Ads

ကြော်ငြာ

Sunday, September 8, 2013


  မင်္ဂလာပါ ကျွန်တော် Myanmar IT Helper ပါခင်မျ..
အခုကျွန်တော်တင်ပေးမှာကတော့ wifi talkie ဆိုတဲ့ Android apk လေးပါ။သူကဘယ်လို အသုံးဝင်လဲပြောရရင်  Zapya apk နဲ. ပုံစံတူပါတယ် ဒါပေမဲ့ သူက ဖိုင်တစ်ခုနဲ.တစ်ခု လွှဲပြောင်းတဲ့နေရာမှာ သုံးတာမဟုတ်ပါဘူး ဖုန်းပြောလို.ရမယ် မက်ဆေ့ ပို.လို.ရမယ်ဗျာ စာသင်ခန်းထဲမှာ ဖြစ်ဖြစ် အလုပ်ထဲမှာဖြစ်ဖြစ် နီးနီးလေးနဲ. မက်ဆေ့ပို.နေရတဲ့ ကြူကြူစိန် ကိုကို မမ များအတွက် အသုံးဝင်ပါလိမ့်မယ် ဖုန်းဘေလ်မကုန်ပါဘူးအင်တာနက်မကုန်ပါဘူး (ကျွန်တော်ကြော်ငြာပေးတာပါ)
ဒါလေးကိုတော့ MMUG က ကိုမင်းမင်းဆီက မလာတာပါ။ပွားတာများသွားပြီထင်တယ်နော် ....ကဲစလိုက်ကြရအောင်

အသုံးပြုပုံအဆင့်ဆင့်ကို တက်နိုင်သလောက်နားလည်အောင်ပြောပြပေးပါမယ် လိုအပ်ချက်များရှိခဲ့ရင်လဲခွင့်လွှတ်ပေးကြဖို.ကြိုပြောထားပါရစေ နော်....

ဒီ apk လေးကို အသုံးပြုမဲ့ဖုန်းထဲကို အောက်မှာပေးထားတဲ့လင့်ကနေ ဒေါင်းပြီးအင်စတောလုပ်လိုက်ပါ ဆက်သွယ်ဖို.အတွက် ဖုန်းရဲ. setting>>portable Wlan hotspot ကိုအမှန်ခြစ်ပေးလိုက်ပါ။ရှင်းအောင်ပြောရရင်တော့ wifi ထောင်လိုက်ပေါ့ဗျာ မသိတဲ့လူတွေအတွက်သေချာရှင်းပြတာပါ။
အဲ့ဒီကမသွားခြင်ရင်လဲ အောက်က ပုံလေးအတိုင်းသွားလိုက်ပါ 


                                   wi-fi hotspot ဆိုတဲ့နေရာကနေသွားလို.ရပါတယ်
ပြီးသွားရင်တော့သူ.ကိုသွားချိတ်မဲ့ ဖုန်းကနေ Wlan ဖွင့်ပြီးရှာကြည်.လိုက်ပါ ဒီအဆင့်ကိုတော့လူတိုင်းလုပ်တက်မယ်လို.ထင်ပါတယ် ဘာ့ကြောင့်လဲဆိုတော့ coffee ဆိုင်တွေမှာ အင်တာနက်သုံးသလို သူထောင်ထားတာကို ၀င်ချိတ်ယုံပဲ.....password ခံထားရင်တော့ထည်.ပေးပေါ့

ကဲ့ဒါဆိုရင်တော့ အိုကေသွားပြီ နော် ဖုန်းနှစ်လုံး network ချိတ်ပြီးသွားပြီ......ဒီနေရာမှာပြောချင်တာက ဖုန်းနှစ်လုံးအတွက်ပဲရှင်းပြလို. နှစ်လုံးပဲသုံးလို.ရတာမဟုတ်ဘူးနော် 8 ယောက်လောက်အထိရှယ်သုံးလို.ရတယ်.... ပြီးတာနဲ.ဆော့ဝဲလ်လေး ဖွင့်လိုက်ဗျာ အောက်က ပုံလေးလိုဖုန်းအမျိုးအစားအလိုက်ပေါ်နေလိမ့်မယ်


အမျိုးအစားတွေတူနေလို.ရောကုန်မှာကြောက်ရင်လဲ အောက်မှာပြထားသလို setting ထဲမှာ နာမည်ပြန်ပြင်လိုက်ပေါ့

အားလုံးပြီးသွားရင်တော့ မက်ဆေ့လဲပို.လို.ရပါပြီ ကိုပို.ချင်တဲ့ ဖုန်းကို ထောက်ပြီး မက်ဆေ့ပို.ရုံပဲဗျာ 


မက်ဆေ့ပို.လို.အားမရရင် ဖုန်းပါပြောလို.ရတယ် ဗျာ ခေါ်ချင်တဲ့ ဖုန်းမှာဖိလိုက် call ဆိုတာလေးကိုနှိပ်လိုက် ဖုန်းခေါ်နေလိမ့်မယ် 

ခေါ်ထားပြီး ဖုန်းဝင်လာရင်တောင် ၀ိုင်ဖိုင်က ဆက်အလုပ်လုပ်နေတဲ့အတွက် ဖုန်းမကျသွားဘူးဗျာ လိုင်းအားကောင်းရင် သူဘယ်သူနဲ.ဖုန်းပြောနေလဲဆိုတာပါနားထောင်လို.ရသေးတယ် ဘယ်လောက်အဆင်ပြေမလဲ ဒီလောက်ဆိုရင်တော့ အဆင်ပြေပြေသုံးတက်သွားလောက်ပြီထင်တယ် အသံလဲ ကြည်လင်ပြတ်သားပါတယ် ....လိုချင်လာပြီဆိုရင်တော့အောက်ကပေးထားတဲ့လင့်မှာဒေါင်းယူနိုင်ပါတယ်။
(ထပ်ပြောမယ်နော် mpt ကိုလဲ လုပ်ကျွေးစရာမလိုဘူး အင်တာနက်လိုင်းလဲမကုန်ဘူး ချစ်သူနဲ.လဲအဆက်အသွယ်မပျက် ဘက်ထရီမကုန်မခြင်းသာကြူကြတောဗျာ) :)
Myanmar IT Helper
                       www.mmithelper.com


Download => Dropbox / Solidfiles
Posted by ဆူးအေမီ on 10:56 PM in | No comments

ဓာတ်ပုံ ရိုက်တာဝါသနာပါတယ်တဲ့ သူငယ်ချင်းတွေအတွက်
လေ့လာသင့်တဲ့စာအုပ်လေးပါ
အသုံးပြုမယ်ဆို အောက်ကလိပ်စာမှာရယူနိုင်ပါတယ် 
 
မောင်စွယ်စုံကျမ်း

http://adf.ly/M66yw
Posted by ဆူးအေမီ on 10:41 PM in | No comments

                      




မြန်မာ-အိန်္ဒိယနယ်စပ်၊ အိနိ္ဒယနိုင်ငံပိုင် ဟောင်လင်ဖိုင်ကျေးရွာတွင် မြန်မာဘက်မှ စစ်တပ်ချထားပြီး စခန်းဆောက် လုပ်ခြင်း ကိုမိုးရေးမြို့ လူဝင်မှုကြီးကြပ်ရေးနှင့် ခရိုင်အာဏာပိုင်တို့က တမူးမြို့ အာဏာပိုင်များထံ ကန့်ကွက်စာပေးပို့ခဲ့ကြောင်း အိန်္ဒိယနိုင်ငံအခြေစိုက် Sangai Express သတင်းစာတွင် စက်တင်ဘာ ၈ ရက်က ဖော်ပြထားသည်။

ထိုကန့်ကွက်စာတွင် နှစ်နိုင်ငံ နယ်စပ်အစည်းအဝေးကို မြန်နိုင်သမျှ မြန်မြန်ကျင်းပရန်ကိုလည်း တိုက်တွန်းထားသည်။

မဏိပူရပြည်နယ်အတွင်းဝန် ဦးဆောင်သည့် နယ်စပ်နယ်မြေ ကွင်းဆင်းလေ့လာရေးကော်မတီက မဏိပူရပြည်နယ် အစိုးရထံသို့ ဟောင်လင်ဖိုင်ကျေးရွာ နယ်စပ်ခြံစည်းရိုး ကာရံခြင်းနှင့် မြန်မာတပ်စခန်းဆောက်လုပ်နေခြင်း ကိစ္စရပ် တို့ကို စက်တင်ဘာလဆန်းက အကဲဖြတ်တင်ပြထားသည်ဟုလည်း သတင်း၏ ဖော်ပြ ပါရှိချက်အရ သိရသည်။

နယ်စပ်ရေးရာ ကိစ္စရပ်များနှင့်ပတ်သက်၍ စက်တင်ဘာ ၃၀ ရက်တွင် အိန်္ဒိယ-မြန်မာနှစ်နိုင်ငံ ဆွေးနွေးရန် အိန္ဒိယ အာဏာပိုင်များက စီစဉ်ထားရှိသည်ဟုလည်း သတင်းစာတွင် ဖော်ပြပါရှိသည်။

မဏိပူရပြည်နယ် အစိုးရအနေဖြင့် ဟောင်လင်ဖိုင်ကျေးရွာကို မြို့နယ်သစ်တစ်ခုအဖြစ် အဆင့်တိုးမြှင့် နေစဉ် မြန်မာ တပ်မှ နယ်စပ်မျဉ်းကျော်ဝင်ရာ တပ်စခန်းဆောက်လုပ်နေသည်ဟုလည်း အဆိုပါသတင်းစာတွင် ဖော်ပြထားသည်။

ထိုနေရာသည် နှစ်နိုင်ငံနယ်စပ်ပိုင်းခြား သတ်မှတ်မှု မပြီးပြတ်သေးသည့်နေရာဖြစ်ကြောင်း တမူးလွှတ် တော်အမတ် ဦးမြင့်အောင်ကပြောဆိုသည်။

၎င်းက “ကျွန်တော်တို့ အရပ်မျက်စိနဲ့ဆိုရင် ဟိုဘက်အိန္ဒိယဘက်ကဆောက်တဲ့ အိမ်သုံးလုံးလောက်ကျော် လာတယ်။ အရင်ကလည်း ဖြစ်ခဲ့ဖူးတာပဲ။ နန်းဖာလုံဈေး ဂိတ် ၁ နဲ့ ဂိတ် ၂ ကြား ခြံစည်းရိုးခတ်တုန်းက လည်းဖြစ်ခဲ့တာပဲ။ရေရှည်အတွက် ကိုယ့်ဘက်က လည်းပါမသွားအောင်၊ တစ်ဘက်မှာရှိတဲ့ အာဏာပိုင်တွေနဲ့ ညှိနှိုင်းပြီး ဖြေရှင်းရမယ့် ကိစ္စပါ” ဟု မဇ္စျိမကို စက်တင်ဘာ ၈ ရက်က မှတ်ချက်ပေးပြောဆိုသည်။

ယခု ထိုနေရာ မြန်မာဘက်အခြမ်းတွင် မြန်မာဘက်မှစခန်းချထားကာ စောင့်ကြည့်လျက်ရှိကြောင်း ဒေသခံ အမျိုးသား တစ်ဦးကလည်း ပြောဆိုသည်။

ဒေသခံတစ်ဦးဖြစ်သူ ကိုရန်ကိုစီးက “အခုဟောင်လင် ဖိုင်ရွာသားတွေက ကားလမ်းတစ်ဖက်ခြမ်း သူတို့ ဖက်မှာ အိမ်တွေဆောက်တာ၊ လေး၊ ငါးလုံးဆောက်တယ်။ အိန်္ဒိယဘက်အခြမ်း ဟောင်လင်ဖိုင်ရွာနဲ့ တစ် ဖာလုံလောက်မှာတော့ အိန်္ဒိယတပ်တွေရှိတယ်” ဟုရှင်းပြသည်။

တပ်စခန်းကို ဆက်လက်ဆောက်လုပ်နေဆဲဖြစ်ပြီး အိန်္ဒိယဘက်မှလည်း အဆိုပါနေရာကို မကြာမကြာလာရောက်ကြည့်ရှုကြောင်း ဒေသခံများကဆိုသည်။

ထိုနေရာသည် ပထ၀ီအနေအထားအရ ချောင်း၊ မြောင်းမရှိသည့် နယ်ခြားဖြစ်သည့်အတွက် နှစ်နိုင်ငံ ချောင်းဖြင့် နယ်ခြားနိုင်သည့် အနေအထားမရှိသလို ကားလမ်းကြမ်းဖြင့်သာ ပိုင်းခြားနေရ၍ နှစ်နိုင်ငံစလုံးအတွက် သိသိသာသာ ထင်ထင်ရှားရှား သတ်မှတ်ပိုင်း ခြားနိုင်ခြင်းမရှိသေးကြောင်း အစိုးရစစ်တပ်အရာရှိ တစ်ဦးထံမှသိရသည်။

