Ads

ကြော်ငြာ

Thursday, January 16, 2014

Posted by ဆူးအေမီ on 11:34 PM in | No comments
Photo: ဇန်န၀ါရီ၂၁ ရက်နေ့ အဖမ်းဆီးမတိုင်မီ မြန်မာသံရုံးမှကြော်ငြာချက်ထုတ်ပြန်
Friday, January 17, 2014

ပြည်ထာင်စုသမ္မတ မြန်မာနိုင်ငံတော်သံရုံး
ကြော်ငြာချက်

၁၊ မလေးရှားပြည်ထဲရေး ဝန်ကြီးဌာနမှ ၂၀၁၃ ခုနှစ် အောက်တိုဘာ ၂၁ ရက်နေ့မှ ၂၀၁၄ ခု နှစ် ဇန်နဝါရီ ၂၁ အထိဆောင်ရွက်ပေးလျှက်ရှိသည့် "6P Special Programme Management of Illegal Undocumented Foreign Workers " အစီအစဉ်မှာ ပြီးဆုံးတော့မည်ဖြစ်ပါကြောင်း ၊ အစီအစဉ်ပြီးဆုံးသည့် ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၂၁ ရက် သန်းခေါင်ချိန် ၁၂:၀၁ အချိန်မှ စတင်၍ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများပါဝင်သော စစ်ဆင်ရေး အဖွဲ့များဖြင့် နိုင်ငံအနှံ့ တရားမဝင် နိုင်ငံခြားသားများ အား စစ်ဆေး ဖမ်းဆီးသွားမည် ဖြစ်ကြောင်း မလေးရှားပြည်ထဲရေးဝန်ကြီးဌာန မှ အသိပေး ကြော်ငြာ ထားပါသည် ။

၂၊ အဆိုပါဖမ်းဆီးများအတွင်း ဖမ်းဆီးခြင်းမခံရမီ မိမိတို့သက်ဆိုင်ရာ နိုင်ငံသို့ ပြန်လည်ထွက်ခွာရန် အတွက် မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနထံ သွားရောက် လျှောက်ထားနိုင်ပါကြောင်း ၊ ထိုသို့လျှောက်ထားရာတွင် အပြန်လေယာဉ် လက်မှတ် နှင့် နိုင်ငံကူးလက်မှတ် (သို့) နိုင်ငံသားဖြစ်ကြောင်း အထောက်အထားလက်မှတ် ( C of I ) တင်ပြရန် လိုမည်ဖြစ်ကြောင်း ၊ မိမိဆန္ဒအလျှောက် ပြန်လည်ထွက်ခွာ ရန် လျှောက်ထားလာသူများအား သတ်မှတ်ဒဏ်ကြေး (Compound Fees) သာကောက်ခံသွားမည်ဖြစ်ပြီး ပစ်ဒဏ်ချမှတ်ခြင်း လုံးဝပြုမည် မဟုတ်ပါကြောင်း ၊ ဒဏ်ကြေးမည်မျှ ကျခံရမည်ကို ထပ်မံအသိပေးကြော်ငြာသွားမည်ဖြစ်ကြောင်း မလေးရှားပြည်ထဲရေး ဝန်ကြီးဌာန မှ မြန်မာသံရုံးအပါအဝင် နိုင်ငံခြားသံရုံးများသို့ အသိပေးအကြောင်းကြားလာပါသည် ။

၃၊ သို့ပါ၍ မလေးရှားနိုင်ငံတွင် တရားမဝင်နေထိုင်လျှက်ရှိသော မြန်မာနိုင်ငံသားများအနေဖြင့် မိမိဆန္ဒအလျှောက် မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာနိုင်ရန်အတွက် မြန်မာသံရုံးသို့ လာရောက် စုံစမ်းနိုင်ပါကြောင်း နှင့် နိုင်ငံသားဖြစ်ကြောင်း အထောက်အထား လက်မှတ် ( C of I) များ လျှောက်ထားနိုင်ပါကြောင်း အသိပေးအပ်ပါသည် ။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သံရုံး
ကွာလာလမ်ပူမြို့ ၊ မလေးရှားနိုင်ငံ ။
ရက်စွဲ ၊ ၂၀၁၄ ၊ ဇန်နဝါရီလ ၁၅ ရက်နေ့

လွန်ခဲ့သော ၁၄.၁.၂၀၁၄ နေ့ မလေးရှား Thestar သတင်းစာတွင် 6P အစီအစဉ်အားလုံး ပြီးဆုံးပြီဖြစ်သောကြောင့် လာမည့် ၂၁.၁.၂၀၁၄ တွင် တရားမဝင်နေထိုင်သူအားလုံးကို အဆုံးသတ် ဖမ်းဆီးမည်ဖြစ်ကြောင်း ၊ ထိုတရားမဝင်နေထိုင်သူများကို ဆက်လက် ခန့်ထားသော အလုပ်ရှင်များကိုလည်း ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း မလေးရှားနိုင်ငံ ထုတ်သတင်းစာများ အားလုံး တွင်တရားဝင်ကြော်ငြာသွားခဲ့သည် ။

သို့သော် ..
ယနေ့ မလေးရှားအစိုးရ မှ အဆိုပါ အဖမ်းဆီး မတိုင်မီ တရားမဝင် ဖြစ်နေသူများ မလေးရှားနိုင်ငံမှ ထွက်ခွာလိုပါက မလေးရှားနိုင်ငံ အစိုးရ နှင့် လဝကမှ ဒဏ်ကြေး ဆောင်၍ ပြန်လည်ထွက်ခွာ ခွင့်ပေးမည်ဖြစ်ကြောင်း သက်ဆိုင်ရာ သံရုံများသို့ တရားဝင် စာပို့ခဲ့သည် ။

ထို့ကြောင့် တရားမဝင် ဖြစ်နေသော မြန်မာနိုင်ငံသားအားလုံး မိမိတို့ ရှိ စာရွက်အထောက်အထား ၊ ပတ်စပို့မူရင် ၊ မရှိပါက မြန်မာနိုင်ငံသား ဖြစ်ကြောင်း အထောက်အထားဖြစ်သော CI ကို မြန်မာသံရုံးတွင်လျှောက်ထားကာ မလေးရှား အစိုးရမှ သတ်မှတ်သော ဒဏ်ကြေးပေးဆောင်ပြီး လေယာဉ်လက်မှတ် ဝယ်ကာ ပြန်နိုင်မည်ဖြစ်ကြောင်း အဆိုးကြားမှ သတင်းကောင်းတစ်ခု အနေဖြင့် တင်ဆက်ပေးရပါသည် ။ဟု

မလေးရှားရောက်မြန်မာများ Facebook စာမျက်နှာ www.facebook.com/mmrinmyတွင်ဖော်ပြထားသည်။

Popular Myanmar News Journal

မလေးရှားရောက်မြန်မာများ Facebook စာမျက်နှာ www.facebook.com/mmrinmyတွင်ဖော်ပြထားသည်

Popular Myanmar News Journal

0 comments:

Search Our Site