Ads
ကြော်ငြာ
Wednesday, May 22, 2013
Posted by ဆူးအေမီ on 9:11 PM in | No comments
From : ..hot news
မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်း သားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မြောက်ပိုင်းဒေသဥက္ကဋ္ဌ  ကိုထွန်းအောင်ကျော်ကိုလွန်ခဲ့သော အနှစ် ၂၀ ကျော်က စစ်ထောက်   လှန်းရေးစွပ်စွဲသတ်ဖြတ်ခဲ့သည့် အမူကို ကိုထွန်းအောင်ကျော်၏  မိခင်ဖြစ်သူဒေါ်တင်မမကမန္တလေး  တိုင်းချမ်းအေးသာဇံမြို့နယ် အမှတ် (၈) ရဲစခန်းတွင် အမူဖွင့်လိုက် ကြောင်း သိရသည်။ အမှတ် ၈ ရဲစခန်းမှ အမူကိုလက်ခံခဲ့ပြီး နောက်လိုအပ်သော စုံစမ်းစစ်ဆေး  မှုများစတင်ဆောင်ရွက်နေပြီဖြစ် ကြောင်း သိရသည်။ အထက်ပါ  ကိစ္စနှင့် ပတ်သက်၍ ABSDF မြောက်ပိုင်းတပ်ဖွဲ့ဝင်တစ်ဦးဖြစ်ပြီး  အဖမ်းခံခဲ့ရာမှ လွတ်မြောက်လာ သူကိုညီညီကျော်ကိုသက်သေအဖြစ်  ချမ်းအေးသာဇံ အမှတ် (၈) ရဲစခန်းမှ ဆင့်ခေါ်ထားကြောင်း သိရသည်။
ကိုထွန်းအောင်ကျော်အပါ အ၀င် ၁၅ ဦးကို ၁၉၉၁ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် အသတ်ခံခဲ့ရခြင်းဖြစ်သည်။ ၁၉၉၁ ခုနှစ်တွင် ကချင်ပြည်နယ်  ပါဂျောင်ဒေသတွင်ဖြစ်ပွားခဲ့သော  ထောက်လှမ်းရေးဟုစွပ်စွဲသတ်ဖြတ် မှုတွင် လူပေါင်း ၁၀၀ ကျော်ဖမ်း ဆီးခံခဲ့ရပြီး စခန်းဥက္ကဋ္ဌကိုထွန်းအောင် ကျော်ပါ ၃၅ ဦးအသတ်ခံခဲ့ရပြီး ကျန် ၇၀ ခန့်ဦးမှာ ထွက်ပြေး  လွတ်မြောက်ခဲ့ပါသည်။
.. www.MyanmarExpress.net
Wednesday, May 15, 2013
Posted by ဆူးအေမီ on 1:57 AM in | No comments
AHASEN မုန်တိုင်း - ဒေါက်တာထွန်းလွင် မေလ ၁၅ ရက် မြန်မာ စံတော်ချိန် မနက် ၉ နာရီ ခန့်မှန်းပြောကြားချက် / (ရိုက်ကူး - ကိုဆန်) ဒီဗွီဘီ
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ
သစ်ထူးလွင်
Posted by ဆူးအေမီ on 1:48 AM in | No comments
နောက်ဆုံး တိုင်းထွာချက်အရ မေလ ၁၆ ရက်နေ့ ညနေပိုင်းမှာ မဟာစင်မုန်တိုင်း ၀င်ရောက်နိုင်တဲ့ အတွက် ရခိုင်ပြည်နယ် စစ်တွေမှာ ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေဆဲ ဖြစ်ပြီး တချို့နေရာတွေမှာ အကူအညီတွေ မရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ ဒေါ်ခင်ရူပါ တင်ဆက်။ ရိုက်ကူး ဖိုးကျော်။ ဇေကြီး
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ
သစ်ထူးလွင်
Posted by ဆူးအေမီ on 1:44 AM in | No comments
ပဲခူးတိုင်းဒေသကြီး(နောက်)ပြည်ခရိုင် ပြည်မြို့နယ်မှာရာဇ၀တ်မှုများဖြစ်ပေါ်လျှက်ရှိပါသည်.. ပြည်မြို့ပွင့်လှသိမ်ကုန်း ရက်ကွက် ပုညစေတီတော် ပုညဓမ္မာရုံမှာ ဆရာတော် ဦးသောဘိတ.. သက်တော်(၈၂)ဝါတော်(၆၂) ရှိ ကျောင်းထိုင်ဆရာတော်ဘုရားကြီးအား (ဓါးဖြင့်)လှီးဖြတ်ပြီး ဗိုက်တော်အား ဓါးဖြင့်ထိုးတဲ့ခဲ့တဲ့ အမှု့တစ်ခုဖြစ်ခဲ့ပါသည်။
အဆိုပါအမှု့ဖြစ်စဉ်မှာ  နေ့လည် (14.5.2013)ရက်နေ့ နေ့လည် (13း0)ခန့်မှာ အဂါင်္နေ့ မှာဆရာတော်ဘုရား ကြီးသည်(ပုညဓမ္မာရုံ)မှာသတင်းသုံ
းနေစဉ်.... ကျောင်းတိုက်ပေါ်သို့ လူ(4)..သို့(5)..ယောက်ခန့်တက်လာပြီးဓါးဖြင့်လှီးဖြတ် ထိုးခဲ့လို့ဆရာတော်ဘုရားကြီးအခု (ပြည်မြို့ ပြည်သူ့ဆေးရုံ)ခွဲစိတ်ဆောင်မှာ တက်ရောက်နေရပါတယ်..
ဆရာတော်ဘုရားကြီးရဲ့ကိုယ်တော်မှ
ာရသွားသော ဒဏ်ရာများကတော့ ၀မ်းဗိုက်မှာ ဓါးဖြင့်ထိုးခံရတဲ့ဒဏ်ရာ (1) ချတ်..ဘယ်ပါးနှင့်ညာပါးမှာ ဓါးဖြင့်အမွှန်းခံရတဲ့ဒဏ်ရာတစ်ချတ်စီနှင့် ညာလက်..လက်ဖြန်မှာလှီးဖြတ်ဒဏ်ရာ (1)ချတ်...ဘယ်ဘက်..ပုခုံးစောင်းမှာ လှီးဖြတ် ဒဏ်ရာ (1)ချတ် စုစုပေါင်းဒဏ်ရာ(5)ချတ်ရရှိခဲ့ပါတယ် ဆရာတော်ဦးသောဘိတ ၏ကိုင်ဆောင်ထားသော လက်ကိုင်ဖုန်း ပါသွားခဲ့ပါသည် ဆရာတော့လက်ကိုင်ဖုန်းနံပါတ်က(0931216445)ပဲဖြစ်ပါတယ် ကျန်တဲ့ပစ္စပည်းများပါမပါ ကိုတော့စုံစမ်းနေတုန်းပါပဲ တရားခံအားတာဝန်ရှိရဲများနှင့် ပြည်သူပြည်သား များကလိုက်လံ စုံစမ်းလျှက်ရှိပါတယ်။
ရွာဘဲရပ်ကွက် ပုညရှင် ဓမ္မာရုံကျောင်းမှ ဆရာတော်အား ဓားဖြင့်ထိုးသူ တရားခံအား ပြည်မြို့ ရဲစခန်းမှူးဒုရဲမှူး ၀င်းခိုင်ဦးစီး နယ်ထိမ်းအဖွဲ့မှ
(၁၅. ၅ .၂၀၁၃) ရက်နေ့နံနက်၌ သီရိခေတ္တရာတည်းခိုခန်း၌တည်းခို စဉ်ဖမ်းစီးရမိခဲ့ကြောင်း သိရှိရပါသည်။
(3 photos)
Posted by ဆူးအေမီ on 1:30 AM in | No comments
နော်ဝေးဒုနိုင်ငံခြားရေးဝန်ကြီးအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေး ပြည်ထောင်စုဝန်ကြီး ဦးခင်ရီအဖွဲ့နဲ့ ကရင်အမျိုးသား အစည်းအရုံးရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂျော်နီ ဦးဆောင်တဲ့ အဖွဲ့တို့ ပူးပေါင်းပြီး ဒီကနေ့ ကရင်ပြည်နယ် ပိုင်ကျုံမြို့နယ် နောင်ဘိုကြီးကျေးရွာက ဒေသခံ ၃၀၀ ကို မှတ်ပုံတင် ထုတ်ပေးနေပါတယ်။
ဒီအစီစဉ်ဟာ နော်ဝေနိုင်ငံက ထောက်ပံ့တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ထဲက တခုဖြစ်တဲ့အတွက် နော်ဝေ ဒု-နိုင်ငံခြားရေး ၀န်ကြီးကိုယ်တိုင် အဲဒီ နောင်ဘိုရွာအထိ လိုက်ပြီး မှတ်ပုံတင်ထုတ်ပေးရေး လုပ်ငန်းစဉ်မှာ ပါဝင်တာဖြစ်လို့ ဒီခရီးစဉ်မှာလိုက်ပါ သတင်းယူတဲ့ ဒီဗွီဘီဝိုင်းတော်သား ဦးတိုးဇော်လတ်က ပြောပါတယ်။
မှတ်ပုံတင်မရှိသေးတဲ့သူတွေကို မှတ်ပုံတင်ထုတ်ပေးရေး အစီစဉ်ကို လာမယ့် ၂၀၁၅ အထိ လုပ်ဆောင်ဖို့ရှိတယ်လို့ ဆိုပါတယ်။ ၂၀၁၅ မှာ မြန်မာပြည်သူ မဲပေးနိုင်ခွင့်ရှိအောင် ရည်ရွယ်ပြီးထုတ်ပေးတာလို့လည်း ၀န်ကြီး ဦးခင်ရီက ပြောပါတယ်။
နိုင်ငံသားစိစစ်ရေးကပ်ပြားရှိခြင်းအားဖြင့် နိုင်ငံသား တယောက်ရဲ့ပိုင်ခွင့်အရေးတွေဖြစ်တဲ့ မြေယာပိုင်ဆိုင်၊ သွားလာခွင့်ကို အပြည့်အ၀ ရရှိမှာဖြစ်တယ်လို့ ပြောပါတယ်။
(သတင်း - နော်နိုရင်း၊ ဓါတ်ပုံ - ကိုခင်မောင်ဝင်း)
Posted by ဆူးအေမီ on 1:24 AM in | No comments
ဖက်ဒရယ်ဂျာနယ်
  စောထွန်းလင်း (ကေအိုင်စီ)
ညီနောင်တိုင်းရင်းသားများဖက်ဒရေးရှင်း(NBF) က ဦးဆောင်၍ ပထမဦးဆုံး ထုတ်ဝေမည့် ဖက်ဒရယ်ဂျာနယ် မိတ်ဆက်ပွဲ အခမ်း အနားကို ယနေ့ မေလ ၁၄ရက်နေ့ မနက် တွင် ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီ စားသောက် ဆိုင်၌ ပြုလုပ်သွားခဲ့ကြောင်း သိရ သည်။
ယင်းဂျာနယ်ကို ပြည်တွင်းတွင် ဖက်ဒရယ်လစ်ဇင် အကြောင်း တိုင်းရင်းသားပြည်သူများ ပိုမိုနားလည်ရန်နှင့် ဖက်ဒရယ်အသိ ပညာ တိုးတက်လာစေရန် ရည်ရွယ် ချက်များဖြင့် ထုတ်ဝေခြင်းဖြစ်ကြောင်း ယင်းဂျာနယ် တာဝန်ခံ အယ်ဒီတာ မောင်ခိုင်အောင် (ဦးဦးလှစော အထွေထွေအတွင်းရေးမှူး၊ ရခိုင်တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ)က ကေအိုင်စီသို့ ပြောသည်။
“ဒီစာအုပ်ထုတ်ဝေခြင်းအားဖြင့် ဖက်ဒရယ်အကြောင်း ပိုသိလာမယ်။ State Building က ပိုပြီး စနစ်ကျ လာမယ်။ တိုင်းရင်းသား တွေ ရပိုင်ခွင့်နဲ့ ပတ်သက်လို့ ဒီမိုကရေစီဘောင် ထဲကနေ တောင်းတဲ့ အခါ မှာ တောင်းတဲ့သူကလည်း အသိရှိရှိနဲ့ တောင်းမယ်။ ပေးတဲ့သူကလည်း အသိရှိရှိနဲ့ ပေးမယ်။ အဲ့ဒီလို
ဒိုင်ယာလော့လေးတွေ ပေါ်လာရင် ပြည်ထောင်စုကြီးက ပိုခိုင်မာလာမယ်။ ဖက် ဒရယ်စနစ်လည်း ပိုခိုင်မာ လာမယ်။ ဒီရည်ရွယ်ချက်နဲ့ ထုတ်ဝေတာပါ”ဟု တာဝန်ခံအယ်ဒီတာ မောင်ခိုင်အောင် က ကေအိုင်စီ သို့ ပြောသည်။
Posted by ဆူးအေမီ on 1:23 AM in | No comments
