Ads

ကြော်ငြာ

Thursday, April 4, 2013

Posted by ဆူးအေမီ on 7:20 AM in | No comments







သင်္ကြန်ကာလအတွင်း ရထားလက်မှတ်များကို ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဘာသာရေး အဖွဲ့အစည်းများနှင့် ကျောင်းသားများကို ဦးစားပေး ရောင်းချမည်ဖြစ်ကြောင်း မြန်မာ့မီးရထား ရန်ကုန်ဘူတာကြီးမှ သိရသည်။ “သင်္ကြန်ကာလမှာ အလည်အပတ် ခရီးသွားသူတွေ၊ ကိုယ့်ဒေသပြန်တဲ့သူတွေ များတဲ့အတွက် ရထားလက်မှတ် အခက်အခဲ ရှိနိုင်ပါတယ်။ အဲဒီထဲကမှ ဌာနဆိုင်ရာတွေ၊ ဘာသာရေး အဖွဲ့အစည်းတွေ၊ သင်္ကြန်ကာလမှာ လေ့လာရေး ခရီးထွက်မယ့် ကျောင်းသားတွေကို ဦးစားပေး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု မြန်မာ့မီးရထား ရန်ကုန်ဘူတာကြီးမှ ရုံပိုင်ချုပ် ဦးအောင်သန်းကျော်က ပြောသည်။ အဖွဲ့အစည်းများနှင့် ကျောင်းသားများအနေဖြင့် သင်္ကြန်တွင်း ကြိုတင်လက်မှတ်များကို မတ်လ ဒုတိယပတ်မှစ၍ ဝယ်ယူနိုင်ပြီဖြစ်ပြီး ကြိုတင်လက်မှတ် ဝယ်ယူရာ၌ ရန်ကုန်ဘူတာကြီး ရုံပိုင်ချုပ်နှင့် နေပြည်တော်(ရုံးချုပ်)တို့ထံ တိုက်ရိုက် လျှောက်ထားနိုင်ကြောင်း သိရသည်။ သင်္ကြန်ကာလ ကြိုတင်လက်မှတ်များကို အထူးတန်းဖြစ်ပါက သုံးရက်ကြိုတင်၊ ရိုးရိုးတန်းကို တစ်ရက်ကြိုတင် ဝယ်ယူနိုင်ပြီး အဖွဲ့အစည်းများ အနေဖြင့် အနည်းဆုံး ၁၀ ရက် ကြိုတင် ဝယ်ယူရမည် ဖြစ်သည်။ လက်ရှိ ပြေးဆွဲနေသည့် အဝေးပြေးရထား ၁၂ စီးရှိကြောင်း သိရသည်။ သင်္ကြန်ကာလအတွင်း ရထားလက်မှတ်များကို သက်ဆိုင်ရာ ခရီးစဉ်အလိုက် ပုံမှန်ဈေးနှုန်း အတိုင်းသား ရောင်းချပေးမည်ဖြစ်ပြီး ကြိုတင်လက်မှတ်များကို နံနက် ၇ နာရီမှ ညနေ ၃ နာရီအထိ ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။ “သင်္ကြန်ကာလမှာ ခရီးသွားများတဲ့ ရန်ကုန်-မန္တလေးဘက်ကို သင်္ကြန်အထူးရထား ဆွဲပေးဖို့ ရှိပါတယ်” ဟု ဦးအောင်သန်းကျော်က ပြောပြခဲ့ကြောင်း ၂၀၁၃ ခုနှစ် ဧပြီလ ၅ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။ 
Copyright ©  Khit Lu Nge 

0 comments:

Search Our Site