Ads

ကြော်ငြာ

Wednesday, May 15, 2013


ရုပ်ရှင် တစ်ခုလုံးကို စက္ကန့်ပိုင်း အချိန်အတွင်း download ဆွဲယူနိုင်မည့် ပဉ္စမမျိုးဆက် 5G ကြိုးမဲ့ ဆက်သွယ်မှု စနစ်ကို စမ်းသပ် အောင်မြင်ခဲ့ကြောင်း
Samsung ကုမ္ပဏီမှ ထုတ်ဖေါ် ကြေညာခဲ့သည်။ စမ်းသပ်မှု တစ်ခုတွင် (၂) ကီလိုမီတာ အကွာအဝေး အတွင်း တစ်စက္ကန့်လျှင် 1 GB အချက်အလက် ပမဏ ထုတ်လွှင့် ပေးပို့ပေးနိုင်ကြောင်း တောင်ကိုရီးယား အီလက်ထရောနစ် ကုမ္ပဏီကြီးက ပြောကြားခဲ့သည်။

၎င်းနည်းပညာသစ်သည် ၂၀၂၀ ခုနှစ် မတိုင်မှီ အထိ စီးပွားရေး ဈေးကွက်အတွက် အဆင်သင့် ဖြစ်လိမ့်ဦးမည် မဟုတ်ကြောင်း ၊ လက်ရှိ 4G ကွန်ယက်များထက် အဆရာပေါင်းများစွာ မြန်ဆန်သော နှုန်းဖြင့် အချက်အလက်များ ပေးပို့ လက်ခံနိုင်မည်ဟု ပြောကြား ခဲ့သည်။ အရည်အသွေး မြင့်မားသော ဒစ်ဂျစ်တယ် ရုပ်သံများကဲ့သို့ ကြီးမားသော အချက်အလက် ဖိုင်များကို ကန့်သတ်ချက် မရှိပဲ ထုတ်လွှင့်ပေးနိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 3D ရုပ်ရှင်များ ၊ ဂိမ်းများနှင့် အချိန်နှင့် တစ်ပြေးညီ လွှင့်ထုတ်ပေးမည့် high-definition content များနှင့် အဝေးမှ ဆေးကုသပေးခြင်း (remote medical services) များ စသည့် ၀န်ဆောင်မှုများကို ရရှိလာနိုင်မည် ဖြစ်ကြောင်း ဖြည့်စွက် ပြော ကြားခဲ့သည်။

http://www.smh.com.au/digital-life/mobiles/samsung-announces-5g-data-bre...

 

0 comments:

Search Our Site