Ads

ကြော်ငြာ

Tuesday, March 19, 2013

Posted by ဆူးအေမီ on 1:20 AM in | No comments



စစ်ကိုင်းတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီး ချုပ်မှ အကြောင်းမဲ့အပြစ်ရှာ အနိုင်ကျင့်ကာ ဒုမြို့နယ်တရား သူကြီးရာထူးမှ တိုင်းတရားလွှတ် တော်ရုံး ဒုဦးစီးရာထူးသို့ ရွှေ့ ပြောင်းခဲ့သည်ဟုဆိုလာသည့် ယခင်အရာတော်မြို့နယ် ဒုတိယ တရားသူကြီး (လက်ရှိ စစ်ကိုင်း တိုင်းဒေသကြီးတရားလွှတ်တော် ဒုဦးစီး ဦးမင်းဇော်ထွေးမှ ယင်း အနေဖြင့် ထိုသို့အနိုင်ကျင့်နေ သော တိုင်းတရားသူကြီးချုပ် အနေဖြင့် တိုင်းဒေသကြီးဝန်ကြီး ချုပ်နှင့် တိုင်းအစိုးရအဖွဲ့အမည် သုံးကာ နှိပ်ကွပ်နေသည့်အတွက် ယင်း၏ အနိုင်ကျင့်မှုများအား တာဝန်ရှိသူများမှ ဖြေရှင်းပေးပါ ရန် တောင်းဆိုလိုက်သည်။
““ကျွန်တော်တို့လို တရားသူ ကြီးအဆင့်တွေကိုကျတော့ ပြည် ထောင်စုတရားသူကြီးချုပ်က လက်မှတ်ထိုးပြီး ရာထူးရွှေ့ ပြောင်းတာလုပ်ရတာ ဒီစစ်ကိုင်း တိုင်းတရားသူကြီးချုပ်က မမှန် မကန်နေပြည်တော်ကို လျှောက် တင်တယ်။ သူအဲ့သလို လျှောက် ပြီးမဟုတ်တာတွေ တင်ပြတော့ နေပြည်တော်ကနေ ကျွန်တော့် ကို တရားစီရင်တဲ့နေရာကနေ တိုင်းတရားလွှတ်တော် ဒုဦးစီးကို အရွှေ့ခံလိုက်ရတယ်။ ကျွန်တော့် ကို သူက နေပြည်တော်ကိုတင်တဲ့ အခါ ကျွန်တော်နဲ့ အရာတော် မြို့နယ် NLD ဥက္ကဋ္ဌ ဦးကျော် ၀င်းနဲ့ လမ်းမှာရပ်စကားပြောတာ ရယ်၊ အမှုစစ်တဲ့အခါ ခေါင်း ပေါင်းချွတ်ထားတာရယ်၊ ပြီး တော့ အချို့သော ကျော်ဇော သတင်းတွေကြောင့်ဆိုပြီး နေရာ ရွှေ့လိုက်တယ်။ ဒါ လုံးဝ အဓိပ္ပာယ်မရှိဘူး။ NLD က ဦး ကျော်ဝင်းနဲ့ ရပ်စကားပြောလို့ နေရာရွှေ့ခံရတာ ဂုဏ်တောင်ယူ သေးတယ်။ ဘာလို့ဆိုတော့ ကျွန်တော်တို့က လာဘ်ပေး လာဘ်ယူမှုရဲ့ မကောင်းတဲ့ဟာ တွေကို ပြောကြတာပါ။ လူကြီး တန်မယ့် မင်းမဲ့စရိုက်ဆန်ဆန် လုပ်တာ နောက်ပြောရရင် သမ္မတကြီးက သန့်ရှင်းသော အစိုးရနဲ့ ကောင်းမွန်သော အုပ် ချုပ်ရေးအတွက် ဦးဆောင်လမ်း ညွှန်နေတာ ဒီတိုင်းတရားသူကြီး ချုပ်ရဲ့ လုပ်ရပ်က သမ္မတကြီး ပြောတာကို ဆန့်ကျင်နေသလိုပဲ။ နောက်နည်းနည်းဆိုရင် ၀န်ကြီး ချုပ်ခိုင်းတာ ၀န်ကြီးချုပ် အမိန့် အရလုပ်ရတာဆိုတာကပါသေး တယ်။ တရားရေးဝန်ထမ်းတစ် ယောက်ဖြစ်ပြီး တရားဥပဒေရဲ့ အကာအကွယ်က လက်လွတ် နေပါတယ်။ ဒီလို မလျော်မကန် သုံးအနိုင်ကျင့်နေတဲ့ တိုင်း တရားသူကြီးချုပ်ကို မကျေနပ်တဲ့ တရားရေးပိုင်းကလူတွေလည်း အများကြီးပဲ””ဟု ကာယကံရှင် ဖြစ်သူ တိုင်းတရားလွှတ်တော် ဒုဦးစီး ဦးမင်းဇော်ထွေးမှ ပြော ကြားသွားခဲ့သည်။
