Ads

ကြော်ငြာ

Wednesday, January 22, 2014

Posted by ဆူးအေမီ on 8:37 AM in | No comments
စာပေ၊ ဂီတ၊ ရုပ်ရှင်၊ သဘင်  အနုပညာရှင်အများအပြားက မကြာခင်ပြုလုပ်မယ့် ပရဟိတအသင်းအဖွဲ့တွေရဲ့ ဈေးရောင်းပွဲတော်ကို ကူညီကြဖို့ ပြင်ဆင်နေပါပြီ။ 

 




မကြာသေးခင်က ရန်ကုန်မြို့တနေရာ ရံပုံငွေပွဲတခုမှာ ဂစ်တာတီးနေတဲ့ 
ရွှေသံစဉ်ကိုဝင်းမော် (ဓာတ်ပုံ - စည်သူလင်း / ဧရာဝတီ)

ပွဲတော်ကို ဒီလရဲ့ နောက်ဆုံးနေ့  ဇန်န၀ါရီ  ၃၁  သောကြာနေ့ ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်မှာ တနေကုန် ကျင်းပပါမယ်။

ဒီပွဲကရမယ့်ရံပုံငွေတွေဟာ ကချင်ဒုက္ခသည်များဆီ သွားပါလိမ့်မယ်။

ရွှေသံစဉ်ဖောင်ဒေးရှင်းမှ ဦးဝင်းမော်က ...
 “စိတ်ဒဏ်ရာရနေတဲ့လူတွေရယ်၊ မိဘမဲ့ကလေးတွေရယ်အတွက် ကိုယ်တွေတတ်တဲ့အနုပညာနဲ့  တတ်အားသရွေ့တေးဂီတနဲ့ စိတ်ခွန်အားဖြည့်ပေးနိုင်ဖို့  ကြိုးစားတာပါ” လို့ ပြောပါတယ်။

“လိုင်ဇာနားက ဂျေယန် ဒုက္ခသည်စခန်းမှာ လူဦးရေ ၈,၀၀၀ ကျော်ရှိတယ၊် မြန်မာစစ်တပ်က တရွာလုံးကို  ချေမှုန်းလိုက်တော့ ရွာကလူတွေက ပြောင်းပြေးကြတာပါ။
ဒုက္ခသည်စခန်း ၄၈ နေရာရှိပါတယ်။ ကျနော်တို့
အဲဒီတခုပဲသွားနိုင်ခဲ့တယ်။ လုံခြုံရေးအရကော  ရာသီဥတုအရရော၊ လမ်းပန်းလည်း တအားကြမ်းတယ်။
တချို့  နေရာတွေက တရုတ်ပြည်ထဲက ပတ်သွားရမှာတွေရှိတယ်” ဟု  ဦးဝင်းမော် က ဆက်လက်ပြောသည်။


 အသင်းအဖွဲ့ ၇ဝ ခန့် ပူးပေါင်းပါဝင်ကြမယ့် ဈေးရောင်းပွဲတော်
  • နံနက် ၉းဝဝ မှ ည ၁ဝးဝဝ အထိ
ဇန်န၀ါရီ  ၃၁
ပြည်သူ့ ရင်ပြင် အားကစားကွင်း၊ ရေပေါ်ဘောလုံးကွင်းအနီး

ပါဝင်မယ့်အနုပညာရှင်များထဲကတဦးဖြစ်တဲ့ တေးသံရှင်ဖြိုးကြီးကလည်း “ပရဟိတအလုပ်ကို စိတ်ဝင်စားပါတယ်။
အခုနောက်ပိုင်း ဒီလိုပွဲတွေဆို ကျနော်တို့ အနုပညာရှင်တွေအားလုံး မလွတ်တမ်း ကူညီပေးဖြစ်ပါတယ်။
ကျနော့်ကို Action Times အဖွဲ့ က ဖုန်းဆက်ပြီး ချိတ်ဆက်လို့ မေတ္တာနဲ့ ပါဝင်ကူညီဖြစ်တာပါ” ဟု ပြောသည်။

သူပြောတဲ့  Action Times Foundation က အခု ပြုလုပ်မယ့်  “ပရဟိတ အသင်းအဖွဲ့များ ညီညွတ်ရေး ဈေးရောင်းပွဲတော်” ဖြစ်မြောက်ရေးအတွက် စီစဉ်တဲ့အဖွဲ့ပါ။

အဖွဲ့ရဲ့ အတွင်းရေးမှူး ဖြစ်သူက အခုလို ပြောပါတယ်။

“ဈေးရောင်းပွဲတော်မှာ ရတဲ့ အကျိုးအမြတ်တွေကို အခုလက်ရှိ စစ်ကား ၁၀၀ လွှတ်ထားတဲ့ ကချင်ပြည်နယ် မန်စီမှာ ရှိတဲ့ ဒုက္ခသည်စခန်းကို လှူမှာပါ။
အဓိက အခြေခံလိုအပ်ချက်ဖြစ်တဲ့ဆန်ကို လှူမယ်။ သူတို့ဘက်က အစားအစာ ရိက္ခာ အကူအညီလိုတယ်လို့ ဆက်သွယ်ထားတာ ရှိတယ်”

သူတို့အဖွဲ့က ကလေးငယ်များ အတွက် ပုံပြင်ပြောခြင်းများ၊ တေးသီချင်း သီဆိုဖျော်ဖြေပွဲများနှင့်  စိတ်ခွန်အား တက်စေရန် ဆောင်ရွက်ပေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
 

 ခိုင်ပြည့်စုံ 
ဧရာဝတီသတင်း

12ရာသီဟောကိန်းကတော့ စာအုပ်အသေးလေးတွေနဲ့ အတော်များများ ဖတ်ကြတာ

တွေ့ ဘူးတယ် ဒီဆော့ဝဲလေးကတော့ စာအုပ်မ၀ယ်ဖြစ်တဲ့သူတွေအတွက် ဖုန်းထဲက

ဖတ်လို့ ရတယ် သွေးအမျိုးစားဟောကိန်းပါတယ် ။လိုအပ်သူ အောက်ကလင့်မှာဆွဲ

Download - Myanmarzodia-မောင်စွယ်စုံကျမ်း-.apk

မောင်စွယ်စုံကျမ်းမှ ကူးယူဖော်ပြသည်
Posted by ဆူးအေမီ on 8:36 AM in | No comments

မြန်မာ့နိုင်ငံရေးအခန်းကဏ္ဍတွင် တပ်မတော်ပါဝင်ပတ်သက်နေခြင်းမှာ အရပ်သားအစိုးရလက်ထက် သုံးနှစ်ကျော်လာသည့်တိုင် ဒီမိုကရေစီအမှန်တကယ်လိုလားသူတို့ကြား မေးခွန်းထုတ်စရာ အဖြစ်ရှိနေဆဲပင်ဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အခြေခံမူများအခန်းတွင် “နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်မှပါဝင်ထမ်းဆောင်နိုင်ရေးကို အစဉ်တစိုက်ဦးတည်သည်” ဟု အတိအလင်းပါရှိနေခြင်းက လက်ရှိလျှောက်လှမ်းနေသည့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီလမ်းကြောင်းကို တပ်မတော်က လမ်းပြနေသယောင်ပင်။

ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အရှေ့တောင်တိုင်းစစ်ဌာနချုပ်တစ်နေရာတွင် တပ်မိသားစုများနှင့် တွေ့ဆုံရာ၌ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည့်အတိုင်း အမျိုးသားနိုင်ငံရေးအခန်းကဏ္ဍတွင် တပ်မတော်ပါဝင်နေရခြင်းမှာလည်း နိုင်ငံရေးတည်ငြိမ်မှုရင့်ကျက်စေရန်၊ ပြည်သူပြည်သားများ၏ ဒီမိုကရေစီကျင့်စဉ်များ၊ ဥပဒေနှင့်အညီ ကျင့်ကြံနေထိုင်ခြင်းများအတွက် ၀ိုင်းဝန်းထိန်းသိမ်းရန်ဖြစ်သည်ဟု ပြောကြားခဲ့ရာ ယခုနှစ်ပိုင်းများအတွင်း ကာချုပ်က တပ်မတော်၏အခန်းကဏ္ဍ တဖြည်းဖြည်းနောက်ဆုတ်သွားမည်ဟု ပြောကြားခဲ့သည်များနှင့် ကွဲလွဲနေသည်ကို တွေ့ရသည်။
Posted by ဆူးအေမီ on 8:36 AM in | No comments

ဘန်ကေက်၊ ဇန်နဝါရီ ၂၁

ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ် အစိုးရ ဖြုတ်ချရေး ဆန္ဒပြပွဲကြီးတွင် ဗုံးခွဲ တိုက်ခိုက်မှုကြောင့် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်နေစဉ်အတွင်း မြို့တော် ဘန်ကောက်သို့ လက်နက်များနှင့် ဖောက်ခွဲရေးပစ္စည်းများ ဝင်ရောက်လာလျက် ရှိကြောင်း ထောက်လှမ်းရေးဘက်က စုံစမ်းတွေ့ရှိခဲ့ပြန်ရာ ထိုင်းစစ်တပ်က ဖြစ်ပေါ်လာနိုင်ခြေရှိသော ဆူပူအုံကြွမှုများအတွက် အရေးပေါ် တပ်လှန့်လိုက်ကြောင်း Bangkok Post သတင်းစာက ရေးသားဖော်ပြသည်။

“စိတ်ထားယုတ်ညံ့တဲ့ အုပ်စုတစ်စုက လက်နက်တွေနဲ့ ဗုံးတွေကို စုစည်းပြီး အကြမ်းဖက်မှုတွေ ဖန်တီးကာ ပြိုင်ဘက် အင်အားစုတွေကို တိုက်ခိုက်ဖို့ လုပ်ဆောင် နေပါတယ်” ဟု ထိုင်းစစ်တပ်မှ ပြောရေးဆိုခွင့်ရှိသူ ဝီထိုင်းဆူဝါရီးက ထုတ်ဖော်ပြောကြားသည်။

မြို့တော် ဘန်ကောက်တွင် လွန်စွာ အကဲဆတ်သည့် နိုင်ငံရေး အခြေအနေ ဖြစ်ပေါ်နေစဉ်အတွင်း ထိခိုက်နစ်နာစေရန် ဦးတည်ချက်ဖြင့် အင်အားပြင်းသော လက်နက်များ မှောင်ခိုတင်သွင်းမှု ဖြစ်ပေါ်လျက် ရှိကြောင်း ၎င်းကဆက်လက် ပြောဆိုသည်။

သို့သော် မည်သည့်အုပ်စု သို့မဟုတ် နိုင်ငံရေးအင်အားစုက ယင်းသို့ လက်နက်များနှင့် ဗုံးများ တင်သွင်းနေသည်ဟူသော အချက်ကို ထိုင်းစစ်တပ်က အသေးစိတ် ထုတ်ဖော် ပြောဆိုခြင်းမရှိပေ။

စစ်တပ်ဘက်က ထိုသို့သတိပေး ပြောဆိုမှုကြောင့် နဂိုကတည်းက ပေါက်ကွဲလုမတတ် အခြေအနေသို့ ရောက်ရှိနေသော ထိုင်းနိုင်ငံရေး ပဋိပက္ခတွင် အန္တရာယ်ဆိုးကြီး ထပ်မံရောက်ရှိလာမည်ကို လေ့လာ စောင့်ကြည့်သူများနှင့် အာဏာပိုင်တို့က အထူးပင် စိုးရိမ်လျက်ရှိသည်။

ပြီးခဲ့သည့် သောကြာနှင့် တနင်္ဂနွေနေ့တို့တွင် ပြည်သူ့ ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေး ကော်မတီ (PDRC) ကိုပစ်မှတ်ထားသည့် လက်ပစ်ဗုံးဖြင့် တိုက်ခိုက်မှု နှစ်ရပ် ဖြစ်ပေါ်ခဲ့သည်။

အဆိုပါ ဖြစ်ရပ်များနှင့် ပတ်သက်၍ PDRC ကို ထောက်ခံသူများက ထိုင်းအစိုးရနှင့် ရှပ်နီ အင်အားစုဖြစ်သော အာဏာရှင် ဆန့်ကျင်ရေး ဒီမိုကရက်တစ် ညီညွတ်ရေးတပ်ဦး (UFDAD) တို့သည် နောက်ကွယ်မှ ကြိုးကိုင်နေခြင်း ဖြစ်သည်ဟု စွပ်စွဲပြောဆိုကြသည်။

သို့သော် အဆိုပါ တိုက်ခိုက်မှုများကို PDRC နှင့် စစ်ဘက်ခေါင်းဆောင်များက အကွက်ချ စီစဉ်ခဲ့ခြင်း ဖြစ်သည်ဟု ရှပ်နီအင်အားစုများက တုံ့ပြန် ပြောဆိုခဲ့ကြသည်။

ထိုင်းစစ်တပ်မှ ပြောရေးဆိုခွင့်ရှိသူ ဝီထိုင်းစူဝါရီးက တစ်ဖက်နှင့်တစ်ဖက် လက်ညှိုးထိုးစွပ်စွဲမှုများ ရပ်ဆိုင်းကြပြီး တရားခံ အစစ်ကို ရှာဖွေထုတ်ဖော်ကြရန် တနင်္လာနေ့က တိုက်တွန်း ပြောဆိုခဲ့သည်။

ထိုင်းစစ်တပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး ပရာရွတ်ချန်အိုချာက အုပ်စုတစ်စုသည် လက်ရှိ နိုင်ငံရေး အခြေအနေနှင့် ဆက်နွှယ်သော ပြဿနာများကို ဖြေရှင်းနိုင်ရေးအတွက် အကြမ်းဖက်သည့် နည်းလမ်းကို အသုံးပြုလိုသည်မှာ ထင်ရှားကြောင်း ပြောကြားသည်။

ထို့နောက် ထိုင်းနိုင်ငံရေး ပဋိပက္ခတွင် စစ်တပ်အနေနှင့် ဝင်ရောက်ဖြေရှင်းမှု ပြု၊ မပြုဟူသော မေးခွန်းနှင့် ပတ်သက်၍ ၎င်းက “အခြေအနေက ကျွန်တော်တို့ ပါဝင် ပတ်သက်မှု ပြုရမယ့်အဆင့်ကို မရောက်ရှိသေးပါဘူး” ဟု ဆိုပြီး အများပြည်သူများ အနေနှင့် ထိုင်းစစ်တပ်၏ တာဝန်ဝတ္တရား အတိုင်းအတာကို နားလည်မှု ရှိကြရန် တိုက်တွန်းခဲ့သည်။

