Ads

ကြော်ငြာ

Tuesday, March 19, 2013

Posted by ဆူးအေမီ on 1:52 AM in | No comments


ယခုနှစ်မန်းတွင် သင်္ကြန်မဏ္ဍပ်လျှောက်ထားသူများမှာ ကျုံးဘေးတွင်သာ အများဆုံးဖြစ်ပြီး ဌာနဆိုင်ရာ မဏ္ဍပ်များအပါအ၀င် ၁၇၂ခုရှိကြောင်းသိရသည်။ သင်္ကြန်မဏ္ဍပ်လျှောက်ထားလိုသူများသည် မန်းစည်ပင် အခွန်ဌာုနုသို့ ယခုလ ၈ရက်နေ့တွင် နောက်ဆုံးထားလျှောက်ထားစေခဲ့ပြီး လျှောက်
ထားလိုသူများမှာ အာမခံကြေး ငါးသိန်းပေးသွင်းခဲ့ရပြီး ကျုံးပတ်လည်တွင် တစ်ဖက်လျှင် မဏ္ဍပ်၁၀ခုသာ လက်ခံမည်ဖြစ်သောကြောင့် ကျုံးဘေးလျှောက်ထားလိုသူများအား မဲနှိက်နေရာချထားပေးမည်ဖြစ်ပြီး မဲမပေါက်ပါက အာမခံကြေးငါးသိန်းမှ လေးသိန်း
ပြန်လည်ပေးမည်ဖြစ်
ကြောင်း မြို့ထဲနှင့် အခြားနေရာ လျှောက်ထားလိုသူများသည် အာမခံကြေးပေးသွင်းရန်မလိုကြောင်း အခွန်ဌာနမှ တာဝန်ရှိုသူတစ်ဦးက ပြောသည်။




ယခင်နှစ် မန်းသင်္ကြန်များတွင် ကျုံးဘေးပတ်ပတ်လည်သာ မဏ္ဍပ်များရှိပြီး လူစည်ကားခဲ့ကာ တစ်နေရာနှင့်တစ်နေရာ ကူးသန်းဖို့ပင်မလွယ်၍ မန်းမြို့သူ မြို့သားများမှ ဝေဖန်မှုများရှိခဲ့ရာယခုနှစ်တွင် မြို့အနှံ့ အပြားစည်ကားစေရန် လမ်း ၃၀၊ ၃၅လမ်း၊ သိပ္ပံလမ်း
မြို့ပတ်လမ်း၊ ၆၂လမ်း၊ ၇၃လမ်း၊ ၇၈လမ်းစသည့် လမ်းကျယ်သောနေရာများနှင့် အခြားယဉ်ကြောမပိတ်ဆို့နိုင်သောနေရာများတွင် မဏ္ဍပ်တည်ဆောက်လိုသူများအား မန်းစည်ပင်ဌာနမှ ရေလိုအပ်ပါက အကူညီပေးသွားမည်ဖြစ်ပြီး သင်္ကြန်မတိုင်မီ ရုံးဖွင့်ရက်များတွင် အချိန်မရွေးလာ
ရောက်လျှောက်ထားနိုင်ကြောင်း၊ မဏ္ဍပ်တည်ဆောက်ရာတွင် တီးဝိုင်းပါလျှင် ပေ၁၂၀နှင့် တီးဝိုင်းမပါလျှင် ပေ ၈၀အထိသာ လက်ခံဆောက်လုပ်ရမည်ဖြစ်ကြောင်း၊သတ်မှတ်ချက်နှင့်ကိုက်ညီပါက စိစစ်ချထားပေးသွားမည်ဖြစ်ပြီး မဏ္ဍပ်တည်ဆောက်လိုသူများသည် စည်ပင်ဌာနမှ ချပေးသည့်နေရာတွင် သတ်မှတ်ထားသည့် အကျယ်အ၀န်းအတိုင်း တည်ဆောက်ရမည်ဖြစ်ပြီး မဏ္ဍပ်အောက်တွင် ဆယ်ပေပတ်လည် အမှိုက်ကန်ထားရှိရ မည်ဖြစ်ကာ ယာယီရေလောင်းအိမ်သာထားရှိရမည်ဖြစ်သည်။ ထို့အပြင် စီးကရက်၊ ဆေးလိပ်၊ ဘီယာနှင့် အရက်ကြော်ငြာများကပ်ခြင်း၊ ချိပ်ဆွဲခြင်းများမပြုလုပ်ရန်နှင့် မဏ္ဍပ်တည်ဆောက်ရာတွင် ပလပ်ဖောင်းအတွင်း သာတည်ဆောက်ရမည်ဖြစ်ပြီး လေအိုးသ
ုံးရေပိုက်၊ မီးသက်ပိုက်ခေါင်းများဖြင့် ရေပတ်ခြင်းအား ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း လိုက်နာခြင်းမရှိပါက Black Listစာရင်းသွင်းရ်ျ လိုအပ်သလို အရေးယူသွား မည်ဖြစ်ကြောင်း မဏ္ဍပ်တည်ဆောက်လိုသူများလိုက်နာရန် မန်းစည်ပင် အခွန်ဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များအရသိရသည်ဖိုးလပြည့်

ref;

0 comments:

Search Our Site