Ads

ကြော်ငြာ

Saturday, March 30, 2013

Posted by ဆူးအေမီ on 2:35 AM in | No comments
အမွှေဆရာ မစ္စတာကမ်းနာသစ်ပင် ပြောတာက လတ်တလောဖြစ်ပွားနေတဲ့ မူဆလင်နဲ့ ဗုဒ္ဓဘာသာဝင်တွေအကြား အကြမ်းဖက်တိုက်ခိုက်မှု တချို့မှာ အာဏာပိုင်တွေ ပါဝင်ပတ်သက်မှု တစ်စုံတစ်ရာရှိတယ်ဆိုတဲ့ သတင်းပေးပို့ချက်တွေ မိမိရ ရှိကြောင်းနှင့်

စနစ်တကျဖွဲ့စည်းထားတဲ့ လူအုပ်စုက အကြမ်းဖက်ဖျက်ဆီးနေတာကို ရဲတပ်ဖွဲ့၊ စစ်တပ်နဲ့ အရပ်ဖက် အုပ်ချုပ်ရေးဆိုင်ရာ အာဏာပိုင်တချို့က သူတို့မျက်စိရှေ့မှောက်မှာ ဖြစ်ပျက်နေတာကို ရပ်ကြည့်နေ တယ်ဆိုတဲ့ သတင်းတွေရရှိကြောင်း မစ္စတာ Quintana က ပြောလိုက်ပါတယ်။

ကဲဒီလူ ပြောတဲ့အတိုင်း အစိုးရကလုပ်ပေးရမှာလား ဦးရဲထွဋ်ကတော့ ပြန်ပြီးချေပထားတယ်ဦးရဲထွဋ်ပြော တာကမစ္စတာကင်တားနားအနေနဲ့ မြေပြင်အခြေအနေတွေကို မှန်မှန်ကန်ကန်လေ့လာမှုမရှိပဲ တဆင့်ကြား သတင်းများကိုသာ အခြေပြုပြောကြားနေခြင်းဟာ အခြေအနေကို ထိန်းသိမ်းနိုင်အောင် ဝိုင်းဝန်းကြိုးပမ်း ဆာင်ရွက်နေတဲ့ အစိုးရ၊ လုံခြုံရေးဆိုင်ရာအဖွဲ့အစည်းများ၊ သာသာရေးခေါင်းဆောင် များ၊ လူမှုအဖွဲ့ အစည်းများရဲ့ လုပ်ဆောင်ချက်များကို မျက်ကွယ်ပြုရာရောက် တဲ့အတွက် ဝမ်းနည်းစရာဖြစ်ကြောင်း ဦးရဲထွဋ်က ပြောထားပါတယ်။
ကန်းနားသစ်ပင်ရဲ့ ပြောစကားကို အကဲဖြတ်ကြရအောင်ဒီလူက ဒီလိုတွေပြောနေ တာ ဘာ အဓိပါယ်လဲဆိုတာအရင်းဆုံးစဉ်းစားကြည့်မယ်ရခိုင်အရေးမှာ သူပြောခဲ့တာက နိုင်ငံသားဖြစ်မှု ဥပဒေ ကို ပြင်ဖို့လိုတယ်လို့ ကမ္ဘာသိပြောခဲ့တယ်ဒီဥပဒေကိုပြင်ဖို့က ကျုပ်တို့ ပြည်သူတွေစဉ်းစားရမယ့် ဆုံးဖြတ်ရမယ့်ကိစ္စ သူနဲ့ မဆိုင်ဘူးလို့ဘဲ ပြောလိုတယ် ၁၉၈၂ ခုနှစ်နိုင်ငံသားဖြစ်မှုဥပဒေက ကျုပ်တို့နိုင်ငံကို အခြားနိုင်ငံသားတွေ ကြီးစိုးမှုအန္တရာယ်ကနေ ကာကွယ်ထားတယ် အရင် စစ်အစိုးရလက်ထက်မှာ ဒီဥပဒေကို လက်နှလုံးကြားလုပ်သူကလုပ် ချောင်ထိုးသူကထိုးနဲ့ သူတို့အိပ်ထဲ ငွေဝင်ဖို့ တစ်ခုထဲကိုကြည့်ပြီး တိုင်းပြည်အရေးကို မျက်နှာ်လွှဲခဲ့ကြတယ် အခုတော့ သူတို့ လုပ်ခဲ့တဲ့ ကံက လက်ရှိအ စိုးရနဲ့ပြည်သူတွေခံနေရပြီ

ကန်းနားသစ်ပင် ထပ်ပြောခဲ့တာက အခြေခံဥပဒေကို ပြင်ဖို့တဲ့အခြေခံဥပဒေက ဘယ်ပုဒ်မ ဘယ်အ ပိုဒ်ကို ပြင်ချင်တာလဲ တိတိကျကျ ပြောခဲ့ခြင်းမရှိတာကို တွေ့ရတယ် သူပြင်ခြင်တာကို လေ့လာကြည့်တော့ ၅၉(စ) ဖြစ်ဖို့များနေတယ် ဘယ်သူ့အတွက်ပြင်ရမှာလဲ အဲဒီပုဂ္ဂိုလ်နဲ့ ဘယ်လိုအပေးအယူတွေ ဘယ်လိုပါတ်သက်မှုတွေ ရှိထားလို့လဲ တွေးစရာတွေပေါ်လာတယ်

