြစ်တယ်။ စတယ်ဆိုတဲ့ သဘောတရားတွေကို ကင်းပြီးတော့ ဒီလိုဆက်ဆံပြီးလုပ်ရတဲ့ ဟာမျိုးဖြစ်ပါတယ်။ ဒီတော့ အလားတူပဲ၊ မိမိတို့ရေပက်ပြီး အပျော်ကစားတဲ့အခါ မှာ ပျော်ရွှင်မှုနဲ့ပတ်သက်ပြီး အဆုံးသတ် ရန်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်တာဖြစ်ပါ တယ်။
အလားတူပဲ အခြားအခြားသော တာဝန်ရှိတဲ့ ပုဂိ္ဂုလ်အစိတ်အပိုင်းတွေ ကလဲပဲ၊ ဒီလိုနေ့မှာ မြန်မာ့ရိုးရာအတွက် ပျော်ကြတာပဲ။ နှစ်သစ်ကူးအတွက် အင် မတန်ကောင်းမြတ်တဲ့ အခြေအနေမျိုးကို ကြိုဆိုကြရမှာပဲဆိုပြီးတော့ သည်းခံကြ ရပါတယ်။ ဒီအချိန်အခါမှာ ရိုးရာအရ အားလုံးသည်းခံကြရမှာဖြစ်ပါတယ်။ ဒါ ကြောင့်မို့လို့၊ သည်းခံတယ်ဆိုတဲ့ အပေါ် မှာ မူတည်ပြီးတော့၊ ဒီနေ့အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့၊ ကျွန်တော် တို့အဖွဲ့ချုပ်ရဲ့ သင်္ကြန်အဖြစ်၊ အခုလာ မယ့် ကြိုဆိုတာဖြစ်ပါတယ်။
အဲဒီလိုကြိုဆိုတဲ့အခါမှာလဲပဲ ကျွန် တော်တို့ဟာ သံချပ်အားဖြင့် အဆိုအက အားဖြင့် ဖျော်ဖြေကြမှာဖြစ်ပါတယ်။ ဒီလိုဆိုတယ်၊ ကတယ် ဖျော်ဖြေတယ်ဆို တာဟာ ဓလေ့ထုံးတမ်းစဉ်လာ မိမိတို့ ရိုးရာအရ ဖျော်ဖြေတာဖြစ်ပါတယ်။ ဒီလို ပြုလုပ်တဲ့အခါမှာ ပြောတာဆိုတာနဲ့ ပတ် သက်တဲ့အရာအားလုံးဟာ အရင်တည်း ကလည်း အစဉ်အလာရှိခဲ့ပါတယ်။ နိုင်ငံ တော်မှာ တာဝန်ရှိတဲ့အစိုးရပိုင်းကဖြစ်တဲ့ ပုဂိ္ဂုလ်တွေကိုသော်လည်းကောင်း၊ မိမိတို့ နဲ့ပတ်သက်လို့ ပြောင်စရာ၊ လှောင်စရာ ရှိတဲ့ပုဂိ္ဂုလ်တွေကိုလည်းကောင်း၊ မိမိတို့ရဲ့ ရင်ထဲမှာ ပြောစရာရှိတဲ့ပုဂိ္ဂုလ်တွေကို လည်းကောင်း၊ ပြောကြ၊ ဆိုကြတယ်ဆို တာဟာ သင်္ကြန်ရဲ့ အနှစ်သာရသာ ဖြစ် ပါတယ်။ ဒါကြောင့်မို့လို့ ဒီအနှစ်သာရ ဖြစ်တဲ့ပွဲမှာ ကျွန်တော်တို့တာဝန်ရှိတဲ့ အစိတ်အပိုင်းများကလဲပဲ မူးယစ်မှု၊ ရန် ဖြစ်မှု၊ အကြမ်းဖက်မှုဆိုတာတွေကို မဖြစ် နိုင်အောင် တာဝန်ရှိတဲ့ပုဂိ္ဂုလ်တွေက ထိန်းသိမ်းပြီးတဲ့ နောက်တစ်ဖက်ကလည်း သင်္ကြန်ပြိုင်ပွဲမှာ သံချပ်ပြိုင်ကြတယ်ဆို တာတို့ ကျွန်တော်တို့ရဲ့ ဓလေ့ထုံးတမ်း စဉ်လာအရ ပြောတယ်၊ ဆိုကြတယ်၊ ခနဲ့ ကြတယ်၊ ရိကြတယ်၊ ဝေဖန်ကြတဲ့ သဘောဟာ မြန်မာလူမျိုးတို့ရဲ့ ဒီအချိန်၊ ဒီအခါမှာ ပြုလုပ်လေ့ပြုလုပ်ထဖြစ်တဲ့ ရိုးရာဓလေ့ထုံးစံဖြစ်ပါတယ်။ ဒီလိုဟာမျိုး မှာ အားလုံးလူတွေဟာ သည်းခံခြင်းဆို တဲ့ တရားကို လက်ခံပြီးတော့ အင်မတန် အကျိုးရှိသော အခြေအနေတွေကို ဖန်တီးကြရပါတယ်။ ဒါကြောင့်မို့လို့ ကျွန် တော် ဒီမှာမေတ္တာရပ်ခံချင်တာက