ထိုနေရာ အိန်္ဒိယဘက်ခြမ်းတွင် လူနေအိမ်များရှိသော်လည်း မြန်မာဘက်ခြမ်းတွင် လူနေအိမ်များ မရှိကြောင်း သိရသည်။

၂၀၁၃ ခုနှစ် ဇူလိုင်လကုန်ပိုင်းက တမူးခရိုင်၊ ချောင်းနက်ကြီးကျေးရွာအနီး အိန်္ဒိယ-မြန်မာနယ်စပ် မျဉ်းပေါ်ရှိကျေးရွာတစ်ရွာအား နယ်ခြားခြံစည်းရိုးခတ်ကာရံရာတွင် မြန်မာဘက်က မြေပိုများ၍ ရရှိနေကြောင်း မဏိပူရ အရပ်ဖက်လူ့အဖွဲ့အစည်းများက သုံးသပ်ကာ စည်းရိုးခတ်ခြင်း ရပ်တန့်ပေးရန်တောင်းဆိုခဲ့ ဖူးသည်။



အဟမ်း အဟမ်း ..... ဒီနေ့တော mobile ဖုန်းများ အတွက် android games များကို free downloads လုပ်လိုရတဲ့ ဆိုင်တစ်ခုကို လမ်းညွန်းပေးချင်ပါတယ်။ ထုံးစံအတိုင်း မသိသေးသူများ အတွက်ပါ။ ဟိုနေက လမ်းမှာ ဘော်ဒါတစ်ယောက်က sumsung ဖုန်းလေးနဲ့ android games တွေကို downloads ဆွဲနေတယ်။ ဂိမ်းတစ်ခုကို 30 ဘတ် တို့ 45 ဘတ် နဲ့ဆွဲနေတာ... သနားပါတယ်.. အဲဒါကြောင့် တစ်ခြား ဘော်ဒါတွေလည်း အဲလို မဖြစ်အောင် android games တွေကို downloads ကောင်းကောင်း လုပ်လိုရတဲ့ ဆိုဒ်တစ်ခု ကို လမ်းညွန်ပေးချင်တာပါ။ ဖုန်းကနေလည်း ဆွဲလိုရပါတယ်။ ဆိုဒ်နာမည်က http://www.androidgamesroom.com ပါ။  သူမှာ ဂိမ်း အမျိုးအစား အလိုက် games category လေး လုပ်ထားပါတယ်။ သူမှာ ကိုယ်နဲ့ လိုက်ဖက်မယ့် system version အလိုက်ရွေးချယ်လိုရသလို
phone resolution: အလိုက်လည်း  resolution ဆိုဒ်ကို ရွှေးချယ်လိုရပါတယ်။ စိတ်ဝင်စားတယ် ဆိုရင် ၀င်ရောက်လေ့လာကြည်လိုက်ပါ။downloads လုပ်တဲ့ အခါကြရင် အောက်ကပုံစံမျိုး
 Two-dimensional code
  Download Games ဆိုတဲ့ downloads အိုင်ကွန်လေးကို နှိပ်ပြီး downloads ယူကြပါ။ ပြီးရင် ဖုန်း မန်းမိုရီ ကဒ်ထဲထည့်ပြီး install သွင်းပြီးရင် ကစားရုံ ပါပဲ။ ကျွန်တော်ကတော့အောက်က လင့်က ဂိမ်းကို downloads လုပ်နေပါတယ်။
http://www.androidgamesroom.com/stand-alone-games/69871.htm 
ဘာဂိမ်းလည်း သိချင်ရင် လိုက်ခဲ့လိုက်ပါ။ :D,

ကိုစောဂျက် ဆိုဒ်မှာကူးယူးဖော်ပြပါသည်
Posted by ဆူးအေမီ on 10:25 PM in | No comments


နိရဉ္စရာ

စက်တင်္ဘာလ ၉ ရက်နေ့တွင် ကျရောက်မည့် (၇၄) နှစ်မြောက် ဆရာတော် အရှင် ဦးဥတ္တမနေ့ အခမ်းအနားကို ရန်ကုန်၊ စစ်တွေ၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်၊ ပုဏ္ဍားကျွန်းတို့တွင် အထူးစည်ကား သိုက်မြိုက်စွာ ကျင်းပရန် စီစဉ်နေကြသည်ဟု သတင်း ရရှိသည်။

ရန်ကုန်မြို့တွင် ဆရာတော် အရှင် ဦးဥတ္တမနေ့ကို MCC (မြန်မာ ကွန်ဗင်းရှန်း စင်တာ) တွင် ကျင်းပသွားမည် ဖြစ်ပြီး လူပေါင်း ၅၀၀၀ ခန့် တက်ရောက်နိုင်ဖွယ် ရှိကြောင်း သိရသည်။

အခမ်းအနားသို့ ရခိုင်အမျိုးသား ခေါင်းဆောင်များသာမက မြန်မာနိုင်ငံမှ ထင်ရှားကျော်ကြားသည့် ခေါင်းဆောင်များ ဖြစ်ကြသည့် အရှင် ၀ီရသူ၊ ရွှေည၀ါ ဆရာတော်၊ ဒေါ်အောင်ဆန်းစုကြည်၊ ကိုမင်းကိုနိုင်၊ ကိုကိုကြီတို့ အပါအ၀င် သံရုံး ၂၄ ရုံးမှ သံတမန်များလည်း တက်ရောက်ကြမည်ဟု ဆိုသည်။

ရန်ကုန်မြို့တွင် ကျင်းပရန် စီစဉ်ထားပုံကို ရန်ကုန်တိုင်း ဒေသကြီး ရခိုင်ရေးရာ ၀န်ကြီး ဦးဇော်အေးမောင်က ယခုလို ပြောသည်။

“ ကျွန်တော်တို့က ဒီနှစ် ဆရာတော် ဦးဥတ္တမ အခမ်းအနားကို MCC ခန်းမမှာ တခန်းတနား ကျင်းပသွားဖို့ စီစဉ်ထားပါတယ်။ နေ့လယ် ၁ နာရီကနေ ညနေ ၄ နာရီထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။ အခု အခမ်းအနား အစီအစဉ်ကို ရေးဆွဲနေပါတယ်” ဟု ပြောသည်။

စစ်တွေမြို့တွင် (၇၄) နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားအား ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီနှင့် အခြား လူမူ အဖွဲ့အစည်းများမှ ပူပေါင်း ကျင်းပရန် စီစဉ်နေပြီး လူပေါင်း ၃၀၀ မှ ဆရာတော် ဦးဥတ္တမ ရုပ်ထုအား ချီတက် ဂါရ၀ပြုရန် တောင်းဆိုရာ သက်ဆိုင်ရာမှ ၁၅၀ သာခွင့်ပြုကြောင်း သိရသည်။

စစ်တွေမြို့တွင် ဆရာတော် ဦးဥတ္တမနေ့ ကျင်းပရန် စီစဉ်ထားပုံကို ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှ ဗဟို အလုပ်အမူဆောင် ကော်မီတီဝင် ကိုခိုင်ကောင်းစံက ယခုလို ပြောသည်။

“ ကျွန်တော်တို့ RNDP ပါတီ ဗဟိုနဲ့ မြို့နယ်တို့က ပူးပေါင်းကျင်းပသွားမှာ ဖြစ်ပါတယ်။ နေ့ခင်းဘက် ၂ နာရီမှာ ရွှေစေတီကျောင်းမှာ ဟောပြောပွဲလုပ်ပါမယ်။ ဦးထွန်းအောင်ရွှေတို့တက် ရောက် ဟောပြောမှာ ဖြစ်ပါတယ်။ နေ့လယ် ၃ နာရီမှာ ၀င်္ကာဘာကွင်းမှာ စုဆုံပြီး ဆရာတော် ဦးဥတ္တမ ပန်းခြံကို ချီတက်ပြီး ဂါရ၀ပြု လွမ်းသူ ပန်းခွေချမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

မင်းပြားမြို့တွင်လည်း ပဟေတိပြိုင်ပွဲ၊ စာစီစာကုံး ပြိုင်ပွဲ၊ကျဘမ်းစကား ပြိုင်ပွဲ၊ ကဗျာ ပြိုင်ပွဲများကို ပြုလုပ်သွားးမည်ဟု ဦးဆောင် ကျင်းပရာတွင် ပါဝင်သူ မင်းပြားမြို့မှ သခင်ချိုမှ ပြောသည်။

“ ပြိုင်ပွဲတွေ အပါအ၀င် ဆရာတော်ကြီး သုံးပါးကို ပင့်ဖိတ်ပြီး ဆွမ်းကျွေးမှာ ဖြစ်ပါတယ်။ နိုင်ငံရေး ပါတီတွေ၊ လူမူ အဖွဲ့အစည်းတွေက စုပေါင်းပြီး ဟောပြောပွဲတွေ ပြုလုပ်မှာ ဖြစ်သလို လွမ်းသူ့ ပန်းခွေတွေချပြီး ဂုဏ်ပြုဖို့လည်း စီစဉ်ထားပါတယ်” ဟု ဆိုသည်။

မြောက်ဦးတွင် ကျင်းပရန် စီစဉ်ထားပုံကို လူမူရေး တက်ကြွ လူပ်ရှာသူ ကိုမင်းဏီက ယခုကဲ့သို့ ပြောသည်။

“ ကျွန်တော်တို့ မြောက်ဦးမှာလည်း ၇၄ နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့ကို RNDP ပါတီ၊ ရခိုင်လူမူကွန်ယက်၊ မြောက်ဦးနာရေး အသင်းနဲ့ တခြား အဖွဲ့အစည်းတွေ စုပေါင်းပြီး တပေါင်းတည်း ကျင်းပသွားမှာ ဖြစ်ပါတယ်။ အခမ်းအနားကိုတော့ လောကမာန်အောင်မှာ ကျင်းပသွားမှာ ဖြစ်ပြီး လွမ်းသူ့ပန်းခွေကိုတော့ ဆရာတော် ဦးဥတ္တမ ပန်းခြံ ပြုလုပ်မယ့် အနော်မာ ပန်းခြံမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ တစ်မြို့လုံး ပါဝင်ဆင်နွှဲကြမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။

အလားတူ ရသေ့တောင်မှာ ကျင်းပဖို့ စီစဉ်ထားပုံကို ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ရသေ့တောင်မြို့နယ် ဥက္ကဌ ဦးလှမြင့်က ယခုလို ပြောသည်။

“ ခါတိုင်းနှစ်တွေထက် စည်ကားအောင် စီစဉ်ထားပါတယ်။ စာစီစာကုံးပြိုင်ပွဲတွေ အပြင် မြို့လုံးကျွတ် ရဟန်းတော်တွေကို ဆွမ်းလောင်းလှူပွဲတွေ ပြုလုပ်မှာ ဖြစ်ပါတယ်။ ဟောပြောပွဲကိုတော့ အလိုတော်ပြည့်ကျောင်း ဓမ္မာရုံမှာ ကျင်းပသွားမှာ ဖြစ်ပြီး စစ်တွေက ဆရာမ ပံသုခင်၊ ဆရာသားလှ (ရသေ့တောင်)တို့ကို ဖိတ်ကြားထားပြီး ဟောပြောသွားမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။

အလားတူ ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားကို ပုဏ္ဍားကျွန်းမြို့တွင် စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည်ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ မြို့နယ် အတွင်းရေးမှူး ဦးမောင်နှောင်းက ပြောသည်။

“ စာစီစာကုံးနဲ့ ကဗျာ ပြိုင်ပွဲ အပါအ၀င် အရှနေ၀န်းပုံရိပ်နှင့် လူငယ် အတွေး ခေါင်းစဉ်နဲ့ ဟောပြောသွားမှာ ဖြစ်ပါတယ်။ လူပေါင်း ၅၀၀ ဖိတ်ကြားထားပါတယ်။ မြို့ပေါ်ကသာမက နယ်တွေက လူတွေကိုလည်း ဖိတ်ကြားထားပါတယ်” ဟု ဆိုသည်။

(၇၄) နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့ကို တခြားမြို့များ အပြင် တောင်ကုတ်မြို့နယ် ရွာမ ကျေးရွာတွင်လည်း စည်ကားသိုက်မြိုက်စွာ ကျင်းပသွားရန် စီစဉ်နေကြောင်း သတင်း ရရှိသည်။




 

