Ads

ကြော်ငြာ

Sunday, June 30, 2013

Posted by ဆူးအေမီ on 10:33 PM in | No comments

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnZK8zkiVR76Nj4Ls8k8dwftZSmQuzPKQXegsjda8s5HLZh7cVKv_bu_fMx98Q6PA5xb9Q5E-snT8-0WDHzK-hca_U1fLRgf6ZD4ekccv2fGSG9Dlfgr0SiFnPPgW-RYrZoQKhLvW_7J36/s640/6.jpg

တရုတ်နိုင်ငံ အနောက်ဘက်က လူမျိုးရေးအရ ကွဲပြားမှုတွေ ရှိနေတဲ့ Xinjiang ဒေသမှာ အဆိုးရွားဆုံး သွေးထွက်သံယို ပဋိပက္ခတွေ ဖြစ်ပွား ခဲ့ပြီးတဲ့နောက် ၂၄ နာရီပတ်လုံး လုံခြုံရေးကင်းလှည့်ဖို့ ထိပ်တန်းလုံခြုံရေး အရာရှိတဦးက အမိန့်ထုတ်ပြန်လိုက်ပါတယ်။ တရုတ်ရဲတပ်ဖွဲ့ အကြီးအကဲဖြစ်သူ Meng Jianzhu စနေနေ့က Xinjiang ပြည်နယ်ရဲ့ မြို့တော် Urumqi ကို သွားရောက် ကြည့်ရှုပြီး ရာသီမရွေး ဒေသခံတွေကို စောင့်ရှောက်ဖို့ ညွှန်ကြားခဲ့တာလို့လည်း အစိုးရပိုင် သတင်းက ဖော်ပြခဲ့တာပါ။

Urumqi မြို့မှာ လူပေါင်း ၂၀၀ လောက် သေဆုံးခဲ့ရတဲ့ ၂၀၀၉ ခုနှစ်ကစလို့ အဆိုးရွားဆုံး ဖြစ်ခဲ့တဲ့ Shanshan ခရိုင်က လူ ၃၅ ယောက် သေဆုံးခဲ့ရတဲ့ အကြမ်းဖက်မှုတွေ ဖြစ်ပွားအပြီး ၃ ရက်အကြာမှာပဲ အခုလို အမိန့် ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။ Xinjiang ဒေသဟာ ဆိုရင် လူများစုဖြစ်တဲ့ ဟန်တရုတ်အနွယ်တွေနဲ့ မူဆလင်အများစုဖြစ်ကြတဲ့ ၀ီဂါတွေကြား နှစ်ပေါင်း များစွာ တင်းမာမှုတွေရှိနေတဲ့ နယ်မြေတခုပါ။

ဝါရှင်တန်အခြေစိုက် လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့တခုဖြစ်တဲ့ ၀ီဂါ-အမေရိကန် အသင်းကတော့ ၂၀၀၉ ခုနှစ်တုန်းက ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ ၄ နှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ်တဲ့ ဇူလိုင်လ ၅ ရက်နေ့အထိ လုံခြုံရေးကို တင်းကျပ် ထားလိမ့်မယ်လို့ မျှော်လင့်ရကြောင်း ပြောပါတယ်။

Xinjiang ပြည်နယ် အစိုးရတော့ ဇွန်လ ၂၆ ရက်နေ့က အဓိကရုဏ်းနဲ့ ပတ်သက်တဲ့ နောက်ထပ် အသေးစိတ် အချက်အလက်တွေကို တနင်္ဂနွေနေ့က ၀က်ဘ်ဆိုက်ပေါ်မှာ ဖော်ပြရာမှာတော့ အကြမ်းဖက်ဖို့ လှုံ့ဆော်မှုတွေကို ပုံမှန်လိုလို နားထောင်ကြတဲ့ အစ္စလာမ်အုပ်စုတခုကို အပြစ်တင်ခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာဌာန)
Posted by ဆူးအေမီ on 10:29 PM in | No comments


မြန်မာနိုင်ငံမှဆေးပညာဘာသာရပ်တခုခုသို့မဟုတ် ဆရာဝန်ဘွဲ့ရရှိထား သူများအနေဖြင့်Griffith University ၏ Graduate Certificate in Health Services Management နှင့်Master of Health Services Management ကိုလေ့လာသင်ယူနိင်မည်ဖြစ်ကြောင်းနှင့်အဆိုပါဘာသာ ရပ်များ၏ ထူးခြားချက်အနေဖြင့်လက်တွေ့လုပ်ဆောင်ရသော စာသင်ကြားမူ့များနှင့်အလုပ်အကိုင်နေရာချထားမူ့ပါဝင်ကြောင်း ကျောင်းလျှောက်ထားခြင်းကို ၀န်ဆောင်မှု့ ပြေးမည့် CROWN Education မှတာဝန်ရှိသူတစ်ဦးမှပြောကြားသည်၊၊

အဆိုပါဘွဲ့ ကို Australian College of Health Service Management (ACHSM) အဖွဲ့ကြီး မှအသိ အမှတ်ပြု ထားပြီးကျောင်းပြီးပါ က ACHSM အဖွဲ့ဝင် အဖြစ် ပါဝင်ခွင့်ရရှိမည်ဖြစ်သည်။

ကျောင်းသားကျောင်းသူများအနေဖြင့်အပတ်စဉ် အလှည်ကျအဖြစ်တစ် ပတ်လေးရက်စာသင်ရမည်ဖြစ်ပြီး ကျန်အပတ်ကို လုပ်ဖော်ကိုင်ဖက် များ၊ ဆရာဆရာများ၊ ပရောဂျက်လုပ်ငန်း တာဝန်ရှိသူများနှင့် လက်တွေ့ လုပ်ဆောင်စီမံခန့်ခွဲရ မည်ဖြစ် သည်။ သင်ယူရမည့်မော်ဂျူးများ အနေဖြင့်Health Informatics ၊Health Systems ၊ Health Economics ၊ Health Finance and Project Management ၊ Leadership in Management for Health Services ၊ Strategic Decision Making in Health နှင့် Health Policy and Planning တို့ကိုသင်ယူနိုင်သည်။

ဘွဲ့ရများအနေဖြင့် သြစတြေးလျ သို့မဟုတ် နိုင်ငံတကာတွင် Health Project Manager များအဖြစ် လုပ်ကိုင်နိုင်ရန်အခွင့်အလမ်းများ ရရှိနိုင်မည်ဖြစ်ကြောင်းလည်းသိရသည်၊၊

“နိုင်ငံတကာ မှာ အရည်အသွေးပြည့်ဝပြီးအဆင့်မှီတဲ့ ကျန်းမာရေး စောင့်ရှောက်မူ့၊ ကျန်းမာရေးဝန်ဆောင်မူ့လုပ်ငန်း များဖွံဖြိုး တိုးတက် လာနေပါတယ်။ မြန်မာနိုင်ငံမှာလည်း တမျိုးသားလုံး ကျန်းမာဖို့ဆို ရင်ကောင်းမွန်တဲ့စီမံကိန်းတွေ၊ နောက်ပြီးအရည်အသွေးပြည့်ဝ တဲ့ ကျန်းမာ ရေးစီမံခန့်ခွဲသူများလိုအပ်လာပါတယ်။ ဒီဘာသာရပ်မှာဆိုရင် ကျန်းမာရေးစီမံကိန်း ကိုရေးဆွဲပြီး အကောင် အထည် ဖော်လုပ် ဆောင်ရမူ့၊ အဲဒီစီမံကိန်းထဲမှာ လုပ်သားစွမ်းအား၊ ဘတ်ဂျက်တွေ တွက်ချက် ခြင်း၊နိုင်ငံတကာ ပရောဂျက်တွေကို လက်တွေ့ ပူးပေါင်းလုပ်ဆောင်မူ့၊ ကျန်းမာရေးေ စာင့် ရှောက်မူ့နှင့် စီမံခန့်ခွဲမူ့ သင်ခန်း စာတွေ ပါဝင်လို့ အသိပညာအ တတ်ပညာများကို ရရှိမည်ဖြစ်ပါတယ်” ဟု CROWN Education မှဦးအောင်ကျော်ဆန်းမှပြောကြားသည်။

မြန်မာနိုင်ငံမှ MBBS လက်မှတ်ရကျောင်းသူကျောင်းသားများအနေဖြင့် သြစတြေလျနိုင်ငံတွင် ဆေးပညာနှင့် ဆက်စပ်သော ဘွဲ့ လွန်သင်တန်းများ အတွက် ၀င်ခွင့်ခက်ခဲ့လေ့ရှိပြီး ယခုပရိုရမ်သည် မြန်မာနိုင်ငံမှ ဆရာဝန်များအတွက် အသင့်တော်ဆုံးပရိုဂရမ် တစ်ခုဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်၊၊

Intake မှာ ဖေဖော်ဝါဂရီ နှင့်ဇူလိုင်လတို့ဖြစ်ပြီးGraduate Certificate ကို(၆) လနှင့် Master ပရိုဂရမ် ကိုတနှစ်ကြာသင်ယူနိုင်ပြီး ကျောင်း လခ Graduate Certificate အတွက် သြစတြေးလျဒေါ်လာ ၈၉၂ဝ နှင့် Master of Health Services Management အတွက် AUS $ 17840 ကုန်ကျ မည်ဖြစ်သည်။ မြန်မာနိုင်ငံမှ ဆေးပညာ ဘာသာရပ် တခုခု(သို့ဟုတ်)၊ ဆရာဝန်ဘွဲ့တခုခုရရှိထားပြီးအင်္ဂလိပ်စာ လိုအပ်ချက် IELTS 6.5 ရှိသူများ လျှောက်ထားနိုင်သည်။

ကျောင်းလျှောက်ထားရန်အသေးစိတ်သိရှိလိုသူများအနေဖြင့် CROWN Education၊ အမှတ်(၂၇၀) ၊ ပထမထပ်၊ အခန်း(1 B) ၊ မြေနီကုန်း၊ ပြည်လမ်း၊ ကောင်းမြတ်မွန်ဆေးခန်းအပေါ်ထပ်၊ ဖုန်း ၀၉-၇၃၂ ၇၂၃ ၇၇ ၊ ၀၉- ၅၀ ၈၅ ၁၈၅ သို့ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။
 
