မတ်လ ၁ ရက်နေ့မှ စတင်ကာ တက္ကသိုလ် ၀င်တန်း ဖြေဆိုပြီးချိန် အထိ နေ့စဉ် ညနေ ၅ နာရီမှ နောက်နေ့ ညနေ ၅ နာရီအထိ ကျောင်းသား၊ ကျောင်းသူနဲ့
အများပြည်သူများ လျှပ်စစ် ဓာတ်အား ပြတ်တောက်မှု မရှိအောင် အဓိက ဦးဆောင်ပေး ဖြန့်ဖြူးပေး သွားမှာ ဖြစ်တယ်လို့ လျှပ်စစ် စွမ်းအား ၀န်ကြီးဌာနရဲ့ သတင်း ထုတ်ပြန်ချက်များ အရ သိရပါတယ်။
ဒီလို ဆောင်ရွက်ရာမှာ ၂၀၁၃ မတ်လ အတွင်း လျှပ်စစ်ဓာတ်အား ပိုမိုတိုးတက် ထုတ်လုပ်ရေး အတွက် စွမ်းအင် ၀န်ကြီးဌာနနဲ့ ညှိနှိုင်းပြီး လက်ရှိ လည်ပတ် လျက်ရှိနေတဲ့ သဘာဝ ဓာတ်ငွေ့ ဓာတ်အားပေး စက်ရုံ များအပြင်၊ ကျွန်းချောင်း စက်ရုံမှ တာဘိုင် စက်နှစ်လုံးနဲ့ ရွှေတောင်၊ မြန်အောင်၊ မော်လမြိုင်နဲ့ ရွာမ စက်ရုံများမှ တာဘိုင် စက်တစ်လုံးစီ ထပ်မံ လည်ပတ်ကာ ဓာတ်အား ထုတ်လုပ် ဖြန့်ဖြူးပေး သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် တက္ကသိုလ်ဝင် စာမေးပွဲ ကာလ အတွင်း ကျောင်းသား၊ ကျောင်းသူနဲ့ အများ ပြည်သူများကို ဦးစားပေး လျှပ်စစ်ဓာတ်အား ဖြန့်ဖြူး ပေးသွားမှာ ဖြစ်တဲ့ အတွက် စက်မှုဇုန်များ၊ ကုန်ထုတ်လုပ်မှု လုပ်ငန်းများ၊ စက်မှု လက်မှု လုပ်ငန်းများနဲ့ အကြီးစား စက်မှု လုပ်ငန်းများကို ညနေ ၅ နာရီမှ နောက်နေ့ နံနက် ၅ နာရီထိ ခေတ္တဓာတ်အား ပိတ်ထားမှာ ဖြစ်တယ်လို့ သိရပါတယ်။
အဲ့ဒီလို တက္ကသိုလ်ဝင် စာမေးပွဲ အတွက် နေ့စဉ် ညနေ ၅ နာရီမှ နောက်တစ်နေ့ မနက် ၅ နာရီထိ လျှပ်စစ် ဓာတ်အား ပြတ်တောက်မှု မရှိအောင် ဆောင်ရွက် လျက်ရှိပြိး လျှပ်စစ် ဓာတ်အား ပြတ်တောက်ပါက ဓာတ်အား ကွပ်ကဲရေး ဌာန နေပြည်တော် ၀၆၇-၄၁၀၃၉၄၊ ၀၉-၈၃၀၄၇၀၉ ဓာတ်အား ကွပ်ကဲရေး ဌာန ရန်ကုန် ၀၁-၂၂၁၅၃၀၊ ၀၁-၂၂၇၆၆၇၊ ၀၉-၈၆၃၄၈၈၅ ဓာတ်အား ကွပ်ကဲရေး ဌာန မန္တလေး ၀၂-၃၉၃၃၀၊ ၀၉-၈၆၀၁၅၆၃၊ ၀၉-၂၀၀၂၇၅၇နဲ့ လျှပ်စစ် စွမ်းအား ၀န်ကြီးဌာန တာဝန်မှူးရုံး ၀၆၇-၄၁၀၆၆၆ နေပြည်တော်တိုင်း လျှပ်စစ် အင်ဂျင်နီယာ တာဝန်မှူး ရုံး ၀၆၇-၄၂၀၆၆၆နဲ့ သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ် ရုံးများကို ဆက်သွယ် စုံစမ်း မေးမြန်း နိုင်တယ်လို့ သတင်း ရရှိပါတယ်။

From : mrtv4

0 comments:
Post a Comment