 ပြိုင်ကားဂိမ်း ကစားလိုသူများ အတွက် Need For Speed 5 ကို တင်ပေးလိုက်ပါတယ်။ ကျွန်တော်လည်း ပိုစ့်မတင်ဖြစ်တာ ကြာပါပြီး။ http://www.mediafire.com မှာ တင်ထားတဲ့ Softwares မှန်သမျှ ဖြုတ်ချခံ ခဏခဏ ထိနေလို မတင်ဖြစ်တော့တာပါ။ မိတ်ဆွေများ အားလုံး နာလည်းပေးကြပါ။ Need For Speed 5 ပြိုင်ကားဂိမ်း အလိုရှိသူများ အောက်က လင့်မှာ ဒေါင်းလောင် ဆွဲလိုက်ပါ။  ကျွန်တော် တင်ထားပေးတာ မဟုတ်ပါဘူး။ နိုင်ငံခြားဆိုဒ်တစ်ခုက မ လာတာပါ။ ကျွန်တော် စမ်းကစားပြီးပါပြီး။ key က 3245-3245 ပါ။
ဒေါင်းလောင်လင့်က ဒီမှာပါ  194.39Mb ရှိပါတယ်။  Free Download Full Version!194.39Mb
System Requirements! Window/Xp/7/Vista/98
Cpu:800 MHZ Ram:128 Mb
Video Card: 8 Mb
Free Hard: 650 Mb
If he require key you can type Any Code Same As 3245-3245
Posted by ဆူးအေမီ on 10:04 PM in | No comments


သာသနာဖျက်မှာလား သာသနာပြုမှာလား ဦးဓမ္မာစာရ
“နိုင်ငံခြားသားဖြစ်လို့ လက်မခံဘူးဆိုရင် မြတ်စွာဘုရားကို ကပိလဝတ်သို့ ပြန်ပို့ရုံပဲရှိတယ်” လို့ ပြောလိုက်တဲ့စကားဟာ သာသနာပြုနေသူလား သာသနာဖျက်နေသူလားတော့မသိ ဦးဓမ္မစာရ ဆိုသူရဲ့ စကားရပ်ပင်ဖြစ်၏။ ဒီလိုစကားမျိုးကို ရဟန်းတစ်ပါးဖြစ်သူက ပြောထွက်တယ်ဆိုတာကိုတော့ အတော့်ကို အံ့သြမိပါတယ်။ မြတ်စွာဘုရားရှင်၏ ကျေးဇူးတော်၊ ဂုဏ်တော်၊ သီလ သမာဓိ ပညာတွေကို ဘင်္ဂလီတွေနဲ့ ခိုင်းနှိုင်းလိုက်တာပါ။ သေသေချာချာ နက်နက်နဲနဲ တွေးကြည့်ပါ။ ဘယ်ဘင်္ဂလီတွေက ဗုဒ္ဓဘာသာဝင်တွေ အပေါ် ကျေးဇူးတွေရှိနေပါသလဲ။ ဂုဏ်တွေရော ရှိနေပါသလား၊ သီလရော ရှိနေပါသလား။ သမာဓိရော၊ ပညာရော ရှိနေပါသလား၊ စဉ်းစားစရာလိုမည်မထင်ပါ။ ကျေးဇူးလည်းမရှိ၊ ဂုဏ်လည်းမရှိ၊ သီလလည်းမရှိ၊ သမာဓိလည်း မရှိ၊ ပညာလည်းမရှိတဲ့ ဘင်္ဂလီတွေနဲ့ မြတ်စွာဘုရားကို ခိုင်းနှိုင်းထားခြင်းဟာ မြတ်စွာဘုရားကို ဘုရားမဟုတ်ဘူးလို့ စွပ်စွဲလိုက်တာနဲ့ တူမနေဘူးလား။ ဒါဆိုရင် မြတ်စွာဘုရားဖြစ်မှ သစ္စာလေးပါးတရားကိုဟောတော်မူခဲ့တယ်ဆိုတော့ တရားကိုလည်း တရားမဟုတ်ဘူးလို့ စွပ်စွဲ ပုတ်ခတ် လိုက်ခြင်းဖြစ်သလို မြတ်စွာဘုရား တပည့်သား သံဃာတော်တွေကိုလည်း သံဃာတွေမဟုတ်ဘူးလို့ စွပ်စွဲလိုက်ခြင်းဖြစ်ပါတယ်။ ခြုံပြောလိုက်ရင် ရတနာသုံးပါး စလုံးကို စော်ကားလိုက်ခြင်းဖြစ်ပါတယ်။

မြတ်စွာဘုရားရှင်၏ ဘုန်းတော် ကံတော် ကျေးဇူးတော်တွေကြောင့် ဆွမ်း သင်္ကန်း ကျောင်း ဆေး ပစ္စည်းလေးပါးကို ဒကာ ဒကာမတို့ရဲ့လှူဒါန်းထောက်ပံ့မှုဖြင့်  မပူမပင် မကြောင့်မကြ ဝတ်ရုံသုံးဆောင်ခွင့်ရနေခြင်းကို တစ်ချက်တည်းဖြင့် ကျေးဇူးကန်းလိုက်ခြင်းဖြစ်ပါတယ်။ ဒီစကားမျိုးတွေ ပြောထွက်ရဲအောင် ဘင်္ဂလီတွေက ဘာတွေများ ပေးထားလို့ပါလဲ။ တကယ် ရဟန်းအစစ်ဆိုရင် အတော် ရှက်ဖို့ကောင်းပါတယ်။ ရဟန်းတု ရဟန်းယောင်ဆိုရင်တော့ အရှက်မရှိတဲ့ မျက်နှာနဲ့ ပြောနေ ဆိုနေမှာ သိပ်ဆန်းလှတယ်လို့မဆိုသာပေမယ့် ရဟန်းအစစ်တစ်ပါးက ဒီလိုစကားမျိုးကို ပြောထွက်ရဲအောင် မွတ်ဆလင်တွေက ဘယ်လိုအကူအညီ ဘယ်လိုအထောက်အပံ့တွေရနေလို့ အမျိုး ဘာသာ သာသနာအပေါ် အရှက်မရှိ မျက်နှာပြောင်တိုက်ပြီး အော်နေ ဟစ်နေတာလဲဆိုတာ မေးကြည့်ချင်ပါတယ်။ တကယ်လို့သာ မွတ်ဆလင်တွေဆီက ငွေကြေးအထောက်အပံ့မရဘူးဆိုရင်တော့ ဒီလိုစကားမျိုးကို ပြောထွက်ရဲမှာမဟုတ်ပါဘူး။ ငွေမျက်နှာတစ်ခုကြောင့်သာ ဒီလို အဆင့်အတန်းမရှိတဲ့ အမျိုး ဘာသာ သာသနာအပေါ်ဖျက်စီးလိုတဲ့ သဘောမျိုးနဲ့ မျက်နှာပြောင်တိုက်ခြင်းသာ၊ အမျိုး ဘာသာ သာသနာကို ငွေနဲ့ရောင်းစားခြင်းသာဖြစ်ပါလိမ့်မယ်။
အနူးအညွတ်တောင်းပန်တဲ့စကားနဲ့ မထိုက်တန်လို့ တောင်းပန်တယ်လို့ မတောင်းဆိုပါဘူး။ သတိပေးခြင်းမျိုးသာ သတိပေးလိုက်ပါတယ်။ တိုင်းပြည်ကို ငွေနဲ့ မရောင်းစားပါနဲ့။ လူမျိုးကို ငွေနဲ့ မရောင်းစားပါနဲ့။ ဘာသာကို ငွေနဲ့မရောင်းစားပါနဲ့။

သာသနာကို ငွေနဲ့မရောင်းစားပါနဲ့။ မြတ်စွာဘုရားရှင်ရဲ့ ကျေးဇူးတရားတွေကို ငွေနဲ့ မလဲပစ်လိုက်ပါနဲ့။ တရားတော်ရဲ့ ကျေးဇူးတရားကို ငွေနဲ့ အရောင်မဆိုးပါနဲ့။ သံဃာတော်တွေရဲ့ ဂုဏ်ကျေးဇူးတွေကို ငွေနဲ့ မဖျက်ဆီးပစ်လိုက်ပါနဲ့။ ဗုဒ္ဓ ဘာသာဝင် ဒကာ ဒကာမများရဲ့ ကျေးဇူးတရားတွေကို ငွေမျက်နှာကြည့်ပြီး မစော်ကားလိုက်ပါနဲ့။ တစ်သက်လုံး ပစ္စည်းလေးပါးကို လိုလေးသေးမရှိ ကျွေးမွေး လှူဒါန်းလာခဲ့တာ ဗုဒ္ဓဘာသာဝင် ဒကာ ဒကာမဖြစ်ပါတယ်။ အမေကို ကျော်ပြီး ဒွေးဒေါ်လွန်းပြသလို မနေ့တနေ့ကမှ မြန်မာနိုင်ငံထဲသို့ရောက်လာပြီး ဘာသာ သာသနာကို ဖျက်ဆီးမည့် လူမိုက်တွေကို အားပေးအားမြှောက်လုပ်သလို မပြုလုပ်ပါနဲ့။ သာသနာဖျက်ချင်သပဆို တစ်ယောက်တည်း ဖျက်ချင်ဖျက်ပါ။ ရုပ်သွင်လက္ခဏာကိုက သာသနာဖျက်တဲ့ ရုပ်မျိုးဆိုတော့ သာသနာမပြုချင် နေပါ။ သာသနာမဖျက်ပါနဲ့။ တကယ်လို့ သာသနာဖျက်ချင်သပ ဆို တစ်ယောက်တည်းဖျက်ပြီး တစ်ယောက်တည်း အဝီစိကိုသွားပါ။ အပြစ်မရှိတဲ့ သာသနာအပေါ်ကျေးဇူးများတဲ့ ရဟန်းသံဃာတော်များ၊ ဒကာ ဒကာမများကို အဖော်မခေါ်ပါနဲ့။ ထင်ယောင်ထင်မှားဖြစ်အောင် မလုပ်ပါနဲ့။

ထပ်ပြီးပြောပါဦးမယ်။ မြတ်စွာဘုရားရှင်က သူတည်ထောင်တော်မူခဲ့သာသနာဟာ ဘယ်သာသနာနဲ့မှ မတူတဲ့ နိယျာနိက(သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်နိုင်တဲ့ သာသနာ) ဖြစ်ပါတယ်။ ဒီသာသနာတည်ထောင်နိုင်အောင် လေးသင်္ချေ ကမ္ဘာတစ်သိန်း ဦးခေါင်းပေါင်း မြောက်မြားစွာ၊ ခန္ဓာကိုယ်ပေါင်းမြောက်မြားစွာ၊ အသက်ပေါင်းမြောက်မြားစွာ၊ သွေးပေါင်းမြောက်မြားစွာနဲ့ ရင်းနှီးပြီးမှ တည်ထောင်နိုင်ခဲ့တဲ့သာသနာဖြစ်ပါတယ်။ မြတ်စွာဘုရား သာသနာ ပွင့်ထွန်းပေါ်ပေါက်လာတာဟာ လူတွေကို တိရစ္ဆာန်တွေကို နတ်တွေကို ဗြဟ္မာတွေကို ဒုက္ခပေးဖို့ပွင့်ထွန်းလာတာမဟုတ်ပါဘူး။ သာသနာကိုတိုးတက် ပြန့်ပွားစေပြီး သတ္တဝါအားလုံးကို သံသရာလို့ခေါ်တဲ့ ဝဋ်ဆင်းရဲကနေ လွတ်မြောက်ပြီး နိဗ္ဗာန်တည်းဟူသော ချမ်းသာသုခကို ရရှိစေဖို့ ပွင့်ထွန်းလာတာပါ။ ပြန်ပို့စရာအကြောင်း မရှိဘူး။ အဆင့်အတန်းမရှိတဲ့ စကားမျိုးမပြောနဲ့။ မွတ်ဆလင်တွေမြန်မာပြည်ထဲကိုရောက်လာတာဟာ ဘယ်မှာချမ်းသာသုခရပါသလဲ။ ဘယ်တုန်းက ချမ်းသာသုခဖြစ်ပါသလဲ။ ကိုယ့်နိုင်ငံအတွင်းမှာတောင် စိတ်အေးလက်အေး လွတ်လွတ်လပ်လပ်သွားလာခွင့်ရပါသလား၊ ရခိုင်ပြည်နယ်ဆိုရင် အရုဏ်ဆွမ်းလောင်းတဲ့ ဆွမ်းဝတ်ကိုတောင် ပိတ်ထားရတဲ့အထိ အခြေအနေဆိုးနေတာကိုရော သိပါသလား။ တကယ်လို့ မွတ်ဆလင်တွေကို သိပ်ချစ် သိပ်သနားနေရင် သူတို့ရဲ့ အစ္စလာမ်နိုင်ငံတွေကို ပြန်ပို့ပြီး အရှင်ဘုရားလည်း လိုက်သွားပြီးနေထိုင်ကြည့်လိုက်ပါ။
အချုပ်အားဖြင့် ပြောရရင် မြတ်စွာဘုရားရှင်ကို မွတ်ဆလင်ကောင်တွေနဲ့ မခိုင်းမနှိုင်းပါနဲ့၊ မြတ်စွာဘုရားရှင်ကို ကပ္ပိလဝတ်ကို ပြန်ပို့စရာအကြောင်းမရှိပါ။ အရှင်ဘုရားအနေနဲ့ မွတ်ဆလင်တွေသိပ်မြင့်မြတ်တယ်ထင်နေရင် မွတ်ဆလင်ဘာသာကို ပြောင်းပြီး မွတ်ဆလင်များနှင့် အတူတကွနေထိုင်ပါလို့ပဲ အကြံပြုပါရစေ။