 
CROWN Education၊
Posted by ဆူးအေမီ on 8:05 AM in | No comments



နိုင်ငံတော်သမ္မတ၏ ညွှန်ကြားချက် ဖြင့် ဆက်သွယ်ရေး လုပ်ငန်းလိုင်စင် တင်ဒါ စိစစ်ရွေးချယ်ရေး ကော်မတီက ဇွန်လ ၂၇ ရက်နေ့တွင် ဆက်သွယ်ရေးလိုင်စင် ရရှိသူနှစ်ဦး၏ အမည်စာရင်းကို ရွေးချယ် ထုတ်ပြန်ခဲ့ရာ အဆိုပါရွေးချယ်မှုကို မကျေနပ်ပါက တင်ဒါရွေးချယ်ရေး အဖွဲ့ကို တရားစွဲဆို နိုင်ကြောင်း သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိမ်းက ပြောကြားသည်။
နေပြည်တော် စက်မှုဝန်ကြီးဌာန တွင် ပြည်ထောင်စုဝန်ကြီး အချို့နှင့် ပြည်တွင်းပြည်ပ မီဒီယာများ တွေ့ဆုံစဉ် သမ္မတရုံးဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။
ဆက်သွယ်ရေးလိုင်စင် ရွေးချယ်ရာတွင် ကာတာအခြေစိုက် ကုမ္ပဏီကို လိုင်စင် ရွေးချယ်ပေးအပ်ခြင်းမှာ မလိုလားအပ်သည့် နောက်ဆက်တွဲ ပြဿနာများ ပေါ်ပေါက် လာနိုင်ကြောင်း၊ ဘာသာခြား အဖွဲ့အစည်း တစ်ခုဖြစ်၍ ပြည်သူများက ကန့်ကွက်မှုမျိုး ကြုံလာနိုင်ကြောင်း အင်တာနက်စာမျက်နှာ များတွင် ဝေဖန်မှုများ ရှိနေသောကြောင့် ဝန်ကြီးက ယင်းအတိုင်း တုံ့ပြန်ဖြေကြားခြင်း ဖြစ်သည်။
“ရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်ရာမှာ တန်းတူညီမျှ အခွင့်အရေး ပေးရပါတယ်။ ခွဲခြားလို့မရဘူး။ ဆက်သွယ်ရေးလိုင်စင် မှာဆို မလေးရှားကလည်း ပြိုင်တာပဲ၊ အင်ဒိုနီးရှားကလည်း ပြိုင်တာပဲ။ ကော်မတီက အသင့်တော်ဆုံးလို့ ယူဆသူကို ရွေးတာ။ သဘောမတူ မကျေနပ်ရင် ရွေးတဲ့အဖွဲ့ မေးလို့ရတယ်။ တရားစွဲလို့ရတယ်” ဟု ဦးစိုးသိမ်းက ဆိုသည်။
ဆက်သွယ်ရေးလိုင်စင် ရွေးချယ် ပေးအပ်ရာတွင် နိုင်ငံနှင့် ပြည်သူအကျိုး အတွက် အဘက်ဘက်က လေ့လာသုံးသပ်ပြီး နိုင်ငံတကာစံနှုန်း များအတိုင်း ရွေးချယ် ပေးအပ်ခြင်းဖြစ်ကြောင်း၊ မည်သည့် ပယောဂမျှ ပါဝင်ခြင်းမရှိဘဲ စည်းမျဉ်း စည်းကမ်းများနှင့် အညီ ပွင့်လင်းမြင်သာမှု အရှိဆုံးလုပ်ငန်း တစ်ခုအဖြစ် ဆောင်ရွက် ထားခြင်းဖြစ်ကြောင်း တင်ဒါကော်မတီ ဥက္ကဋ္ဌ ဦးဆက်အောင်က ပြောကြားသည်။
ဆက်သွယ်ရေးလိုင်စင် အတွက် ငွေကြေးအင်အား တောင့်တင်းမှုတစ်ခု တည်းဖြင့်သာ ဆုံးဖြတ်ခြင်း မဟုတ်ဘဲ ရွေးချယ်ရေးစည်းကမ်းပေါင်း ၂၀၀ ကျော်ရှိ ကြောင်း၊ ထိုအထဲမှ ပြည်သူအတွက် အကောင်းဆုံး ဝန်ဆောင်မှု ပေးနိုင်မည်ဟု ယူဆသူကိုသာ အသေအချာ ရွေးချယ်ခြင်းဖြစ်ကြောင်း တင်ဒါကော်မတီ ထံမှ စုံစမ်းသိရှိရသည်။
ကာတာကုမ္ပဏီ Ooredoo ဆက်သွယ်ရေးလိုင်စင် ရရှိသွားခြင်းမှာ အကြံပေးအဖွဲ့ Roland Berger ၏ အမှတ်ပေးစည်းမျဉ်း များကို ကြိုတင်သိရှိနေပြီး အဆိုပါအမှတ် ပေးစနစ်အရ အမှတ်အများဆုံး ရရှိအောင် ဆောင်ရွက်သွားခြင်း ဖြစ်သည်ဟု မိမိတို့ ကြားသိရကြောင်း ဆက်သွယ်ရေးလိုင်စင် ဝင်ရောက်ယှဉ်ပြိုင်သည့် ပြည်တွင်းကုမ္ပဏီ တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးရန် ပြည်ပဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းကုမ္ပဏီ နှစ်ခုကို အဆင့်ဆင့်စိစစ် ရွေးချယ်ကာ လုပ်ငန်းလိုင်စင် ပေးအပ်ခြင်းဖြစ်ပြီး နောက်ဆုံးအဆင့် တင်ဒါဝင်ရောက် ယှဉ်ပြိုင်သည့် ပြည်ပအဖွဲ့အစည်း ၁၁ ခုမှ နော်ဝေကုမ္ပဏီ Telenor နှင့် ကာတာ ကုမ္ပဏီ Ooredoo ကို ရွေးချယ် ပေးအပ်ခဲ့သည်။
The Voice Weekly
Posted by ဆူးအေမီ on 7:21 AM in | 1 comment



Credit to - www.myanmarbookfree.blogspot.com




Download -  ဆေးဘက်ဆိုင်ရာ ယောဂကျင့်နည်း

မောင်စွယ်စုံကျမ်း

Posted by ဆူးအေမီ on 7:05 AM in | No comments


သီရိလင်္ကာနိုင်ငံက Time Magazine ကို ပိတ်ပစ်လိုက်ပါပြီ။ ထူးဆန်းတာတစ်ခုတော့ သီရီလင်္ကာနိုင်ငံမှာ သြဇာအရှိဆုံး ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အတွင်းရေးမှူးချုပ် လက်ရှိသမ္မတ ရာဂျပါတ်ဆရဲ့ အစ်ကိုဖြစ်သူက ဂေါတာဘယ ရာဂျပါတ်ဆကိုယ်တိုင်က ညွှန်းကြားလိုက်တာဖြစ်ပြီး တရားဝင်ကြေညာသွားခဲ့ပါပြီ။ မနေ့တုန်းကတော့ ကောလာဟာသတင်အဖြစ်နဲ့ သိရှိပေမယ့် ဒီနေ့မှာတော့ တကယ်ကို ဖြစ်လာတာပါ။ မြန်မာပြီးယင် Time Magazineကို ပိတ်ပင်တဲ့ နိုင်ငံအနေနဲ့ သီရိလင်္ကာနိုင်ငံဟာ ဒုတိယမြောက် နိုင်ငံဖြစ်လာပါတယ်။ အိန္ဒိယမှာလည်း BJP ပါတီက ပိတ်ပင်ဖို့ မနေ့က တောင်းဆိုထားတာတွေကို သတင်ရုပ်မြင်သံကြားတွေမှာ ဖော်ပြကြပါတယ်။ တကယ် ဖြစ်လာမလာတော့ မသိသေးပါ။ အိန္ဒိယဆိုတာလည်း သိတဲ့အတိုင်းပဲ။ သူတို့လူအများစုက လက်မခံယင် အစိုးရမကလို့ ဘယ်သူဘာပဲ ဖြစ်ဖြစ်၊ ဆိုင်တွေမပိတ်လို့ ဆိုင်တွေကို ဖွတ်ဖွတ်ကြေအောင် ရိုက်ခွဲပစ်တာတွေ ရှိတယ်။ လက်ရှိအနေအထားနဲ့ကတော့ တစ်ခြားပြည်နယ်တွေတော့ မသိပါ။ ဘောလိဝုဒ်မြို့တော့်၊ စီးပွားရေးမြိုတော် မွမ်ဘိုင်းကတော့ တကယ်လို့ ရောင်းပြီးလို့ ဖတ်မိခဲ့ယင်တောင်မှ နောက်ဆက်တွဲအနေနဲ့ အနေနဲ့ Time Magazine အနေနဲ့ အကျိုးဆက်တွေကို ခံစားရဖွယ် ရှိနေပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီပြည်နယ်ဟာ ဒေါက်တာ အမ်ဘေဒကာရဲ့ ဗုဒ္ဓဘာသာအများစု လွမ်းမိုးထားလို့ပါ။ အခုအိန္ဒိယမှာ ဘာသာတိုင်း လွတ်လပ်ခွင့်ရနေကြတာဟာ ဇာတ်နိမ့်ဘ၀နေ ကိုလံဘီယာ တက္ကသိုလ်မှာ ဥပဒေရေးရာနဲ့ ဒေါက်တာဘွဲ့ ရရှိခဲ့ပြီး အိန္ဒိယနိုင်ငံရဲ့ လက်ရှိအခြေခံဥပဒေဟာ တစ်ချိန်က အင်္ဂလိပ်တို့အသုံးပြုခဲ့တဲ့ old constitution ဖြစ်ပါတယ်။ ဒါကိုဒေါက်တာ အမ်ဘေဒကာက copy & paste လုပ်ထားခဲ့တာပါ။ သူလည်းတန်ခိုးထွားပြီး ဗုဒ္ဒဘာသာကို ကူးပြောင်းပြီး လတောင် သိပ်မကြာလိုက်ပါဘူး။ လုပ်ကြံခံရပါတယ်။ နှစ်စဉ်နှစ်တိုင်း နာဂပူမှာ ဗုဒ္ဓဘာသာကူးပြောင်းပွဲ ခြိမ့်ခြိမ့်သဲ ကျင်းပါလျက်ရှိနေတုန်းပါ။