ဒါကတော့ ဘာသာ 5 မျိုး ပါတဲ့ Dictionary ပါ။  Myanmar - English - Thai - Japan - Koria - Russia ပါတဲ့ အဘိဓါန်ပါ။ အားလုံးပဲ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။ လိုချင်တဲ့သူများ အောက်မှာ ယူလိုက်ပါ။ မိမိပြောင်းချင်တဲ့ ဘာသာကို ပြောင်းလိုက်လို့ ရပါတယ်။ 
Zippyshare | Ziddu | Solidfiles | Rapidshare | Sharebeast | Tusfiles |  Filecloud | Mirrorcreator
ညီနေမင်း(နည်းပညာ)
ကဲ လိုချင်တဲ့သူများ အောက်မှာ Download လုပ်ယူနိုင်ပါတယ်။ ဖုန်းထဲကနေ ချက်တင်ချက်လို့ရသလို၊ ဖုန်းထဲကနေ ဘယ်ဝဘ်ဆိုက်ကိုမဆို မြန်မာလိုရေးထားတဲ့ ဆိုက်ကို ကြည့်ရှူ့နိုင်ပါလိမ့်မယ်။ အထဲမှာ keyboard နှစ်မျိုးထည့်ပေးထားပါတယ်။
  1. FrozenKeyboard_1.1.3.apk (မြန်မာစာ zawgyi keyboard) ယခုကျွန်တော်တို့သုံးနေသည့် keyboard ဖြစ်ပါတယ်။
  2. Zawgyi_One.apk (zawgyi-one font ကို ဖုန်းထဲကို ထည့်သွင်းဖို့လိုအပ်ပါတယ်)
  3. iTextmm2.apk (zawgyi keyboard တစ်မျိုးပါပဲ။ သူလည်းအဆင်ပြေပါတယ်)
အပေါ်က သုံးမျိုးထဲမှာ Zawgyi_One.apk ကို မဖြစ်မနေ install လုပ်ရပါမယ်။ ပြီးတာနဲ့ FrozenKeyboard_1.1.3.apk ကို install လုပ်လိုက်ပါ။ ဒါဆိုရင် အဆင်ပြေပါပြီ။ install လုပ်တာက လွယ်ပါတယ်။ memory card ထဲကို ထည့်ပြီး ဖုန်းထဲမှာ install လုပ်လိုက်ရုံပါပဲ။ ပြီးတာနဲ့ Frozen keyboard ပေါ်လာပါလိမ့်မယ်။ သူ့ကို အမှန်ခြစ်ပေးပေးပါ။ ပြီးတာနဲ့ font မှာ zawgyi_one ကို ရွေးပေးလိုက်ပါ။ ဒါဆိုရင် ဖုန်း restart ကျသွားပါလိမ့်မယ်။ ပြန်တက်လာရင် အားလုံး ရိုက်လို့ရပါပြီ။ အဆင်မပြေသူများ ကျွန်တော့်ကို ကွန်မန့်ပေးခဲ့လိုက်ပါတယ်။ တစ်ဆင့်ချင်းဆီ ထပ်ရှင်းပြပါ့မယ်။ အခုတော့ အလုပ်များနေလို့ မရှင်းပြနိုင်တာ တောင်းပန်ပါရစေ။ ပြီးရင် ဖုန်းကို restart ဘယ်လိုချလဲကိုပါ ကျွန်တော် ရှင်းပြပေးပါ့မယ်။ ခုနောက်ပိုင်း ဖုန်းအတွက်ကိုလည်း ထည့်ရေးပေးလာမှာ ဖြစ်ပါတယ်။
Download Zawgyi Keyboard and font
Mediafire | Minus | Filecloud
ညီနေမင်း(နည်းပညာ)
Download - Speedup mobile internet
မောင်စွယ်စုံကျမ်း
Download - All tools.knife-1007-v1.0.7.apk
မောင်စွယ်စုံကျမ်း
ဒီ စာအုပ်လေးကတော့ မြန်မာပြည်မိုဘိုင်းနက်ဝပ်နှင့် ပတ်သက်ပီး အခြေခံကျကျ
ရေးပြရှင်းပြထားတဲ့အပြင် GSM စတင်အသုံးပြုလာပုံ ပေါ်ပေါက်လာပုံအကြောင်း
CDMA ဖုန်းအကြောင်း WCDMA ဖုန်းအကြောင်း အားနည်းချက် အားသာချက်ကို
စနစ်တကျရှင်းပြထားတာမို့  မြန်မာပြည်က  ဖုန်းသုံးစွဲသူတွေ ဖတ်ထားသင့်သော
လေ့လာသင့်သော စာအုပ်ကောင်းတစ်အုပ်ပါ ။ ဖုန်းအမျိုးမျိုးနဲ့  အင်တာနက်ချိတ်
ကွန်ပျုတာနဲ့ သုံးပုံကိုလည်း ပုံနှင်တကွ ရေးပြရှင်းပြထားတာမို့  လက်မလွတ်သင့်
ဆောင်ထားသင့်တဲံ စာအုပ်ကောင်းလေးဖြစ်ပါကြောင်း မျှဝေလိုက်ပါတယ်........။
ဒီလင့်မှာ Downlaod ယူပါ - မြန်မာ့မိုဘိုင်းနက်ဝပ်နှင် အင်တာနက်ချိတ်ဆက်နည်း
မောင်စွယ်စုံကျမ်း
ဒီစာအုပ်က Android ဖုန်းသုံးသူတွေအတွက် Setting ပိုင်းကို အသေးစိတ်ရှင်းထားပီး
အရေးပါတဲ့ မသိမဖြစ်သိရမယ့် Setting ပိုင်းတွေကိုလည်း  အကြောင်းရာ တစ်ခုချင်း
ပုံနှင်တကွ ရှင်းပြထားတာမို့  ဖုန်းစတင်သုံးစွဲသူတွေ  ဖုန်းကိုင်ခါစလူတွေ  ဖတ်သင့်
လေ့လာသင့်တဲ့ စာအုပ်တစ်အုပ်ပါ ။  ဖုန်းအမျိုးစား  မတူသော်လည်း  Android OS
သုံးထားတဲ့   ဖုန်းတွေ   Tablet ,Note  တွေမှာ Setting ပိုင်း သိပ်ပြီး ကွဲပြားမှုမရှိပါဘူး
ပြုပြင်ပုံနဲ့  အသုံးချပုံတူကြပါတယ်  ။ Samsung ပဲသုံးသုံး ၊ HTC ပဲသုံးသုံး ၊ Huawei
Sony-LG-Motorola-စသဖြင့် Android Os တင်ထားတဲ့  ဖုန်းတိုင်းအတွက် အရေးပါ
အရာေ၇ာက်တဲ့  သိသင့်သိထိုက်သည်များကို  အသေးစိတ်အခြေခံကျကျ  ရေးပြပီး
ပုံတွေနဲ့ ရှင်းထားတာကိုတွေ့ ရပါတယ် ။ Android ဖုန်းသမားတွေ  ကြုံရတဲ့ပြဿနာ
Root လုပ်နည်းတွေ ကောင်းကျိုးဆိုးကျိုး တွေကိုလည်း  ရှင်းပြထားပါတယ် နောက်
Root လုပ်တာဟာ  ဖုန်းရဲ့ Warranty ကို ပျက်စေတာကိုလည်း  သတိပြုသင့်ပါတယ်
တချို့ ဆိုင်တွေကတော့  ပြန်လက်ခံတာလည်းရှိပါတယ်။ ဒါပေမယ့် Android သုံးသူ
ကိုင်ဆောင်သူတွေ  ဘာလို့  Root လုပ်ချင်တာလည်းဆိုတာ  သေချာ သိဖို့ လိုမယ်
တွေ့ ရပါတယ် ။ ဟိုနေ့ က  Screen Recoder တစ်ခုရှာတာ   Root လုပ်တဲ့  ဖုန်းသာ
သုံးလို့ ရမှာဖုန်း ကိုယ့်ဖုန်းကို Root လုပ်သင့် မလုပ်သင့်  စဉ်စားနေဆဲပဲရှိသေးတာ
Root လုပ်မယ်ဆိုရင်တော့ ကိုယ်က Admin နေရာရပြီး App တွေကို  လိုအပ်သလို
သွင်းထုတ် လုပ်ခွင့်ရလာမယ် Programming ကို  နားလည်သူ တစ်ယောက်ဆိုလျှင်
Mobile Os တစ်ခုလုံး  ထိန်းချုပ်ခွင့်ရလာမယ် ။ ROM ကို  Modify  လုပ်နိုင်မယ်ဆို
ကိုယ်ပိုင် Setting တွေနဲ့   ကိုယ်ပိုင်ပုံပါတဲ့   Themes လှလှတွေ ပြင်နိုင်မယ်။နောက်
JAVA လေ့လာ  ထားသူတွေအတွက်   OS Management   ကို  ကောင်းကောင်းကြီး
လေ့လာသင်ယူ စမ်းသပ်ခွင့် ရပါလိမ့်မယ် ။ဒါပေမယ့် ဒီအပိုင်းဟာ သာမာန်သုံးသူ
လေ့လာသူအတွက် အန္တရယ်များလှသလို တစ်ခုခု မှားသွားရင် ဘာမှသုံးစားမရပဲ
Firmware ပြန်တင်ရတဲ့အထိ ဖြစ်သွားတတ်တာမို သတိထားသင့်ပါတယ် သို့ သော်
Root လုပ်ချင်တဲ့သူတွေအနေနဲ့ လည်း  ဒီစာအုပ်မှာ  Root လုပ်နည်း  အမျိုးမျိုးကို
ရှင်းပြထားတာမို့  မည်သည့်ဖုန်းအမျိုးစားမဆို Android Mobile Os ဆို အဆင်ပြေ
လွယ်ကူစေမှာဖြစ်ပါတယ် သာမာန်လေ့လာသူတွေအနေနဲ့ လည်း ဖုန်းအကြောင်း
ပြုပြင်နည်း အသေးစိတ်ပါတာမို့ ဖတ်သင့်ပါကြောင်း အကြုံပြု မျှဝေလိုက်ပါ၏
ဒီလင့်မှာ Download ယူဖတ်ပါ - Android သမားတွေအတွက်နည်းပညာစာအုပ်
အပေါ်လင့်ကမရရင် ဒီမှာ - http://www.mediafire.com/Android စာအုပ်
မောင်စွယ်စုံကျမ်း
ရုပ်ရှင် တစ်ခုလုံးကို စက္ကန့်ပိုင်း အချိန်အတွင်း download ဆွဲယူနိုင်မည့် ပဉ္စမမျိုးဆက် 5G ကြိုးမဲ့ ဆက်သွယ်မှု စနစ်ကို စမ်းသပ် အောင်မြင်ခဲ့ကြောင်း
Samsung ကုမ္ပဏီမှ ထုတ်ဖေါ် ကြေညာခဲ့သည်။ စမ်းသပ်မှု တစ်ခုတွင် (၂) ကီလိုမီတာ အကွာအဝေး အတွင်း တစ်စက္ကန့်လျှင် 1 GB အချက်အလက် ပမဏ ထုတ်လွှင့် ပေးပို့ပေးနိုင်ကြောင်း တောင်ကိုရီးယား အီလက်ထရောနစ် ကုမ္ပဏီကြီးက ပြောကြားခဲ့သည်။
၎င်းနည်းပညာသစ်သည် ၂၀၂၀ ခုနှစ် မတိုင်မှီ အထိ စီးပွားရေး ဈေးကွက်အတွက် အဆင်သင့် ဖြစ်လိမ့်ဦးမည် မဟုတ်ကြောင်း ၊ လက်ရှိ 4G ကွန်ယက်များထက် အဆရာပေါင်းများစွာ မြန်ဆန်သော နှုန်းဖြင့် အချက်အလက်များ ပေးပို့ လက်ခံနိုင်မည်ဟု ပြောကြား ခဲ့သည်။ အရည်အသွေး မြင့်မားသော ဒစ်ဂျစ်တယ် ရုပ်သံများကဲ့သို့ ကြီးမားသော အချက်အလက် ဖိုင်များကို ကန့်သတ်ချက် မရှိပဲ ထုတ်လွှင့်ပေးနိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 3D ရုပ်ရှင်များ ၊ ဂိမ်းများနှင့် အချိန်နှင့် တစ်ပြေးညီ လွှင့်ထုတ်ပေးမည့် high-definition content များနှင့် အဝေးမှ ဆေးကုသပေးခြင်း (remote medical services) များ စသည့် ၀န်ဆောင်မှုများကို ရရှိလာနိုင်မည် ဖြစ်ကြောင်း ဖြည့်စွက် ပြော ကြားခဲ့သည်။
http://www.smh.com.au/digital-life/mobiles/samsung-announces-5g-data-bre...