စစ်တပ်က ဝင်ရောက် ဖြေရှင်းမှု ပြု၊ မပြုဟူသည်မှာ ဆူပူအကြမ်းဖက်မှု အတိုင်းအတာပေါ်တွင် မူတည်ကြောင်း၊ လက်ရှိ အခြေအနေ အရပ်ရပ်မှာ ထိန်းချုပ်မှုရှိသည့် အနေအထားတွင်ပင် ရှိနေသေးကြောင်း စစ်တပ် အကြီးအကဲက မှတ်ချက် ပေးပြောဆိုသည်။

The Voice Weekly
Posted by ဆူးအေမီ on 8:35 AM in | No comments

မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ကာကွယ်ရေးဆိုင်ရာ စီမံကိန်းများ လုပ်ကိုင်ရန်ဟုဆိုကာ တပ်မတော်က သိမ်းယူထားသည့် ပုဂ္ဂလိကပိုင် လယ်ယာမြေများအနက် လယ်ယာမြေ ဧကသုံးထောင်ကျော်ကို တပ်မတော်က ပြန်လည် စွန့်လွှတ်မည်ဟု တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ အကြောင်းကြားလာပြီး ယင်းမြေများကို အသိမ်းခံခဲ့ရသည့် မူလမြေပိုင်ရှင်များထံ ပြန်လည် ပေးအပ်သွားမည် ဖြစ်ကြောင်း တိုင်းဒေသကြီး မွေးမြူရေးနှင့် စိုက်ပျိုးရေးဝန်ကြီး ဦးမြင့်သန်းက The Voice သို့ ပြောကြားသည်။

အဆိုပါ လယ်မြေဧက သုံးထောင်ကျော်နှင့် ပတ်သက်သည့် မြေယာအမှုတွဲ တစ်ခုချင်းစီကို တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ယခုတစ်ပတ်အတွင်း တပ်မတော်က တင်ပြလာသည့် အနေအထားပေါ် မူတည်၍ တိုင်းဒေသကြီးအစိုးရက တပ်မတော်မှ သိမ်းယူထားသည့် လယ်ယာမြေများအပေါ် ပြန်လည် စွန့်လွှတ်ခြင်းဆိုင်ရာ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်ဆောင်ရွက်မည် ဖြစ်ကြောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့က အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၏ လယ်ယာမြေများအပေါ် ပြန်လည် စွန့်လွှတ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့်အညီ သိမ်းယူ ခံထားရသည့် ပုဂ္ဂလိကများထံသို့ လယ်ယာ ပိုင်ဆိုင်မှုများအတွက် မှန်ကန်မှုရှိ မရှိကို ကွင်းဆင်း စစ်ဆေးပြီးမှ ဆုံးဖြတ်၍ ပြန်လည် ပေးအပ်မည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

“တပ်မတော်ဘက်က အစိုးရဘက်ကို ပေးပို့လာတဲ့ လယ်ယာမြေ စွန့်လွှတ်တဲ့ အကြောင်းကြားစာနဲ့ ပက်သက်ပြီး အစိုးရအဖွဲ့က ဆွေးနွေးမယ်” ဟု ၎င်းကဆိုသည်။


တပ်မတော်က သိမ်းယူထားသည့် လယ်ယာမြေနှင့် ပတ်သက်၍ ယခင်လယ်ယာမြေ စုံစမ်းရေး ကော်မရှင်နှင့် တပ်မတော်ဘက်မှ သက်ဆိုင်ရာ အရာရှိများ ဆွေးနွေးစဉ် တစ်နိုင်ငံလုံးတွင် သိမ်းယူထားသည့် လယ်ယာမြေဧက ၂၉၇၁၂၇ ဒသမ ၆၆၁ ကို စွန့်လွှတ်ရန် အကြမ်းဖျင်း ဆွေးနွေးမှုများ ရှိခဲ့ပြီး သိမ်းယူထားသည့် လယ်ယာမြေများကို တပ်မတော်က စွန့်လွှတ်ကြောင်း အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသို့ အရင်ဆုံး ပြန်လည် ပေးအပ်မည်ဖြစ်ကာအထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှတစ်ဆင့် သက်ဆိုင်ရာ ပိုင်ဆိုင်မှု ရှိသူများကို ပြန်လည် ပေးအပ် မည် ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်မှ ဖွဲ့စည်းထားသည့် လယ်ယာမြေ စုံစမ်းရေးကော်မရှင် အဖွဲ့ဝင်များက ပြောကြားသည်။

“အဲဒီလယ်ယာမြေတွေကို တပ်မတော်က တိုက်ရိုက်သိမ်းယူတာ မဟုတ်ဘူး။ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနကတစ်ဆင့် သိမ်းပေးရတော့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက ရှင်းပေးဖို့ တာဝန်ရှိတာ” ဟု လယ်ယာမြေ စုံစမ်းရေး ကော်မရှင်အဖွဲ့ဝင် ရန်ကုန်တိုင်းဒေသကြီး တာဝန်ခံ ဦးအောင်သိန်းလင်းက ဆိုသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း တပ်မတော်က သိမ်းယူထားသည့် လယ်ယာမြေ အများဆုံးရှိသည့် ဒေသများမှာ မတ္တရာ၊ စဥ့်ကူး၊ မိုးကုတ်၊ ပြင်ဦးလွင်၊ သပိတ်ကျင်း ဒေသတို့ဖြစ်ပြီး နေပြည်တော် ကောင်စီ နယ်မြေ အချို့လည်း ပါဝင်ကြောင်း မန္တလေးမြို့ခံ မြေယာနှင့် ပတ်သက်၍ လူထုလှုပ်ရှားမှုများ ပြုလုပ်နေသူများက တညီတညွတ်တည်း ပြောကြားသည်။

“အမှန်တကယ် လယ်ယာမြေကို သိမ်းယူထားတဲ့ ပုဂ္ဂိုလ်ဆီကို ပြန်ပေးရမှာပါ။ သက်ဆိုင်ရာက ဖြေရှင်းပြီးပြီဆိုတဲ့ အသံပဲ ကြားတယ်။ ဘယ်လို ဖြေရှင်းလိုက်သလဲ ဆိုတာ တရားဝင် ထုတ်ပြန်ခြင်း မရှိဘူး” ဟု ဥတ္တရသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသူက ဆိုသည်။

ဇန်နဝါရီလ ၂၁ ရက်နေ့က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် သိမ်းယူထားသော လယ်ယာမြေနှင့် ပတ်သက်၍ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး လာရောက် ဖြေကြားချက်ကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များက မကျေနပ်သဖြင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် NLD အပါအဝင် လွှတ်တော် ကိုယ်စားလှယ် အများစု လွှတ်တော်အတွင်း အပြင်းအထန် ကန့်ကွက်မှုများ ရှိခဲ့ကြောင်း လွှတ်တော် ကိုယ်စားလှယ်များထံမှ စုံစမ်းသိရှိရသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း တပ်မတော်က သိမ်းယူထားသည့် လယ်ယာမြေ ဧကပေါင်း သုံးသောင်းကျော် ရှိကြောင်း လယ်ယာမြေအရေး စုံစမ်းရေး ကော်မရှင် အစီရင်ခံစာ အပိုင်း (၁) တွင် ဆိုထားပြီး ကာကွယ်ရေး ဝန်ကြီးဌာနက သိမ်းယူထားသော လယ်ယာမြေများတွင် ကာကွယ်ရေးဆိုင်ရာ တည်ဆောက်မှုရှိသည့် မြေယာ များကို ပြန်လည် ပေးအပ်ရန် အစီအစဉ် မရှိကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ဆဋ္ဌမအကြိမ် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးများတွင် ပြန်လည် ဖြေကြားမှုများ ရှိခဲ့ကြောင်း လွှတ်တော် ကိုယ်စားလှယ်များထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly
Posted by ဆူးအေမီ on 8:35 AM in | No comments
ကမ္ဘာ့အချမ်းသာဆုံး လူပုဂ္ဂိုလ် ၈၅ ယောက်တို့ရဲ့ ချမ်းသာကြွယ်ဝမှု ပမာဏဟာ ကမ္ဘာ့လူဦးရေ သန်း ၇,၀၀၀ ကျော်ထဲက ထက်ဝက်ဖြစ်တဲ့ ဆင်းရဲသားတွေရဲ့ ချမ်းသာကြွယ်ဝမှု ပမာဏနဲ့ ညီမျှတယ်လို့ လူ့အခွင့်အရေးအဖွဲ့တခုဖြစ်တဲ့ Oxfam က ပြောလိုက်ပါတယ်။

အစိုးရနဲ့ စီးပွားရေးခေါင်းဆောင်တွေ ဒီသီတင်းပတ်အတွင်း စုဝေးတက်ရောက်ကြမယ့် ဆွစ်ဇာလန်နိုင်ငံ၊ ဒါးဗို့စ်မြို့က ကမ္ဘာ့စီးပွားရေးဖိုရမ် မတိုင်ခင်မှာပဲ ကမ္ဘာလုံးဆိုင်ရာ ဆင်းရဲချမ်းသာကွာဟမှု လေ့လာချက်တခုကို Oxfam အဖွဲ့က တနင်္လာနေ့မှာ ထုတ်ပြန်ခဲ့တာပါ။

ချမ်းသာသူတွေဟာ အခွန်နည်းနည်းပဲပေးရဖို့၊ ဥစ္စာဓနကို ပြည်ပမှာ သွားထားဖို့နဲ့ ကိုယ်ကျိုးစီးပွားအတွက် သူတို့ရဲ့ နိုင်ငံရေး သြဇာအာဏာကို အသုံးပြုခဲ့တယ်လို့ အစီရင်ခံစာ ပူးတွဲပြုစုသူ Nick Galasso က ဗွီအိုအေကို ပြောပါတယ်။


ဆင်းရဲချမ်းသာကွာဟမှု ကြီးမားတာဟာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေတယ်၊ အလွန်အမင်း ဆင်းရဲနွမ်းပါးမှုကို လျှော့ချဖို့ ခက်ခဲစေတယ်၊ ရာဇ၀တ်ပြစ်မှုနဲ့ ရောဂါဘယတွေ အပါအ၀င် လူမှု ဘေးဥပဒ်အမျိုးမျိုး ဖြစ်စေတယ်လို့ Nick Galasso က ပြောပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)



ပထမဆုံး မိမိဖုန်းမှာ Xposed Installer နဲ့ Wanam Xposed ဆိုတဲ့ Apk လေးနှစ်ကို Install လုပ်ထားရမှာဖြစ်ပါတယ်။ ပြီးရင် Xposed Installer လေးကိုဖွင့်ပြီး Framework ထဲဝင် Install/Update လေးကိုနှိပ် ထပ်မံ Install လုပ်ပေးရဖြစ်ပြီး၊ ပြီးသွားရင်တော့ အဲ့ထဲက Reboot လေးနဲ့ Restart ချပေးရမှာဖြစ်ပါတယ်။ ပြန်တက်လာရင် ထပ်မံ Xposed Installer ထဲဝင် Modules ဆိုတာလေးထဲမှာ Wanam Xposed ဆိုလေးကို အမှန်ခြစ်ပေးပြီး Restart ချပေးပါ။
အားလုံးပြီးရင်တော့ Wanam Xposed လေးထဲက Theme လေးထဲသွားပြီး အောက်မှာရေးပြသလို လုပ်လိုက်ရင် ရပါပြီ။

Notification Panel (Wanam Xposed>>Theme)
===========

- Header background color ကို On ပြီး color မှာ 0 (zero) လုပ်ပြီး (Apply) လုပ်ပါ။

- Panel background မှာ Image ကို ရွေးပြီး ကိုယ်ထည့်ချင်တဲ့ပုံ ရွေးချယ်ထည့်သွင်းပါ။

- Notification background color background color ကို On ပြီး color မှာ 0 (zero) လုပ်ပြီး (Apply) လုပ်ပါ။

- Title bar background color ကို On ပြီး color မှာ 0 (zero) လုပ်ပြီး (Apply) လုပ်ပါ။

- Clear button background color ကို On ပြီး color မှာ 0 (zero) လုပ်ပြီး (Apply) လုပ်ပါ။

- Notification pressed color ကို On ပြီး color မှာ 0 (zero) လုပ်ပြီး (Apply) လုပ်ပါ။

- Background color ကို On ပြီး color မှာ 0 (zero) လုပ်ပြီး (Apply) လုပ်ပါ။

Quick Settings (Wanam Xposed>>Theme)


=========

- Tile background color ကို On ပြီး color မှာ 0 (zero) လုပ်ပြီး (Apply) လုပ်ပါ။

- Tile pressed color ကို On ပြီး color မှာ 0 (zero) လုပ်ပြီး (Apply) လုပ်ပါ။

Note>> Apply တခါလုပ်ပြီးတိုင်း Reboot လုပ်ဖို့ Noti တခါတက်ပါမယ်။ ဒါပေမယ့် အဆင့်တွေ အားလုံးပြီးမှ တခါတည်းလုပ်ပါ။ လုပ်တဲ့နေရာမှာ Wanam Xposed ရဲ့ အပေါ်ဆုံးမှာ ရှိတဲ့ Reboot options လေးက Reboot ဆိုတာလေးနဲ့လုပ်ပါ။ တကယ်လို့ အဲ့လိုလုပ်လို့မှ ပြန်တက်လာပေမယ့် မပြောင်းလည်းသေးရင် Wanam Xposed လေးထဲ ထပ်ဝင်ပြီး စောစောက နည်းလေးအတိုင်း Reboot ထပ်မံ လုပ်ပေးပါ အဆင်ပြေသွားပါလိမ့်မယ်။

[တကယ်တော့ Wanam Xposed လေးက အဲ့တာလေးတင်မက တခြားလန်းတာတွေလည်း ရှိသေးတာမို့၊ ကိုယ်ဘာသာ ဆက်လက်စမ်းသပ်ကြပါ။]

လိုအပ်တဲ့ Apk မှားကို အောက်ပါ Link မှာ ဒေါင်းယူနိုင်ပါတယ်။

Xposed Installer >> https://www.dropbox.com/s/qjjn2s2bjx1f665/de.robv.android.xposed.installer_v25_36cbbc.apk

