Ads

ကြော်ငြာ

Monday, March 4, 2013


ဖို-မ ရေးရာများဖြစ်ပါတယ်၊ စိတ်မ၀င်စားရင် လှည့်ပြန်ပါတော့…

ဆရာ ခင်ဗျာ..
ယောက်ျားလေးအင်္ဂါ ကြီးခြင်း၊ သေးခြင်းအပေါ် ဆရာ့ရဲ့အမြင်လေး ပြောပေးပါလား ခင်ဗျာ… လုံးပတ်ကြီးတာ၊ ရှည်တာ ကောင်းတာလား /အန္တရာယ်ဖြစ်နိုင်လား ခင်ဗျာ…
အားတိုင်း အမေးခံရတဲ့ မေးခွန်းပါပဲ။ ဖြေသင့်တဲ့ အဖြေကတော့…
အပြာစာအုပ်တွေ သိပ်မဖတ်ပါနဲ့၊ အပြာကားတွေ သိပ်မကြည့်ပါနဲ့လို့သာ ဖြစ်ပါတယ်။
ဟုတ်ပဗျာ… ယောက်ျားများ၊ အထူးသဖြင့် ယောက်ျားငယ်များဟာ သည်ကိစ္စကို အင်မတန် ရေးကြီးခွင့်ကျယ် လုပ်တတ်ကြပါတယ်။ အပြာစာအုပ်တွေထဲမှာလည်း ရေးလိုက်ကြတာများ ခုနစ်လက်မတွေ၊ ရှစ်လက်မတွေ၊ တစ်ပေတွေ… လူ့ပစ္စည်းတွေမှ ဟုတ်ကြရဲ့လား မသိဘူး။ ဒါမှမဟုတ် လူစဉ်မမီတဲ့ တစ်လက်မ သမား၊ နှစ်လက်မသမားက သူတို့စိတ်ထဲ ဖြစ်ချင်တာတွေကို မှန်းဆပြီးများ ရေးထားကြလေသလား မှတ်တယ်။
ကျွန်တော့်ရဲ့ သားငယ်တို့ နားလည်ဖို့ စာအုပ်ရဲ့ စာမျက်နှာ ၈၉-၉၂ မှာ အဲဒါနဲ့ ပတ်သက်လို့ သည်လို ရေးခဲ့ပါတယ်။

