Ads

ကြော်ငြာ

Tuesday, July 2, 2013

Posted by ဆူးအေမီ on 2:04 AM in | No comments

                         

ဂျီအက်စ်အမ်နဲ့ ဒဗလျူစီဒီအမ်အေ (သရီးဂျီ) စနစ်သုံး မိုဘိုင်းဖုန်းတွေ ယနေ့ စတင်ပြီး မြန်မာငွေ နဲ့ပဲ နိုင်ငံခြားကို တိုက်ရိုက်ခေါ်နိုင်ပြီ ဖြစ်ပါတယ်။ ခေါ်ဆိုခနှုန်းထားတွေကတော့ ယခင်အက်ဖ်အီးစီ
မှာ ကောက်ခံသလိုပဲ နှုန်းပြောင်းလဲမှု မရှိဘဲ နိုင်ငံအများစုကို ခေါ်ဆိုပါက တစ်မိနစ်ကို ၀.၉၀ ဒေါ်လာ (မြန်မာငွေကျပ် ၉၀၀) ခန့် ကျသင့်ပါတယ်။ ဇူလိုင်လ ၁ ရက်က စခေါ်ဆိုလို့ရတာဖြစ်ပြီး CDMA 800, CDMA 450 MHz, အော်တိုတယ်လီဖုန်းတွေနဲ့ နိုင်ငံခြားဖုန်း ခေါ်ဆိုမှုကိုတော့ မူလအတိုင်းပဲ အက်ဖ်အီး စီကတ် ထည့်ခေါ်မှသာ ခေါ်လို့ရမှာဖြစ်ပြီး မြန်မာကျပ်ငွေကတ် နဲ့ ခေါ်ဆိုနိုင်အောင်တော့ နောက်ပိုင်း မှသာ ပြောင်းလဲသွားမယ်လို့ မြန်မာ့ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းမှ ဆိုပါ တယ်။ ပြည်ပကို ခေါ် ဆိုတဲ့ ဖုန်းတွေမှာ တစ်မိနစ် ကျပ် ၉၀၀ ကို နိုင်ငံတော်တော်များများအတွက် ပျမ်းမျှကောက်ခံထားပေမယ့် တချို့နိုင်ငံတွေအတွက်တော့ နှုန်းထား ကွဲလွဲနိုင်ပါတယ်။ အရင်က အက်ဖ်အီးစီငွေ ဖြည့်ထား သူတွေအနေနဲ့ အဆိုပါ ငွေလက်ကျန်ကို အရင်နှုန်းထား အတိုင်း သုံးပြီးလို့ ငွေလက်ကျန်ကုန်မှ ကတ်ထပ်ဖြည့်ဖို့ မလိုဘဲ မြန်မာငွေ ကျပ်နဲ့ ခေါ်ဆို လို့ရမှာပါ။ နိုင်ငံခြားကို တိုက်ရိုက်ခေါ်ဆိုမယ့် သူတွေအတွက် + (plus) နဲ့ နိုင်ငံရဲ့ ကုတ်နံပါတ်မှာ ဆက်သွယ်လိုတဲ့ ဖုန်းနံပါတ် ထည့်ပြီးမှ ခေါ်ဆို လို့ရမှာ ဖြစ်ပါ တယ်။ မြန်မာအများစု နေထိုင် တဲ့ နိုင်ငံကုတ်အချို့ကတော့ စင်ကာပူ (+6)၊ တောင် ကိုရီးယား (+82)၊ မလေးရှား (+60)၊ အမေရိက (+1) နဲ့ ထိုင်းနိုင်ငံ (+66) တို့ပဲ ဖြစ်ပါတယ်။ ဖုန်းအားလုံးအတွက် ပြည် တွင်းခေါ်ဆိုခ နှုန်း ထားတွေ ကတော့ တစ်မိနစ်ကို ၅၀ ကျပ်ပဲ ဖြစ်ပါတယ်ဟု သိရကြောင်း ၂၀၁၃ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့ထုတ် ကုမုဒြာ ဂျာနယ် တွင် ဖော်ပြထားပါသည်။ 
From...ခေတ်လူငယ်

0 comments:

Search Our Site