Ads

ကြော်ငြာ

Sunday, September 8, 2013

Posted by ဆူးအေမီ on 9:55 PM in | No comments


  • စင်ကာပူနိုင်ငံရှိဆောက်လုပ်ရေးအင်ဂျင်နီယာဘာသာရပ်ကိုပို့ချပေးနေသော Nanyang Institute of Management ၏ ကျောင်းတာဝန်ရှိသူ Ms.Tan Chek Hui မှ Construction Engineering Workshop အားစက်တင်ဘာလ(၁၄)ရက်၊စနေနေ၊ တွင်ဟောပြောပို့ချမည်ဖြစ်ပြီး အဆိုပါဟောပြောပွဲ တွင် နောက်ဆုံးပေါ်နည်းပညာများ အသုံးပြုထားသောစင်ကာပူရှိ Marina Bay Sands Construction Project အတွေ့အကြုံအား ဗီဒီယိုဖြင့် ရှင်း လင်းပြောကြား သွားမည်ဖြစ်ကြောင်း CROWN Education တာဝန်ရှိသူတစ်ဦးမှပြောသည်။
    အဆိုပါ Construction Engineering Workshop တွင်အောက်ပါအကြောင်းအရာ များကိုရှင်းလင်းပြောကြားမည်ဖြစ်သည်။

    # Technology နှင့် Entrepreneurship နယ်ပယ်တွင်စိတ်ဝင်စားပြီး၊ပြည်တွင်းပြည်ပ အင်ဂျင်နီယာကဏ္ဍအသီးသီးတွင် Technopreneur တစ်ဦးအဖြစ် ရပ်တည် နိုင်ရန် အခွင့်အလမ်းများအကြောင်းဟောပြောခြင်း။

    # ကာလတိုအတွင်းပြီးစီးရမည့်ပရော ဂျက်ကြီးများတွင်မရှိမဖြစ်အရေး ပါသောPrecast Design and Reinforce Design နည်းပညာရပ်များ အကြောင်းရှင်းလင်းခြင်း။

    # နောက်ဆုံးပေါ်နည်းပညာများအသုံးပြုထားသောစင်ကာပူရှိ Marina Bay Sands Construction Project အတွေ့အကြုံအားဗီဒီယိုဖြင့် ပြသခြင်း။

    @ နေ့ရက်-စက်တင်ဘာ(၁၄)ရက်၊စနေနေ့။ နံနက်(၉)နာရီမှ
    @ နေ့လည်(၁)နာရီထိ။(Workshop)
    @ နေ့ရက်-စက်တင်ဘာ(၁၅)ရက်၊ တနင်္ဂနွေနေ့၊
    @ နံနက်(၁ဝ)နာရီမှနေ့လည်(၁)နာရီထိ။ (One-to-One Discussion)
    @ နေရာ-CROWN Education Office

    Ms Tan Chek Huiသည် အရှေ့တောင်အာရှနိုင်ငံများရှိဆောက်လုပ်ရေး ပရောဂျက်ကြီးများတွင် ထိပ်တန်း စီမံခန့်ခွဲရေးနှင့်အကြံပေး အရာရှိအဖြစ်နှစ် (၂ဝ) ကျော်တာဝန်ထမ်းဆောင်ခဲ့ပြီး စင်ကာပူအမျိုးသားတက္ကသိုလ် (NUS)တွင် Lecturer တစ်ဦးအဖြစ် လည်းသင်ကြား ပို့ချခဲ့သည်။ယခုလက်ရှိ NIM တွင် Senior Lecturer တစ်ဦးအဖြစ်လည်းကောင်း၊Business & Property Development Director ရာထူးဖြင့် စင်ကာပူ၊တရုတ်၊မကာအိုနှင့် ဗီယက် နမ်နိုင်ငံများ၏ ပရောဂျက်လုပ်ငန်းများတွင် တာဝန်ယူလုပ်ကိုင် နေပါသည်။

