|
ပခုက္ကူဦးအုံးဖေ
တည်ထောင်သော ပခုက္ကူစာပေဆုများကို နှစ်စဉ်ချီးမြှင့်လျက်ရှိရာ ၂ဝ၁၂
ခုနှစ်အတွက် ပခုက္ကူစာပေဆု ရရှိသူများ၏ အမည်စာရင်းကို သက်ဆိုင်ရာမှ ဧပြီလ
၂၂ရက်နေ့က ထုတ်ပြန်ကြေညာသည်။ ကဗျာပေါင်းချုပ်ဆုတွင် မြေလတ်မင်းလွင်
ရေးသားသည့် ''ချိုးငှက်ပျိုပျို ကူသံချိုကဗျာများ'' စာမူက ဒုတိယ၊
မောင်စောထွန်း (ကျောင်းကုန်း) ရေးသားသည့် ''တို့မြေရေ တို့ချစ်သည်နှင့်
အခြားကဗျာများ'' စာမူက တတိယ၊ ဝတ္ထုရှည်ဆုတွင် တင့်ထွန်း(ချောက်) ရေးသားသည့်
''မနက်ဖြန်များစွာသို့တိုင်'' စာမူက တတိယ၊ ဝတ္ထုတို ပေါင်းချုပ်ဆုတွင်
မောင်ခြိမ့် ရေးသားသည့် ''ဓူဝံကြယ်လား လက်ဖဝါးထဲမှာ ရသဝတ္ထုတိုများ'' စာမူက
ပထမ၊ သွဲ့ထားညို (သက္ကလ) ရေးသားသည့် ''ဆောင်းပေါင်မိုး အမှတ်တရဝတ္ထုတိုများ''
စာမူက ဒုတိယ၊ ရန်ကုန်ဌေးဇော် ရေးသားသည့် ''သူဋ္ဌေးဝတ္ထုတိုပေါင်းချုပ်''
စာမူက တတိယ၊ ကျမ်းစာပေဆုတွင် မောင်မောင်ချစ်ဦး(မုံရွာ) ရေးသားသည့်
''မြန်မာ့ဆင်ဖြူတော်'' စာမူက ဒုတိယ၊ ဇင်မင်း(သမိန်ထော) ရေးသားသည့်
''အနုသုခုမ သမိုင်းစဉ်မှ မြန်မာ့ဂီတ တီးဝိုင်းများ'' စာမူက တတိယ၊ သုတေသန
စာပေဆုတွင် မောင်မောင်နန်းနွယ် ရေးသားသည့် ''မြတ်နိုးဖွယ်ရာ
တောင်ဦးသဲကျောက် အနုပညာ'' စာမူက ပထမ၊ သန်းထွန်း (မော်လမြိုင်) ရေးသားသည့်
''ခေတ်သမိုင်းအခြေပြ ဗုဒ္ဓဆင်းတုတော်များ'' စာမူက ဒုတိယ၊ မောင်ယဉ်လှိုင်း
(ပျဉ်းမမြိုင်) ရေးသားသည့် ''ရွှံ့မီးဖုတ် အုတ်အလှပန်း အလင်္ကာ'' စာမူက တတိယ
အသီးသီး ရရှိကြသည်။ ပခုက္ကူမြို့၌ ဖွင့်လှစ်ထားသည့် ပခုက္ကူဦးအုံးဖေ
စာကြည့်တိုက်သို့ ရောက်ရှိခဲ့သော ၂ဝ၁၂ ခုနှစ်အတွင်း ထုတ်ဝေခဲ့သည့်
စာအုပ်များအနက် ၂ဝ၁၂ ခုနှစ်အတွက် စာကြည့်တိုက် စာအုပ်ဆုကို စာရေးဆရာမ
သျှီ(အင်ကြင်း) ရေးသားသည့် ''ဘူးထဲကရေ'' စာအုပ်က ရရှိကြောင်း သိရသည်။ ၂ဝ၁၂
ခုနှစ် ''တစ်သက်တာ စာပေဆု'' ကို စာရေးဆရာကြီး ဦးဘသန်း(မဟာဝိဇ္ဇာ)က ရရှိသည်။
ပခုက္ကူဦးအုံးဖေ တည်ထောင်သော ပခုက္ကူစာပေဆု အမျိုးသားယဉ်ကျေးမှုနှင့်
အနုပညာတက္ကသိုလ် ပညာသင်ဆုများအတွက် အမျိုးသားယဉ်ကျေးမှုနှင့်
အနုပညာတက္ကသိုလ်(ရန်ကုန်)မှ မောင်မင်းသူနိုင် ပထမနှစ်(ပန်းပု)က လည်းကောင်း၊
အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)မှ မောင်မင်းဦး ဒုတိယနှစ်
(သဘင်ပညာ)တို့က လည်းကောင်း အသီးသီးရရှိကြသည်။ ဆုနှင်းသဘင် အခမ်းအနားကို မေ
၎ ရက် (စနေနေ့) နံနက် ၉ နာရီတွင် ရန်ကုန်မြို့ရှိ Traders ဟိုတယ်၌
ကျင်းပမည်ဖြစ်သည်။ ဆုရရှိသူများသည် စာတည်းမှူးချုပ် စာပေဗိမာန် အမှတ်
(၅၂၉-၅၃၁) ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း-ဝ၁-၃၇၆၅၆၉ နှင့် စီမံရေးရာဌာန
ဝ၁-၃၈၁၄၄၉ တို့သို့ အမြန်ဆုံး ဆက်သွယ်ကြရန် နှိုးဆော်ထားကြောင်း ၂၀၁၃ ခုနှစ်
ဧပြီလ ၂၃ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။
Khit Lu Nge
|
Illustrator CC 2020 MasterClass သင်ခန်းစာများ
6 years ago




0 comments:
Post a Comment