Ads

ကြော်ငြာ

Wednesday, May 1, 2013

Posted by ဆူးအေမီ on 10:01 PM in | No comments
ရခိုင်ပြည်နယ် ပဋိပက္ခ စုံစမ်းစစ်ဆေးရေး ကော်မရှင်မှ ထုတ်ပြန်လိုက်သည့် အစီရင်ခံစာသည် ပဋိပက္ခများ ဆက်လက်မဖြစ်ပွားအောင် လေ့လာခြင်းသာဖြစ်ပြီး လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ရခြင်းကို သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများက ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၂၉.၄.၂၀၁၃ ရက်တွင် ရန်ကုန်မြို့ Myanmar Peace Centre တွင် ကျင်းပသည့် စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ သတင်းစာ ရှင်းလင်းပွဲတွင် သိရသည်။ ရခိုင်ပြည်နယ် ပဋိပက္ခ စုံစမ်းစစ်ဆေးရေးကော်မရှင်မှ အတွင်းရေးမှူး ဦးကျော်ရင်လှိုင်က ကျွန်တော်တို့ ကော်မရှင်က တာဝန်ရှိသူတွေ ရခိုင်ပြည်နယ်ကို ကိုယ်တိုင်သွားရောက်ပြီး ဒေသခံတွေအပေါ် အင်တာဗျူးတွေ သတင်းအချက်အလက်တွေ ကောက်ယူခဲ့ပါတယ်။ ဒီအစီရင်ခံစာကို လူပေါင်း ၂၀၀၀ ကို အင်တာဗျူးလုပ်ပြီး ရေးသားခဲ့တာဖြစ်တယ်။ ကော်မရှင်က အဓိကလုပ်တာက ပဋိပက္ခတွေ ဆက်မဖြစ်အောင် လေ့လာတာပဲ ဖြစ်တယ်။ အသေးစိတ် ရှေ့ဆက်ပြီး ဘယ်လိုအကောင်အထည်ဖော်မလဲ ဆိုတာကတော့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ လုပ်ဆောင်မှုကို စောင့်ကြည့်ရမှာ ဖြစ်တယ်။ အစီရင်ခံစာကိုလည်း ဘယ်အစိုးရအဖွဲ့အစည်းကမှ ကျေနပ်သည်၊ မကျေနပ်သည်ကို ဝင်ရောက်ပြောဆိုခြင်း မရှိဘဲ လွတ်လွတ်လပ်လပ် ရေးသားခဲ့ခြင်း ဖြစ်တယ်” ဟု ပြောကြားသည်။ စုံစမ်းစစ်ဆေးရေး ကော်မရှင်မှ ဦးကိုကိုကြီးက “အစီရင်ခံစာမှာ ဒုက္ခသည်တွေကိစ္စကို ဦးစားပေးထားတယ်။ လူမှုရေး၊ စီးပွားရေး၊ ပညာရေး ပြန်လည်သဟဇာတဖြစ်ရေးတို့ကို ဖော်ဆောင်သွားဖို့ တင်ပြထားတယ်။ အကြံပြုချက်ပိုင်းမှာလည်း လက်ရှိဖြစ်နေတာတွေကို နောက်နောင်မဖြစ်ပွားအောင် နိုင်ငံသားပြုရေး၊ လုံခြုံရေးတွေကို အဓိကလုပ်ဖို့ တင်ပြထားတယ်။ ကော်မရှင်လည်း သင့်သည်မသင့်သည်ဆိုတဲ့ စဉ်းစားရခက်တဲ့ အကြောင်းအရာတွေနဲ့လည်း ကြုံခဲ့ရတယ်” ဟု ပြောကြားသည်။ အဆိုပါ အစီရင်ခံစာတွင် အပိုင်း ၁၅ ပိုင်း ပါဝင်ပြီး စာမျက်နှာ ၁၈၃ မျက်နှာဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။ စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၁၇ ရက်နေ့က နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ အမိန့်ဖြင့် ဖွဲ့စည်းခဲ့ပြီး ကော်မရှင်၏ အစီရင်ခံစာပါ အကြံပြုချက်များကို နိုင်ငံတော်သမ္မတက လက်ခံကြောင်း သိရသည်။ အစီရင်ခံစာတွင် ဒုက္ခသည်စခန်းများရှိ ရခိုင်လူမျိုးများ၏ လိုအပ်ချက်များ ပြည့်စုံနေပြီး၊ ဘင်္ဂါလီလူမျိုးများတွင် လိုအပ်ချက်ရှိနေကြောင်းကိုလည်း တရားဝင် ထည့်သွင်း ဖော်ပြထားကြောင်း ၂၀၁၃ ခုနှစ် မေလ ၂ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။ 

Khit Lu Nge 

0 comments:

Search Our Site