Ads

ကြော်ငြာ

Saturday, January 18, 2014


Credit > သီတဂူစတား

သတင်းမီဒီယာများ အထူးသတိထား
ကိုယ့်သတင်း လူကြိုက်များ၊ လူစိတ်ဝင်စား ပြီးရောဆိုပြီး သတင်းအရင်းအမြစ် မရှိဘဲ မလုပ်သင့်ပါဘူး၊ တိုင်းပြည်အကျိုးပြုတာလည်း သတင်းမီဒီယာဖြစ်သလို တိုင်းပြည် ဖျက်ဆီးတာလည်း သတင်းမီဒီယာ ဖြစ်သည်။ တိုင်းပြည်အေးချမ်းတည်ငြိမ်အောင် လုပ်နိုင်တာလည်း သတင်းမီဒီယာများ ဖြစ်သလို တိုင်းပြည် မငြိမ်မသက်ဖြစ်အောင်လုပ်နိုင်တာလဲ သတင်းမီဒီယာများ ဖြစ်သည်။

မန္တလေးသံဃာ့ ညီလာခံကြီးကို ကြိုဆိုပါသည်။ ရည်ရွယ်ချက်တွေလည်း သဘောကျ နှစ်ချြိုက်မိပါသည်။ တိုင်းပြည်နှင့် လူမျိုးအတွက် လုံးခြုံရေး၊ အေးချမ်းရေးအတွက် နှလုံးသွင်းမိပါသည်။

ထိုအစည်းအဝေးတွင် သီတဂူဆရာတော်ကြီး တက်ရောက် မိန့်ခွန်းစကားများ ပြောကြားခဲ့သည်လည်း မှန်ပါသည်။ သို့သော် ထိုအစည်းအဝေးတွင် ဆရာတော်ကြီးမပြောခဲ့ဖူးတဲ့ စကားလုံးတွေကို ပုံကြီးချဲ့၊ လူစိတ်ဝင်စားအောင်ရေး၊ မူရင်းပြောချက် ဟောချက်တွေ ပျောက်အောင် ရေးသည့် သတင်းမီဒီယာတွေရဲ့ ဖွချက်ကတော့ အံ့သြလောက်ပါသည်။

ထိုအစည်းအဝေးတွင် သီတဂူဆရာတော်ကြီးက “၂၀၁၅ခုနှစ်မှာ ဘယ်သူ့ကို မဲပေးပါ၊ ဘယ်သူကတော့ သာသနာအတွက် မှေးမှိန်စရာရှိတယ်ဆိုပြီး မဲမပေးသင့်”ဟု မိန့်ကြားခဲ့သည်ဆိုပြီး ဆရာတော်ကြီး လုံးဝ မမိန့်ခဲ့သည့်စကားတွေကို သတင်းတွေ ဖွနေခြင်းက သတင်းအမှန်ကို ပျောက်စေပါသည်။ ဆရာတော်ကြီးပြောသည့် စကားကို ဟိုနားဖြတ် ဒီနားဖြတ်ပြီး လိုသလို ဆွဲပြီး မရေးဘဲ အပြည့်အစုံ ရေးသင့်သည်။ သတင်း ဖြတ်ညှပ်ဆက်ခြင်းက စာဖတ်သူများကို သံသယဖြစ်စေသည်။
စာရေးသူသည် ရဟန်းတစ်ပါး ဖြစ်သည့်အတွက် ရဟန်းတော်များ စုစည်းပြီး တိုင်းပြည်နှင့် လူမျိုး ဘာသာ သာသနာအတွက် အလုပ် လုပ်နေသည်ကို အားပေးပါသည်။ ဘယ်သူတွေ ဘယ်လိုပဲ ဝေဖန်နေပါစေ စာရေးသူ အားပေးနေပါသည်။ စာရေးသူကိုယ်တိုင် စာတစ်တန် ပေတစ်တန် ရေးပြီး ဂုဏ်ပြုခဲ့ဖူးပါသည်။

သို့သော် သတင်းမီဒီယာများကို သတိထားစေချင်ပါသည်။ အထင်လွဲ အမြင်လွဲစေသည့် ဖွသတင်းမျိုးတွေကို ရှောင်ရှားစေဖို့ လိုပါသည်။ ထိုသတင်းမီဒီယာများကြောင့်လည်း သံဃာ့အဖွဲ့အစည်း၏ ရည်ရွယ်ချက်တွေ၊ အမှန်တရားတွေ သွေးဖယ်သွားနိုင်ပါသည်။ လူထုကို သံသယဖြစ်စေနိုင်ပါသည်။

မန္တလေး သံဃာထုအစည်းအဝေးကြီးကို ကြည်ညိုလေးစားလျှက်
သီတဂူစတား
၁၇-၁-၂၀၁၄

0 comments:

Search Our Site