၎။ ငယ်ပါ ပြဿနာ

ယောက်ျားတို့ရဲ့ကိုယ်ခန္ဓာမှာ အဖြေရှင်းရအခက်ဆုံးနဲ့ အနက်နဲဆုံးကိစ္စကတော့ ငယ်ပါနဲ့ပတ်သက်လို့ ရေလိုက်လွဲနေတာတွေပဲ သားရဲ့။ အရွယ် ကောင်းကောင်း ရောက်နေတဲ့ ယောကျာ်းတစ်ယောက်ရဲ့ ငယ်ပါဟာ တင်းနေတဲ့အခါမှာ ဆီးခုံရိုးဆီကနေ အဖျားအထိ ပျမ်းမျှအားဖြင့် ခြောက်လက်မ လောက်အထိပဲ ရှိတတ်တယ်။ ခွေနေတဲ့အခါမှာတော့ စိုထိုင်းမှု၊ ရာသီဥတု အခြေအနေနဲ့ ဆီးသွားလိုမှုတို့ပေါ်မှာမူတည်ပြီး အမျိုးမျိုး ပြောင်းလဲနေတတ် တယ် သား။
ခုနစ်လက်မ၊ ရှစ်လက်မလောက်ပဲဖြစ်ဖြစ်၊ လေးလက်မလောက်ပဲ ဖြစ်ဖြစ်ဆိုတာကတော့ အင်မတန့်ကို ဖြစ်တောင့်ဖြစ်ခဲပါ သားရယ်။ အဲတော့ကွာ၊ တိတိကျကျ ပြောရမယ်ဆိုရင် လူအတော်များများ ထင်သလောက် ငယ်ပါတွေဟာ ယောကျာ်းတစ်ယောက်နဲ့ တစ်ယောက် သိပ်ထူးထူးခြားခြား မကွာလှပါဘူးကွာ။ အကြမ်းဖျဉ်းပြောရင် ငါးလက်မ မပြည့်တပြည့်ကနေ ခြောက်လက်မ ဝန်းကျင်ဆိုရင် ဒါ လူစဉ်မီတယ်လို့သာ ငါ့သား မှတ်ထား လိုက်ပေါ့။
ဒါပေမယ့် သားတို့အရွယ် လူပျိုပေါက် ၁၄-၅-၆ နှစ်တွေမှာတော့ ကိုယ့်ကိုယ်ကိုယ် အဲဒါနဲ့ပတ်သက်ရင် လူစဉ်မမီလှဘူးလို့ ထင်မိတတ်ကြတယ်။ ပြဿနာက အရိုးစွဲနေတဲ့ယောကျာ်းတို့ရဲ့ ယုံကြည်မှုအလွဲတစ်ခုပါ။ ယုံကြည်မှုလွဲပုံက ငယ်ပါရဲ့ အရွယ်အစား ဖွံ့ဖြိုးမှသာ မိန်းမတွေကြိုက်မယ်လို့ ထင်တာပဲ သားရေ။ အထက်မှာ ဖေဖေ ပြောခဲ့တဲ့အတိုင်း ယောက်ျား တစ်ယောက်နဲ့ တစ်ယောက်က သည်နေရာမှာ သိပ်မကွာလှတာမို့ အမျိုးသမီးတွေအတွက် အဲဒီ့ကိစ္စက ချစ်သူအိမ်ထောင်ဖက်ကောင်းတစ်ယောက် ဖြစ်/မဖြစ် အရေးမှာ သိပ်ရေးကြီး ခွင့်ကျယ် ထည့်သွင်း စဉ်းစားနေတဲ့ အကြောင်းမျိုး မဟုတ်ဘူး သားရဲ့။
တကယ်တော့ သည်ငယ်ပါဖွံ့ဖြိုးမှုပြဿနာကို ဖေဖေတို့၊ သားတို့ ယောက်ျားထုကသာ ခေါင်းရှုပ်ခံ တွေးနေကြတာပါ သားရယ်။ ဘယ်မိန်းမ ကမှ သည်ကိစ္စကို သိပ်အရေးတကြီး စဉ်းစားမနေကြဘူးကွ။
အသက်၂၁ နှစ် အရွယ်ရှိတဲ့ မိန်းမငယ်တစ်ယောက်က သည်ငယ်ပါ ပြဿနာနဲ့ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ပြောခဲ့ဖူးတာကို စာအုပ်တစ်အုပ်ထဲမှာ ဖတ်ဖူးလို့ မှတ်စုတောင် ထုတ်ထားခဲ့ဖူးတယ်။ သားကို သူ့စကား အတိုင်း ပြန်ပြောပြမယ်နော်။
“ချစ်သူကောင်းဆိုတာ ကိုယ့်ချစ်သူကို မြတ်မြတ်နိုးနိုး၊ ကြင်ကြင်နာနာ ရှိရမယ်။ နွေးနွေးထွေးထွေးနဲ့ ထွေးထွေးပိုက်ပိုက်နေတတ်ရမယ်။ ထွေးထွေးပိုက်ပိုက် ဆိုတဲ့အခါမှာလည်း  နူးညံ့ ညင်သာရမယ်။ အသောလေး စွက်ပြီး ပြောတတ်ဆိုတတ်တဲ့ ဇဝနဉာဏ်ရှိသူမျိုးလည်း ဖြစ်ရပါလိမ့်မယ်။ သူ့ငယ်ပါ ဘယ်လောက် ဖွံ့ဖြိုးဖွံ့ဖြိုး၊ အဲဒီ့လူဟာ မိန်းမတွေအပေါ် နားလည်မှု၊ စာနာ ထောက်ထားမှုလေးမှ မရှိရင် အလကားပဲတဲ့။
ကိုင်း… ဘယ့်နှယ့်ရှိစ၊ မောင်ရွှေသွေး။ ဒါ ဖေဖေ လုပ်ကြံတာ မဟုတ်ဘူးနော်။ ဖတ်လိုက်ရတဲ့စာအုပ်ထဲက သေသေချာချာ ကူးထားတာ။
နောက်တစ်ချက်က ငယ်ပါကို ဖွံ့ဖြိုးလာအောင်၊ သိမ်သွားအောင် လုပ်တဲ့နည်းလည်း လုံးလုံး မရှိပါဘူး။ အလားတူပဲ၊ ပိုပြီးတင်းလာအောင်၊ ပိုပြီး သန်လာအောင် လုပ်တဲ့ဆေးတွေလည်း မရှိဘူး သားရဲ့။ မွေးကတည်း က ကိုယ့်မှာ ဘယ်လောက် ဘယ်လောက်ပဲ ရှိမယ်ဆိုတာ သဘာဝတရားက အလိုလို သတ်မှတ်ပြီးသားပါ။ ကိုယ့်စိတ်အလိုကျ တင်းချင်တဲ့အချိန်မှာ တင်း၊ လျော့ချင်တဲ့အချိန်မှာ လျော့နေမယ်ဆိုရင်ပဲ ဒါဟာ ကျန်းမာသန်စွမ်း တဲ့ ယောက်ျားကောင်းတစ်ယောက်အတွက် လုံလောက်ပြီလို့သာ အောက်မေ့ လိုက်ပြီး ကိုယ့်ကိုယ်ကိုယ် ကျေနပ်လိုက်ပေတော့ ငါ့သားရေ။