သီရိလင်္ကာနိုင်ငံဆိုတာလည်း သိတဲ့အတိုင်းပါပဲ ဗုဒ္ဓဘာသာနဲ့ပါတ်သက်ယင် ဆတ်ဆတ်ထိမခံတဲ့ နိုင်ငံပါ။ သူတို့ဘာသာ သာသနာထိပါးလာတာနဲ့ ဟောလိဝုဒ် ရုပ်ရှင်ဇာတ်ကားတွေ ပိတ်ပစ်ခဲ့ရတာ ရှိသလို၊ နာမည်ကြီးအဆိုတော် Akon ဟာဆိုလို့ ရှိယင်လည်း သူ့ဖျော်ပြေပွဲတွေ ဖျက်သိမ်းခဲ့ရပါတယ်။ အစိုးရက သူ့ကို တရားဝင် ဗီဇာပိတ်လိုက်သလို နောက်ဆက်တွဲအနေနဲ့ ထိုင်နိုင်ငံမှာ သူ့အခွေတွေကို မီးရှိုဖျက်ဆီးခဲ့ပါတယ်။ သီရိလင်္ကာနိုင်ငံလို နောက်နောက်ထပ် ပေါ်ပေါက်လာတဲ့ နိုင်ငံကတော့ ဘူတန်နိုင်ငံပါ။ လူဦး ၇ သိန်းကျော် ပါ ။ သူတို့ ဗုဒ္ဓဘာသာဦးရေက သုံးပုံ ပုံယင် ၂ ပုံပါ။ ဘုရင်ကိုယ်တိုင်က အနောက်တိုင်းသွားတိုင်းပြီး ပညာသင်ယူခဲ့ပါတယ်။ သူဘွဲ့ယူပြီးလို့ သိပ် မကြပါ။၊ သူနန်းတက်ပါတယ်၊ ပြီးတော့ သူကိုယ်တိုင် ဒီမိုကရေစီကို လမ်းကြောင်းခင်းပေးခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်မှာ ဘုန်းတော်ကြီးတွေက အိန္ဒိယနဲ့ တရုတ်နိုင်ငံကြားမှာ နေရတာ ဖြစ်သလို ပါကစ္စတန်နဲ့ ကပ်လျက်တတည်ရှိနေတဲ့အတွက် ဗုဒ္ဓဘာသာကို ကာကွယ်ဖို့အတွက် ဘုရင်နဲ့ တိုင်ပင်ကြပါတယ်။ ဘူတန်အမျိုးသမီးတွေကို နိုင်ငံခြားသားတွေနဲ့ လက်ထပ်ခွင့်ပိတ်ပင်လိုက်ပါတယ်။ ဒါကလည်း ဘုရင်ကိုယ်တိုင်က ညွှန်းကြားလိုက်တာပါ။ သူတို့ အဲ့လို မလုပ်ဘူးဆိုယင် ဟိန္ဒူတွေက တစ်ဖြည်းဖြည်း ကြီးထွားလာနေတာကြောင့်ပါ။ လူ့အခွင့်အရေးတွေကတော့ ထုံးစံအတိုင်း တစ်ပြားမှသာ မထောက်ပံ့တာ အကျယ်တ၀င့်အော်ပါတယ်။ အဲ့ဒီလောက်သေးငယ်တဲ့ နိုင်ငံက နိုင်ငံခြားရေး ၀န်ကြီးဌာန အမေရိကန်ကို ဘာပြန်လဲ သိလား။ မင်းတို့ နိုင်ငံရော လူ့အခွင့်ရေး မချိုးဖောက်တာတွေ ရှိနေလို့လား ပြန်မေးခွန်းထုတ်လိုက်ပါတယ်။ အမေရိကန်လည်း တိတ်သွားခဲ့ပါတယ်။ အခုတော့ ဘယ်ခွေးမှကို မဟောင်တော့သာလို့ ပြောရမလိုပါပဲ။ ဘူတန်ဗီဇာရဖို့တောင် အနိုင်နိုင်ဖြစ်သွားပါတယ်။ ဘုရင်ကိုယ်တိုင် လူငယ်ဖြစ်ပေမယ့် သူ့နိုင်ငံကို ဘုရင်စနစ်ကနေ ဒီမိုကရေစိ လမ်းကြောင်းပေါ် အရောက်ပေးပို့ခဲ့ပါတယ်။ ဘူတန် အမျိုးသားတွေ အနေနဲ့ မိန်းမတွေ အမြောက်အများယူကြပေမယ့် ဘုရင်ကိုယ်တိုင် တစ်လင်တစ်မယားစနစ်ကို သူကျင့်သုံးမယ်လို့ ပြောတာပဲ ရှိတယ်။ ဥပဒေတွေ ပြဌာန်ခိုင်းခဲ့တာ မဟုတ်ပါ။ ဘုရင်ကိုယ်တိုင် အဲ့လိုလုပ်တော့ ၀န်းကြီးချုပ်ကိုယ်တိုင်က တစ်လင်တစ်မယားစနစ်ကို ဦးစားပေးဖို့ လုပ်ဆောင်ခဲ့ပါတယ်။ ဘူတန်မှာ အပျော်ရွှင်ဆုံးနိုင်ငံစာရင်းထဲမှာ ပါ ပါတယ်။ တကယ်လည်း ဟုတ်ပါတယ် ထင်းဖူးကို သွားလည်တုန်းက လူတွေက မြန်မာတွေနဲ့တော်တော်ကို စိတ်သဘောထားခြင်း တူပါတယ်။ အကုန်ကူညီပါတယ်။ မြန်မာထက်သာသွားတာတော့ အင်္ဂလိပ်စကားပဲ။ အင်္ဂလိပ်စကားဟာ ရုံးသုံးဘာသာစကားမဟုတ်ပေမယ့် ၇၅% ဟာ အင်္ဂလိပ်လို ပြောဆိုနိုင်ကြတယ်။ ဘုရင်ကိုယ်တိုင်ကလည်း ပညာရေးကို အထူးလေးထားလို့ တက္ကသိုလ်တွေ တည်ထောင်၊ ပြီးနိုင်ငံခြားတိုင်းပြည်တွေကို ပညာသင်လွတ်ပါတယ်။ အခမဲ့နော်။ လူသားအရင်းအမြှစ်ကို အသုံးပြုတာပါ။ သီရိလင်္ကာနိုင်ငံဆိုလို့ ရှိယင်လည်း ထိုနည်း၎င်းပါပဲ။ အသံစုတ်ပြတ်တာကလွဲလို့ပေါ့လေ။ ၇၅% ဟာ အင်္ဂလိပ်ပြောဆိုနိုင်ကြတယ်။ နိုင်ခြားတိုင်းပြည်တွေကို ပညာသင်လွတ်ပါတယ်။ အခမဲ့ပါ။ ဘုန်းတော်ကြီးတွေအတွက်ဆို ဘာမှကို မလိုတာပါ။ ကျုပ်တို့မှာတော့ ကိုယ့်ဟာကို သူတောင်းစားဖြစ်မှန်းမသိ ဖြစ်နေကြပါတယ်။ ကိုင်း ဒီလောက်ပါပဲ။



Source:
http://www.colombotelegraph.com/index.php/the-face-of-buddhist-terror-sri-lanka-to-ban-time-magazine/

http://www.mirror.lk/news/8553-time-magazine-banned-in-sri-lanka
http://www.srilankamirror.lk/news/8553-time-magazine-banned-in-sri-lanka
http://www.arunalokaya.com/index.php?option=com_content&view=article&id=5824%3Atime-magazine-ban-in-sri-lanka&catid=1%3Alatest-news&Itemid=18


သရဲတွေနေတဲ့ မြို့မှာ ကိုယ်တစ်ယောက်တည်းနေပြီးတော့
သရဲတွေကိုနိုမ်နှင်းတဲ့ဂိမ်းလေးပါ  လက်နက်တွေဝယ်ဖို့အတွက်တော့မပူပါနဲ့ ပိုက်ဆံကတော့ Unlimitedဘဲ
https://play.google.com/ကစားမယ်ဆို အောက်ကလိပ်စာမှာရယူနိုင်ပါတယ် 
Download>>>zippyshare (or)datafilehost

မောင်(စွယ်စုံကျမ်း)

Saturday, June 29, 2013




စံမြန်မာဖောင့်ပါဝင်တဲ့ HTC ONE စမတ်ဖုန်းအသစ်ကို လာမယ့် ဇူလိုင်လအတွင်းမှာ ရောင်းချဖို့ စီစဉ်နေတဲ့အကြောင်း ဇွန်လ ၂၆ရက်နေ့ကထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

 Kamayut MediaTv
Posted by ဆူးအေမီ on 11:06 PM in | No comments




လူမျိုးရေး ဘာသာရေးအသွင်ဆောင်တဲ့ ပဋိပက္ခတွေ တောင်ဥက္ကလာပမှာ မဖြစ်အောင် ကြိုတင်ကာကွယ်ရေးတွေ ပြင်ဆင်ထားတယ်လို့ ငြိမ်းချမ်းရေးလူငယ်များအဖွဲ့က ဇွန်လ ၂၉ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။




  
 

Friday, June 28, 2013

Posted by ဆူးအေမီ on 10:22 PM in | No comments

နေပြည်တော်ရှိ သင်္ဂဟ ဟိုတယ်တွင် ယနေ့နံနက် ၉နာရီ ၃၀မိနစ်က
British Councilမှ ကြီးမှုးကျင်းပတဲ့ Empowering Higher Education ဆွေးနွေးပွဲသို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ဗဟိုအလုပ်မှုဆေင်အဖွဲ့ဝင်များ ဖြစ်သော ဦးဟန်သာမြင့် ၊ ပညာရေးကွန်ယက် မှ ဒေါက်တာသိန်းလွင် ၊ ပညာရေးဌာနမှ ဒေါက်တာမျိုးမြင့်၊ ဒေါက်တာချမ်းငြိမ်း၊ နိုင်ငံတကာမှ ပညာရှင်များ ပြည်တွင်းပညာရှင်များ ၊ NGO များ တက်ရောက်ကြသည်။ အခမ်းအနားတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥ
က္ကဌ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော် မတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်မှ တက်ရောက်အမှာစကားပြောကြားခဲ့သည် လည်းကောင်းပညာရေးဆွေးနွေးပွဲကို ၂ ရက်ဆက်တိုက်ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
NLD ဖေ့ဘုစ်မှ
— British Council ကြီးမှုးကျင်းပတဲ့ပညာရေး ဆွေးနွေးပွဲ ဒေါ်စု တက်ရောက်
Y210 Series တွေကို Recovery ကနေ Root,မြန်မာစာ,လက်ကွက်အကုန်ထည့်နည်း (v2)


ပထမဆုံး ဒီ ဖိုင်လေးကိုဒေါင်းလိုက်ပါ။

Y210 Recovery Installer  v1.2           

MMSD.zip                                   

ပြီးသွားရင်တော့ update.zip ကို SD card ထဲထည့်လိုက်ပါ။

ဖုန်းကိုပါဝါပိတ်ပါ။

ပြီးရင် Volume Down + Power နဲFastboot Mode ၀င်လိုက်ပါ။

Huawei LOGO လေးရပ်နေပြီဆိုရင် ကြိုးထိုးလိုက်ပါ။

Download လုပ်ထားတဲ့ Tool ကိုဖွင့်လိုက်ပါ။

Screenshot - 6_28_2013 , 8_23_28 PM
 Login Password
password:mmsd
password:mobilemother
password:phyochan

 

မိမိဖုန်းကိုရွေးချယ်ပြီး လုပ်ပါ။

 

Screenshot - 6_28_2013 , 8_23_45 PM

 

 

အားလုံးပြီးသွားရင်တော့ ဖုန်းကို Battery ဖြုတ်ပြီး Recovery Mode ၀င်လိုက်ပါ။

Volume Up + Power ကိုဖိနှိပ်ထားရင် Recovery Mode ကိုရောက်ပါပြီ။

imasge3069

 

ပေးထားတဲ့ Update.zip ကို Install zip From SD Card 

ကနေရွေးပေးလိုက်ရင်အဆင်ပြေပါပြီ။

ပြန်တက်လာရင်တော့ မိမိဖုန်းဟာ Myanmar 

Font,FrozenKeyboard,Root Access 

တစ်ခါတည်းအကုန်ရပြီးဖြစ်ပါလိမ့်မယ်။

ဖြိုးချမ်း

http://www.myanmarmobilesoftwaredeveloper.com/?p=7638

http://www.mms-developer.com/2013/06/y210-series-recovery-root-v2.html


ပထမဆုံး ဒီ ဖိုင်လေးကိုဒေါင်းလိုက်ပါ။

Y210 Recovery Installer v1.2

MMSD.zip

ပြီးသွားရင်တော့ update.zip ကို SD card ထဲထည့်လိုက်ပါ။

ဖုန်းကိုပါဝါပိတ်ပါ။

ပြီးရင် Volume Down + Power နဲFastboot Mode ၀င်လိုက်ပါ။

Huawei LOGO လေးရပ်နေပြီဆိုရင် ကြိုးထိုးလိုက်ပါ။

Download လုပ်ထားတဲ့ Tool ကိုဖွင့်လိုက်ပါ။

Screenshot - 6_28_2013 , 8_23_28 PM
Login Password
password:mmsd
password:mobilemother
password:phyochan



မိမိဖုန်းကိုရွေးချယ်ပြီး လုပ်ပါ။



Screenshot - 6_28_2013 , 8_23_45 PM





အားလုံးပြီးသွားရင်တော့ ဖုန်းကို Battery ဖြုတ်ပြီး Recovery Mode ၀င်လိုက်ပါ။

Volume Up + Power ကိုဖိနှိပ်ထားရင် Recovery Mode ကိုရောက်ပါပြီ။

imasge3069



ပေးထားတဲ့ Update.zip ကို Install zip From SD Card

ကနေရွေးပေးလိုက်ရင်အဆင်ပြေပါပြီ။

ပြန်တက်လာရင်တော့ မိမိဖုန်းဟာ Myanmar

Font,FrozenKeyboard,Root Access

တစ်ခါတည်းအကုန်ရပြီးဖြစ်ပါလိမ့်မယ်။

ဖြိုးချမ်း

http://www.myanmarmobilesoftwaredeveloper.com/?p=7638

http://www.mms-developer.com/2013/06/y210-series-recovery-root-v2.html
Posted by ဆူးအေမီ on 9:25 PM | No comments