Wanam Xposed >> https://www.dropbox.com/s/2e4xl7uu2l9u5vz/ma.wanam.xposed.apk

 



သီဟဇော်(နည်းပညာနှင့်သတင်း)
>>ဂန္တ၀င်သိပ္ပံပညာရှင် ဆာအိုက်ဆက် နယူတန်အကြောင်း (၁)<<


ဆာအိုက်ဆက် နယူတန် (Sir Isaac Newton) (၁၆၄၃ ဇန္နဝါရီလ ၄ - ၁၇၂၇ မတ်လ ၃၁) သည် အင်္ဂလိပ်လူမျိုး ရူပဗေဒပညာရှင်၊ သင်္ချာပညာရှင်၊ နက္ခတ္တဗေဒပညာရှင်၊ အတွေးအခေါ်ပညာရှင်၊ အဂဿဂိရတ်ပညာရှင် တစ်ဦးဖြစ်ပြီး ကမ္ဘာ့သမိုင်းတွင် ဩဇာလွှမ်းမိုးမှု ကြီးမားသူတစ်ဦးအဖြစ် အများက ယူဆထားသည်။နယူတန်သည် ၁၆၈၇ ခုနှစ်တွင် ကမ္ဘာမြေကြီး၏ဆွဲငင်အားနှင့် သက်ဆိုင်သည့် နိယာမများကို ထုတ်ပြန်ခဲ့သည်။ ယင်း လှုပ်ရှားမှုဆိုင်ရာ နယူတန် နိယာမ သုံးရပ်သည် နောက်နှစ်ပေါင်း သုံးရာကျော်အတွင်း ရူပဗေဒလောကအပေါ် နက်နက်ရှိုင်းရှိုင်း သက်ရောက်ခဲ့သည်ဟု ဆိုနိုင်သည်။

နယူတန်သည်လည်း ပထမဦးဆုံးသော အဝေးကြည့်မှန်ပြောင်းကို တီထွင်ခဲ့သူ ဖြစ်သည်။အဖြူရောင် အလင်းတန်းများ သုံးမြှောင့်ဖန်တုန်းအား ဖြတ်သန်းစဉ် ရောင်စဉ် ၇ မျိုးအဖြစ် ဖြာထွက်သွားခြင်းကို အခြေခံ၍ အရောင်သီအိုရီကိုလည်း ထုတ်ပြန်ခဲ့သည်။ သူသည် အေးခဲခြင်း နိယာမကို ရေးသားခဲ့သည့်အပြင် အသံ၏ အရှိန်နှုန်းကိုလဲ လေ့လာခဲ့သည်။

ယနေ့ခေတ် သိပံ္ပပညာမှာ အံ့မခမ်းပင် ဖြစ်သည်။ ၁၇ ရာစုက သင်္ချာ နှင့် သိပ္ပံပညာရှင် ဆာအိုင်းဇက်နယူတန် ၏ သီအိုရီများ ၊ လေ့လာတွေ့ရှိချက်များ ၊ နိယာမများသာ မရှိပါလျှင် သိပ္ပံပညာလည်း ရှိမည် မဟုတ်တော့ပါ။ နောင်လာ နောက်သားများအတွက် အလွန်ကျေးဇူးများသော သိပ္ပံပညာ၏ အခြေခံသဘောတရားများကို ဖော်ထုတ်ခဲ့သော ဆာအိုင်းဇက်နယူတန်၏ ကျေးဇူးကား ကြီးမှားလှပါပေသည်။

ဆာအိုင်းဇက်နယူတန်ကို ၁၆၄၂ တွင် England နိုင်ငံ Wools Thorpe ၌ မွေးဖွားသည်။ မြေပိုင်ရှင်မျိုးရိုးဖြစ်သည်။ သူသည်မွေးဖွားစဉ်က အချိန်မတိုင်မီ လမစေ့ဘဲ မွေးလာခဲ့သော premature baby ဖြစ်သဖြင့် အလွန်သေးကွေးသည်။ နယူတန်၏ ဖခင်ဖြစ်သူမှာ သူ့ကို မမွေးဖွားမီ ၃လအလိုက ကွယ်လွန်သွားခဲ့၍ နယူတန်မှာ ဖတဆိုးလေးဖြစ်သည်။ မိခင်ဖြစ်သူမှာ သူ ၂နှစ်သားအရွယ်တွင် နောက်အိမ်ထောင်ပြုကာ နယူတန်ကို အဖွားထံတွင် ထားခဲ့လေသည်။ သူသည် ငယ်စဉ်ဘ၀တွင် ကျန်းမာရေး အလွန် ချူချာကာ အခြားသော ကလေးများကဲ့သို့ ခုန်ပေါက်ပြေးလွှား မကစားနိုင်ပေ။ နေနာရီ၊ သစ်သားတိုင်ကပ်နာရီများဖြင့်သာ ဆော့ကစား ၍ ပျော်ရွှင်ခဲ့လေသည်။ စာဖတ်ခြင်းနှင့် ဂျာနယ်များ စုဆောင်းခြင်းကို ၀ါသနာပါလေသည်။

သူနေထိုင်ရာ ရွာလေးက ကျောင်းတွင် ပညာသင်ကြားခဲ့ပြီးနောက်တွင် Grantham Grammar School သို့သွားရောက် ပညာသင်ကြားသည်။ ကျောင်းမှတ်တမ်းများအရ သူသည် ကျောင်းတွင် အညံ့ဆုံးနှင့် ကျောင်းစာတွင် အာရုံ စူးစိုက်မှု မရှိဆုံး ကျောင်းသားဖြစ်သည်။ ဂရမ်သမ်ကျောင်းသည် သူ့အိမ်မှ ၅မိုင်ခန့်သာ ကွာဝေးသော်လည်း ဘယဆေးဆရာတစ်ဦး၏ နေအိမ်တွင် နေထိုင်ကာ ကျောင်းတက်ခဲ့သည်။ဘယဆေးဆရာ၏ သမီးဖြစ်သူ Miss Storey နှင့်ရည်ငံကာ စေ့စပ်ေကြောင်းလမ်းခဲ့သည်။

နယူတန်၏ဦးလေး ဖြစ်သူက တိုက်တွန်းသဖြင့် အသက် ၁၉ နှစ်သားအရွယ်တွင် Cambridge University သို့ သွားရောက်ပညာသင်ကြားခဲ့သည်။ ၁၆၆၁ ဇွန်လ ၅ရက်နေ့တွင် သူသည် Trinity College ၊ Cambridge သို့ဝင်ရောက်ခဲ့သည်။ သူသည် အခြားကျောင်းသား များထက် အသက်ကြီးပြီး Trinity College ကောလိပ်တွင် ပညာသင်စရိတ်ကို အခြား ကျောင်းသားများ၏ အစေခံအလုပ်ကို လုပ်ကာ ရှာဖွေခဲ့လေသည်။

ဆက်လက်ဖော်ပြပါမည်။

Source: မှတ်စုစာအုပ်
>>ဂန္တ၀င်သိပ္ပံပညာရှင် ဆာအိုက်ဆက် နယူတန်အကြောင်း (၂)<<


နယူတန်သည် တွင် ဥပဒေ ပညာရပ်ကိုသင်ယူခဲ့သည်။ Aristotle ၊ Descartes ၊ Gassendi ၊ Hobbes ၊Boyle တို့၏ ဒဿနိကဗေဒ ကိုလေ့လာ သင်ယူခဲ့သည်။ ဂယ်လီလီယို၏ နက္ခတ္တဗေဒ က သူ့အား အထူး ဆွဲဆောင်ခဲ့ပြီး Kepler ၏ Optics ကိုလည်း လေ့လာ သင်ယူခဲ့သည်။ သု့အတွေးများ၏ မှတ်တမ်းသဖွယ်ဖြစ်သော Quaestiones Quaedam Philosophicae (Certain Philosophical Questions) စာအုပ်ကို ထုတ်ဝေခဲ့သည်။ ထိုစာအုပ်တွင် ပလေတိုသည် ကျွန်တော်၏ သူငယ်ချင်း ဖြစ်သည်။ အရစ္စတိုတယ်သည် ကျွန်တော်၏ သူငယ်ချင်းဖြစ်သည်။ သို့သော် ကျွန်တော်၏ အကောင်းဆုံး သူငယ်ချင်းမှာ အမှန်တရားဖြစ်သည်ဟု ရေးသားခဲ့သည်။

၁၆၆၃ နွေနှောင်းရာသီတွင် သူသည် သင်္ချာဘာသာရပ်ကို စတင်ကာ စိတ်ဝင်စားခဲ့သည်။ သင်္ချာဘာသာရပ်နှင့် ဆက်နွယ်ကာ နက္ခတ္တဗေဒ ဘာသာရပ်ကိုလည်း လေ့လာခဲ့သည်။ ၁၆၆၃ ပြီလ ၂၈ ရက်တွင် ကောလိပ်၏ ပညာသင်ဆုရ ကျောင်းသားအဖြစ် ရွေးချယ်ခြင်းကို ခံရသည်။ နယူတန်သည် ကျောင်းပညာရပ်များတွင်သာ စိတ်ဝင်စားနေရာ သူ၏ အချစ်ဇာတ်လမ်းမှာ အေးစက်သွားခဲ့ပြီး စေ့စပ်ထားသော ချစ်သူ Miss Storey က အခြားလူတစ်ယောက်နှင့် လက်ထပ်သွားလဲ့လေသည်။ နယူတန်သည် အချစ်ကို တန်ဖိုးထား မြတ်နိုးလေသူ ဖြစ်သဖြင့် နောက်ထပ် အချစ်မရှာ ၊ အိမ်ထောင်လည်း မပြုပေ။

၁၆၆၅ ဧပြီလတွင် ဘီအေဘွဲ့ကို ရရှိခဲ့သည်။ ထိုနှစ်တွင်ပင် ကြောက်မက်ဖွယ် ကောင်းသော ပလိပ်ရောဂါဆိုးကြီးက ဥရောပသို့ ကူးစက်လာရာ တက္ကသိုလ်များကို ၂နှစ်ခန့်ပိတ်လိုက်သဖြင့် သူ့ဇာတိဖြစ်သော Woolsthorpe သို့ပြန်လာရသည်။

နယူတန်သည် အိမ်မှာနေစဉ်အတွင်း သင်္ချာဘာသာရပ်ကို မပြတ်လေ့လာနေခဲ့သည်။ ကျောင်းပိတ်ထား ၍အိမ်မှာနေစဉ် ၂ နှစ်အတွင်းတွင် သချာင်္ နှင့် ရူပဗေဒ ဆိုင်ရာ ပြ နာများကို တွေ့ရှိ ဖြေရှင်းနိုင်ခဲ့သည်။ ကမ္ဘာ မြေကြီးဆွဲအားနိယာမ (The Law of Universal Gravitation) ၊ အဖြူရောင်သည် သက်တန့်ရောင်စဉ်များဖြင့် ဖွဲ့စည်းထားကြောင်း (The Theory of Optics) ၊ သင်္ချာဘာသာရပ်ဖြစ်သော integral and differential calculus များကို ရှာဖွေတွေ့ရှိခဲ့သည်။

နေအိမ်ခြံဝင်းအတွင်းတွင်ထိုင်နေစဉ် ပန်းသီးပင်ပေါ်မှ ပန်းသီးကြွေကျသည်ကို တွေ့ရှိ၍ ကမ္ဘာမြေကြီးဆွဲအားကို ရှာဖွေ ဖော်ထုတ်နိုင်ခဲ့သည်။ ဂြိုလ်များ၏ ပတ်လမ်းများကို တွေ့ရှိခဲ့သည်။ ဂျူပီတာဂြိုလ်၏ အရံဂြိုလ်များနှင့် ပတ်လမ်းများကို တွေ့ရှိခဲ့သည်။ နယူတန်သည် ၁၆၇၁ တွင် De Methodis Serierum Fluxionum (On the Methods of Series of Fluxions) စာအုပ်ကို လက်တင်ဘာသာဖြင့် ရေးသားခဲ့သော်လည်း မထုတ်ဝေဖြစ်ခဲ့ပေ။၁၇၃၆ တွင်မှ အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေခဲ့သည်။

နယူတန်သည် သူ၏ ရှာဖွေတွေ့ရှိသည်များကို စာအုပ်ထုတ်ဝေရန် အမြဲစိတ်မပါ ဖြစ်လေ့ရှိသည်။ ပလိပ်ရောဂါဆိုးကြီး ကင်းစင်ပပျောက်ပြီးနောက် ၁၆၆၇ တွင် Cambridge University ပြန်ဖွင့်သောအခါ ကျောင်းပြန်တက်ခဲ့ပြီးနောက် တစ်နှစ်အကြာတွင် မဟာဝိဇာ ဘွဲ့ကို ရရှိခဲ့သည်။ ၁၆၆၉ တွင် အသက် ၂၇ နှစ်မပြည့်မီတွင် သင်္ချာပါမောက္ခ ရာထူးရရှိလဲ့သည်။ ၁၆၈၄တွင် De Motu စာအုပ်ကို ထုတ်ဝေခဲ့ပြီး အာကာသသိပံ္ပကို ရှင်းပြနိုင်ခဲ့သည်။

နောင် ၂နှစ်အကြာတွင် သိပံ္ပပညာရပ်ဆိုင်ရာ သမိုင်းကြောင်းတွင် အရေးပါဆုံး ၊ အရေးအကြီးဆုံးဖြစ်သော Philosophiae Naturalis Principia Mathematica (The Mathematical Principles of Natural Philosophy) စာအုပ်ကို ထုတ်ဝေနိုင်ခဲ့သည်။ ၁၆၉၃ တွင် အာရုံကြော ချွတ်ယွင်းအားနည်းမှု ဝေဒနာကို ပြင်းထန်စွာ ခံစားရပြီး နာမကျန်းဖြစ်ခဲ့သည်။ ၁၆၉၆ တွင် Warden and the Master of Mint ရာထူးကို ရခဲ့သော်လည်း လန်ဒန်သို့ ထွက်ခွာလာခဲ့သည်။

