Ads

ကြော်ငြာ

Saturday, August 10, 2013

Posted by ဆူးအေမီ on 1:23 AM in | No comments

Photo: ရန်ကုန်လေဆိပ်ဝန်ဆောင်မှု လုပ်ကိုင်ခွင့်ရကုမ္ပဏီ ယနေ့ကြေညာမည်
Saturday, August 10, 2013

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် ဝန်ဆောင်မှုအချို့ လုပ်ကိုင်ခွင့်အတွက် တင်ဒါအောင်သည့် ကုမ္ပဏီကို သြဂုတ်လ ၁၀ ရက် (ယနေ့) တွင် တရားဝင် ကြေညာသွားမည် ဖြစ်ကြောင်း လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းက သြဂုတ်လ ၉ ရက်နေ့က ပြောကြားသည်။

အဆိုပါဝန်ဆောင်မှု လုပ်ကိုင်ခွင့် ရရှိမည့် ကုမ္ပဏီသည် လေကြောင်းထိန်းသိမ်းရေးမှအပ လေဆိပ်အတွင်းရှိ အခြားမြေပြင် ဝန်ဆောင်မှုများကို လုပ်ကိုင်ခွင့်ရရှိမည် ဖြစ်သည်။

တင်ဒါရွေးချယ်ရေးအတွက် ပို့ဆောင်ရေးဝန်ကြီးဌာန၏ တင်ဒါရွေးချယ်ရေး အစည်းအဝေးကို သြဂုတ်လ ၈ ရက်နေ့က ပြုလုပ်ခဲ့သော်လည်း လက်ရှိတွင် ပို့ဆောင်ရေးဝန်ကြီးဌာန၏ တင်ဒါအောင်သည့် ကုမ္ပဏီအမည် ကြေညာစာ မရောက်သေးသောကြောင့် ကုမ္ပဏီအမည်ကို မပြောနိုင်သေးကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

သြဂုတ်လ ၁၀ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများနှင့် လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ဝက်ဘ်ဆိုက်တို့တွင် တင်ဒါအောင်သည့် ကုမ္ပဏီကို တရားဝင် ကြေညာမည် ဖြစ်ကြောင်းလည်း ဦးဝင်းဆွေထွန်းက ဆိုသည်။

“တင်ဒါ ရွေးချယ်ရေးကို ဆက်လက်လုပ်နေတုန်းပဲ။ အဲ့ဒီလုပ်ငန်းစဉ် ဒီနေ့ပြတ်ရင်တော့ မနက်ဖြန် ကြေညာကောင်း ကြေညာမယ်။ ရလဒ်တော့ အခုထိ မထွက်သေးတဲ့အတွက် မနက်ဖြန်သတင်းစာမှာ ကြေညာမယ်။ မကြေညာဘူးဆိုတာ ရလဒ်ပေါ်မူတည်ပါတယ်” ဟု နေပြည်တော် ပို့ဆောင်ရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ဝန်ဆောင်မှု နောက်ဆုံးတင်ဒါကို မေလ ၂၅ ရက်က ခေါ်ယူထားရာ အကြိုအရည်အချင်းစစ် အောင်မြင် ထားသည့် ကုမ္ပဏီ ၁၁ ဖွဲ့တွင် ခုနစ်ဖွဲ့သာ လာရောက် လျှောက်ထား ခဲ့ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၏ တရားဝင်ထုတ်ပြန်ချက်အရ သိရသည်။ 

ယင်းကုမ္ပဏီ ခုနစ်ဖွဲ့မှာ စင်ကာပူနိုင်ငံမှ Yongnam-CAPE-JGC Consortium၊ မြန်မာနိုင်ငံမှ Pioneer Aerodrome Services၊ ကိုရီးယားနိုင်ငံမှ Incheon Airport Consortium၊ အမေရိကန်ပြည်ထောင်စုမှ ACO Investment Group Co., Ltd.၊ ပြင်သစ်နိုင်ငံမှ Vinci Airport၊ ဂျပန်နိုင်ငံမှ Sojitz Corporationနှင့် Toyata Tsusho Corporation ကုမ္ပဏီတို့ဖြစ်ပြီး ယင်းတို့ထဲမှ ရွေးချယ်ရမည် ဖြစ်ကြောင်း လေကြောင်း ညွှန်ကြားမှုဦးစီးဌာနက တရားဝင် ထုတ်ပြန်ထားသည်။

The Voice Weekly

0 comments:

Search Our Site