Download - myanmarzodiac-4-v1.4.apk
မောင်စွယ်စုံကျမ်း
Posted by ဆူးအေမီ on 12:45 AM in | No comments
မိသားစုများလုပ်ဆောင်ထားရမည့် မုန်တိုင်းကာကွယ်ရေးအချက်များ
မုန်တိုင်းမတိုင်မီ သင်၏အိမ်တွင် ကြိုတင်စုဆောင်းထားသင့်သည့် ပစ္စည်းကိရိယာများ
(1) သောက်သုံးရေ လူတစ်ဦးလျှင် အနိမ့်ဆုံး တစ်ရက် တစ်ဂါလန် နှုန်းဖြင့် သုံးရက်စာ
(2) သုံးရက်စာ မပုတ်သိုးနိုင် သည့် အစားအသောက်များ
(3) ဓာတ်ခဲရေဒီယို နှင့် ဓာတ်ခဲ အပိုများ
(4) ဓာက်မီး နှင့် ဓာတ်ခဲ အပိုများ
(5) ရှေးဦးသူနာပြု ဆေးသေတ္တာ (...သီးခြား ဖော်ပြပေးပါမည်)
(6) အကူအညီခေါ်ရန် ဝီစီတစ်ခု
(7) ခေါင်းစည်း (mask)၊ပလတ်စတစ်အကြည် အစကြီးများ၊ တိပ်များ ရေသုတ်ရန် တဘက်အဝတ်များ၊ အမှိုက်အိတ်များ၊ တကိုယ်ရေကျန်းမာရေးသုံးပစ္စည်း များ (အမျိုးသမီးအသုံးအဆောင်စသည်)
(9)ပလာယာ၊ ကွင်း၊ခွ၊ ဓားမ၊ တူ၊ သံမှို နှင့် လွှများ
(10) မီးဖိုချောင် သုံး အသုံးအဆောင်များ
(11) ဒေသ မြေပုံများ
(12) မိုဘိုင်းဖုန်း၊ အားသွင်းစက် (နေရောင်ခြည်သုံး) နှင့်ဘက်ထရီအပိုများ မိမိတို့ အိမ်တွင်ဖြစ်ပါက နေအိမ်မှ စွန့်ခွါရန် လိုအပ်လျှင် အမြန်ယူဆောင်နိုင်ရန် သတ်မှတ်ထားသော နေရာတွင် ထားထားပြီး မိသားစုအားလုံး သိရှိအောင် လုပ်ထားပါ၊ အကူအညီအလွယ်တကူမရရှိနိုင်ပါက နှစ်ပတ်စာခန့် ရိက္ခာများလိုအပ်နိုင်ပါ သည်၊ အလုပ်ခွင်တွင်ဖြစ်ပါက အထက်ပါ ပစ္စည်းများ ထဲမှ တစ်ကိုယ်စာသယ်ဆောင်နိုင်ရုံ စီစဉ်ထားပါ။ ကလေး ရှိပါက ကလေးအတွက်လိုအပ် မည့်အသုံးအဆောင်များ၊ ကျန်းမာရေး မကောင်းသူရှိပါက ထိုသူ၏ - နေ့စဉ်သောက်နေသောဆေး ဝါးများ - လိုအပ်လျှင် သုံးစွဲရန် ငွေကြေး၊ - အရေးကြီးစာ ရွက်စာတမ်းများ၊ - စောင်၊ အနွေးထည် နှင့် - ရေမစိုနိုင်သည့် ထဲတွင်ထည့်ထားသည့် မီးခြစ်၊ - မီးသတ်ဆေးဘူး၊ -တစ်ခါသုံး ပန်းကန်ခွက်ယောတ်များ။ တို့ကိုပါ ဆောင်ထားရန်သင့်ပါသည်။
ရှေးဦးသူနာပြု ဆေးသေတ္တာ တွင်ပါဝင်သင့်သည့် ပစ္စည်းများ
(1) လက်အိတ်
(2) ပဋိဇီဝ အနာထည့်ဆေးများ
(3) မီးလောင်ဒါဏ်ရာ ထည့်ဆေးများ
(4) ပိုးသတ်ထားသော ပတ်တီး၊ ဂွမ်းလိပ်
(5) ဓာဟ်ဆားထုတ်။ အကိုက်အခဲပျောက် ဆေး၊ ဖျားနာပျောက်ဆေး
(6) ကိုယ်ပူချိန်တိုင်း သာမိုမီတာ
(7) ပလာစတာ နှင့်အခြား ပစ္စည်းများ ဆီးချို၊ ရင်ကျပ်၊ သွေးတိုး နှလုံးရောဂါရှိသူများအတွက်ဆေးများ
(9) သွေးပေါင်ချိန် ဆီးချို တိုင်းကိရိယာ
(10) ကတ်ကြေး၊ ဓားစသည် မျက်မှန် တပ်သူ၊ မျက်ကပ်မှန် တပ်သူများအတွက်အပိုပစ္စည်းများ နှင့် မိသားစုအတွင်းရှိ လူများတစ်ဦးစီ ၏ လိုအပ်သည့်အသုံးအဆောင်များ ကို မမေ့မလျှော့ ဆောင်ထားသင့်ပါသည်၊
မုန်တိုင်း ၀င်လာသည်ဖြစ်စေ ၀င်မလာ သည်ဖြစ်စေ။ လေ့လာ မှတ်သား ပြင်ဆင်ထားသင့်တယ် , အမေရိကန်ပြည်ထောင်စုအစိုးရ မှ ထုတ်ပြန်ထားသည် များကို ဆီလျော်အောင် တင်ပြပေးထားပါသည်
Credit : မေပုပ္ပား
*N M A L*
@[148980878505812:274:ပလီပလာ ထွေကာလီကာ]
မိသားစုများလုပ်ဆောင်ထားရမည့် မုန်တိုင်းကာကွယ်ရေးအချက်များ
မုန်တိုင်းမတိုင်မီ သင်၏အိမ်တွင် ကြိုတင်စုဆောင်းထားသင့်သည့် ပစ္စည်းကိရိယာများ
(1) သောက်သုံးရေ လူတစ်ဦးလျှင် အနိမ့်ဆုံး တစ်ရက် တစ်ဂါလန် နှုန်းဖြင့် သုံးရက်စာ
(2) သုံးရက်စာ မပုတ်သိုးနိုင် သည့် အစားအသောက်များ
(3) ဓာတ်ခဲရေဒီယို နှင့် ဓာတ်ခဲ အပိုများ
(4) ဓာက်မီး နှင့် ဓာတ်ခဲ အပိုများ
(5) ရှေးဦးသူနာပြု ဆေးသေတ္တာ (...သီးခြား ဖော်ပြပေးပါမည်)
(6) အကူအညီခေါ်ရန် ဝီစီတစ်ခု
(7) ခေါင်းစည်း (mask)၊ပလတ်စတစ်အကြည် အစကြီးများ၊ တိပ်များ ရေသုတ်ရန် တဘက်အဝတ်များ၊ အမှိုက်အိတ်များ၊ တကိုယ်ရေကျန်းမာရေးသုံးပစ္စည်း များ (အမျိုးသမီးအသုံးအဆောင်စသည်)
(9)ပလာယာ၊ ကွင်း၊ခွ၊ ဓားမ၊ တူ၊ သံမှို နှင့် လွှများ
(10) မီးဖိုချောင် သုံး အသုံးအဆောင်များ
(11) ဒေသ မြေပုံများ
(12) မိုဘိုင်းဖုန်း၊ အားသွင်းစက် (နေရောင်ခြည်သုံး) နှင့်ဘက်ထရီအပိုများ မိမိတို့ အိမ်တွင်ဖြစ်ပါက နေအိမ်မှ စွန့်ခွါရန် လိုအပ်လျှင် အမြန်ယူဆောင်နိုင်ရန် သတ်မှတ်ထားသော နေရာတွင် ထားထားပြီး မိသားစုအားလုံး သိရှိအောင် လုပ်ထားပါ၊ အကူအညီအလွယ်တကူမရရှိနိုင်ပါက နှစ်ပတ်စာခန့် ရိက္ခာများလိုအပ်နိုင်ပါ သည်၊ အလုပ်ခွင်တွင်ဖြစ်ပါက အထက်ပါ ပစ္စည်းများ ထဲမှ တစ်ကိုယ်စာသယ်ဆောင်နိုင်ရုံ စီစဉ်ထားပါ။ ကလေး ရှိပါက ကလေးအတွက်လိုအပ် မည့်အသုံးအဆောင်များ၊ ကျန်းမာရေး မကောင်းသူရှိပါက ထိုသူ၏ - နေ့စဉ်သောက်နေသောဆေး ဝါးများ - လိုအပ်လျှင် သုံးစွဲရန် ငွေကြေး၊ - အရေးကြီးစာ ရွက်စာတမ်းများ၊ - စောင်၊ အနွေးထည် နှင့် - ရေမစိုနိုင်သည့် ထဲတွင်ထည့်ထားသည့် မီးခြစ်၊ - မီးသတ်ဆေးဘူး၊ -တစ်ခါသုံး ပန်းကန်ခွက်ယောတ်များ။ တို့ကိုပါ ဆောင်ထားရန်သင့်ပါသည်။
 ဖုန်းဟမ်းဆက်အမျိုးအစားသစ်တခု ပေါ်လာပါပြီ။ မြန်မာလို အစ အဆုံး သုံးနိုင်တယ်လို့ ကြော်ငြာထားတဲ့ JAS ဖုန်းပါပဲ။
ရွှေမြန်မာတို့အတွက် JAS မြန်မာဖုန်း လို့ ဆိုထားတဲ့ ဒီဖုန်းရဲ့ တခြားအားသာချက်များကတော့ -
“အရေး ပေါ်ခေါ်ဆိုမှုအတွက်လည်း အသုံးပြုနိုင်တယ်။ ကိုယ်ယုံကြည်ရတဲ့ လူသုံးယောက်ရဲ့နာမည်ကို ဖုန်းထဲမှာ မှတ်ထားလိုက်ရင် အရေးပေါ်အခြေ အနေနဲ့ကြုံတဲ့အခါ မှတ်ထားတဲ့လူတွေနဲ့ ၁၁၉ကို စာပို့ပေးပါတယ်။
အင်တာနက်၊ Facebook ကိုလည်း အသုံးပြုနိုင်တယ်။ အမ်ဒရိုက် ဆော့ဝဲလ် အားလုံးကို ထည့်သွင်း အသုံးပြုနိုင်တယ်” လို့ JAS ဖုန်းဖြန့်ချိရေးမှ တာဝန်ရှိ ၀န်ထမ်းတစ်ဦးကပြောပါတယ်။
“JAS ဖုန်းမှာ GSMနဲ့CDMA/WCDMA နှစ်မျိုးစလုံး သုံးနိုင်တယ်၊ အင်တာနက်ကလည်း နှစ်မျိုးစလုံးအတွက်ချိတ်ဆက် အသုံးပြုနိုင်ပါတယ်” လို့ သူက ဆက်ပြောပါတယ်။
ဖုန်းဈေးနုန်းကတော့ ခြောက်သောင်းတန်၊ တသိန်းတန် အစားစား ရှိကြောင်း သူတို့ဝက်ဆိုက်မှာ ရေးထားပါတယ်။
JAS ဖုန်းကို ဘယ်မှာ ဝယ်ယူနိုင်တယ်၊ ဘယ်ဖုန်းနံပါတ်ကို ဆက်သွယ် စုံစမ်းနိုင်တယ် ဆိုတာတွေကိုလည်း ရန်ကုန်မြို့အနှံ့ နဲ့ စာနယ်ဇင်းတွေမှာ ကြော်ငြာထားတာ တွေ့နေရပါတယ်။
နယ်မြို့တချို့မှာ ၀ယ်နိုင်သလို ရန်ကုန်မှာ ဒီဖုန်း တင်ရောင်းတဲ့ ဆိုင် ၂၀ ဝန်းကျင်ရဲ့ စာရင်းကိုလည်း သူတို့ဝက်ဆိုက်မှာ ရေးထားပါတယ်။
ဒီဖုန်းကို ကစ္ဆပနဒီကုမ္ပဏီကနေ ဖြန့်နေတာပါ။
ဒီဖုန်းကို ဘယ်နိုင်ငံမှာ ထုတ်တာလဲ ဆိုတဲ့ မေးခွန်းကို ကစ္ဆပနဒီ ၀န်ထမ်းတဦးက ဒီလို ဖြေပါတယ် -
“JAS ဖုန်းဟာ ထိုင်ဝမ်နိုင်ငံကနေ တင်သွင်းတာဖြစ်ပါတယ်။ ဆော့ဖ်ဝဲပိုင်းကို အိန္ဒိယမြန်မာ နှစ်ခုပေါင်းပြီးရေးထားတာဖြစ်ပါတယ်”
မြန်မာလို အစ အဆုံး သုံးနိုင်တယ်လို့ ကြော်ငြာထားတဲ့အတွက် ဒီဖုန်းကို မြန်မာဘာသာတခုပဲအားသာသူတို့ နှစ်သက်ကြမယ်လို့ ယူဆရပါတယ်။
Ref: IrradaddyBlog
Posted by ဆူးအေမီ on 12:16 AM in | No comments
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
အမိန့်ကြော်ငြာစာ
အမှတ်၊ ၄၆/၂ဝ၁၃
၁၃၇၅ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက်
(၂ဝ၁၃ ခုနှစ်၊ မေလ ၁၄ ရက်)
အမျိုးသားသဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး စီမံခန့်ခွဲမှုလုပ်ငန်း
ကော်မတီ ဖွဲ့စည်းခြင်း
၁။ သဘာဝဘေးအန္တရာယ်များကို ကြိုတင်တွက်ဆပြီး ကာကွယ်စောင့်ရှောက်ရေး အစီအမံများ စနစ်တကျ ပြုလုပ်ထားနိုင်ရေး၊ သဘာဝဘေး အန္တရာယ် ကျရောက်လာသည့် အခြေအနေတွင် ကယ်ဆယ်ရေးနှင့် ထောက်ပံ့ကူညီရေး လုပ်ငန်းများကို ထိရောက် လျင်မြန်စွာ ဆောင်ရွက်ပေးနိုင်ရေးနှင့် ''အမျိုးသား သဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီ'' မှ ချမှတ်ပေးသည့် မူဝါဒများနှင့် လမ်းညွှန်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ''အမျိုးသားသဘာဝဘေး ကာကွယ် စောင့်ရှောက်ရေး စီမံခန့်ခွဲမှု လုပ်ငန်းကော်မတီ'' ကို အောက်ပါအတိုင်း ဖွဲ့စည်းလိုက်ပါသည်-
Download - Earn to Die.apk
မောင်စွယ်စုံကျမ်း
Tuesday, May 14, 2013
Posted by ဆူးအေမီ on 11:40 PM in | No comments
အမေရိကန်ပြည်ထောင်စု၊ အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့က အမေရိကန်ကျောင်းသားလေး Tyler Davis ခေါ် ကိုဝင်းဟိန်းအမေရိကန်ပြည်ထောင်စု၊ အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့က အမေရိကန်ကျောင်းသားလေး Tyler Davis ခေါ် ကိုဝင်းဟိန်း
