Ads

ကြော်ငြာ

Friday, August 9, 2013

Posted by ဆူးအေမီ on 7:01 AM in | No comments
အရက်များ ဈေးပေါနေခြင်းက ဘောလုံးကွင်းအတွင်း ရမ်းကားမှု များဖြစ်ပေါ်စေဟု ဦးဇော်ဇော် ဝေဖန်

9.8.2013

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က မြန်မာနို င်ငံရှိ ဘောလုံးကွင်းများတွင် ပရိသတ်ရမ်းကားမှုများ ဖြစ်ပေါ်နေခြင်းမှာ အရက်များဈေးကွက်အတွင်း ဈေးပေါပေါနှင့် ၀ယ်ယူသောက်သုံးခွင့် ရနေသည့်အတွက် လူငယ်များမူးရစ်ရမ်းကားမှုကြောင့် ဖြစ်ကြောင်း ဝေ ဖန်ပြောကြားခဲ့သည်။ မြန်မာနိုင်ငံတွင် မြန်မာ နေရှင်နယ်လိဂ်ပြိုင်ပွဲ စတင်ကျင်းပခဲ့သည့် ၂၀၀၉ ခုနှစ်ကတည်းက ပရိသတ်ဆူပူရမ်း ကားမှုများ နှစ်စဉ် ဖြစ်ပွားခဲ့သည်။

ယခုနှစ်မြန်မာနေရှင်နယ်လိဂ် နောက်ဆုံးပွဲစဉ်ဖြစ်သော နေပြည်တော်-ရန်ကုန်ပွဲတွင်လည်း ပရိသတ်များ ဆူပူရမ်းကားမှုကြောင့် ပွဲဖျက်ခဲ့ရသည့် ပထမဆုံး မြန်မာနေရှင်နယ်လိဂ်ပွဲအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။

ဘောလုံးကွင်းများတွင် ဆူပူအကြမ်းဖက်မှုများဖြစ်ပွားနေခြင်းနှင့် ပတ်သက်ပြီး ဦးဇော်ဇော်က “ပရိသတ်ကိုတော့ ပညာပေးအစီအ စဉ်တွေနဲ့ ဖြည်းဖြည်းချင်း စည်းရုံးရမှာပဲ။ အချိန်ယူရမှာပေါ့။ နေပြည်တော်၊ မုံရွာ၊ မန္တလေး၊ ရန်ကုန်ရယ်လို့ ခွဲမရပါဘူး။ မူးယစ်ရမ်းကားတဲ့ ပရိသတ် က နေ ရာတိုင်းမှာ ရှိပါတယ်။ အဓိကကတော့ ဈေးကွက်ထဲမှာ အရက်ကို ဈေးပေါပေါနဲ့ ၀ယ်လို့ ရနေတာပဲ။ ဒါကို ကြိုက်ကို မကြိုက်ဘူး။ လူငယ်တွေလက်လှမ်းမီတဲ့ဈေးနဲ့ အရက်ကို အလွယ်တကူ ၀ယ်ယူခွင့်ရနေ တာ ပြဿနာပါ” ဟု ဦးဇော်ဇော်က သြဂုတ်(၅)ရက်နေ့က ရန်ကုန်မြို့ဆီဒိုး နားဟိုတယ်တွင် ကျင်းပခဲ့သော ချန်ပီယံရန်ကုန်အသင်း အောင်ပွဲခံ အခမ်းအနားတွင် မီဒီယာများကို ပြောကြားခဲ့သည်။

ဆီးဂိမ်းအတွက် ရည်ရွယ်တည်ဆောက်ထားသော ၀ဏ္ဏသိဒွီကွင်းတွင် ယခုကဲ့သို့ ပရိသတ် ဆူပူမှုများ ဖြစ်ပွားခဲ့သော်လည်း ဆီးဂိမ်းတွင် ကွင်းလုံခြုံရေးကိုသာ တိုးမြှင့်မည်ဖြစ်ပြီး ကွင်းပတ်လည်ကို သံဇကာများတပ်ဆင်ရန် မစဉ်းစားထားကြောင်းလည်း ဦးဇော်ဇော်က ဆိုသည်။

