Ads
ကြော်ငြာ
Tuesday, July 2, 2013
Posted by ဆူးအေမီ on 9:48 PM in | No comments
မစိုးရိမ်တိုက်နှင့် ဆရာတော် ဦးကောဝိဒါဘိဝံသ
ဖျာပုံ ဦးတေဇောဘာသာဘိဝံသ
ဇူလိုင် ၃၊ ၂၀၁၃
ဤမစိုးရိမ်ကျောင်းတိုက်ကြီးကို ကျောင်းဒါယကာ တဦးတည်းက ဆောက်လုပ်လှူဒါန်းသည်။ လှေကား ၄ဘက်တပ် အလယ်တိုက်ကြီးနှင့်တကွ အရံကျောင်း အုတ်တိုက်များကို မဟာရံအုတ်တံတိုင်းကြီးက ကာရံထားသည်။ မန္တလေးစာသင်တိုက် အများကဲ့သို့  ပေမီ အဆင့်မီ စာသင်တိုက်ကြီးပါ။ တဦးတည်းသော ကျောင်းဒါယကာအမည်ကား ဦးသက်ရှည်သား မောင်ကျော် (မစိုးရိမ် ဆရာတော်ကြီး ဦသူရိယ ခေါ်တဲ့အတိုင်း မောင်ကျော်ဟု ရေးတာပါ။)
ဤမစိုးရိမ်ကျောင်းတိုက်ကြီး၌ ကျောင်းတိုင်စာချ နာယကဖြစ်ရန် အကပ်အဖား ကောင်းဖို့ မလို။ ဆရာတော်နဲ့ ဆွေမျိုးတော်စပ်ဖို့ မလို။ တကယ်လိုသည်ကား ပြောင်ပြောင် မြောက်မြောက် စာချနိုင်အောင် စာတတ်ဖို့ တခုသာ။ ကောင်းပါပြီးစာတတ် မတတ် သိရအောင် ဘယ်ပေတံနှင့် တိုင်းမလဲ။
တဒါ နဂရေ လဒ္ဓ ရာဇလဉ္ဆိကာ ပရိယတ္တိ ၀ိသာရဒါ မဟာထေရာ
အဟေသုံ၊ ဘိက္ခုသံဃော သဋ္ဌိသဟဿ မတ္တော အဟောသိ။
(လယ်တီဆရာတော်၏ ပရမတ္တဒီပနီ နိဒါန်း)
စာသင်ကြားပို့ ချတဲ့ စာချ များရှိမှ စာသင်သူ စာသင်သားရှိမယ်၊ စာချများ ပေါ်ထွန်းလာအောင် စာချအား ဆွမ်းဆန်တော် အထောက်အပံ လက်ထက်တော်တုန်းက ပေးလှူခဲ့သည် မဟုတ်ပါလော။ ကောင်းပြီ လက်ရှိပြဿနာ ပြေလည်အောင် စာချဆရာတော်များ ပြန့် ကြဲ ပျောက်ပျက်နေတာကို စုစည်းမယ်၊ နောက် အစဉ်စာချများ မွေးထုတ်နိုင်အောင် စာအရည်အသွေး စစ်တဲ့ စာမေးပွဲတခု ကျင်းပမယ်။ (စာလျှောက်မေးပွဲ ဟု တရိုတသေ သုံးနှုန်းပါသည်။) ဒီအမှုကိစ္စအားလုံး ဆောင်ရွက်နိုင်ရန် အသင်းတခု ဖွဲ့ မည်၊ ပရိယတ္တိသာသနာ့ဟိတ အသင်း။
ဒီအသင်းက ကိုးကွယ်ထောက်ပံ့ခံရသူ စာချဆရာတော်သည် နှစ်မျိုး။ တမျိုးက မူလစာချ။ (စာမေးပွဲ မဖြေ၊အောင်မြင်စွာ စာချနိုင်လို့ မူလစာချ ဖြစ်သည်။) အခြားတမျိုးကား သီးခြားစာချ (စာဖြေ အောင်မြင်သူ)။
ပရိယတ္တိ သာသနာ့ဟိတအသင်းသည် မန္တလေး ပရိယတ္တိသာသနာတော် အကျိုးအတွက် ရည်မှန်းရင်း ရှိသည့်အတိုင်း မန္တလေးမြို့ မှာ စာချသူများကိုသာ အားပေးထောက်ပံ့ပါသည်။ မန္တလေးမြို့ မှအပ အခြား နေရာဌာနတို့ ၌ သီတင်းသုံး စာပေပို့ ချသူများကို မရည်ရွယ် မထောက်ပံ့ပါ။
ယခု ပရိယတ္တိသာသနာ့ဟိတ စာမေးပွဲနှင့် မစိုးရိမ်တိုက် ဆက်စပ်ပုံကို ဖော်ပြပါမယ်။ အသင်း စာမေးပွဲ စတင်ကျင်းပသောနှစ်မှာ သမင်ခြံဇာတိ( မန္တလေး မင်းကွန်းကြား ဇရောစေတီ မြေနုကျွန်း) မစိုးရိမ်ဆရာတော် အလောင်းအလျာ ဦးသူရိယ စာမေးပွဲဝင်ရောက် ဖြေဆိုအောင်မြင်ပါသည်။ ဦးပဉ္ဇင်း စာမေးပွဲ အောင်တယ်ဟု သင်းမ လူကြီးတဦးက လျှောက်ပါသည်။ ထိုအခါက ဦးသူရိယသည် မိုးကောင်းတိုက် အလယ်တိုက်ကြီးတွင် သီတင်းသုံး၍ ထိုအလယ်တိုက်ကြီးမှပင် အသင်းစာမေးပွဲ ၀င်ရောက်ဖြေဆို အောင်မြင်ပါသည်။ လျှောက်ထားချိန်မှာ အတော် ညဥ့်နက်နေပါပြီ၊ မိုးကောင်းတိုက် မနီးမဝေး၌ နေထိုင်သူ သင်းမလူကြီးက အစည်းအဝေးမှ အပြန် ၀င်ရောက်လျှောက်ထားခြင်း ဖြစ်ပါသည်။
အခု ဦးဇင်းတို့ စာအောင်တာသိချင်ယင် အသင်းတိုက်သွားကြည့်ရတယ် မဟုတ်လား၊ ဒို့ များတုန်းကတော့အိပ်ရာမှာ လာနှိုးပြီး အသင်းလူကြီးတွေက လျှောက်ရတာ ဟု ဆရာတော်ဘုရားကြီး ကိုယ်တိုင် ဤစာရေးသူအား မိန့် ကြားဖူးပါသည်။
ဆရာတော် ဦးသူရိယ မစိုးရိမ်တိုက်ကို တည်ထောင်သောအခါ ကျောင်းစည်းမျဉ်း ဥပဒေတွင် ကျောင်းတိုင် နာယကဖြစ်ရန် အရည်အချင်း (အရေးအကြီးဆုံး) မှာ ပရိယတ္တိသာသနဟိတ စာမေးပွဲ အောင်မြင်သော သီးခြားစာချ ဓမ္မာစရိယဖြစ်ရမည်ဟု ထည့်သွင်းရေးသားတော်မူ ပါသည်။ ဤအချက်သည် မစိုးရိမ်တိုက် စည်ပင်ကြီးပွားခြင်း၏ ပင်မ အဓိက ပဓာန အကြောင်းကြီးဖြစ်သည်။
နယူးယောက် မစိုးရိမ်ဆရာတော်လောင်း ဦးကောဝိဒသည် စာသင်ရာဌာနကို မန္တလေး မစိုးရိမ်တိုက်ကို ရွေးခဲ့ သည်။ စာသင်တိုက်တွင်နေရန် ထောက်ခံစာ (ကျောင်းအပ်စာ) ကောင်းကောင်းလိုသည်။ ထိုအခါ ရန်ကုန် ဗားကရာလမ်း ဥယျာဉ်တိုက် ဦးသုဇာတာလင်္ကာရ မစိုးရိမ်ရူပသိဒ္ဓိ အဖြေရေးသူ) တာဝန်ယူထောက်ခံခဲ့ပါသည်။
မစိုးရိမ်တိုက်တွင် စာသင်နေစဉ် သကျသီဟ စာချတန်း မပြီးသေးခင်ကပင် စာဖြေဖက် သူငယ်ချင်း များအားစာချပေးခဲ့သည်။ စာချဘုန်းကြီး တပါးလို တခမ်းတနား စာချသည်မဟုတ်၊ ကြမ်းပေါ်အတူထိုင်လျက် ဆရာတပည့် ဒူးတိုက်ဆွေးနွေးသည့် ပုံစံမျိုး ကူညီခဲ့သည်။ တဖက်သား အခက်အခဲကို ပွင့်ပွင့် လင်းလင်း ရှင်းပြသည်။ ခက်ရာခက်ဆစ်များ လွယ်ကူသွားသည်။ ပရိသတ်က ကြိုက်ကြသည်။ ကူညီလိုသော ဆန္ဒ ပြဋ္ဌာန်းလို့ ပင်ကိုဥာဏ် ထက်သူ ဦးကောဝိဒ။
ပိုမို တတ်ကျွမ်းလာရသည်။ တပည့်များက ကြည်ညိုလေးစားကြသည်။ သကျသီဟ စာမေးပွဲတွင် အတန်းနှစ်တန်းရှိသည်။ စာသင်တန်းကို အသက် ၂၇နှစ် လွန်လျှင် ၀င်ခွင့်မပြု။ ဦးကောဝိဒ စာသင်တန်းအောင်ပြီး စာချတန်းအတွက် သတ်မှတ်ထားပြီး အကြိမ်အတွင်း (အသင်းစည်းမျဉ်းမှာ သတ်မှတ်ထားသည်) ဖြေဆိုနိုင်ရန် ကြိုးစားရင်း တဖက်က ဘ၀တူ စာသင်သားများအား ပရဟိတ (သူများအကျိုး ဆောင်စိတ်) အပြည့်ဖြင့် ကူညီခဲ့ခြင်းဖြစ်ပါသည်။ စာချတန်းကို နှစ်ကြိမ် မဖြေရဘဲ နှစ်ချင်းပေါက် အောင်လျှင် “၀ဋံသကာ”ဆိုတဲ့ဘွဲ့ ထူးကို ရပါသည်။ ဆာ ဦးသွင်၏ ရွှေတံဆိပ် ဆက်ကပ်ခံရပါသည်။ ဦးကောဝိဒ ဒီလို ၀ဋံသကာ ဘွဲ့ ထူးကိုတော့ မရရှိပါ။
သကျသီဟ စာမေးပွဲရန် အသက် ၂၇ထက် မလွန် (မကြီး) ဖို့ လိုပါသည်။ စာသင်တန်း ပြဋ္ဌာန်းစာ အားလုံးကိုအလွတ်ပြန်ဆိုရသည်။ စာသင်တန်း မပြီးမချင်း ပြန်ရတာပါ။ အသက်သတ်မှတ် ခြင်းနှင့် အလွတ် အာဂုမ် ပြန်ဆိုရခြင်း ဟူသောဤအတားအဆီးနှစ်ခုကြောင့် ဖြေနိုင်စွမ်း အရည်အချင်း ပြည့်စုံပါလျက် မဖြေ လိုက်ရသောပုဂ္ဂိုလ် အမြောက်အမြားရှိပါသည်။ ခွန်အားဗလနှင့် ပြည့်စုံပြီး အပင်ပန်းခံနိုင်သည့်အရွယ်ကို သတ်မှတ်လိုဟန် ရှိပါသည်။
မှတ်ဥာဏ်ကောင်းတာ မကောင်းတာက မွေးရာပါ အရည်အချင်းပါ။ ကြိုးစားခြင်း ကူညီလိုသော ဆန္ဒ ပြင်းပြခြင်းတို့ ကား ပြုပြင်လို့ ရသည်။ ဦးကောဝိဒ ဤအရည်အချင်း အားလုံးနှင့် ပြည့်စုံ၍ အချိန် တန်လျှင် မစိုးရိမ်တိုက်၏ စာချနာယက(ကျောင်းထိုင်ဘုန်းကြီး ဖြစ်ရန် မွေးရာပါ) အခွင့်အရေး ဖြစ်ခဲ့ပါသည်။ မုချ မသွေ စာချနာယက ဖြစ်ရမည်ဟုဆိုလိုတာပါ။ သို့ သော် တရံတခါ စာချတန်းအောင်သူကများပြီး ကျောင်းထိုင် လစ်လပ်သော ကျောင်းက မရှိသေးလျှင် တန်းစီပြီ မိမိ အလှည့်ကိုစောင့်ရတတ်ပါသည်။
