Ads

ကြော်ငြာ

Saturday, July 6, 2013

Posted by ဆူးအေမီ on 2:39 AM in | No comments




ကွန်ပျူတာ မောက်စ်များကို စတင်တီထွင်ခဲ့သည့် ပညာရှင် ဒေါ့ဂ်အန်ဂျဲလ်ဘတ်သည် ယခုအခါ ကွယ်လွန်သွားပြီ ဖြစ်ကြောင်း သိရှိရသည်။ ကမ္ဘာ့ ကွန်ပျူတာ နည်းပညာ ကဏ္ဍတွင် တိုးတက်မှုများ ဖြစ်ထွန်းစေရန် များစွာ အထောက်အကူ ပြုခဲ့သော ကိရိယာငယ်လေးကို အန်ဂျဲလ်ဘတ်က (၁၉၆၀)ပြည့်လွန် နှစ်များတွင် စတင် တီထွင်ခဲ့သည်။

ထိုစဉ်က ၎င်း၏ ပထမဆုံး မောက်စ်ငယ်လေးသည် သစ်သားကိုယ်ထည်ဖြင့် ကာကွယ်ပြီး သတ္တုဘီးလေး နှစ်ခုဖြင့် ရွေ့လျား လှုပ်ရှားနိုင်အောင် ဖန်တီးထားသည်။ ထိုဒီဇိုင်းကို အခြေခံ ဖန်တီးကာ နောက်ပိုင်းတွင် ကမ္ဘာပေါ်၌ မောက်စ်များကို တွင်ကျယ်စွာ အသုံးပြုလာခြင်း ဖြစ်သည်။
အန်ဂျဲလ်ဘတ်သည် အင်္ဂါနေ့ ညပိုင်းက အိပ်စက်နေစဉ်ပင် ငြိမ်းချမ်းစွာ ကွယ်လွန်သွားကြောင်း သမီးဖြစ်သူက ပြောကြားခဲ့သည်။

အန်ဂျဲလ်ဘတ် ကွယ်လွန်ချိန်တွင် အသက်(၈၈)နှစ် ရှိနေပြီ ဖြစ်သည်။ ၎င်းသည် ကယ်လီဖိုးနီးယား သုတေသန ဌာနတွင် emailစနစ် တိုးတက် ပြောင်းလဲမှုများနှင့် ဗီဒီယို တယ်လီကွန်ဖရင့် နည်းပညာများအတွက်လည်း ပါဝင် လေ့လာမှုများ ပြုလုပ်ခဲ့သည်။ မန်ဂျဲလ်ဘတ်သည် မကွယ်လွန်မီ ကတည်းက ကာလအတန်ကြာ ကျန်းမာရေး ယိုယွင်းနေခဲ့ကြောင်းလည်း သမီးဖြစ်သူက ဝန်ခံခဲ့သည်။

မန်ဂျဲလ်ဘတ်သည် ဒုတိယ ကမ္ဘာစစ် ကာလအတွင်းကတည်းက ရေဒါ နည်းပညာရှင် တစ်ဦးအဖြစ် စစ်မှုထမ်းခဲ့ဖူးသည်။ ၎င်းသည် NASAအဖွဲ့၏ ရှေ့ပြေးဖြစ်သော ‎#NACA တွင် အလုပ်လုပ်ခဲ့ဖူးသည်။ မန်ဂျဲလ်ဘတ်သည် မောက်စ်နည်းပညာကို ပထမဆုံး တီထွင်ခဲ့သော်လည်း အကျိုးအမြတ် များစွာ မခံစားခဲ့ရချေ။ အဘယ်ကြောင့်ဆိုသော် (၁၉၈၇)ခုနှစ်တွင် မူပိုင်ခွင့် သတ်မှတ်ရက် ကုန်ဆုံးသွားပြီး ထိုအချိန်က မောက်စ်ကို များများစားစား အသုံးပြုမှု မရှိသေးပေ။

(၁၉၈၃)ခုနှစ်တွင် Appleသည် မောက်စ်နည်းပညာကို ဒေါ်လာ (၄၀၀၀၀)ဖြင့် ဝယ်ယူထားခဲ့သည်။ ယနေ့အချိန်တွင် ကမ္ဘာပေါ်၌ မောက်စ်အလုံးရေ တစ်ဘီလျံကျော် ရောင်းချပြီး ဖြစ်သည်။ (၁၉၉၇)ခုနှစ်တွင် အန်ဂျဲလ်ဘတ်သည် လီမဲလ်ဆန် ‎#MIT ဆုအတွက် ဒေါ်လာ (၅၀၀၀၀၀)နှင့် (၂၀၀၀)ပြည့်နှစ်တွင် ‎#PC ကွန်ပျူတာများအတွက် ခိုင်မာသော အခြေခံ ချပေးမှုအတွက် အမျိုးသား နည်းပညာ ဆုတံဆိပ်တို့ကို ချီးမြှင့်ခြင်း ခံခဲ့ရသည်။


‎#PlanetMyanmar

0 comments:

Search Our Site