၁၇၀၃ တွင် Royal Society ၏ ဥက္ကဋ္ဌ ရာထူးကို ရရှိခဲ့ပြီး နှစ်စဉ် ပြန်လည်ရွေးချယ် တင်မြှောက်ခြင်းကို ခံရလေသည်။ ၁၇၀၅တွင် အန်းဘုရင်မ (Queen Ann) က နယူတန်အား ပထမဦးဆုံးသော သိပ္ပံပညာရှင် အဖြစ် သူကောင်းပြုခဲ့ငည်။ ၁၇၁၇တွင် လက်တင်ဘာသာဖြင့် ထုတ်ဝေခဲ့သော စာအုပ်ကို အင်္ဂလိပ်ဘာသာဖြင့် ပြန်လည် ထုတ်ဝေခဲ့သည်။ ၁၇၂၇ ၊မတ်လ ၂၀ ရက်နေ့တွင် လန်ဒန်၌ ကွယ်လွန်ခဲ့သည်။

Source: မှတ်စုစာအုပ်
Posted by ဆူးအေမီ on 8:33 AM in | No comments
အားလုံးစိတ်ဝင်စားကြတဲ့မ်ာကင်းဥဒါန်းဇာတ်ကား ၊ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုးနဲ့တိုင်းရင်းသားလူမျိုးရဲ့ အကြောင်းကို အခြေခံပြီးတော့ ရိုက်ထားတဲ့ဇာတ်ကား။ဒီဇာတ်ကားကိုအပိုင်း 4 ပိုင်းခွဲပြီးတင်ပေးလိုက်ပါ
တယ်။ပါဝင်တဲ့သရုပ်ဆောင်တွေကတော့....ညွှန့်ဝင်း ၊ ကျော်ဟိန်း ၊ နန္ဒာလှိုင် ၊ လူမင်း ၊ နိုင်းနိုင်း ၊ သူထူးစံ တို့အပြင်သရုပ်ဆောင်များစွာပါဝင်ပါတယ်။

အဆင်ပြေတယ်ဆိုရင်တော့ကြော်ငြာများကို တစ်ကြိမ်လောက်သာ ကလစ်ခဲ့ပါခင်ဗျာ။
ကျွန်တော်တင်သမျှပိုစ့်တွေ Facebook ကနေရယူချင်တယ်ဆိုရင်  ဒီမှာ Like နှိပ်ပါ


မှက်ချက်။ ။ဒေါင်းလော့စ်ဆွဲပြီးသောဖိုင်များကို Part 1 ဆိုလျှင်ဆွဲပြီးတာနှင့် Part 1 ဟုနာမည်ပြောင်းပေး
ပါ။ပြီးမှဖိုင်ဖြည်ပါ။ဖိုင်ဖြည်နည်းမသိပါက ဒီမှာနှိပ်ပြီး အရင်ဝင်ကြည့်လိုက်ပါခင်ဗျာ။

http://adfoc.us/14251337459102

http://adfoc.us/14251337460516

http://adfoc.us/14251337460538

http://adfoc.us/14251337460557 
နည်းပညာမြို့တော်
 

ဘေးမှာရှိတဲ့ ကြော်ငြာတစ်ခုကို တစ်ရက်ကို တစ်ချက်လေးနှိပ်ပေးရုံနဲ့ ကျွန်တော့်အတွက် အများကြီးအထောက်အကူဖြစ်စေပါတယ်ဗျာ။
ကျေးဇူးအထူးတင်ရှိပါတယ်ဗျာ။
 **  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။

Download

ပုံမှာ မြင်တွေ့ရတဲ့ အတိုင်းပါပဲ..
Select မှတ် ရွေးချယ် လိုက်တာနဲ့ Upload လုပ်သွားမှာ ဖြစ်ပြီး မိမိ Website | Blog မှာ ပဲ Download Link တန်း ထွက်လာမှာ ဖြစ်ပါတယ်..

စမ်းသပ်ချင်သူများ အနေနဲ့ http://www.shwemoovi.com/ မှာ သွားရောက် စမ်းသပ်နိုင်ပါတယ်..
ရိုးရိုး အသုံးပြုသူများ အနေနဲ့ 20MB Upload လုပ်နိုင်ပြီး File Link များကတော့ Last Download ရဲ့ ၁ ရက် ခံမှာ ဖြစ်ပါတယ်..
File များကို အလွယ် တကူ မျှဝေ ချင်သူ.. အလွယ်တကူ Upload.. မြန်မြန်ဆန်ဆန်လုပ်ချင်သူများ အတွက် အဆင်ပြေပါလိမ့်မယ်..
MiloShare.com ကို သွားစရာ မလိုတော့ ပါဘူး.. မိမိ Share ချင်တာကို Direct Upload လုပ်ရုံပဲ ဖြစ်ပါတယ်...


Registered User များကတော့ MiloShare မှာ Login လုပ်ထားခဲ့ပါက 400MB အထိ Upload လုပ်နိုင်မှာဖြစ်ပြီး Gadget ကနေ Upload လုပ်ထားတဲ့ File များအားလုံးဟာလဲ မိမိအကောင့်ရဲ့ My File List ထဲမှာ ရှိနေပါလိမ့်မယ်..

Premium User များ အတွက် ကတော့ 2.5 GB အထိ Upload လုပ်နိုင်ပြီး Download Link ရလာတာကို တန်းပြီး မျှဝေပေးနိုင်ပါတယ်..
Upload လုပ်ထားတဲ့ File တွေဟာလည်း မိမိရဲ့ My File List ထဲမှာ ရှိနေမှာ ဖြစ်ပြီး တင်ထားတဲ့ File တွေ အားလုံး အမြဲတမ်း ရှိနေမှာ ဖြစ်ပါတယ်..

MiloShare Gadget လေးကို အားလုံး နှစ်သက် ကြမယ်လို့ ထင်ပါတယ်..

အသုံးပြုလိုပါက Gadget/Widget Code ကို တောင်းခံ နိုင်ပါတယ်..
Text Color, Width, Height, Body Color ကို မိမိ စိတ်ကြိုက် အရောင် ပြောင်းလဲ နိုင်ပါတယ်...

http://www.ShweMOOVi.com/ မှာ သွားရောက် စမ်းကြည့် ပြီး နှစ်သက်လို့ မိမိရဲ့ Site များ | Forum များမှာ အလွယ်တကူ ထည့်သွင်း အသုံးပြုလိုပါက https://www.facebook.com/profile.php?id=553927458035285 မှာ သွားရောက်ပြီး Message ကနေ တစ်ဆင့် Widget Code ကို Free ရယူတောင်းခံနိုင်ပါတယ်..

Ref: MiloShare | The Ultimate Encourager At Sharing

ရိုးရာလေး

Sunday, January 19, 2014

Posted by ဆူးအေမီ on 7:18 AM in | No comments
ဇန်နဝါရီ ၁၃ ရက် မောင်တောမြို့နယ် ဒုချီးရာတန်း(ကုလားရွာ)တွင် ကုလားများက အကြောင်းမဲ့ တိုက်ခိုက် ကာ ဖမ်းဆီးခေါ်ဆောင်သွားသော ရဲတပ်ကြပ်ကြီးအောင်ကျော်သိန်း နှင့် ၄င်းနှင့် အတူပါသွားသည့် အမ်(၂၂) မောင်းပြန်သေနတ်တစ်လက်တို့ကိုပြန်မရသေးကြောင်းမောင်တောမြို့နယ်မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။ရဲတပ်ကြပ်ကြီးအား တိုက်ခိုက်ဖမ်းဆီးမှုနှင့် ဆက်စပ်သံသယရှိသူ ရှစ်ဦးကို ဖမ်းဆီးထားသည် ဟု ဆိုသည်။ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း ဦးဆောင်သော ရဲတပ်ဖွဲ့ဝင် ငါးဦးသည် ကျေးရွာအုပ်ချုပ်ရေးစာရေး ဦးသန်းထွန်းဦးနှင့် ဆယ်အိမ်မှူး ဦးအောင်သန်း၊ ဦးမောင်သိန်းလှ တို့နှင့်အတူ လှည့်ကင်းဆောင်ရွက်ကြရာတွင် ည ၉ နာရီခွဲ၌ ကင်းချောင်း(ရခိုင်ရွာ)မှတစ်ဆင့် ဒုချီးရာတန်း(ဘင်္ဂါလီရွာ)သို့ ရောက်ရှိခဲ့ရာ ရွာဝင်ဝတွင် မီးလှုံနေသော ဘင်္ဂါလီကုလားများ က မေးမြန်းသဖြင့် မိမိတို့မှာ
ကင်းလှည့်လာ
သော ရဲများဖြစ်ကြောင်း ပြောပြပြီး
ကုလားများ မြင်သာအောင် မိမိတို့ ၀တ်ဆင်ထားသော ယူနီဖောင်းများကို လက်နှိပ်ဓါတ်မီးဖြင့် ထိုးပြရာ ၊ ကုလားအချို့ ရွာထဲသို့ ၀င်သွားပြီးနောက် တုတ်ဓါးများ ကိုင်ဆောင် ထားသောကုလားများက ရွာဝမှ ထွက်လာကာ သူခိုး သူခိုး ၊ ဓါးပြ ဓါးပြ ဟု လူအင်အားဖြင့် ညာသံပေးလိုက်သဖြင့် ဆုတ်ခွာလာစဉ် ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်းမှာ အမ်
(၂၂)မောင်းပြန် သေနတ်တစ်လက်လည်း အတူ ရွာထဲတွင် ပိတ်မိ၍ ကျန်ခဲ့ခြင်းဖြစ်သည်။
ပျောက်ဆုံးနေသည့် ရဲတပ်ကြပ်အား ရှာမတွေ့ သေးသော်လည်း သူ၏အဝတ်အစား အပို
င်းအစအချို့ တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။
“တချို့ မီဒီယာတွေမှာ ရေးသားသလို မြန်မာအစိုးရ တပ်တွေနဲ့ ရခိုင်ရွာသားတွေက မောင်တောမြို့နယ်ထဲက ဘင်္ဂါလီတွေကို သတ်နေတာ၊ ဘင်္ဂါလီ အမျိုးသမီးတွေကို
မုဒိမ်းကျင့်တယ်ဆိုတာ လုံးဝမဟုတ်ပါဘူး။ အခုဖြစ်နေတာက ဇန်နဝါရီ ၁၃ ရက် ညဘက်ကင်းလှည့်ရင်း ဘင်္ဂါလီရွာထဲမှာ အသတ်ခံရပြီလို့ ယူဆနေတဲ့ အခုထိ ရှာမတွေ့သေးတဲ့ ရဲတစ်ယောက်ကို စုံစမ်းနေ
ခြင်း ဖြစ်ပါတယ်”ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြိုင်က ဖြေကြားထားသည်။
ဓါတ်ပုံ - အသတ်ခံရပြီ ဟု ယူဆရသည့် ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း
From : Coral Arakan News
Posted by ဆူးအေမီ on 7:17 AM in | No comments
Photo: မောင်တောအကြမ်းဖက်မှု မွတ်စလင်ရွာသား ၈၄ ဦးကို ဖမ်းဆီးစစ်ဆေး
Saturday, January 18, 2014

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရာတန် မွတ်စလင်ကျေးရွာမှာ တပ်ကြပ်ကြီးအဆင့်ရှိတဲ့ ရဲအရာရှိတစ်ဦး အကြမ်းဖက်ခံရပြီး ပျောက်ဆုံးနေတဲ့ကိစ္စနဲ့ ဆက်နွယ်ပြီး ဒုချီးရာတန်ကျေးရွာက မွတ်စလင် ၈၄ ဦးကို အာဏာပိုင်တွေဘက်က ခေါ်ယူစစ်ဆေးနေကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့က RFA ကို ဒီကနေ့ ပြောပါတယ်။

စစ်ဆေးပေါ်ပေါက်ချက်တွေ အပေါ်မူတည်ပြီး ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က အခုလိုပြောပါတယ်။

"အဲဒီအမှုနဲ့ ပတ်သက်ပြီး အဲဒီရွာမှာရှိတဲ့ ဘင်္ဂါလီအမျိုးသား၊ အမျိုးသမီး၊ လူငယ် စုစုပေါင်း ၈၄ ယောက်ကို ခေါ်ယူပြီးတော့ စစ်ဆေးနေတုန်းပဲရှိသေးတယ်၊ ဖမ်းထားတာမရှိသေးဘူး၊ ဒီ ၈၄ ဦးထဲမှာလည်း ပါဝင်ပတ်သက်မှုမရှိရင်တော့ ပြန်လွှတ်ပေးမှာပေါ့၊ ပါဝင်ပတ်သက်မှုရှိတယ် ပြစ်မှုကျူးလွန်တယ်ဆိုရင်လည်း သူတို့ဆက်ပြီးအရေးယူဖို့ ဆောင်ရွက်ပါလိမ့်မယ်"

လောလောဆယ် ဒုချီးရာတန်ရွာခံတွေကို စစ်ဆေးပေါ်ပေါက်ချက်တွေ အပေါ်မူတည်ပြီး ရှာဖွေရာမှာ ဂေါ်ဒူသာရချောင်းကမ်းစပ်နဲ့ ဒုချီးရာတန် အီစလန်အမည်ရ ဗလီအနီးတစ်ဝိုက်မှာ ရဲတပ်ကြပ်ကြီးရဲ့ ယူနီဖောင်းတန်ဆာအချို့ကို သဲလွန်စအဖြစ် ရှာဖွေသိမ်းဆည်းရမိပေမယ့် လက်နက်နဲ့အတူ ပျောက်ဆုံးနေတဲ့ ရဲတပ်ကြပ်ကြီးကိုတော့ ဒီကနေ့အချိန်အထိ ရှာဖွေမတွေ့ရှိရသေးကြောင်း ဦးဝင်းမြိုင်က ပြောပါတယ်။