မြန်မာ့ဂီတကို မြတ်နိုးပြီး မြန်မာတေးသီချင်းတွေကို သီဆိုတဲ့ အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ် ဖို့ဝိန်းက အသက် ၁၉နှစ်အရွယ် အမေရိကန်ကျောင်းသားလေး Tyler Davis အကြောင်း နားဆင်ကြည့်ရအောင်ပါ။ 
voa(myanmar)
Posted by ဆူးအေမီ on 11:37 PM in | No comments
JTWC မှ မေလ ၁၅ ရက် မြန်မာစံတော်ချိန် နံနက် ဝ၃၃ဝ နာရီ မုန်တိုင်း သတိပေး ထုတ်ပြန်ချက်အမှတ်-၁၉ တွင် ဆိုင်ကလုန်း မုန်တိုင်း MAHASEN သည် အိန္ဒိယနိုင်ငံ ကိုလ်ကတ္တားမြို့ တောင်-အနောက်တောင်ဘက် ၄၄၃ နော်တီကယ်မိုင်(၅ဝ၉ မိုင်ခန့်) တွင် ဗဟိုပြုနေပြီး အရှေ့မြောက်ဘက်သို့ ၈ နော်တီကယ်မိုင်(တစ်နာရီ ၉ မိုင်) နှုန်းဖြင့် ရွေ့လျားခဲ့ကြောင်း တွေ့ရပါသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
သစ်ထူးလွင်
Posted by ဆူးအေမီ on 11:30 PM in | No comments
လက်ရှိအခြေအနေအရ ပင်လယ်ပြင်ဟာ အန္တရာယ်အကြီးဆုံးဖြစ်နေပါတယ်။ ဒါကြောင့် (၁၆-၅-၂၀၁၃) ရက်နေ့ကစပြီး မြန်မာ့ရေပိုငနက်ပင်လယ်ပြင်အတွင်း ငါးဖမ်းရေယာဉ်တွေ၊ ကုန်သွယ်ကူးသန်းရေယာဉ်တွေဟာ လေပြင်း နဲ့ လှိုင်းအန္တရာယ်ကို အထူးသတိထား သွားလာမောင်းနှင် ကြဖို့လိုပါတယ်။ အရွယ်အစားငယ်တဲ့ ရေယာဉ်များဟာ ကမ်းမှဝေးရာကို သွားခြင်းမှ ရှောင်ရှားကြဖို့ အလွန်အရေးကြီးပါတယ်။ ကုန်းပေါ်ကို လေတိုက်နှုန်း တစ်နာရီ မိုင် ၈၀ မှ မိုင် ၁၀၀နှုန်းလောက် ရှိတဲ့လေဟာ မုန်တိုင်းဒီရေ ၃ ပေမှ ၅ ပေခန့်သာတက်နိုင်ပါတယ်။ တကယ်လို့ အမုန်တိုင်းအ၀င်မှာ အပြောင်းအလဲ ဖြစ်လို့ လေတိုက်နှုန်းဟာ ရုတ်တရက် တစ်နာရီ မိုင်(၁၂၀)အထိ ဖြစ်သွားတာနဲ့ မုန်တိုင်းဒီရေအမြင့်ဟ (၁၂)ပေလောက်ဖြစ်သွားပါ့်မယ်။ အလွန် အန္တရာယ်ကြီးပါတယ်။ ဒါကြောင့် မုန်တိုင်းသတင်းကို အမြဲနားထောင်ဖို့လိုပါတယ်။
နတ်မြစ်အတွင်းပိုင်းမှာ ရုတ်တရက်ရေကြီးနိုင်တယ်ဆိုတာကိုလည်း ဒေသခံများ မမေ့ကြဖို့ လိုပါတယ်။
ဒေါက်တာထွန်းလွင် (MCCW)
မြန်မာနိုင်ငံသူ နိုင်ငံသားများအားလုံး သဘာဘေးများမှ ကင်းဝေးနိုင်ကြပါစေ။
သွေးတိုးဆိုတာတော့ လူတိုင်းလောက်နီးပါးကြားဖူးလိမ့်မယ်ထင်ပါတယ်။ အခုခေတ်နောက်ပိုင်းမှာ အသံတိတ်လူသတ်လက်နက်အဖြစ် ထင်ရှားလာပါတယ်။ အသက်ကြီးလာလေ သွေးတိုးဖြစ်ဖို့ များလာလေဆိုပေမယ့်လည်း ပြောင်းလဲလာတဲ့ လူနေမှုပုံစံနဲ့ နေထိုင်စားသောက်မှုဓလေ့တွေကြောင့် အသက်ငယ်ရွယ်သူတွေမှာပါ သွေးတိုးရောဂါ ပေါပေါများများဖြစ်နေကြပါတယ်။ သွေးတိုးရောဂါဟာ လေဖြတ်ခြင်းနဲ့ နှလုံးကြွက်သားပုပ်ခြင်းတို့ရဲ့ အဓိကအကြောင်းရင်းဖြစ်ပါတယ်။ သွေးပေါင်ချိန်တိုင်းတဲ့အခါမှာ နှစ်မျိုးထွက်ပါတယ်။ Systolic and Diastolic blood pressure မြန်မာလိုဆိုရင်တော့ အပေါ်သွေးနဲ့ အောက်သွေးပါ။ နှလုံးက ညှစ်လိုက်တဲ့ဖိအား သွေးကြောတွေအပေါ်မှာ သက်ရောက်မှုပေါ်မူတည်ပြီး သွေးပေါင်ချိန်ကိုတိုင်းတာပါတယ်။ အပေါ်သွေးဆိုတာကတော့ နှလုံးညှစ်လိုက်တဲ့အချိန်မှာ သွေးကြောပေါ်ကို ကျရောက်တဲ့ဖိအားဖြစ်ပြီး အောက်သွေးဆိုတာကတော့ နှလုံးနားလိုက်တဲ့အချိန်မှာ သွေးကြောတွေအပေါ်မှာ ကျရောက်တဲ့ ဖိအားဖြစ်ပါတယ်။ ဥပမာ အပေါ်သွေး ၁၂၀ အောက်သွေး ၈၀ ဆိုရင် နှလုံးညှစ်လိုက်တဲ့အချိန် သွေးကြောတွေပေါ်သက်ရောက်တဲ့အားက ၁၂၀ဖြစ်ပြီး နှလုံးနားနေတဲ့အချိန်မှာ သွေးကြောအပေါ်သက်ရောက်တဲ့အားက ၈၀ ဖြစ်ပါတယ်။ Unit ကတော့ mmHg(millimeter mercury) ဖြစ်ပါတယ်။ သွေးတိုးတယ်ဆိုတာကတော့ အဲဒီ သွေးကြောတွေပေါ်ကျရောက်တဲ့ဖိအားတွေ သာမန်ထက်များနေတာပဲဖြစ်ပါတယ်။
သွေးပေါင်ချိန်ပုံမှန်။
အကောင်းဆုံးဆိုတဲ့သွေးပေါင်ချိန်ကတော့ အပေါ်သွေး ၁၂၀အောက်နဲ့ အောက်သွေး ၇၅အောက်ဖြစ်ပါတယ်။ ဒါပေမယ့် အကြမ်းအားဖြင့် အပေါ်သွေး ၁၀၀ နဲ့ ၁၄၀ကြား အောက်သွေး ၆၀ နဲ့ ၉၀ ကြားကို ပုံမှန်သွေးပေါင်ချိန်လို့ခေါ်ဆိုနိုင်ပါတယ်။
ဘယ်လိုလူတွေ ကုသမှုလိုအပ်နေပြီလဲ။
ဘယ်အချိန်တိုင်းတိုင်း သွေးပေါင်ချိန် ၁၄၀/၉၀ အထက်ဖြစ်နေပြီဆိုရင်တော့ ဒီလူဟာ သွေးတိုးရောဂါရှိနေပြီလို့ ဆိုနိုင်ပါတယ်။ သွေးတိုးရောဂါရှိပြီဆိုပေမယ့်လည်း ချက်ခြင်းကြီး ကုသမှုခံယူစရာမလိုသေးပါဘူး။ (ဒီနေရာမှာ စာအုပ်တစ်ခုနဲ့ တစ်ခု အနည်းငယ်လွဲနိုင်ပါတယ်။) ၁၄၀/၉၀ ၀န်းကျင်ဟာ အပျော့စားသွေးတိုးလို့ခေါ်ပြီး ဒီအခြေအနေမှာ ဆေးဝါးထက်စာရင် နေထိုင်စားသောက်မှုပုံစံပြောင်းခြင်း ဥပမာ လေ့ကျင့်ခန်းလုပ်ခြင်း၊ အသီးအရွက်စားခြင်း တို့နဲ့ထိန်းသိမ်းတာက ပိုပြီးအဆင်ပြေတယ်လို့ဆိုပါတယ်။ ဒါပေမယ့် သွေးပေါင်ချိန် ၁၆၀/၁၀၀ အထက်ရှိနေတဲ့သူတွေ ဒါမှမဟုတ် သွေးပေါင်ချိန် ၁၄၀/၉၀ နဲ့ ဆီးချိုရောဂါ၊ ကျောက်ကပ်ရောဂါ တစ်မျိုးမျိုးတွဲနေပြီဆိုရင်တော့ ဆေးဝါးတွေနဲ့ ကုသမှုခံယူရပါတော့မယ်။ ဒီထဲမှာမှ သွေးပေါင်ချိန် အပေါ်သွေး ၁၈၀ကျော် ဒါမှမဟုတ် အောက်သွေး ၁၁၀ကျော်နေရင်တော့ အရေးပေါ်သွေးတိုးရောဂါ (Hypertensive Crisis) လို့ခေါ်ပြီး ကုသမှုမဖြစ်မနေ ခံယူရပါလိမ့်မယ်။
နွေရာသီရောက်တယ်ဆိုရုံနဲ့ပဲ မြန်မာနိုင်ငံနေရာအနှံ့အပြား အပူဒဏ်ကိုခံစားရမှုက သိသိသာသာကို မြင့်မားလာပါတယ်။ အပူဒဏ်ကြောင့်ဖြစ်ပွားရတဲ့ ကျန်းမာရေးဆိုင်ရာပြဿနာများလည်း မကြာခဏကြားသိနေရတယ်။ ဒါ့ကြောင့် အပူဒဏ်မြင့်မားမှုကြောင့် အဓိကဖြစ်ပွားရတဲ့ကျန်းမာရေးပြဿနာများအကြောင်း စုစည်းတင်ပြပေးလိုက်ပါတယ်။
အပူဒဏ်ကြောင့်ဖြစ်တဲ့ကျန်းမာရေးပြဿနာများဟာ မြင့်မားတဲ့အပူချိန်နဲ့ အချိန်အတိုင်းအတာအနည်းငယ်မျှအတောအတွင်းမှာကိုပဲ ဖြစ်ပေါ်စေနိုင်ပါတယ်။ အပူဒဏ်ကြောင့်ဖြစ်တဲ့ကျန်းမာရေးပြဿနာများဟာ သိပ်မပြင်းထန်တဲ့အခြေအနေတွေကနေ အသက်အန္တရာယ်ခြိမ်းခြောက်နိုင်တဲ့အရေးပေါ် အခြေအနေတွေထိတိုင်အောင် ဖြစ်ပွားနိုင်ပါတယ်။ ဒီနေရာမှာတော့ အပူဒဏ်ကြောင့်အဓိကဖြစ်ပွားရတဲ့ ကျန်းမရေးပြဿနာတွေဖြစ်တဲ့ အပူရှပ်ခြင်း၊ ရေဓါတ်ဆုံးရှုံးခြင်း၊ အပူကြောင့် ကြွက်တတ်ခြင်း၊ ရုတ်တရက်သတိလစ်ခြင်း၊ မိတ်ထွက်ခြင်းတို့အကြောင်းကို တင်ပြပါမယ်။
လူသားတွေဟာ သွေးနွေးသတ္တ၀ါတွေဖြစ်ပါတယ်။ ခန္ဓာကိုယ်အပူအချိန်တစ်သမတ်တည်းရှိတဲ့သူတွေ ဖြစ်ပါတယ်။ လူသားတွေရဲ့ခန္ဓာကိုယ်မှာ ပုံမှန်ဖြစ်အောင်ထိန်းထားတဲ့ အပူချိန်ထိန်းတဲ့အင်္ဂါအစိတ်အပိုင်းတွေက မြင့်တက်လာတဲ့အပြင်အပူချိန်နဲ့ လိုက်လျောညီထွေဖြစ်အောင် လိုက်ပြီးမထိန်းညှိနိုင်တော့တဲ့အချိန်မှာ ကျန်းမာရေးပြဿနာတွေဖြစ်ပွားလာရတယ်။ အထူးသဖြင့်တော့ ပူပြင်းပြီး စိုထိုင်းစများတဲ့အချိန်တွေမှာပိုဖြစ်ပွားနိုင်ပါတယ်။ စိုထိုင်းစများနေတဲ့အခြေအနေမှာ ခန္ဓာကိုယ်က အပူချိန်ကိုထိန်းတဲ့ ချွေးထွက်တဲ့လုပ်ငန်းစဉ်ကျဆင်းလာတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ အလွန်မြင့်မားတဲ့ အပူချိန်ဟာ ဦးနှောက်အပါအ၀င် အရေးပါတဲ့ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို ထိခိုက်နိုင်တဲ့အပြင် အပူရှိန်ကြောင့် ကုန်ဆုံးသွားတဲ့ ရေဓါတ်နှင့် အခြားဓါတ်များဆုံးရှုံးမှုကို မဖြည့်တင်းခြင်းကြောင့်လည်း ကျန်းမာရေးပြဿနာတွေဖြစ်ပွားနိုင်ပါတယ်။ အပူကြောင့်ဖြစ်ပွားတဲ့ ပြဿနာတွေဟာ အဓိကအားဖြင့်တော့ အသက် ၄နှစ်အောက် ကလေးငယ်များ၊ အသက် ၆၅နှစ်အထက် လူကြီးများ၊ အ၀လွန်သူများ၊ ပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှုပြုလုပ်သူများ၊ စိတ်ရောဂါရှိသူများ၊ နှလုံးနှင့် သွေးတိုးရောဂါရှိသူများ၊ အရက်သောက်သုံးထားသူများမှာ ပိုမိုဖြစ်ပွားစေနိုင်ပါတယ်။
Posted by ဆူးအေမီ on 11:17 PM in | No comments
ယနေ့လူငယ် နောင်ဝယ်လူကြီးဆိုသလိုပဲ လူငယ်ဆိုတာ နောင်အနာဂါတ်ရဲ့ တိုင်းပြည်ခေါင်းဆောင်တွေဖြစ်ကြပါတယ်။ လူငယ်ဘ၀ဆိုတာ တက်ကြွမှုတွေ၊ ပျော်ရွှင်မှုတွေ၊ အင်အားတွေနဲ့ ပြည့်စုံနေတဲ့အခြေအနေတစ်ခုပါ။ ဒီလိုပြည့်စုံပျော်ရွှင်ဖို့ ကောင်းသလိုပဲ ဆယ်ကျော်သက်လူငယ်ဆိုတာ အခက်အခဲတွေကြုံနဲ့ ရင်ဆိုင်ကြုံတွေ့ရဆုံး အသက်အရွယ်တစ်ခုလည်းဖြစ်ပါတယ်။ အသက်ကြီးမှပြန်စဉ်းစားကြည့်ရင် ဘာမှအရေးမပါတဲ့အရာတွေလို့ ထင်ရပေမယ့်လည်း ဆယ်ကျော်သက်ဘ၀မှာ ကြုံတွေ့ရတဲ့အခက်အခဲတွေဟာ သူ့အသက်အပိုင်းခြားမှာတော့ တကယ်ကို ခက်ခဲပြီး ဖြေရှင်းရခက်တဲ့ ပြဿနာမျိုးတွေ၊ ၀မ်းနည်းကြေကွဲရတဲ့ အခက်အခဲတွေဖြစ်နေတတ်တဲ့အတွက် အလေးထားစရာမလိုတဲ့ ပြဿနာတွေတော့ မဟုတ်ပါဘူး။
