Ads

ကြော်ငြာ

Tuesday, July 2, 2013

ထိုင်း Jay Mart မြန်မာတွင် ဟန်းဆက်အရောင်းဆိုင်များ ဖွင့်မည်

ဇူလိုင်လ ၂ ရက် ၂၀၁၃

ထိုင်းနိုင်ငံမှ မိုဘိုင်းလ်ဖုန်း ဖြန့်ချိရေးကုမ္ပဏီ Jay Mart က ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးရန် အခြေအနေ ကောင်းနေသော မြန်မာနိုင်ငံတွင် ယခုနှစ်အတွင်း ဖုန်းဟန်းဆက် အရောင်းဆိုင် ၂၀ ခန့် ဖွင့်လှစ်ရန် စီစဉ်နေကြောင်း ဘန်ကောက် ပို့စ်သတင်းစာက ရေးသားသည်။
...
ယင်းကုမ္ပဏီက မြန်မာနိုင်ငံတွင် ပထမဆုံး အရောင်းဆိုင်သုံးဆိုင် ဖွင့်လှစ်ရန် အဆင်သင့် ဖြစ်နေပြီး ကျန်ဆိုင်များ ဆက်လက် ဖွင့်လှစ်မည် ဖြစ်ကြောင်း Jay Mart အမှုဆောင် အရာရှိချုပ် Adisak Sukumvitaya က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ပထမတစ်နှစ်အတွင်း ဘတ်သန်း ၁၅၀ ခန့် (အမေရိကန်ဒေါ်လာ ၄ ဒသမ ၅ သန်း) ရင်းနှီးမြှုပ်နှံမည် ဖြစ်ပြီး ဒုတိယနှစ်တွင် ရင်းနှီးမြှုပ်နှံမှု ပမာဏ ဘတ်သန်း ၇၅၀ (အမေရိကန်ဒေါ်လာ ၂၁ ဒသမ ၄ သန်း) အထိ တိုးမြှင့်ရင်းနှီး မြှုပ်နှံသွားမည်ဟု ၎င်းကဆိုသည်။

အဆိုပါ ကုမ္ပဏီသည် Telenor ကုမ္ပဏီပိုင် ထိုင်းအခြေစိုက် ဆက်သွယ်ရေးကုမ္ပဏီ dtac နှင့် မိတ်ဖက်ကုမ္ပဏီအဖြစ် ကာလရှည် ပူးပေါင်း ဆောင်ရွက်နေသော ကုမ္ပဏီဖြစ်ပြီး dtac ၏ မိုဘိုင်းလ်ဖုန်း ဆင်းမ်ကတ်များကို ရောင်းချပေးနေသည်။

Jay Mart ၏ ၂၀၁၂ ခုနှစ် အမြတ်ဝင်ငွေ၏ ၃၈ ရာခိုင်နှုန်းကို 3G စနစ် မိုဘိုင်းလ်ဖုန်းများ ရောင်းချမှုမှ ရရှိခဲ့ကြောင်း ယင်းကုမ္ပဏီက ထုတ်ပြန်ထားသည်။

နိုင်ငံတကာက စိတ်ဝင်စားနေသည့် ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်များ ချထားပေးပြီးနောက် ဆက်သွယ်ရေးကဏ္ဍ အခွင့်အလမ်း ကောင်းနေသော မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် အဆိုပါ ထိုင်းအခြေစိုက် ကုမ္ပဏီက စိတ်ဝင်စားနေခြင်း ဖြစ်သည်။

“ဒီဈေးကွက်က အကြီးကြီးပါ။ ဝင်လာတော့လဲ တတ်နိုင်သမျှ ပြိုင်ရတာပေါ့။ ဆင်းမ်ကတ်တွေ ဈေးပေါလာရင် မိုဘိုင်းလ် ဖုန်းဆိုင်တွေ ပိုလိုအပ်လာဦးမယ်။ ဖုန်းဆိုင်တွေက မြို့ကြီးတွေမှာပဲ စုနေတာ” ဟု မြောက်ဥက္ကလာပမြို့နယ် Mobile Star ဖုန်းဆိုင်ပိုင်ရှင် ဦးဇော်မင်းက မှတ်ချက်ပေးသည်။

နော်ဝေအခြေစိုက် Telenor နှင့် ကာတာနိုင်ငံမှ Ooredoo (Q Tel) ကုမ္ပဏီတို့ကို ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင် ချထားပေးမည် ဖြစ်ကြောင်း ဆက်သွယ်ရေး အော်ပရေတာ တင်ဒါခေါ်ယူခြင်းနှင့် ရွေးချယ်ရေးကော်မတီက ဇွန်လ ၂၇ ရက်နေ့တွင် ထုတ်ပြန် ကြေညာခဲ့သည်။