ဆရာတော် ဦးကောဝိဒသည် ကြီးမားကျယ်ပြန့် ဥာဏ်အမြင် သနားကြင်နာတတ်သော ကရုဏာ ရှိသည့် အလျောက် ဆန္ဒနဲ့ ဝီရိယ ပြည့်မီအောင် လိုက်ဖြည့်နိုင်သဖြင့် လုပ်ငန်းများ ကျယ်ပြန့် လာပါသည်။ စစ်ကိုင်းတောင်ရိုး မဟာရန်ကုန်စသော နေရာများသို့ ဧည့်ပါမောက္ခ(Visiting Professor) အဖြစ် အခွင့်သင့်တိုင်း စာပို့ ချခဲ့သည်။ စစ်ကိုင်းတောင်ရိုးရှိ စာသင် သီလရှင်များ မန္တလေးတွင် စာလိုက်နိုင်အောင် အခြေအနေ ဖန်တီးပေးသည်။ သာမဏေငယ်များ ထိန်းသိမ်းစောင့်ရှောက် ပြုစုပျိုးထောင်မှုကို မလစ်လပ် စေရပါ။ ဇီဝိတဒါန ဆေးပေးခန်း ဆေးကုသမှုကလည်း မစိုးရိမ်တိုက်အတွက် သာမဟုတ်တော့ဘဲ ပတ်ဝန်းကျင်ပါ ပြန့် နှံ ကျယ်ပြန့် လျက်ရှိသည်။ အမေရိက အနယ်နယ်အရပ်ရပါသို့ လည်း တရားဟောကြွ၍ နယူးယောက်မြို့ တွင် ဘုန်းတော်ကြီးကျောင်းဆောင် သိမ်သမုတ်နိုင်ခဲ့ပါသည်။
ဤမျှ များပြားကျယ်ဝန်းသော လုပ်ငန်းများကို မပင်ပန်း ရွှင်ရွှင်လန်းလန်း ဆောင်ရွက်နိုင်လောက်အောင် ခန္ဓာကိုယ် တောင့်တင်းကျန်းမာမှုကလဲ အရွယ်နှင့် မလိုက်အောင် ခိုင်မာလှပါသည်။ အစာလည်းဆေး၊ ဆေးလည်းအစာ ဖြစ်အောင်ဓာတ်စာစားခြင်း မြန်မာတိုင်းရင်းဆေးများကိုသာ သုံးဆောင်ခြင်း ဖြန့် ဝေခြင်းပြုပါသည်။ အထူးသဖြင့် ပြဒါးဓာတ်မကင်းသည့်အဂ္ဂိယတ်ဆေးများကို ကိုယ်တိုင်ဖိုထိုး ဖော်စပ်မှီဝဲပါသည်။
အများအကျိုး သယ်ပိုးပြီး ကိုယ်ကျိုးစွန့် နိုင်လို့  လူကောင်းတယောက်ပင် ဖြစ်သော်လည်း အများ အကျိုးထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့  “တော်”ဖို့ လဲ လိုပြန်ပါသည်။ ကရုဏာရှိလျှင် “ကောင်း”၍ ပညာစွမ်းရည် ထက်မြက်လျှင်“တော်”နိုင်ပါသည်။ တော်လည်းတော် ကောင်းလည်းကောင်းလျှင် လူတော် လူကောင်း သို့ မဟုတ် သူတော် သူကောင်း(သူတလုံးဖြုတ်လျှင် သူတော်ကောင်း ဒါက ရှေးစကားပါ။)
တော် တယ် ဆိုတာထက် ချွန် တယ်ဆိုတာက ပိုမို မြင့်သလို ခံစားရသည်။ ပညာရှင်အဆင့်၊ ထက်မြက်ခြင်း၊ဆုံးဖြတ်ချက် မြန်ဆန် မြဲမြုံခြင်း၊ တာဝန်ယူခြင်း၊ မှား မှန် ခွဲခြားတတ်ခြင်း၊ မိမိကိုယ်ကို မိမိ ယုံကြည်ခြင်း၊ သိရမည့် အရာများကိုကျွမ်းကျွမ်းကျင်ကျင် သိမြင်ခြင်း၊ ဒါကို ချွန်တယ် လို့ ဆိုလိုသည်။
ပြီးသော် လူကောင်း၊ ဘယ်လို ကောင်းတာလဲ ရိုးသားဖြောင့်မတ်ခြင်း၊ စိတ်ကောင်း စေတနာကောင်းထားခြင်းအများအကျိုးစီးပွားကို တသမတ်တည်း ရှေးရှူခြင်း၊ မလိမ်ညာ မချဲ့ ကား(မာယာ သာဌေယျ ကင်းခြင်း၊ အဝေဖန်ခံနိုင်ခြင်း၊ အရေးကြုံလာတိုင်း အတ္တ မာန်မာနကို ချိုးနှိမ်ခြင်း၊ ဒါတွေက ကောင်းတဲ့ အရည်အသွေးတွေပါ။ လောဘကို အခြေခံပြီးမှ ဒေါသဖြစ်ရတာပါ။ ဒုက္ခ၏ အကြောင်းသည် လောဘပါ၊ ရသမျှ နည်းအမျိုးမျိုးလှူဖို့ ခွဲခြင်းဝေဖန်သူမှာ ဒေါသဖြစ်စရာ အခွင့်အလမ်း နည်းပါးသည်။ ဖြောင့်မတ် ရိုးသားသူများသည် ဒိုးဒိုးဒေါက်ဒေါက် ဒဲ့ တိုးပြောတတ်ပါသည်။
လူချွန် လူကောင်း အသိ (၀ိဇ္ဇာ)နဲ့ အကျင့် စရဏ တထပ်တည်းကျပြီး ပြောသလိုလုပ်တတ်၍ အသိနှင့်အကျင့်ပြည့်ဝကုံလုံသော အပေါင်းအစုအားကို မြင်လိုကြည်ညိုလိုပါသည်။ လူချွန်လူကောင်း ခေါင်းဆောင်တယောက် စံနမူနာပြု အတုလိုက်သူများ၏ စုပေါင်းအားကို ကြည်ညိုစွာ ရိုသေစွာ ခင်မင်စွာ နှစ်သက်ဂုဏ်ပြုဖွယ် အဖြစ် ချွန်နိုင်ကြပါစေ….ကောင်းနိုင်ကြပါစေ။
မိုးမခ မီဒီယာ
ထိုင်း Jay Mart မြန်မာတွင် ဟန်းဆက်အရောင်းဆိုင်များ ဖွင့်မည်
ဇူလိုင်လ ၂ ရက် ၂၀၁၃
ထိုင်းနိုင်ငံမှ မိုဘိုင်းလ်ဖုန်း ဖြန့်ချိရေးကုမ္ပဏီ Jay Mart က ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးရန် အခြေအနေ ကောင်းနေသော မြန်မာနိုင်ငံတွင် ယခုနှစ်အတွင်း ဖုန်းဟန်းဆက် အရောင်းဆိုင် ၂၀ ခန့် ဖွင့်လှစ်ရန် စီစဉ်နေကြောင်း ဘန်ကောက် ပို့စ်သတင်းစာက ရေးသားသည်။
...
ယင်းကုမ္ပဏီက မြန်မာနိုင်ငံတွင် ပထမဆုံး အရောင်းဆိုင်သုံးဆိုင် ဖွင့်လှစ်ရန် အဆင်သင့် ဖြစ်နေပြီး ကျန်ဆိုင်များ ဆက်လက် ဖွင့်လှစ်မည် ဖြစ်ကြောင်း Jay Mart အမှုဆောင် အရာရှိချုပ် Adisak Sukumvitaya က ပြောကြားသည်။
မြန်မာနိုင်ငံတွင် ပထမတစ်နှစ်အတွင်း ဘတ်သန်း ၁၅၀ ခန့် (အမေရိကန်ဒေါ်လာ ၄ ဒသမ ၅ သန်း) ရင်းနှီးမြှုပ်နှံမည် ဖြစ်ပြီး ဒုတိယနှစ်တွင် ရင်းနှီးမြှုပ်နှံမှု ပမာဏ ဘတ်သန်း ၇၅၀ (အမေရိကန်ဒေါ်လာ ၂၁ ဒသမ ၄ သန်း) အထိ တိုးမြှင့်ရင်းနှီး မြှုပ်နှံသွားမည်ဟု ၎င်းကဆိုသည်။
အဆိုပါ ကုမ္ပဏီသည် Telenor ကုမ္ပဏီပိုင် ထိုင်းအခြေစိုက် ဆက်သွယ်ရေးကုမ္ပဏီ dtac နှင့် မိတ်ဖက်ကုမ္ပဏီအဖြစ် ကာလရှည် ပူးပေါင်း ဆောင်ရွက်နေသော ကုမ္ပဏီဖြစ်ပြီး dtac ၏ မိုဘိုင်းလ်ဖုန်း ဆင်းမ်ကတ်များကို ရောင်းချပေးနေသည်။
Jay Mart ၏ ၂၀၁၂ ခုနှစ် အမြတ်ဝင်ငွေ၏ ၃၈ ရာခိုင်နှုန်းကို 3G စနစ် မိုဘိုင်းလ်ဖုန်းများ ရောင်းချမှုမှ ရရှိခဲ့ကြောင်း ယင်းကုမ္ပဏီက ထုတ်ပြန်ထားသည်။
နိုင်ငံတကာက စိတ်ဝင်စားနေသည့် ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်များ ချထားပေးပြီးနောက် ဆက်သွယ်ရေးကဏ္ဍ အခွင့်အလမ်း ကောင်းနေသော မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် အဆိုပါ ထိုင်းအခြေစိုက် ကုမ္ပဏီက စိတ်ဝင်စားနေခြင်း ဖြစ်သည်။
“ဒီဈေးကွက်က အကြီးကြီးပါ။ ဝင်လာတော့လဲ တတ်နိုင်သမျှ ပြိုင်ရတာပေါ့။ ဆင်းမ်ကတ်တွေ ဈေးပေါလာရင် မိုဘိုင်းလ် ဖုန်းဆိုင်တွေ ပိုလိုအပ်လာဦးမယ်။ ဖုန်းဆိုင်တွေက မြို့ကြီးတွေမှာပဲ စုနေတာ” ဟု မြောက်ဥက္ကလာပမြို့နယ် Mobile Star ဖုန်းဆိုင်ပိုင်ရှင် ဦးဇော်မင်းက မှတ်ချက်ပေးသည်။
နော်ဝေအခြေစိုက် Telenor နှင့် ကာတာနိုင်ငံမှ Ooredoo (Q Tel) ကုမ္ပဏီတို့ကို ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင် ချထားပေးမည် ဖြစ်ကြောင်း ဆက်သွယ်ရေး အော်ပရေတာ တင်ဒါခေါ်ယူခြင်းနှင့် ရွေးချယ်ရေးကော်မတီက ဇွန်လ ၂၇ ရက်နေ့တွင် ထုတ်ပြန် ကြေညာခဲ့သည်။
The Voice weekly
ထိုင်းနိုင်ငံမှ မိုဘိုင်းလ်ဖုန်း ဖြန့်ချိရေးကုမ္ပဏီ Jay Mart က ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးရန် အခြေအနေ ကောင်းနေသော မြန်မာနိုင်ငံတွင် ယခုနှစ်အတွင်း ဖုန်းဟန်းဆက် အရောင်းဆိုင် ၂၀ ခန့် ဖွင့်လှစ်ရန် စီစဉ်နေကြောင်း ဘန်ကောက် ပို့စ်သတင်းစာက ရေးသားသည်။ ...