၁။ ခန္ဓာကိုယ်ပြောင်းလဲမှုများ
ဆယ်ကျော်သက်ဘ၀မှာ ပထမဆုံးစတင်ရင်ဆိုင်ရတဲ့အခက်အခဲကတော့ လူပျိုဖော် အပျိုဖော်ဝခင်ချိန် ခန္ဓာကိုယ်မှာ ပြောင်းလဲမှုတွေစတင်ဖြစ်ပေါ်လာတာပဲဖြစ်ပါတယ်။ လိင်အင်္ဂါများဖွံ့ဖြိုးလာခြင်း၊ အမွေးအမှင်များ ပေါများလာခြင်း၊ ခန္ဓာကိုယ်အရွယ်အစားပြောင်းလဲမှုနဲ့ အသံပြောင်းလဲလာခြင်းများ၊ မိန်းကလေးများမှာ ရာသီသွေးစတင်ပေါ်လာခြင်းများ တို့ဖြစ်ကြပါတယ်။ လူတိုင်းကြုံတွေ့ရတဲ့အရာတွေဆိုပေမယ့် လူပျို အပျိုဖော်ဝင်ချိန်အရွယ်တွေအတွက်တော့ ထိတ်လန့်စရာတွေဖြစ်နေတတ်တယ်။ ဒီလိုအချိန်တွေ၊ အနေအထားတွေဟာ လူတိုင်းမလွဲမသွေကြုံတွေ့ရတဲ့ အခက်အခဲတွေဆိုတာကို နားလည်လာအောင် ဆွေးနွေးပေးရမယ်၊ အားပေးကူညီရမယ်။ ၀က်ခြံထွက်တာ ခန္ဓာကိုယ်အနံ့အသက်ထွက်တာတွေဟာ ဆယ်ကျော်သက်တွေအတွက်တော့ ရင်ဆိုင်ရတဲ့အဆိုးဆုံးအခက်အခဲတစ်ခုဖြစ်ပါတယ်။ ခန္ဓာကိုယ်အနံ့အသက်ထွက်လာတာတော့ အထူးသဖြင့်ယောကျာ်းလေးတွေမှာ ပိုဖြစ်တတ်ပြီး ၀က်ခြံကတော့ မိန်းကလေးရော ယောက်ျားလေးရော ခံစားရတတ်ပါတယ်။ အရွယ်ရောက်ချိန်မှာ အင်ဒရိုဂျင်ဟော်မုန်းကြောင့် ဖြစ်လေ့ဖြစ်ထရှိတဲ့သဘောတရားတွေကို နားလည်အောင်မရှင်းပြထားဘူး၊ အကူအညီမပေးဘူးဆိုရင် အားငယ်စိတ်တွေ၊ ရှက်ရွံ့မှုတွေခံစားရတာကြောင့် လူတောထဲမတိုးရဲအောင်ဖြစ်တတ်ပါတယ်။
၂။ မူးယစ်စေတတ်သော အရာများ
လူငယ်တွေဟာ စူးစမ်းချင်တယ်၊ လေ့လာချင်တယ်။ မမြင်ဖူးရင်ကြည့်ချင်တယ်၊ မလုပ်ဖူးရင် စမ်းကြည့်ချင်တယ်။ ဒီစိတ်ဓါတ်ဟာ  အောင်မြင်မှုတွေအတွက် တက်လမ်းတွေအတွက် အရေးကြီးတဲ့ စိတ်ဓါတ်ဆိုပေမယ့်လည်း စူးစမ်းတတ်တဲ့ဒီစိတ်ဓါတ်ကပဲ မူးယစ်သားကောင်တွေအဖြစ်ရောက်ရှိသွားစေနိုင်တယ်။ လူငယ်တွေဟာ ကိုယ့်ကိုကိုယ်စိတ်ဓါတ်ခိုင်မာတဲ့သူလို့ ထင်ကြတဲ့အတွက် ဒီလောက်လေးနဲ့တော့ မစွဲတတ်ပါဘူး။ ငါ့စိတ်ငါနိုင်ပတယ်ဆိုတဲ့အတွေးတွေနဲ့ပဲ မူးယစ်ဆေးရဲ့ကျေးကျွန်တွေဖြစ်သွားတတ်တာကြောင့် ဒီအရာတွေကိုတော့ မစခင်ကတည်းက ဝေေ၀းရှောင်ကျဉ်သင့်ပါတယ်။
Posted by ဆူးအေမီ on 11:14 PM in | No comments
Download - ADM Downloader From Facebook   Zippyshare link
Download - ADM Downloader From Facebook  Dropbox link
မောင်စွယ်စုံကျမ်း
ဒီဆော့ဝဲလေးကတော့ အသုံးတည့်လို့  သုံးနေကြသူတွေ အများကြီးရှိပါတယ်
မသိသေးသူတွေ သုံးရအောင် ထပ်ဆင့်မျှဝေလိုက်ပါတယ် ။ ဖုန်းထဲမှာ Viber
ဆော့ဝဲထည့်ထားရင်  ဆော့ဝဲရှိတဲ့ ဖုန်းအချင်းချင်း Gtalk ပြောသလိုပြောလို့ 
အဆင်ပြေတယ် ။အင်တာနက်တော့ ချိတ်ထားရမယ် ။  အဲ့ဆိုရင်  ဖုန်းထဲက
ပိုက်ဆံ  စားမသွားဘူး ။  မြန်မာပြည်ကလူတွေ  ပြည်ပကို  ခေါ်ချင်ရင်လည်း
အဆင်ပြေနိုင်သလို ၊  ပြည်ပကလူတွေ  မြန်မာပြည်ကဖုန်းကို   ခေါ်ဖို့ လည်း
ပိုက်ဆံကုန်သက်သာပါတယ် ။အဓိက  အရေးကြီးတာက  ဖုန်း၂လုံး စလုံးမှာ
အင်တာနက်ချိတ်ဖို့ နဲ့   ဆော့ဝဲရှိဖို့ ပဲလိုတယ် ။ ချက်တင်တွေလည်း ရသလို
ပုံတွေပို့ ရင်လည်း  မြန်တယ် ။ အခုနောက်ထွက်လာတဲ့ အသစ်က ချက်တင်
ပုံလေးတွေနဲ့  Video Message တွေပါ ရလာပါတယ် အသစ်မသုံးရသေးသူ
အောက်ကလင့်မှာ ယူသုံးကြည့်ပါ ။ ဒိနေ့ မှ Viber ပြန်သုံးဖြစ်တော့တယ်..။
Download-  Viber 3.0.0.1686_30.apk
မောင်စွယ်စုံကျမ်း
Posted by ဆူးအေမီ on 11:08 PM in | No comments
အထူးတလည်လမ်းရှင်းပေးရ မည့်အထဲတွင် နိုင်ငံတော်သမ္မတကြီး ကတော်ပင် မပါဝင်ဟု ယာဉ်ထိန်းရဲ တပ်ဖွဲ့ရုံးမှ ရဲမှူးကြီးကျော်ထွေး က ပြောသည်။
 ယာဉ်ထိန်းရဲတပ်ဖွဲ့၏ တာဝန် နှင့်ဆောင်ရွက်ပိုင်ခွင့်အရ အချက် ငါး ချက်ရှိရာ နောက်ဆုံးအချက်တွင် အရေးကြီးပုဂ္ဂိုလ်ယာဉ်တန်း၊ ဧည့်သည်   တော်ယာဉ်တန်းနှင့် နိုင်ငံတော်အဆင့် အခမ်းအနားများအတွက် အန္တရာယ် ကင်းရှင်းရေး ဆောင်ရွက်ပေးရန်ပါဝင်ကြောင်း၊ ထိုအထဲတွင် အရေး ကြီး ပုဂ္ဂိုလ်ဖွင့်ဆိုချက်ကို နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတများ၊ ပြည်ထောင်စုဝန်ကြီး များနှင့် ဝန်ကြီးချုပ်တို့သာပါဝင်ကြောင်း ရဲမှူးကြီးကဆို သည်။”သမ္မတကြီးကတော် နေပြည် တော်ကနေ ရန်ကုန်ကိုဆင်းလာတယ်။ အဲဒီကားနံပါတ်ကို ယာဉ်ထိန်းရဲတွေ သိကြတာပဲ။ ဒါပေမဲ့ အများပြည် သူ အတိုင်းပဲ ပိုပြီးတော့မှ လမ်းရှင်းပေး တာတို့ မလုပ်ကြဘူး”ဟု ၄င်းက ပြော သည်။ယာဉ်တိုက်မှုအန္တရာယ် မဖြစ်ပွား စေရန်နှင့် ယာဉ်ကြောပိတ် ဆို့မှု မဖြစ် စေရန် ယာဉ်ထိန်းရဲက ၄င်း၏ တာဝန် အတိုင်း ဆောင်ရွက်နေပြီး အရေးကြီး ပုဂ္ဂိုလ်များမဟုတ်ဘဲ အခြားသူများက တာဝန် မဟုတ် သည့် ဈေးဝယ်ထွက် ခြင်း၊ အခြားကိစ္စများ ဆောင်ရွက်ခြင်း အပေါ် အထူးတလည် လမ်းရှင်းပေးမှုကို ဆောင်ရွက်ပေးခြင်း မပြုလုပ်နိုင်ဟု ရဲမှူးကြီး က ဆက်ပြောသည်။သို့သော် ယခင်စစ်အစိုးရ အကြီး အကဲဟောင်း၏ မြေးဖြစ်သူ အပါအဝင် ဒုတိယဝန်ကြီးတစ်ဦး၏ ဇနီးတို့က ၄င်းတို့ကားကို လမ်းမရှင်းပေးသဖြင့် တာဝန်ကျယာဉ်ထိန်းရဲတို့အပေါ် အနိုင်အထက်ပြောဆိုမှုတို့ ရှိခဲ့ကြောင်း အင်တာနက်ပေါ်တွင် သတင်းများ ပျံ့နှံ့ခဲ့သည်။
ယင်းကိစ္စနှင့်ပတ်သက်၍ မေး မြန်းမှုအပေါ် ရဲမှူးကြီးကျော်ထွေးက    ”ကျွန်တော်ပြောပြီးပြီပဲ။ အထူးတလည် လမ်းရှင်းပေးရမယ့် ပုဂ္ဂိုလ်က ဘာေ တွ လဲဆိုတာကို”ဟု ပြောသည်။
မင်းသုအောင်
Download - Super Gangnam Andrio.apk
မောင်စွယ်စုံကျမ်း
Posted by ဆူးအေမီ on 11:02 PM | No comments
မဟာဆန် ဆိုင်ကလုန်း မုန်တိုင်းဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသကို ချဉ်းကပ်လာတာကြောင့်၊ အဲ့ဒီဒေသမှာရှိတဲ့ သောင်းနဲ့ချီတဲ့ မူဆလင်တွေအတွက် အန္တရာယ်ရှိနေတယ်လို့ နယူးယောက်အခြေစိုက် HRW လူ့အခွင့်အရေးအဖွဲ့ကြီးက ပြောပါတယ်။
ရခိုင်ပြည်နယ် စစ်တွေမြို့ ဒုက္ခသည်စခန်းက ရိုဟင်ဂျာဒုက္ခသည်တွေ (၁၄ မေ ၂၀၁၃)
မြန်မာအာဏာပိုင်တွေအနေနဲ့ မုန်တိုင်းမ၀င်ခင် ပြင်ဆင်မှုတွေ လုပ်နေတယ်ဆိုပေမဲ့၊ အဲ့ဒီ မူဆလင် ဒုက္ခသည်တွေကို ဘေးကင်းတဲ့ နေရာတွေကို ရွှေ့ပြောင်းမှုတွေ မလုပ်သေးဘူးလို့လည်း HRW က စွပ်စွဲပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦး က တင်ပြထားပါတယ်။
ပြီးခဲ့တဲ့နှစ်တုန်းက ရခိုင်ပြည်နယ် ပဋိပက္ခတွေကြောင့် ထွက်ပြေးကြရတဲ့ သောင်းနဲ့ချီတဲ့ မူဆလင် ဒုက္ခသည်တွေကို မုန်တိုင်းဘေးလွတ်ရာ အမြင့်ပိုင်းဒေသတွေကို အမြန်ဆုံး ရွှေ့ပြောင်းပေးဖို့ HRW လူ့အခွင့်အရေးအဖွဲ့ကြီးက မြန်မာအစိုးရကို တိုက်တွန်း တောင်းဆိုတာပါ။
၂၀၁၂ ခုနှစ် ဇွန်လက စခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် ရခိုင်ပြည်နယ်အတွင်းက ရိုဟင်ဂျာနဲ့ ကမန် မူဆလင် ခန့်မှန်းချေ ၁ သိန်း ၄ သောင်းလောက်ရဲ့ တ၀က်ဟာ ရေလွှမ်းမိုးတတ်တဲ့ လယ်ကွင်းတွေနဲ့ ကမ်းရိုးတန်းဒေသတွေမှာ နေထိုင်နေကြရတယ်လို့ HRW ရဲ့ မနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
မဟာဆန် ဆိုင်ကလုန်း မုန်တိုင်းဟာ အခု မေလ ၁၅ ရက်နေ့ကျရင် မြန်မာနိုင်ငံ အနောက်ခြမ်းနဲ့ ဘင်္ဂလားဒေ့ရှ် ကမ်းရိုးတန်းဒေသကို ၀င်ရောက်နိုင်တယ်လို့ ခန့်မှန်းထားတာကြောင့်၊ အဲ့ဒီ ဒုက္ခသည်တွေအတွက် အလွန်အမင်း အသက် အန္တရာယ် ရှိနေတယ်လို့ ဖော်ပြပါတယ်။
မြန်မာအစိုးရကတော့ သူတို့အနေနဲ့ မုန်တိုင်း သတိပေးချက်တွေနဲ့အတူ မုန်တိုင်း ၀င်ရောက်နိုင်ချေ ရှိတဲ့ဒေသတွေက လူတွေကို ဘေးကင်းရာ အမြင့်ပိုင်းတွေကို ရွှေ့ပြောင်း နေရာချ ထားပေးနေတယ်လို့ ထုတ်ပြန်ပါတယ်။
ကုလသမဂ္ဂရဲ့ OCHA လူသားချင်း ကူညီမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးရဲ့ ထုတ်ပြန်ချက်မှာတော့ မုန်တိုင်းကြောင့် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံတွေက လူဦးရေ ၈ ဒဿမ ၂ သန်းအတွက် အသက် အန္တရာယ် ခြိမ်းခြောက်မှုတွေ ရှိနေတယ်လို့ ပြောပါတယ်။
မြန်မာအာဏာပိုင်တွေဘက်က ပြင်ဆင်မှုတွေ နေရာချထားမှုတွေ လုပ်နေတယ်ဆိုသလို၊ လူသားချင်း စာနာကူညီမှုအဖွဲ့တွေကလည်း အခြေအနေတွေကိုရော နေရာချထားမှုတွေ လုပ်နေတာကိုပါ စောင့်ကြည့် အကဲခတ်နေတယ်လို့ ဖော်ပြပါတယ်။
Posted by ဆူးအေမီ on 10:59 PM in | No comments
Download - assistivetouch-66-v2.4.6g.apk
မောင်(စွယ်စုံကျမ်း)မှာကူးယူးဖော်ပြပါသည်၊
Download - Twin Me!V1.3.2.apk
မောင်(စွယ်စုံကျမ်း)
Wednesday, May 1, 2013
Android ဖုန်းအတွက် ဖိုက်တင်ချလို့ ကောင်းတဲ့ တိုက်ခိုက်ရေးဂိမ်း