ဒါဟာ သားတို့အရွယ်တင် မဟုတ်ဘူး၊ ယောက်ျားအတော်များများ ရေလိုက်အလွဲဆုံးကိစ္စမို့ ဖေဖေ ထည့်ပြောရတာပါ။ ဖေဖေတို့တုန်းကလည်း သည်အစွဲက တော်တော်ကြီးတယ်သားရဲ့။ ဖေဖေတို့တုန်းက သားကို အခု ဖေဖေပြောသလို ပြောပြသွန်သင်မယ့်သူမှ မရှိတာကိုး။ အသက် တော်တော် ကြီးတဲ့အထိ သည်အစွဲကို အဟုတ်မှတ်နေတုန်းပါ။ ကံကောင်းချင်တော့ ဖေဖေက စာစုံလည်း ဖတ်နိုင်၊ နိုင်ငံရပ်ခြားက ထုတ်ဝေတဲ့စာအုပ်တွေကို လည်း လက်လှမ်းမီသလောက် လျှောက်ဖတ်ဖြစ်လေတော့ အကျိုးအကြောင်း အစုံကို အထောက်အထားနဲ့ အခိုင်အလုံ တွေ့တော့မှ “ဪ… ငါ့နှယ်၊ သည်လိုကိုးဧဆိုပြီး ရယ်မိရတယ်သားရေ။ သားတို့လည်း သည်ကိစ္စကို စောစောစီးစီးကတည်းက အမှန်အတိုင်း သိထားစေချင်လို့ ဖေဖေ ပြောပြနေရတာပါ။
ကိုင်း… သည်လောက်ဆို ငယ်ပါပြဿနာက ရှင်းသင့်ပါပြီ။ အဲဒီ့စာအုပ်ကို ၂၀၀၃ ခုနှစ်မှာ ရေးခဲ့ပြီး ၂၀၀၄ ခုနှစ်မှာ ထုတ်ဝေခဲ့ပါတယ်။ ယနေ့ထက်တိုင်လည်း ရောင်းနေရဆဲ စာအုပ်တစ်အုပ်ပါ။ ခက်တာက စာမဖတ်သူတွေက များကြတော့ အခုထက်ထိ သည်ကိစ္စကိုပဲ ရေးကြီးခွင့်ကျယ် လုပ်မဆုံး ဖြစ်နေသူတွေကလည်း အခု  ပို့(စ်)ရဲ့ ထိပ်ဆုံးက မေးခွန်းအတိုင်း ပေါ်လာမစဲ တသဲသဲပါ။
အခု ထပ်ဖြည့်စွက် ပြောပါရစေ။
အဲဒီ့စာအုပ်ရေးစဉ်က အကိုးအကားက သိပ်မပြည့်စုံခဲ့ပါဘူး။ အခု ထပ်ကိုးကားပြစရာ ပြည့်ပြည့်စုံစုံ ရှိလာပါပြီ။ အင်တာနက်ကြီးကလည်း တွင်ကျယ်လာခဲ့ပြီကိုး။
နိုင်ငံလုံးဆိုင်ရာ ခွဲစိတ်ပညာသိပ္ပံလို့ ခေါ်တဲ့ ပြင်သစ်ဆေးပညာအဖွဲ့က ယောက်ျားတွေ အရူးထလိုတဲ့ ငယ်ပါကြီးထွားအောင် ခွဲစိတ်ကုသလိုမှုများကို မလုပ်ဖြစ်ကြလေအောင်၊ ယောက်ျားတို့ရဲ့ ကိုယ့်ဟာကိုယ် သေးလှ၊ ငယ်လှချေရဲ့လို့ ခံစားနေရတဲ့ ခံစားချက်များက သက်သာသွားရလေအောင် သုတေသန လုပ်ပေးခဲ့ပါတယ်။
အဲဒီ့ သုတေသနအရ ငယ်ပါဟာ ပျော့နေတဲ့အချိန်မှာ ပျမ်းမျှအားဖြင့် ၃.၅ မှ ၃.၇ လက္မ (၉ မှ ၉.၅ စင်တီမီတာ) အတွင်းမှာ ရှိတတ်ပြီး မာနေတဲ့အချိန်မှာ ၅.၀ မှ ၅.၇  လက္မ (၁၂.၈ မှ ၁၄ စင်တီမီတာ) အတွင်းမှာ ပျမ်းမျှ ရှိပါသတဲ့။
