Ads

ကြော်ငြာ

Thursday, January 16, 2014

Posted by ဆူးအေမီ on 11:34 PM in | No comments
Photo: စည်ပင်က မဟုတ်ပေမဲ့ လမ်းပေါ်မှာ နေ့တိုင်း တံမြက်စည်းလှည်း သန့်ရှင်း ရေးလုပ်တဲ့ မော်တော်ပီကယ်ကို ပြည်သူများချီးကျူးနေ

အခု ဓါတ်ပုံထဲက မော်တော်ပီကယ်ကတော့ ကလေးမြို့ လမ်းဆုံမှာ တာဝန် ကျလေ့ရှိတဲ့ ရဲဘော်ဖြစ်ပါတယ်။ နံနက်ပိုင်း ညနေပိုင်းဆိုရင် လမ်းသွားလမ်း လာတွေ ပစ်ချထားခဲ့တဲ့ အမှိုက်တွေကို တံမျက်စည်းနဲ့ လှဲကျည်းလေ့ရှိပြီး လမ်းသွားလမ်းလာများ အဆင်ပြေစေရန် ကိုယ့်အသိစိတ်နဲ့ ရှင်းလင်းပေးလေ့ ရှိတာကို မြို့ခံလူတော်တော်များများက သတိထားမိလာကြပါတယ်။

သူ့တာဝန်နဲ့ ဘာလားလားမှ မဆိုင်တဲ့ စည်ပင်သန်ရှင်းရေးအလုပ်ကို စေတနာ နဲ့ ဘယ်သူမှ မခိုင်းရဘဲ လုပ်ပေးလေ့ရှိတဲ့ အမည်မသိ မော်တော်ပီကယ်ကို ဒီကနေ ဂုဏ်ပြုလိုက်ပါတယ်။ ဒီလို စိတ်ဓါတ်ကို လေးစားတယ်ဆိုရင် ရှယ်ပေးလိုက်ပါ။

မော်တောပီကယ်တွေ တာဝန်ထားဆောင်တဲ့နေရာက လူများတဲ့ လမ်းမပေါ် မှာဆိုတော့ လူတွေကသာ အမှတ်တမဲ့ သတိမထားမိကြတာ။ ဒါပေမဲ့ သူတို့ ကတော့ လမ်းသွားလမ်းလာတွေကို တာဝန်အရသော်၎င်း၊ စေတနာနဲ့ သော်၎င်း၊ သတိနဲ့ ကြည့်လေ့ရှိပါတယ်။ ကူညီသင့်တာရှိရင်လဲ လမ်းမကူး တတ်သူကိုလဲ ကူညီလိုက်တာတွေကို တွေ့ရပါတယ်။

Myanmar News Media

0 comments:

Search Our Site