    Marina Bay Sands သည်စင်ကာပူနိုင်ငံ၏သင်္ကေတတစ်ခုဖြစ်ပြီး အင်ဂျင်နီယာပညာရပ်၏အဆင့် အတန်းကိုဖော်ကျူးထားကြောင်း ၊ မြန်မာနိုင်ငံတွင်ကမ္ဘာ့အဆင့်မီတည်ဆောက်မည့် ပရောဂျက် ကြီးများရှိလာမည်ဖြစ်ခြင်းကြောင့်နိုင်ငံတကာ အတွေ့အကြုံရရှိစေ ရန်အင်ဂျင်နီယာပညာရပ်များ ကိုပြည်ပတွင်လေ့လာသင်ယူရန်တိုက် တွန်းအကြံပြုလိုကြောင်းကို Ms Tan Chek Hui မှပြောကြားသည်။
    (၁ဝ)တန်းအောင်မြင်ပြီးသူများNayang Institute of Management တွင် Diploma in Construction Engineeringအားဝင်ခွင့်လျှောက် ထား နိုင်ပါသည်။ မြန်မာနိုင်ငံမှ HND (Civil), AGTI, BTech နှင့် BE Civil ပြီးဆုံးထားသူများအနေဖြင့် ဘာသာရပ်ကင်းလွတ်ခွင့်များလျှောက်ထား နိုင်ကြောင်း၊ AGTI လက်မှတ် ကိုင်ဆောင်ထားသူများအတွက်(၈) ဘာသာ၊ BTech(၉) ဘာသာနှင့် BE ပြီးဆုံးထားသူများ (၁၁) ဘာသာ အထိ Exemptionရရှိမည်ဖြစ်၍ ကျောင်းလခကုန်ကျစရိတ် သက်သာမည်ဖြစ် ကြောင်းသိရသည်။

    အဆိုပါဘာသာရပ်ကိုစင်ကာပူအင်ဂျင်နီယာအသင်းဖြစ်သော Singapore Institute of Engineering Technologists (SIET) မှ အသိအမှတ်ပြု ထားပြီး သာမန်(၃)နှစ်ဒီပလိုမာအစား (၂)နှစ်ဖြင့်သင်ယူနိုင်ပါ သည်။ဒီပလိုမာပြီးမြောက်ပါက SIET Fellowship ဒီပလိုမာအား လည်းရရှိ မည်ဖြစ်ပြီး၊ လုပ်ငန်းအတွေ့အကြုံရှိသူများ မှာ SIET မှတဆင့် UK ၏ Professional Engineer တစ်ဦးအဖြစ်မှတ်ပုံတင်ခွင့်ရရှိမည်ဖြစ်သည်။
    Diploma in Construction Engineering ဘာသာရပ်တွင် လက်တွေ့ဆောက်လုပ်ရေး လုပ်ငန်းများသို့သွားရောက်လေ့လာသော Industrial Orientation Project လည်းပါ ရှိကြောင်းသိရသည်။
    NIM DCE မှအောင်မြင်သော ကျောင်းသူကျောင်းသားများ အတွက်၊ ဒီဂရီဘွဲ့များရယူရန်သြ စတြေးလျနိုင်ငံတွင်ဆက်လက်တက်ရောက် မည်ဆိုပါက ဘာသာ ရပ်အထူးကင်းလွတ်ခွင့်များ ရရှိပြီး University of South Australia မှပေးအပ် သော Bachelor of Build Environment (၂)နှစ်သို့မဟုတ် Bachelor of Construction Management & Economics(၃)နှစ် ၊ Griffith University ၏ BE(Civil Engineering)ကို (၂) နှစ်ခွဲ ၊ La Trobe University ၏ Bachelor of Civil Engineering ကို (၂)နှစ်ခွဲကိုတက်ရောက်နိုင်သည်။

    အထက်ပါ Construction Engineering Workshop ပွဲသို့တက်ရောက်လိုပါက CROWN Education၊ အမှတ်(၂၇ဝ)၊ပထမထပ်၊အခန်း(1 C) ၊ မြေနီကုန်၊ပြည်လမ်း၊ စမ်းချောင်း၊ ဖုန်း ဝ၉ ၇၃၂ ၇၃၂ ၇၇ နှင့် ဝ၉ ၅ဝ၈၅၁၈၅ သို့ဆက်သွယ်စာရင်းပေးသွင်းနိုင်ပါသည်။
     

0 comments:

Search Our Site