လုံးပတ်ကိုရော စိတ်ဝင်စားသေးသလားဗျာ… ဟုတ်ကဲ့… ပြောပြပေးမယ်နော်။ လုံးပတ်ကလည်း ပျော့နေချိန်မှာ ၃.၃ မှ ၃.၅ လက္မ (၈.၅ မှ ၉ စင်တီ) ပျမ်းမျှရှိပြီး မာနေချိန်မှာ ၃.၉ မှ ၄.၁ လက္မ (၁၀ မှ ၁၀.၅ စင်တီ) ရှိပါသတဲ့နော်။
ကိုင်း… ပေကြိုးတစ်ချောင်းရှာပြီးသာ တိုင်းကြပေရော့ ကိုယ့်ဆရာလေးတို့… :D
ရှိသေးတယ်ဗျ။ အင်တာနက်ထဲမှာ ငယ်ပါပျမ်းမျှ အရွယ်အစားကို နိုင်ငံအလိုက် မြေပုံနဲ့ ပြထားတာ တစ်ခု ရှိသေးတယ်။ အဲဒီ့ကိန်းဂဏန်းတွေက အလွန် စိတ်ဝင်စားဖို့ ကောင်းတယ်။
ပါကစ္စတန်နိုင်ငံသားတွေက ၄.၈ လက္မ ပျမ်းမျှ ရှိတယ်၊ အင်ဒိုနီးရှားနဲ့ မြန်မာက ၄.၆ လက္မ ပျမ်းမျှ ရှိတယ်။ စင်္ကာပူနဲ့ ဗီယက်နမ်နိုင်ငံသားတွေက ၄.၅ လက္မ၊ ဘင်္ဂလားဒေ့(ရှ်)၊ ဟောင်ကောင်နဲ့ မလေးရှားမှ မောင်တွေက  ၄.၄ ၊ တရုတ်၊ ဂျပန်၊ သီရိလင်္ကာ နိုင်ငံသားတွေက ၄.၃ ၊ ဖိလစ်ပိုင်နဲ့ ထိုင်ဝမ်က ၄. ၂ ၊ အိန္ဒိယ၊ ကမ္ဘောဒီးယား၊ ထိုင်းက ၄ လက္မအတိနဲ့ တောင်ကိုးရီးယားနိုင်ငံသားတွေက ၃.၈ လက္မ ပျမ်းမျှ အသီးသီး ရှိကြပါသတဲ့ဗျား။
ကိုင်း… ဘာပြောချင်ကြသေးသတုံး။ ကိုးရီးယားကားတွေ တအားစွံ၊ ကိုရီးယားမင်းသားတွေ ၀က်ဝက်ကွဲပေါက်နေပေမယ့် သူတို့ခမျာများရဲ့ ပျမ်းမျှ ငယ်ပါ အရွယ်အစားကတော့ ရွှေမြန်မာတွေထက် ၀.၈ လက္မ (တစ်လက္မ နီးပါးကြီးများတောင်) တိုရှာကြပေသကိုး။ :D
အရှေ့တိုင်းသားချင်း အားတက်အောင် ပြောတာပါဗျာ။ အရှည်ကြီးတွေနဲ့တော့ မယှဉ်ကြေးပေါ့။ ဥပမာ ကွန်ဂိုက ထိပ်ဆုံးက ၇.၁ လက္မတဲ့ခင်ဗျ၊ အီကွေဒေါက ၆.၉ နဲ့ ကပ်လိုက်တယ်။ ပြင်သစ်က ၆.၃ တဲ့။ တောင်အာဖရိကက ၆ လက္မတဲ့။ ကနေဒါ၊ စပိန်၊ ဗြိတိသျှကကျတော့ ငါးလက္မခွဲ၊ အမေရိကန်က ၅.၁ ပျမ်းမျှအသီးသီးပါတဲ့ ခင်ဗျား။
