Ads

ကြော်ငြာ

Wednesday, May 1, 2013

Posted by ဆူးအေမီ on 10:41 PM in | No comments


ရခိုင်ပြည်နယ် တွင်ဖြစ်ပွား နေသောပြဿနာများ ပြေလည်စေရန် ၁၉၈၂ မြန်မာနိုင်ငံ သားဥပဒေ ကို အကောင် အထည် ဖော်ခြင်းသည် အဓိကကျပြီး နယ်စပ်လုံခြုံရေးအတွက် စစ်တပ်အင် အားကို တိုးချဲ့ သင့်ကြောင်း အပြီးသတ် အစီရင် ခံစာတွင် အကြံပြုထားသည် ဟု ဒေါက်တာ ကျော်ရင်လှိုင် က ပြောသည်။
ယနေ့ပြုလုပ်သော ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းစစ်ဆေးရေးကော်မရှင်အပြီးသတ်အစီရင်ခံစာနှင့် စပ်လျဉ်း သည့် ရှင်းလင်းပွဲတွင် ယင်းကော်မရှင် အတွင်းရေးမှူးက သမ္မတထံတင်ပြထားသော အစီ ရင်ခံစာ အကြံပြု ချက်များနှင့် စပ် လျဉ်း၍ ပြောဆို လိုက်ခြင်းဖြစ်သည်။

“နိုင်ငံသား ဖြစ်သူ ဆိုတာ ဒီမှာ ရှိထားတဲ့ ရှိနေတဲ့ ဥပဒေနဲ့ အခြေခံ ပြီးလုပ်တာ။ ၁၉၈၂ဥပဒေနဲ့ အညီ ဆောင်ရွက် ဖို့ အဓိက ကျတယ်လို့ အကြံပြုပေးထားတယ်” ဟု အထက် ပါပုဂ္ဂိုလ်ကပြောသည်။ စစ်တပ် အင် အားတိုးချဲ့ရန်အကြံပြုထားခြင်းကိုလည်း “ရခိုင်ပြည်နယ်ဆိုတာတစ် ဖက်နိုင်ငံနဲ့ကပ်လျက်ဖြစ်တယ်။ ရေမြေ သဘာ ၀အရ ၀င်နိုင်၊ထွက် နိုင်တဲ့နေရာများတယ်။ လမ်းပန်းဆက်သွယ်ရေးကြောင့်လည်း ဟို တုန်း က လုံခြုံရေးသိပ်မလုပ်နိုင်ဘူး။ မိုင် ၁၉၀ကျော်ရှိတဲ့ နယ်မြေကို လက်ရှိချထားတဲ့ စစ်တပ်နဲ့ အင်အား မမျှဘူး။ အခုဟိုဘက်ကကူး လာသူတွေမှာ လူကောင်းတွေထက် ရာဇ၀တ်သားကူးလာတာတွေ ရှိတယ် ဆိုတာ သက်သေတွေလည်း ရထားတယ်။ ရခိုင်ရော၊ ဘင်္ဂါလီရော IDP တွေကို မေးကြည့်တော့ စစ်တပ် ရုပ်သွား လို့ မဖြစ်ဘူး။ ဒုက္ခရောက် ကုန်မယ်လို့ ပဲဖြေကြတယ်” ဟု ဆက်လက်ပြောသည်။
နိုင်ငံသား အခွင့်အရေးများနှင့် စပ်လျဉ်း၍လည်း ကော်မရှင်အဖွဲ့ဝင် ဦးကိုကိုကြီးက နိုင်ငံ သားဖြစ်ပြီး သူများ ကို နိုင်ငံသားအခွင့်အရေး၊ မဖြစ်သူများ ကို လူသားချင်းစာနာမှုဆိုင်ရာ အခွင့်အရေးများရရှိရန် ကြိုးပမ်းထားသော်လည်း လူ့အဖွဲ့ အစည်း နှစ်ခု သဟ ဇာတဖြစ်ရန် ခက်ခဲ နိုင်ကြောင်း ပြောကြားသည်။
“လူမျိုး ဘာသာ မရွေး လူသား တစ်ယောက်အနေနဲ့ အသက်ရှင် ရပ်တည်ခွင့်က အရေးကြီးတယ်။ နိုင်ငံ သားဖြစ် သူ ဆိုရင် အရေးကြီးဆုံးက သစ္စာစောင့်သိမှုပါ၊ နောက် ပြီး ရန်ကုန်-မန္တလေးမြို့ကြီးတွေမှာရှိတဲ့ ဘာသာရေးကိုးကွယ်မှုနဲ့ အဲဒီ ဒေသက ကိုးကွယ်မှု အပြင်းနဲ့ အပျော့ ကွာပါတယ်။ လစ်ဘရယ် ဖြစ်လာမယ်၊ သစ္စာစောင့်သိမှုရှိလာမယ်ဆိုရင် သဟဇာ တဖြစ်လာ မယ်ထင်ပါ တယ်”ဟု ဆက်လက် ပြောသည်။
အခေါ် အဝေါ် အသုံး အနှုန်းနှင့် စပ်လျဉ်း၍ အမျိုးသား ဖွံဖြိုးတိုး တက် ရေးနှင့် ငြိမ်းချမ်းရေး ပါတီ၏ မေးမြန်း ချက်ကို လည်း“အထောက် အထား လေ့လာ တွေ့ရှိ ချက်တွေ အရ ကော်မရှင်က ရိုဟင်ဂျာလို့ မသုံးဘူး ။ဖြေရှင်းရခက်တဲ့ ကိစ္စကိုဖြေရှင်းနိုင်စေချင်တဲ့ ရည်ရွယ်ချက်အရ ရိုဟင် ဂျာလို့မသုံးပါဘူး”ဟု ဦးကို ကိုကြီး ကပြန်လည်ဖြေကြားသည်။
ဧပြီ ၂၃ရက်က နိုင်ငံတော်သမ္မ တထံတင်ပြသွင်းခဲ့သော စုံစမ်းစစ်ဆေးရေးကော်မရှင် အပြီးသတ် အစီရင် ခံစာကို ရခိုင်တိုင်းရင်းသား ၁၂၀၀၊ ဘင်္ဂါလီလူမျိုး ၈၀၀ခန့် ကို တွေ့ဆုံမေးမြန်းပြီး ကွင်းဆင်း လေ့လာ ချက်များ အရ အကြံပြုရေးသား ထားကြောင်းသိရသည်။
နယ်ပယ် အသီး သီးမှ ပုဂ္ဂိုလ် ၂၅ဦး ပါဝင်သော ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ယမန် နှစ် သြဂုတ် ၁၇ ရက်တွင် နိုင်ငံတော်သမ္မတအမိန့် ဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
အပြီးသတ် အစီရင် ခံစာပါ အကြံပြုချက်များကိုသက်ဆိုင်ရာဝန် ကြီးဌာန အဖွဲ့အစည်းများက ဆောင်ရွက် သွားရ မည်ဖြစ်ကြောင်း သိရှိရသည်။
From: 7DaysNewsJournal

0 comments:

Search Our Site