Download - ColosseumHeroes.apk
မောင်စွယ်စုံကျမ်း
သူငယ်ချင်းအားလုံးမင်္ဂလာပါ ဒီဆစ်တော့ဖုန်းအတွက်ပါ
TV တွေကို LIVE ကြည့်လို့ရတဲ့ USTREAM.TV ကို Andorid ဖုန်းမှာကြည့်နိုင်ပါတယ်
Android ကနေ မြန်မာပြည်က SkyNet လဲကြည့်လို့ရပါတယ်
အခြားလိုင်းတွေတော့ OffLine တွေကြီးပဲတွေ့တယ် ရေဒီယိုလိုင်းတစ်လိုင်းတော့တွေ့တယ်
နားထောင်လို့ကောင်းတယ် ဒီဆော့ဝဲလ်လေး Android ဖုန်းမှာထည့်ထားပြီးကိုယ်တိုင်လည်း
Live ထုပ်လွှင့်ပြသပေးလို့ရပါတယ် စမ်းကြည့်ချင်ရင်တော့အောက်မှာဒေါင်းလိုက်ပါ
ဖုန်းကနေသီချင်းဖွင့်ထားပြီး ဒီဆော့ဝဲကနေ Live လုပ်ထားပေးရင်သူများတွေက
ကိုယ့်User ကိုသိရင်နားထောင်လို့ရပါတယ် ကိုယ့်User ကိုသူငယ်ချင်းတွေပေးကြည့်ခိုင်းပေါ့ဗျာ
User မှာ myanmar ဘာညာလို့ရေးရင်တော့ရှာတဲ့သူက
Myanmar လို့ရေးပြီးရှာရင်သူများတွေလည်းတွေ့နိုင်တယ်ကြည့်နိုင်တယ်
ကျနော်လည်းကြည့်ရတာပေါ့ ဘာညာသာဒကာတွေတော့ပြနဲ့ပေါ့ဗျာ
DownLoad
Go Live ကိုကလစ်လိုက်ပါ ဒါကတော့ ကိုယ်တိုင် Live ထုတ်လွှင့်ချင့်မှပါအကောင့်လုပ်ပါ
ကြည့်ရုံတင်ဆိုအကောင့်လုပ်စရာမလိုပါဘူးအောက်က Search မှာနှိပ်ပြီးမြန်မာကိုကြည့်ချငရင်
myanmar လို့ရိုက်ရှာက်ရင်အပေါ်ဆုံးမှာ Live ဖြစ်နေကြောင်းပြပါတယ်
အထိကတော့ SkyNet တော့ရပါတယ် Radio တစ်လည်းအမြဲနားထောင်နိုင်ပါတယ်
ကိုယ်တိုင် Live ထုပ်လွှင့်ချင်ရင် Go Live ကိုနှိပ်လိုက်ပါ
ပုံပါအတိုင်းအကောင့်လုပ်လိုက်ပါ
Posted by ဆူးအေမီ on 11:08 PM in | No comments
Myanmar Beautiful Model Girl: Thae Naw Zar
Posted by ဆူးအေမီ on 11:05 PM in | No comments
ဇာတ်မင်းသား ဖိုးချစ်၊ စွမ်းဇာနည်နဲ့ ဟန်ဇာမိုးဝင်း
ဇလွန်ပြည်တော်ပြန် ဘုရားပွဲမှာ ပရိသတ်နဲ့ ပဋိပက္ခ ဖြစ်ပြီး ပွဲပျက် ပြန်ပြေးခဲ့ရတဲ့ စွမ်းဇာနည် ဇာတ်အဖွဲ့ကို ဧရာဝတီတိုင်း အစိုးရအဖွဲ့က အဲဒီ တိုင်းအတွင်း လာရောက်ဖျော်ဖြေခွင့် ပိတ်ပင်လိုက်တယ်လို့ သိရပါတယ်။
ဧရာဝတီတိုင်း ဒေသကြီး ဇလွန်မြို့ ဇလွန်ပြည်တော်ပြန် ဘုရားပွဲတော်မှာ တပေါင်းလပြည့်ကျော် ၁ ရက်နေ့ မတ်လ ၂၇ ရက်နေ့ မနက် ၂ နာရီခွဲလောက်က စွမ်းသဘင် ဇာတ်ရုံမှာ စွမ်း ဇာတ်အဖွဲ့နဲ့ ပရိသတ်တချို့ ပဋိပက္ခ ဖြစ်ပွားခဲ့ပြီး စင်ကို မီးရှို့ ခံရတဲ့အပြင်၊ ဇာတ်အဖွဲ့က ပါလာတဲ့ လေအိတ်ကား တစီး၊ ကုန်ကားနှစ်စီးနဲ့ မင်းသားရဲ့ ကိုယ်ပိုင်ကား မှန်တွေကို ရိုက်ခွဲခံရ ပြီး ၁ လ အကြာမှာ စွမ်းဇာနည်ဇာတ်အဖွဲ့ကို ဧရာဝတီတိုင်း အစိုးရအဖွဲ့က သူတို့ဒေသမှာ လာရောက်ဖျော်ဖြေခွင့် ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။
အဲဒီ ကိစ္စနဲ့ ပတ်သက်ပြီး မင်းသား စွမ်းဇာနည်နဲ့ တိုက်ရိုက် အဆက်အသွယ် မရခဲ့ပေမယ့် မြန်မာနိုင်ငံ သဘင်အစည်းအရုံး အတွင်းရေးမှူး ဦးမိုးဝင်းကတော့ “ပိတ်မယ်ဆိုတဲ့ သတင်း ကြားရုံ ရှိပါသေးတယ်။ အတိအကျတော့ ကျနော်တို့ဆီကို စာမပို့သေးပါဘူး” လို့ ပြောပါတယ်။
အငြိမ့်မင်းသမီး ခေါင်းဆောင် မင်းသမီးတဦးလည်း ဖြစ်၊ စွမ်းဇာနည်တို့ မိသားစုနဲ့လည်း ခင်မင်သူ ကျားလေးစိန်ကတော့ ပိတ်ရင်လည်း ကောင်းပါတယ်လို့ ဆိုပါတယ်။
သူက “ပိတ်တယ် ဆိုတာလည်း စွမ်းကို နစ်နာစေလိုတဲ့ ဆန္ဒတော့ မဖြစ်နိုင်ပါဘူး၊ လောလောဆယ် ဧရာဝတီတိုင်း ဘက်မှာ မဖျော်ဖြေ သေးတာတော့ အကောင်းဆုံးပေါ့။ ဒီကိစ္စမှာ စွမ်းတို့ဘက်က တရားမစွဲဘူးလို့ သိရတယ်” လို့ ဆက်ပြောတယ်။
စွမ်းဇာနည်နဲ့ ဇလွန်ပရိသတ်တို့ရဲ့ ပဋိပက္ခ ဖြစ်စဉ်အကျဉ်းကိုတော့ စွမ်းဇာနည်နဲ့ နီးစပ်သူ တဦးက ဧရာဝတီကို ပြောပြ တာကတော့ -
ဇလွန်မှာ စွမ်းဇာနည် ဇာတ်အဖွဲ့ အနေနဲ့ မတ် ၂၄၊ ၂၅၊ ၂၆ သုံးရက် ဖျော်ဖြေပေးဖို့ စီစဉ်ထားပေမယ့် ၂၅ ရက်နေ့ညဘက်မှာ ဇာတ်ရုံ အဖောက်ခံရပြီး တီးဝိုင်းသမား ပစ္စည်း တချို့နဲ့ သဘင်အစည်းအရုံး ကတ်တချို့ အခိုးခံခဲ့ရတယ်။ ၂၆ ရက်နေ့ ညနေမှာတော့ ဇာတ်သမားတချို့ ပွဲဈေးတန်းအတွင်း ထမင်းသွားစားတဲ့ အချိန် ဒေသခံတချို့ရဲ့ ရန်စထိုးကြိတ်ခြင်း ခံခဲ့ ရတယ်လို့ သိရပါတယ်။
From : .. လင်းမာန်အောင်
လူတစ်ဦး ကျန်းမာရေးကောင်းသူတစ် ယောက်ဖြစ်ရန်အတွက် အလွန်ပင်အရေးပါလှ သောအချက်မှာ ကောင်းမွန်စွာ လေ့ကျင့်ခန်းပြု လုပ်ခြင်းနှင့် နေ့စဉ်စားသောက်အစားအစာများ ပင်ဖြစ်သည်ဟု အများဆုံးသိကြသည်။ သို့ရာ တွင် အမှန်တကယ်ပင် အရွယ်ရောက် သူအိမ် ထောင်ရှင်များ၏ လိင်ဆက်ဆံခြင်းသည် ကျန်း မာရေးကောင်း လာခြင်းဖြင့် လူ့ဘဝအကျိုးကျေး ဇူးများကို ကောင်းစွာဖြစ်ပေါ်လာေ စနိုင်သည်။ လိင်ပညာပေးသုတေသီများက လိင်ဆက်ဆံ ခြင်းကြောင့် ကျန်းမာရေးကို တိုးတက်စေနိုင် ခြင်းနည်းကို အကြံပြုနေကြပေသည်။ ၄င်းတို့ ၏ အကြံပြုချက်များထဲမှ အောက်ပါ (၈) ချက် ကို သတိပြုရန်လိုအပ်ပေသည်။
Posted by ဆူးအေမီ on 10:49 PM in | No comments
Posted by ဆူးအေမီ on 10:46 PM in | No comments
“စိုင်းစိုင်း ဟု ခေါ်သည်” ဆိုတဲ့ ဗီဒီယို ဇာတ်ကား အောင်မြင် သွားတယ်..စိုင်းစိုင်း ရဲ့မွေးနေ့ ရှိုးပွဲ ဟာ ခမ်း ခမ်း နားနားကြီးကြီးကျယ်ကျယ်နဲ့ အဆုံးသတ်သွားနိုင်ခဲ့တယ်။ ဒါတွေဟာ စိုင်းစိုင်းရဲ့အောင် မြင် မှု တွေ ဆိုရင် အဲဒီ အောင်မြင် မှုရဲ့နောက်ကွယ်မှာ ကပ်ငြိ လိုက်ပါ လာတဲ့ ကောလ ဟာလ တွေက လည်း စိတ်ဝင် စားစရာ တစ်ခုပါပဲ။ အထူးသဖြင့် စိုင်းစိုင်းခမ်းလှိုင်နဲ့ သက်မွန်မြင့်တို့ရဲ့ဆက်ဆံရေးဟာ
Posted by ဆူးအေမီ on 10:45 PM in | No comments
နိုင်ငံရေးအကျဉ်းသားဟောင်း ဦးနေမျိုးဇင်ကို ယနေ့ နေ့လယ်ပိုင်းက ပန်းတနော် မြို့နယ် တရားရုံးက ပုဒ်မ ၅၀၀ နဲ့ တရားစွဲဆိုထားမှုအပေါ် ဒဏ်ငွေ ၂ သောင်း သို့မဟုတ် ထောင်ဒဏ် ၃ လ ချမှတ်လိုက်တယ်လို့ သိရပါတယ်။ 
 ဦးနေမျိုးဇင်ကို အမိန့်ချတဲ့ တရားခွင်
"ဒဏ်ငွေ ၂ သောင်းတော့ မဆောင်ပါ၊ ထောင် ၃ လ ကျခံဖို့ဘဲ ရွေးချယ်လိုက်ပါတယ်" လို့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်က ဧရာဝတီကို ပြောပါတယ်။ 
Posted by ဆူးအေမီ on 10:41 PM in | No comments
ရခိုင်ပြည်နယ် တွင်ဖြစ်ပွား နေသောပြဿနာများ ပြေလည်စေရန် ၁၉၈၂ မြန်မာနိုင်ငံ သားဥပဒေ ကို အကောင် အထည် ဖော်ခြင်းသည် အဓိကကျပြီး နယ်စပ်လုံခြုံရေးအတွက် စစ်တပ်အင် အားကို တိုးချဲ့ သင့်ကြောင်း အပြီးသတ် အစီရင် ခံစာတွင် အကြံပြုထားသည် ဟု ဒေါက်တာ ကျော်ရင်လှိုင် က ပြောသည်။
ယနေ့ပြုလုပ်သော ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းစစ်ဆေးရေးကော်မရှင်အပြီးသတ်အစီရင်ခံစာနှင့် စပ်လျဉ်း သည့် ရှင်းလင်းပွဲတွင် ယင်းကော်မရှင် အတွင်းရေးမှူးက သမ္မတထံတင်ပြထားသော အစီ ရင်ခံစာ အကြံပြု ချက်များနှင့် စပ် လျဉ်း၍ ပြောဆို လိုက်ခြင်းဖြစ်သည်။
“နိုင်ငံသား ဖြစ်သူ ဆိုတာ ဒီမှာ ရှိထားတဲ့ ရှိနေတဲ့ ဥပဒေနဲ့ အခြေခံ ပြီးလုပ်တာ။ ၁၉၈၂ဥပဒေနဲ့ အညီ ဆောင်ရွက် ဖို့ အဓိက ကျတယ်လို့ အကြံပြုပေးထားတယ်” ဟု အထက် ပါပုဂ္ဂိုလ်ကပြောသည်။ စစ်တပ် အင် အားတိုးချဲ့ရန်အကြံပြုထားခြင်းကိုလည်း “ရခိုင်ပြည်နယ်ဆိုတာတစ် ဖက်နိုင်ငံနဲ့ကပ်လျက်ဖြစ်တယ်။ ရေမြေ သဘာ ၀အရ ၀င်နိုင်၊ထွက် နိုင်တဲ့နေရာများတယ်။ လမ်းပန်းဆက်သွယ်ရေးကြောင့်လည်း ဟို တုန်း က လုံခြုံရေးသိပ်မလုပ်နိုင်ဘူး။ မိုင် ၁၉၀ကျော်ရှိတဲ့ နယ်မြေကို လက်ရှိချထားတဲ့ စစ်တပ်နဲ့ အင်အား မမျှဘူး။ အခုဟိုဘက်ကကူး လာသူတွေမှာ လူကောင်းတွေထက် ရာဇ၀တ်သားကူးလာတာတွေ ရှိတယ် ဆိုတာ သက်သေတွေလည်း ရထားတယ်။ ရခိုင်ရော၊ ဘင်္ဂါလီရော IDP တွေကို မေးကြည့်တော့ စစ်တပ် ရုပ်သွား လို့ မဖြစ်ဘူး။ ဒုက္ခရောက် ကုန်မယ်လို့ ပဲဖြေကြတယ်” ဟု ဆက်လက်ပြောသည်။
Posted by ဆူးအေမီ on 10:40 PM in | No comments
၁၂၃ ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့ အခမ်းအနားကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့က မြူနီစီပယ်ဘောလုံးကွင်းမှာ မြန်မာအလုပ်သမားရေး လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေအပါအ၀င် ထိုင်းအစိုးရတာဝန်ရှိသူတွေ လုပ်ငန်းရှင်တွေနဲ့ ထိုင်းအလုပ်သမား ကာကွယ်ရေးဌာနတို့ ပူးပေါင်းပြီး ဒီကနေ့မနက်ပိုင်းမှာ ကျင်းပခဲ့ပါတယ်။
မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၀၀၀ လောက်ပါဝင်ပြီး မဲဆောက်ရဲဌာနရုံးကြီးဝင်းကနေ အခမ်းအနားကျင်းပမယ့် မဲဆောက်မြို့နယ် မြူနီစီပယ်ဘောလုံးကွင်းရှိရာကို ချီတက်ခဲ့ကြပါတယ်။
