City Hunter နှင့် Boys Over Flowers
ဇာတ်ကားတွေနဲ့ နာမည်ကျော်ကြားလာတဲ့ မင်းသား လီမင်ဟိုဟာ The Heirs
ဇာတ်လမ်းတွဲသစ်မှာ ပါဝင်မှာ ဖြစ်ပါတယ်။
နာမည်ကျော် စာရေးဆရာမ ကင်အွန်ဆွတ်ခ်
ရေးသားထားတဲ့ The One Trying to Wear the Crown, Bear the Weight – The
Heirs” ဝတ္ထုကို အသက်သွင်းမယ့် The Heirs ရုပ်သံဇာတ်လမ်းမှာ ပါဝင်ဖို့
သဘောတူညီလိုက်ပြီလို့ လီမင်ဟိုရဲ့ ကုမ္ပဏီ Starhaus Entertainment က
ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒီဇာတ်ကားကို ဒါရိုက်တာ ခမ်းရှင်ဟိုက ရိုက်ကူးမှာ
ဖြစ်ပြီး ၂၀၁၃ နှစ်လည်ပိုင်းလောက်မှာ ပြသနိုင်ဖို့ ရည်ရွယ်ထားပါတယ်။
သို့ပေမယ့် ဇာတ်ကားအတွက် အမျိုးသမီးဇာတ်ဆောင် မရွေးရသေးဘူးလို့ သတင်းများမှာ ဖော်ပြထားပါတယ်။
Ref: SoompiHollinaz
0 comments:
Post a Comment