သတိပြုရန်၊        ၊ ထိုဘုန်းကြီးမှာ ရဟန်းအစစ် ဟုတ်ချင်မှဟုတ်မည်။ အတုအယောင်လည်း ဖြစ်နိုင်သည်ကို အထူးသတိထားကြပါရန်။
စာဖတ်သူအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာပြီး လိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)
Posted by ဆူးအေမီ on 9:55 PM in | No comments


  • စင်ကာပူနိုင်ငံရှိဆောက်လုပ်ရေးအင်ဂျင်နီယာဘာသာရပ်ကိုပို့ချပေးနေသော Nanyang Institute of Management ၏ ကျောင်းတာဝန်ရှိသူ Ms.Tan Chek Hui မှ Construction Engineering Workshop အားစက်တင်ဘာလ(၁၄)ရက်၊စနေနေ၊ တွင်ဟောပြောပို့ချမည်ဖြစ်ပြီး အဆိုပါဟောပြောပွဲ တွင် နောက်ဆုံးပေါ်နည်းပညာများ အသုံးပြုထားသောစင်ကာပူရှိ Marina Bay Sands Construction Project အတွေ့အကြုံအား ဗီဒီယိုဖြင့် ရှင်း လင်းပြောကြား သွားမည်ဖြစ်ကြောင်း CROWN Education တာဝန်ရှိသူတစ်ဦးမှပြောသည်။
    အဆိုပါ Construction Engineering Workshop တွင်အောက်ပါအကြောင်းအရာ များကိုရှင်းလင်းပြောကြားမည်ဖြစ်သည်။

    # Technology နှင့် Entrepreneurship နယ်ပယ်တွင်စိတ်ဝင်စားပြီး၊ပြည်တွင်းပြည်ပ အင်ဂျင်နီယာကဏ္ဍအသီးသီးတွင် Technopreneur တစ်ဦးအဖြစ် ရပ်တည် နိုင်ရန် အခွင့်အလမ်းများအကြောင်းဟောပြောခြင်း။

    # ကာလတိုအတွင်းပြီးစီးရမည့်ပရော ဂျက်ကြီးများတွင်မရှိမဖြစ်အရေး ပါသောPrecast Design and Reinforce Design နည်းပညာရပ်များ အကြောင်းရှင်းလင်းခြင်း။

    # နောက်ဆုံးပေါ်နည်းပညာများအသုံးပြုထားသောစင်ကာပူရှိ Marina Bay Sands Construction Project အတွေ့အကြုံအားဗီဒီယိုဖြင့် ပြသခြင်း။

    @ နေ့ရက်-စက်တင်ဘာ(၁၄)ရက်၊စနေနေ့။ နံနက်(၉)နာရီမှ
    @ နေ့လည်(၁)နာရီထိ။(Workshop)
    @ နေ့ရက်-စက်တင်ဘာ(၁၅)ရက်၊ တနင်္ဂနွေနေ့၊
    @ နံနက်(၁ဝ)နာရီမှနေ့လည်(၁)နာရီထိ။ (One-to-One Discussion)
    @ နေရာ-CROWN Education Office

    Ms Tan Chek Huiသည် အရှေ့တောင်အာရှနိုင်ငံများရှိဆောက်လုပ်ရေး ပရောဂျက်ကြီးများတွင် ထိပ်တန်း စီမံခန့်ခွဲရေးနှင့်အကြံပေး အရာရှိအဖြစ်နှစ် (၂ဝ) ကျော်တာဝန်ထမ်းဆောင်ခဲ့ပြီး စင်ကာပူအမျိုးသားတက္ကသိုလ် (NUS)တွင် Lecturer တစ်ဦးအဖြစ် လည်းသင်ကြား ပို့ချခဲ့သည်။ယခုလက်ရှိ NIM တွင် Senior Lecturer တစ်ဦးအဖြစ်လည်းကောင်း၊Business & Property Development Director ရာထူးဖြင့် စင်ကာပူ၊တရုတ်၊မကာအိုနှင့် ဗီယက် နမ်နိုင်ငံများ၏ ပရောဂျက်လုပ်ငန်းများတွင် တာဝန်ယူလုပ်ကိုင် နေပါသည်။

    Marina Bay Sands သည်စင်ကာပူနိုင်ငံ၏သင်္ကေတတစ်ခုဖြစ်ပြီး အင်ဂျင်နီယာပညာရပ်၏အဆင့် အတန်းကိုဖော်ကျူးထားကြောင်း ၊ မြန်မာနိုင်ငံတွင်ကမ္ဘာ့အဆင့်မီတည်ဆောက်မည့် ပရောဂျက် ကြီးများရှိလာမည်ဖြစ်ခြင်းကြောင့်နိုင်ငံတကာ အတွေ့အကြုံရရှိစေ ရန်အင်ဂျင်နီယာပညာရပ်များ ကိုပြည်ပတွင်လေ့လာသင်ယူရန်တိုက် တွန်းအကြံပြုလိုကြောင်းကို Ms Tan Chek Hui မှပြောကြားသည်။
    (၁ဝ)တန်းအောင်မြင်ပြီးသူများNayang Institute of Management တွင် Diploma in Construction Engineeringအားဝင်ခွင့်လျှောက် ထား နိုင်ပါသည်။ မြန်မာနိုင်ငံမှ HND (Civil), AGTI, BTech နှင့် BE Civil ပြီးဆုံးထားသူများအနေဖြင့် ဘာသာရပ်ကင်းလွတ်ခွင့်များလျှောက်ထား နိုင်ကြောင်း၊ AGTI လက်မှတ် ကိုင်ဆောင်ထားသူများအတွက်(၈) ဘာသာ၊ BTech(၉) ဘာသာနှင့် BE ပြီးဆုံးထားသူများ (၁၁) ဘာသာ အထိ Exemptionရရှိမည်ဖြစ်၍ ကျောင်းလခကုန်ကျစရိတ် သက်သာမည်ဖြစ် ကြောင်းသိရသည်။

    အဆိုပါဘာသာရပ်ကိုစင်ကာပူအင်ဂျင်နီယာအသင်းဖြစ်သော Singapore Institute of Engineering Technologists (SIET) မှ အသိအမှတ်ပြု ထားပြီး သာမန်(၃)နှစ်ဒီပလိုမာအစား (၂)နှစ်ဖြင့်သင်ယူနိုင်ပါ သည်။ဒီပလိုမာပြီးမြောက်ပါက SIET Fellowship ဒီပလိုမာအား လည်းရရှိ မည်ဖြစ်ပြီး၊ လုပ်ငန်းအတွေ့အကြုံရှိသူများ မှာ SIET မှတဆင့် UK ၏ Professional Engineer တစ်ဦးအဖြစ်မှတ်ပုံတင်ခွင့်ရရှိမည်ဖြစ်သည်။
    Diploma in Construction Engineering ဘာသာရပ်တွင် လက်တွေ့ဆောက်လုပ်ရေး လုပ်ငန်းများသို့သွားရောက်လေ့လာသော Industrial Orientation Project လည်းပါ ရှိကြောင်းသိရသည်။
    NIM DCE မှအောင်မြင်သော ကျောင်းသူကျောင်းသားများ အတွက်၊ ဒီဂရီဘွဲ့များရယူရန်သြ စတြေးလျနိုင်ငံတွင်ဆက်လက်တက်ရောက် မည်ဆိုပါက ဘာသာ ရပ်အထူးကင်းလွတ်ခွင့်များ ရရှိပြီး University of South Australia မှပေးအပ် သော Bachelor of Build Environment (၂)နှစ်သို့မဟုတ် Bachelor of Construction Management & Economics(၃)နှစ် ၊ Griffith University ၏ BE(Civil Engineering)ကို (၂) နှစ်ခွဲ ၊ La Trobe University ၏ Bachelor of Civil Engineering ကို (၂)နှစ်ခွဲကိုတက်ရောက်နိုင်သည်။

    အထက်ပါ Construction Engineering Workshop ပွဲသို့တက်ရောက်လိုပါက CROWN Education၊ အမှတ်(၂၇ဝ)၊ပထမထပ်၊အခန်း(1 C) ၊ မြေနီကုန်၊ပြည်လမ်း၊ စမ်းချောင်း၊ ဖုန်း ဝ၉ ၇၃၂ ၇၃၂ ၇၇ နှင့် ဝ၉ ၅ဝ၈၅၁၈၅ သို့ဆက်သွယ်စာရင်းပေးသွင်းနိုင်ပါသည်။
     



ဓာတ်ပုံတွေကို ကာလာပန်းချီ ခဲခြစ်ပန်းချီ ဆေးရေးပန်းချီ အဖြစ်ပြောင်းချင်တဲ့ 
သူငယ်ချင်းတွေအတွက်ပါ မိမိစွမ်းသလို ထပ်ပြီးတော့ လုပ်ဆောင်နိုင်ပါသေးတယ် 
လုပ်ဆောင်ချက်တွေလည်းလွယ်ပါတယ် အသုံးပြုမယ်ဆို အောက်မှာရယူနိုင်ပါတယ် 
Dwonload x86 (or) 32b>>>>mirrorcreator (or)zippyshare
Download x64 >>>>mirrorcreator (or)zippyshare
သူမှာက လိုင်စင်မပါဘူး ရက်ပြည့်တဲ့အခါ Trial Reset ကိုအသုံးပြုပါ
AKVISTrialReset ကိုကလစ်နှစ်ချက်ပေးလိုက်ရင် အဆင်ပြေပါပြီ
**အမျိုးကောင်း သား* *


Next launcher အသုံးပြုတဲ့ သူငယ်ချင်းတွေအတွက် 
  9လပိုင်း 6 ရက်နေ့ ထွက်Update လေးတင်ပေးလိုက်ပါတယ် 
Next Launcher ဟာလူကြိုက်များတဲ့ Android Theme application တစ်ခုဖြစ်ပါတယ်။ 
ဗားရှင်းအသစ်မှာ အရင်ကနဲ့မတူဘဲ အရမ်းလန်းလာတယ်ဗျာ
ယခု version မှာတော့ 3D Screen Mode ဆိုတဲ့ features အသစ်တစ်ခုပါဝင်လာပါတယ်။ ဖုန်းရဲ့ Screen ဒီဇိုင်းကို 3D Transitions/effect တွေနဲ့ပြောင်းလဲသွားစေမှာပါ။ Next Launcher နဲ့တွဲဖက်အသုံးပြုလို့ရတဲ့ အခြား Theme တွေထပ်မံထည့်သွင်းလို့လည်းရပါတယ်။
အသုံးပြုတဲ့ သူငယ်ချင်းတွေအနေနဲ့ အကြိုက်တွေ့မယ်လို့ မျှော်လင့်ပါတယ် 
 
Download>>>>mirrorcreator(or)zippyshare(or)hotfile
 


အမျိုးကောင်း သား ဆိုဒ်မှာ ကူးယူးမျှဝေပါသည်၊

Saturday, August 10, 2013

Posted by ဆူးအေမီ on 1:30 AM in | No comments

 
 
 
 
 
 
 
 
 ဓါတ်ပုံ - တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီမှ ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်းမှ သတင်းထောက်များ၏ မေးမြန်းမှုကို ပြန်လည် ဖြေကြားစဉ်
 
 
အရက်၊ ဘီယာ၊ ၀ိုင်၊ စီးကရက် စသည့် တားမြစ် ကုန်စည်များအား ပြည်တွင်း၌ တရားမ၀င် တင်သွင်း ရောင်းချ နေမှုများကို စစ်ဆေး အရေးယူ နိုင်ရန် ရန်ကုန်မြို့နှင့် မန္တလေးမြို့များရှိ အဓိက တင်သွင်း ဖြန့်ဖြူးနေသည့် လက်ကားဒိုင် ၂၀ စီ စာရင်း ကောက်ယူထားပြီး အစိုးရအဖွဲ့ ညွှန်ကြား ချိန်တွင် ဖမ်းဆီး အရေးယူမည် ဖြစ် ကြောင်း တရားမ၀င် ကုန်သွယ်မှု တားဆီး ထိန်းချုပ်ရေး ဗဟိုကော်မတီမှ ညွှန်ကြားရေး မှူး ဦးတင်ရဲဝင်းက Eleven Media Group ၏ မေးမြန်းမှုကို ဖြေကြားသည်။

