Ads

ကြော်ငြာ

Wednesday, May 22, 2013

Posted by ဆူးအေမီ on 9:11 PM in | No comments


From : ..hot news


မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်း သားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မြောက်ပိုင်းဒေသဥက္ကဋ္ဌ  ကိုထွန်းအောင်ကျော်ကိုလွန်ခဲ့သော အနှစ် ၂၀ ကျော်က စစ်ထောက်   လှန်းရေးစွပ်စွဲသတ်ဖြတ်ခဲ့သည့် အမူကို ကိုထွန်းအောင်ကျော်၏  မိခင်ဖြစ်သူဒေါ်တင်မမကမန္တလေး  တိုင်းချမ်းအေးသာဇံမြို့နယ် အမှတ် (၈) ရဲစခန်းတွင် အမူဖွင့်လိုက် ကြောင်း သိရသည်။ အမှတ် ၈ ရဲစခန်းမှ အမူကိုလက်ခံခဲ့ပြီး နောက်လိုအပ်သော စုံစမ်းစစ်ဆေး  မှုများစတင်ဆောင်ရွက်နေပြီဖြစ် ကြောင်း သိရသည်။ အထက်ပါ  ကိစ္စနှင့် ပတ်သက်၍ ABSDF မြောက်ပိုင်းတပ်ဖွဲ့ဝင်တစ်ဦးဖြစ်ပြီး  အဖမ်းခံခဲ့ရာမှ လွတ်မြောက်လာ သူကိုညီညီကျော်ကိုသက်သေအဖြစ်  ချမ်းအေးသာဇံ အမှတ် (၈) ရဲစခန်းမှ ဆင့်ခေါ်ထားကြောင်း သိရသည်။

ကိုထွန်းအောင်ကျော်အပါ အ၀င် ၁၅ ဦးကို ၁၉၉၁ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် အသတ်ခံခဲ့ရခြင်းဖြစ်သည်။ ၁၉၉၁ ခုနှစ်တွင် ကချင်ပြည်နယ်  ပါဂျောင်ဒေသတွင်ဖြစ်ပွားခဲ့သော  ထောက်လှမ်းရေးဟုစွပ်စွဲသတ်ဖြတ် မှုတွင် လူပေါင်း ၁၀၀ ကျော်ဖမ်း ဆီးခံခဲ့ရပြီး စခန်းဥက္ကဋ္ဌကိုထွန်းအောင် ကျော်ပါ ၃၅ ဦးအသတ်ခံခဲ့ရပြီး ကျန် ၇၀ ခန့်ဦးမှာ ထွက်ပြေး  လွတ်မြောက်ခဲ့ပါသည်။


.. www.MyanmarExpress.net

0 comments:

Search Our Site