မောင်တောခရိုင် ခရေမြိုင်ရဲကင်းက လုံခြုံရေး ရဲတပ်ဖွဲ့ဝင်တွေဟာပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၃ ရက်နေ့ညက် ဒုချီးရာတန် မွတ်စလင်ကျေးရွာမှာ လုံခြုံရေးကင်းလှည့်စဉ် အကြမ်းဖက်တိုက်ခိုက်ခံရကာ ရဲတပ်ကြပ်ကြီးတစ်ဦး လက်နက်နဲ့အတူ ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး နိုင်ငံတကာ မီဒီယာတွေရဲ့ ထုတ်လွှင့်ချက်ဟာ ဖြစ်စဉ်အမှန်နဲ့ လွဲချော်နေသလို မွတ်စလင်တွေ အများအပြား အကြမ်းဖက်ခံရပြီး သေဆုံးခဲ့တဲ့ကိစ္စရပ်အပေါ် စိတ်မကောင်းဖြစ်ရကြောင်း အမေရိကန်နဲ့ ဗြိတိန်သံရုံးတွေက မနေ့ကရက်စွဲနဲ့ ပူးတွဲကြေငြာချက် ထုတ်ပြန်တဲ့ကိစ္စဟာလည်း သတင်းအခြေအမြစ်မရှိတဲ့ ထုတ်ပြန်ချက်သာဖြစ်တဲ့အတွက် ရခိုင်ပြည်နယ်အစိုးရအနေနဲ့ လုံးဝကန့်ကွက်ရှုတ်ချကြောင်း ဦးဝင်းမြိုင်က ပြောပါတယ်။

RFA

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရာတန် မွတ်စလင်ကျေးရွာမှာ တပ်ကြပ်ကြီးအဆင့်ရှိတဲ့ ရဲအရာရှိတစ်ဦး အကြမ်းဖက်ခံရပြီး ပျောက်ဆုံးနေတဲ့ကိစ္စနဲ့ ဆက်နွယ်ပြီး ဒုချီးရာတန်ကျေးရွာက မွတ်စလင် ၈၄ ဦးကို အာဏာပိုင်တွေဘက်က ခေါ်ယူစစ်ဆေးနေကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့က RFA ကို ဒီကနေ့ ပြောပါတယ်။စစ်ဆေးပေါ်ပေါက်ချက်တွေ အပေါ်မူတည်ပြီး ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က အခုလိုပြောပါတယ်။
"အဲဒီအမှုနဲ့ ပတ်သက်ပြီး အဲဒီရွာမှာရှိတဲ့ ဘင်္ဂါလီအမျိုးသား၊ အမျိုးသမီး၊ လူငယ် စုစုပေါင်း ၈၄ ယောက်ကို ခေါ်ယူပြီးတော့ စစ်ဆေးနေတုန်းပဲရှိသေးတယ်၊ ဖမ်းထားတာမရှိသေးဘူး၊ ဒီ ၈၄ ဦးထဲမှာလည်း ပါဝင်ပတ်သက်မှုမရှိရင်တော့ ပြန်လွှတ်ပေးမှာပေါ့၊ ပါဝင်ပတ်သက်မှုရှိတယ် ပြစ်မှုကျူးလွန်တယ်ဆိုရင်လည်း သူတို့ဆက်ပြီးအရေးယူဖို့ ဆောင်ရွက်ပါလိမ့်မယ်"
ယနေ့ ကမ္ဘာတစ်ဝန်း ၌ သိပ္ပံနှင့် နည်းပညာများ ၊ သတင်း အချက်အလက် များနှင့် ဆက်သွယ်ရေး နည်းပညာများ တိုးတက် လာမှုကြောင့် နိုင်ငံ အသီးသီး၏ လူမှုစီးပွား ဘဝသည် တစ်ရှိန်ထိုး တိုးတက် ပြောင်းလဲ လာခဲ့ ပေသည်။

ယနေ့ ကျောင်းသား လူငယ်များ သည်လည်း နောင် အနာဂတ်၏ ကြယ်ပွင့် လေးများ ဖြစ်သည်နှင့် အညီ တိုးတက် ပြောင်းလဲ လာသော ကမ္ဘာကြီးကို အမီ လိုက်နိုင် စေရန် ၊ ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက် ရာတွင် တစ်ဖက် တစ်လမ်းမှ အားကိုး အားထားပြု ရမည့် အသီးအပွင့် လေးများ ၊ အသိပညာရှင် ၊ အတတ် ပညာရှင် မျိုးဆက်သစ် လေးများပင် ဖြစ်ပေသည်။

ယခုအခါ နိုင်ငံတော် အစိုးရ အနေဖြင့် ကျောင်းသား ၊ ကျောင်းသူလေး များကို ဘက်စုံ ထူးချွန်သော ကျောင်းသား လူငယ်လေးများ ဖြစ်လာစေရန် ပြုစု ပျိုးထောင် ပေးလျက် ရှိပေသည်။ ပညာထူးချွန် ထက်မြက်သည် သာမက စိတ်ဓာတ်နှင့် စည်းကမ်း ကောင်းမွန်ပြီး ကျန်းမာ ကြံ့ခိုင်သည့် သူများ ဖြစ်လာ စေရန်လည်း မျှော်မှန်း ဆောင်ရွက် ပေးလျက် ရှိသည်။


ယခုအခါ ၂ဝ၁၃ - ၂ဝ၁၄ ပညာသင်နှစ် တွင် တစ်နှစ်ပတ်လုံး ပညာသင်ကြား ခဲ့ရသည့် သင်ကြား ပြီးမြောက် ခဲ့သော ကျောင်းစာများကို ကျောင်းသား ၊ ကျောင်းသူ လေးများ အနေဖြင့် ပြန်လည် လေ့ကျင့် ကျက်မှတ် နေကြရပြီ ဖြစ်သည်။ ပျင်းရိနေ၍ မရပေ။ '' ပျင်းရိသော သူသည် အတတ်ပညာ မရနိုင်ပေ ၊ အတတ်ပညာ မရှိလျှင် ဥစ္စာပစ္စည်း မရနိုင်ပေ ၊ ဥစ္စာပစ္စည်း မရှိသူတွင် အဆွေ ခင်ပွန်းကောင်း မရနိုင်ပေ။ အဆွေ ခင်ပွန်းကောင်း မရှိသူသည် ချမ်းသာသုခ မရနိုင်ပေ။ ချမ်းသာသုခ မရှိသူသည် ကောင်းမှု ကုသိုလ် မရနိုင်ပေ ၊ ကောင်းမှု ကုသိုလ်မရှိ သူသည် နိဗ္ဗာန်ကို အဘယ်မှာ မျက်မှောက် ပြုနိုင်အံ့နည်း ''ဟု လောကနီတိ က ဆိုထားသည်။

ထို့ကြောင့် ကျောင်းသား လူငယ်လေးများ အနေဖြင့် စာမေးပွဲ ဖြေဆိုရန် အချိန် နီးကပ် နေပြီဖြစ်ရာ ကျန်းမာရေးကို ဂရုစိုက်ပြီး သင်ကြား ပြီးသော ဘာသာရပ် အလိုက် ကျက်စာ များကို ကောင်းစွာ လေ့လာ ကျက်မှတ်ပြီး တွက်စာများကို စဉ်ဆက်မပြတ် လေ့ကျင့် တွက်ချက် နေရမည့် အချိန်သို့ ရောက်ရှိ နေပြီ ဖြစ်သည်။

သို့ဖြစ်ရာ နိုင်ငံတော် အတွက် တစ်ချိန် တစ်ခါတွင် တစ်ထောင့် တစ်နေရာက အားထားရမည့် ယနေ့ ကျောင်းသား လူငယ်များ သည် ပညာပြည့်ဝ နှလုံးလှသည့် အသိ ပညာရှင် ၊ အတတ် ပညာရှင် များ ဖြစ်လာရေး အတွက် ကျောင်း သင်ခန်းစာ များကို နည်းလမ်း မှန်ကန်စွာ လေ့လာ ကျက်မှတ်ပြီး စာမေးပွဲ ဖြေဆို ကြရာတွင်လည်း စိတ်ကြည်လင် ချမ်းမြေ့စွာ ဖြေဆို နိုင်ကြစေရန် ကျန်းမာရေးကို အထူး ဂရုပြု နေထိုင်သင့် ပါကြောင်း အသိပေး ရေးသား လိုက်ရ ပေသည်။

( ၁၉-၁-၂၀၁၄ ရက် ရတနာပုံနေ့စဉ်သတင်းစာ အယ်ဒီတာ့အာဘော် )
Myawady News
Posted by ဆူးအေမီ on 7:17 AM in | No comments

ဇန်နဝါရီလ ၁၅ ရက်နေ့က မန္တလေးမြို့မှာ ဖွဲ့စည်းလိုက်တဲ့ သာသနာ့ဝံသပါလ (ခေါ်) အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ရဲ့ ဦးဆောင်ဆရာတော်တစ်ပါးဖြစ်တဲ့ မစိုးရိမ်တိုက်က အရှင် ဣန္ဒာ စက္ကာဘိဝံသက သူတို့ သံဃာတော် များအနေနဲ့ အမျိုးစောင့်ဥပဒေပေါ်ထွန်းရေးကို စဉ်ဆက်မပြတ် ဆောင်ရွက်နေကြောင်း RFA ကို မနေ့က မိန့်ကြားလိုက်ပါတယ်။

အခုလို ဆောင်ရွက်ရတာဟာ တခြားဘာသာဝင်တစ်ဦး နဲ့ လက်ထပ်မိလို့  ဗုဒ္ဓဘာသာဝင် မြန်မာအမျိုး သမီးတွေ ဆုံးရှုံးနေတဲ့ လွတ်လပ်ခွင့်ကို ရရှိဖို့ဖြစ်တယ် လို့လည်း ဆရာတော်က မိန့်တော်မူပါတယ်။


“လွတ်လွတ်လပ်လပ် ကိုးကွယ်ခွင့်ဆိုတဲ့ ဗမာစကားလုံးက ပြောတော့ပြောကြတယ်၊ ဗုဒ္ဓဘာသာ မြန်မာအမျိုးသမီး တခြားဘာသာဝင် နဲ့ရရင် အဲလိုလွတ်လွတ်လပ်လပ် ကိုးကွယ်ခွင့်ဆိုတဲ့ အခွင့်အရေးရသလား၊ ဘယ်သူကများ အာမခံချက် အဲသလိုပေးလဲဆိုတဲ့ အဲလိုမေးခွန်းမျိုးကို ဦးဇင်းတို့က ပြန်မေးချင်ပါတယ်၊ အဲလို ကိုယ်ယုံကြည်တာကို လွတ်လွတ်လပ်လပ် ကိုးကွယ်ခွင့်ဆိုတဲ့ အခွင့်အရေးတွေ ဗုဒ္ဓဘာသာ မြန်မာအမျိုးသမီးတွေရနိုင်ဖို့ ရည်ရွယ်ပြီးတော့ မျိုးစောင့်ဥပဒေတွေဖြစ်ဖို့ရာ ဦးဇင်းတို့ဆောင်ရွက်နေတာပဲ”

အဲဒီလို အမျိုးစောင့် ဥပဒေပေါ်ထွန်းရေးအတွက် အများပြည်သူထံက လက်မှတ်ကောက်ခံ စုဆောင်းမှုတွေကို ဆက်လက်ဆောင်ရွက်နေကြောင်းနဲ့ ဥပဒေအဖြစ် ပေါ်ပေါက်လာရေးကိုတော့ လွှတ်တော်ကသာ အကောင်အထည်ဖေါ်ရမှာဖြစ်ကြောင်းလည်း  အရှင် ဣန္ဒာစက္ကာဘိဝံသက မိန့်ကြားပါတယ်။

RFA Burmese
Posted by ဆူးအေမီ on 7:15 AM in , | No comments
ဒီနည်းကတော့ ၁၀၀% ကျော်နိုင်ပါတယ်လို့ အာမခံပါတယ်။ တရုတ်နိုင်ငံကနေ Facebook, Youtube စတဲ့ ၀ဘ်ဆိုက်တွေကို လုံးဝပေးမကြည့်ဘဲ ပိတ်ထားတတ်ပါတယ်။ အဲ့တော့ ကျနော်တို့ကနေနဲ့ ပိတ်ထားတဲ့ ဆိုက်တွေကို ကျော်နိုင်ဖို့အတွက် freedom, ultrasurf လို vpn program တွေကို သုံးကြရပါတယ်။ ဒါပေမယ့် အဆင်မပြေဖြစ်တာက ပိုများပါတယ်။ ခုနည်းကတော့ လုံးဝ အဆင်ပြေစေမယ့်နည်းပါ။ gmail account တစ်ခုရှိဖို့ပဲလိုတာပါ။ ကဲလုပ်နည်းကို အောက်မှာ ကြည့်ပြီး လုပ်လိုက်ပါ။ 