ယင်းကုမ္ပဏီက မြန်မာနိုင်ငံတွင် ပထမဆုံး အရောင်းဆိုင်သုံးဆိုင် ဖွင့်လှစ်ရန် အဆင်သင့် ဖြစ်နေပြီး ကျန်ဆိုင်များ ဆက်လက် ဖွင့်လှစ်မည် ဖြစ်ကြောင်း Jay Mart အမှုဆောင် အရာရှိချုပ် Adisak Sukumvitaya က ပြောကြားသည်။
မြန်မာနိုင်ငံတွင် ပထမတစ်နှစ်အတွင်း ဘတ်သန်း ၁၅၀ ခန့် (အမေရိကန်ဒေါ်လာ ၄ ဒသမ ၅ သန်း) ရင်းနှီးမြှုပ်နှံမည် ဖြစ်ပြီး ဒုတိယနှစ်တွင် ရင်းနှီးမြှုပ်နှံမှု ပမာဏ ဘတ်သန်း ၇၅၀ (အမေရိကန်ဒေါ်လာ ၂၁ ဒသမ ၄ သန်း) အထိ တိုးမြှင့်ရင်းနှီး မြှုပ်နှံသွားမည်ဟု ၎င်းကဆိုသည်။
အဆိုပါ ကုမ္ပဏီသည် Telenor ကုမ္ပဏီပိုင် ထိုင်းအခြေစိုက် ဆက်သွယ်ရေးကုမ္ပဏီ dtac နှင့် မိတ်ဖက်ကုမ္ပဏီအဖြစ် ကာလရှည် ပူးပေါင်း ဆောင်ရွက်နေသော ကုမ္ပဏီဖြစ်ပြီး dtac ၏ မိုဘိုင်းလ်ဖုန်း ဆင်းမ်ကတ်များကို ရောင်းချပေးနေသည်။
Jay Mart ၏ ၂၀၁၂ ခုနှစ် အမြတ်ဝင်ငွေ၏ ၃၈ ရာခိုင်နှုန်းကို 3G စနစ် မိုဘိုင်းလ်ဖုန်းများ ရောင်းချမှုမှ ရရှိခဲ့ကြောင်း ယင်းကုမ္ပဏီက ထုတ်ပြန်ထားသည်။
နိုင်ငံတကာက စိတ်ဝင်စားနေသည့် ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်များ ချထားပေးပြီးနောက် ဆက်သွယ်ရေးကဏ္ဍ အခွင့်အလမ်း ကောင်းနေသော မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် အဆိုပါ ထိုင်းအခြေစိုက် ကုမ္ပဏီက စိတ်ဝင်စားနေခြင်း ဖြစ်သည်။
“ဒီဈေးကွက်က အကြီးကြီးပါ။ ဝင်လာတော့လဲ တတ်နိုင်သမျှ ပြိုင်ရတာပေါ့။ ဆင်းမ်ကတ်တွေ ဈေးပေါလာရင် မိုဘိုင်းလ် ဖုန်းဆိုင်တွေ ပိုလိုအပ်လာဦးမယ်။ ဖုန်းဆိုင်တွေက မြို့ကြီးတွေမှာပဲ စုနေတာ” ဟု မြောက်ဥက္ကလာပမြို့နယ် Mobile Star ဖုန်းဆိုင်ပိုင်ရှင် ဦးဇော်မင်းက မှတ်ချက်ပေးသည်။
နော်ဝေအခြေစိုက် Telenor နှင့် ကာတာနိုင်ငံမှ Ooredoo (Q Tel) ကုမ္ပဏီတို့ကို ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင် ချထားပေးမည် ဖြစ်ကြောင်း ဆက်သွယ်ရေး အော်ပရေတာ တင်ဒါခေါ်ယူခြင်းနှင့် ရွေးချယ်ရေးကော်မတီက ဇွန်လ ၂၇ ရက်နေ့တွင် ထုတ်ပြန် ကြေညာခဲ့သည်။
The Voice weekly
Posted by ဆူးအေမီ on 3:23 AM in | No comments
သီလဝါအထူးစီးပွားရေးဇုန်အတွင်းက ဒေသခံလယ်သမားတွေရဲ့ လယ်ယာမြေတွေအပေါ် မြေဖို့တာတွေ၊ စက်ယန္တရားတွေနဲ့ မြေညှိတာတွေ ဆောင်ရွက်နေတဲ့အပေါ် ကန့်ကွက်တဲ့ ဒေသခံတွေနဲ့ မြန်မာဆိပ်ကမ်းအာဏာပိုင်အဖွဲ့ ဇူလိုင် ၁ရက်နေ့မှာ ဆွေးနွေးခဲ့ကြပါတယ်။
 Kamayut MediaTv
ပီကေ၏ အန္တရာယ်
ဇူလိုင်လ ၂ ရက် ၂၀၁၃
ကျွန်တော်တို့ဆီမှာ ပီကေလို့ လူသိများတဲ့ Chewing gum ကို စတင်ထုတ်လုပ်စဉ်တုန်းက သစ်ပင်ကရတဲ့ အစေးကလုပ်တာဖြစ်ပေမဲ့ ဒီကနေ့မှာတော့ ဘေးဥပါဒ်ဖြစ်နိုင်တဲ့ အမယ်တွေနဲ့ ဓာတုပစ္စည်းတွေကနေ ထုတ်လုပ်နေကြတာဖြစ်ပါတယ်...
... ဒီကနေ့ခေတ်ရဲ့ ပီကေတွေမှာ အဓိကအားဖြင့် ရာဘာတု၊ ပလတ်စတစ်၊ သကြားနဲ့ ဆိုးဆေးဆိုတဲ့ အမယ်လေးမျိုးပါဝင်ကြပါတယ်... သူ့ကို Styrene-butadiene ရာဘာတွေနဲ့ pllyvinyl acetate တို့လိုမျိုး လူလုပ်ဒြပ်ပေါင်းတွေနဲ့ ပြုလုပ်ထားတာဖြစ်ပါတယ်... သကြား ၆၀ %၊ ဂျုံ/ပြောင်းဖျော်ရည် ၂၀ % နဲ့ တကယ့်ကော်စေးပစ္စည်း ၂၀ % အသီးသီးပါဝင်ပါတယ်..
လူတွေက သာမန်အားဖြင့် ပီကေတွေကို မမျိုချကြပါဘူး... ဒါကြောင့် ထုတ်လုပ်သူတွေအနေနဲ့ အဲ့ဒီထဲပါဝင်မယ့်အမယ်တွေအပေါ် သိပ်အလေးအနက်မထားကြပါဘူး... ဒါပေမဲ့ ပီကေမှာပါတဲ့ အမယ်တွေဟာ အစားအသောက်မှာပါဝင်တဲ့ အမယ်တွေထက် သွေးကြောထဲကို လျင်လျင်မြန်မြန်ပျံ့နှံ့နိုင်ကြပြီး သိပ်သည်းမှုကလည်း ပိုမြင့်မားပါတယ်... ဘာကြောင့်လဲဆိုတော့ သူတို့ကို ပါးစပ်ရဲ့နံရံတွေက တိုက်ရိုက်စုပ်ယူပြီး အစာချေချက်စနစ်မှာလို စစ်ထုတ်မှုတွေကိုလည်း ပုံမှန်အတိုင်း မခံရလို့ပါပဲ...
ပီကေတွေဟာ supermarket တွေမှာ ရောင်းချတဲ့ စားသောက်ကုန်တွေထဲမှာ အဆိပ်ဓာတ်တွေအများဆုံးပါဝင်တဲ့ ကုန်ပစ္စည်းတစ်ခုဖြစ်ပါတယ်... သူ့ကိုစားလိုက်တဲ့ ဘယ်အိမ်မွေးတိရိစ္ဆာန်ကိုမဆို သေဆုံးစေနိုင်ပါတယ်... ဈေးကွက်ထဲက ပီကေတွေဟာ အဆိပ်အာနိသင်ရှိတဲ့ အမယ်တွေပါဝင်တာချည်းအတူတူပါပဲ... လူတွေကို လှည့်စားနိုင်အောင် ပုံစံအမျိုးမျိုး စာအမျိုးမျိုးကပ်ထားတာပဲကွာပါတယ်...
ပီကေ (chewing gum) တွေမှာ ပါဝင်တဲ့ အမယ်တွေကတော့..
• Sorbitol
• Gum Base
• Maltitol
• Mannitol
• Xylitol
• Artificial and 'Natural' Flavoring
• Acacia
• Acesulfame Potassium
• Aspartame
• BHT
• Calcium Casein Peptone-calcium Phosphate
• Candelilla Wax
• Sodium Stearate
• Titanium Dioxide (အရေပြားနဲ့ ထိတာနဲ့တင် ကင်ဆာဖြစ်စေနိုင်တဲ့ ပစ္စည်းဖြစ်ပါတယ်...)
ဒီအမယ်တွေကို ပါးစပ်ရဲ့နံရံတွေကနေ သွေးကြောထဲအထိ တိုက်ရိုက်စုပ်ယူပါတယ်... ပီကေတွေက လူ့ကျန်းမာရေးကို ထိခိုက်စေတယ် အန္တရာယ်ရှိတယ်ဆိုတဲ့အချက်ဟာ လူတွေယုံကြည်လက်ခံထားတဲ့ ပီကေဟာ အန္တရာယ်မရှိဘူး... သွားတွေကို သန်မာစေတယ်... ပီကေစားခြင်းအားဖြင့် ဦးနှောက်ကိုပိုကောင်းလာစေတယ်.... ကျန်းမာရေးအတွက်ကောင်းတယ်... ဆိုတဲ့ အချက်တွေနဲ့တော့ ကွဲပြားသလိုဖြစ်နေပါတယ်...
မှတ်ချက် >>> တွေ့ရှိရသမျှအချက်အလက်များကို မျှဝေခြင်းဖြစ်ပါသည်... မိမိအသိဥာဏ်နှင့် ချင့်ချိန်စဉ်းစား၍ ဆီလျော်သလို အသုံးချနိုင်ပါသည်....
----------------------------------------------------------------
Source: Positive Health Tips
Credit to စိတ်ကူးပျော်ရာ
ကျွန်တော်တို့ဆီမှာ ပီကေလို့ လူသိများတဲ့ Chewing gum ကို စတင်ထုတ်လုပ်စဉ်တုန်းက သစ်ပင်ကရတဲ့ အစေးကလုပ်တာဖြစ်ပေမဲ့ ဒီကနေ့မှာတော့ ဘေးဥပါဒ်ဖြစ်နိုင်တဲ့ အမယ်တွေနဲ့ ဓာတုပစ္စည်းတွေကနေ ထုတ်လုပ်နေကြတာဖြစ်ပါတယ်...
... ဒီကနေ့ခေတ်ရဲ့ ပီကေတွေမှာ အဓိကအားဖြင့် ရာဘာတု၊ ပလတ်စတစ်၊ သကြားနဲ့ ဆိုးဆေးဆိုတဲ့ အမယ်လေးမျိုးပါဝင်ကြပါတယ်... သူ့ကို Styrene-butadiene ရာဘာတွေနဲ့ pllyvinyl acetate တို့လိုမျိုး လူလုပ်ဒြပ်ပေါင်းတွေနဲ့ ပြုလုပ်ထားတာဖြစ်ပါတယ်... သကြား ၆၀ %၊ ဂျုံ/ပြောင်းဖျော်ရည် ၂၀ % နဲ့ တကယ့်ကော်စေးပစ္စည်း ၂၀ % အသီးသီးပါဝင်ပါတယ်..
လူတွေက သာမန်အားဖြင့် ပီကေတွေကို မမျိုချကြပါဘူး... ဒါကြောင့် ထုတ်လုပ်သူတွေအနေနဲ့ အဲ့ဒီထဲပါဝင်မယ့်အမယ်တွေအပေါ် သိပ်အလေးအနက်မထားကြပါဘူး... ဒါပေမဲ့ ပီကေမှာပါတဲ့ အမယ်တွေဟာ အစားအသောက်မှာပါဝင်တဲ့ အမယ်တွေထက် သွေးကြောထဲကို လျင်လျင်မြန်မြန်ပျံ့နှံ့နိုင်ြ
ကပြီး သိပ်သည်းမှုကလည်း ပိုမြင့်မားပါတယ်... ဘာကြောင့်လဲဆိုတော့ သူတို့ကို ပါးစပ်ရဲ့နံရံတွေက တိုက်ရိုက်စုပ်ယူပြီး အစာချေချက်စနစ်မှာလို စစ်ထုတ်မှုတွေကိုလည်း ပုံမှန်အတိုင်း မခံရလို့ပါပဲ...
ပီကေတွေဟာ supermarket တွေမှာ ရောင်းချတဲ့ စားသောက်ကုန်တွေထဲမှာ အဆိပ်ဓာတ်တွေအများဆုံးပါဝင်တဲ့ ကုန်ပစ္စည်းတစ်ခုဖြစ်ပါတယ်... သူ့ကိုစားလိုက်တဲ့ ဘယ်အိမ်မွေးတိရိစ္ဆာန်ကိုမဆို သေဆုံးစေနိုင်ပါတယ်... ဈေးကွက်ထဲက ပီကေတွေဟာ အဆိပ်အာနိသင်ရှိတဲ့ အမယ်တွေပါဝင်တာချည်းအတူတူပါပဲ..
. လူတွေကို လှည့်စားနိုင်အောင် ပုံစံအမျိုးမျိုး စာအမျိုးမျိုးကပ်ထားတာပဲကွာပါတယ်...
ပီကေ (chewing gum) တွေမှာ ပါဝင်တဲ့ အမယ်တွေကတော့..
• Sorbitol
• Gum Base
• Maltitol
• Mannitol
• Xylitol
• Artificial and 'Natural' Flavoring
• Acacia
• Acesulfame Potassium
• Aspartame
• BHT
• Calcium Casein Peptone-calcium Phosphate
• Candelilla Wax
• Sodium Stearate
• Titanium Dioxide (အရေပြားနဲ့ ထိတာနဲ့တင် ကင်ဆာဖြစ်စေနိုင်တဲ့ ပစ္စည်းဖြစ်ပါတယ်...)
ဒီအမယ်တွေကို ပါးစပ်ရဲ့နံရံတွေကနေ သွေးကြောထဲအထိ တိုက်ရိုက်စုပ်ယူပါတယ်... ပီကေတွေက လူ့ကျန်းမာရေးကို ထိခိုက်စေတယ် အန္တရာယ်ရှိတယ်ဆိုတဲ့အချက်ဟာ လူတွေယုံကြည်လက်ခံထားတဲ့ ပီကေဟာ အန္တရာယ်မရှိဘူး... သွားတွေကို သန်မာစေတယ်... ပီကေစားခြင်းအားဖြင့် ဦးနှောက်ကိုပိုကောင်းလာစေတယ်...
. ကျန်းမာရေးအတွက်ကောင်းတယ်... ဆိုတဲ့ အချက်တွေနဲ့တော့ ကွဲပြားသလိုဖြစ်နေပါတယ်...
မှတ်ချက် >>> တွေ့ရှိရသမျှအချက်အလက်များကို မျှဝေခြင်းဖြစ်ပါသည်... မိမိအသိဥာဏ်နှင့် ချင့်ချိန်စဉ်းစား၍ ဆီလျော်သလို အသုံးချနိုင်ပါသည်....