မြန်မာနိုင်ငံ တစ်ဝန်းရှိ စူပါမားကက်များ၊ လက်လီ အရောင်းဆိုင်များနှင့် အရက် ဘီယာ အရောင်းဆိုင်များ တွင် တင်သွင်း ရောင်းချနေသည့် အရက်၊ ဘီယာ၊ ၀ိုင်၊ စီးကရက် စသည့် ကုန်စည် အများစုမှာ တရားမ၀င် တင်သွင်းလာသည့် ကုန်စည်များသာ ဖြစ်နေပြီး အဆိုပါ ကုန်စည်များကို တရားဝင် ခွင့်ပြုချက်အား စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သိရသည်။
အဆိုပါ အကောက်ခွန်မဲ့ မှောင်ခိုတင်သွင်း နေမှုများကြောင့် မြန်မာနိုင်ငံ အနေဖြင့် အခွန်အကောက်များ နစ်နာနေသကဲ့သို့ လူငယ်များ အနေဖြင့်လည်း ဈေးနှုန်းချိုသာစွာ အလွယ်တကူ ၀ယ်ယူရရှိ နေသည့် အတွက် သောက်သုံးမှု များပြားနေကြောင်း သိရသည်။
တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီ အနေဖြင့် အဆိုပါ လက်ကားဒိုင်ကြီးများကို အစိုးရအဖွဲ့ ညွှန်ကြားချက်ဖြင့် ဖမ်းဆီး အရေးယူပြီးပါက ပို့ကုန်သွင်းကုန် ဥပဒေဖြင့် အရေးယူမည် ဖြစ်ပြီး အဆိုပါ ကုန်စည်များအား ဖမ်းဆီး အရေးယူရန်ကိုမူ အစိုးရအဖွဲ့၏ ညွှန်ကြားချက်ကို စောင့်မျှော်နေဆဲ ဖြစ်သည်။
''ဒီလို တရားမ၀င် တင်သွင်းရောင်းချ မှုတွေကို ဘယ်အချိန်မှာ အရေးယူမလဲ ဆိုတာ ကျွန်တော့် အနေနဲ့ ပြောဖို့ခက်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ တရားမ၀င် ကုန်သွယ်မှု တားဆီး ထိန်းချုပ်ရေးဗဟို ကော်မတီ အနေနဲ့ အစိုးရအဖွဲ့က ဒီနေ့ ဖမ်းပါဆို မနက်ဖြန် ဖမ်းလို့ရအောင် လုပ်နေတာ။ စာရင်းကောက် ထားတာ ရှိတယ်။ ရန်ကုန်မြို့က ဘယ်စူပါမားကက်က ဘယ်ကို ပစ္စည်းဖြန့်ပြီး ဘယ်ဂိုဒေါင်မှာ ကုန်တွေ လှောင်ထား တယ် ဆိုတာ ကျွန်တော်တို့ စာရင်းပြုစုထားသလို မန္တလေးမှာ ဆိုရင်လည်း အဲဒီလိုမျိုး စာရင်းကောက်ခံ ထားတယ်'' ဟု ဦးတင်ရဲဝင်းက ဆိုသည်။
ထိုသို့ ပြောဆိုသော်လည်း တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီ အနေဖြင့် မှောင်ခို ကုန်သွယ်မှုများကို ထိန်းချုပ်ရာတွင် အစိုးရအဖွဲ့သို့ ပေါက်ရောက်သူများ အနေဖြင့် ယင်းတို့၏ ဈေး ကွက် အားမထိခိုက်ရန်နှင့် မှောင်ခိုဈေးကွက် ကြီးထွားရန် ပြည်တွင်း စားသုံးကုန်များ၏ ဈေးနှုန်းများ မြှင့်တင်ခြင်း၊ ဒေါ်လာဈေးနှုန်းများ မြင့်တက်အောင် ဈေးကစားခြင်း၊ မှောင်ခိုကုန်သွယ်မှုဖမ်းဆီးသူများအားလုပ်ငန်းဆက် လက် မလုပ်ကိုင်နိုင်ရန် တိုင်စာများ ပေးပို့ခြင်း စသည့် လုပ်ငန်းစဉ်များ လုပ်ကိုင်သည့်အတွက်မှောင်ခိုကုန် စည်များအား ဖမ်းဆီးသည့် တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး အဖွဲ့ဝင်များ အနေဖြင့် စစ်ဆေး ခံရမှု ဖြစ်စဉ်များ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
''တရားမ၀င် ကုန်စည်တွေ ဖမ်းလိုက်တာနဲ့ ဒီဈေးကွက်ကို ကိုင်ထားတဲ့ သူတွေက လက်ထဲမှာ ရှိတဲ့ ကုန် စည်တွေကို ဈေးမြှင့်လိုက်တယ်။ ဒေါ်လာဈေးနှုန်းတွေ မြင့်တက်အောင် ဈေးကစားလိုက်တယ်။ ပြီးတော့ အစိုးရအဖွဲ့ကို ဦးအောင်တင်ပြပြီး တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီက ဖမ်းနေ လို့ ဒီလိုဈေးတွေ တက်နေတာဆိုပြီး ပြောတော့ သာမန်လောက်ပဲသိတဲ့ အစိုးရ အဖွဲ့ဝင်တချို့ အနေနဲ့ သူ တို့ပြောတာကို ဟုတ်နိုး နိုးထင်တယ်။ လုပ်ရကိုင်ရတာ ခက်ခဲမှုတွေ ရှိတယ်'' ဟု ဦးတင်ရဲဝင်းကဆက်လက် ပြောကြားသည်။
ကောင်းမွန်သော အစိုးရအဖွဲ့အဖြစ် မြန်မာနိုင်ငံ အစိုးရအနေဖြင့် ရပ်တည်နိုင်ရန် ထိုကဲ့သို့ အစိုးရအဖွဲ့သို့ ပေါက်ရောက်သူများကို စနစ်တကျ ကြပ်မတ်နိုင်ရန် လိုအပ်နေကြောင်း ဦးတင်ရဲဝင်းက ပြောဆိုခဲ့ပြီး တရား မ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီအား နိုင်ငံတော်အဆင့် ဖွဲ့စည်းထားသော် လည်း အမှန်တကယ် ဖမ်းဆီး အရေးယူနိုင်မည့် လုပ်ငန်းစဉ်များ လုပ်ကိုင်နိုင်ရန် အစိုးရအဖွဲ့သို့ခွင့်ပြုချက်တောင်း ခံနေရဆဲ ဖြစ်ကြောင်း သိရသည်။

Eleven Media Group
Posted by ဆူးအေမီ on 1:23 AM in | No comments



Photo: ရန်ကုန်လေဆိပ်ဝန်ဆောင်မှု လုပ်ကိုင်ခွင့်ရကုမ္ပဏီ ယနေ့ကြေညာမည်
Saturday, August 10, 2013

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် ဝန်ဆောင်မှုအချို့ လုပ်ကိုင်ခွင့်အတွက် တင်ဒါအောင်သည့် ကုမ္ပဏီကို သြဂုတ်လ ၁၀ ရက် (ယနေ့) တွင် တရားဝင် ကြေညာသွားမည် ဖြစ်ကြောင်း လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းက သြဂုတ်လ ၉ ရက်နေ့က ပြောကြားသည်။

အဆိုပါဝန်ဆောင်မှု လုပ်ကိုင်ခွင့် ရရှိမည့် ကုမ္ပဏီသည် လေကြောင်းထိန်းသိမ်းရေးမှအပ လေဆိပ်အတွင်းရှိ အခြားမြေပြင် ဝန်ဆောင်မှုများကို လုပ်ကိုင်ခွင့်ရရှိမည် ဖြစ်သည်။

တင်ဒါရွေးချယ်ရေးအတွက် ပို့ဆောင်ရေးဝန်ကြီးဌာန၏ တင်ဒါရွေးချယ်ရေး အစည်းအဝေးကို သြဂုတ်လ ၈ ရက်နေ့က ပြုလုပ်ခဲ့သော်လည်း လက်ရှိတွင် ပို့ဆောင်ရေးဝန်ကြီးဌာန၏ တင်ဒါအောင်သည့် ကုမ္ပဏီအမည် ကြေညာစာ မရောက်သေးသောကြောင့် ကုမ္ပဏီအမည်ကို မပြောနိုင်သေးကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

သြဂုတ်လ ၁၀ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများနှင့် လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ဝက်ဘ်ဆိုက်တို့တွင် တင်ဒါအောင်သည့် ကုမ္ပဏီကို တရားဝင် ကြေညာမည် ဖြစ်ကြောင်းလည်း ဦးဝင်းဆွေထွန်းက ဆိုသည်။

“တင်ဒါ ရွေးချယ်ရေးကို ဆက်လက်လုပ်နေတုန်းပဲ။ အဲ့ဒီလုပ်ငန်းစဉ် ဒီနေ့ပြတ်ရင်တော့ မနက်ဖြန် ကြေညာကောင်း ကြေညာမယ်။ ရလဒ်တော့ အခုထိ မထွက်သေးတဲ့အတွက် မနက်ဖြန်သတင်းစာမှာ ကြေညာမယ်။ မကြေညာဘူးဆိုတာ ရလဒ်ပေါ်မူတည်ပါတယ်” ဟု နေပြည်တော် ပို့ဆောင်ရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ဝန်ဆောင်မှု နောက်ဆုံးတင်ဒါကို မေလ ၂၅ ရက်က ခေါ်ယူထားရာ အကြိုအရည်အချင်းစစ် အောင်မြင် ထားသည့် ကုမ္ပဏီ ၁၁ ဖွဲ့တွင် ခုနစ်ဖွဲ့သာ လာရောက် လျှောက်ထား ခဲ့ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၏ တရားဝင်ထုတ်ပြန်ချက်အရ သိရသည်။ 

ယင်းကုမ္ပဏီ ခုနစ်ဖွဲ့မှာ စင်ကာပူနိုင်ငံမှ Yongnam-CAPE-JGC Consortium၊ မြန်မာနိုင်ငံမှ Pioneer Aerodrome Services၊ ကိုရီးယားနိုင်ငံမှ Incheon Airport Consortium၊ အမေရိကန်ပြည်ထောင်စုမှ ACO Investment Group Co., Ltd.၊ ပြင်သစ်နိုင်ငံမှ Vinci Airport၊ ဂျပန်နိုင်ငံမှ Sojitz Corporationနှင့် Toyata Tsusho Corporation ကုမ္ပဏီတို့ဖြစ်ပြီး ယင်းတို့ထဲမှ ရွေးချယ်ရမည် ဖြစ်ကြောင်း လေကြောင်း ညွှန်ကြားမှုဦးစီးဌာနက တရားဝင် ထုတ်ပြန်ထားသည်။

The Voice Weekly
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် ဝန်ဆောင်မှုအချို့ လုပ်ကိုင်ခွင့်အတွက် တင်ဒါအောင်သည့် ကုမ္ပဏီကို သြဂုတ်လ ၁၀ ရက် (ယနေ့) တွင် တရားဝင် ကြေညာသွားမည် ဖြစ်ကြောင်း လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းက သြဂုတ်လ ၉ ရက်နေ့က ပြောကြားသည်။
အဆိုပါဝန်ဆောင်မှု လုပ်ကိုင်ခွင့် ရရှိမည့် ကုမ္ပဏီသည် လေကြောင်းထိန်းသိမ်းရေးမှအပ လေဆိပ်အတွင်းရှိ အခြားမြေပြင် ဝန်ဆောင်မှုများကို လုပ်ကိုင်ခွင့်ရရှိမည် ဖြစ်သည်။
တင်ဒါရွေးချယ်ရေးအတွက် ပို့ဆောင်ရေးဝန်ကြီးဌာန၏ တင်ဒါရွေးချယ်ရေး အစည်းအဝေးကို သြဂုတ်လ ၈ ရက်နေ့က ပြုလုပ်ခဲ့သော်လည်း လက်ရှိတွင် ပို့ဆောင်ရေးဝန်ကြီးဌာန၏ တင်ဒါအောင်သည့် ကုမ္ပဏီအမည် ကြေညာစာ မရောက်သေးသောကြောင့် ကုမ္ပဏီအမည်ကို မပြောနိုင်သေးကြောင်း ၎င်းကဆက်လက် ပြောကြားသည်။
သြဂုတ်လ ၁၀ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများနှင့် လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ဝက်ဘ်ဆိုက်တို့တွင် တင်ဒါအောင်သည့် ကုမ္ပဏီကို တရားဝင် ကြေညာမည် ဖြစ်ကြောင်းလည်း ဦးဝင်းဆွေထွန်းက ဆိုသည်။
“တင်ဒါ ရွေးချယ်ရေးကို ဆက်လက်လုပ်နေတုန်းပဲ။ အဲ့ဒီလုပ်ငန်းစဉ် ဒီနေ့ပြတ်ရင်တော့ မနက်ဖြန် ကြေညာကောင်း ကြေညာမယ်။ ရလဒ်တော့ အခုထိ မထွက်သေးတဲ့အတွက် မနက်ဖြန်သတင်းစာမှာ ကြေညာမယ်။ မကြေညာဘူးဆိုတာ ရလဒ်ပေါ်မူတည်ပါတယ်” ဟု နေပြည်တော် ပို့ဆောင်ရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ဝန်ဆောင်မှု နောက်ဆုံးတင်ဒါကို မေလ ၂၅ ရက်က ခေါ်ယူထားရာ အကြိုအရည်အချင်းစစ် အောင်မြင် ထားသည့် ကုမ္ပဏီ ၁၁ ဖွဲ့တွင် ခုနစ်ဖွဲ့သာ လာရောက် လျှောက်ထား ခဲ့ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၏ တရားဝင်ထုတ်ပြန်ချက်အရ သိရသည်။ 
ယင်းကုမ္ပဏီ ခုနစ်ဖွဲ့မှာ စင်ကာပူနိုင်ငံမှ Yongnam-CAPE-JGC Consortium၊ မြန်မာနိုင်ငံမှ Pioneer Aerodrome Services၊ ကိုရီးယားနိုင်ငံမှ Incheon Airport Consortium၊ အမေရိကန်ပြည်ထောင်စုမှ ACO Investment Group Co., Ltd.၊ ပြင်သစ်နိုင်ငံမှ Vinci Airport၊ ဂျပန်နိုင်ငံမှ Sojitz Corporationနှင့် Toyata Tsusho Corporation ကုမ္ပဏီတို့ဖြစ်ပြီး ယင်းတို့ထဲမှ ရွေးချယ်ရမည် ဖြစ်ကြောင်း လေကြောင်း ညွှန်ကြားမှုဦးစီးဌာနက တရားဝင် ထုတ်ပြန်ထားသည်။
The Voice Weekly
Posted by ဆူးအေမီ on 1:20 AM in | No comments





တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်း ဘာသာရေး အသွင်ဆောင် ပဋိပက္ခနှင့် အခြားပဋိပက္ခများ ဖြစ်ပွားပါက ဒေသဆိုင်ရာ အစိုးရအဖွဲ့က တိုက်ရိုက်ကိုင်တွယ် ဖြေရှင်းရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ညွန်ကြားလိုက်ကြောင်း သမ္မတပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က The Voice သို့ ပြောကြားသည်။

နိုင်ငံတော် သမ္မတဦးသိန်းစိန်က သြဂုတ်လ ၉ ရက်နေ့တွင် ပြုလုပ်သော အစိုးရယန္တရား တာဝန်ရှိသူအားလုံးနှင့် တွေ့ဆုံစဉ် ယင်းသို့ ညွန်ကြားလိုက်ခြင်း ဖြစ်သည်။

ပဋိပက္ခများ ကိုင်တွယ် ဖြေရှင်းရာတွင် ပြည်နယ်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်များက ရဲတပ်ဖွဲ့ကို တိုက်ရိုက်ကိုင်တွယ် ညွှန်ကြားကာ စီမံခန့်ခွဲခွင့် ပြုလိုက်ခြင်း ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။
“ခြုံပြောရရင် ပြည်ထောင်စုအစိုးရရဲ့ လုပ်ဆောင်မှုတွေကို လျှော့ချပြီးတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရရဲ့ စီမံခန့်ခွဲ၊ လုပ်ပိုင်ခွင့်တွေကို ပိုမိုပေးအပ်မယ့် အစီအစဉ် ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်၊ မိတ္ထီလာနှင့် လားရှိုးမြို့တို့တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများ၌ ဒေသဆိုင်ရာ အစိုးရများကို လုပ်ပိုင်ခွင့် အပြည့်အဝ ပေးအပ်ထားမှု မရှိခြင်းကြောင့် ပဋိပက္ခများ ပိုမိုကြီးထွားလာကာ လူသေဆုံးမှု မြင့်တက်ခဲ့ရခြင်း ဖြစ်ကြောင်း နိုင်ငံရေး အဖွဲ့အစည်းအချို့က ဝေဖန်ထားသည်။

မြန်မာနိုင်ငံတွင်း ဖြစ်ပွားခဲ့သော အဆိုပါ ပဋိပက္ခများတွင် သက်ဆိုင်ရာရဲတပ်ဖွဲ့က ထိန်းသိမ်းနိုင်ခြင်း မရှိတော့သဖြင့် နိုင်ငံတော်သမ္မတက တပ်မတော်၏ အကူအညီရယူရန် အရေးပေါ် ကြေညာချက်များ ထုတ်ပြန်ခဲ့ရသည်။
From:The Voice
Posted by ဆူးအေမီ on 1:20 AM in | No comments



၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၃ ရက်နေ့၊ RFA မြန်မာပိုင်း အစီအစဉ်မှ နံနက် ၇ နာရီချိန် ထုတ်လွှင့် ခဲ့မှုနှင့် အိန္ဒိယသတင်း မီဒီယာများတွင် ယခုရက်ပိုင်း အတွင်း ဖော်ပြနေမှုများဖြစ်သည့် မြန်မာ- အိန္ဒိယ နယ်စပ် ခြံစည်းရိုး ကာရံခြင်းကို မရပ်တန့်ပါက မဏိပူရ် ပိုင်နက် နယ်မြေ တစ်စိတ်တစ်ပိုင်း အား မြန်မာနိုင်ငံသို့ ပေးလိုက်ရမည် သာမက ၄၀နီးပါးရှိသော ကျေရွာများသည်လည်း အိမ်နီးချင်း နိုင်ငံသို့ပါ သွားလိမ့်မည်ဟု ဖော်ပြထုတ် လွှင့်လျက်ရှိကြောင်း တွေ့ရှိနေရပါတယ်။

မြန်မာ- အိန္ဒိယ နှစ်နိုင်ငံဟာ အင်္ဂလိပ် ကိုလိုနီ အောက်ကနေ မရှေးမနှောင်းပဲ လွတ်လပ်ရေး ရခဲ့ ကြပါတယ်။ လွတ်လပ်ရေး ရပြီးတဲ့ အချိန်မှာ နှစ်နိုင်ငံ နယ်နိမိတ်ကို တိုင်းတာ သတ်မှတ်ဖို့ အတွက် နယ်နိမိတ် သဘောတူ စာချုပ်ကို ၁၉၆၇ ခုနှစ်တွင် ချုပ်ဆိုခဲ့ကြပါတယ်။
သဘောတူ စာချုပ်အရ နယ်နိမိတ် တိုင်းတာ သတ်မှတ်ခြင်းကို ၁၉၆၉မှ ၁၉၇၄ထိ ပူးတွဲတိုင်းတာ ခဲ့ပါတယ်။ နှစ်နိုင်ငံ ထိစပ်မှုအနေဖြင့် ၁၀၁၀ မိုင်ခန့် ဆက်စပ်လျက်ရှိပြီး တိုင်းတာရန် ၂ နေရာ ကျန် နေ ခဲ့ပါတယ်။ တစ်နေရာက မြန်မာ- တရုတ်- အိန္ဒိယ ၃ နိုင်ငံ ဆုံရာ နေရာပါ။ အဲဒီနေရာက အိန္ဒိယ- တရုတ်နှစ်နိုင်ငံ နယ်မြေ အငြင်းပွားမှုကြောင့် ကျန်ရှိနေတာ ဖြစ်ပြီး သူတို့ နှစ်နိုင်ငံပြေလည် မှ ဆက်တိုင်းရမှာပါ။ နောက်တစ်နေရာ ကတော့ မြန်မာ- အိန္ဒိယ ကဘော်ချိုင့်ဝှမ်း ဒေသ မှတ်တိုင် ၉တိုင် စိုက်ထူရန် ကျန်ရှိနေရတာ ဖြစ်ပါတယ်။
အကြောင်းရင်း ကတော့ မြန်မာ- အိန္ဒိယ နှစ်နိုင်ငံ အကြား ကဘော်ချိုင့်ဝှမ်း ဒေသမှာ အင်္ဂလိပ်က မှတ်တိုင် ၃၉ တိုင် သတ်မှတ် စိုက်ထူခဲ့ပြီးသားပါ။ အဲဒီတိုင်တွေ နေရာမှာ တိုင်အသစ်တွေ စိုက်ထူ ပြီး နယ်နိမိတ် သတ်မှတ်ရာ နယ်နိမိတ် မှတ်တိုင်ဟောင်းတွေ နေရာရွေ့နေတာရယ်၊ အိန္ဒိယ ဘက်က ရွာတွေ မြန်မာ့နယ်မြေဘက် ကျူးကျော် နေတာရယ်ကြောင့် မှတ်တိုင် ၉တိုင် အသစ် စိုက်ထူရန် ကျန်နေတာ ဖြစ်ပါတယ်။ ထိုနေရာတွေမှာ မြန်မာဘက်က ဆုံးရှုံးနေတာဖြစ်ပြီး နယ်နိ မိတ် စာချုပ် သဘောတူညီချက် အတိုင်း အတိအကျ ဆောင်ရွက်ပါက အိန္ဒိယ ဘက်က ကျူးကျော်နေတဲ့ ကျေးရွာ အစိတ်အပိုင်းအချို့ ရွာပြောင်း ပေးရမှာ ဖြစ်ပါတယ်။
အိန္ဒိယ ပြည်သူတွေကလည်း လက်မခံကြလို့ ၁၉၇၀မှာ သူတို့ အစိုးရကို ဆန္ဒပြမှုတွေ လုပ်ခကြပါတယ်။ ဒါနဲ့ မြန်မာဘက်က အိမ်နီးချင်း ပီသစွာ ကျူးကျော် ကျေးရွာတွေကို ဖယ်ရှား စေရန် (အစား) အစားထိုး မြေပြန်ပေးဖို့သာ ညှိနှိုင်းရာ အိန္ဒိယ ပြည်သူတွေရဲ့ ဖိအားပေးမှုကြောင့် ဖြေရှင်းရ ခက်နေပါတယ်။
ဒါ့အပြင် နယ်နိမိတ် သတ်မှတ်ပြီး နေရာတွေမှာတောင် အခုနောက်ပိုင်း ကာလများမှာ အိန္ဒိယ ဘက်က ကျူးကျော်မှုတွေ များစွာရှိနေလို့ နှစ်နိုင်ငံ ပူးတွဲ ကွင်းဆင်း စစ်ဆေးမှုတွေ လုပ်ကြ ရပါတယ်။ ကွင်းဆင်း အဖြေအရ သူတို့ဘက်က နယ်နိမိတ် ကျူးကျော်မှုတွေ ပေါ်လွင် နေတာ တောင် မဖြေရှင်းနိုင်သေးဘဲ ပြည်နယ် တရားရုံး အဆင့်မှာတင် ကြန့်ကြာ နေပါတယ်။

 အိန္ဒိယ အနေနဲ့  နယ်နိမိတ် သတ်မှတ်ပြီးဖြစ်တဲ့ နယ်နိမိတ် မှတ်တိုင် ၇၉နဲ့ ၈၁ အကြားမှာ ခြံစည်း ရိုးကာရံခြင်း ဆောင်ရွက် ခဲ့ပါတယ်။ သူတို့ခြံစည်းရိုး ခတ်မယ့် နေရာမှာရှိတဲ့ ဂေါ်ဘာယံ ရွာဟာ နယ်နိမိတ်ကို ကျော်လွန်ပြီး မြန်မာဘက် ကိုတောင် ရောက်နေတာ ဖြစ်တဲ့အတွက် ၎င်းကျေးရွာ နေရာတွင် ခြံစည်းရိုး ကာရံမှု ချန်လှပ် ဆောင်ရွက်ခဲ့ရတာ ဖြစ်ပါတယ်။ အဲ့ဒီကျေးရွာမှ အိမ်များ မြန်မာနိုင်ငံ ဘက်ကို ကျော်လွန်နေတာလည်း သူတို့ဖယ်ရှား ရှင်းလင်း နိုင်ခြင်း မရှိတဲ့အပြင် ကျေးရွာနေ သူတွေရဲ့ ဖိအားပေးမှု ခံနေရတာ ဖြစ်ပါတယ်။ ဒီအခြေအနေမှာ နိုင်ငံရေး ပါတီတွေက မဲဆွယ်တဲ့ အနေနဲ့ မြန်မာ- အိန္ဒိယ နယ်နိမိတ် ပြန်တိုင်းမယ်ဆိုတဲ့ ပုံစံမျိုး မဲဆွယ်နေပြီး ယခုကဲ့သို့ သတင်းမှားများ ထုတ်လွှင့်နေတာ ဖြစ်ကြောင်း တွေ့ရှိရပါတယ်။

မြန်မာပိုင်နက်ကို ထပ်မံကျူးကျော်မှု မရှိဖို့၊ ကျူးကျော် နေရာများအား ပြန်လည် ဖယ်ရှားဖို့ တွေဟာ နယ်စပ် ဒေသမှာရှိတဲ့ မြန်မာပြည်သူတွေလည်း သိဖို့လိုအပ်ပါတယ်။ ဒါကြောင့် မြန်မာ- အိန္ဒိယ နယ်နိမိတ် မှာရှိတဲ့ ပြည်သူတွေအနေနဲ့ မျိုးချစ်စိတ်ရှိရှိနဲ့ လိမ်မာပါးနပ်မှုတို့ဖြင့် ကာကွယ် ကြိုးပမ်း ကြရန် လိုအပ်လျက် ရှိကြောင်း၊ အဲဒီနယ်စပ်မှာ တာဝန် ထမ်းဆောင်ဖူးတဲ့ ဝန်ထမ်းဟောင်း တစ်ဦး အနေနဲ့ သိရှိသမျှကို အကျဉ်းချုပ်ပြီး မျှဝေလိုက်ရပါတယ်။
ဆောင်းပါးရှင်- ဦးအောင် (၀န်ထမ်းဟောင်း)
မြဝတီ