  1. အရင်ပထမဦးဆုံး Goagent Program ကို အောက်က ဒီကို နှိပ်ပြီး Download လုပ်ပါ။ 
  2. http://appengine.google.com ကို နှိပ်ပြီး မိမိရဲ့ Gmail Username နဲ့ Password ရိုက်ပြီးဝင်ပါ (ပုံ-၁)
  3. Create Application ကိုနှိပ်ပါ။ (ပုံ-၂)
  4. ဖုန်းနံပါတ်တောင်းလျှင် မိမိ၏ ဖုန်းနံပါတ်ကို ဖြည့်ထည့်လိုက်ပါ။ Send verification code ကို နှိပ်ပါ။ Code ကို Message နဲ့ ပို့စေချင်လျှင် Text Message ကိုရွေး (သို့) Code ကို အသံနဲ့ ပြောစေချင်လျှင် Voice call ကို အမှန်ခြစ်ရွေးပါ) တစ်ခါတရံမှာ အခုလို မတောင်းပါ။ တောင်းမှသာ ထည့်ပေးပါရန် (ပုံ-၃)
  5. Code နံပါတ် ရလျှင် ထည့်လိုက်ပြီး verify နှိပ်ပါ။ (ပုံ-၄)
  6. ပုံထဲကလို မိမိကြိုက်နှစ်သက်ရာ ID နာမည်ကို appspot.com ရဲ့ ရှေ့အကွက်မှာထည့်ပါ။ အဆင်ပြေရင် Yes, "konyinaymin" is available! လို့ ပြပါလိမ့်မယ်။ ကျနော်ကတော့ konyinaymin လို့ထည့်ထားပါတယ်။  Application Title အကွက်မှာတော့ GoAgent for YT လို့ရိုက်ထည့်ပါ။ I accept these items ကို အမှန်ခြစ်ပေးပြီး Create application ကိုနှိပ်ပါ။ (ပုံ-၅)
  7. အဆင်ပြေလျှင် (ပုံ-၆) လို ပေါ်လာပါလိမ့်မယ် အဲ့လိုပေါ်လာလျှင် (ပုံ-၇) ထဲကအတိုင်း Dashboard ကိုနှိပ်ပေးပါ။
  8. (ပုံ-၈)အတိုင်းပေါ်လာပါမယ်။
  9. ဒါပြီးရင် ခုနက Download လုပ်ထားတဲ့ File ကို win rar နဲ့ ဖြေလိုက်ပါ။ပြီးလျှင် အဲ့ဖိုင်ထဲက Local ဆိုတဲ့ ဖိုင်ကိုဖွင့်ပြီး အထဲက proxy.ini ဆိုတဲ့ ဖိုင်လေးကို notepad နဲ့ဖွင့်လိုက်ပါ။ (ပုံ-၉)
  10. Application ရဲ့ နောက်က ခုနက ဖြည့်ခဲ့တဲ့ app id ကို ကူးယူပြီးတော့ ၇ ကြောင်းမြောက်က appid နောက်မှာ ထည့်ပေးလိုက်ပါ။ ကျနော်ကတော့ konyinaymin လို့ ဖြည့်ခဲ့တဲ့အတွက် konyinaymin လို့ ထည့်လိုက်ပါတယ်။ (ပုံ-၁၀)
  11. ပြီးရင် notepad က File ကိုနှိပ်ပြီး save ပြန်လုပ်ပေးပါ။ (ပုံ-၁၁)
  12. ပြီးရင် server folder ကိုဖွင့်ပြီး Uploader.bat ဖိုင်ကို နှိပ်လိုက်ပါ (ပုံ-၁၂)
  13. security warning box ပေးလာလျှင် run ကို နှိပ်ပေးလိုက်ပါ။ (ပုံ-၁၃)
  14. Appid ကို တောင်းတဲ့အခါ မူလပထမအစတုန်းကဖြည့်ခဲ့တဲ့ ကိုယ့်ရဲ့ appid ကိုထည့်ပါ ကျနော်ကတော့ konyinaymin အမည်ဖြင့် လုပ်ခဲ့လို့ konyinaymin လို့ ရိုက်ထည့်လိုက်ပါတယ်။ ပြီးလျှင် Enter ခေါက်လိုက်ပါ။ (ပုံ-၁၄)
  15. Email လိပ်စာ ရိုက်ထည့်ခိုင်းလျှင် မိမိပထမတုန်းက သုံးခဲ့တဲ့ email လိပ်စာကို ရိုက်ထည့်ပါ။ ကျနော်ကတော့ konyinaymin@gmail.com လို့ ရိုက်ထည့်ပြထားပါတယ်။ ပြီးလျှင် Enter ခေါက်လိုက်ပါ။ (ပုံ-၁၅)
  16. ခု ရိုက်ထည့်ထားတဲ့ email ရဲ့ password ကို တောင်းပါလိမ့်မယ်။ password ရိုက်ထည့်လိုက်ပြီး enter ခေါက်ပါ။ (ပုံ-၁၆)
  17. ခဏလေး စောင့်ရပါတယ်။ တစ်ခါတစ်လေ ၃-၄ မိနစ်ကျော်ခန့်ကြာတတ်ပါတယ်။ (ပုံ-၁၇) ကိုကြည့်ပါ။ upload လုပ်နေတဲ့ပုံပါ မပြီးသေးပါဘူး။
  18. (ပုံ-၁၈) လိုပေါ်လာပြီဆိုရင်တော့ လုံးဝ upload တင်တာ ပြီးဆုံးသွားပါပြီ။ ခဏ သီးခံပြီးစောင့်ပေးရမှာပါ။ upload လုပ်ထားတဲ့ ဖိုင်တွေကို http://appengine.google.com ၀င်ထားတဲ့ မိမိရဲ့ Appid အကောင့်ထဲမှာ ဖိုင်တွေ ပေါ်နေပါလိမ့်မယ်။ တင်ထားတဲ့ဖိုင်တွေကို မြင်ရပါလိမ့်မယ်။
  19. Google Chrome ဖြင့် သုံးပြီး ကျော်မည့်သူများအနေဖြင့် ဒီကို သွားပြီးတော့ Switch Shark plugin ကို install လုပ်ဖို့နှိပ်ပါမယ်။ ပြီးရင် +Free ဆိုတာကို နှိပ်ပေးပါ့မယ်။ (ပုံ-၁၉)
  20. ပြီးရင် Confirm New Extension ပေါ်လာလျှင် Add ကို နှိပ်ပေးပါ။ (ပုံ-၂၀)
  21. ပြီးလျှင် Import/Export ကိုနှိပ်ပါ။ (ပုံ-၂၁)
  22. အောက်ဆုံးက Restore From Online  အကွက်မှာ http://goagent.googlecode.com/files/SwitchyOptions.bak ဆိုပြီး ရိုက်ထည့်ပါ။ ရိုက်မထည့်ချင်ရင် ခုပေးထားတဲ့ Link ကို copy ကူးပြီးထည့်ပေးလိုက်ပါ။ ပြီးလျှင် Restore From Online ကိုနှိပ်ပါ။ (ပုံ-၂၂)
  23. Message Box ပေါ်လာလျှင် Ok .. Ok ကိုနှိပ်ပေးပါ။ (ပုံ-၂၃)
  24. ကဲ (ပုံ-၂၄) လို ပေါ်လာရင်တော့ အားလုံး လုံးဝ အိုကေသွားပါပြီ။ 
  25. ဒါဆိုရင်တော့ Vpn ကို run ဖို့ပဲ ကျန်ပါတော့တယ်။ အဲ့အတွက်ကြောင့် ပထမတုန်းက Download လုပ်ပြီး ဖိုင်ဖြေထာတဲ့အထဲက Local ဆိုတဲ့ folder ကိုဖွင့်ပြီး အထဲမှာ ရှိတဲ့ goagent.exe  ကို Run လိုက်ပါ။ အဆိုပါ icon ကို right click ထောက်ပြီး sent to desktop ကိုနှိပ်ပြီး desktop ကို ပို့ထားလဲ ရတယ်နော်။ အဲ့ goagent.exe က မိမိကျော်သုံးချင်တဲ့အခါတိုင်းမှာ ဖွင့်ပြီး run ပေးရမှာပါ။ (ပုံ-၂၅)
  26. Google Chrome ရဲ့ ညာဖက်အခြမ်း မှာ ပုံထဲကအတိုင်း ကမ္ဘာလုံးပုံလေး ပေါ်နေပါလိမ့်မယ်။ ကလစ်တစ်ချက်နှိပ်လိုက်ပါ။ GoAgent နှင့် GoAgent PAC ဆိုပြီးတော့ ပေါ်နေပါလိမ့်မယ်။ ကြိုက်တဲ့ တစ်ခုကို နှိပ်လိုက်ပါ။ ကျနော်ကတော့ GoAgent PAC ကို နှိပ်ပြထားပါတယ်။ နှိပ်လိုက်တာနဲ့ ကမ္ဘာလုံးလေးက အပြာရောင်လေး ဖြစ်သွားပါလိမ့်မယ်။ အပြာရောင်လေး ဖြစ်သွားပြီ ဆိုရင်တော့ ကိုကြိုက်တဲ့ ၀ဘ်ဆိုက်ကို ကျော်လို့ ရသွားပါပြီ။ မကျော်မခွချင်ဘူး။ ရိုးရိုးပဲ သုံးချင်တယ်ဆိုရင်တော့ Direct Connection ကို ပြန်ရွေးပေးလိုက်ပါ။ ကျော်ချင်တဲ့အခါမှသာ GoAgent နှင့် GoAgent PAC တစ်ခုခုကို ရွေးပေးရတာပါ။ 
ကဲ မြန်မာညီ/ကို မောင်နှစ်မများ အဆင်ပြေပြေနဲ့ ကျော်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

  • Firefox သုံးပြီး ကျော်မယ်ဆို Foxy Proxy ကိုသုံးပါ ဒီမှာ ပါ ... Firefox သုံးမယ်ဆိုရင် certificate ကို သွင်းရပါမယ်။ မလုပ်တတ်ရင် comment ရေးခဲ့ပါ ကျနော်ဖြည့်စွက်ပြီး ရေးပေးပါ့မယ်
  • Google Chrome သုံးသူများကတော့ Switch Shark plugin ကိုသုံးပါ ဒီမှာ ပါ..

ကိုညီနေမင်းဆိုဒ်မှ ကူးယူတင်ပြသည်

(ပုံ ၁)

(ပုံ ၂)

(ပုံ ၃)

(ပုံ ၄)

(ပုံ ၅)

(ပုံ ၆)

(ပုံ ၇)

(ပုံ ၈)

(ပုံ ၉)

(ပုံ ၁၀)

(ပုံ ၁၁)

(ပုံ ၁၂)

(ပုံ ၁၃)

(ပုံ ၁၄)

(ပုံ ၁၅)

(ပုံ ၁၆)

(ပုံ ၁၇)

(ပုံ ၁၈)

(ပုံ ၁၉)

(ပုံ ၂၀)

(ပုံ ၂၁)

(ပုံ ၂၂)

(ပုံ ၂၃)

(ပုံ ၂၄)

(ပုံ ၂၅)

(ပုံ ၂၆)
Posted by ဆူးအေမီ on 7:14 AM in | No comments

ဒီဟာလေးကို တွေ့ မှပဲ ဇာတ်လမ်းကောင်းတာတွေ မြန်မာလို ကြည့်ရတော့တယ်

ဇာတ်လမ်းတွေ အတော်လေးစုံပါတယ် ။ ပြည်သူ့ တရားရှင် ပေါင်ချိန်ကားတွေနဲ့ 
နာမည်းကြီးဇာတ်လမ်းတွေ သရဲကားတွေ ဟာသကားတွေ ဇာတ်ကြမ်းကားတွေ
ဒီထဲမှာအများကြီးရှိတယ်။ လိုင်းကောင်းတဲ့သူတွေ မြန်မာစာတမ်းထိုးနဲ့ လိုချင်သူ
လက်မလွတ်သင့် သိထားသင့်တဲ့နေရာလေးပါ။ ဒေါင်းရတာလည်း ဆိုဒ်သေးလို့ 
အမြန်ဒေါင်းလို့ ပြည့်တယ် ။ လိုချင်သူများ အောက်ကလင့်မှာ သွားယူလိုက်ပါ :)

Watch and Down = http://www.myanmarsubtitlemovie.com/index.php


ဒီမိုးသားမှ ကူးယူတင်ပြသည်

ဗိုလ်ချုပ်ကြီး ခင်ညွှန့်လက်ထက် စစ်ထောက်လှန်းရေးများ တန်ခိုးထွားစဉ်က နိုင်ငံရေးလှုပ်ရှားသူများကို ဖမ်းဆီး၊  နှိပ်စက်ထောင်ဒဏ်တွေ ချမှတ်ခဲ့တာနဲ့ပတ်သက်လို့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ သဘာပတိဖြစ်တဲ့ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်၊  လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ဒေါ်နှင်းနှင်းမွှေးတို့နဲ့ ဧရာဝတီမဂ္ဂဇင်း အင်္ဂလိပ်ပိုင်းအယ်ဒီတာကျော်စွာမိုးတို့ကဆွေးနွေးထားပါတယ်။

ကျော်စွာမိုး ။  ။   ၁၉၈၈ ခုနှစ် စစ်တပ်က  အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံရေးပါတီတွေ၊  နိုင်ငံရေးသမားတွေ၊  နိုင်ငံရေးလှုပ်ရှားတက်ကြွသူတွေ၊ ကျောင်းသားအဖွဲ့အစည်းတွေကို ဘယ်လိုမျိုး အဲဒီအချိန်တုန်းက
နာမည်ဆိုးနဲ့ နာမည်ကြီးခဲ့တဲ့ ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်ရဲ့ စစ်ထောက်လှမ်းရေး အဖွဲ့ကနေပြီးတော့ ဘယ်လိုဖမ်းဆီးခဲ့သလဲ၊
နိုင်ငံရေးလှုပ်ရှားမှုတွေကို ရပ်တန့်ဖို့ ကြိုးစားခဲ့သလဲဆိုတာ ကို ကျနော်တို့ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

ဒီနေ့ ကျနော်ဖိတ်ကြားထားတဲ့  ဧည့်သည်တွေကတော့ ၁၉၈၈ ခုနှစ်မှာဒေါ်အောင်ဆန်းစုကြည်နှင့်အတူ NLD ပါတီကို တည်ထောင်ခဲ့ပြီးတော့ လက်ရှိအချိန်မှာလည်း
NLD ပါတီရဲ့သဘာပတိအဖွဲ့ဝင်တဦးဖြစ် တဲ့ ဆရာကြီးဦးဝင်းတင် သူကလည်းပဲ စာနယ်ဇင်းလောကမှာပဲ တောက်လျှောက်ရေးသားခဲ့တဲ့ သတင်းထောက်၊
သတင်းစာဆရာတဦးလို့လည်းပြောလို့ရပါ တယ်။ နောက်တဦး ကျနော်တို့ ဖိတ်ကြားထားတာကတော့ ထောင်ထဲမှာနှစ်ကြိမ် စစ်ထောက်လှမ်းရေးရဲ့ ဖမ်းဆီးခြင်းကို
ခံရပြီးတော့ လက်ရှိ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီရဲ့ခေါင်းဆောင်တဦးဖြစ်တဲ့ မနှင်းနှင်းမွှေးတို့က ဒီဆွေးနွေးပွဲမှာ ဝင်ရောက်ဆွေးနွေးသွားမှာ ဖြစ်ပါတယ်ခင်ဗျာ။
ကျနော်ကတော့ ဧရာဝတီမဂ္ဂဇင်းရဲ့ အင်္ဂလိပ်ပိုင်းအယ်ဒီတာကျော်စွာမိုးဖြစ်ပါတယ်။

မနှင်းနှင်းမွှေးထောင်ထဲမှာ နှစ်ခါဖြတ်သန်းခဲ့ရတော့ အင်းစိန်ထောင်ရယ်၊ နောက်ဘယ်ထောင်မှာနေခဲ့ရသလဲ။