အခုလဲကြည့် မိတ္တီလာအပါအဝင် ဖြစ်ပေါ်ခဲ့တဲ့ ပြသနာတွေမှာ လက်ရှိအာဏာပိုင်တွေ က လက်ပိုက်ကြည့်နေတယ် ဆိုတဲ့သတင်းတွေ သူ့ဆီမှာရှိနေတယ် လို့ပြောလာတယ်ဘယ်သူ ကပေး တဲ့သတင်းလဲ ဆိုတာမပြောထားဘူး အဲဒီလို သတင်းပေးတိုင်း လုပ်ရမယ်ဆိုရင်ဘင်ဒင် ကို ရက် ပိုင်းအတွင်းမှာပဲ အမေရိကန်တွေ ဖမ်းမိသွားပြီ ဘင်လာဒင်ကိုဖမ်းမိဖို့ အမေရိကန်တွေ ဘယ်ေ လာက်တောင်ကုန်ကျခဲ့သလဲ ဘယ်လောက်အထိ အချိန်ယူခဲ့ရသလဲ ဘယ်လို နည်းဗျူဟာတွေနဲ့ အကွက် ဆင်ခဲ့ရသလဲ ဆိုတာ ကမ္ဘာ့အသိုင်းအဝိုင်းကသိကြတယ်

မလက်တိုမှာ တာဝန်ထမ်းဆောင်ကြတဲ့ ရဲကို ရွာသားတွေကဝိုင်းရိုက်လို့သေဆုံးသွားက ရွာသားအင်အားနဲ့ တာဝန်ကျ ရဲအင်အားမညီမျှတာကတစ်ကြောင်း အထက်ကအမိန့်ပေးထားပေမယ့် တာဝန်ကျ တဲ့ရဲဝန်ထမ်းတွေက ပြည်သူကိုမလုပ်ရက် ဘဲ ပြည်သူက လုပ်ရက်လို့ ရဲဝန်ထမ်းသေ ဆုံး ရခြင်းဖြစ်တယ်ဆိုတာက ထင်ရှားတဲ့ သာဓကတစ်ခု

နောက်တစ်ခုက ရန်ကုန်တိုင်းဝန်းကြီးချုပ်ကိုယ်တိုင် ပြောကြားထားက အခုဖြစ်ပေါ်နေတဲ့ ပြသ နာတွေရဲ့နောက်ကွယ်မှာ နိုင်ငံရေးပါတီက အောက်ခြေအဆင့်အဖွဲ့ဝင်တွေပါနေတယ် လို့ ဆိုထားတယ် အဲဒီတော့ မစ္စတာကန်းနားသစ်ပင်အနေနဲ့ နိုင်ငံရေးပါတီတွေကို ဖိအားမပေးပဲ အစိုးရကိုပဲ ကျွိင်ရှာနေတာက ရိုးမှုမရှိဘူးလို့ပဲပြောချင်တယ်

မစ္စတာကန်းနားသစ်ပင်ပြောတဲ့ စနစ်တကျဖွဲ့စည်းထားတဲ့ လူစုဆိုတာ ဘယ်သူတွေလဲ အရင်းဆုံးပြောပြပေး ပါလား အရင်ဆုံးဖေါ်ထုတ်ပေးပါလား ခင်ဗျားကိုသတင်းပေးတဲ့သူတွေက ဘယ်သူတွေဆိုတာ မပြော ထားဘူးလား

အခုဆိုရင်သမ္မတကြီးက အမိန့်ပေးလိုက်ပါပြီ တာဝန်ကျ လုံခြုံရေးဝန်ထမ်းတွေအနေနဲ့ ဆူပူမှု ဖန်တီးသူတွေကို ထိထိရောက်ရောက်နှိမ်နင်းဖို့ နဲ့ ကြိုကိုင်သူတွေကိုဖေါ်ထုတ်ဖို့ ပြောထားပါပြီ ဒါကိုအမေရိကန်နဲ့ နိုင်ငံအတော်များများက ကြိုဆိုကြတယ်

အဲဒီလိုသမ္မတကြီးအမိန့်ပေးထားတဲ့အတိုင်း တာဝန်ကျ လုံခြုံရေးဝန်ထမ်းတွေက ဆောင်ရွက်ခဲ့ရင်လဲ လူ့အခွင့်ရေးကို ချိုးဖောက်ပြန်ပြီ အင်အားသုံးနှိမ်နင်ပြန်ပြီလို့ မစ္စတာကန်းနားသစ်ပင် ကြီး အော်အုံးမှာလားဟင် ...

0 comments:

Search Our Site