Posted by ဆူးအေမီ on 10:29 PM in | No comments
ဒုက္ခသည်များကို မူလနေရပ်များထံသို့ ပြန်လည်နေထိုင်ရန် အာဏာပိုင်များက စီမံဆောင်ရွက်လျက်ရှိ (ဓာတ်ပုံ – Reuters)
မိတ္ထီလာ ဒုက္ခသည်စခန်းများရှိ နေအိမ်များ မီးလောင်ပျက်စီးခြင်း မရှိသော ဒုက္ခသည်တချို့ မူရင်းနေရပ်ထံ ပြန်လည်အခြေချ နေထိုင်နေကြပြီဖြစ်ကြောင်း သတင်းရရှိသည်။
ဒုက္ခသည်စခန်းများမှ ပြန်လည်အခြေချ နေထိုင်ကြသူအများစုမှာ မိတ္ထီလာမြို့ ပြည်သာယာရပ်ကွက်မှ  အများဆုံးဖြစ်ပြီး ကျန်ရပ်ကွက်များတွင်လည်း တဖြည်းဖြည်း သက်ဆိုင်ရာမှ ပြန်လည်နေရာချထားပေးနေကြောင်း မိတ္ထီလာမြို့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန်က ဧရာဝတီသို့ ပြောသည်။
“ အိမ် မပျက်စီးတဲ့သူတွေ ပြန်နေနေကြပါပြီ။ အိမ်ပျက်စီးတဲ့သူတွေကတော့ အခုချိန်ထိ ကိုယ့်အိမ်ကိုယ့်နေရာမှာ မနေနိုင်သေးကြပါဘူး။ သူတို့အိမ် ပြန်ဆောက်ပေးဖို့ကလည်း ရန်ပုံငွေတွေက ပြည့်စုံမှ ဖြစ်မှာလေ။ အဲဒီလူတွေအတွက်တော့ ကြာဦးမယ် ထင်တယ် ” ဟု ဦးဝင်းထိန်က ဆိုသည်။
ဒုက္ခသည်များကို မူလနေရပ်များထံသို့ ပြန်လည်နေထိုင်ရန် စီမံဆောင်ရွက်လျက်ရှိသည်မှာ ၃ ရက်ကျော်ပြီဖြစ်ကြောင်း၊ တရက်လျှင် ဒုက္ခသည် ၃၀၀ ကျော်ကို တဖြည်းဖြည်း ပြန်လည်နေရာချထားပေးနေပြီဖြစ်ကြောင်း မိတ္ထီလာခရိုင် ရဲတပ်ဖွဲ့ရုံးမှ တာဝန်ရှိသူတဦးကလည်း ပြောသည်။
Posted by ဆူးအေမီ on 10:27 PM in | No comments
၉၅၀-၅၃ မှ စတင်ကာ တောင်နှင့် မြောက် ကိုးရီး ယား များ အဖြစ် ကွဲသွားသော နှစ်နိုင်ငံအား ပြန် လည် ပေါင်း စည်းရေး စီမံချက်ဖြစ်သည့် sunshine policy အရ တည်ထောင်ထားသည့် Kaesong စက်မှု ဇုံ စီမံကိန်း ကို ၂၀၀၄ ခုနှစ်မှ စတင်ကာ တည်ထောင် ထားခဲ့သည်။
ယခု အခါ တောင် ကို ရီးယားနှင့် မြောက်ကို ရီးယား နိုင်ငံ အကြား စစ်ရေးအရ တင်းမာမှုများ ဖြစ်ပေါ် လျက် ရှိရာ မြောက် ကိုရီးယား နိုင်ငံအတွင်း တည်ရှိသည့် အဆိုပါ Kaesong စက်မှုဇုံ စီမံကိန်းမှ တောင် ကိုရီးယား အလုပ် သမားများ အားလုံးအား ဧပြီ ၂၇ ရက်တွင် အပြီး ရုတ်သိမ်း ထွက်ခွာခဲ့ကြပြီ ဖြစ်ကြောင်း တောင် ကို ရီးယား နိုင်ငံ ယွန်ဟပ် သတင်းဌာနက ထုတ်ပြန် ကြေညာခဲ့သည်။
ကေဆုန် ပူးတွဲ စက်မှုဇုန်ရှိ လုပ်ငန်းများ လည်ပတ်မှုရပ်ဆိုင်းခဲ့မှုအပေါ်ဖြေရှင်းရန် အတွက် တရားဝင် ဆွေးနွေးပွဲ တစ်ရပ် ပြုလုပ်ရန် တောင်ကိုရီးယား အစိုးရ၏ ကမ်းလှမ်းချက်ကို မြောက်ကိုရီးယား အစိုးရက ငြင်းပယ် ခဲ့ပြီးနောက် တောင် ကိုရီးယား အလုပ်သမား အားလုံးကို ကေဆုန် စက်မှုဇုန်မှ ပြန်လည် ခေါ်ယူ ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ကေဆုန် စက်မှုဇုန်တွင် တောင်ကိုးရီးယား ကုမ္ပဏီပေါင်း ၁၂၃ ခုရှိပြီး အထည် ချုပ် လုပ်ငန်းများ ၊ အိမ်သုံးပစ္စည်း ထုတ်လုပ်သည့်လုပ်ငန်းများ ၊ မော်တော်ဆိုင်ကယ်စီး ဟဲလ်မက် ဦးထုပ် လုပ်ငန်းများ စသဖြင့် ပါဝင်သည်။ မြောက်ကိုရီးယား နိုင်ငံအတွင်းရှိ အဆိုပါ ကေဆုန် စက်မှုဇုန်တွင် အလုပ် လုပ် ကိုင်သည့် တောင်ကိုးရီးယား လူမျိုး အလုပ်သမား တစ်ဦးစီအတွက် လစဉ် ဒေါ်လာ ၁၃၀ ပေးဆောင် ရပြီး မြောက်ကိုးရီးယား နိုင်ငံသည် အဆိုပါ စက်မှုဇုန်မှ တစ်နှစ်လျှင် ၀င်ငွေ ဒေါ်လာသန်း ၉၀ ရရှိ သည်။
Posted by ဆူးအေမီ on 10:13 PM in | No comments
mqdefault
ဧပြီလ ၃၀ ရက်နေ့က ရန်ကုန်တိုင်း ဥက္ကမြို့မှာ အစ္စလာမ် ဘာသာဝင်နေအိမ်များ အကြမ်းဖက် ခံရမှုမြင်ကွင်းများကို ဧရာဝတီက ရုပ်/သံ ရိုက်ကူး တင်ဆက် ထားပါတယ်။
ဧ၇ာဝတီ
Posted by ဆူးအေမီ on 10:07 PM in | No comments
တာဝန်မဲ့ အွန်လိုင်းကွန်ယက်များနှင့် ၀က်ဆိုက်များက မုန်းတီးမှုနှင့် အဖျက်လုပ်ငန်းများ တိုးပွားလာအောင် မီးလောင်ရာ လေပင့်ခဲ့ကြသည်။
မကြာမီက လွတ်လပ်ခွင့်ရလာသော မြန်မာနိုင်ငံ၏ အင်တာနက်မှ ၀က်ဆိုက်နှင့် လူမှုကွန်ယက် စာမျက်နှာများတွင် ယခုအခါ ၀ါဒဖြန့်ချီရေးက ရှောင်မလွတ်နိုင်အောင် ဖြစ်လာနေသည်။ တပ်မတော်ကို ထောက်ခံခြင်း သို့မဟုတ် မူဆလင်များကို အလုံးစုံဆန့်ကျင်ခြင်း၊ မီဒီယာများကို တိုက်ခိုက်ခြင်းနှင့် ဒေါ်အောင်ဆန်းစုကြည်ကို ဆဲဆိုဝေဖန်ခြင်းတို့က Facebook စာမျက်နှာများနှင့် ဘလော့ဂ်များပေါ်တွင်ပြည့်နှက်နေသည်။
ဤလမ်းကြောင်းကို မည်သူတွေက ဖန်တီးလုပ်ကိုင်နေကြသည် ဆိုခြင်းကို တိတိကျကျ သိရှိရန် မဖြစ်နိုင်သော်လည်း ပါဝင်သော အကြောင်းအရာနှင့် ရုပ်ပုံတွေက ရေးသားသူများကို မှန်းဆနိုင်ဖို့ သဲလွန်စတွေ ထုတ်ပေးထားသည်။ အများစုက နိုင်ငံတော်အလံ၏ ပုံရိပ်ကို သုံးလေ့ရှိကြပြီး ကျန်သည့်သူတွေကတော့ ပြင်ဦးလွင် စစ်တက္ကသိုလ် အ၀င်ဝတွင်ထားရှိသော စစ်ဘုရင်တပါး၏ ရုပ်ထုပုံကို နှစ်ချိုက်စွာ အသုံးပြုကြသည်။
မျက်မြင်သိနိုင်သည့် အကြောင်းအရာ မဟုတ်သော်လည်း သူ့အနေဖြင့် ထိုဝက်ဆိုတ်အများစုကို စစ်ဖက်က လုပ်ကိုင်နေသည်ဟု ခံစားရကြောင်း ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်ခဲ့သော ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး  ဦးအာစရိယက ပြောသည်။
“စစ်ဘုရင်တွေဆိုတာ စစ်တပ်ကို ကိုယ်စားပြုတယ်လေ၊ ဒီတော့ သူတို့တွေက စစ်တပ်နဲ့ တနည်းနည်းနဲ့ ပတ်သက်မှု ရှိရမယ်” ဟု သူက ဆို၏။
Myanmar ICT for Development Organisation ၏ အမှုဆောင် ညွှန်ကြားရေးမှုး ဖြစ်ပြီး ဘလော့ဂါ တဦးလည်းဖြစ်သူ နေဘုန်းလတ်က ဘလော့ဂ် အများအပြားသည် အစိုးရ ၀ါဒဖြန့်ချီရေး လမ်းကြောင်းများဖြစ်သည်ဟု ယုံကြည် ကြောင်း ပြောသည်။ အချို့သော အုပ်စုများသည် သတင်းအချက်အလက်များကို အင်တာနက်ပေါ်သို့ လျှင်မြန်စွာ တင်ပို့ ဖြန့်ချီနိုင်ကြသည်မှာ သံသယဖြစ်ဖွယ် ကောင်းသည်ဟု သူကဆို၏။ အထူးသဖြင့် ဆူပူမှုဖြစ်စေရန်လှုံ့ဆော်သော အကြောင်းအရာများဖြစ်သည်။
“အဲဒီဆိုက်တွေမှာ နိုင်ငံတော်အလံနဲ့ နေပြည်တော်ရဲ့ဓါတ်ပုံတွေ တင်ထားကြတယ်။ နောက်ပြီး သူတို့ရဲ့ သတင်းအများစုက အစိုးရ ၀က်ဆိုက်တွေကသတင်းတွေ”ဟု နေဘုန်းလတ်က ပြောသည်။
သံသယဖြစ်ဖွယ်ကောင်းသည်မှာ မှန်သော်လည်း ထိုဝက်ဆိုက်များ၏ နောက်ကွယ်တွင် မည်သူရှိနေသည်ကို တိကျစွာ သက်သေပြရန် ခက်ခဲနေသေးသည်ဟုလည်း ဆိုသည်။
“ဒီအဖွဲ့တွေက လမ်းကြောင်း နှစ်ခုကိုသုံးတယ်၊ ပထမတခုက လူမျိုးရေး ဘာသာရေးအုပ်စုတွေကြားမှာ ပဋိပက္ခတွေ ဖြစ်အောင် သွေးထိုးလှုံ့ဆော်တဲ့ သတင်းအချက်အလက်တွေ ဖြန့်ဖို့၊ နောက်တခုက သူတို့ကို ထောက်ခံအားပေးတဲ့သူတွေနဲ့ ဆက်သွယ်ဖို့သုံးတယ်” ဟု သူက ဆက်ပြောသည်။
ရေးသူ မသိရှိရသည့် ၀က်ဆိုက် ၁၀ခုကို အလွတ်သဘော လေ့လာကြည့်သည့်အခါ ထိုဆိုက်အားလုံးတွင် စစ်တပ်ကိုထောက်ခံခြင်း၊ မူဆလင်ဆန့်ကျင်ရေးနှင့် နိုင်ငံရေးအတိုက်အခံများကို ဆန့်ကျင်တိုက်ခိုက်ခြင်း စသော အကြောင်းအရာများ ပါဝင်ကြသည်။ ဒေါ်အောင်ဆန်းစုကြည်၊ မင်းကိုနိုင်၊ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့နှင့် အခြား သြဇာရှိသော လူ့အခွင့်အရေးလှုပ်ရှားသူများမှာ သူတို့ အဓိကထားပြီး ပြောဆို တိုက်ခိုက်ခြင်း ခံကြရသူများဖြစ်သည်။
ဝင်ရောက်ကြည့်ရှုသူများကို ဆွဲဆောင်နိုင်ရန်အတွက် ၎င်းဝက်ဆိုက်များသည် ညစ်ညမ်းဓါတ်ပုံနှင့် ရုပ်ရှင်များ၊ အတင်းအဖျင်းများနှင့် လိင်ကိစ္စ ဦးစားပေးသော ကောလဟာလများကို ဖော်ပြကြသည်။ ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်ခံရစဉ်အတွင်း ကလေးတယောက်မွေးခဲ့သည် ဆိုသောသတင်းမျိုးသည်လည်း ထိုအထဲတွင် တခု အပါအ၀င်ဖြစ်သည်။
လူသိများသော ၀က်ဆိုက်တခုမှာ Myanmarexpress.net ဖြစ်ပြီး ၎င်းကို ၂၀၁၁ ခုနှစ် ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချိန်မှ လွတ်မြောက်လာသည်နှင့် မရှေးမနှောင်းမှာ တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ရုရှားနိုင်ငံ မော်စကိုမြို့တွင် မှတ်ပုံတင်ထားသော ထိုဝက်ဆိုက်အား စတင် ဖန်တီးခဲ့ချိန်မှစ၍ အကြိမ်ရေ ၂၂သန်းကျော် ၀င်ရောက်ကြည့်ရှုမှု ရှိခဲ့သည်။
ထိုသို့သော ၀က်ဆိုက်များ၏ နောက်တွင် စစ်တပ်ရှိနေနိုင်သည်ဆိုသည့် ယူဆချက်ကို ပိုမိုလေးနက်စေသည့် အကြောင်းတခုမှာ သတင်း နည်းပညာနှင့် ပတ်သက်၍ အဆင့်မြင့်သင်တန်းများ တက်ရောက်ထားသူ အမြောက်အများ တပ်မတော်တွင်းမှာ ရှိနေသောကြောင့်ဖြစ်သည်။