အဆိုပါ တရားရေးဝန်ထမ်း တစ်ဦးဖြစ်သူ ဦးမင်းဇော်ထွေးမှ ယင်း၏ အနိုင်ကျင့်ခံရမှုအတွက် နိုင်ငံတော်သမ္မတကြီးထံသို့ တင် ပြစာ(၃)ကြိမ်၊ ပြည်ထောင်စု တရားသူကြီးချုပ်ထံသို့ တင်ပြစာ (၁)ကြိမ်၊ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးကော်မတီသို့ (၁)ကြိမ်၊ ပြည်သူ့လွှတ်တော် တရားစီရင်ရေးကော်မတီသို့ တစ် ကြိမ်၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန သို့ Fax ထိုး၍ (၂)ကြိမ်နှင့် တရား ဥပဒေစိုးမိုးရေးကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား ကိုယ်တိုင် တွေ့ဆုံ၍ တင်ပြခဲ့ပြီး ယင်းသို့တင်ပြမှုများအားလည်း လွှတ်တော်တရားစီရင်ရေးကော် မတီဥက္ကဋ္ဌသူရဦးမောင်ကိုနှင့် ကော်မတီဝင်များမှ ခေါ်ယူမေး မြန်းမှုများ ပြုလုပ်ခဲ့ခြင်းတစ်ခုသာ ရှိပြီး အခြေအနေမှာမူ ထူး၍ မလာကြောင်း ယင်းကပြောသည်။ အထက်ပါကိစ္စနှင့်ပတ်သက်၍ Hot News သတင်းဂျာနယ်မှ အတည်ပြုချက်ရယူရန်အတွက် ပြည်သူ့လွှတ်တော်တရားစီရင် ရေးကော်မတီဥက္ကဋ္ဌ သူရဦးမောင် ကိုထံသို့ ဆက်သွယ်ရာတွင်လည်း ယင်းမှာလွှတ်တော်အစည်းအဝေး နှင့်ပါတီအစည်းအဝေးကိစ္စများ ရှိနေသဖြင့် မအားလပ်ကြောင်း သိရပြီး စစ်ကိုင်းတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီး ချုပ်သို့ မတ်လ(၁၈)ရက် နေ့လယ် ၁၂ နာရီနောက်ပိုင်းမှ စကာ ညနေပိုင်းထိ (၁၁)ကြိမ် တိတိ ဆက်သွယ်အတည်ပြုချက် ရယူရာတွင်လည်း ခေါ်ဆိုသည့် အချိန်တိုင်း တိုင်းတရားသူကြီး ချုပ်မှာ အစည်းအဝေးတက်နေ ကြောင်း ရုံးတာဝန်ကျသူများက ပြောခဲ့ပြီ။ Hot News မှ တိုင်း တရားလွှတ်တော်ရှိ အချို့သော အရာရှိများအား ဆက်သွယ်ခဲ့ရာ  တွင်လည်း အစည်းအဝေးမရှိ ကြောင်းနှင့်တရားသူကြီးချုပ်မှာ ရုံးခန်းအတွင်း၌သာရှိနေကြောင်း အစည်းအဝေးတက်သည်မှာ မဟုတ်ကြောင်း ပြောကြားခဲ့ သည်။
Hot News အနေဖြင့်လည်း နှစ်ဖက်အသံရယူပြီးမှ ပြည်သူ များသို့ စာမျက်နှာမှတဆင့် ချပြ ရန်အတွက်သာ တိုင်းတရားသူ ကြီးချုပ် ဦးဆန်းကိုအား ဆက် သွယ်ခြင်းသာဖြစ်ပြီး တိုင်းတရား သူကြီးချုပ်မရှိဟူသော ၀န်ထမ်း များ၏ အကြောင်းပြချက်ကြောင့် လုံးဝဆက်သွယ်၍မရခဲ့ပေ။


ခန့်ခန့်(ဒဿနိက)
hotnewsweekly.com

0 comments:

Search Our Site