----------------------------------------------------------------
Source: Positive Health Tips
Credit to စိတ်ကူးပျော်ရာ
Posted by ဆူးအေမီ on 2:33 AM in | No comments
သိလိုနေကြသော လုပ်ငန်းနှစ်ခု၏ အမည်နာမများကို ထုတ်ပြန်လိုက်ပြီ ဖြစ်သည်။ နော်ဝေ အခြေစိုက် Telenor နှင့် ကာတာ အခြေစိုက် Ooredoo (အူရီဒု)။ သူရဦးရွှေမန်း ခေါင်းဆောင်သော ပြည်သူ့လွှတ်တော်နှင့် ဆက်သွယ်ရေးဆိုင်ရာ အငြင်းပွားဖွယ်ရာ ကိစ္စရပ် အချို့အကြား ကမ္ဘာ့ ခေတ်အနောက်ကျဆုံး ဆက်သွယ်ရေးစနစ် ပိုင်ဆိုင်ထားသော မြန်မာဈေးကွက် သို့ဝင်ရန် ယင်းကုမ္ပဏီနှစ်ခု၏ အမည်ကို တင်ဒါကော်မတီက ဇွန်လ ၂၇ ရက်နေ့ ညနေပိုင်းတွင် ကြေညာလိုက်ခြင်း ဖြစ်သည်။
လုပ်ပိုင်ခွင့် သက်တမ်းကို ၁၅ နှစ် ချထားပေးပြီး ယင်းကုမ္ပဏီနှစ်ခု သတ်မှတ်ချက်အတိုင်း တစ်စုံတစ်ရာ မလုပ်ဆောင်နိုင်ပါက အစားထိုးနိုင်ရန် ပြင်သစ် Orange ကုမ္ပဏီနှင့် Marubeni တို့ကိုမူ အရန်အဖြစ် ရွေးချယ်ထားသည်။
ဘယ်လိုရွေးသလဲ
မြန်မာနိုင်ငံ အတွင်းရှိ တိုင်းရင်းသား လက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေး တည်ဆောက်ရေး လုပ်ငန်းစဉ်များတွင် အထောက်အပံ့များ ပေးလျက်ရှိသော နော်ဝေနိုင်ငံ၏ ရှယ်ယာ ထက်ဝက်ကျော် ပိုင်ဆိုင်ထားသော Telenor နှင့် အာရပ်ကမ္ဘာမှ ကာတာ အစိုးရပိုင် Ooredoo တို့ကို ချထားပေးမှုကြောင့် တင်ဒါကြေညာချက် ထုတ်ပြန်ပြီးနောက် လူထုအကြား စောကြောမှုများစွာ ရှိလာခဲ့သည်။
သို့သော် တင်ဒါကော်မတီ ဥက္ကဋ္ဌ ဦးဆက်အောင်က ယင်းကိစ္စများနှင့် တင်ဒါ ရွေးချယ်မှု ဆက်စပ်မှု မရှိကြောင်း ရှင်းလင်း ပြောဆိုသည်။
“(ရွေးချယ်ရာမှာ) အကူအညီရယ်၊ အစိုးရချင်း ဆက်ဆံရေးရယ်၊ ဘာသာရေးရယ်ကို လုံးဝထည့်မတွက်ဘူး” ဟု ၎င်းက ဆိုသည်။
အမြင်ရှုထောင့် ဒိုင်မန်းရှင်း ရှစ်မျိုး၊ စံသတ်မှတ်ချက် နှစ်ရာကျော်ဖြင့် ဆက်သွယ်ရေးလုပ်ငန်း လုပ်ပိုင်ခွင့်ကို စိစစ်ရွေးချယ်ခြင်း ဖြစ်ပြီး အသေးစိတ်ကို မကြာမီ ရှင်းလင်း ထုတ်ပြန်သွားမည် ဖြစ် ကြောင်း ဆက်သွယ်ရေး အော်ပရေတာလုပ်ငန်း တင်ဒါခေါ်ယူရေး ကော်မတီဥက္ကဋ္ဌ ဦးဆက်အောင်က ရှင်းပြသည်။
“အပြင်မှာ Marketing တွေ ဘယ်လိုလုပ်လုပ်၊ ဘယ်လို ကတိတွေပေးပေး အဲဒါတွေကို မူတည်ပြီး ရွေးတာ မဟုတ်ဘူး။ လုပ်ထုံးလုပ်နည်းနဲ့ပဲ လုပ်သွားတာ” ဟု သူကဆိုသည်။
အဆိုပါ ကုမ္ပဏီများသည် အစိုးရပိုင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် တပ်မတော်ပိုင် MEC Tel တို့ ပူးပေါင်းထားသည့် Myanmar Telecom၊ ပြည်တွင်းတွင် ဆက်သွယ်ရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်နေသည့် ကုမ္ပဏီများ စုပေါင်းထားသော ရတနာပုံ ဆက်သွယ်ရေးကုမ္ပဏီ တို့နှင့် လူဦးရေ သန်း ၆၀ ကျော်ရှိသော နိုင်ငံအတွင်း ဆက်သွယ်ရေး ဝန်ဆောင်မှုတိုက်ပွဲ ဆင်နွှဲရတော့မည် ဖြစ်သည်။
ပြည်တွင်းတွင် လက်ဝါးကြီးအုပ် လုပ်ကိုင်နေသော မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် အများပိုင် ကုမ္ပဏီအဖြစ် ပြောင်းလဲရန် ပြင်ဆင်နေသော ရတနာပုံတယ်လီပို့ ကုမ္ပဏီတို့အတွက် ကြီးမားသော စိန်ခေါ်မှုလည်း ဖြစ်သည်။
မြောက်ဥက္ကလာပ မြို့နယ်မှ အသက် ၃၀ အရွယ် လခစား ဝန်ထမ်းတစ်ဦး ဖြစ်သူ ကိုဖြိုးဝေဦး အတွက်မူ မည်သည့်ကုမ္ပဏီ လုပ်ကိုင်ခွင့်ရသည် ဖြစ်စေ ကိစ္စမရှိ။
“အဓိကကျတာက ဖုန်းဈေးနှုန်း သက်သာဖို့ရယ်။ ခေါ်ဆိုခတွေလည်း သက်သာဖို့ရယ်ပဲ” ဟု ၎င်းကဆိုသည်။
သူစိုးရိမ်နေသကဲ့သို့ မြန်မာနိုင်ငံတွင် ကမ္ဘာ့အံ့ဖွယ် ဖုန်းကတ်ဈေးနှုန်းကား ဖြစ်စရာမရှိတော့။ မည်သည့် ကုမ္ပဏီ၊ လုပ်ငန်းက ဖုန်းပြောဆိုခ အသက်သာ အကြည်လင်ဆုံး၊ ဝန်ဆောင်မှု အကောင်း ဆုံး ပေးနိုင်ဆိုမည်ကိုသာ စောကြောရဖွယ် ရှိသည်။
တင်ဒါဝင်ရောက် ယှဉ်ပြိုင်စဉ်က ကုမ္ပဏီအချို့က ဝန်ဆောင်မှုလုပ်ငန်း လုပ်ခွင့်ရလျှင် ကျသင့်မည့် ဖုန်းပြောခ နှုန်းထားကို ထုတ်ဖော် ပြောဆိုခဲ့သော်လည်း ယခု တင်ဒါအောင်ထားသည့် ကုမ္ပဏီများ ကမူ ကြိုတင် ပြောဆိုထားခြင်း မရှိသေးပေ။
Telenor - ဘယ်လိုဝန်ဆောင်မှုပေးမလဲ
နော်ဝေအစိုးရ၏ ရှယ်ယာ ၅၄ ရာခိုင်နှုန်း ပိုင်ဆိုင်သော Telenor ကုမ္ပဏီက လူတိုင်း မိုဘိုင်းလ်လ်ဖုန်း၊ ဆက်သွယ်ရေး ဝန်ဆောင်မှုများကို လွယ်ကူအဆင်ပြေ သက်သာစွာ ကိုင်ဆောင် သုံးစွဲခွင့် ရရှိစေရ မည်ဟု ကတိပေးထားသည်။
အဆိုပါ ကုမ္ပဏီသည် မြန်မာနိုင်ငံ ပတ်ဝန်းကျင်ရှိ ထိုင်း၊ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ မလေးရှား အစရှိသော နိုင်ငံတို့တွင် ဆက်သွယ်ရေး ဝန်ဆောင်မှုများ ဆောင်ရွက်နေပြီး ထိုင်းနိုင်ငံတွင် မြန်မာဘာသာ၊ မွန်ဘာသာတို့ဖြင့် ဆက်သွယ်ရေး ဝန်ဆောင်မှု ပေးခြင်းနှင့် Call Center များဖြင့် ဝန်ဆောင်မှု ပေးခြင်းတို့ ဆောင်ရွက်နေသည်။
“လက်ရှိ ပြဿနာတွေကို ဖြေရှင်းပြီး ဘယ်လို လုပ်ရကိုင်ရမယ် ဆိုတာကို သိပြီးသား ဖြစ်တဲ့အတွက် မြန်မာနိုင်ငံ အတွက်လည်း ဒီလိုလုပ်ဆောင်ပေးနိုင်မယ် ထင်ပါတယ်။ မြန်မာနိုင်ငံမှာလည်း မိုဘိုင်းလ်လ် ဆက်သွယ်ရေးကြာင့် လူတွေ အကျိုးအမြတ်ရအောင် ကူညီချင်ပါတယ်” ဟု Telenor OuuX Jon Fredrik Basksaas နေပြည်တော်တွင် ပြုလုပ်သော ကမ္ဘာ့စီးပွားရေး ဖိုရမ်တွင် The Voice နှင့် သီးသန့် တွေ့ဆုံစဉ် ပြောကြားထားသည်။
တစ်နိုင်ငံလုံး တာဝါတိုင် တစ်သောင်း စိုက်မည်။ မြန်မာ့ဆက်သွယ်ရေး ကဏ္ဍကို ကမ္ဘာ့အဆင့်မီရန် မြန်နှုန်းမြင့် မိုဘိုင်းလ်ဖုန်း အင်တာနက်စနစ် HSPA နှင့် LTE (4G) နည်းပညာများကို အသုံးပြုသွားမည်ဟု တင်ဒါ အောင်မြင်ပြီးနောက် Telenor က ကြေညာခဲ့သည်။
မိုဘိုင်းလ် ကွန်ရက်ကို ငါးနှစ်အတွင်း တစ်နိုင်ငံလုံး ဖြန့်ကျက်နိုင်ရန် စီစဉ်ထားပြီး ဆက်သွယ်ရေး ဝန်ဆောင်မှုများကို ၂၀၁၄ ခုနှစ် ဒုတိယသုံးလပတ် (ဧပြီမှ ဇွန်လ) အတွင်း စတင်ဖြန့်ဖြူး ရောင်းချနိုင်သွားမည်ဟု ဆိုသည်။
ဝန်ထမ်း ခန့်ထားရန်နှင့် ရေရှည် မွေးထုတ်ရန် ထိုင်းနိုင်ငံ ဘန်ကောက်ရှိ တယ်လီနော်ပိုင် dtac ကုမ္ပဏီ သင်တန်းကျောင်းတွင် မြန်မာ သင်တန်းသားများ လက်ခံသွားမည် ဖြစ်ပြီး မြန်မာနိုင်ငံသား အများစုကို အလုပ်အကိုင် ဖန်တီးပေးမည် ဖြစ်ကြောင်း မြန်မာနှင့် လိုက်ဖက်သော ကုမ္ပဏီ အမည်တစ်ခု ထပ်ပေးမည်ဆိုသည့် Telenor က ဆိုသည်။
ထိုင်းတွင် dtac ဟု အမည်တပ်ထားသည်။
သို့သော် dtac က ထိုင်းနယ်မြို့များတွင် လိုင်းမကောင်း။ ပြတ်တောင်းပြတ်တောင်း ဖြစ်လေ့ရှိကြောင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ တက္ကသိုလ်ကျောင်းသူ တစ်ဦးက ပြောကြားသည်။ “dtac က မြို့ပေါ်မှာ လိုင်းကောင်းတယ်” ဟု ၎င်းကဆိုသည်။
Ooredoo ဘာလုပ်မလဲ
ယခင် Q tel နှင့် Qatar Telecom အမည်ရခဲ့သော Ooredoo မှာ ကာတာ နိုင်ငံပိုင် ဆက်သွယ်ရေး ကုမ္ပဏီဖြစ်ပြီး ကာတာနိုင်ငံ ဒိုဟာတွင် အခြေစိုက်သည်။
ဈေးကွက်အတွင်း ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၅ ဘီလီယံ ရှိပြီး လက်ရှိဝန်ဆောင်မှု သုံးစွဲသူ ၉၁ သန်းကျော် ရှိကြောင်း Ooredoo က တင်ဒါအောင်ပြီးနောက် ထုတ်ပြန်သော သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စကာတင်စာရင်း ဝင်ခဲ့သော်လည်း အခြားဆက်သွယ်ရေး ကုမ္ပဏီများကဲ့သို့ မဟုတ်ဘဲ တချိန်လုံး တိတ်ဆိတ်နေခဲ့သော အာရပ် ကမ္ဘာ့အခြေစိုက် Ooredoo မှာ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း တင်ဒါ အောင်ပြီးနောက် “အလွန်အမင်း စိတ်လှုပ်ရှား” နေကြောင်း ဆိုခဲ့သည်။