ဒေါ်နှင်းနှင်းမွှေး ။    ။  ကျမတို့က ၉ဝ စက်တင် ဘာ ဆန္ဒပြမှုမှာ ပါဝင်ခဲ့တာဆိုတော့ ကျမတို့ အမျိုး သမီး ၅ယောက်ပါတယ်။
 အမျိုးသားအဆောင်ဘက်ကတော့ ရာနဲ့ချီပြီးပါတယ်။  ကျမတို့ကို ရိုက်ပြီးတော့ ပထမတခါ သာယာဝတီအကျဉ်းထောင်ကို ပို့တယ်ပေါ့၊
 အဲဒီ အင်းစိန်ထောင်ကနေပြီးတော့ သာယာဝတီထောင်ကို သွားရာလမ်းတလျှောက်မှာ ရိုက်တယ်ပေါ့နော်။
တနေ့ကုန်လည်း  မစားရ မသောက်ရဘဲနဲ့ သာယာဝတီထောင်ကို ပြောင်းရွှေ့ခြင်း ခံရတယ်ပေါ့။
နောက်တခေါက်ကတော့ ၁၉၉၇ထောင်ကျတဲ့အခါမှာ အင်းစိန်ထောင်မှာ နေရတာပေါ့၊
 ပထမထောင်ကျပြီး နောက်တခေါက်ထောင် ကျတဲ့အချိန်မှာပေါ့နော်။ ထောင်က အခြေအနေဆိုးတာကိုတွေ့ရတယ်။
ကျမတို့ထောင်ကျတဲ့ အခါမှာ အမိန့် မကျမခြင်းပေါ့ ဘယ်သူနဲ့မှ မတွေ့ရဘူး၊  အခန်းနားနီးတွေနဲ့လည်း စကားမပြောရဘူး၊  ဝန်ထမ်းတွေနဲ့လည်း စကားမပြောရဘူး၊
ကိုယ်လိုအပ်တာကိုတော့ပြောပေါ့၊  ဒါပေမယ့် သူတို့ဘက်က ဘာမှဖြည့်ဆည်းပေးတာ မရှိဘူး။
ကျမတို့ ပုံစံခွက်နဲ့ ထမင်းဟင်းကျွေးတာကလွဲပြီးတော့ ကျန်တာကို မရဘူးပေါ့၊ ထောင်ဝင်စာလည်းပို့လို့မရဘူး၊
ဘေးအခန်းတွေနဲ့လည်း စကားပြောခွင့်မရဘူး၊  လမ်းလျှောက်ထွက်လို့လည်း မရဘူး၊ ရေချိုးတဲ့အချိန်မှာလည်း ကမန်းကတန်းချိုးရတာပေါ့၊
ကျမဆို အဝတ်တထည် ကိုယ်တခုနဲ့ ပါသွားတာဆိုတော့ အမျိုးသမီးတွေကြုံ ရတဲ့ ဒုက္ခကို တော်တော် ဆိုးဆိုးဝါးဝါး ခံရတာပေါ့နော်။
အဲဒီအချိန်မှာထောင်ထဲမှာ ကွပ်ပျစ်တို့ဘာတို့လည်း မပေးတဲ့အခါကျတော့ သမံတလင်းပေါ်မှာပဲ ဖျာကြမ်းနဲ့ အင်မတန်အေးတဲ့ဆောင်းတွင်းကို ဖြတ် သန်းရတာပေါ့၊  ဇန်နဝါရီလဆိုတော့။

ကျော်စွာမိုး။     ။ ထောင်ချလိုက် ပြီ  ဆိုပေမယ့်လည်း ထောက်လှမ်းရေးရဲ့  လက်အောက်က မလွတ်ဘူးလို့ပြောကြတယ်၊
နိုင်ငံရေးအကျဉ်းသားတွေ အပြင်ထွက်ပြီးတော့ဆေးကုဖို့  လိုအပ်လာမယ်၊  ကျန်းမာရေး အခြေအနေအရဆေးကုဖို့ လိုအပ်လာမယ်ဆိုရင် ထောက်လှမ်းရေးက ဘယ်လိုမျိုးတာဝန်ယူသလဲ၊
သူတို့ လက်မှတ်ရေး ထိုးပေးရတယ်လို့ကြားတယ်၊  အဲဒါကျတော့ ဘာတွေများ သိမလဲ။

ဒေါ်နှင်းနှင်းမွှေး ။     ။  ကျမကိုယ်တိုင်က အပြင်ကို ထွက်ပြီးတော့ဆေးကုရလောက်တော့ အခြေအနေမျိုးတော့ မရှိခဲ့ဘူးပေါ့လေ၊
မရှိခဲ့ဘူး ဆိုတာက ကျမကတော်ရုံတန်ရုံကိစ္စဆိုရင် ကျမမှာ ရှိတဲ့ဆေးဝါးနဲ့ပဲဖြေရှင်းတာမျိုးပေါ့၊
ဘာဖြစ်လို့လဲ ဆိုရင်ဆေးမှူးတခါခေါ်လို့ရှိရင် အရမ်းကြာတာ၊  အဆင့်ဆင့်တင်ရတယ်၊  ဆရာဝန်ကုသဖို့ လိုလို့ရှိရင်လည်း အဲဒီဆရာဝန်ကို အဆင့်ဆင့်တင်ရတယ်၊
 အရမ်းကြာတဲ့အခါကျတော့ ကျမတို့ ဒီမှာသေစရာ ရှိရင်သေလောက်ပြီဆိုတော့ ကျမတို့ဆေးဝါးတွေ အဆင်သင့်ဆောင်ထားကြတာမျိုးရှိတယ်၊
အဲဒါ ဆိုရင်ထောင်ကဝန်ထမ်းတွေကိုပြောပြီး ယူပြီးသောက်တာမျိုးပေါ့၊
တကယ်တမ်းအပြင်ကိုထွက်ပြီးဆေးကုရတဲ့အခါကျတော့ ကျမတို့နဲ့ အတူတူနေခဲ့ရတဲ့  အမျိုးသမီးတွေမှာဆိုရင် အခက်အခဲတွေဖြစ်ရတယ်၊
အဲဒီလိုပဲထောက်လှမ်းရေးတွေ ခွင့်မပြုလို့ထောင်ထဲမှာ ဆုံးသွားတဲ့လူတွေဆိုရင် အများကြီး ကြုံရတယ်ပေါ့လေ၊
  ဥပမာ ဦးတင်မောင်ဝင်းတို့လို လူမျိုး၊  ဦးစိုးဝင်းတို့လိုလူမျိုး သာမန်ဝမ်းကိုက်ရောဂါ ဆိုတာ အပြင်မှာ အလွယ်တကူပျောက်နိုင်တဲ့ရောဂါ မျိုးလေ၊
သွေးတိုးရောဂါနဲ့ ဆုံးပါးသွားတဲ့ ဦးညိုဝင်း လိုလူမျိုး၊   အဲဒီလိုမျိုး ဆုံးပါးသွားတာထောင်ထဲမှာ အများကြီးပဲလေ၊  လက်ရှိကျမတို့ စာရင်းအတိအကျ ဆိုရင် ၁ဝဝကျော်။
  ရာကျော်ဂဏန်းရှိတယ်ဆိုတာက ဒီထက်ပိုပြီးကောက်ရင်လည်း ဒီထက်ပိုပြီးရှိနိုင်တယ်။
ဘာဖြစ်လို့လဲဆိုတော့ စစ်ကြောရေးစခန်းမှာ ကွယ်လွန်သွားတဲ့လူတွေလည်း အများကြီးပဲရှိတယ်၊
 မန္တလေးက ဦးမောင်လေးတို့ လူမျိုးဆိုရင် စစ်ကြောရေးစခန်းမှာပဲ လုံးဝမဖြေနိုင်ဘူး မင်းတို့မေးချင်ရာမေး ငါကတော့ မဖြေနိုင်ဘူး၊  ငါရဲ့ ကိုယ်ရေးအကျဉ်းမေးရင်ဖြေမယ်၊  ကျန်တဲ့လူရဲ့အကြောင်းဆိုရင် မဖြေနိုင်ဘူး ဆိုလို့ ရိုက်ပြီး သတ်လိုက်တာပဲလေ။  အဲဒီလို မျိုးတွေ အများကြီးကြုံရတယ်လေ၊
အဲဒီလိုမျိုး စာရင်း မရှိ အင်းမရှိဘဲသေဆုံးသွားတဲ့ ရဲဘော်တွေလည်း အများကြီးရှိသေးတာပဲ။

ကျော်စွာမိုး ။     ။  အဘကိုယ်တိုင်ကရော ကြုံ ရလား၊  အဘကိုယ်တိုင်ထောင်ထဲမှာနေပြီးတော့ ဗိုက်ခွဲတာတွေပေါ့၊

ဦးဝင်းတင်။     ။  ကျနော်အဲဒီဟာနဲ့ပတ်သက် ပြီးတော့ တဆိတ်လောက်တော့ ပြောပါရစေ။  ခုန မနှင်းနှင်းမွှေးပြောတဲ့ထဲမှာပါလို့ ဖျာနဲ့အိပ်ရတယ်ဆိုလို့။
ကျနော်တို့ဟာ စစ်ကျောရေးထဲမှာပို့တာ ဇန်နဝါရီဆောင်းတွင်းကြီး၊ ဆောင်းတွင်းဆိုတော့ ဗမာပြည်မှာလည်း ချမ်းတာပဲ၊  အဲဒီအချိန်မှာ သူတို့ကဖျာကို မပေးတော့ဘူးဗျ၊
ဖျာကိုသိမ်းယူသွားတယ်၊  တိုက်တိုက်ဆိုင်ဆိုင်ပဲ ကိုသက်ခိုင်က သူ့ကိုယ်သူ အကြောကို ဓားနဲ့ လှီးတယ်၊  ကိုသက်ခိုင်ဓားနဲ့လှီးတယ်ဆိုရော သတင်းက ဘယ်လိုလဲဆိုတော့
 ဓားနဲ့လုပ်တယ်ဆိုရင် သူတို့တွေကို ဆူမှာစိုးလို့ သူတို့ဘယ်လိုလုပ်လဲဆိုတော့ ဝါးနှီးကြောကနေ ဖြတ်တယ်လို့ပြောတယ်၊
 သူတို့က အဲဒါကိုအကြောင်းပြုပြီးတော့  နှီးဖျာတွေ အကုန်လုံး သိမ်းသွားရော၊  ကျနော်တို့ ဖျာမရှိဘဲနဲ့ သမံတလင်းပေါ်မှာ အိပ်ရတယ်၊  သမံတလင်းပေါ်မှာနေရတယ်၊  ဒါကတခု၊
ဆေးရုံတွေ ဘာတွေပို့တာနဲ့ ပတ်သက်ပြီးတော့ ကျနော်ပြောစရာတွေရှိတယ် ဗိုလ်ခင်ညွန့်ကိုယ်တိုင်ကအစ အထက်အမိန့်ပေးတယ်၊
အထက်အမိန့်ပေးတယ်ဆိုပြီး သူတို့တောင်း ပန်ရမယ့်ထဲမှာ ဒါတွေပါတယ်၊  အထက်အမိန့်ပေးတယ် ဆိုပြီးတော့ သူတို့ကိုယ်တိုင်က ဆိုပါတော့ဗျာ။
 ကျနော်အူခွဲရတယ်ဆိုပါတော့ နှလုံးရောဂါနဲ့ဆေးရုံပို့ရတာရှိတယ်၊  ဆီးကျိတ်ရောဂါနဲ့ဆေးရုံ ပို့ရတာရှိတယ်၊
အဲဒီပို့မယ့်နေရာတွေမှာ မပို့တဲ့ ရက်တွေအများကြီးရှိတယ်။ ကျနော် အူကျလို့ ခွဲမယ့်နေရာမှာ ၁၉၉ဝ ဇန်နဝါရီလမှာ သိသိတာတာ ကြီးကို အူမှာ အဖုပေါက်လာတယ်၊
နောက်ပိုင်းမှာ ကျနော် အိပ်ရာထဲမှာ လဲကျနေတယ်၊  မထနိုင်ဘူး၊  အဲဒါမျိုးဆိုရင် သူက လာစစ်၊  တံခါးဖွင့်ပြီးတော့ လှဲနေတာကိုဆေးထိုးပေးပြီး အဲဒီလိုနဲ့  ၅ နှစ်တိတိ ကြာတဲ့အခါကျမှာ ၁၉၉၅ မှ ကျနော်ကိုထောင်ပို့တယ်၊
၅ နှစ်ဝေဒနာခံစားရတယ်၊  အဲဒါက အကုန်လုံးက ဦးသန်းရွှေတယောက်တည်းပဲ အမိန့်ချတာ မဟုတ်ဘူး၊
သူတို့သူတို့အောက်ခြေကလူတွေ ဗိုလ်ခင်ညွန့်အပါအဝင်အောက်ခြေက လူတွေက သူ့ဟာသူ ဆုံးဖြတ်ပြီးတော့ ဒီလူတော့သေပါစေ၊  ဒီလူတော့ ဘာဖြစ်စေဆိုတဲ့ ပုံစံမျိုးနဲ့ လုပ်တယ်လို့ ကျနော်တော့ပြောချင်တယ်။
အဲဒါတွေဟာ ဗိုလ်ခင်ညွန့်ကစပြီးတော့ အကုန်လုံး တာဝန်ရှိတယ်၊   အဲဒီ ဦးသန်းရွှေပေါ်ချည်းပဲ တာဝန်လွှဲလို့မရဘူး။

ကျော်စွာမိုး။     ။  နိုင်ငံရေးလှုပ်ရှားသူတွေကို ကိုင်တွယ်တဲ့နေရာမှာ ထောက်လှမ်းရေးက အဓိကပဲ မဟုတ်လား။