လာ ရောက်ပြီးတော့ ဖျော်ဖြေကြတဲ့ပုဂိ္ဂုလ် တွေအားလုံးသော်လည်းကောင်း၊ ကြည့် ရှုနေကြတဲ့လူတွေသော်လည်းကောင်း၊ တာဝန်ထမ်းတဲ့နေရာမှာ ခိုက်ရန်ဒေါသ ဖြစ်မှု၊ ရမ်းကားမှု၊ မူးယစ်မှုဆိုတဲ့အကြောင်း တွေနဲ့ ပတ်သက်ပြီးတော့ မဖြစ်ပွားရ အောင် ပြည်သူလူထုဟာ ဥပဒေနဲ့အညီ ထိန်းသိမ်းရမယ့် တာဝန်များအရသာ ထိန်းသိမ်းဖို့ဖြစ်ပါတယ်။ ကျန်တဲ့ကိစ်္စနဲ့ ပတ်သက်တဲ့အပိုင်းကတော့ ဒီလိုအခြေ အနေမျိုးမှာ မိမိတို့ရဲ့ ပြောတာဆိုတာ ရင်ဖွင့်တာတွေဆိုတဲ့ ဥစ်္စာဟာ သင်္ကြန်ရဲ့ အနှစ်သာရသာဖြစ်ပါတယ်။ ဒီလိုဟာမျိုး ဟာ အထိုက်အလျောက်ရှိမှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ တတ်နိုင်သမျှ ကျွန်တော် တို့ဟာ ထုတ်ပြန်ထားသော ဥပဒေများ အတွင်းထဲကနေ ပြီးတော့ ဒီပျော်ပွဲရွှင်ပွဲ ဖြစ်မြောက်အောင်၊ အထမြောက်အောင် အားလုံးပျော်ရွှင်စွာနဲ့ လုပ်ကိုင်သွားမည် ဖြစ်ကြောင်း ဒီနေရာမှာ ပြောကြားပြီး ဖြစ်ပါတယ်။
ဒါကြောင့် ဆက်လက်ပြီးတော့ ကြွ ရောက်လာကြတဲ့ ကျောင်းသား၊ ပြည်သူ၊ ရဟန်းရှင်လူအပေါင်းဟာ ကျွန်တော်တို့ အဖွဲ့ချုပ်က ဒီနေ့ပြိုင်မယ့် သင်္ကြန်ပြိုင်ပွဲ မှာ တခဲနက်ပျော်ပျော်ရွှင်ရွှင် ၀မ်းမြောက် ၀မ်းသာအားပေးခြင်းဖြင့် အခုပွဲကြီးကိုဖြင့် သံချပ်ပွဲ၊ သင်္ကြန်ပွဲ အခမ်းအနားကို စတင်ကြောင်း ပြောကြားရင်း နိဂုံးချုပ် ပါတယ်ခင်ဗျား။
လွမ်းရောင်သန်း
http://www.hotnewsweekly.com
Sunday, April 7, 2013
Posted by ဆူးအေမီ on 10:48 PM in | No comments
ပျံလေတဲ့ငှက်ခါး နားမှသိမယ်
ဒေါက်တာဓမ္မပိယ (ITBMU)၊ ဧပြီ ၈၊ ၂၀၁၃
            ဧပြီ (၆)ရက်နေ့က ရန်ကုန်ကို ပြန်ရောက်တယ်။ သိကြတဲ့အတိုင်းပဲ အေးတဲ့နိုင်ငံများကနေ မြန်မာ ပြည်ကို ပြန်လာသူတိုင်း ကြုံလေ့၊ ကြုံထရှိတဲ့ အတွေ့အကြုံလေးတစ်ခု။ လေယဉ်ပေါ်ကအထွက် လေဆိပ်ထဲကို တန်းမရောက်နိုင်ပဲ လှေခါးမှဆင်းပြီး စောင့်ကြိုနေတဲ့ ကားပေါ်ကို တက်ရတယ်။ ဒီအခါမှာ ပူလောင်လှတဲ့ ရာသီဥတုဒဏ်က ရုတ်တရက်ကြီးဆိုတော့ အတော်ကို ပူတယ်လို့ ခံစားရတယ်။ တချို့များဆို ရွှေလင်းပန်းနှင့် ချင်းဆေးထားတဲ့ ဘုရင့်သားလေးတွေ၊ သမီးလေးတွေပမာ ဆွေ့ဆွေ့ခုံပြီး သူတို့ပဲ အပူဒဏ်ကို ခံစားနေရသလို  အမူအရာမျိုးနဲ့ပေါ့။ ဘယ်ပဲဖြစ်ဖြစ် တကယ်တမ်းပြောရမယ်ဆိုရင်တော့ - ပူနိုင်ရန်ကော မြန်မာပြည်ကြီး ရယ်ပေါ့  … ။