Ooredoo ၏ ပြည်တွင်းပြည်ပ အတွေ့အကြုံများနှင့် ဗဟုသုတများကို မြန်မာနိုင်ငံအတွင်း ယခင်နှင့် မတူသော မိုဘိုင်းလ်ကွန်ရက် အသစ်တစ်ခုကို ဖန်တီးပြီး သုံးစွဲသူများထံ လွယ်ကူပြီး ဆန်းသစ် သောအရာများ ပို့ဆောင်ပေးရေး ထိရောက်စွာ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း Telenor နောက် အတန်ငယ် နောက်ကျမှ ထုတ်ပြန်ခဲ့သော သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Ooredoo ၏ ရင်းနှီးမြုပ်နှံမှုမှ တဆင့် အလုပ်အကိုင် အခွင့်အလမ်းများစွာ ဖန်တီးပေးသွားမည့်အပြင် ၎င်းနှင့် ဆက်စပ်နေသော အရောင်းမြှင့်တင်ရေး၊ ကုန်ပစ္စည်း ဖြန့်ချိရေး၊ ဝန်ဆောင်မှုလုပ်ငန်း စသော နယ်ပယ်များတွင်လည်း အလုပ်အကိုင် အခွင့်အလမ်း မြောက်မြားစွာကို ဖန်တီးပေးသွားမည်ဟု ယင်းထုတ်ပြန်ချက်က ဆိုသည်။
“လူသားတွေရဲ့ လူမှုဘဝတွေ တိုးတက်မြင့်မားအောင် ဆောင်ရွက်ပေးမှာ ဖြစ်လို့ မြန်မာနိုင်ငံဟာ Ooredoo ရဲ့ အဓိကဈေးကွက် ဖြစ်လာမယ်လို့ အကြွင်းမဲ့ ယုံကြည်ပါတယ်” ဟု Ooredoo ၏ ဥက္ကဋ္ဌ Mr.Sheikh Abdullah Bin Mohammed Bin Saud Al-Thani က မြန်မာဈေးကွက်တွင် လုပ်ကိုင်ခွင့် တင်ဒါ အောင်မြင်ပြီးချိန်တွင် ပြောဆိုသည်။
အဆိုပါ ကုမ္ပဏီသည် နာမည်ကျော် အင်တာနက် ဖုန်းခေါ်ဆိုမှု Software များကို VOiP နှင့် Skype ကဲ့သို့သော ဝန်ဆောင်မှုများကို ပိတ်ပင် တားမြစ်ဖူးကြောင်း Wikipedia တွင် ဖော်ပြထားသည်။ Ooredoo ကို ကမ္ဘာ့ စတုတ္ထမြောက် လူဦးရေ အများဆုံး အင်ဒိုနီးရှားနိုင်ငံတွင် အဓိက အသုံးပြုသည်။
မြင်းလေးကောင်နှင့် မြန်မာ့အနာဂတ်
ကြော်ငြာအားကြောင့် မြန်မာလူထုအကြား ရေပန်းစားခဲ့သော Digicel ကမူ တင်ဒါမအောင်ခဲ့သည့် အတွက် စိတ်ပျက်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
Myanmar Telecom ငွေ၊ အရင်းအနှီးနှင့် နည်းပညာ ချို့တဲ့ဆဲ ဖြစ်သောကြောင့် ပြည်တွင်းပြည်ပ ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှုများ လက်ခံသွားမည်ဟု ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ဝန်ကြီး ဦးမြတ်ဟိန်းက ဆိုထားရာ တင်ဒါလက်လွှတ်ခဲ့ရသော ကုမ္ပဏီများ အနေနှင့် တင်ဒါလုပ်ပိုင်ခွင့်ရ ကုမ္ပဏီလေးခုအနက် တစ်ခုခုဖြင့် ချိတ်ဆက် လုပ်ကိုင်ရန် ကြိုးစားဖွယ်ရှိသည်။
ယခုအချိန်ထိတော့ မြန်မာနိုင်ငံရှိ တယ်လီဖုန်း သုံးစွဲနှုန်း သိပ်သည်းဆသည် အာဆီယံနိုင်ငံများတွင် ‘ဘိတ်ချီး’။ တစ်နိုင်ငံလုံး လူဦးရေ၏ ၉ ရာခိုင်နှုန်းသာ ရှိသည်။
ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနက သတ်မှတ်ထားသော စည်းမျဉ်းများအရ လုပ်ပိုင်ခွင့်ရထားသည့် ကုမ္ပဏီလေးခုသည် ၂၀၁၃ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း မိုဘိုင်းလ်ဖုန်း အလုံးရေ ၃၉ သန်းခွဲ ရောင်းချပေးနိုင်ရန် ရည်ရွယ်ထားပြီး ၂၀၁၃-၁၄ တွင် လိုင်း ၁၀ သန်း၊ ၂၀၁၄-၁၅ တွင် လိုင်း ၁၄ သန်း၊ ၂၀၁၅-၁၆ တွင် ၁၅ သန်းခွဲ တပ်ဆင်ပေးရမည် ဖြစ်သည်။
တစ်နည်းဆိုရသော် ပြည်တွင်း ကုမ္ပဏီနှစ်ခုနှင့် ပြည်ပကုမ္ပဏီနှစ်ခု စုစုပေါင်း မြင်းလေးကောင်ဖြင့် လင်းပွင့်စ မြန်မာနိုင်ငံ၏ လူမှုစီးပွားဘဝ တိုးတက်ရေး ဆက်သွယ်ရေး ကွန်ရက်ဖြင့် ဆွဲတင်နိုင်ရမည် ဖြစ်သည်။
သူမကြား၊ ကိုယ်မကြား ဆက်သွယ်ရေးစနစ်ဖြင့် နှစ်ပေါင်းများစွာ စခန်းသွားခဲ့ရသော မြန်မာပြည်သူများ၏ မျှော်လင့်ချက်ကို ဆွဲတင်ပေးရမည် ဖြစ်သည်။
“ပြည်သူတွေ ဈေးနှုန်းသက်သာစွာ သုံးနိုင်မယ်။ ပြည်သူတွေစိတ်ကြိုက် ရွေးချယ်သုံးစွဲနိုင်မယ်။ ဖုန်းသုံးစွဲမှု မြင့်တက်ရင် GDP တက်မယ်” ဟု တပ်မတော်(လေ) ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ဦးမြတ်ဟိန်းက ဆိုသည်။
မြန်မာနိုင်ငံတွင် လုပ်ကိုင်ခွင့်ရရေး တစ်ကမ္ဘာလုံးရှိ ထိပ်သီးလုပ်ငန်းများနှင့် ကျားကုတ်ကျားခဲ ယှဉ်ပြိုင် လုပ်ပိုင်ခွင့် ရရှိခဲ့သော Telenor နှင့် Ooredoo တို့ လုပ်ပိုင်ခွင့် ရရှိသည်နှင့် ၎င်းတို့ပေးအပ်မည့် ဝန်ဆောင်မှုများနှင့် ပတ်သက်၍ မြန်မာပြည်သူများကို ယေဘုယျ ကတိကဝတ်ပြု ပြောဆိုပြီး ဖြစ်သည်။
သို့သော်မည်သို့မျှ အားထုတ်ရန် မလိုဘဲ အရန်သင့် လုပ်ပိုင်ခွင့် တစ်နေရာစီ ရရှိပြီး ဖြစ်သည့် ပြည်တွင်း ကုမ္ပဏီနှစ်ခု ဖြစ်သည့် Myanmar Telecom နှင့် ရတနာပုံ ဆက်သွယ်ရေး ကုမ္ပဏီတို့မှာမူ တုပ်တုပ်မျှ မလှုပ်သေးပေ။ ကုမ္ပဏီများစတင် အခြေတည်စ ရှိသေးသည်။
တင်ဒါအောင်သည့် ပြည်ပကုမ္ပဏီများတွင် ပြည်တွင်း ဖက်စပ်ကုမ္ပဏီများ မပါရှိသည့်အတွက် ‘ပြည်တွင်းနည်းဖြင့် လူလည်ကျ ခံရနိုင်ချေ’ နည်းသည့်အတွက် ပိုမိုဝမ်းမြောက်ကြောင်း ဆိုလာသူမှာ ရန်ကုန် အခြေစိုက် ကုန်သည်တစ်ဦးဖြစ်သူ ဦးသက်နိုင်က ဖြစ်သည်။
“ဝန်ဆောင်မှုခြင်း အရမ်းကွာ၊ ပြောခချင်း အရမ်းကွာနေရင်တော့ အခုသုံးနေတဲ့ ဖုန်းကတ်ကို နောက်ဖေးမြောင်းထဲက ကန်စွန်းခင်းထဲ လွှင့်ပစ် လိုက်တော့မယ်” ဟု လက်ရှိ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ WCDMA ကို လက်ရှိ သုံးစွဲနေသူ ၎င်းက ဆိုလေသည်။
http://thevoicemyanmar.com
Posted by ဆူးအေမီ on 2:17 AM in | No comments
ရန်ကုန်တိုင်းဒေသကြီး မြို့နယ် လေးခုတွင် ဇွန်လ ၃၀ ရက်နေ့က လူသေဆုံး မှု ခြောက်မှု ဖြစ် ပွားခဲ့ ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်း သိရှိရသည်။
မှော်ဘီ၊ ကျောက်တံတား၊ လှိုင်သာယာနှင့် ကော့မှူးမြို့နယ်တို့တွင် အသက် ခြောက်နှစ်အရွယ် ကိုရင် တစ်ပါး ၊ အသက် ၁၇ နှစ်အရွယ် တက္ကသိုလ်ဝင်တန်း ကျောင်းသား တစ်ဦး၊ အသက် ၁၉ နှစ်အရွယ် လူငယ် တစ်ဦးတို့ အပါအဝင် အမျိုးသား ငါးဦးနှင့် အမျိုးသမီး တစ်ဦး သေဆုံး ခဲ့ကြောင်း အဆိုပါ ရဲတပ်ဖွဲ့မှူးရုံး၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။
အဆိုပါ သေဆုံးမှုများသည် ကြိုးဆွဲချ သေဆုံးမှုတစ်ခု၊ ရေထဲမှ အလောင်းပေါ် သေဆုံးမှုတစ်ခု၊ လမ်းတွင် သေဆုံးမှုတစ်ခု၊ ရေနစ် သေ ဆုံးမှုတစ်ခု၊ ချော်လဲ သေဆုံးမှုတစ်ခု၊ လယ်ကန်သင်းပေါ် တွင် သေဆုံးမှု တစ်ခုတို့ ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံး၏ စာရင်းများအရ သိရသည်။
ဇွန်လ ၃၀ ရက်နေ့၊ နံနက် ၇ နာရီ ခန့်က လှိုင်သာယာမြို့နယ် (၆)ရပ်ကွက်၊ သီရိမင်္ဂလာလမ်းရှိ ဗာဒံပင် တွင် အသက် ၁၉ နှစ် မိုးကျော်သည် ကြိုးဆွဲ ချ သေဆုံးခဲ့ပြီး အဆိုပါနေ့ နံနက် ၈နာရီ အချိန် က မှော်ဘီ မြို့နယ် (၄) ရပ်ကွက်ရှိ မှော်ဘီ ချောင်းကူး တံတားအနီး တွင် ရေနစ် ပျောက် ဆုံးနေသော အမျိုးသား တစ်ဦး၏ အလောင်း ပြန်ပေါ်လာခဲ့ကြောင်း မြို့နယ် ရဲစခန်းများ၏ ထုတ်ပြန်ချက်အရ သိရ သည်။
တတိယမြောက် လူသေဆုံးမှုအဖြစ် ကျောက်တံတားမြို့နယ် (၁)ရပ်ကွက် ဆူးလေဘုရားလမ်းရှေ့ ပလက်ဖောင်းပေါ်တွင် ဇွန်လ ၃၀ ရက်နေ့ နံနက် ၉ နာရီက အသက် ၅၀ ခန့်ရှိ အခြေအနေမဲ့ အမျိုးသမီး တစ်ဦး သေဆုံး ခဲ့ပြီး ကော့မှူး မြို့နယ် မကျည်းပင် ကျေးရွာရှိ လယ်ကွင်းတွင် လယ်ထွန်နေသူ တစ်ဦး လယ်ကန်သင်းရိုးကို မှီ၍ သေဆုံးမှု တစ်ခု နံနက် ၁၀နာရီက ဖြစ်ပွားခဲ့ကြောင်း ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။