အခုလ ၂၈ ရက်နေ့ကရန်ကုန်မြို့ လမ်းမတော်မြို့နယ် ကမ်းနားလမ်းနှင့် (၇) လမ်းထောင့်မှာ ရေနံဆိုပြီး ပုန်းတွေနဲ့ ခပ်ကာ ဆီပီပါတွေထဲကို ထည့်နေတာ  ဖြစ်ပါတယ်။
စည်ပင်ကတာဝန်ရှိသူ တယောက်ကို ဒီဗွီဘီက မေးမြန်းကြည့်ရာမှာ အရင်က အဲ့ဒီ့အောက်မှာ ရေနံပိုက်လိုင်း မရှိဘူးလို့ ပြန်လည် ဖြေကြားပါတယ်။
ရပ်ကွက်နေပြည်သူတဦးကတော့ အခု ရေနံထွက်တယ်ဆိုတဲ့နေရာမှာ အရင်က ဆီဆိုင်တဆိုင် ဖွင့်ခဲ့ဘူးတယ်လို့ ပြောပါတယ်။
လွန်ခဲ့တဲ့ တပါတ်လောက်တည်းက ရေပေါ်မှာဆီတွေဝေ့နေတာတွေ့ရပြီး ဒီနေ့မှ အပေါက်တစ်ပေါက်ကနေ ရေနံလို့ထင်ရတဲ့ဆီတွေ အများအပြားထွက်လာတာကြောင့်
ခပ်ထည့်နေကြတာ ဖြစ်တယ်လို့ အဲ့ဒီ့နေရာနဲ့ ကပ်လျက်ဈေးရောင်းနေတဲ့ ဈေးသည်တစ်ဦးက ပြောပြပါတယ်။
မီးဘေးအန္တရာယ် ရှိနိုင်တာကြောင့် မီးသတ်ကားနှစ်စီးကတော့ အဲ့ဒီ့နေရာမှာ အဆင်သင့်စောင့်ပေးနေကြတာပါ။
သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ ရေနံဟုတ်မဟုတ်ဆိုတာကို နောက်ရက်တွေမှပဲ စစ်ဆေးအတည်ပြုပေးသွားမှာ ဖြစ်ပါတယ်
။ နေရီရီ
— လမ်းမတော်မြို့နယ်၊ ကမ်းနားလမ်းနှင့် (၇) လမ်းထောင့်မှာ ရေနံထွက်ရှိ (5 photos)
Posted by ဆူးအေမီ on 9:12 PM in | No comments


Father Land ဆောက်လုပ်ရေး ကုမ္ပဏီက အကယ်ဒမီ ဒေါ်ဝါ၀ါဝင်းရွှေအား အမှုနှစ်ခုဖြင့် ရန်ကုန်တိုင်း ဒေသကြီး တရားလွှတ်တော်တွင် တရားစွဲဆိုထားရာ အကယ်ဒမီ ဒေါ်ဝါ ၀ါဝင်းရွှေ ဘက်မှလည်း Father Land ဆောက်လုပ်ရေး ကုမ္ပဏီအား ဥပဒေကြောင်းအရ ပြန်လည် တုံ့ပြန်မည် ဖြစ်ကြောင်း အကယ်ဒမီ ဒေါ်ဝါ၀ါဝင်းရွှေ၏ သားဖြစ်သူ ကိုဝင်းထွဋ်ဝင်းက ဇွန် ၂၈ ရက် မွန်းလွဲပိုင်းက ပြောကြားခဲ့သည်။

''အစ်ကိုတို့ ဘက်ကလည်း ဥပဒေကြောင်းအရ ပြန်ပြီးတော့ တုံ့ပြန်သွားမှာပါ။ မနက်ဖြန် (သို့မဟုတ်) သန်ဘက်ခါ သတင်းစာထဲ မှာ ကြေညာသွားမှာပါ။

ရှေ့နေပိုင်း အရလည်း အခုလက်ရှိရှေ့နေ ဦးသန်းဌေးအပြင် အခြားရှေ့နေတွေနဲ့လည်း ဆက်လက် ရင်ဆိုင်သွားမှာ ဖြစ်ပါတယ်။ သူတို့စွဲထားတဲ့ အမှုတွေ အပေါ်မှာလည်း ဥပဒေကြောင်းအရ လုပ်နေပါပြီ။

အဲဒီအကြောင်းအရာ တွေကတော့ သတင်းစာ ကြေညာချက်ထဲမှာ ပါမှာမို့ စောင့်ဖတ်စေချင်ပါတယ်'' ဟု ကိုဝင်းထွဋ်ဝင်းက ပြောကြားခဲ့သည်။
အစ်ကိုတို့ ဘက်ကလည်း ဥပဒေကြောင်းအရ ပြန်ပြီးတော့ တုံ့ပြန်သွားမှာပါ။

မနက်ဖြန် (သို့မဟုတ်) သန်ဘက်ခါ သတင်းစာထဲမှာ ကြေညာသွား မှာပါ။ ရှေ့နေပိုင်း အရလည်း အခုလက်ရှိရှေ့နေ ဦးသန်းဌေးအပြင် အခြားရှေ့နေတွေနဲ့လည်း ဆက်လက် ရင်ဆိုင်သွားမှာ ဖြစ်ပါတယ်...

အကယ်ဒမီ ဒေါ်ဝါ၀ါဝင်းရွှေ ပိုင်ဆိုင်သော ရန်ကုန်မြို့၊ ဗိုလ်ချုပ်အောင်ဆန်း လမ်းပေါ်ရှိ ဆုထူးပန် ရုပ်ရှင်ရုံဟောင်း မြေကွက်ပေါ်တွင် ၁၂ ထပ်အမြင့်ရှိ တော်ဝင် ဆုထူးပန်တာဝါ ဆောက်လုပ်ရန် ကိစ္စနှင့် ပတ်သက်၍ ဒေါ်ဝါ၀ါဝင်းရွှေနှင့် Father Land ကုမ္ပဏီတို့အကြား အငြင်းပွားမှု ပြဿနားများ ပေါ်ပေါက်ခဲ့ရကြောင်း၊

ဇွန် ၂၄ ရက်တွင် ဒေါ်ဝါ၀ါဝင်းရွှေဘက်မှ မြန်မာ့အလင်း သတင်းစာတွင် Father Land ကုမ္ပဏီနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာစွာ သိရှိစေရန်နှင့် အများပြည်သူ သိစေရန် ကြေညာချက် ထုတ်ပြန်ခဲ့ကြောင်း၊

အဆိုပါ ကြေညာချက်တွင် ဒေါ်ဝါ၀ါဝင်းရွှေက Father Land ကုမ္ပဏီက ဆုထူးပန် တာဝါဆောက်ရန် ငွေကျပ် သိန်း ၉၀၀၀ ကို လက်ခံရယူပြီးနောက် ၁၄ လကျော် ကြာသည်အထိ အဆောက်အအုံ ဆောက်ရန် လုပ်ဆောင်ခြင်း မရှိကြောင်းနှင့် ဒေါ်ဝါ၀ါဝင်းရွှေအား Father Land ဆောက်လုပ်ရေး ကုမ္ပဏီဥက္ကဋ္ဌ ဦးကျော်မြင့်က အပေါင်းအပါလေးဦးဖြင့် အောက်လမ်းနည်းသုံး၍ တိုက်ခိုက် လုပ်ဆောင်ခဲ့၍ Father Land ကုမ္ပဏီနှင့် ချုပ်ဆိုထားသော လုပ်ငန်းစာချုပ်ကို ဖျက်သိမ်းကြောင်း ကြေညာသည့် ဇွန် ၂၄ ရက်မှ စတင်၍ ၂၄ နာရီအတွင်း Father Land တာဝန်ရှိသူများ အပါအ၀င် လုံခြုံရေး အစောင့်များ ဆုထူးပန် မြေကွက်ပေါ်မှ ထွက်ခွာပေးရန် အသိပေး ကြေညာခဲ့သည်။

ယင်းကြေညာချက်ကြောင့် Father Land ဆောက်လုပ်ရေး ကုမ္ပဏီက အကယ်ဒမီ ဒေါ်ဝါ၀ါဝင်းရွှေအား ကုမ္ပဏီ ဂုဏ်သိက္ဓာ ကျဆင်းအောင် ပြုလုပ်သည်ဟုဆိုကာ အသရေဖျက်မှု အမှုတွဲ ၃၉/၂၀၁၃၊ မူလစာချုပ် ဖျက်သိမ်းစေလိုမှု အမှုတွဲ ၄၀/၂၀၁၃ တို့ဖြင့် ဇွန် ၂၅ ရက်တွင် တရားစွဲခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဇွန် ၂၆ ရက်တွင် Father Land ဆောက်လုပ်ရေး ကုမ္ပဏီက ဒေါ်ဝါ၀ါဝင်းရွှေနှင့် သက်ဆိုင်သူများ သိစေရန် ပြန်လည်တုံ့ပြန် ကြေညာချက်အား မြန်မာ့အလင်း သတင်းစာတွင် ထည့်သွင်းခဲ့ပြီး ကြေညာချက်တွင် ဒေါ်ဝါ၀ါဝင်းရွှေမှ ဆုထူးပန် တာဝါဆောက်ရန် သဘောတူ စာချုပ်ကို တစ်ဖက်သက် ဖျက်သိမ်းခြင်းမှာ ပေးထားသော စရန်ငွေ ကျပ်သိန်း ၉၀၀၀ အဆုံးရှုံး ခံမည်ဟုသာ မှတ်ယူရန်ရှိပြီး

စာချုပ်ကို နှစ်ဦးသဘောတူ ဖျက်သိမ်းစာချုပ် ချုပ်ဆိုသော နေ့ရက်မှသာ ဆူထူးပန်ရုပ်ရှင် မြေနေရာကို ဒေါ်ဝါ၀ါဝင်းရွှေထံသို့ အသိသက်သေများရှေ့တွင် ပေးအပ်မည်ဖြစ်ကြောင်း၊

ဆုထူးပန် မြေကွက်မှာ လက်ရှိ Father Land ကုမ္ပဏီဥက္ကဋ္ဌ ဦးကျော်မြင့်လက်ဝယ် ထိန်းသိမ်းထားသော လုပ်ငန်းခွင် မြေနေရာဖြစ်၍ နှစ်ဦးသဘောတူစာချုပ် ချုပ်ဆိုနိုင်သေးသည် အထိနှင့် တရားရုံး အဆုံးအဖြတ် အမိန့်မချမီအထိ ထိန်းသိမ်းထားမည် ဖြစ်ကြောင်းနှင့် ကျူးကျော်ဝင်ရောက်သူ မှန်သမျှကို တရားဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်ရလိမ့်မည် ဖြစ်ကြောင်း ပါရှိခဲ့သည်။

''ကြေညာချက်ထဲမှာ ပါတဲ့အတိုင်း အခုထိ ကျွန်တော်တို့ ဆုထူးပန် မြေကွက်ပေါ်မှ လုံးဝ မဖယ်သေးပါဘူး။ ဒေါ်ဝါ၀ါဝင်းရွှေကို တရားစွဲထားပြီး ဖြစ်တဲ့အတွက် ကျန်တဲ့အပိုင်းက တရားရုံးက ဆက်လုပ်ပါလိမ့်မယ်'' ဟု Father Land ဆောက်လုပ်ရေး ကုမ္ပဏီမှ ဒါရိုက်တာ ဦးမျိုးမြင့်က ဇွန် ၂၈ ရက် မွန်းလွဲပိုင်းက ပြောကြားခဲ့သည်။

Eleven Media Group
Posted by ဆူးအေမီ on 8:40 PM in | No comments
အစ္စလာမ်ဘာသာဝင်ဖြစ်ခဲ့သူမြန်မာမိန်းကလေးတစ်ဦး ဗုဒ္ဓဘာသာဝင်အဖြစ်သို့ပြန်လည်ကူးပြောင်း

အသက် ၁၈ နှစ်အရွယ်ခန့် ကတည်းက အစ္စလမ်ဘာသာဝင် နှင့် ခိုးရာလိုက်ပြေးခဲ့ပြီးအစ္စလာမ် ဘာသာသို့ကူးပြောင်းခဲ့သူက အသက် ၃၀ အရွယ်တွင် ဗုဒ္ဓဘာသာ ၀င်အဖြစ်သို့ပြန်လည် ကူးပြောင်း ခြင်းအခမ်းအနားကို ဇွန် (၂၃) ရက်နေ့က ဒဂုံမြို့သစ်(တောင်းပိုင်း) ရှိနိကာယ်စာသင်တိုက်တွင်ကျင်း ပပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါအခမ်းအနားကို ပိဋကတ် သုံးပုံနိကာယ်ကျောင်းတိုက်ဆရာ တော်ကြီးနှင့် ထေကြီးဝါကြီး ဆရာတော်ကြီးများ ပွင့်လင်းလူ့ အဖွဲ့အစည်းနိုင်ငံရေးပါတီများမှ ပုဂ်္ဂိုလ်များတက်ရောက်ခဲ့ကြသည်။