ရဲရင့်ဌေး
မဇ္ဈိမ



မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က မြန်မာနို င်ငံရှိ ဘောလုံးကွင်းများတွင် ပရိသတ်ရမ်းကားမှုများ ဖြစ်ပေါ်နေခြင်းမှာ အရက်များဈေးကွက်အတွင်း ဈေးပေါပေါနှင့် ၀ယ်ယူသောက်သုံးခွင့် ရနေသည့်အတွက် လူငယ်များမူးရစ်ရမ်းကားမှုကြောင်
့ ဖြစ်ကြောင်း ဝေ ဖန်ပြောကြားခဲ့သည်။ မြန်မာနိုင်ငံတွင် မြန်မာ နေရှင်နယ်လိဂ်ပြိုင်ပွဲ စတင်ကျင်းပခဲ့သည့် ၂၀၀၉ ခုနှစ်ကတည်းက ပရိသတ်ဆူပူရမ်း ကားမှုများ နှစ်စဉ် ဖြစ်ပွားခဲ့သည်။
ယခုနှစ်မြန်မာနေရှင်နယ်လိဂ် နောက်ဆုံးပွဲစဉ်ဖြစ်သော နေပြည်တော်-ရန်ကုန်ပွဲတွင်လည်း ပရိသတ်များ ဆူပူရမ်းကားမှုကြောင့် ပွဲဖျက်ခဲ့ရသည့် ပထမဆုံး မြန်မာနေရှင်နယ်လိဂ်ပွဲအဖြစ်လည်
း မှတ်တမ်းဝင်ခဲ့သည်။

ဘောလုံးကွင်းများတွင် ဆူပူအကြမ်းဖက်မှုများဖြစ်ပွားနြေ
ခင်းနှင့် ပတ်သက်ပြီး ဦးဇော်ဇော်က “ပရိသတ်ကိုတော့ ပညာပေးအစီအ စဉ်တွေနဲ့ ဖြည်းဖြည်းချင်း စည်းရုံးရမှာပဲ။ အချိန်ယူရမှာပေါ့။ နေပြည်တော်၊ မုံရွာ၊ မန္တလေး၊ ရန်ကုန်ရယ်လို့ ခွဲမရပါဘူး။ မူးယစ်ရမ်းကားတဲ့ ပရိသတ် က နေ ရာတိုင်းမှာ ရှိပါတယ်။ အဓိကကတော့ ဈေးကွက်ထဲမှာ အရက်ကို ဈေးပေါပေါနဲ့ ၀ယ်လို့ ရနေတာပဲ။ ဒါကို ကြိုက်ကို မကြိုက်ဘူး။ လူငယ်တွေလက်လှမ်းမီတဲ့ဈေးနဲ့ အရက်ကို အလွယ်တကူ ၀ယ်ယူခွင့်ရနေ တာ ပြဿနာပါ” ဟု ဦးဇော်ဇော်က သြဂုတ်(၅)ရက်နေ့က ရန်ကုန်မြို့ဆီဒိုး နားဟိုတယ်တွင် ကျင်းပခဲ့သော ချန်ပီယံရန်ကုန်အသင်း အောင်ပွဲခံ အခမ်းအနားတွင် မီဒီယာများကို ပြောကြားခဲ့သည်။

ဆီးဂိမ်းအတွက် ရည်ရွယ်တည်ဆောက်ထားသော ၀ဏ္ဏသိဒွီကွင်းတွင် ယခုကဲ့သို့ ပရိသတ် ဆူပူမှုများ ဖြစ်ပွားခဲ့သော်လည်း ဆီးဂိမ်းတွင် ကွင်းလုံခြုံရေးကိုသာ တိုးမြှင့်မည်ဖြစ်ပြီး ကွင်းပတ်လည်ကို သံဇကာများတပ်ဆင်ရန် မစဉ်းစားထားကြောင်းလည်း ဦးဇော်ဇော်က ဆိုသည်။


ရဲရင့်ဌေး
မဇ္ဈိမ

0 comments:

Search Our Site