            စာရေးသူအတွက်တော့ မြန်မာပြည်ကြီးကို သံယောဇဉ်ကြီးလွန်းသူမို့ အပူဒဏ်ကို မငြီးငြူလိုတော့ပါ။ ဒါပေမဲ့ ပြန်လာခါစပဲရှိသေးတာမို့ အပူအအေးမျှတလှတဲ့ ကာလီဖိုးနီးယားပြည်နယ်က ဖရီးမောင့်မြို့လေးကို ချက်ခြင်းဆိုသလိုပဲ ပြန်လည်သတိရမိတယ်။ ပြီးတော့ စိတ်ထဲမှာလည်း ဖရီးမောင့်မြို့လေးကို တိတ်တခိုးလေး လွမ်းမိတယ်။ ̏ဖရီးမောင့်မှာဆိုရင် ဒီအချိန်မှာ ဇိမ်ပဲပေါ့˝။ ဒါပေမဲ့ အသံထွက်အောင်တော့ မညီးညူခဲ့ပါ။ ညဉ်းညူးနေရမဲ့အချိန်အခါမျိုးလည်း မဟုတ်လို့ပါ။  
            လေယဉ်ပေါ်ကဆင်းလာတဲ့ ခရီးသည်တွေထဲမှာ ပြည်ပရောက် မြန်မာပြည်ဖွားတွေ အများကြီး ပါနေတာတွေ့ရလို့  ၀မ်းသာမိခြင်းပါ။ အသွင်ကူးပြောင်းဆဲကာလမှာ မြန်မာပြည်ကိုပြန်လာပြီး ဘာစီးပွားရေး လုပ်ရင် ကောင်းမလဲဆိုတဲ့ စီးပွားလုပ်လိုတဲ့စိတ်ထားနဲ့ ပြန်လာသူတိုင်းကို တကယ်ပဲ ကျေးဇူးတင်နေမိခြင်းပါ။ ယုတ်စွအဆုံး အလည်သက်သက်ပဲ ပြန်လာသူများကိုပင် ကျေးဇူးတင်နေမိခြင်းပါ။ ဘာကြောင့်လဲဆိုရင် တိုင်းပြည်ကို ဒီမိုကရေစီစနစ်နှင့် အသွင်ကူးပြောင်းဆဲကာလမှာ တိုင်းပြည်စီးပွားရေးအတွက် ရင်းနှီးမြှုပ်နှံလိုသူ နိုင်ငံခြားသားများနှင့် အိပ်က်စ်မြန်မာ (ex-Myanmar)များပါ တိုင်းပြည်ကို ရောက်လာကြတယ်ဆိုတော့ တိုင်းပြည်ကို ဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားအားထုတ်နေကြတဲ့ နိုင်ငံတော်အကြီးအကဲများအတွက် အင်းအား သစ်များ ဖြစ်လာနိုင်ခြင်းပါ။ ဘာပဲဖြစ်ဖြစ် မြန်မာပြည်ကို အလည်ပြန်လာရင်း အခြေအနေကို သုံးသပ်မိလို့ မြန်မာပြည်မှာ ပြန်ပြီး စီးပွားးလုပ်ကိုင်လိုတဲ့ တချို့ ex-Myanmar များကို တွေ့ရတော့ ၀မ်းသာမိတယ်လို့ ပြောလိုက်ခြင်းပါ။
            သို့သော် တစ်ခုတော့ ကြိုတင်ပြီးမှာထားပါရစေ။ မြန်မာပြည်ကို ပြန်လာတဲ့အခါ ယခုလောလောဆယ် အင်မီဂရေးရှင်း (immigration) ဌာနမှ ထတ်ပြန်ထားတဲ့မူအရ အိက်က်စ်မြန်မာ (ex-Myanmar) များအတွက် မြန်မာပြည်ကို ပြန်လာတဲ့အခါ (ယခုစာ ရေးသားနေချိန်အထိ) အရိုက်ဗယ်ဗီဇာ (Arrival Visa) ကို လေဆိပ်မှာ ထုတ်မပေးသေးကြောင်း၊ ဆိုလိုတာက လေဆိပ်မှာ အရိုက်ဗယ်ဗီဇာကို အိက်က်စ်မြန်မာများအတွက် မရနိုင်ကြောင်း သိထားစေလိုရင်းပါ။ ပြောချင်တာက မြန်မာပြည်ကို ပြန်မလာခင်တည်းက သက်ဆိုင်ရာသံရုံးမှ ပြည်ဝင်ခွင့်ဗီဇာကို ကြိုတင်လျှောက်ထားခဲ့ကြဖို့ပါ။ ဘာကြောင့် ဒီလိုကြိုတင်ပြောထားရသလဲဆိုရင် လေယဉ်ကွင်းရောက်မှ အရိုက်ဗယ်ဗီဇာကို ထုတ်မပေးရကောင်းလားလို့ ရွှေစိတ်တော်များ ညိုမှာစိုးလို့ပါ။
Search Our Site