အစိုးရ၏ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနသည် ရုရှားတက္ကသိုလ်များတွင် ပညာသင်ကြားရန် ၂၀၀၁ ခုနှစ်မှစ၍ ၂၀၁၀-၂၀၁၁ စာသင်နှစ်အထိ နှစ်စဉ် လူငါးရာခန့် စေလွှတ်ကြောင်း Anton Khlopkov နှင့် Dmitry Konukhov တို့က ၂၀၁၁ခုနှစ်ထုတ် Nuclear Club journal ဂျာနယ်တွင်ရေး သားသော “ရုရှား၊ မြန်မာနှင့် နျူကလီယား နည်းပညာ” ဆောင်းပါးတွင် ဖော်ပြထားသည်။ ရုရှားတက္ကသိုလ်များသို့ မြန်မာနိုင်ငံမှ ကျောင်းသားစေလွှတ်မှုက အခြားသောနိုင်ငံများ ထက် ပို၍များသည်။
မြန်မာနိုင်ငံ၏ ထိပ်တန်းနည်းပညာကျောင်းများမှ ဘွဲ့ရရှိသူများရှိနေသော်လည်း ရုရှားတွင် ပညာသင်ကြားရန် စေလွှတ်ခြင်း ခံရသူ အများစုမှ စစ်ဖက်မှ ဗိုလ်နှင့် ဗိုလ်ကြီးအဆင့် အရာရှိများသာဖြစ်သည်ဟု သတင်းများက ဆိုသည်။
စိုင်းသိန်းဝင်းသည် စစ်တပ်မှ ဗိုလ်မှူးဟောင်းတယောက်ဖြစ်ပြီး အစိုးရ၏ သံသယဖြစ်ဖွယ်ရာ နျူကလီးယားလက်နက် အစီအမံများကို ကမ္ဘာသိအောင် ဖွင့်ဟထုတ်ဖေါ်ပြော၍ ၂၀၁၀ တွင် မြန်မာနိုင်ငံမှ ထွက်ပြေးခဲ့သူဖြစ်သည်။ ယခုအခါ နော်ဝေနိုင်ငံ၌ နေထိုင်သော စိုင်းသိန်းဝင်းက ၂၀၁၁ က သူ၏ အီးမေးလ်ကို ဖောက်ထွင်းဝင်ရောက်ခံလိုက်ရပြီးနောက် သူ၏ ပုဂ္ဂိုလ်ရေးအချက်အလက်များကို Myanmarexpress.net တွင် ဖော်ပြထားသည်ကို တွေ့ရကြောင်း ပြောသည်။
သူ၏ နည်းပညာ ကျွမ်းကျင်မှုကို အသုံးပြု၍ ဖောက်ထွင်းဝင်ရောက်သူကို ခြေရာခံထောက်လှမ်းခဲ့ရာ စစ်ဖက်က လူတယောက် ဖြစ်နေသည်ကို တွေ့ရကြောင်း စိုင်းသိန်းဝင်းကပြောသည်။
“အဲဒီလူက ရုရှားမှာ ကျောင်းတက်သွားတဲ့ စစ်တပ် အရာရှိတယောက်ပါ၊ မြန်မာနိုင်ငံကနေ သူ အသုံးပြုတဲ့ IP လိပ်စာကိုပါ ကျနော်ပြောပြနိုင်ပါတယ်” ဟု သူကဆိုသည်။
စိုင်းသိန်းဝင်းက Myanmar Express နှင့် Opposite Eyes ကဲ့သို့သော ၀က်ဆိုက်များသည် အစိုးရ အဖွဲ့အစည်းများနှင့် ဆက်သွယ်မှု ရှိသည် ဆိုသည်မှာ အလွန်သိသာကြောင်း ဆက်ပြောသည်။
“သူတို့ဆီမှာတင်နေတဲ့ ဓာတ်ပုံတွေ သတင်းအချက်အလက်တွေက အပြင်မှာမရှိဘဲ ရဲဖက် နဲ့ စစ်ဖက်မှာပဲ ရနိုင်မယ့်ဟာမျိုးတွေ၊ ဒီလိုဆိုက်တွေကို တည်ထောင်ရတဲ့ ရည်ရွယ်ချက်က ဒေါ်အောင်ဆန်းစုကြည်လို၊ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့လို ပုဂ္ဂိုလ်မျိုးတွေအပေါ်မှာ လူထုအမြင် ဆန့်ကျင်ဖက် ပြောင်းသွားအောင်လုပ်ဖို့ပဲ၊ ရခိုင်လိုမျိုး မိတ္ထီလာလိုမျိုး ဘာသာရေး ပဋိပက္ခတွေ ဖြစ်လာရင်လည်း ပိုကြီးထွားအောင်ဝင်မွှေ ကြတယ်” ဟု စိုင်းသိန်းဝင်းက ဆိုသည်။
Posted by ဆူးအေမီ on 10:01 PM in | No comments
ရခိုင်ပြည်နယ် ပဋိပက္ခ စုံစမ်းစစ်ဆေးရေး ကော်မရှင်မှ ထုတ်ပြန်လိုက်သည့် အစီရင်ခံစာသည် ပဋိပက္ခများ ဆက်လက်မဖြစ်ပွားအောင် လေ့လာခြင်းသာဖြစ်ပြီး လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ရခြင်းကို သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများက ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၂၉.၄.၂၀၁၃ ရက်တွင် ရန်ကုန်မြို့ Myanmar Peace Centre တွင် ကျင်းပသည့် စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ သတင်းစာ ရှင်းလင်းပွဲတွင် သိရသည်။ ရခိုင်ပြည်နယ် ပဋိပက္ခ စုံစမ်းစစ်ဆေးရေးကော်မရှင်မှ အတွင်းရေးမှူး ဦးကျော်ရင်လှိုင်က ကျွန်တော်တို့ ကော်မရှင်က တာဝန်ရှိသူတွေ ရခိုင်ပြည်နယ်ကို ကိုယ်တိုင်သွားရောက်ပြီး ဒေသခံတွေအပေါ် အင်တာဗျူးတွေ သတင်းအချက်အလက်တွေ ကောက်ယူခဲ့ပါတယ်။ ဒီအစီရင်ခံစာကို လူပေါင်း ၂၀၀၀ ကို အင်တာဗျူးလုပ်ပြီး ရေးသားခဲ့တာဖြစ်တယ်။ ကော်မရှင်က အဓိကလုပ်တာက ပဋိပက္ခတွေ ဆက်မဖြစ်အောင် လေ့လာတာပဲ ဖြစ်တယ်။ အသေးစိတ် ရှေ့ဆက်ပြီး ဘယ်လိုအကောင်အထည်ဖော်မလဲ ဆိုတာကတော့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ လုပ်ဆောင်မှုကို စောင့်ကြည့်ရမှာ ဖြစ်တယ်။ အစီရင်ခံစာကိုလည်း ဘယ်အစိုးရအဖွဲ့အစည်းကမှ ကျေနပ်သည်၊ မကျေနပ်သည်ကို ဝင်ရောက်ပြောဆိုခြင်း မရှိဘဲ လွတ်လွတ်လပ်လပ် ရေးသားခဲ့ခြင်း ဖြစ်တယ်” ဟု ပြောကြားသည်။ စုံစမ်းစစ်ဆေးရေး ကော်မရှင်မှ ဦးကိုကိုကြီးက “အစီရင်ခံစာမှာ ဒုက္ခသည်တွေကိစ္စကို ဦးစားပေးထားတယ်။ လူမှုရေး၊ စီးပွားရေး၊ ပညာရေး ပြန်လည်သဟဇာတဖြစ်ရေးတို့ကို ဖော်ဆောင်သွားဖို့ တင်ပြထားတယ်။ အကြံပြုချက်ပိုင်းမှာလည်း လက်ရှိဖြစ်နေတာတွေကို နောက်နောင်မဖြစ်ပွားအောင် နိုင်ငံသားပြုရေး၊ လုံခြုံရေးတွေကို အဓိကလုပ်ဖို့ တင်ပြထားတယ်။ ကော်မရှင်လည်း သင့်သည်မသင့်သည်ဆိုတဲ့ စဉ်းစားရခက်တဲ့ အကြောင်းအရာတွေနဲ့လည်း ကြုံခဲ့ရတယ်” ဟု ပြောကြားသည်။ အဆိုပါ အစီရင်ခံစာတွင် အပိုင်း ၁၅ ပိုင်း ပါဝင်ပြီး စာမျက်နှာ ၁၈၃ မျက်နှာဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။ စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၁၇ ရက်နေ့က နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ အမိန့်ဖြင့် ဖွဲ့စည်းခဲ့ပြီး ကော်မရှင်၏ အစီရင်ခံစာပါ အကြံပြုချက်များကို နိုင်ငံတော်သမ္မတက လက်ခံကြောင်း သိရသည်။ အစီရင်ခံစာတွင် ဒုက္ခသည်စခန်းများရှိ ရခိုင်လူမျိုးများ၏ လိုအပ်ချက်များ ပြည့်စုံနေပြီး၊ ဘင်္ဂါလီလူမျိုးများတွင် လိုအပ်ချက်ရှိနေကြောင်းကိုလည်း တရားဝင် ထည့်သွင်း ဖော်ပြထားကြောင်း ၂၀၁၃ ခုနှစ် မေလ ၂ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။ 
Khit Lu Nge 
Posted by ဆူးအေမီ on 9:51 PM in | No comments
Android ဖုန်းမှာ ဆိုင်ကယ်အမောင်းပြိုင်ချင်သူများအတွက် အလန်းဇယား
Download -RacingSplitterMoto.apk
မောင်(စွယ်စုံကျမ်း)မှာ ကူးယူးဖော်ပြပါသည်၊
Posted by ဆူးအေမီ on 9:44 PM in | No comments
မြန်မာရဲ့ အိမ်နီးချင်း ဘင်္ဂလာဒေခ်ျ့နိုင်ငံမှာ လွန်ခဲ့တဲ့ ဧပြီ တစ်လ တည်းအတွင်းမှာ အကြမ်းဖက် ခံရသူ အ မျိုး သမီး အရေ အတွက်ဟာ ၄၁၄ ဦးထိ ရှိခဲ့တယ်လို့ ဘင်္ဂလာဒေခ်ျ့ အမျိုးသမီး အဖွဲ့ချုပ် Bangladesh Mahila Parishad ရဲ့ အစီရင်ခံစာမှာ ဖေါ်ပြပါတယ်။ အဲဒီ ၄၁၄ ဦးထဲမှာ ၁၀၂ ဦးကတော့ မုဒိမ်း ကျင့် ခံခဲ့ရပြီး အဲဒီအထဲက ၁၇ ဦးကတော့ အုပ်စု လိုက် ကျင့်ခံခဲ့ရတာ ဖြစ်တယ်လို့ အစီရင်ခံစာမှာ ဖေါ်ပြပါ တယ်။ ၇ ဦးကတော့ မုဒိမ်းကျင့်ပြီးနောက် အသတ်ခံခဲ့ရ တယ်လို့ ပြောပါတယ်။
အမျိုးသမီး ၁၆ ဦးကတော့ မုဒိမ်းကျင့်ဖို့ ကြိုးစားတာကို ခံခဲ့ရပြီး ၁၃ ဦးကတော့ မဖွယ်မရာ ဆက်ခံခဲ့ရ တယ်လို့ ပြောပါတယ်။ အက်ဆစ်နဲ့ ပက်ခံရတဲ့ အမျိုးသမီးက ၃ ဦးရှိပြီး ၄ ဦးကတော့ မီးရှို့ တိုက်ခိုက် ခံခဲ့ ရပြီး အဲဒီအထဲက သုံးဦးကတော့ သေဆုံးကုန်တယ်လို့ ပြောပါတယ်။ အမျိုးသမီး ၅ ဦးကတော့ ပြန်ပေးဆွဲ ခံခဲ့ရတယ်လို့ ဖေါ်ပြပါတယ်။
အမျိုးသမီးနဲ့ ကလေးငယ် ၆၄ ဦး ဟာ ဧပြီ တစ်လတည်း အတွင်းမှာ အသတ်ခံခဲ့ရပြီး လူကုန်ကူးမူ ၄ မူ ရှိခဲ့ တယ် လို့ ပြောပါတယ်။ အမျိုးသမီး ၄၆ ဦးကတော့ အမျိုးသားဖြစ်သူကို လက်ထပ်စဉ်က ပေးဆောင် ရမယ့် ခန်းဝင် ပစ္စည်းတွေ ( ရွှေ၊ငွေ၊ ရေခဲသေတ္တာ၊ တီဗီ၊ ဆိုဖာ၊ အဲယားကောင့်စတဲ့ ပစ္စည်းများ) မပေးဆောင်နိုင်တဲ့ အတွက် ညှဉ်းပမ်း နှိပ်စက်ခံခဲ့ရပြီး အဲဒီအထဲက ၂၅ ဦးကတော့ အသတ်ခံခဲ့ရပါတယ်။
အမျိုးသမီးနှစ်ဦးကတော့ အိမ်တွင်း နှိပ်စက်မူကို ခံခဲ့ရတယ်လို့ ပြောပါတယ်။ အမျိုးသားတွေရဲ့ နှောင့် ယှက် စော်ကား တာကို ခံခဲ့ရတဲ့ အမျိုးသမီးက ၄၅ ဦးရှိပြီး အဲဒီအထဲက တစ်ဦးကတော့ မိမိကိုယ်ကို သတ်ေ သသွားခဲ့တယ်လို့ ပြောပါတယ်။
အရေအတွက် ၃၀ ထက်များတဲ့ အမျိုးသမီးတွေဟာ အမျိုးမျိုးသော အကြမ်းဖက်မူတွေကြောင့် မိမိကိုယ်ကို သတ်ေ သ ခဲ့ကြတယ်လို့လည်း ဆိုပါတယ်။ အသက်မပြည့်တဲ့ ကလေးမလေး တစ်ဦးကတော့ အရွယ် မတိုင်မီ အတင်း အိမ်ထောင်ပြု ခဲ့ရတယ်လို့ အစီရင်ခံစာမှာ ဖေါ်ပြပါတယ်။ အခု စုဆောင်းထားတဲ့ အရေ အတွက်ဟာ ဘင်္ဂလာဒေခ်ျ့က ထုတ်ဝေတဲ့ သတင်းစာတွေပါ ကိန်းဂဏန်းတွေကို စုဆောင်း ကောက် ယူဖေါ်ပြတာ ဖြစ်တယ်လို့ အမျိုးသမီးအဖွဲ့က ဆိုပါတယ်။
From:Narinjara
Posted by ဆူးအေမီ on 9:40 PM in | No comments
မိုးကောင်းမြို့နယ်၊ နွဲလောရွာနှင့် လွယ်စွန်းရွာအနီးပတ်ဝန်းကျင်မှာရှိသည့် ဆိုင်းဒါးတောင်တွင် KIA အဖွဲ့မှ မိုင်းများ ထောင်ထားသဖြင့် ၀ါးခုတ်၊ကြိမ်ခုတ်နေသော ရွာသားများအတွက် အခက်တွေ့နေကြောင်းသိရှိရ ပါသည်။
Search Our Site