မင်္ဂလာပါကျွန်တော့် သူငယ်ချင်းများအားလုံးလည်းသိထားပြီးသားလည်းဖြစ်မှာပါ။မသိသေးတဲ့ သူငယ်ချင်းတွေအတွက်စုစည်းမှုလေးပါခင်ဗျ။
android ဖုန်းတွေအတွက်လိုအပ်တဲ့  top 10 players များကိုတစ်နေရာတည်းမှာအသုံးပြုလို့ ရအောင်တင်ပေးလိုက်ပါတယ်ခင်ဗျာ။အောက်မှာယူသွားပေးကြပါခင်ဗျာ။
 MX Playermx player ကလည်း android အတွက်အကောင်းဆုံး player တစ်ခုစာရင်းဝင်ပါခင်ဗျာ။
လိုချင်ရင်အောက်မှာယူပေးပါ။  INSTALL HERE






BS PlayerBS PLAYER ကလည်း android အတွက်အကောင်းဆုံး player တစ်ခုစာရင်းဝင်ပါခင်ဗျာ။လိုချင်ရင်အောက်မှာယူပေးပါ INSTALL HERE






Mobo PlayerMOBO PLAYERကလည်း android အတွက်အကောင်းဆုံး player တစ်ခုစာရင်းဝင်ပါခင်ဗျာ။လိုချင်ရင်အောက်မှာယူပေးပါINSTALL HERE






 Easy Video Player proEASY VIDEO PLAYER PRO ကလည်း android အတွက်အကောင်းဆုံး player တစ်ခုစာရင်းဝင်ပါခင်ဗျာ။လိုချင်ရင်အောက်မှာယူပေးပါINSTALL HERE






 Mobo Video Player ProMOBO VIDEO PLAYER ကလည်း android အတွက်အကောင်းဆုံး player တစ်ခုစာရင်းဝင်ပါခင်ဗျာ။လိုချင်ရင်အောက်မှာယူပေးပါINSTALL HERE






 Real PlayerREAL PLAYER ကလည်း android အတွက်အကောင်းဆုံး player တစ်ခုစာရင်းဝင်ပါခင်ဗျာ။လိုချင်ရင်အောက်မှာယူပေးပါINSTALL HERE






 QQ PlayerQQ PLAYERကလည်း android အတွက်အကောင်းဆုံး player တစ်ခုစာရင်းဝင်ပါခင်ဗျာ။လိုချင်ရင်အောက်မှာယူပေးပါINSTALL HERE






FLV Video Player FLV PLAYER ကလည်း android အတွက်အကောင်းဆုံး player တစ်ခုစာရင်းဝင်ပါခင်ဗျာ။လိုချင်ရင်အောက်မှာယူပေးပါINSTALL HERE






 VLC for Android BetaVLC FOR ANDROID PRO ကလည်း android အတွက်အကောင်းဆုံး player တစ်ခုစာရင်းဝင်ပါခင်ဗျာ။လိုချင်ရင်အောက်မှာယူပေးပါINSTALL HERE






 Meridian Media Player FusionMERIDIAN PLAYER ကလည်း android အတွက်အကောင်းဆုံး player တစ်ခုစာရင်းဝင်ပါခင်ဗျာ။လိုချင်ရင်အောက်မှာယူပေးပါINSTALL HERE



ကျွန်တော့် ဘလော့ လေးကိုလာလည်ကျတဲ့ သူငယ်ချင်းများအားလုံးကိုကျေးဇူးတင်ပါတယ်။မိတ်ဆွေတို့ ရဲ့ ဖုန်းအခက်အခဲများကို saithu102@gmail.com/saithu777@facebook.com/saithu102.blogspot.com သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ။






မင်္ဂလာပါကျွန်တော့် ညီလေးတစ်ယောက်မေးထဲကနေ Android ဖုန်း version 4.0 တွေအထက်မှာusb debugging ဘယ်လိုလုပ်ရလဲလို့ မေးလာလို့ ဒီပိုစ့် ကိုအမြန်ရေးလိုက်တာပါ။တကယ်တော့ တတ်သိနားလည်နေသူတွေအတွက်တော့ 
လွယ်လွယ်လေးပေါ့ ဗျာ။ဖုန်းတစ်လုံးကိုဝယ်ထားပြီးမှတော့  root မယ် မြန်မာဖောင့် လေးထည့် မယ်စသည်ဖြင့် စမ်းသပ်ချင်ကြတာကတော့ ထုံးစံဖြစ်နေပါပြီ။
ဖုန်းကို root ပုံ နည်းလမ်းတွေကလည်းအင်တာနက်စာမျက်နှာမှာပြည့် နေပါပြီ။root လုပ်တဲ့ နေရာမှာလည်းလက်စွမ်းထက်တဲ့  one click  tool တွေလည်းပေါ်ပေါက်နေတော့  root တာတော့ သိပ်အပန်းမကြီးတော့ ပါဘူး။အင်းဒီနေရာမှာ လူသစ်တွေအနေနဲ့  usb debugging လုပ်တာလေးကိုမှမသိရင်တော့ ဘာကိုမှဆက်မလုပ်နိုင်တော့ ဘူးပေါ့ ဗျာ။

ကျွန်တော့် အနေနဲ့ ဒီနေရာမှာ Android version 4.0 up တွေမှာ usb debugging  လုပ်တာလေးကိုပြောပြပေးသွားမှာပါ။သိပြီးသားမိတ်ဆွေတို့ ကတော့  ကျော်သွားလိုက်ပါ။
ပထမ မိမိတို့ ဖုန်းရဲ့  Setting > application > ကိုသွားပါ development > usb debugging ကိုနိုပ်ပါ။
USBdebugSetttingAnd2.jpg
 အိုကေဒီနေရာမှာသာမန် android version ၄.၀ အောက်က ဖုန်းတွေတော့ အိုကေသွားပါပြီAndroid version 4.0 up နှင့် အထက်ကျတော့  usb debugging အမှန်ခြစ်လေးနေရာမှာ နိုပ်မရဘဲဖြစ်နေပါတယ်။ဒါကို မိမိတို့ ဖုန်းရဲ့  setting > developer options > build number ကို(၇)နှစ်ချက်ထိပေးလိုက်ရင် တော့  usb debugging လုပ်လို့ ရပါပြီခင်ဗျာ။
USBdebugSetttingAnd4.jpg 
 ဒါကတော့  build number ကိုပြထားတဲ့ ပုံပါ။
 
တစ်ဆက်တည်း မိမိတို့  ဖုန်းတွေနှင့် ကိုက်ညီမယ့်  usb driver များကို လိုချင်တယ်ဆိုရင်တော့ ဒီမှာဝင်ယူ လိုက်ပါခင်ဗျာ။

ကျွန်တော့် ဘလော့ လေးကိုလာလည်ကျတဲ့ သူငယ်ချင်းများကိုကျေးဇူးတင်ပါတယ်။မိတ်ဆွေတို့  root လုပ်ချင်တဲ့ ဖုန်းအတွက် saithu102@gmail.com သို့ ဆက်သွယ်အကူအညီရယူနိုင်ပါပြီ။

Friday, August 9, 2013

Posted by ဆူးအေမီ on 7:07 AM in | No comments
မြေလျှောက်ဝိဇ္ဖာရွှေမြသာ (မင်းသိင်္ခ)
လင့်သေနေတယ်ဆိုလို့ ပြန်တင်ပေးလိုက်ပါသည်။ မင်းသင်္ခစာအုပ်များအား မာတိကာ (မ) မင်းသိင်္ခတွင် ရှာယူနိုင်သည်။

မြေလျှောက်ဝိဇ္ဇာရွှေမြသာ (၁)
http://www.mediafire.com/download/tbbfx0zqwvg90m4/myayshout_1(onairmm).pdf
မြေလျှောက်ဝိဇ္ဇာရွှေမြသာ (၂)
http://www.mediafire.com/download/7xusrafrpbyk1qq/myayshout_(part_2).pdf
မြေလျှောက်ဝိဇ္ဇာရွှေမြသာ (ဇတ်သိမ်း)
http://www.mediafire.com/download/1k3mub9v4u8zxqu/myayshout_3(onairmm).pdf
မြေလျှောက်ဝိဇ္ဖာရွှေမြသာ (မင်းသိင်္ခ)
လင့်သေနေတယ်ဆိုလို့ ပြန်တင်ပေးလိုက်ပါသည်။ မင်းသင်္ခစာအုပ်များအား မာတိကာ (မ) မင်းသိင်္ခတွင် ရှာယူနိုင်သည်။

မြေလျှောက်ဝိဇ္ဇာရွှေမြသာ (၁)
http://www.mediafire.com/download/tbbfx0zqwvg90m4/myayshout_1(onairmm).pdf
မြေလျှောက်ဝိဇ္ဇာရွှေမြသာ (၂)
http://www.mediafire.com/download/7xusrafrpbyk1qq/myayshout_(part_2).pdf
မြေလျှောက်ဝိဇ္ဇာရွှေမြသာ (ဇတ်သိမ်း)
http://www.mediafire.com/download/1k3mub9v4u8zxqu/myayshout_3(onairmm).pdf
Posted by ဆူးအေမီ on 7:01 AM in | No comments
အရက်များ ဈေးပေါနေခြင်းက ဘောလုံးကွင်းအတွင်း ရမ်းကားမှု များဖြစ်ပေါ်စေဟု ဦးဇော်ဇော် ဝေဖန်

9.8.2013

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က မြန်မာနို င်ငံရှိ ဘောလုံးကွင်းများတွင် ပရိသတ်ရမ်းကားမှုများ ဖြစ်ပေါ်နေခြင်းမှာ အရက်များဈေးကွက်အတွင်း ဈေးပေါပေါနှင့် ၀ယ်ယူသောက်သုံးခွင့် ရနေသည့်အတွက် လူငယ်များမူးရစ်ရမ်းကားမှုကြောင့် ဖြစ်ကြောင်း ဝေ ဖန်ပြောကြားခဲ့သည်။ မြန်မာနိုင်ငံတွင် မြန်မာ နေရှင်နယ်လိဂ်ပြိုင်ပွဲ စတင်ကျင်းပခဲ့သည့် ၂၀၀၉ ခုနှစ်ကတည်းက ပရိသတ်ဆူပူရမ်း ကားမှုများ နှစ်စဉ် ဖြစ်ပွားခဲ့သည်။

ယခုနှစ်မြန်မာနေရှင်နယ်လိဂ် နောက်ဆုံးပွဲစဉ်ဖြစ်သော နေပြည်တော်-ရန်ကုန်ပွဲတွင်လည်း ပရိသတ်များ ဆူပူရမ်းကားမှုကြောင့် ပွဲဖျက်ခဲ့ရသည့် ပထမဆုံး မြန်မာနေရှင်နယ်လိဂ်ပွဲအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။

ဘောလုံးကွင်းများတွင် ဆူပူအကြမ်းဖက်မှုများဖြစ်ပွားနေခြင်းနှင့် ပတ်သက်ပြီး ဦးဇော်ဇော်က “ပရိသတ်ကိုတော့ ပညာပေးအစီအ စဉ်တွေနဲ့ ဖြည်းဖြည်းချင်း စည်းရုံးရမှာပဲ။ အချိန်ယူရမှာပေါ့။ နေပြည်တော်၊ မုံရွာ၊ မန္တလေး၊ ရန်ကုန်ရယ်လို့ ခွဲမရပါဘူး။ မူးယစ်ရမ်းကားတဲ့ ပရိသတ် က နေ ရာတိုင်းမှာ ရှိပါတယ်။ အဓိကကတော့ ဈေးကွက်ထဲမှာ အရက်ကို ဈေးပေါပေါနဲ့ ၀ယ်လို့ ရနေတာပဲ။ ဒါကို ကြိုက်ကို မကြိုက်ဘူး။ လူငယ်တွေလက်လှမ်းမီတဲ့ဈေးနဲ့ အရက်ကို အလွယ်တကူ ၀ယ်ယူခွင့်ရနေ တာ ပြဿနာပါ” ဟု ဦးဇော်ဇော်က သြဂုတ်(၅)ရက်နေ့က ရန်ကုန်မြို့ဆီဒိုး နားဟိုတယ်တွင် ကျင်းပခဲ့သော ချန်ပီယံရန်ကုန်အသင်း အောင်ပွဲခံ အခမ်းအနားတွင် မီဒီယာများကို ပြောကြားခဲ့သည်။

