Ads

ကြော်ငြာ

Saturday, July 6, 2013

Posted by ဆူးအေမီ on 10:49 PM in | No comments

မူးယစ်တိုက် ဖျက်ရေးအထူးအဖွဲ့မှ တာဝန်ရှိ သူများ အရပ်ဝတ်အသွင် ယူပြီး ရုပ်ရှင်ရိုက်ကွင်းများတွင် အနုပညာရှင်သရုပ်ဆောင်တချို့ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှုများ ရှိမရှိကို စစ်ဆေးသွားရန် စီ စဉ်နေကြောင်း မူးယစ်အထူးတပ်ဖွဲ့မှ အဆင့်မြင့်အရာရှိတစ်ဦးက ထုတ်ဖော်ပြောကြားလိုက်သည်။

ယင်းအစီအစဉ်ကို မကြာ မီအချိန်အတွင်း ဆောင်ရွက်သွား မည်ဖြစ်ပြီး မူးယစ်ဆေးဝါးသုံးစွဲ ရောင်းဝယ်မှု များတွင် ပါဝင်ပတ်သက်သည် ဟုသတင်းရရှိထား သောအနုပညာရှင် သရုပ်ဆောင် အချို့၏ ရိုက်ကွင်း များနှင့် ၄င်းတို့ ၏နေထိုင်သွားလာလှုပ်ရှားမှုများကို စောင့်ကြည့်လေ့လာ သွား မည် ဖြစ်ကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်၍ မူးယစ်အထူးတိုက် ဖျက်ရေးအဖွဲ့မှ အဆင့်မြင့်အရာရှိက ''တချို့ အနုပညာ ရှင်တွေ၊ မော်ဒယ်တွေသိထားရမှာက တာဝန်ကျတပ်ဖွဲ့ဝင်တွေအနေနဲ့ တာဝန်ကိုပဲ အဓိကထားပြီးဆောင် ရွက်မှာဆိုတော့နာမည် ကြီးမော်ဒယ်၊ မင်းသမီး၊ မင်းသား ဆိုပြီး ညှာတာ လိမ့် မယ်တော့ မဟုတ်ဘူး။

အခု ဖမ်းဆီးလိုက်တဲ့အနု ပညာရှင်နှစ်ယောက်က နမူနာပဲ။ ကျွန်တော်တို့အနေနဲ့လဲ မသေ ချာပဲနဲ့တော့ မလုပ်ပါဘူး။ သက် သေအ ထောက် အထားရှိရှိနဲ့ လက်ဆုပ်လက်ကိုင်ပြနိုင်မှ ဖမ်းဆီး စစ် ဆေး ဆောင်ရွက်သွားမှာပါ''ဟု ပြောသည်။


အခိျု့အနုပညာရှင် များအနေဖြင့် စိတ်ကြွဆေးပြား များနှင့် အခြားမူးယစ်ဆေးဝါး တို့ကိုသုံးစွဲခြင်းများကို ရင်းနှီးခင် မင်ရာ အနုပညာရှင် အိမ်များ နှင့် ဟိုတယ်များတွင် မူးယစ်ဆေးဝါး သုံးစွဲမှု များကို ပြု လုပ်ကြကြောင်း သိရသည်။


ယင်းနှင့်ပတ်သက်၍ ဒါရိုက်တာ အန်ထော်ဏီက ''သူတို့လုပ် ပိုင်ခွင့်ရှိလို့လုပ်တာလေ။ မယုံ သင်္ကာရှိတဲ့ သူတွေကို ဖမ်းဆီး မယ်လို့တော့ ထင်တယ်။


အဲဒီလို မျိုး သူတို့ရိုက်ကွင်းထိဆင်းပြီးဖမ်း
မယ်ဆိုရင် တကယ် မလုပ်တဲ့သူတွေ အတွက် နစ်နာပါတယ်။ အနုပ ညာသမားတွေကို အဓိကထား ပြီးတော့ ပပျောက်အောင်လုပ် ဆောင်တာလဲဖြစ်မယ်။ ဒါပေ မယ့်မသေချာဘဲနဲ့ အတင်းရမ်း ပြီးတော့ လုပ်မှာလဲမဟုတ်ဘူး။

ဘာဖြစ်လို့ လဲဆိုတော့ တကယ်လို့ မဟုတ် ခဲ့ရင် အနုပညာ သမားတွေ ရဲ့ ဝတ္တရားနှောင့်ယှက် မှုတွေ နဲ့ ပြန်လည်ဖြေရှင်းရမှာပေါ့။ အနု ပညာလောကထဲမှာ သူတို့လွှတ် ထားတဲ့သူတွေလည်း ရှိမှာပဲလေ။ အနုပညာသမားနဲ့ မူးယစ် ဆေး ဝါးဆိုတာ ဘာမှမဆိုင်တဲ့ကိစ္စပဲ။


အခုဟာ က တစ်ယောက်လဲ မဟုတ် နှစ်ယောက်လဲမဟုတ် အနုပညာ သမားတွေကပဲဖြစ်နေတာကြောင့် ဒီလိုဆောင်ရွက်တာဖြစ်ပါလိမ့် မယ်''ဟုပြောသည်။


အနုပညာရှင် တချို့ မူးယစ် ဆေးဝါးသုံးစွဲမှုများနှင့်ပတ်သက်
၍ စိတ်ကျန်းမာရေးဆရာဝန်တစ်ဦးက ''အနုပညာရှင်တွေက စိတ် ကြွဆေးပြားတို့၊ ဆေးခြောက်တို့သုံးမှအတွေး အခေါ် စကားပြော တွေကောင်းလာတယ်။

ခံစားချက်အပြည့်နဲ့ သရုပ်ဆောင်နိုင်တယ်လို့ထင်ကြတယ်။ ဒါဟာ မှားယွင်းနေတဲ့အချက်ပါ။ သုံးစွဲတာ ကြာလာတာနဲ့အမျှ ကြာရင် စိတ် ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ပျက် စီးသွားပြီး ဘဝပျက်ရမှာကို မသိ ကြဘူးဖြစ် နေတယ်''ဟု ပြောသည်။ လွန်ခဲ့သည့်ရက်ပိုင်းအတွင်းက ရုပ်ရှင်သရုပ်ဆောင်ဘုန်း လျှံနှင့် ရဲတိုက်တို့ မူးယစ်ဆေးဝါး ရောင်းဝယ်သုံး စွဲမှုများဖြင့် ဖမ်း ဆီးခံခဲ့ရကြောင်း သိရသည်။


ကျော်မြတ်ဇံ ၊ ရတနာ
Yangon Media

0 comments:

Search Our Site