Ads

ကြော်ငြာ

Monday, April 1, 2013

Posted by ဆူးအေမီ on 8:49 AM in | No comments
မိုဘိုင်း တယ်လီဖုန်း ဆင်းကဒ်များကို အသက်သာဆုံး နှုန်းထားဖြင့် ရောင်းချပေးသွား မည် ဖြစ်ကြောင်း မတ်လ ၃၁ရက်နေ့က နိုင်ငံတော်သမ္မတ ပြောကြားသည့် ရေဒီယို မိန့်ခွန်းတွင် ထည့်သွင်း
ပြောကြားသည်။

သမ္မတက "မိုဘိုင်း တယ်လီဖုန်းဆင်းကဒ်များကို ဧပြီလမှ စပြီး သက်ဆိုင်ရာ ဆက်သွယ်ရေး၊ သတင်းအချက် အလက်နှင့် နည်းပညာ ၀န်ကြီးဌာနမှ လိုအပ်တဲ့ အမိန့်ကြော်ငြာစာများ ထုတ်ပြန်ပြီး၊ အသက်သာဆုံး ကျပ်ငွေနှုန်းထားဖြင့် ကတိပေး ပြောကြားထားသည့်အတိုင်း ရောင်းချပေးသွားမှာ ဖြစ်ပါတယ် " ဟု မိန့်ခွန်းတွင် ထည့်သွင်းပြောခဲ့သည်။


အစိုးရအနေဖြင့် တယ်လီဖုန်း သုံးစွဲသူများပြားလာစေရန် စီမံချက်များ ရေးဆွဲလျှက်ရှိရာတွင် ၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင် တယ်လီဖုန်းလိုင်း ၈သန်း၊ ၂၀၁၄-၁၅ဘဏ္ဍာနှစ်တွင် တယ်လီဖုန်းလိုင်း ၁၈သန်း စုစုပေါင်း ၂၆သန်း တိုးချဲ့ တပ်ဆင်ပေးသွားမည် ဖြစ်သည်။

 “ တယ်လီဖုန်း သိပ်သည်းဆအနေဖြင့် ၂၀၁၂-၂၀၁၃ ခုနှစ်တွင် ၁၀ရာခိုင်နှုန်း၊ ၂၀၁၃-၁၄ ခုနှစ်တွင် ၂၇ရာခိုင်နှုန်း၊ ၂၀၁၄-၁၅ခုနှစ်တွင် ၅၀ရာခိုင်နှုန်း ဖြစ်လာရန် ဆောင်ရွက်လျှက်ရှိပါတယ်" ဟု မတ်လ ၂၉ရက်နေ့က ပြုလုပ်သည့် တန်ဖိုးနည်း မိုဘိုင်းဖုန်း ဆင်းကဒ်များ ရောင်းချရေး ဆိုင်ရာ ညှိနှိုင်း အစည်းအဝေးတွင် သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။

နည်းပညာ တက္ကသိုလ်ကျောင်းသား ကိုသီဟအောင်က "တယ်လီဖုန်း သိပ်သည်းဆဟာ အိမ်နီးချင်း နိုင်ငံတွေနဲ့ ယှဉ်ရင်တောင် အတော်နည်းနေပါသေးတယ်။ ဆက်သွယ်ရေးကောင်းမှ ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်မှာ ဖြစ်လို့ တယ်လီဖုန်း သိပ်သည်းဆကို မြှင့်ဖို့ လိုပါတယ်။ ဒါ့အပြင် ၀ယ်ယူသုံးစွဲနိုင်အောင် ဆင်းကဒ် ဈေးနှုန်း ခေါ်ဆိုခ ၊ ဟန်းဆက်ဈေးတွေကလည်း သက်သာဖို့ လိုပါတယ်။ အားလုံးထက် အရေးကြီးဆုံးက ဖုန်းကိုင်ထားပြီး ခေါ်မရလို့ အသုံးမပြုရတာမျိုး မဖြစ်ရအောင် ဆက်သွယ်ရေးစနစ်ကောင်းဖို့လည်း လိုပါတယ်" ဟုနည်းပညာ တက္ကသိုလ်ကျောင်းဆင်း ကိုသီဟအောင်က ပြောသည်။
 (မဇ္ဈိမ)

0 comments:

Search Our Site