Ads

ကြော်ငြာ

Thursday, January 16, 2014

Posted by ဆူးအေမီ on 11:20 PM in | No comments
ပလိပ် အမှတ် (၂) အထည် စက်ရုံ တွင် ဇန်နဝါရီ လ (၁၆) ရက် နံနက် (၈း၁၅) နာရီ အချိန်က စက်ရုံ အပြင် ဝန်ထမ်း များ ဝင်ပေါက် ရှေ့တွင် စက်ရုံ ဝန် ထမ်း (၂၈) ဦး ထိုင်လျှက် ဆန္ဒ ထုတ်ဖော် ခဲ့ကြပြီး ညနေ (၃) နာရီ တွင် ဒုတိယ အကြိမ် အဖြစ် စက်ရုံ ဆင်းချိန် တွင် ဝန်ထမ်း (၁၀၀) ကျော် မှ စက်ရုံ အတွင်းမှ မထွက် ဘဲ စက်ရုံ ဂိတ်ပေါက် တွင် ထိုင်လျှက် ဆန္ဒ ထပ်မံ ဖော်ထုတ် ပြီး တောင်းဆို ချက် (၁၃) ချက် ကို တောင်ဆို လိုက် ကြောင်း သိရ သည်။

အဆိုပါ တောင်းဆို ချက် (၁၃) ချက်မှာ

၁။ ဖွဲ့စည်းပုံ မပျက် မဖျက်သိမ်း ပဲ ၂၀၁၅ ခုနှစ် အထိ အစိုးရ ဝန်ထမ်း အဖြစ် ဆက်လက် ထားရှိရန်
၂။ ရှောင်တခင် ခွင့်များ ကို လိုချင် သည့် အချိန် တောင်းဆို ၍ မရပဲ ရက်ပျက်များ ဖြစ်နေခြင်း ကို ပြုပြင် ပေးရန်
၃။ နေ့စား သမားများ အားလုံး အလုပ် ပြန်ခန့် ရန်
၎။ ဆန္ဒပြု လွှာများ ကို မိမိ သဘော ဆန္ဒ အလျောက် ထင်သာ မြင်သာ ပြန်လည် ဆန္ဒပြု လိုခြင်း
၅။ ဝန်ထမ်းများ ၏ တောင်ဆို ချက် ဆန္ဒများ ကို ပန်ဒါ ကုမ္ပဏီ အတွင်းရေးမှူး မှ ပြေလည် သည် အထိ ဖြေရှင်း ပေးပါ မည် ဟု ကတိပြု ပေးရန်
၆။ ပင်စင် ခံစားခွင့် များ ကို Backdate ဖြင့် ထွက်ထွက်ခြင်း ဖြေရှင်း ပေးရန်
၇။ စက်မှု ဝန်ကြီးဌာန လက်အောက် ရှိ အခြား စက်ရုံများ လျော်ကြေး ပင်စင် မပေး သေးဘဲ အမှတ် (၂) အထည် စက်ရုံ တစ်ရုံတည်း သာ လျော်ကြေး ပင်စင် ပေးသည့် ကိစ္စ ရပ်ဆိုင်း ပေးပါ ရန်
၈။ ယခင် အတိုင်း အလုပ် တက်ရက် တစ်ပတ် လျှင် ပိတ်ရက် (၂) ရက် ခွင့်ပြု ပေးရန်
၉။ လျော်ကြေး ပင်စင် ပေးသည် ဆိုပြီး ဘာကြောင့် Personal Order မပေး သေးခြင်း
၁၀။ အသက် (၆၀) မပြည့် သေးပဲ လုပ်သက် (၃၀) ဖြင့် မိမိ ဆန္ဒ မပါပဲ နှုတ်ထွက် ခိုင်းခြင်း
၁၁။ စက်မှု ဝန်ကြီး ဌာနမှ တာဝန် အရှိဆုံး၊ လုပ်ပိုင်ခွင့် အရှိဆုံး ပုဂ္ဂိုလ် ဖြင့် ဆွေးနွေး လိုခြင်း
၁၂။ ပင်စင် ရပြီး အိမ်ခန်း တွင် ဆက်လက် နေထိုင်ခွင့် ပြုရန်
၁၃။  ဝန်ထမ်း အိမ်ယာ များ နေထိုင် ခွင့်၊ ပိုင်ဆိုင်ခွင့် မရှိလျှင် အငှါး အနေ ဖြင့် ဆက်လက် နေထိုင် ခွင့်ပြုရန် (ကုမ္ပဏီ တွင် ဆက်လက် မလုပ် သူများ နစ်နာ သဖြင့်)

တို့ ဖြစ်သည် ဟု သိရ သည်။

သတင်းစဉ်

0 comments:

Search Our Site