Ads

ကြော်ငြာ

Friday, March 22, 2013

Posted by ဆူးအေမီ on 9:24 AM | No comments




မိထ္ထီလာမြို့တွင် မတ်လ၂၀ရက်မှ ယနေ့အထိ ဖြစ်ပေါ်နေသော လူအုပ်စုဖွဲ့ အကြမ်းဖက်မှုများကို ရဲတပ် ဖွဲ့များ၊ လုံခြုံရေးဝန်ထမ်းများမှ နိုင်နင်းစွာထိန်း သိမ်းနိုင်ခြင်းမရှိခြင်းမှာဆူပူမှုကို အခွင့်ကောင်း ယူဖန် တီး သူများေ ကြာင့် ဖြစ်ကြောင်း သမ္မတပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောသည်။

လက်ရှိအချိန်တွင် မိထ္ထီလာမြို့တွင်း၌ မြို့ခံများမှာ နေအိမ်များကို စွန့်ခွာထွက်ပြေးနေရပြီး မြို့၏ပဋိပက္ခကို သတင်းလာရောက်ရယူသော သတင်းထောက်အချို့မှာ ခြိမ်းခြောက်ခံရခြင်း၊ မြို့တွင်း ပိတ်မိနေခြင်းတို့ ကြုံတွေ့နေရ ကာ လုံခြုံရေးအခြေအနေ အားနည်းမှုကြောင့် အစိုးရအဖွဲ့နှင့် တာဝန်ရှိသူများ အပေါ် ဝေဖန် မှုထွက်ပေါ် လျှက်ရှိသည်။


အကြမ်းဖက်မှုများ နိုင်နင်းအောင် ထိန်းသိမ်းနိုင်ခြင်း မရှိခြင်းမှာရဲအင်အား မလုံလောက်ခြင်း က အဓိက မကျဘဲ လူဦးရေ ခြောက်သိန်းခန့်ရှိသည့် မြို့ကြီးကို တည်ငြိမ်အောင် ထိန်းသိမ်းရသည်မှာ မြို့ခံများ ကိုယ်တို င်၏ ပူးပေါင်းပါဝင်မှု၊ တရားဥပဒေစိုးမိုးမှုအပေါ် လိုက်နာမှု အဓိကကျကြောင်း ဦးရဲထွဋ် က ပြောသည်။

ခုဟာက ရဲက မြောက်သွားရင် တောင်က လုတယ်။ တောင်သွားရင် မြောက် ကလုတယ်။ အဲဒီ လိုဖြစ်နေ တယ်။ အဓိက က ရဲအင်အားမလုံလောက်တာ မဟုတ်ပါဘူး။ လူဦးရေ လေး ငါးခြောက် သိန်းလောက် ရှိတဲ့ မြို့ကြီးကို ကာကွယ်ဖို့က လူတွေကိုယ်တိုင်က မဆူချင်မ ပူချင်မှရတာ။ ခုဟာက ကျွန်တော်တို့ သိရ သလောက်  လုချင်ယက်ချင်တဲ့ သူက များနေတယ်


ဟုပြောသည်။

“သတင်းထောက်တွေကိုလည်း ဓာတ်ပုံရိုက်ရင် ရန်ရှာတယ်လို့ သတင်းတွေကြားထားပြီးပြီ။ အဲဒီလို လူမျိုးတွေရှိတဲ့ နေရာမှာ ရဲတွေအလုပ်လုပ်ရတာ ဘယ်လောက်ခက်လဲ စဉ်းစားကြည့်ပါ”ဟု ဦးရဲထွဋ် က ပြောသည်။

လက်ရှိအချိန်တွင် မိထ္ထီလာမြို့၌ ရဲတပ်ရင်းသုံးရင်း၊ မိထ္ထီလာမြို့တောင်ဘက်ရမည်းသင်းခရိုင်မှ ရဲတပ်ဖွဲ့ များ၊ ရမည်း သင်း ရဲသင်တန်းကျောင်းမှ ရဲတပ်ဖွဲ့ဝင်များ လုံခြုံရေးအပြည့်ယူထားကြောင်း ဦးရဲထွဋ်က အတည်ပြုပြောကြားသည်။ မတ်လ ၂၂ ရက်(ယနေ့)တွင် ထပ်မံဖြစ်ပွားခဲ့သည့် ပဋိပက္ခအခြေ အနေ သတင်း များကို ယနေ့ညနေ မြန်မာ့ရုပ်မြင်သံကြားသတင်းများတွင် ထုတ်လွှင့်သွား မည်ဖြစ်ကြောင်း သိရသည်။ယနေ့နေ့လည်ပိုင်းမှ စတင်ကာ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် တုတ်၊ဓား ကိုင်ဆောင်ထား သူများထံမှ တုတ်ဓားများကို သိမ်းဆည်းနေပြီး လုံခြုံရေးအတွက် တင်းကြပ် စွာ ဆောင် ရွက်နေကြောင်း မိတ္ထီလာမြို့မှ သတင်းထောက်က သတင်းပေးပို့သည်။
From:7day

0 comments:

Search Our Site