The Voice weekly


ထိုင်းနိုင်ငံမှ မိုဘိုင်းလ်ဖုန်း ဖြန့်ချိရေးကုမ္ပဏီ Jay Mart က ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးရန် အခြေအနေ ကောင်းနေသော မြန်မာနိုင်ငံတွင် ယခုနှစ်အတွင်း ဖုန်းဟန်းဆက် အရောင်းဆိုင် ၂၀ ခန့် ဖွင့်လှစ်ရန် စီစဉ်နေကြောင်း ဘန်ကောက် ပို့စ်သတင်းစာက ရေးသားသည်။ ...
ယင်းကုမ္ပဏီက မြန်မာနိုင်ငံတွင် ပထမဆုံး အရောင်းဆိုင်သုံးဆိုင် ဖွင့်လှစ်ရန် အဆင်သင့် ဖြစ်နေပြီး ကျန်ဆိုင်များ ဆက်လက် ဖွင့်လှစ်မည် ဖြစ်ကြောင်း Jay Mart အမှုဆောင် အရာရှိချုပ် Adisak Sukumvitaya က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ပထမတစ်နှစ်အတွင်း ဘတ်သန်း ၁၅၀ ခန့် (အမေရိကန်ဒေါ်လာ ၄ ဒသမ ၅ သန်း) ရင်းနှီးမြှုပ်နှံမည် ဖြစ်ပြီး ဒုတိယနှစ်တွင် ရင်းနှီးမြှုပ်နှံမှု ပမာဏ ဘတ်သန်း ၇၅၀ (အမေရိကန်ဒေါ်လာ ၂၁ ဒသမ ၄ သန်း) အထိ တိုးမြှင့်ရင်းနှီး မြှုပ်နှံသွားမည်ဟု ၎င်းကဆိုသည်။


အဆိုပါ ကုမ္ပဏီသည် Telenor ကုမ္ပဏီပိုင် ထိုင်းအခြေစိုက် ဆက်သွယ်ရေးကုမ္ပဏီ dtac နှင့် မိတ်ဖက်ကုမ္ပဏီအဖြစ် ကာလရှည် ပူးပေါင်း ဆောင်ရွက်နေသော ကုမ္ပဏီဖြစ်ပြီး dtac ၏ မိုဘိုင်းလ်ဖုန်း ဆင်းမ်ကတ်များကို ရောင်းချပေးနေသည်။


Jay Mart ၏ ၂၀၁၂ ခုနှစ် အမြတ်ဝင်ငွေ၏ ၃၈ ရာခိုင်နှုန်းကို 3G စနစ် မိုဘိုင်းလ်ဖုန်းများ ရောင်းချမှုမှ ရရှိခဲ့ကြောင်း ယင်းကုမ္ပဏီက ထုတ်ပြန်ထားသည်။


နိုင်ငံတကာက စိတ်ဝင်စားနေသည့် ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်များ ချထားပေးပြီးနောက် ဆက်သွယ်ရေးကဏ္ဍ အခွင့်အလမ်း ကောင်းနေသော မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် အဆိုပါ ထိုင်းအခြေစိုက် ကုမ္ပဏီက စိတ်ဝင်စားနေခြင်း ဖြစ်သည်။


“ဒီဈေးကွက်က အကြီးကြီးပါ။ ဝင်လာတော့လဲ တတ်နိုင်သမျှ ပြိုင်ရတာပေါ့။ ဆင်းမ်ကတ်တွေ ဈေးပေါလာရင် မိုဘိုင်းလ် ဖုန်းဆိုင်တွေ ပိုလိုအပ်လာဦးမယ်။ ဖုန်းဆိုင်တွေက မြို့ကြီးတွေမှာပဲ စုနေတာ” ဟု မြောက်ဥက္ကလာပမြို့နယ် Mobile Star ဖုန်းဆိုင်ပိုင်ရှင် ဦးဇော်မင်းက မှတ်ချက်ပေးသည်။


နော်ဝေအခြေစိုက် Telenor နှင့် ကာတာနိုင်ငံမှ Ooredoo (Q Tel) ကုမ္ပဏီတို့ကို ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင် ချထားပေးမည် ဖြစ်ကြောင်း ဆက်သွယ်ရေး အော်ပရေတာ တင်ဒါခေါ်ယူခြင်းနှင့် ရွေးချယ်ရေးကော်မတီက ဇွန်လ ၂၇ ရက်နေ့တွင် ထုတ်ပြန် ကြေညာခဲ့သည်။


The Voice weekly

0 comments:

Search Our Site