ဆီးဂိမ်းအတွက် ရည်ရွယ်တည်ဆောက်ထားသော ၀ဏ္ဏသိဒွီကွင်းတွင် ယခုကဲ့သို့ ပရိသတ် ဆူပူမှုများ ဖြစ်ပွားခဲ့သော်လည်း ဆီးဂိမ်းတွင် ကွင်းလုံခြုံရေးကိုသာ တိုးမြှင့်မည်ဖြစ်ပြီး ကွင်းပတ်လည်ကို သံဇကာများတပ်ဆင်ရန် မစဉ်းစားထားကြောင်းလည်း ဦးဇော်ဇော်က ဆိုသည်။

ရဲရင့်ဌေး
မဇ္ဈိမ



မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က မြန်မာနို င်ငံရှိ ဘောလုံးကွင်းများတွင် ပရိသတ်ရမ်းကားမှုများ ဖြစ်ပေါ်နေခြင်းမှာ အရက်များဈေးကွက်အတွင်း ဈေးပေါပေါနှင့် ၀ယ်ယူသောက်သုံးခွင့် ရနေသည့်အတွက် လူငယ်များမူးရစ်ရမ်းကားမှုကြောင်
့ ဖြစ်ကြောင်း ဝေ ဖန်ပြောကြားခဲ့သည်။ မြန်မာနိုင်ငံတွင် မြန်မာ နေရှင်နယ်လိဂ်ပြိုင်ပွဲ စတင်ကျင်းပခဲ့သည့် ၂၀၀၉ ခုနှစ်ကတည်းက ပရိသတ်ဆူပူရမ်း ကားမှုများ နှစ်စဉ် ဖြစ်ပွားခဲ့သည်။
ယခုနှစ်မြန်မာနေရှင်နယ်လိဂ် နောက်ဆုံးပွဲစဉ်ဖြစ်သော နေပြည်တော်-ရန်ကုန်ပွဲတွင်လည်း ပရိသတ်များ ဆူပူရမ်းကားမှုကြောင့် ပွဲဖျက်ခဲ့ရသည့် ပထမဆုံး မြန်မာနေရှင်နယ်လိဂ်ပွဲအဖြစ်လည်
း မှတ်တမ်းဝင်ခဲ့သည်။

ဘောလုံးကွင်းများတွင် ဆူပူအကြမ်းဖက်မှုများဖြစ်ပွားနြေ
ခင်းနှင့် ပတ်သက်ပြီး ဦးဇော်ဇော်က “ပရိသတ်ကိုတော့ ပညာပေးအစီအ စဉ်တွေနဲ့ ဖြည်းဖြည်းချင်း စည်းရုံးရမှာပဲ။ အချိန်ယူရမှာပေါ့။ နေပြည်တော်၊ မုံရွာ၊ မန္တလေး၊ ရန်ကုန်ရယ်လို့ ခွဲမရပါဘူး။ မူးယစ်ရမ်းကားတဲ့ ပရိသတ် က နေ ရာတိုင်းမှာ ရှိပါတယ်။ အဓိကကတော့ ဈေးကွက်ထဲမှာ အရက်ကို ဈေးပေါပေါနဲ့ ၀ယ်လို့ ရနေတာပဲ။ ဒါကို ကြိုက်ကို မကြိုက်ဘူး။ လူငယ်တွေလက်လှမ်းမီတဲ့ဈေးနဲ့ အရက်ကို အလွယ်တကူ ၀ယ်ယူခွင့်ရနေ တာ ပြဿနာပါ” ဟု ဦးဇော်ဇော်က သြဂုတ်(၅)ရက်နေ့က ရန်ကုန်မြို့ဆီဒိုး နားဟိုတယ်တွင် ကျင်းပခဲ့သော ချန်ပီယံရန်ကုန်အသင်း အောင်ပွဲခံ အခမ်းအနားတွင် မီဒီယာများကို ပြောကြားခဲ့သည်။

ဆီးဂိမ်းအတွက် ရည်ရွယ်တည်ဆောက်ထားသော ၀ဏ္ဏသိဒွီကွင်းတွင် ယခုကဲ့သို့ ပရိသတ် ဆူပူမှုများ ဖြစ်ပွားခဲ့သော်လည်း ဆီးဂိမ်းတွင် ကွင်းလုံခြုံရေးကိုသာ တိုးမြှင့်မည်ဖြစ်ပြီး ကွင်းပတ်လည်ကို သံဇကာများတပ်ဆင်ရန် မစဉ်းစားထားကြောင်းလည်း ဦးဇော်ဇော်က ဆိုသည်။


ရဲရင့်ဌေး
မဇ္ဈိမ
Posted by ဆူးအေမီ on 6:52 AM in | No comments
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ် ကျွန်းကလေး ရဲကင်းတာဝန်ကျ ရဲတပ်သား ချမ်းငြိမ်းသူက လက်ထပ်ခွင့် မတင်ခြင်းနှင့် ပတ်သက်၍ လက်ပံတန်းမြို့နယ် ရဲစခန်းမှူးက လက်သီးဖြင့် ထိုးကြိတ်ခဲ့မှုကို သြဂုတ်လ ၆ ရက်နေ့တွင်
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်နှင့် ပြည်ထဲရေး ဝန်ကြီးဌာနထံသို့ တိုင်ကြားခဲ့ကြောင်း ရဲတပ်သား ချမ်းငြိမ်းသူ၏ဇနီး ဒေါ်နီနီဝင်းက ပြောကြားသည်။

အဆိုပါ ထိုးကြိတ်မှုသည် သြဂုတ်လ ၃ ရက်နံနက်ပိုင်းတွင် စခန်းမှူး ဒုရဲမှူး ဝင်းဗိုလ်က တပ်သားကို ထိုးကြိတ်ပြီးနောက် အချုပ်ခန်းတွင်းသို့ထည့်ရာ အတွင်းရှိ အချုပ်သား ၁၇ ဦးကိုလည်း စခန်းမှူးက ဝင်လာသည့် အချုပ်သား ရဲတပ်သားအား လက်သီးဖြင့် ထိုးခိုင်းပြီး ၎င်းတို့ မထိုးပါက ၎င်းတို့ အားလုံးကို အပြင်ထုတ်၍ တုတ်ဖြင့်ရိုက်မည်ဟု ပြောသဖြင့် အချုပ်သားများက ထိုးကြိတ်ခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်သား၏ ပြောကြားချက် ကိုးကား၍ ၎င်းဇနီး ဒေါ်နီနီဝင်းက ပြောကြားသည်။

“ကျွန်မနဲ့ အိမ်ထောင်ပြုတာ သုံးလပဲ ရှိသေးတယ်။ တပ်ဖွဲ့ဝင်အချင်းချင်း အထက်လူကြီးက အောက်လက်ငယ်သားကို အနိုင်ကျင့်နှိပ်စက်တော့ မကောင်းပါဘူး” ဟု ၎င်းကပြောသည်။

ဝိုင်းဝန်းထိုးကြိတ်သော ဒဏ်ရာများကြောင့် ရဲတပ်သားချမ်းငြိမ်းသူ အချုပ်၏ အိမ်သာထဲတွင် သတိလစ် မေ့မြောခဲ့ကြောင်း၊ ထို့နောက် ခရိုင်အချုပ်သို့ ထပ်မံပို့ဆောင်ခဲ့ကြောင်း၊ အချုပ်တွင် ဒဏ်ရာများ မသက်သာသဖြင့် သာယာဝတီခရိုင် ပြည်သူ့ဆေးရုံသို့ အတွင်းလူနာအဖြစ် တက်ရောက် ကုသခဲ့ပြီး သြဂုတ်လ ၇ ရက်နေ့ နေ့လယ်တွင် ဆေးရုံမှဆင်းပြီး ခရိုင်ရဲအချုပ်တွင် ထပ်မံထိန်းသိမ်းထားကြောင်း ၎င်းကရှင်းပြသည်။

အဆိုပါ ထိုးကြိတ်မှုနှင့် ပတ်သက်၍ ရဲတပ်သားသည် ရဲစည်းကမ်းဖောက်သည်ဟု စခန်းမှူးက တင်ပြထားကြောင်း၊ တပ်ဖွဲ့တွင်း ကိစ္စဖြစ်နေသောကြောင့် ဖြစ်စဉ်များကို ရဲတရားရုံးသို့ စစ်ဆေးကာ တရားဥပဒေ စိုးမိုးရေးနှင့် အမှုမှန် ပေါ်ပေါက်ရေးအတွက် တိတိကျကျ စစ်ဆေးဆောင်ရွက်မည် ဖြစ်ကြောင်း သာယာဝတီခရိုင် ရဲတပ်ဖွဲ့မှူး ရဲမှူး ဦးတင်ဇော်ထွန်းက ပြောကြားသည်။

လက်ရှိ ထိုးကြိတ်သည်ဟု စွပ်စွဲခံရသည့် စခန်းမှူး ဒုရဲမှူးဝင်းဗိုလ်ကို သွားရောက် မေးမြန်းသော်လည်း ကျန်းမာရေးကြောင့် ခွင့်ခြောက်ရက်ယူကာ ခရီးထွက်သွားကြောင်း ယာယီစခန်းမှူး ရဲအုပ် စိုးသန်းဌေးက ပြောကြားသည်။

ရဲတပ်သားကို စခန်းမှူးက ထိုးကြိတ်မှု တိုင်ကြားခြင်းကို ၎င်းတို့အနေနှင့် တတ်နိုင်သည့်ဘက်မှ အကူအညီ ပေးထားပြီး မတရားမှုများ တွေ့ရှိလာပါက မည်သူ့မျက်နှာကိုမှ ကြည့်မည် မဟုတ်ဘဲ အမှုမှန် ပေါ်ပေါက်ရေးကို တင်ပြတောင်းဆိုမည် ဖြစ်ကြောင်း၊ ပြည်သူက တင်မြှောက်သည့် အစိုးရဖြစ်သည့်အတွက် ပြည်သူရဲတပ်ဖွဲ့ဝင်များကလည်း ပြည်သူချစ်သော ရဲတပ်ဖွဲ့ဝင်များဖြစ်ရန် ဆန္ဒရှိကြောင်း သာယာဝတီခရိုင် အကျင့်ပျက် ခြစားမှုနှင့် မတရားမှု တိုက်ဖျက်ရေးကွန်ရက် ခေါင်းဆောင် ဦးကျော်ဇင်ထွန်း (ခ) ကျော်ကြီးက ပြောကြားသည်။

The Voice Weekly
Posted by ဆူးအေမီ on 6:49 AM in | No comments



အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ်ကို ခိုးယူပေါင်းသင်းမိသူ အသက် ၃၀ အရွယ် အမျိုးသား တစ်ဦးသည် အဓမ္မကျင့်မှုဖြင့် ရွှေပြည်သာရဲစခန်းတွင် တိုင်ကြားခံထားရကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူး ရုံးမှ သတင်းထုတ်ပြန်သည်။
အဆိုပါ မိန်းကလေးငယ်၏ မိဘများသည် သြဂုတ် ၂ ရက်က ၎င်းတို့သမီး ကျူရှင်သွားရာမှ အိမ်သို့ပြန် မလာသဖြင့် လိုက်လံရှာဖွေနေခဲ့ကြောင်း၊ ထိုသို့ လိုက်လံရှာဖွေနေစဉ် သူတို့သမီးကို တစ်လမ်းတည်းနေ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးက ဧရာဝတီတိုင်း ငါးသိုင်းချောင်းမြို့နယ်သို့ ခေါ်ဆောင်သွားကာ ပေါင်းသင်းနေထိုင်နေကြောင်း သိရှိခဲ့ရသည်ဟု ရဲကိုတိုင်တန်းရာတွင် ထွက်ဆိုထားသည်။
ထို့ကြောင့် မိဘများသည် သမီးဖြစ်သူကို သြဂုတ် ၆ ရက်တွင် သွားရောက်ခေါ်ဆောင်ခဲ့ပြီး သူ့သမီးကို ပေါင်းသင်းခဲ့သည့် အမျိုးသားကိုလည်း အသက်မပြည့်သေးသည့် ကလေးငယ်ကို ခိုးယူပေါင်းသင်းသူ အဖြစ်စွပ်စွဲကာ ရွှေပြည်သာရဲစခန်း၌ တိုင်တန်းခဲ့သည်ဟု ရဲမှတ်တမ်းတွင်တွေ့ ရသည်။
ယင်းသို့ တိုင်တန်းမှုကို ရွှေပြည်သာရဲစခန်းက အမှုအမှတ် (ပ) ၅၆၆/၂၀၁၃ဖြင့် အမှုဖွင့်ထားပြီး စွပ်စွဲခံရသူ အမျိုးသားကိုလည်း ဖမ်းဆီးစစ်ဆေးလျှက်ရှိပြီး သူသည် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၆ အဓမ္မပြုကျင့်မှုဖြင့် တရားစွဲခံရနိုင်ချေရှိကြောင်း သတင်းထုတ်ပြန်ထားသည်။
Mizzima - News in Burmese

Search Our Site