လှိုင်သာမြို့နယ် (၁၈) ရပ်ကွက် ကင်းဝန်မင်းလမ်း နေထိုင်သူ တက္ကသိုလ် ဝင်တန်း ကျောင်းသား အသက် ၁၇နှစ် အရွယ် မောင်သက်ကိုကိုသည် အဆိုပါနေ့ မွန်းလွဲ ၂နာရီအတွင်း ပဒံကျေးရွာ၊ ရန်ကုန်-ပုသိမ် လမ်းမဘေး ရှိ ရေမြောင်းအတွင်း ရေနစ် သေဆုံးခဲ့ရာ တစ်ရက်အတွင်း ပဉ္စမြောက် လူသေဆုံးမှု ဖြစ် ခဲ့ရသည်။
ယင်းနေ့ ည ၈ နာရီ ၃၀ မိနစ်က မှော်ဘီမြို့နယ်၊ (၁)ရပ်ကွက်၊ ရွှေကျောင်း ကျောင်းတိုက်မှ အသက် ၆နှစ် အရွယ်၊ ဝါတော် တစ်ဝါရှိ ကိုရင် ရှင်ဣန္ဒြသည် ကိုရင် ၂၂ ပါးနှင့်အတူ ဘုရားဝတ်ပြုရန် သွားစဉ် မီးပျက်၍ ပြေးသွားရာမှ ချော်လဲ သဖြင့် နောက်ပြန်လဲ ရာ နောက်စေ့နှင့် သမံတလင်း ရိုက်မိရာမှ သတိလစ် သေဆုံး ခဲ့ကြောင်း မှော်ဘီ ရဲစခန်းထံမှ သိရှိရသည်။
လူသေဆုံးမှုများနှင့် ပတ်သက်၍ သက်ဆိုင်ရာ မြို့နယ်အသီးသီး ရဲစခန်းများက သေမှု သေခင်းများ ဖွင့်လှစ်၍ စစ်ဆေးလျက်ရှိကြောင်း အဆိုပါမြို့နယ် ရဲစခန်းများထံမှ သိရှိရသည်။
လူသေဆုံးမှုများသည် ၂၀၁၃ ခုနှစ် ဇန်နဝါရီလမှ ဇွန်လ ၃၀ ရက်နေ့ အထိ မှော်ဘီမြို့နယ်တွင် ၂၉ မှု၊ လှိုင်သာယာမြို့နယ်တွင် ၆၈ မှု၊ ကျောက် တံတားမြို့နယ်တွင် ခြောက်မှု၊ ကော့မှူးမြို့နယ်တွင် လေးမှု အပါအဝင် စုစုပေါင်း လူသေဆုံးမှု ၁၀၇ မှု ဖြစ်ပွားခဲ့ကြောင်း အဆိုပါ မြို့နယ် ရဲစခန်း များ၏ သေ မှုသေခင်း စာရင်းများအရ သိရှိရသည်။
The Voice
Posted by ဆူးအေမီ on 2:04 AM in | No comments
ဂျီအက်စ်အမ်နဲ့ ဒဗလျူစီဒီအမ်အေ (သရီးဂျီ) စနစ်သုံး မိုဘိုင်းဖုန်းတွေ ယနေ့ စတင်ပြီး မြန်မာငွေ နဲ့ပဲ နိုင်ငံခြားကို တိုက်ရိုက်ခေါ်နိုင်ပြီ ဖြစ်ပါတယ်။ ခေါ်ဆိုခနှုန်းထားတွေကတော့ ယခင်အက်ဖ်အီးစီ
မှာ ကောက်ခံသလိုပဲ နှုန်းပြောင်းလဲမှု မရှိဘဲ နိုင်ငံအများစုကို ခေါ်ဆိုပါက တစ်မိနစ်ကို ၀.၉၀ ဒေါ်လာ (မြန်မာငွေကျပ် ၉၀၀) ခန့် ကျသင့်ပါတယ်။ ဇူလိုင်လ ၁ ရက်က စခေါ်ဆိုလို့ရတာဖြစ်ပြီး CDMA 800, CDMA 450 MHz, အော်တိုတယ်လီဖုန်းတွေနဲ့ နိုင်ငံခြားဖုန်း ခေါ်ဆိုမှုကိုတော့ မူလအတိုင်းပဲ အက်ဖ်အီး စီကတ် ထည့်ခေါ်မှသာ ခေါ်လို့ရမှာဖြစ်ပြီး မြန်မာကျပ်ငွေကတ် နဲ့ ခေါ်ဆိုနိုင်အောင်တော့ နောက်ပိုင်း မှသာ ပြောင်းလဲသွားမယ်လို့ မြန်မာ့ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းမှ ဆိုပါ တယ်။ ပြည်ပကို ခေါ် ဆိုတဲ့ ဖုန်းတွေမှာ တစ်မိနစ် ကျပ် ၉၀၀ ကို နိုင်ငံတော်တော်များများအတွက် ပျမ်းမျှကောက်ခံထားပေမယ့် တချို့နိုင်ငံတွေအတွက်တော့ နှုန်းထား ကွဲလွဲနိုင်ပါတယ်။ အရင်က အက်ဖ်အီးစီငွေ ဖြည့်ထား သူတွေအနေနဲ့ အဆိုပါ ငွေလက်ကျန်ကို အရင်နှုန်းထား အတိုင်း သုံးပြီးလို့ ငွေလက်ကျန်ကုန်မှ ကတ်ထပ်ဖြည့်ဖို့ မလိုဘဲ မြန်မာငွေ ကျပ်နဲ့ ခေါ်ဆို လို့ရမှာပါ။ နိုင်ငံခြားကို တိုက်ရိုက်ခေါ်ဆိုမယ့် သူတွေအတွက် + (plus) နဲ့ နိုင်ငံရဲ့ ကုတ်နံပါတ်မှာ ဆက်သွယ်လိုတဲ့ ဖုန်းနံပါတ် ထည့်ပြီးမှ ခေါ်ဆို လို့ရမှာ ဖြစ်ပါ တယ်။ မြန်မာအများစု နေထိုင် တဲ့ နိုင်ငံကုတ်အချို့ကတော့ စင်ကာပူ (+6)၊ တောင် ကိုရီးယား (+82)၊ မလေးရှား (+60)၊ အမေရိက (+1) နဲ့ ထိုင်းနိုင်ငံ (+66) တို့ပဲ ဖြစ်ပါတယ်။ ဖုန်းအားလုံးအတွက် ပြည် တွင်းခေါ်ဆိုခ နှုန်း ထားတွေ ကတော့ တစ်မိနစ်ကို ၅၀ ကျပ်ပဲ ဖြစ်ပါတယ်ဟု သိရကြောင်း ၂၀၁၃ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့ထုတ် ကုမုဒြာ ဂျာနယ် တွင် ဖော်ပြထားပါသည်။ 
From...ခေတ်လူငယ်
Posted by ဆူးအေမီ on 12:51 AM in | No comments
ထိုင်းဘုရင့်သမီးတော် မဟာချက်ကရီ သီရိဒုံသည် တော်ဝင်တပ်ဖွဲ့ဝင် ဗိုလ်လောင်း ၃၃ဦးနှင့်အတူ အဖွဲ့ဝင် စုစုပေါင်း ၈၄ယောက်ဖြင့် ရန်ကုန်မြို့သို့ ဇူလိုင်လ ၂ရက်နေ့တွင် ရောက်ရှိလာခဲ့သည်။ ဘုရင့်သမီးတော်သည် အမျိုးသားပြတိုက်၊ အထက ၂ဒဂုံသို့ သွားရောက်လည်ပတ်ခဲ့သလို တက္ကသိုလ်ရိပ်သာလမ်းရှိ ဦးမိုက်ကယ်မိုးမြင့်နှင့်လည်း တွေ့ဆုံခဲ့သည်။ မင်းသမီး သီရိဒုံသည် ရွှေတိဂုံစေတီတော်ကို ဖူးမြော်ပြီး ရန်ကုန်မြို့မှ ပြန်လည်ထွက်ခွာမည်ဖြစ်သည်။ — 
Posted by ဆူးအေမီ on 12:43 AM in | No comments
ကချင်ပြည်နယ်၊ အင်းတော်ကြီးဒေသ၊ ရွှေမှော်များတွင် အလုပ်လုပ်နေသည့် ရွှေကျင်လုပ်သားများထံသို့ KIA အဖွဲ့တစ်ဖွဲ့က ဇွန် ၂၉ ရက်နေ့ နေ့လည် ၁၂ နာရီခန့်တွင် ရောက်ရှိလာပြီင်္း တာလောကြီးကျေးရွာမှ အလင်းဝင် သွားသော KIA တပ်ဖွဲ့ဝင်တစ်ဦး၏ မိသားစုများရှိ/မရှိ လာရောက်စုံစမ်းသွားခဲ့ကြောင်း ရွှေမှော်လုပ်သားများ ထံမှ သိရသည်။
အဆိုပါ အဖွဲ့မှ လာရောက်ရှာဖွေသော အလင်းဝင်သွားသည့် တပ်ဖွဲ့ဝင်မှာ KIA ရင်း(၂၆)တွင် တာဝန် ထမ်းဆောင်ခဲ့သော တပ်ကြပ်အဆင့်ရှိ ကျော်ဆန်းဖြစ်ကြောင်း၊ ၎င်း၏ မိသားစုများအား တွေ့ရှိပါက ဖမ်းဆီး ခေါ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ရွှေမှော်များတွင် အလုပ်လုပ်နေသည်ဟု သတင်းအတိအကျရထားသဖြင့် သတင်းမပေးဘဲ ထိန်ချန်ထားသော ရွှေမှော်များအား ပိတ်ပစ်မည်ဟု ခြိမ်းခြောက်ပြောဆိုသွားကြောင်း ရွှေမှော် လုပ်သားတစ်ဦးက ပြောပြသည်။
အဆိုပါအဖွဲ့သည် နေ့လည် ၃ နာရီခန့်တွင် ၎င်းရွှေမှော်အတွင်းမှ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း၊ ယင်းအဖွဲ့ကို ခေါင်းဆောင်လာသူမှာ တပ်မဟာ(၃) လက်အောက်ခံ ဖောက်ခွဲရေးအဖွဲ့မှ ရခိုင်လူမျိုး ဖြစ်ကြောင်း၊ အဆိုပါ ရခိုင်လူမျိုးအဖွဲ့သည် ဗန်းမော်-လဂျားယန်-မြစ်ကြီးနားလမ်းပေါ်ရှိ တံတားများ ဖောက်ခွဲ ဖျက်ဆီးရာတွင် ပါဝင်ခဲ့သူများဖြစ်ကြောင်း KIA အဖွဲ့အား နှစ်စဉ်ဆက်ကြေးပေးနေရသော အင်းတော်ကြီး ဒေသခံ ရွှေတူးဖော်ရေး လုပ်ငန်းရှင်များ၏ ပြောပြချက်အရ သိရှိရပါသည်။
နော်တူးအောင်
ကချင်နေ့စဉ်သတင်း
From:
Posted by ဆူးအေမီ on 12:43 AM in | No comments
ဘရူနိုင်းနိုင်ငံ Begawan မြို့တွင် ဇွန် ၂၉ ရက်က ကျင်းပသော (၄၆)ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးများ တွေ့ဆုံ ဆွေးနွေးပွဲတွင် မလေးရှား နိုင်ငံခြားရေးဝန်ကြီး Anifah Aman က မလေးရှားနိုင်ငံ အတွင်း ဗုဒ္ဓဘာသာဝင် မြန်မာနိုင်ငံသားများ အသတ်ခံရမှုကို ထည့်သွင်းဆွေးနွေးခြင်း မပြုဘဲ မြန်မာနိုင်ငံတွင်း ဖြစ်ပေါ်နေသော ပဋိပက္ခများကိုသာ အလေးထားဖြေရှင်းရန် ပြောကြားသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲ၌ မလေးရှား နိုင်ငံခြားရေးဝန်ကြီး Anifah Aman က ''မြန်မာနိုင်ငံအတွင်း ယခုထက်ထိတိုင် မအေးချမ်းသေးသော အခြေအနေများသည် ဒေသတွင်းနိုင်ငံများဖြစ်သည့် မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံများ အတွက်ပါ စိုးရိမ်ဖွယ်ရာ ဖြစ်ကြောင်း'' ဟု ပြောကြားသည်။
ထို့ပြင် ၎င်းက မြန်မာနိုင်ငံ အနေဖြင့် မွတ်စလင်ဘာသာဝင်များ လုံခြုံမှု ရှိစေရန် နှင့် ပြစ်မှုကျူးလွန်သူများအား တရားဥပဒေ နှင့်အညီ ပွင့်လင်းမြင်သာစွာ တရားစီရင်သင့်ကြောင်း တောင်းဆိုခဲ့သည်။
ထိုကဲ့သို့ မလေးရှားနိုင်ငံမှ တောင်းဆိုမှုများ ပြုလုပ်သော်လည်း မကြာမီကာလ အတွင်းက ဖြစ်ပွားခဲ့သည့် မလေးရှားနိုင်ငံရောက် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများ အသတ်ခံရမှုများအား ဖော်ထုတ်ပေးမည်ဟု မလေးရှား အစိုးရဘက်မှ ပြောကြားခဲ့ခြင်း မရှိပေ။