ဗုဒ္ဓဘာသာဝင်အဖြစ်သို့ပြန် လည်ကူးပြောင်းခဲ့သူမခင်မျိုးဦးက “ကျွန်မခိုးရာလိုက်ပြီးပါသွားတဲ့နေ့ မှာပဲအစ္စလာမ်ဗလီဆရာ (၃) ဦး ကနေသူဘာသာဓလေ့အတိုင်းရွတ် ဖတ်ပြီးဘာသာပြောင်းပေးပါတယ်။ ကျွန်မအနေနဲ့ ဒီအတောအတွင်း မှာငယ်စဉ်ကတည်းက မိဘဘိုးဘွား များနှင့် ယုံကြည်ကိုးကွယ်မှုပြုခဲ့ တဲ့ ဗုဒ္ဓဘာသာကိုသက်ဝင်ယုံကြည် မှုရှိခဲ့ပေမယ့်ရင်ထဲမှာပဲမျိုသိပ်ခဲ့ရ တယ်။ ဘုရားသွား၊ ကျောင်းတက် တာ ခိုးပြီးလုပ်ခဲ့ရတယ်။ အခုလို မျိုးကျွန်မယုံကြည်တဲ့ဘာသာကို ကျွန်မပြန်ဝင်ခွင့်ရတဲ့အတွက် ကျွန်မ၀မ်းသာပါတယ်”ဟုပြောသည်။

မခင်မျိုးဦးမှ ဗုဒ္ဓဘာသာသို့ ပြန်လည်၍၀င်ရောက်ယုံကြည်ကိုး ကွယ်မှုဂုဏ်ပြုမှတ်တမ်းလွှာကို တက်ရောက်လာသောဆရာတော် ကြီးများရှေ့မှောက်တွင် လက်မှတ် ရေးထိုးခြင်း၊ လက်ဗွေနှိပ်ခြင်းများ ပြုလုပ်၍ ဗုဒ္ဓဘာသာသို့ပြန်လည် ကူးပြောင်းနိုင်ရန် တောင်းပန် လျောက်ထားခဲ့ပြီးဆရာတော်ကြီး များမှ ဗုဒ္ဓဘာသာသို့ပြန်လည်ဝင် ရောက်နိုင်ရန် ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။

စာချုပ်စာတမ်းနဲ့ ပြုလုပ်တာ ကောင်းပါတယ်။ စာချုပ်စာတမ်း ကသူတို့ဥပဒေနဲ့ ဆိုတရားဝင် ပြတ်စဲတဲ့သဘောပါ။ အားလုံးရှင်း သွားတာပေါ့။ လက်ရှိမှာတော့ ကိုယ်ကိုတိုင်စိတ်မပါဘဲ။ သူတို့တ တွေရဲ့ ဘာသာကိုမ၀င်မနေရဆိုပြီး သွတ်သွင်းတဲ့ဥပဒေမရှိသေးဘူး။

ဒီလိုအဖြစ်မျိုးတွေမဖြစ်အောင် ကာကွယ်ပေးတဲ့ ဥပဒေကိုမျိုးစောင့် ဥပဒေလို့ခေါ်ပါတယ်။ အသေး စိတ်ကိုတတ်စွမ်းသလောက်လုပ် သွားပါမယ်”ဟု အဆိုပါအခမ်း အနားတွင်ပါဝင်ဆောင်ရွက်သူ ရှေ့နေဦးအေးပိုင်ကပြောသည်။

ဘိုဘိုမင်း
HOT NEWS



အသက် ၁၈ နှစ်အရွယ်ခန့် ကတည်းက အစ္စလမ်ဘာသာဝင် နှင့် ခိုးရာလိုက်ပြေးခဲ့ပြီးအစ္စလာမ် ဘာသာသို့ကူးပြောင်းခဲ့သူက အသက် ၃၀ အရွယ်တွင် ဗုဒ္ဓဘာသာ ၀င်အဖြစ်သို့ပြန်လည် ကူးပြောင်း ခြင်းအခမ်းအနားကို ဇွန် (၂၃) ရက်နေ့က ဒဂုံမြို့သစ်(တောင်းပိုင်း) ရှိနိကာယ်စာသင်တိုက်တွင်ကျင်း ပပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါအခမ်းအနားကို ပိဋကတ် သုံးပုံနိကာယ်ကျောင်းတိုက်ဆရာ တော်ကြီးနှင့် ထေကြီးဝါကြီး ဆရာတော်ကြီးများ ပွင့်လင်းလူ့ အဖွဲ့အစည်းနိုင်ငံရေးပါတီများမှ ပုဂ်္ဂိုလ်များတက်ရောက်ခဲ့ကြသည်။

ဗုဒ္ဓဘာသာဝင်အဖြစ်သို့ပြန် လည်ကူးပြောင်းခဲ့သူမခင်မျိုးဦး
က “ကျွန်မခိုးရာလိုက်ပြီးပါသွားတဲ့နေ့ မှာပဲအစ္စလာမ်ဗလီဆရာ (၃) ဦး ကနေသူဘာသာဓလေ့အတိုင်းရွတ် ဖတ်ပြီးဘာသာပြောင်းပေးပါတယ်။ ကျွန်မအနေနဲ့ ဒီအတောအတွင်း မှာငယ်စဉ်ကတည်းက မိဘဘိုးဘွား များနှင့် ယုံကြည်ကိုးကွယ်မှုပြုခဲ့ တဲ့ ဗုဒ္ဓဘာသာကိုသက်ဝင်ယုံကြည် မှုရှိခဲ့ပေမယ့်ရင်ထဲမှာပဲမျိုသိပ်ခဲ့ရ တယ်။ ဘုရားသွား၊ ကျောင်းတက် တာ ခိုးပြီးလုပ်ခဲ့ရတယ်။ အခုလို မျိုးကျွန်မယုံကြည်တဲ့ဘာသာကို ကျွန်မပြန်ဝင်ခွင့်ရတဲ့အတွက် ကျွန်မ၀မ်းသာပါတယ်”ဟုပြောသည်။

မခင်မျိုးဦးမှ ဗုဒ္ဓဘာသာသို့ ပြန်လည်၍၀င်ရောက်ယုံကြည်ကိုး ကွယ်မှုဂုဏ်ပြုမှတ်တမ်းလွှာကို တက်ရောက်လာသောဆရာတော် ကြီးများရှေ့မှောက်တွင် လက်မှတ် ရေးထိုးခြင်း၊ လက်ဗွေနှိပ်ခြင်းများ ပြုလုပ်၍ ဗုဒ္ဓဘာသာသို့ပြန်လည် ကူးပြောင်းနိုင်ရန် တောင်းပန် လျောက်ထားခဲ့ပြီးဆရာတော်ကြီး များမှ ဗုဒ္ဓဘာသာသို့ပြန်လည်ဝင် ရောက်နိုင်ရန် ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။


စာချုပ်စာတမ်းနဲ့ ပြုလုပ်တာ ကောင်းပါတယ်။ စာချုပ်စာတမ်း ကသူတို့ဥပဒေနဲ့ ဆိုတရားဝင် ပြတ်စဲတဲ့သဘောပါ။ အားလုံးရှင်း သွားတာပေါ့။ လက်ရှိမှာတော့ ကိုယ်ကိုတိုင်စိတ်မပါဘဲ။ သူတို့တ တွေရဲ့ ဘာသာကိုမ၀င်မနေရဆိုပြီး သွတ်သွင်းတဲ့ဥပဒေမရှိသေးဘူး။


ဒီလိုအဖြစ်မျိုးတွေမဖြစ်အောင် ကာကွယ်ပေးတဲ့ ဥပဒေကိုမျိုးစောင့် ဥပဒေလို့ခေါ်ပါတယ်။ အသေး စိတ်ကိုတတ်စွမ်းသလောက်လုပ် သွားပါမယ်”ဟု အဆိုပါအခမ်း အနားတွင်ပါဝင်ဆောင်ရွက်သူ ရှေ့နေဦးအေးပိုင်ကပြောသည်။


ဘိုဘိုမင်း
HOT NEWS
Posted by ဆူးအေမီ on 8:36 PM in | No comments
ဘုရားဂုဏ်တော် ကိုးပါး ( The Nine Supreme Qualities Of Buddha )
==========================================

၁။အရဟံ ( Arahan = The Accomplished One )
= ဗြဟ္မာ-နတ်-လူ ပူဇော်အပ်တဲ.၊ ဂုဏ်တော်မြတ်နဲ့ပြည်စုံပါသောမြတ်စွာဘုရား

၂။သမ္မာသဗ္ဗုဒ္ဓေါ ( Sammasambuddho = The Perfectly Enlightened One )
= တရားအလုံးစုံ ဆရာမရှိ ကိုယ်တိုင်သိတဲ့
မြတ်စွာဘုရား

၃။ဝိဇ္ဇာစရဏသမ္ပန္နော ( Vijjacaranaasampanno = The Endowed One with Knowledge and Conduct )
= သုံးရှစ်ဝိဇ္ဇာ စရဏများ။ဆယ့်ငါးပါးနဲ.ပြည့်စုံပါသောမြတ်စွာဘုရား

၎။သုဂတော ( Sugata = The Well-gone One or The Well-spoken One )
= ကောင်းတဲ့စကားကို မိန့်ဆိုတက်လို့ နိဗ္ဗာန်မြတ်သို့ကြွသွားတော်မူသော မြတ်စွာဘုရား

၅။လောက၀ိဒူ ( Lokavidu = The Knower of the three Worlds )
= လောက သုံးပါးကို ခွဲခြားသိမြင်တော် မူသော
မြတ်စွာဘုရား

၆။အနုတ္တရောပုရိသ ( Anuttaro purisadammasarathi = The Incomparable Leader of men to be Tamed )
= မယဉ်ကျေးသူ ယဉ်ကျေးအောင် ဆုံးမရာတွင်
ဓမ္မသာရထိ အတုမရှိသောမြတ်စွာဘုရား

၇။သတ္ထာဒေ၀ မနုဿာနံ ( Sattha devamanussanan = The Teacher of Celestial and Human Beings )
= လူ-နတ်-ဗြဟ္မာ သတ္တ၀ါများရဲ့ ဆရာတစ်ဆူဖြစ်တော် မူသောမြတ်စွာဘုရား

၈။ဗုဒ္ဓေါ ( Buddho = The Enlightened One )
= သစ္စာလေးပါးမြတ်တရားကို ပိုင်းခြားသိမြင်တော်မူသော မြတ်စွာဘုရား

၉။ဘဂ၀ါ (Bhagava = The Blessed One )
= ဘုန်းတော်ခြောက်စုံ ဂုဏ်တော်မြတ်နှင့်ပြည့်စုံတော် မူသောမြတ်စွာ ဘုရား

Blog: http://buddhismbeams.blogspot.com/

Ref: World Of Wisdom
Posted by ဆူးအေမီ on 5:41 AM in | No comments
ကျန်းမာရေး စာအုပ်များ စုစည်းဖော်ပြခြင်း( မြန်မာစာအုပ်များမှ)

၁။ ဒါစိုးရိမ်စရာလား နှင့် စိုးရိမ်စရာများ - ဒေါက်တာရဲမြင့်ကျော်
http://www.mediafire.com/?3tuicic4fzhjf4q

၂။ ကလေးကျန်းမာရေးဆိုင်ရာ အယူအဆ အမှားများ - ဒေါက်တာရဲမြင့်ကျော်
http://www.mediafire.com/?i4m4hn74vwn2u1p

၃။ ယားနာ နှင်းခူ - ဒေါက်တာစိုးဝင်းဦး(အရေပြားအထူးကုဆရာဝန်)
http://www.mediafire.com/?84rq5p71d0l8dpc

၎။ မိခင်လောင်းတို့အရေး မေးချင်ရာမေး - ဒေါက်တာစိုးလွင်
http://www.mediafire.com/?lhb58hw7dad76th