အဲတော့ မြန်မာတစ်ယောက်အတွက် ပျမ်းမျှ ၄ လက္မခွဲ ဆိုရင် လူစဉ်မီတယ်လို့ ပြောနိုင်တာပေါ့။ တော်ပြီပေါ့။ ပျမ်းမျှလို့ ဆိုတဲ့အတွက် အဲဒီ့ထက် အနည်းအပါး လျော့တာ၊ ပိုတာလည်း ဘာမှ မဖြစ်ပါဘူး။
တကယ့်တကယ်ကျတော့ မိန်းမတွေအတွက်က ကြီးတာ ရှည်တာက သိပ်အရေးမကြီးဘူးခင်ဗျ။ အဲဒါက အရေးမကြီးလို့ပဲ လင်ကြီးငုတ်တုတ်နဲ့ အဲဒါမပါသူ မိန်းမချင်း တွယ်တာ ကုန်ကြတဲ့သူတွေတောင် ရှိသေးတာပဲဟာ။ အဓိကက လုပ်ရည်ကိုင်ရည်ပါပဲ။  ငယ်ပါက ကမ္ဘာ့အမြင့်ဆုံး ၇.၁ ဖြစ်နေပြီး စွမ်းဆောင်ရည်က အလကားဆိုရင် ဘယ်မိန်းမမှ သူ့ကို စွဲလန်းမှာ မဟုတ်ပါဘူး။ ငယ်ပါက ၄ လက္မသာ ရှိပေမယ့် ယုယ ကြင်နာတတ်၊ အမျိုးသမီးတစ်ယောက်ကို လေးလေးစားစားနဲ့ လူချင်းတူတူ သူချင်းမျှမျှ နေရာပေး ဆက်ဆံတတ်၊ အလိုလိုက် အကြိုက်ဆောင်တတ်တဲ့ ယောက်ျားဖြစ်နေရင်တော့ သူ့ကို အမျိုးသမီးက သေမတတ် ချစ်နေမှာပါ။ ဒါကို အစ်ကိုပုရိသတိုင်း သတိထားသင့်ပါတယ်။
ကျွန်တော်တို့ ငယ်ငယ်က ကြားဖူးတဲ့ အဆိုတစ်ခုရှိတယ်။ ရယ်စရာ အဆို ခပ်ရိုင်းရိုင်းပေမယ့် အမှန်တရားပါပဲ။ ဇာတ်လမ်းကတော့ “မော်လီ”ဆိုတဲ့ လူတကာနဲ့ တွဲနေတဲ့ မိန်းမတစ်ယောက်ရဲ့ ဇာတ်လမ်းလို့ ဆိုပါတယ်။ သူ့အဆိုအရ (ကန်တော့ပါရဲ့ဗျာ) “ကြီးသည် ငယ်သည် ထိုနှစ်လီ၊ မော်လီမမှုပါ။ ကြာကြာ စိမ်ကောင်း၊ ထိုအချောင်း၊ အကောင်းဆုံးပါရှင့်”တဲ့ဗျား။
ငယ်ပါ အရွယ်အစားနဲ့ ပတ်သက်ပြီး ဗျာပါဒ များနေသူ ကိုကိုများ သည်လောက်ဆိုရင် အကြောလျော့သွားလောက်ပြီ ထင်ပါတယ်ခင်ဗျား။
အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
အတ္တကျော်
(၀၅၀၄၁၂)
ဒါနဲ့မှ မကျေနပ်သေးလို့ ဘိုလို ဖတ်ချင်သေးတယ်ဆိုရင်…
  1. http://www.askmen.com/daily/sex_tips_400/432_average-penis-size.html
  2. http://www.askmen.com/dating/vanessa_60/87_love_secrets.html
  3. http://www.targetmap.com/viewer.aspx?reportId=3073

0 comments:

Search Our Site