Ads

ကြော်ငြာ

Thursday, April 25, 2013

Posted by ဆူးအေမီ on 9:18 PM in | No comments
ရန်ကုန် ရွှေဈေးကွက်အတွင်း အရပ်ဝယ်လက်များက ဧပြီ ၂၅ ရက်နေ့တွင် ပြန်လည်ရောင်းချ မှုများ ရှိလာကြောင်း ရွှေကုန်သည်များထံမှ သိရသည်။

“သင်္ကြန်အပြီး နှစ်ဆန်းရက်တွေကတည်းက ရွှေဈေးကွက်ထဲမှာ ရွှေဈေးအနိမ့်ကြောင့် အရပ် ဝယ်လက်တွေ ဆက်တိုက်ရှိခဲ့တာ ဧပြီ ၂၄ ရက်နေ့ အထိပါပဲ။ ဒီနေ့ကျတော့ အရပ်ဝယ်လက်တွေ ပြန်ထုတ်ရောင်းလာကြတယ်” ဟု ရွှေကုန်သည် ဦးစံမြင့် က ပြောသည်။

ဧပြီလ ၂၂ ရက် ကမ္ဘာ့ရွှေဈေးမှာ ၁ အောင်စလျှင် ၁,၄၂၂ ဒေါ်လာဖြင့် ဖွင့်ခဲ့ပြီး ညနေတွင် ၁,၄၇၃ ဒေါ်လာတွင် ရှိခဲ့သည်။ ပြည်တွင်းရွှေဈေးမှာ ၁ ကျပ်သားလျှင် ကျပ် ၇၁၉,၅၀၀ ဖြင့် ဈေးဖွင့်ခဲ့ပြီး ညနေ အပိတ်ဈေးမှာ ကျပ် ၇၁၄,၅၀၀ ဖြစ်ခဲ့သည်။ ဧပြီ ၂၃ ရက်တွင် ကမ္ဘာ့ရွှေ အဖွင့်ဈေးမှာ ၁,၄၂၂ ဒေါ်လာ ဖြစ်ခဲ့ပြီး ညနေတွင် ၁,၄၀၈ ဒေါ်လာတွင် ရှိနေသည်။ ပြည်တွင်း ရွှေဈေးမှာ ကျပ် ၇၁၂,၆၀၀ ဖြင့် ဖွင့်ခဲ့ပြီး ကျပ် ၇၀၃,၀၀၀ ဖြင့် ပိတ်ခဲ့သည်။

“၂၄ ရက်နေ့အထိ နယ်စပ်ဘက်က အခေါက်ရွှေ ရန်ကုန်ဈေးကွက်ကို အဝင်ပုံမှန်ရှိခဲ့ပြီး ၂၅ ရက်မှာ ကမ္ဘာ့ရွှေဈေး ၁,၄၄၆ ဒေါ်လာနဲ့ အဖွင့်ရှိခဲ့လို့ အဝင်မရှိခဲ့ပါဘူး။ အရပ်ဝယ်လက် ပြန်ထုတ်ရောင်းတာက သူတို့ဝယ်ထားတဲ့
ဈေးနဲ့ပိုမြတ်မယ်ဆိုရင် ထုတ်ရောင်းတာပါပဲ” ဟု ဦးအေး က ဆက်ပြောသည်။

ဧပြီလ ၂၄ ရက်နေ့ ညနေတွင် ကမ္ဘာ့ရွှေ ၁ အောင်စလျှင် ၁,၄၂၈ ဒေါ်လာဖြင့် ရှိနေပြီး ပြည်တွင်း ရွှေဈေးမှာ ကျပ် ၇၀၂,၅၀၀ ဖြင့် ပိတ်ခဲ့သည်။

ဧပြီလ ၂၅ ရက်တွင် ပြည်တွင်းရွှေဈေးမှာ ကျပ် ၇၀၆,၀၀၀ ဖြင့် ဈေးဖွင့်ခဲ့ကြောင်း စုံစမ်းသိရသည်။

(မဇ္ဈိမ)။

0 comments:

Search Our Site