Ads

ကြော်ငြာ

Monday, January 27, 2014

Posted by ဆူးအေမီ on 6:57 AM in | No comments
ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍအတွက် အမေရိကန်ဒေါ်လာ ၂ ဘီလျံ သုံးစွဲ သွားမှာဖြစ်ပြီး အဓိက လျပ်စစ်မီး ဖြန့်ဖြူးမှုနဲ့ ကျန်းမာရေးကဏ္ဍတွေမှာ အသုံးပြုမှာ ဖြစ်တယ်လို့ ယမန်နေ့က ကြေညာပါတယ်။ 




မြန်မာနိုင်ငံကို ပထမဆုံး အလည်အပတ်ရောက်နေတဲ့ ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌ မစ္စတာ ဂျင်ယုံကင်မ် (Jim Yong Kim ) က မြန် မာ နိုင်ငံလူဦးရေ ရဲ့ ၇၀ ရာခိုင်နှုန်းကျော်ဟာ လျှပ်စစ်မီး မသုံးစွဲနိုင်သေးတာကြောင့် ရန်ပုံငွေရဲ့ တဝက် က ၂ဝ၃ဝ ခုနှစ်မတိုင်မီမှာ လူတိုင်း လျှပ်စစ်မီးသုံးစွဲနိုင်ဖို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှု တိုးမြင့်ဖို့ အတွက် ဖြစ်တယ်လို့ ပြောပါတယ်။ 

“လက်ရှိပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေရဲ့ အသီးအပွင့်တွေ ဆင်းရဲနွမ်းပါးတဲ့ ပြည်သူတွေ ဆီ မြန်မြန် ဆန်ဆန်ရောက်ရှိနိုင်ဖို့အတွက် ကျနော်တို့အနေနဲ့ အကူအညီတွေကို တိုးမြှင့်ဆောင်ရွက်သွားဖို့ ရည်ရွယ် ထားပါတယ်” လို့ မစ္စတာကင်မ်က ပြောထားတာကို ကမ္ဘာဘဏ်ကြေညာချက်မှာ ဖော်ပြထားပါတယ်။ 

အခုလိုကမ္ဘာဘဏ်ရဲ့ ချေးငွေသစ်နဲ့ မြန်မာပြည်တလွှား လျှပ်စစ်မီး လုံလုံလောက်လောက် ဖြစ်လာ ဖို့ မျှော်လင့် ချက်တွေ သန်းလာတဲ့သတင်းကောင်းတပုဒ်ပါ။ 

ပြီးခဲ့တဲ့နှစ်တွေကတော့ လျှပ်စစ်မီး မလုံလောက် လို့ မြန်မာပြည် တဝှမ်း မြို့တော်တော်များများမှာ လမ်းမတွေပေါ်ထွက်ပြီး ဆန္ဒပြခဲ့ကြပါသေးတယ်။ နောက်ပိုင်း အစိုးရက မီးစက်တွေနဲ့ လျှပ်စစ်မီး ဖြန့်ဖြူးဖို့ လုပ်ဆောင်ပေးတာတချို့ရှိခဲ့ပေမယ့် လျှပ်စစ်မီး ဖူလုံမှုတော့ မရှိ ပါဘူး။ 

လျှပ်စစ်မီး လုံလုံလောက်လောက် ရမယ်ဆိုရင် မြန်မာ့လူ့အဖွဲ့အစည်းဟာ လုံးဝ ပြောင်းလဲသွားမှာ ပါ။ ကျောင်းသားတွေ လည်း ညဖက်တွေမှာ စာပေလေ့လာမှုတွေလုပ်နိုင်သလို ဆေးရုံ နဲ့ ဆေးပေးခန်းတွေ လည်း လျှပ်စစ်မီး လုံလောက်စွာ ရလို့ လူ့အသက်တွေကိုလည်းအများကြီးကယ်တင်နိုင်မှာပါ။ 

လျှပ်စစ်မီးလုံလောက်ပြီဆိုရင် ကုန်ထုတ်စွမ်းအားတွေလည်း မြင့်မားလာမှာပါ။ 

ကမ္ဘာ့ဘဏ်ရဲ့ ချေးငွေသစ်နဲ့ အမှောင်မှာနေသားကျနေပြီဖြစ်တဲ့ မြန်မာနိုင်ငံသားတွေ လျှပ်စစ်မီး အလင်းရောင် ကောင်း ကောင်း အောက်မှာ ဘဝသစ်တွေအတွက် အိပ်မက်ကောင်းတွေ မက်ခွင့်ရ ကြတော့မယ်ထင်ပါရဲ့။ 


ကမ္ဘာ့ဘဏ်ရဲ့ သတင်းထုတ်ပြန်ချက်အပြည့်အစုံကိုလည်း ဖော်ပြလိုက်ပါတယ်။ 







အိမ့်သံစဉ် ~
ဧရာဝတီ

0 comments:

Search Our Site