|
(၂၇)
ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင်
နိုင်ငံအသီးသီး ကိုယ်စားပြု ဆိုင်းဘုတ်ကိုင် အမျိုးသမီး ၁၁ ဦးနှင့်
ပိတ်ပွဲအခမ်းအနားတွင် အားကစားနည်း ၃၃ နည်း ကိုယ်စားပြု ဆိုင်းဘုတ်ကိုင်
အမျိုးသမီး ၃၃ ဦးကို Volunteer ကိုယ်တိုင် ဆန္ဒပြုသူအဖြစ် ရွေးချယ်တာဝန်
အပ်နှင်းရန် ရှိပါသည်။ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် အလှည့်ကျဆောင်ရွက်သော
အားကစားပြိုင်ပွဲ ဖွင့်ပွဲ၊ ပိတ်ပွဲ အခမ်းအနားဖြစ်၍ တိုင်းဒေသကြီးနှင့်
ပြည်နယ်များမှ လူငယ်မိန်းကလေးများ ပါဝင်ဆောင်ရွက်စေလိုသော စေတနာဖြင့်
ဖိတ်ခေါ်ခြင်းဖြစ်ရာ ဆိုင်းဘုတ်ကိုင် အမျိုးသမီးများအဖြစ် Volunteer
ဆောင်ရွက်ရန် စိတ်ဝင်စားသူ အမျိုးသမီးငယ်များသည် ဖော်ပြပါလိုအပ်သော
အရည်အချင်းများနှင့်အတူ တိုင်းဒေသကြီးနှင့် ပြည်နယ် လူမှုရေး၊
ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် အမျိုးသမီးရေးရာအဖွဲ့များသို့ လူကိုယ်တိုင်
သွားရောက် ဆက်သွယ်၍ စာရင်းသွင်း အရွေးချယ်ခံရန် ဖိတ်ခေါ်ပါသည်။ (က)
မြန်မာတိုင်းရင်းသူ ဖြစ်ရမည်။ (ခ) ရုပ်ရည်ပြေပြစ် ချောမောသူ အပျိုဖြစ်ရမည်။
(ဂ) ခန္ဓာကိုယ်အချိုးအစား ပြေပြစ်သူ ဖြစ်ရမည်။ (ဃ) အရပ် ၅ ပေ ၄ လက်မ
ရှိရမည်။ (င) အသက် ၁၈ နှစ်မှ ၂၂ နှစ်အတွင်း ဖြစ်ရမည်။ (စ)
တက္ကသိုလ်ကျောင်းသူ (သို့မဟုတ်) ဘွဲ့ရရှိသူ ဖြစ်ရမည်။ (ဆ) အင်္ဂလိပ်ဘာသာစကား
အသင့်အတင့် ပြောဆိုနိုင်သူ ဖြစ်ရမည်။ (ဇ) မြန်မာဆန်သော အသားအရောင် ရှိရမည်။
(ဈ) ဆံပင်အနက်ရောင် ဖြစ်ရမည်။ (ည) လှယဉ်ကျေးမယ် ဝတ်စုံဖြင့် (၁)လအတွင်း
ရိုက်ကူးထားသော (၆x၄) လက်မအရွယ်ရှိ ကိုယ်လုံးပေါ်ဓာတ်ပုံ ရှေ့တည့်တည့်
တစ်ပုံ၊ ဘေးစောင်းတစ်ပုံနှင့် (၆x၄) လက်မအရွယ်ရှိ ရှေ့တည့်တည့်မှ
ရိုက်ကူးထားသော ကိုယ်တစ်ပိုင်းပုံ တစ်ပုံ။ လာရောက်ဆက်သွယ်သူ
လူငယ်ကျောင်းသူလေးများကို စာရင်းမှတ်တမ်းသွင်း၍ လိုအပ်သလို ကူညီမှု ပေးပါရန်
သက်ဆိုင်ရာ အမျိုးသမီးရေးရာ အဖွဲ့သို့ မေတ္တာရပ်ခံအပ်ပါကြောင်း ၂၀၁၃ ခုနှစ်
ဧပြီ ၄ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။
ref...http://www.khitlunge.net.mm
|
Illustrator CC 2020 MasterClass သင်ခန်းစာများ
6 years ago




0 comments:
Post a Comment