၅။ သူနာပြုလက်စွဲ - ဒေါက်တာစံပယ်ပွင့်ဖြူ
http://www.mediafire.com/?74mrdrruq9ksb44

၆။ မိဘများအတွက်အရိပ်ပြစကားလက်ဆောင်မွန်များ - ဒေါက်တာသိန်းလွင်
http://www.mediafire.com/?6pkdvlkcv6khvhl

၇။ ကလေးသူငယ်ပြုစုပျိုးထောင်နည်း - ဒေါက်တာတင်မောင်ထွေး
http://www.mediafire.com/?x2wfr4x6lxwc6w6

၈။ သိပ္ပံနည်းကျအိမ်ထောင်သည်ဘ၀ - ဒေါက်တာမောင်မောင်ညို
http://www.mediafire.com/?48e3pzva5n70p87

၉။ ဖို မ ဆက်ဆံရေး - ဒေါက်တာအောင်ခင်ဆင့်
http://www.mediafire.com/?zo93ec8hlz1sq2y

၁၀။ သက်ရှည်ကျန်းမာ တရုတ်ဓာတ်စာ - ဒေါက်တာအောင်နိုင်
http://www.mediafire.com/?fy1z8vk35s4a5db

၁၁။ ဆံပင် အန္တရာယ်ကာကွယ်ပြုစုနည်း - ဦးလှထွန်း
http://www.mediafire.com/?o87j49och3qkucg

၁၂။ သန္ဓေတည်ခြင်း၊ သန္ဓေတားခြင်း၊ သန္ဓေရစေခြင်း နှင့် ကိုယ်ဝန်ဆောင်မိခင် .........ဒေါက်တာအေးကျော်(ဇီဝကမ္မဗေဒ)
http://www.mediafire.com/?b8xndjhddiz99y3

၁၃။ ကိုယ်ဝန်ဆောင်မိခင်လောင်းတို့ သိမှတ်ဖွယ် - ဒေါက်တာမြတ်မြင့်မိုရ်
http://www.mediafire.com/?6xkh9u8k3572cjz

၁၄။ အ၀လွန်တာ ကျန်းမာသိပ္ပံနည်းကျအဆီချပါ - မင်းစံအိမ်
http://www.mediafire.com/?zom33g0acjxn36a

၁၅။ ငါးစောင်တွဲ ဆေးကျမ်း
http://www.mediafire.com/?26csk1ssamn0etz

၁၆။ နှလုံးအထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာဒေါ်ချိုလေးမာ နှင့်တွေ့ဆုံစကားပြောခြင်း - မောင်မောင်ထွန်းအောင် (ကျန်းမာရေး)
http://www.mediafire.com/?86i5avbjxqajteo

၁၇။ ထူးဆန်းထွေလာ စားစရာနှင့် အဟာရဗေဒ - ဒေါက်တာမောင်မောင်ညို
http://www.mediafire.com/?wf4m4wfqclm9dvf

၁၈။ ကလေးငယ်များနှင့် အတူကစားပါ - ဒေါက်တာမြင့်လွင်(စိတ်ပညာ)
http://www.mediafire.com/?7fiici237qc94i8

၁၉။ စိုးသွေး(၀ိဇ္ဇာ) - ဆရာဝန်မလို ဆေးမပါ မျက်စိအားကောင်း၍ မျက်မှန်လွတ်နည်း
http://www.mediafire.com/?lnr3l96hibhogoj

၂၀။ မြန်မာ့ဆေးမြီးတိုများ - နေ၀င်း(လန်ဒန်)
http://www.mediafire.com/?xean798eiijxqcy

၂၁။ ကလေးသူငယ်တို့တွင် အဖြစ်များသောရောဂါများ - ဒေါက်တာ မြတ်မြင့်မိုရ်
http://www.mediafire.com/?o9p8mq98ihoktm1

၂၂။ ဆီးချို သွေးချိုရောဂါ အကြောင်း - ဒေါက်တာဦးတင့်ဆွေလတ်
http://www.mediafire.com/?37pvhahyy2g1ks2

၂၃။ သန္ဓေကာတာ - ဒေါက်တာနိုက်တင်ဂေးလ်
http://www.mediafire.com/?rj28r59yoafs93b

၂၄။ ကျောက်ကပ်နှင့်ဆီးရောဂါမျိုးစုံ - ဒေါက်တာ မောင်မောင်ညို
http://www.mediafire.com/?7pt98ksmq4okbpr

Ref>>>https://www.facebook.com/pages/%E1%80%BB%E1%80%99%E1%80%94%E1%80%B9%E1%80%99%E1%80%AC-%E1%80%85%E1%80%AC%E1%80%A1%E1%80%AF%E1%80%95%E1%80%B9%E1%80%99%E1%80%BA%E1%80%AC%E1%80%B8/532587203419984

၁။ ဒါစိုးရိမ်စရာလား နှင့် စိုးရိမ်စရာများ - ဒေါက်တာရဲမြင့်ကျော်
http://www.mediafire.com/?3tuicic4fzhjf4q

၂။ ကလေးကျန်းမာရေးဆိုင်ရာ အယူအဆ အမှားများ - ဒေါက်တာရဲမြင့်ကျော်
http://www.mediafire.com/?i4m4hn74vwn2u1p

၃။ ယားနာ နှင်းခူ - ဒေါက်တာစိုးဝင်းဦး(အရေပြားအထူးကုဆရာဝန်)
http://www.mediafire.com/?84rq5p71d0l8dpc

၎။ မိခင်လောင်းတို့အရေး မေးချင်ရာမေး - ဒေါက်တာစိုးလွင်
http://www.mediafire.com/?lhb58hw7dad76th

၅။ သူနာပြုလက်စွဲ - ဒေါက်တာစံပယ်ပွင့်ဖြူ
http://www.mediafire.com/?74mrdrruq9ksb44

၆။ မိဘများအတွက်အရိပ်ပြစကားလက်ဆောင်မွန်များ - ဒေါက်တာသိန်းလွင်
http://www.mediafire.com/?6pkdvlkcv6khvhl

၇။ ကလေးသူငယ်ပြုစုပျိုးထောင်နည်း - ဒေါက်တာတင်မောင်ထွေး
http://www.mediafire.com/?x2wfr4x6lxwc6w6

၈။ သိပ္ပံနည်းကျအိမ်ထောင်သည်ဘ၀ - ဒေါက်တာမောင်မောင်ညို
http://www.mediafire.com/?48e3pzva5n70p87

၉။ ဖို မ ဆက်ဆံရေး - ဒေါက်တာအောင်ခင်ဆင့်
http://www.mediafire.com/?zo93ec8hlz1sq2y

၁၀။ သက်ရှည်ကျန်းမာ တရုတ်ဓာတ်စာ - ဒေါက်တာအောင်နိုင်
http://www.mediafire.com/?fy1z8vk35s4a5db

၁၁။ ဆံပင် အန္တရာယ်ကာကွယ်ပြုစုနည်း - ဦးလှထွန်း
http://www.mediafire.com/?o87j49och3qkucg

၁၂။ သန္ဓေတည်ခြင်း၊ သန္ဓေတားခြင်း၊ သန္ဓေရစေခြင်း နှင့် ကိုယ်ဝန်ဆောင်မိခင် .........ဒေါက်တာအေးကျော်(ဇီဝကမ္မဗေဒ)
http://www.mediafire.com/?b8xndjhddiz99y3

၁၃။ ကိုယ်ဝန်ဆောင်မိခင်လောင်းတို့ သိမှတ်ဖွယ် - ဒေါက်တာမြတ်မြင့်မိုရ်
http://www.mediafire.com/?6xkh9u8k3572cjz

၁၄။ အ၀လွန်တာ ကျန်းမာသိပ္ပံနည်းကျအဆီချပါ - မင်းစံအိမ်
http://www.mediafire.com/?zom33g0acjxn36a

၁၅။ ငါးစောင်တွဲ ဆေးကျမ်း
http://www.mediafire.com/?26csk1ssamn0etz

၁၆။ နှလုံးအထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာဒေါ်ချိုလေးမာ နှင့်တွေ့ဆုံစကားပြောခြင်း - မောင်မောင်ထွန်းအောင် (ကျန်းမာရေး)
http://www.mediafire.com/?86i5avbjxqajteo

၁၇။ ထူးဆန်းထွေလာ စားစရာနှင့် အဟာရဗေဒ - ဒေါက်တာမောင်မောင်ညို
http://www.mediafire.com/?wf4m4wfqclm9dvf

၁၈။ ကလေးငယ်များနှင့် အတူကစားပါ - ဒေါက်တာမြင့်လွင်(စိတ်ပညာ)
http://www.mediafire.com/?7fiici237qc94i8

၁၉။ စိုးသွေး(၀ိဇ္ဇာ) - ဆရာဝန်မလို ဆေးမပါ မျက်စိအားကောင်း၍ မျက်မှန်လွတ်နည်း
http://www.mediafire.com/?lnr3l96hibhogoj

၂၀။ မြန်မာ့ဆေးမြီးတိုများ - နေ၀င်း(လန်ဒန်)
http://www.mediafire.com/?xean798eiijxqcy

၂၁။ ကလေးသူငယ်တို့တွင် အဖြစ်များသောရောဂါများ - ဒေါက်တာ မြတ်မြင့်မိုရ်
http://www.mediafire.com/?o9p8mq98ihoktm1

၂၂။ ဆီးချို သွေးချိုရောဂါ အကြောင်း - ဒေါက်တာဦးတင့်ဆွေလတ်
http://www.mediafire.com/?37pvhahyy2g1ks2

၂၃။ သန္ဓေကာတာ - ဒေါက်တာနိုက်တင်ဂေးလ်
http://www.mediafire.com/?rj28r59yoafs93b

၂၄။ ကျောက်ကပ်နှင့်ဆီးရောဂါမျိုးစုံ - ဒေါက်တာ မောင်မောင်ညို
http://www.mediafire.com/?7pt98ksmq4okbpr

Ref>>>https://www.facebook.com/pages/မြန်မာ-စာအုပ်များ/532587203419984
 
အမျိုးသားကောင်း
Posted by ဆူးအေမီ on 5:37 AM in | No comments


ကိုယ့်ဖုန်းထဲက Call Log တွေ ၊ Message တွေ ၊ ဓာတ်ပုံတွေ နဲ့အခြား app တွေကို သူများတွေမကြည့်စေချင်ဘူး ၊ မသိစေချင်ဘူးဆိုရင် အခုပေးမယ့် Application လေးသုံးပြီးတော့တာ Lock ချထားလိုက်ပါ။ Password မသိဘဲ ဘယ်သူမှဝင်မကြည့်နိင်တော့ပါဘူး ။ Password code အပြင် Pattern lock နဲ့လည်း lock ချနိုင်သေးတာကြောင့် တော်တော်လေးကောင်းပါတယ်။ 
ရှိထားသင့်တဲ့ application လေးတစ်ခုပါ။
အသုံးပြုမယ်ဆို အောက်ကလိပ်စာမှာရယူနိုင်ပါတယ် 
Dwonload>>>>datafilehost (or)zippyshare 
Ref>>မြန်မာမိုဘိုင်း

အမျိုးကောင်း သား
Posted by ဆူးအေမီ on 5:36 AM in | No comments




အခုရက်ပိုင်းအတွင်း Facebook အကောင့်အသစ်ဖွင့်တိုင်း Email Confirmation လုပ်လိုက်တာနဲ့
တစ်ခါတည်း အကောင့်ကာ လော့ကျသွားတာတွေ ကြားနေရပါတယ် ..
ဒါနဲ့ ကျွန်တော်လည်း သာမာန်အတိုင်းပဲ Facebook အကောင့်အသစ်တစ်ခုကို ဖွင့်ကြည့်လိုက်တာ
တကယ်ပဲ Email အတည်ပြုပြီးတဲ့အဆင့်မှာပဲ Fake Name သုံးထားလို့ ဘာညာဆိုပြီး
လော့ကျသွားပါတယ် .. ပြန်ရချင်ရင်တော့ နိုင်ငံခြားက အသိတစ်ယောက်ရဲ့ အကူအညီကိုယူပြီး
သူ့ဖုန်းနံပါတ်ကိုထည့်ပေး FB က Text Message ပို့ပေးခဲ့တဲ့ ကုဒ်ကို ထည့်ပေးနိုင်ရင်တော့ ရကောင်းရနိုင်ပါတယ် ..

