Ads

ကြော်ငြာ

Wednesday, May 1, 2013

Posted by ဆူးအေမီ on 10:45 PM in | No comments
နိုင်ငံရေးအကျဉ်းသားဟောင်း ဦးနေမျိုးဇင်ကို ယနေ့ နေ့လယ်ပိုင်းက ပန်းတနော် မြို့နယ် တရားရုံးက ပုဒ်မ ၅၀၀ နဲ့ တရားစွဲဆိုထားမှုအပေါ် ဒဏ်ငွေ ၂ သောင်း သို့မဟုတ် ထောင်ဒဏ် ၃ လ ချမှတ်လိုက်တယ်လို့ သိရပါတယ်။ 


 ဦးနေမျိုးဇင်ကို အမိန့်ချတဲ့ တရားခွင်


"ဒဏ်ငွေ ၂ သောင်းတော့ မဆောင်ပါ၊ ထောင် ၃ လ ကျခံဖို့ဘဲ ရွေးချယ်လိုက်ပါတယ်" လို့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်က ဧရာဝတီကို ပြောပါတယ်။ 



အခုလို ဦးနေမျိုးဇင်က ထောင်ဒဏ်ကိုသာ ရွေးချယ်လိုက်ပေမယ့် အပြီးသတ် ဘယ်လို အမိန့်ချမလဲ ဆိုတာနဲ့ပတ်သက်လို့တော့ တရားသူကြီးတွေက ရုံးခန်းထဲ ခတ္တ ပြန်ဝင်သွားတဲ့အတွက် မသိရသေးပါဘူး။ 

မကြာသေးမီက ပန်းတနော်မြို့နယ်က လယ်သမားတွေကို သွားရောက်ကူညီရင်း ဒေသခံ ရဲတပ်ဖွဲ့ က အကြည်ညိုပျက်စေမှု ဆိုတဲ့ ပုဒ်မ ၅၀၀ နဲ့တရားစွဲဆိုထားတာကနေ ဒီကနေ့ အမိန့်ချမှတ်လိုက်တာဖြစ် ပါတယ်။ 
ဧ၇ာဝတီ

0 comments:

Search Our Site