Ads

ကြော်ငြာ

Tuesday, April 2, 2013

Posted by ဆူးအေမီ on 2:56 AM in | No comments
IMG_20130329_162821
မြန်မာနိုင်ငံအတွင်း ပြည်ပ  နိုင်ငံများမှ ဧည့်သည်များအား  ဆွဲဆောင်စေနိုင်သော သမိုင်း အမွေအနှစ်များ များစွာရှိပြီး လူ  သိများသော အမွေအနှစ်၊အ ဆောက်အဦးများကိုသာ ထိန်းသိမ်း   မှုပြုကြကာ လူသိနည်းသော နေရာများရှိ သမိုင်းအမွေအနှစ်  များမှာ ပျက်စီးယိုယွင်းလျက်ရှိ   နေသောကြောင့် ယင်းတို့အား   စနစ်တကျထိန်းသိမ်းမှုမပြုခြင်းက   ယဉ်ကျေးမှုဝန်ကြီးဌာန၏ အား နည်းချက်တစ်ခုဖြစ်ကြောင်း သမိုင်းလေ့လာသူတစ်ဦးကဆို သည်။
““မြန်မာနိုင်ငံကြီးက သမိုင်း    အမွေအနှစ်တွေကို ကမ္ဘာနိုင်ငံ တွေက အရမ်းစိတ်ဝင်စားကြ တယ်။ ၀န်ကြီးဌာနအနေနဲ့ကလဲ  သေသေချာချာစနစ်တကျကို ထိန်းသိမ်းပါတယ်။ ဒါပေမယ့် ထိန်းသိမ်းတယ်ဆိုတဲ့ထဲမှာ လူသိ များတဲ့ ပုဂံတို့၊ဘာတို့ လိုနေရာ    မျိုးကသမိုင်းအမွေအနှစ်တွေပဲထိ ရောက်မှုရှိတယ်။ လူသိပ်မသိတဲ့   နေရာတွေမှာလည်း သမိုင်းအမွေ   အနှစ်တွေရှိနေပါတယ်။ ဒါတွေနဲ့  ပတ်သက်ပြီးတော့ ထိန်းသိမ်းကာ  အရမ်းအားနည်းတယ်။ ဥပမာ  ကျိုက်ခေါက်ဘုရားသွားလို့ရှိရင်   တွေ့ရတဲ့ တောင်ငူဘုရင် နတ် သျှင်နောင်နဲ့ဝန်ကြီးပဒေသရာဇာ    တို့ သင်္ချိုင်းဂူတွေဆို အရမ်းယို ယွင်းပျက်စီးနေတာ။ ဒါတွေကို စနစ်တကျထိန်းသိမ်းသင့်တယ်။   စနစ်တကျထိန်းသိမ်းမယ်။ ပစ်မ ထားဘူးဆိုရင် ဒါဟာ မြန်မာပြည်  အတွက် ဂုဏ်တစ်ခုပဲ နိုင်ငံခြား
သားတွေကလာကြည့်ပြီး မြန်မာ   တွေက သူတို့ရဲ့စံပြပုဂ်္ဂိုလ်တွေ အပေါ် ရိုသေသိတတ်ကြပါလား ဆိုပြီး လေးစားကြလိမ့်မယ်။ ခုဟာက နတ်သျှင်နောင်တို့ ၀န် ကြီးပဒေသရာဇာတို့ဆိုတာလည်း  မြန်မာလို ကမ္ဘာသိအောင် စွမ်း  ဆောင်ခဲ့သူတွေပဲ။သူတို့ရဲ့ အုတ်ဂူ   တွေအထိမ်းအမှတ်တွေကိုစနစ် တကျထိန်းသိမ်းသင့်တာပေါ့။ဒီ   သမိုင်းဝင်အထိန်းအမှတ်နှစ်ခုထဲ   ကိုပြောတာမဟုတ်ဘူး။နောင် တစ်နိုင်ငံလုံးက လူသိနည်းတဲ့ သမိုင်းဝင်အထိန်းအမှတ်တွေကို ရည်ရွယ်ပြီးပြောချင်တာ””ဟု အဆိုပါပုဂ်္ဂိုလ်မှ ပြောကြားသွား ခဲ့သည်။
ယဉ်ကျေးမှုဝန်ကြီးဌာနအနေ ဖြင့်လည်း သမိုင်းအမွေအနှစ်များ  လက်ရှိထိန်းသိမ်းလျက်ရှိနေသော် လည်း လူသိနည်း၍ မြို့ပြနှင့် ဝေးသော နေရာများရှိ သမိုင်းဝင်    အမွေအနှစ်များကိုမူ စနစ်တကျ     ပြုပြင်ထိန်းသိမ်းခြင်းတွင်အားနည်း   မှုရှိနေကြောင်း လေ့လာသိရှိရ သည်။

ခန့်ခန့်(ဒဿနိက)

0 comments:

Search Our Site