အလုပ်လည်း ရှုပ်သလို .. ရနိုင်မယ်မရနိုင်ဘူးလည်း မသေချာ .. နောက်ထပ် လော့ကျနိုင်ခြေ
ဘယ်လောက်နီးစပ်မစပ်လည်း မသေချာဆိုတော့ .. အကောင့်ဖွင့်ကတည်းက
လော့မကျအောင်ဖွင့်နိုင်မယ် နည်းလမ်းတွေကို အမျိုးမျိုးစမ်းသပ်ကြည့်တော့ ဒီနည်းလေးကို
သွားတွေ့ပါတယ် .. ဒီနည်းလမ်းအတိုင်း အကောင့်သုံးလေးခုကို ဖွင့်ကြည့်တာ အားလုံးအဆင်ပြေပြေနဲ့
အောင်မြင်တာကို တွေ့ရပါတယ် ..
အကောင့်သစ်အတွက် ဘာမှမလုပ်ခင် Browser မှာရှိတဲ့ History တွေ Cookies တွေကို ရှင်းထားလိုက်ပါ

ပထမဆုံး nolockfacebook@gmail.com ဆိုတဲ့ Gmail အကောင့်အသစ်တစ်ခုဖွင့်လိုက်ပါတယ် .. ပီးတော့
ဖွင့်ထားတဲ့ အကောင့်သစ်ရဲ့ Gmail ကို Sing Out မလုပ်ဘဲဒီအတိုင်းဖွင့်ထားပါတယ်.. ပြီးရင်

Facebook  အကောင့်သစ်စဖွင့်ဖို့ Sign Up လုပ်ပါတယ်.

First name Last name နေရာတွေမှာ အင်္ဂလိပ်နံမည်တွေ ထည့်ပေးပါတယ် .. (ကျွန်တော့်တို့ မြန်မာနံမည်တွေက
အနောက်နိုင်ငံတွေရဲ့ နံ့မည်တွေနဲ့ တည်ဆောက်ပုံမတူလို့ Fake Name အဖြစ် Facebook က ယူဆတတ်လို့ပါ )

ကျန်တဲ့အချက်တွေကိုတော့ တတ်နိုင်သမျှ Email အကောင့်ထဲကအချက်တွေနဲ့ တူအောင် ထည့်ပေးပါ ..
မွေးသက္ကရာဇ်ထည့်တဲ့နေရာမှာ တစ်ခုသတိထားရမှာက လက်ရှိအချိန်ထိ 18 နှစ်နဲ့အထက်ဖြစ်အောင် တွက်ချက်ပြီး ထည့်ပေးပါ .. ( 13 နှစ်ကျော်ရင်လည်း ရပေမယ့် တစ်ခါတစ်ခါ Error တက်တတ်လို့ပါ . )
ကျန်တာတွေကိုတော့ ပုံမှန်အတိုင်းပဲ ထည့်ပေးသွားပါ ..
နိုင်ငံကလည်း လက်ရှိ အဲဒီ Browser ကဖတ်ထားတဲ့ နိုင်ငံ ( မြန်မာနိုင်ငံကဖွင့်တာဆို Myanmar ဆိုတာလေး ပြနေမှာကိုပြောတာ)

ပြီးရင် နောက်တစ်ဆင့်ရောက်တဲ့အခါ .. Find Friends ကို မနှိပ်ပဲ Skip လုပ်လိုက်ပါ ..
( Find Friends လုပ်လိုက်ရင် အခြားသော အကောင့်တွေကို လိုက်ချိတ်တာဖြစ်လို့ Spam ရဲ့ လမ်းကြောင်းနဲ့ သွားတူနေလို့ပါ .. )

နောက်တစ်ဆင့်မှာတော့ ကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက်တွေကို ထည့်ပေးရပါမယ် ..
School မှာ အင်္ဂလိပ်လို ကျောင်းတစ်ကျောင်းရိုက်ထည့် အဲဒီအခါ Facebook က သူ့ရဲ့ Database ထဲမှာရှိတဲ့ ကျောင်းကို Result ထုတ်ပေးလာလိမ့်မယ် .. သူဖေါ်ပြလာတဲ့ ကျောင်းတွေထဲကမှ ကိုယ်ကြိုက်တာကို ရွေးနှိပ်လိုက်ပါ .. ( ကိုယ်ထည့်ချင်တာကို ထည့်လိုက်တာမဟုတ်ပါဘူး .. Facebook က သိထားတဲ့ကျောင်းကိုပဲ ရွေးထည့်ပေးလိုက်တာပါ )

University နဲ့ အောက်က အကွက်တွေမှာလည်း ဒီအတိုင်းပဲ .. Facebook က ဖေါ်ပြပေးတဲ့ နံမည်တွေကိုပဲ ရွေးပေးလိုက်ပါ .. ( အဲဒါတွေက နောက်မှ ပြင်လည်းရတယ်လေ )
နောက်တစ်ဆင့်မှတော့ Profile ပုံကို Upload တင်ပေးရမှာပါ .. ဒီအဆင့်ကို မကျော်ပဲ ပုံတစ်ပုံတင်ပေးလိုက်ပါ .. ဒါတွေပြီးလို့ Save and continue ကိုနှိပ်လိုက်ရင်
Friends အပ်ခိုင်းတဲ့ အဆင့်ဝင်လာပါတယ် .. ဒီအဆင့်မှာတော့ သူငယ်ချင်း နှစ်ယောက်လောက်ကို Friend Request လုပ်လိုက်ပါ ....

နောက်တစ်ဆင့်မှာတော့ ကိုယ့်ရဲ့ Home ကို ရောက်သွားပါမယ် .. အဲဒီမှာ Search Box ထဲကနေ .. ကိုယ့်ရဲ့ တစ်ခြားအကောင့်တစ်ခု ကို ရှာပြီး Add ပါ .. အဲဒီအကောင့်ကိုလည်း စက်တစ်လုံးကနေ Log in ၀င်ထားပြီး  Friend Request လုပ်တာကို ချက်ချင်းပဲ Confirm လုပ်ပေးလိုက်ပါ ..
အဲဒီအဆင့်ပြီးမှ ကိုယ့်ရဲ့ Gmail ကို ပြန်သွားပါ .. ( Facebook ရဲ့ အပေါ်မှာ ပေါ်နေတဲ့ Go to your gmail ကို မနှိပ်ပဲ ဒီအတိုင်းပဲ Gmail tab ကို သွားလိုက်တာပါ )

Gmail ထဲမှာ Facebook ကပို့ပေးလိုက်တဲ့ စာနှစ်စောင်ထဲက ပိုစောတဲ့စာ ( အောက်မှာရှိတဲ့စာ) ကိုဖွင့်ပြီး
Complete Sign Up ကို မနှိပ်ပဲ သူပေးထားတဲ့ လင့်ကိုပဲ နှိပ်လိုက်ပါ ..
နောက်ထပ် Tab အသစ်နဲ့အတူ Facebook ပွင့်လာပါမယ် ..

Email Confirm ဖြစ်တဲ့အကြောင်း တက်လာပြီဆိုရင် အရင် facebook ရဲ့ Tab ကို ပိတ်လိုက်ပါ ..
လက်ရှိရောက်နေတဲ့ Facebook ရဲ့ Home မှာပဲ Status လေးတစ်ခုလောက် ရေးပြီး တင်ပေးလိုက်ပါ ..

ဒါဆိုရင် .. အကောင့်တစ်ခုဟာ လော့မကျပဲ အဆင်ပြေပြေ အောင်မြင်သွားပါပြီ

ဒီနည်းလမ်းတစ်ခုလုံးမှာ ကျွန်တော် အသုံးချသွားတာက Browser တွေမှာ မှတ်သားထားလေ့ရှိတဲ့ Cookies ဆိုင်ရာ သီအိုရီအချို့ပါ .. ( ဒါကြောင့် Tab တွေကို မပိတ်ပဲ ထားခိုင်းတာပါ )




 ယူကျု ကနေကြည့်လိုပါက   သည်မှာ   သွားပြီးကြည့်နိုင်ပါတယ်....

Credit=> အိုင်တီမုဆိုး
ဘလော့ခရီးသည်


 AppMgr Pro III (App 2 SD) အသုံးပြုတဲ့ သူငယ်ချင်းတွေအတွက် 6လ 26 ရက်နေ့ထွက် Update လေးပါ
ဖုန်းထဲက app တွေကို AppMgr Pro III (App 2 SD) v3.13 APK လေးသုံးပြီး SD ကဒ် ထဲရွှေ့မယ် ။ ဒီဆော့ဝဲလ်လေးက မိမိဖုန်းရဲ့ Internal storage ကို  Free ဖြစ်အောင် ကူညီပေးနိုင်မှာဖြစ်ပါတယ် …Android ဖုန်းမှာ ဆော့ဝဲလ်တွေ အများကြီး install လုပ်တဲ့အခါမျိုးမှာ စက်က ဟန်းဟန်းလာပါတယ် …ဘာဖြစ်လို့လဲဆိုတော့ ဖုန်းရဲ့ insternal storage ထဲမှာ စုပြုံပြီး run ထားလို့ပါပဲ… တံဆိပ်မြင့် ဖုန်းတွေမှာ မသိသာပေမယ့်  စီရီးနိမ့်ဖုန်းတွေမှာ တော့ အမြဲလိုလိုကြုံတွေ့ရတတ်ပါတယ်…အဲဒီ အခက်အခဲလေးကို ဒီဆော့ဝဲလ်လေး အသုံးပြု ဖြေရှင်းကြည့်ပါ….. ဒီဆော့ဝဲလ်လေးက မိမိဖုန်းထဲက  install လုပ်ထားတဲ့ app တွေကို external Sd ထဲကို လွယ်လွယ် ကူကူ ရွှေ့ပြောင်းနိုင်မှာဖြစ်သလို Android 4+ မှာဆိုရင်  Hide apps  system ပါထည့်ပေးထားတာကြောင့် drawer မှာရှိနေတဲ့ app ကို  ကွယ်ဝှက်ထားလို့ရပါတယ် ခင်ဗျာ…ဒါအပြင် တစ်ချက်ထိ Cache ရှင်းလင်းရေးစနစ်၊ဆော့ဝဲလ်တွေကို  မြန်မြန်ဆန်ဆန် uninstall လုပ်နိုင်မယ့်စနစ်တွေ အပြင်  Themes များကိုပါ ပြောင်းလဲအသုံးပြုနိုင်ကြောင်းပါခင်ဗျား……….
မှာလေ့လာပြီး အသုံးပြုမယ်ဆိုရင် အောက်ကလိပ်စာမှာရယူနိုင်ပါတယ် 
Downlaod>>>datafilehost(or) zippyshare
 
မောင်စွယ်စုံကျမ်း
 
sewee

Thursday, June 27, 2013

Posted by ဆူးအေမီ on 9:36 AM in | No comments

လူအများကို ထူးထူးဆန်းဆန်းများဖြင့် အံ့ဩစေတတ်သူ ပဉ္စလက် ပညာရှင် ဒိုင်နမို (#Dynamo)တစ်ယောက် ကမ္ဘာလှည့် ခရီးသည်များကို ပါးစပ်အဟောင်းသား ဖြစ်စေခဲ့ပြန်သည်။ #Pepsi ၏ ကြော်ငြာကဏ္ဍတွင် ပါဝင်ကူညီခဲ့သည့် ဒိုင်နမိုသည် ဗြိတိန်တွင် ကမ္ဘာလှည့် ခရီးသည်များ လိုက်ပါလာသည့် နှစ်ထပ်ဘတ်စ်ကားကြီး၏ နံဘေးတွင် လက်တစ်ဖက်ထဲဖြင့် ထိထားကာ လေပေါ်ပျံသန်း လိုက်ပါလာပြီး မျက်လှည့် ပညာစွမ်း ပြသခဲ့သည်။ ဒိုင်နမိုက အဆိုပါ မျက်လှည့် ပညာခန်းသည် #Pepsi #MAX အတွက် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း Daily Mailသို့ ရှင်းပြခဲ့သည်။