လွန်ခဲ့သည့် ရက်သတ္တပတ်များအ တွင်းက မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံ သားများ အသတ်ခံရမှုကြောင့် မြန်မာရွှေ့ပြောင်း အလုပ်သမားများကြား စိုးရိမ်မှုများ ရှိနေကြသည်။
ထိုသို့ သတ်ဖြတ်ခံရမှုအပေါ် မြန်မာ အစိုးရဘက်မှ ဆွေးနွေးညှိနှိုင်းမှုများ လုပ်ဆောင်ခဲ့သော်လည်း ပြစ်မှုကျူးလွန်သူများအား မလေးရှား အစိုးရက ဖော်ထုတ်ပေးရန် ကတိပြုခြင်းမရှိပေ။
အဆိုပါ ဖြစ်ရပ်များ မဖြစ်ပွားခင် အင်ဒိုနီးရှားနိုင်ငံရှိ မြန်မာသံရုံးအား ဗုံးဖောက်ခွဲရန် ကြိုးပမ်းမှုတစ်ရပ်အား အင်ဒိုနီးရှား ရဲတပ်ဖွဲ့မှ တားဆီးဖော်ထုတ် နိုင်ခဲ့သည်။
အင်းလေးမီဒီယာ
ဒီနေ့ ညနေပိုင်းမှာ (OK 2000) စတိုးယာဉ်ထိန်းတဲ ဘေးနားက လျှပ်စစ်ပစ္စည်းဆိုင်မှာ(၁၉လမ်း – ၆၂ ထောင့်က ) ဆိုင်မှာ တွေ့ခဲ့တဲ့ MEC ဖုန်းကဒ်ကို စတင်ကဒ်ထုတ်ရက် (၂၁-၆-၂၀၁၃) ဖြစ်ပေမဲ့ …အက်တီဗိတ်ဖြစ်အောင် လုပ်ထားတာက (၁၆-၇- ၂၀၁၃) ထိကု (၃၀၀) ကျံ မက်ဆေ့ခ်ျဖက်ပြီးကဒ်မချိုးထားဘဲ ကဒ်ကို အက်တစ်ဖြစ်နေအောင် လုပ်တဲ့စက်လေး တွေ့ခဲ့တယ်…ဖုန်းသမားတွေ အတွက် မထူးဆန်းပေမဲ့ ကိုယ်လို အရည်ကျို ကားသမားအတွက် ထူးဆန်းတော့ တစ်ခြားမသိတဲ့ မန်ဘာတွေ လဲ သိချင်မလားလို့ တင်ပေးလိုက်တာပါ။ အက်တစ်ဖြစ်အောင် လုပ်ခက (၅၀၀) ပါတဲ့ ခင်ဗျာ။
(ချစ်ခြင်းများစွာဖြင့်)
အရည်ကြို
Ref & Credit: အရည်ကြို ၊ မန္တလေး သတင်းပုံရိပ်များ
Monday, July 1, 2013
ပညာရှာနေသူ စာတမ်းလုပ်သူတွေ ဗဟုသုတစုံလိုသူတွေ ကမ္ဘာ့စွယ်စုံကျမ်း
အမည်တွင်နေတဲ့ Wikipedia ကို ဖုန်းမှာ သုံးချင်ရင် Download ယူလိုက်ပါ
မောင်စွယ်စုံကျမ်း 
http://www.zwmnna.com/2013/07/android-wikipedia.html
Viber လိုပဲ အကုန်ရပါတယ် ဖုန်းထဲထည့်ရင် Viber လို ကုဒ်ရိုက်စရာမလို
ဖုန်းနံပတ်ထည့်တာနဲ့ သုံးရပါတယ် ကောင်းတယ်ဆိုလို့ စမ်းသုံးနေတာ
မြန်မာပြည်က လူတွေ ပြောနေတာနဲ့ အသုံးပြုရင် မျှဝေလိုက်ပါတယ်
လက်တွေ့ သုံးကြည်ချင်ရင် အောက်ကလင့်မှာ Download ယူနိုင်ပါတယ်
မောင်စွယ်စုံကျမ်း 
http://www.zwmnna.com/2013/07/android-viber-freepp.html
Posted by ဆူးအေမီ on 10:18 PM in | No comments
Photo: ထိုင်းဘုရင့် သမီးတော် သီရိဒုံ မြန်မာပြည်ကို သွားမယ်
Tueday, July 02, 2013
ထိုင်းဘုရင့် သမီးတော် မဟာ ချက်ကရီ သီရိဒုံဟာ ဒီကနေ့ အင်္ဂါနေ့မှာ မြန်မာ နိုင်ငံကို တစ်ရက်ကြာခရီး သွားရောက်မှာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံ Chulachomklao Royal Academy တော်ဝင် စစ် တက္ကသိုလ်ရဲ့ သမိုင်း ဌာန ပါမောက္ခ တစ်ယောက် ဖြစ်တဲ့ မင်းသမီး သီရိဒုံက အဲဒီ တက္ကသိုလ်က ဗိုလ်လောင်း တွေကို လေ့လာရေး ခရီး ခေါ်သွားမှာ ဖြစ်ပါတယ်။
ရန်ကုန်ကို ရောက်ခိုက်မှာ မင်းသမီးသီရိဒုံဟာ ရွှေတိဂုံ ဘုရားကို သွားရောက် ဖူးမျှော်မှာ ဖြစ်ပြီး သမိုင်းဝင် နေရာ တချို့ကိုလည်း သွားရောက် လေ့လာမယ်လို့ သိရ ပါတယ်။
အခု တကြိမ်ဟာ လက်ရှိ မြန်မာ အစိုးရ သစ် တက်လာပြီးတဲ့နောက် မင်းသမီး သီရိဒုံရဲ့ ပထမဆုံး မြန်မာ နိုင်ငံ ခရီးစဉ်လည်း ဖြစ်ပါတယ်။
BBC Burmese
ထိုင်းဘုရင့် သမီးတော် မဟာ ချက်ကရီ သီရိဒုံဟာ ဒီကနေ့ အင်္ဂါနေ့မှာ မြန်မာ နိုင်ငံကို တစ်ရက်ကြာခရီး သွားရောက်မှာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံ Chulachomklao Royal Academy တော်ဝင် စစ် တက္ကသိုလ်ရဲ့ သမိုင်း ဌာန ပါမောက္ခ တစ်ယောက် ဖြစ်တဲ့ မင်းသမီး သီရိဒုံက အဲဒီ တက္ကသိုလ်က ဗိုလ်လောင်း တွေကို လေ့လာရေး ခရီး ခေါ်သွားမှာ ဖြစ်ပါတယ်။
ရန်ကုန်ကို ရောက်ခိုက်မှာ မင်းသမီးသီရိဒုံဟာ ရွှေတိဂုံ ဘုရားကို သွားရောက် ဖူးမျှော်မှာ ဖြစ်ပြီး သမိုင်းဝင် နေရာ တချို့ကိုလည်း သွားရောက် လေ့လာမယ်လို့ သိရ ပါတယ်။
အခု တကြိမ်ဟာ လက်ရှိ မြန်မာ အစိုးရ သစ် တက်လာပြီးတဲ့နောက် မင်းသမီး သီရိဒုံရဲ့ ပထမဆုံး မြန်မာ နိုင်ငံ ခရီးစဉ်လည်း ဖြစ်ပါတယ်။
BBC Burmese
Posted by ဆူးအေမီ on 10:16 PM in | No comments
4.22.5
လင်ဇင်းကုန်း သုသာန်တွင် တွေ့ရသည့် အုတ်ဂူသည် ထိုင်းဘုရင်ဟောင်း ကျောက်ဘွား ဒေါက် မဒူးဝါး (ခ) ဥတွန်ပုံ၏ အုတ်ဂူအစစ်အမှန် ဖြစ်သည်ဟု အတည်ပြုချက် ရရှိပြီးနောက်ပိုင်း ယင်းအုတ်ဂူကို ဆက်လက်ထိန်းသိမ်းရုံမက ဥတွန်ပုံနှင့် အတူ မြန်မာနိုင်ငံသို့ ပါလာသည့် ထိုင်းနိုင်ငံသားများ နေထိုင်ခဲ့ရာ ရွာများနှင့် မျိုးဆက်များကို ဆက်လက်ရှာဖွေ ဖော်ထုတ်သွားမည် ဖြစ်ကြောင်း သိရသည်။
မန္တလေးတိုင်း အမရပူရမြို့ တောင်သမန်အင်းစောင်း လင်းဇင်းကုန်း သုသာန်ရှိ အုတ်ဂူကို မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့က တူးဖော်ခဲ့ပြီး မတ်လလယ်ခန့်တွင် ထိုင်းရှေးဟောင်း ပညာရှင် အဖွဲ့များနှင့် မြန်မာနိုင်ငံမှ ရှေးဟောင်း ပညာရှင်တို့က ထိုင်းဘုရင်၏ အုတ်ဂူဟု အတည်ပြုချက်များ ထုတ်ပြန် ခဲ့သည်။
ယင်းနောက် နှစ်နိုင်ငံ ချစ်ကြည်ရေးအတွက် အဆိုပါ အုတ်ဂူကို ဆက်လက် ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း၊ လင်ဇင်းကုန်း သုသာန်ကိုလည်း မဟာထေရ ဥဒုမ္ဗရ အမည်ရ အထိမ်းအမှတ် ရင်ပြင် တည်ဆောက်သွားမည် ဖြစ်ကြောင်း ထိုင်းနိုင်ငံမှ သမိုင်းနှင့် ရှေးဟောင်း သုတေသနအဖွဲ့ ဒုတိယခေါင်းဆောင် မစ္စတာ မစ်ကီဟတ်က ဧရာဝတီသို့ ပြောသည်။
“ဒီသုသာန်ကို စတူးတုန်းက ဘုရားရဲ့ ဌာပနာ အောက်မှာ ဘုရင်ရဲ့ အရိုးကို တွေ့ရလိမ့်မယ်လို့ ကျနော်တို့က ထင်တာ။ နောက်ပိုင်းကြတော့ ဘုရားစေတီမှာ တွေ့ရတာမျိုး မဟုတ်ဘဲ၊ ဘုရားရဲ့ အရှေ့မြောက် ထောင့်မှာ ဘုရင့်အုတ်ဂူ တွေ့ရှိခဲ့တာပါ။ စေတီကလည်း ဗုဒ္ဓပူဇနိယထိုက်တဲ့ စေတီဖြစ်နေတယ်။ အဲဒီအတွက် ဒီလို စေတီမျိုးကို ဘယ်လိုလူတွေမှ ဖျက်လို့ မရဘူး၊ မဖျက်ကောင်းဘူး။ ထိုင်းတွေက စေတီတည်ရင် အမြဲတမ်း သုံးဆူ တည်လေ့ရှိတယ်။ အခုလက်ရှိတော့ စေတီတဆူပဲ ပေါ်သေးတယ်။ ကျန်တဲ့ နှစ်ဆူကို ဆက်လက် တူးနေတုန်းပါပဲ” ဟု မစ္စတာ မစ်ကီဟတ်က ဆိုသည်။
ပျက်စီးနေသော ဘုရားများကို အသစ်ပြန်လည် မွမ်းမံ ပြင်ဆင်သွားမည် ဖြစ်ပြီး ထိုင်းဘုရင်ကို ပူဇော်ရန်အတွက် မှန်လုံ ပူဇော်ခန်းကို လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ ထို့အပြင် လက်ရှိ တူးဖော်ရရှိသည့် မေးရိုးများ၊ ဦးခေါင်းခွံရိုးနှင့် လက်ဖျံ၊ တခြား ခန္ဓာကိုယ် အရိုးစုများကို စုစည်းကာ ဘုရင် ဥတွန်ပုံ ၏ သက်ရှိ ထင်ရှား ရှိသည့် သဏ္ဍာန်အတိုင်း ရုပ်တု အနေဖြင့် ပုံဖော်သွားမည် ဖြစ်ကြောင်း၊ ယခုနေရာကို ထိုခေတ်ထိုအချိန်က နေထိုင်သွားသည့် လူနေမှု ပုံစံအတိုင်း ထိုင်းရိုးရာ အိမ်များ တည်ဆောက် သွားမည် ဖြစ်ကြောင်း သိရသည်။
“ဘုရင်ရဲ့ ပုံတူ ရုပ်တုကို နှစ်ခု ထုလုပ်သွားမယ်။ တခုက ဘုရင်ပုံစံအတိုင်း၊ နောက်တခုက သင်္ကန်းဝတ်နဲ့ ပုံစံတူ။ သူ့ရဲ့ လက်ရှိ တူးဖော် ရရှိထားတဲ့ အရိုးတွေကိုတော့ ဘုရားထဲမှာပဲ ဌာပနာသွားမလား၊ ဒါမှမဟုတ် ပြတိုက်ထဲပဲ ထည့်ပြီး အများ ပြည်သူတွေကို ပြသသွားမလား ဆိုတာ ကျတော်တို့ တိုင်ပင်နေတုန်းပါပဲ” ဟု မန္တလေးမြို့မှ ရှေးဟောင်း သုတေသန လုပ်ငန်းကို နှစ်ပေါင်းများစွာ လုပ်ကိုင်နေသည့် တမ္ပ၀တီ ဦးဝင်းမောင်က ပြောသည်။