"ရူးလောက်တဲ့ ကိစ္စတစ်ခုပေါ့။ ကျွန်တော်က ဒီအကြံအစည်ကို Pepsiကို ပြောပြတယ်။ သူတို့က သဘောကျတယ်။ ရက်နည်းနည်းကြာတော့ လက်တွေ့ လုပ်ဖြစ်သွားတယ်"ဟု ဆိုသည်။ ဒိုင်နမိုသည် ၎င်း၏ မျက်လှည့်ပညာခန်း ပြသအပြီးတွင် Pepsi Maxဘူးကို ထုတ်၍ သောက်သုံးခဲ့သည်။ ဒိုင်နမိုသည် အဆောက်အအုံ တစ်ခုတွင် တပ်ဆင်ထားသည့် မှန်ကို ဖြတ်သန်းကာ တစ်ဖက်သို့ ကူးပြခြင်း၊ သိမ်းစ်မြစ်ထဲတွင် ရေပေါ်၌ လမ်းလျှောက်ပြခြင်း စသည်တို့ အပါအဝင် ထူးခြားဆန်းပြားသော ပဉ္စလက် အတတ်ပညာခန်းများကို လက်တွေ့ ပြသခဲ့ဖူးသူ ဖြစ်သည်။

ဒိုင်နမိုက "ကျွန်တော် ခုလို လုပ်ပြတော့ လမ်းပေါ်က လူတွေ အရမ်းအံ့ဩ နေကြတယ်။ ဘတ်စ်ကားပေါ်က လူတွေရောပဲ။ ပြီးတော့ ကျွန်တော့်ကို ဝိုင်းချိန်ထားတဲ့ ကင်မရာတွေ၊ ဖုန်းတွေ အများကြီးကို တွေ့ခဲ့ရတယ်"ဟုလည်း ဆိုသည်။ ဒိုင်နမိုသည် ၎င်း၏ ရုပ်မြင်သံကြား စီးရီးဖြစ်သော #Watch #TV #show #Dynamo: #Magician #Impossible ၏ တတိယမြောက် အစီအစဉ်အတွက်လည်း ပြင်ဆင်လျှက် ရှိသည်။

"နောက်ထပ် စီးရီးသစ်မှာတော့ ပိုကောင်းတဲ့ လှည့်ကွက်လေးတွေ ထည့်ဖို့ ပြင်ဆင်ထားပါတယ်။ ကျွန်တော့် ဆန္ဒကိုက မဖြစ်နိုင်တာတွေကို လက်တွေ့ဖြစ်အောင် ဖန်တီးပြနေဖို့ပဲလေ"ဟုလည်း ဒိုင်နမိုက ပြောကြားသွားသည်။

DYNAMO
#PlanetMyanmar
Posted by ဆူးအေမီ on 9:34 AM in | No comments
Telenor အကြောင်း တစေ့တစောင်း 

          ဇွန်လ ၂၇ ရက်နေ့မှာတော့ အစိုးရက ကတိပေးထားတဲ့ အတိုင်း ဆက်သွယ်ရေး တင်ဒါအောင်ထားတဲ့သူတွေကိုကြော်ငြာ ခဲ့ရာမှာ နော်ဝေးအခြေစိုက် Telenor နဲ့ ကာတာအခြေစိုက် Ooredoo ကို ပင်မရွေးခြယ်ခဲ့ပြီး အရန်ကုမ္ပဏီတွေ အဖြစ် ပြင်သစ်ကုမ္ပဏီ Orange နဲ့ ဂျပန်အခြေစိုက် Marubeni ကိုရွေးခြယ်ခဲ့ပြီး အများစု ထင်ကြေးပေးခဲ့ကြတဲ့ Digicel နဲ့ Singtel တို့မပါဝင်လာခဲ့ကြပါဘူး။ 

           Telenor ကတော့ နော်ဝေးနိုင်ငံက ကုမ္ပဏီတစ်ခုဖြစ်ပြီး နိုင်ငံမြို့တော် အော်စလိုနားက Baerum မြို့မှာ အခြေစိုက်ပါတယ်။ ၁၈၅၅ ခုနှစ်ထဲက စတင်တည်ထောင်ခဲ့တာ ဖြစ်လို့ ခိုင်မာမှု ရှိတဲ့ ကုမ္ပဏီ တစ်ခုလို့ ဆိုရမှာပါ။ Scandinavia ဒေသ၊ အရှေ့ဥရောပဒေသ နဲ့ အာရှတိုက်တို့မှာ ၀န်ဆောင်မှုအကြီးအကျယ် ပေးနေပြီး ကမ္ဘာ့အကြီးဆုံး Telecommunication ကုမ္ပဏီ တွေထဲက တစ်ခုအပါအ၀င် ဖြစ်ပါတယ်။ နိုင်ငံ ၁၂ခုရဲ့ အဓိက Network Operator အဖြစ်ရပ်တည်နေသလို နိုင်ငံပေါင်း ၃၀ကျော်မှာလည်း တစ်စိတ်တစ်ပိုင်း အနေနဲ့ ပါဝင်ဆောင်ရွက်နေပါတယ်။ 
 Telenor ကိုအဓိက ပိုင်ဆိုင်သူကတော့ နော်ဝေးအစိုးရ ဖြစ်ပြီး ရှယ်ယာစုစုပေါင်းရဲ့ ၅၄% အထိပိုင်ဆိုင်ထားပါတယ်။ Telenor ဟာ နော်ဝေးနိုင်ငံ ရဲ့ အဓိက စတော့အိတ်ချိန်းဈေးကွက်ဖြစ်တဲ့ အော်စလိုစတော့ဈေးကွက်မှာ ထိပ်ဆုံးတန်ဖိုးအရှိဆုံး ကုမ္ပဏီ ၃ခုထဲမှာ အပါအ၀င်ဖြစ်ပါတယ်။ မေလ ၂၀၁၃ အထိ တွက်ချက်မှုအရ ကုမ္ပဏီရဲ့ တန်ဖိုးဟာ နော်ဝေးနိုင်ငံသုံးငွေကြေး kr 197 billion (1 US$= 9 kr) အထိတန်ဖိုးရှိပါတယ်။ 

            Telenor အဓိက Telephone Operator အဖြစ်ဆောင်ရွက်နေတဲ့ နိုင်ငံတွေကတော့ ဘင်္ဂလားဒေရှ့်၊ ဘူဂေးရီးယား၊ ဒိန်းမတ်၊ ဖင်လန်၊ ဟန်ဂေရီ၊ အိန္ဒိယ၊ မလေးရှား၊ မွန်တီနီဂရိုး၊ ပါကစ္စတန်၊ ဆားဘီးယား၊ ဆွီဒင်၊ ထိုင်း၊ ယူကရိန်း၊ ရုရှား နဲ့ အီတလီတို့ပဲ ဖြစ်ပါတယ်။ အခုတော့ ကျွန်တော်တို့ မြန်မာ နိုင်ငံကိုပါ ထည့်သွင်းရတော့မှာပေါ့။ 

Telenor ရဲ့ Web page- http://www.telenor.com/

 အားလုံးအဆင်ပြေချောမွေ့ကြပါစေ...

Ref: wikipedia

xx Pyae Phyo Naing (SQUAR Team) xx ဇွန်လ ၂၇ ရက်နေ့မှာတော့ အစိုးရက ကတိပေးထားတဲ့ အတိုင်း ဆက်သွယ်ရေး တင်ဒါအောင်ထားတဲ့သူတွေကိုကြော်ငြာ ခဲ့ရာမှာ နော်ဝေးအခြေစိုက် Telenor နဲ့ ကာတာအခြေစိုက် Ooredoo ကို ပင်မရွေးခြယ်ခဲ့ပြီး အရန်ကုမ္ပဏီတွေ အဖြစ် ပြင်သစ်ကုမ္ပဏီ Orange နဲ့ ဂျပန်အခြေစိုက် Marubeni ကိုရွေးခြယ်ခဲ့ပြီး အများစု ထင်ကြေးပေးခဲ့ကြတဲ့ Digicel နဲ့ Singtel တို့မပါဝင်လာခဲ့ကြပါဘူး။

Telenor ကတော့ နော်ဝေးနိုင်ငံက ကုမ္ပဏီတစ်ခုဖြစ်ပြီး နိုင်ငံမြို့တော် အော်စလိုနားက Baerum မြို့မှာ အခြေစိုက်ပါတယ်။ ၁၈၅၅ ခုနှစ်ထဲက စတင်တည်ထောင်ခဲ့တာ ဖြစ်လို့ ခိုင်မာမှု ရှိတဲ့ ကုမ္ပဏီ တစ်ခုလို့ ဆိုရမှာပါ။ Scandinavia ဒေသ၊ အရှေ့ဥရောပဒေသ နဲ့ အာရှတိုက်တို့မှာ ၀န်ဆောင်မှုအကြီးအကျယ် ပေးနေပြီး ကမ္ဘာ့အကြီးဆုံး Telecommunication ကုမ္ပဏီ တွေထဲက တစ်ခုအပါအ၀င် ဖြစ်ပါတယ်။ နိုင်ငံ ၁၂ခုရဲ့ အဓိက Network Operator အဖြစ်ရပ်တည်နေသလို နိုင်ငံပေါင်း ၃၀ကျော်မှာလည်း တစ်စိတ်တစ်ပိုင်း အနေနဲ့ ပါဝင်ဆောင်ရွက်နေပါတယ်။
Telenor ကိုအဓိက ပိုင်ဆိုင်သူကတော့ နော်ဝေးအစိုးရ ဖြစ်ပြီး ရှယ်ယာစုစုပေါင်းရဲ့ ၅၄% အထိပိုင်ဆိုင်ထားပါတယ်။ Telenor ဟာ နော်ဝေးနိုင်ငံ ရဲ့ အဓိက စတော့အိတ်ချိန်းဈေးကွက်ဖြစ်တဲ့ အော်စလိုစတော့ဈေးကွက်မှာ ထိပ်ဆုံးတန်ဖိုးအရှိဆုံး ကုမ္ပဏီ ၃ခုထဲမှာ အပါအ၀င်ဖြစ်ပါတယ်။ မေလ ၂၀၁၃ အထိ တွက်ချက်မှုအရ ကုမ္ပဏီရဲ့ တန်ဖိုးဟာ နော်ဝေးနိုင်ငံသုံးငွေကြေး kr 197 billion (1 US$= 9 kr) အထိတန်ဖိုးရှိပါတယ်။

Telenor အဓိက Telephone Operator အဖြစ်ဆောင်ရွက်နေတဲ့ နိုင်ငံတွေကတော့ ဘင်္ဂလားဒေရှ့်၊ ဘူဂေးရီးယား၊ ဒိန်းမတ်၊ ဖင်လန်၊ ဟန်ဂေရီ၊ အိန္ဒိယ၊ မလေးရှား၊ မွန်တီနီဂရိုး၊ ပါကစ္စတန်၊ ဆားဘီးယား၊ ဆွီဒင်၊ ထိုင်း၊ ယူကရိန်း၊ ရုရှား နဲ့ အီတလီတို့ပဲ ဖြစ်ပါတယ်။ အခုတော့ ကျွန်တော်တို့ မြန်မာ နိုင်ငံကိုပါ ထည့်သွင်းရတော့မှာပေါ့။

Telenor ရဲ့ Web page- http://www.telenor.com/

အားလုံးအဆင်ပြေချောမွေ့ကြပါစေ...

Ref: wikipedia

xx Pyae Phyo Naing (SQUAR Team) xx

Search Our Site