တမ္ပ၀တီ ဦးဝင်းမောင်သည် ရှေးဟောင်း ပစ္စည်းများကို ပြန်လည်တူးဖော် ထိန်းသိမ်းသည့် အလုပ်ကို လုပ်ကိုင်လျှက် ရှိပြီး ယင်းပညာပိုင်းတွင် ကျွမ်းကျင်နှံ့စပ်သော ပညာရှင် တဦး ဖြစ်သည်။
၎င်းသည် လက်ရှိ ထိုင်းဘုရင် မြှုပ်နှံထားသော လင်းဇင်းကုန်းသုသာန်ကို မန္တလေးတိုင်း စည်ပင်သာယာမှ မြို့ပြသစ်တခု တည်ဆောက်ရန် အတွက် ဖျက်သိမ်းမည်ဆိုသည့် သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် နိုင်ငံတော် လူကြီးများ အဆင့်ဆင့်သို့ စာများတင်ပြီး ထိုင်းနိုင်ငံသားတို့၏ ဘုရင် မြှုပ်နှံထားသည့် သမိုင်းဝင် သုသာန်ဖြစ်နေသည့် အတွက် ဆိုင်းငံ့ထားရန် ကန့်ကွက်ခဲ့သူလည်း ဖြစ်သည်။
“အခု တူးဖော်တဲ့ အပိုင်းမှာလည်း ထိုင်းဘက်က ဖိတ်ခေါ်တာ ပါသလို၊ ကျနော် ကိုယ်တိုင်ကလည်း ၀ါသနာပါပြီးသား ဆိုတော့ တွဲဖက်ပြီး လုပ်ကိုင်ဖြစ်သွားတာပါ။ တူးဖော်ခဲ့တာကတော့ ထိုင်းဘက်ကပဲ တူးဖော်ခဲ့တာပါ။ တူးဖော်ပြီး တွေ့ရှိတဲ့ အရိုးအိုးကို ဖွင့်တဲ့ အခါမှာတော့ ထိုင်းဘက်က ပညာရှင်တွေတင် မကဘဲ၊ မြန်မာဘက်က ပညာရှင်တွေပါ ပါသင့်တယ်ဆိုလို့ ကျနော်တို့ မြန်မာဘက်က ပညာရှင်အစုံနဲ့ မြို့တော်ဝန်ရဲ့ ရုံးခန်းထဲမှာ ဖွင့်ခဲ့ကြပါတယ်။ အရိုးအိုးကို ဖွင့်လိုက်တော့ တပိုင်းတစ မီးလောင် ထားတဲ့ သင်္ကန်းစတွေ၊ မီးသင်္ဂြိုဟ်ထားတဲ့ တပိုင်းတစ အရိုးတွေ၊ နောက် မီးလောင်ထားတဲ့ ဘုန်းကြီး သင်္ကန်းကြိုးတွေနဲ့ ခါးပန်းခေါင်းတွေကို တွေ့ပါတယ်။ ထိုင်းဘက်က ပညာရှင်တွေကတော့ ဘုရင်ရဲ့ အရိုးအိုးကို ဘုရားရဲ့ အရှေ့မြောက်အရပ်မှာ တွေ့တဲ့အတွက် ဘုရင်ကြီးရဲ့ အုတ်ဂူဆိုတာ သေချာနေပြီလို့ ပြောတယ်။ မြန်မာဘက်ကလည်း ဘယ်လိုများ ယူဆမလဲလို့ မေးတဲ့အတွက် ကျနော်တို့ ဘက်ကလည်း မှတ်တမ်းမှတ်ရာတွေ အခြေခံပြီး လက်ရှိတွေ့ရှိတဲ့ အချက် ၄ ချက်နဲ့ ကိုက်ညီတဲ့ အတွက် ထိုင်းဘုရင် အရိုးအိုးလို့ ပြောနိုင်ခဲ့တာပါ” ဟု တမ္ပ၀တီ ဦးဝင်းမောင်က ပြောသည်။
တူးဖော်ရရှိသည့် အရိုးများကို မန္တလေးမြို့တော်ဝန်၏ ရုံးခန်းတွင် ဗီရိုဖြင့် စနစ်တကျသိမ်းဆည်းထားပြီး ယင်းဗီရိုသော့ကို မြို့တော်ဝန် တချောင်း၊ ထိုင်းဘက်မှ တချောင်း သိမ်းဆည်းထားကြောင်း၊ ရှေ့ဆက်မည့် လုပ်ငန်းစဉ်များ အတွက် မြန်မာ ပညာရှင် ၆ ဦးပါသော ကော်မတီဖွဲ့စည်းထားကြောင်း သိရသည်။
ယင်းကော်မတီတွင် မြန်မာမှု သုတေသီ ဦးအေးမြင့်၊ နတ်မောက် ထွန်းရှိန်၊ တမ္ပ၀တီ ဦးဝင်းမောင်၊ ဆရာဝန် တင်မောင်ကြည်၊ ဦးခင်မောင်သန်း (ဒသနိက) နှင့် ကိုစိုးကျော်သူ တို့ ပါဝင်သည်။
ကော်မတီဝင်များ အနေဖြင့် ၂ နှစ်အတွင်း တူးဖော်ရေး လုပ်ငန်းများနှင့် ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများကို အချိန်နှင့် တပြေးညီ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။
ထိုင်းဘုရင်၏ ပြုပြင်ပြီးသော အဆောက်အုံများကို ဆက်လက် ထိန်းသိမ်းရန်အတွက် မန္တလေးတွင် ရောက်ရှိနေသော ထိုင်းမျိုးနွယ်များ၏ သားသမီးများကို ၀န်ထမ်းများ ခန့်အပ်သွားမည် ဖြစ်ကြောင်း မစ္စတာ မစ်ကီဟတ်က ပြောသည်။
“ထိုင်းဘုရင်ကို စစ်သုံ့ပန်းအဖြစ် ဖမ်းလာတဲ့ အချိန်တုန်းက သူနဲ့အတူ ထိုင်းအိမ်ထောင်စု ၁ သိန်းကျော် ပါတယ်လို့ ရာဇ၀င် မှတ်တမ်းများက ဆိုထားတယ်။ လူဦးရေ အနေနဲ့ဆိုရင် ၅ သိန်းကျော်လောက် ရှိမယ်။ ထိုင်းတွေရဲ့ လူနေမှု ပုံစံက ရေနဲ့ နီးတဲ့ နေရာတွေမှာ အနေများတယ်။ လက်ရှိ မန္တလေးမှာလည်း ရွှေတချောင်းမြောင်း တလျှောက်မှာ နေထိုင်နေတဲ့ ထိုင်းနွယ်ဖွားတွေ ရှိတယ်လို့ သိထားပါတယ်။ မုန့်တီစုတို့လို နေရာမျိုးတွေမှာကော၊ နောက်ပြီး ၀မ်းတွင်းဘက်၊ ကျောက်ဆည် အစရှိတဲ့ နေရာတွေဘက်မှာ ပြန့်ကျဲပြီး နေထိုင် စားသောက် နေကြတာတွေ ရှိပါတယ်။ ကျနော်အခု အဲဒီနေရာတွေအထိ သွားပြီး ထိုင်းမျိုးနွယ်တွေကို ပြန်စုမှာပါ။ သူတို့အတွက် ဒီဘုရင်ရဲ့ အုတ်ဂူကနေ ကောင်းမွန်တဲ့ မျိုးနွယ်စုတွေ စုတဲ့ အနေအထားမျိုး ရောက်အောင် ကြိုးစားသွားမှာပါ” ဟု ၎င်းက ရှင်းပြသည်။
လင်ဇင်းကုန်း သုသာန်ကို လွန်ခဲ့သည့် တနှစ်က မန္တလေးမြို့တော်စည်ပင်မှ မြို့ပြသစ်တခု တည်ဆောက်ရန်အတွက် ဖျက်သိမ်းမည်ဟု သတင်းများ ထွက်ပေါ်ပြီးနောက် ထိုင်းဘုရင် အုတ်ဂူကို တူးဖော်ခဲ့ခြင်း ဖြစ်သည်။ ယခုအခါ အများပြည်သူများ လေ့လာ အပန်းဖြေစရာ ရင်ပြင်တော် တည်ဆောက်မှုနှင့် ပတ်သက်ပြီး မန္တလေးစည်ပင်ကို မေးမြန်းသည့် အခါတွင် ထိုင်းဘက်မှ အဆိုပါ ကိစ္စကို တရားဝင် စာတင်ထားခြင်း မရှိသေးကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
Tar Tay
TTpod ဆိုရင်လူတိုင်းနီးပါးသိမှာပါ။မသိတဲ့သူတွေလည်းရှိချင်ရှိဦးမှာပါ။အခု update လေးတွေ့ လို့ တင်ပေးလိုက်ပါတယ်။အခုဒီဗားရှင်းကတော်တော်
လေးလန်းလာတယ်။TTpod ဆိုတာ Songs(English,Chinese,Korea....except Myanmar Songs)တွေကိုစာသားလေးတွေနဲ့ ဖော်ပြပေးတဲ့ကောင်လေးပါ။အွန်လိုင်းကနေသီချင်းတွေကိုဒေါင်းစရာမလိုပါဘူး၊
မိမိစက်ထဲမှာရှိတဲ့သီချင်းတွေကိုစာသားတွေနဲ့ ဖော်ပြပေးတာပါ။Song Cover တွေကိုလဲဖော်ပြပေးပါတယ်။ကိုယ့်ဖုန်းထဲမှာရှိတဲ့Original Music Player ထက်အရမ်းလန်းပါတယ်။ကျွန်တော်ဆိုဒီကောင်လေးနဲ့ ပဲသုံးတာများတယ်။ကျွန်တော်ကြိုက်ရတဲ့အကြောင်းက ကိုယ်တိုင်ဖန်တီးလို့ ရတဲ့ Sound effect ကြောင့်ပဲ။ကိုယ်စွမ်းရင်စွမ်းသလို Sound တွေကလန်းမှာပါ။စာသားတွေကိုလိုချင်ရင် အွန်းလိုင်းကနေခဏလောက် Check လုပ်ပြီးမှရမှာပါ။တစ်ခါလောက် Check ပြီးရင် အင်တာနက်မရှိလဲစာသားတွေပေါ်ပါတယ်။အောက်ကလင့်မှာယူသွားလိုက်ပါ။
Downlaod>>>mirrorcreator (or)zippyshare
                                       အဆင်ပြေပါစေ။
မောင်စွယ်စုံကျမ်း
သေနတ်ပစ်ဝါသနာပါတဲ့လူတွေပစ်ခတ်နိုင်ပါပြီ။ဘယ်သူကပိုပြီးလက်ဖြောင့်သလဲဆိုတာကိုကိုယ်တိုင်ဝင်ရောက်ကစားပြီးစမ်းသပ်နိုင်ပါပြီ။
စိတ်ဝင်စားဖို့လည်းကောင်းပါတယ်။စနိုက်ပါပစ်တဲ့ အခါ လေတိုက်နှုန်း နဲ့ နှလုံးခုံသံကိုပါထိန်းသိမ်းပြီးပစ်ခတ်ရမှာဖြစ်ပါတယ်။
ပစ်မှတ်တွေကိုဘယ်သူက မလွတ်တမ်းပစ်နိုင်မလဲစမ်းကြည်လိုက်ကြပါ။။
တကဲ့ကိုအပြင်မှာကိုယ်တိုင်ပစ်ခတ်နေရသကဲ့သို့ခံစားရမှာပါ။
Ref>>>မြန်မာမိုဘိုင်း
 Download>>>>mirrorcreator(or)zippyshare
မောင်စွယ်စုံကျမ်း
7လပိုင်း 1ရက်နေမှာ Update ထွက်လာတဲ့  IM+ Pro v6.5.5လေးပါ
Facebook, Skype, MSN/Live Messenger, Google Talk, Yahoo!, AIM/iChat, ICQ, Jabber,
စတဲ့ Chating Instant Messenger တွေကို application တစ်ခုတည်းနဲ့အသုံးပြုနိုင်တဲ့ 
 IM+ Proကို တင်ပေးလိုက်ပါတယ် 
အကောင်းများများနဲ့ တော်ကီးပွားတဲ့ သူငယ်ချင်းတွေအတွက် အဆင်ပြေတာပေါ့ဗျာ
မှာလေ့လာပြီး ကြိုက်ရင်အောက်ကလိပ်စာမှာရယူနိုင်ပါတယ် 
Download>>>> zippyshare(or)mirrorcreator 
မောင်စွယ်စုံကျမ်း
Next launcher အသုံးပြုတဲ့ သူငယ်ချင်းတွေအတွက် 7လပိုင်း 1ရက်နေ့ Update လေးတင်ပေးလိုက်ပါတယ် 
အခုအပ်ဒိတ်မှာ အရင်ဗားရှင်းနဲ့မတူ ပိုလန်းပါတယ်
အသုံးပြုတဲ့ သူငယ်ချင်းတွေအနေနဲ့ အကြိုက်တွေ့မယ်လို့ မျှော်လင့်ပါတယ် 
Download>>>>mirrorcreator(or)zippyshare
မောင်စွယ်စုံကျမ်း
Search Our Site