ဦးဝင်းတင်။     ။ သူတို့တွေအကုန်လုံး တာဝန် ရှိတယ်။

ဒေါ်နှင်းနှင်းမွှေး ။  ။  သူတို့က၊  သူ့အထင်တိုင်း လုပ်နိုင်တယ်ဆိုတာက ဘာပဲပြောပြော သူ့ကို လုပ် ပိုင်ခွင့်ပေးခဲ့တဲ့ခေတ်နဲ့စနစ်နဲ့ အာဏာရဲ့
အကြောင်းရင်းခံကြောင့် ဖြစ်လာတာပေါ့နော်၊  နို့မို့ဆိုလို့ရှိရင် သူက ဒီလူကို ထင်တိုင်းဖမ်းတယ်၊  ထင်တိုင်း သတ်တယ်၊
ထင်တိုင်းထောင်ချတယ်ဆိုတာက သူ့တကိုယ် တည်းအနေနဲ့ လုပ်လို့မရဘူး၊  သူ့ကိုနောက်ကွယ်ကနေ  Force Authorities  ထက်ပိုတဲ့
Over Authorities ပေးထားတဲ့ စစ်အာဏာရှင်စနစ်နဲ့  အဲဒီခေတ် အဲဒီကာလက သူပြောတဲ့အထဲမှာပါတဲ့ အဲဒီခေတ်ရဲ့ ဥပဒေနဲ့ အမိန့်အာဏာတွေကြောင့်ပေါ့နော်၊
ကျမတို့က ဘာမှန်းမသိဘဲနဲ့ ဥပဒေကဲ့သို့ အာဏာတည်တဲ့အမိန့်ဆိုတဲ့ စစ်အုပ်ချုပ်မှုအောက်မှာ ဖြတ်သန်းခဲ့ရတယ်၊
အဲဒီအောက်မှာထောက်လှမ်းရေးဆိုလို့ရှိရင် သာမန်ပြည်သူတွေအနေနဲ့ အသံ ကြားရုံနဲ့ ဖိမ့်ဖိမ့်တုန်အောင်ကြောက်ရတယ်၊
 နိုင်ငံရေးသမားတွေဆိုလို့ရှိရင် စိုးရွံ့နေရတယ်၊  ကျမတို့ ဆိုလို့ရှိရင် အိမ်ရှေ့မှာ စစ်ကားရပ်ပြီးတော့ သူတို့ရဲ့ကြော်ငြာချက်တွေကို  ည သန်ခေါင်ကျော် ၁၂ နာရီ  ၁ ချက် အဲဒီအခါကျမှ  အသံချဲ့စက်တွေဖွင့်ပြီးတော့ သူတို့ရဲ့ကြော်ငြာချက်တွေကို အိမ်ထဲကို လှည့်ပြီးအော်တယ်၊
အိမ်ရှေ့မှာ ဆိုင်ကယ်ရပ်သံကြားရင် ငါ့ကို လာဖမ်းတာလားဆိုပြီးတော့ဖြစ်ရတယ်၊
ဒီ ရပ်ကွက်ထဲ လမ်းထဲတွေ၊  လက်ဖက်ရည်ဆိုင်တွေမှာ ဆိုလို့ရှိရင်  သတင်းပေး ဆိုတဲ့ဟာတွေ မမြင်ချင်မှ အဆုံး၊
ဒီအတွက် နိုင်ငံတော်က ကုန်ကျခဲ့တဲ့စရိတ်တွေ။

ကျော်စွာမိုး။     ။ နောက်တခုက အဘလည်း ပြောသွားတယ်၊  မနှင်းနှင်းမွှေးလည်းပြောခဲ့သလိုပေါ့  ကျနော် သိလောက်ဆိုရင် ၁၆၂ယောက်ရှိတယ်၊
 ၁၉၈၈နောက်ပိုင်းပေါ့၊ ထောင်ထဲမှာနဲ့ ထောက်လှမ်းရေးစခန်းမှာ သေဆုံးသွားတဲ့သူတွေပေါ့၊  ခုနလိုမျိုးဝေဒနာတွေခံစားပြီးတော့၊  ပြီးတော့ ထောင်ကျတဲ့ လူပေါင်းဆိုရင်လည်း
ကျနော်ထင်တယ် ၁၉၈၈၊  ၈၉၊  ၉ဝ တို့ဆိုရင်ထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ ၃ဝဝဝ၊  ၄ဝဝဝလောက်ရှိတယ်လို့ပြောကြတယ်၊  အမြဲတမ်းပေါ့လေ၊
 တလျှောက်လုံးကို တွက်ကြည့် မယ်ဆိုရင် မနှင်းနှင်းမွှေး ဘယ်လောက်လောက် ရှိ မယ်လို့ ထင်လဲ၊  တချို့က ကျတယ်၊  ပြန်လွတ်သွားတယ်၊  အဘကျတော့
တလျှောက်လုံးရှိတယ်လေ၊   သုံးနှစ်နေပြီး ပြန်လွတ်သွားနောက်တခါ အစ်မက ပြန်ဝင်လာတယ်၊  လူသစ်တွေနဲ့ ကျတာရှိတယ်၊
ကျနော်ထင်တယ် ဒီတလျှောက်လုံးမှာ ထောက်လှမ်းရေးကနေ ချခဲ့တဲ့ ဒီနှစ်၂ဝ အတွင်းမှာ ၂ဝဝ၄ပေါ့ သောင်းနဲ့ ချီမလား။

မနှင်းနှင်းမွှေး ။        ။  ဖြစ်နိုင်လောက်ပါတယ်၊  ဘာဖြစ်လို့လဲဆိုတော့ ကျမအတွေ့အကြုံအရဆိုရင် ဒီ ဘိုကလေး အရေးအခင်းဆိုရင် ကရင်တွေကို ဘာမှမသိတဲ့
ကရင်ဟောင်းတွေကို ဖမ်းပြီးတော့ထောင်ထဲမှာ အစာရေစာပြတ်လပ်ပြီး သေအောင် လုပ်ခဲ့တာပဲလေ။  အဲဒီလိုမျိုးဆိုရင် ဒါဟာ ရာနဲ့ချီနေ တာပဲလေ။
နောက်တောင်ငူမှာဆိုလို့ရှိရင် ကျမ အမျိုးသားကတောင်ငူထောင်က ထွက်လာတာကို
သူတို့တောင်ငူထောင်မှာဆိုလို့ရှိရင် KNU နဲ့ပတ် သက်လို့ ဆက်နွှယ်လို့ဆိုပြီး တောင်ပေါ်ဒေသတွေ က ဒီလိုပဲ ကိုယ့်အမျိုးသားတွေကို ဆက်နွယ်ပတ်သက်မှုတော့ ရှိကြတာပေါ့၊  သူတို့ကိုယ်သူတို့ နိုင်ငံရေး ပတ်သက်ပြီးတော့ထောင်ကျတာလို့ ၁၇ (၁) နဲ့ ကျမှန်းမသိ၊  ၁၇ (၂) နဲ့ကျမှန်းမသိ
အဲဒီလောက် ရိုးသားတဲ့ ကရင်တွေထောင်ထဲမှာ ရာနဲ့ချီပြီးရှိတယ်၊   ပြီးတော့ နိုင်ငံရေးအကျဉ်းသား စာရင်းကောက်တဲ့ အချိန်မှာလည်း သူတို့ကိုယ်သူတို့ နိုင်ငံရေးအကျဉ်း သားမှန်း  မသိတဲ့သူတွေ  အများကြီးပဲ။  ဒီတော့သောင်းနဲ့ချီပြီး ရှိနိုင်ပါတယ်။

ဦးဝင်းတင် ။     ။  ကျနော်ကတော့ ဒီလိုပြော ချင်ပါတယ်။  စာရင်းအင်းတွေတော့ ဒီလောက်မသိဘူး၊  ဘာဖြစ်လို့လဲဆိုတော့ ကျနော်က အကျဉ်းသား အဖွဲ့အစည်းတွေကို
ကိုင်တာ မဟုတ်လို့၊  လက်သုံး စကားကတော့ မီဒီယာတွေမှာပြောတဲ့စကားကတော့ ၁၉၈၈နောက်ပိုင်းမှာထောင်ကျတဲ့သူတွေ ပြန်ဝင် တာတို့ ထွက်တာတို့ပေါ့။
သောင်းဂဏန်းနဲ့ချီပြီးရှိတယ်၊  အဲဒီသောင်းဂဏန်းနဲ့ချီပြီးရှိတဲ့သူတွေကနေ သူတို့ရဲ့ သားသမီးတွေ မိသားစုနဲ့ဆိုရင် သိန်းဂဏန်းနဲ့ချီပြီးတော့ရှိတယ်၊
အဲဒီလူတွေအားလုံးအတွက်ကို တာဝန် ယူရမယ်၊ တောင်းပန်ရမယ်၊  ခင်ဗျားတို့ရဲ့အကျင့်ဆိုးတွေကိုလည်း ပြင်ရမယ်၊
 အဲ့ဒီလူတွေဘဝ ပြန်လည် ရပ်တည်ဖို့အတွက် လုပ်ပေးရမယ်၊  ကျနော် ကိုးကားတဲ့ ကိန်းကဏန်းကတော့သောင်းဂဏန်းလောက်ပဲ၊
ကျနော့်ဂဏန်းကတော့ သူတို့လို အဖွဲ့အစည်းကိုင် တဲ့ စုဆောင်းတဲ့သူတွေနဲ့ ညီသွားတဲ့အခါကျတော့ ကျနော်လည်း ဝမ်းသာပါတယ်၊
ဘာလို့လဲဆိုတော့ မှန်တဲ့နီးပါး ဖြစ်သွားလို့ပေါ့။

ကျော်စွာမိုး ။     ။  ဒီနေရာမှာနောက်တခုက မနှင်းနှင်းမွှေး ထောင်ထဲကို နိုင်ငံရေး လုပ်တဲ့သူတွေထောင်ထဲထည့်လိုက်တာ မဟုတ်ဘဲနဲ့ထောင်ရွှေ့လိုက်တဲ့ ပုံစံမျိုးပေါ့၊
အဲဒါဟာလည်း တနည်းအားနှင့် နှိပ်စက် မှုတမျိုးပေါ့၊  ဘယ်လိုနှိပ်စက်မှုလည်းဆိုတော့ အကျဉ်းသားကိုသာမကဘဲ အပြင်ကလိုက်ပြီးတော့ အကျဉ်းသားကိုထောင်ဝင်စာတွေ့တဲ့
မိသားစုကိုပါ စီးပွားရေး ချွတ်ခြုံကျအောင်၊  အချိန်ကုန်အောင်၊  ပိုက်ဆံကုန်အောင် အဲဒီလိုမျိုး လုပ်တဲ့ရည်ရွယ်ချက်ပေါ့၊
အစ်မကိုယ်တိုင်ကလည်းထောင်ပြောင်းခံခဲ့ရတာဆိုတော့။

မနှင်းနှင်းမွှေး။     ။  ကျမတို့ အကျဉ်းချပြီးသွားလို့ရှိရင်၊  အမိန့်ချပြီးသွားလို့ရှိရင် နှစ်ပတ်တခါတွေ့ ခွင့်ရတယ်လေ၊  အဲဒီလိုတွေ့ခွင့်ရတဲ့အခါကျတော့ ကျမတို့အိမ်က
ပုံမှန်လာတွေ့တယ်ပေါ့နော်။  ဒါတောင်မှ သာယာဝတီထောင်ဆိုတာ ရန်ကုန်နဲ့အနီးဆုံးထောင်ပေါ့လေ၊  အဲဒီထောင်ကိုရောက်သွားတဲ့ အခါကျတော့ အလွန်ဆုံး တလကို တခါပဲလာတွေ့နိုင်တယ်၊
နောက်ပိုင်း ဒီထက်ဒီထက်ဝေးတဲ့ထောင်ကို သွားလို့ရှိရင် တချို့လူတွေဆိုရင်ထောင်ကသာလွတ် လာတာ တခါမှ ထောင်ဝင်စာ လာတွေ့နိုင်တဲ့သူ မရှိဘူးလေ၊
  ကိုကျော်စွာမိုးတို့လည်း ဒါကိုကြုံဖူးတဲ့အခါ ကျတော့ထောင်ထဲမှာထောင်ဝင်စာတွေ့တယ် ဆိုတာ ပစ္စည်းပစ္စယတခုတည်းအတွက် မဟုတ်ဘူး၊
 ကိုယ့်မိသားစုနဲ့တွေ့တဲ့အခါမှာ ခံစားလိုက်ရတဲ့ စိတ်ခံစားမှုမျိုးပေါ့၊  အဲဒါကိုမြင်ရတဲ့အခါမှာ လူတွေက အကျဉ်းထောင်ထဲမှာ အကျဉ်းခံရတာထက် ပိုပြီးတော့ စိတ်ပိုင်းဆိုင်ရာ ပိုခံစားရအောင် လုပ်တယ်လို့ ကျမကတော့ ယူဆတယ်။

ကျော်စွာမိုး ။     ။    ပြီးခဲ့တဲ့ကာလ တလျှောက်လုံး  ငြိမ်းချမ်းစွာ  ဆန္ဒပြတာ ၁၄၊  ၁၅ နှစ်တွေလည်း ပါ တယ်၊  ပညာတတ် ဆရာဝန်တွေလည်းပါတယ်၊  ရှေ့နေတွေလည်းပါတယ်၊  အင်ဂျင်နီယာတွေလည်း ပါတယ်။
ထောင်ကျတဲ့အထဲမှာပေါ့၊  အဘတို့လို ပါတီခေါင်းဆောင်တွေ ၊  စာနယ်ဇင်းတွေလည်း ပါတယ်ပေါ့လေ။
ဒါဆို တချို့ကပြောကြတယ် လူသားဆန့်ကျင်ရေးပြစ်မှုပေါ့။  အဲဒါနဲ့ဆိုရင် ဘယ်လောက်အထိ ကိုက်ညီမှုရှိလဲ။

ဦးဝင်းတင် ။     ။  ကျနော်ပြောမယ်ဗျ၊  ဒီလို ၂ဝဝ၉  မှာ ဒီကိစ္စတွေ ထွက်လာတာပေါ့ဗျာ၊  အမေရိကားမှာလည်း ထွက်လာတယ်၊  လူ့အခွင့်အရေး အဖွဲ့အစည်းတွေကလည်း ပြောတယ်၊
 ကုလသမဂ္ဂ မှာလည်း ဒီကိစ္စတွေတင်တယ်၊  တင်တဲ့အခါကျတော့ ကျနော်တို့ ဒီလူတွေကို ပြည်သူတရပ်အနေနဲ့တရားစွဲ ရမယ်ပြောတယ်၊
ကျနော်လည်း အများကြီးပြောခဲ့တယ်။  ဒီလူတွေဟာ လူသားဆန့် ကျင်ရေး ပြစ်မှုတွေကို ကျူးလွန်တဲ့သူတွေ ဒီလူတွေကို တရား စွဲရမယ်၊  ဘယ်လိုလူတွေလဲ ဆိုတော့
ဗိုလ်ချုပ်ခင်ညွန့်တို့၊  ဦးသန်းရွှေတို့ ကုန်ကုန်ပြောရရင် ဦးသိန်းစိန်လည်းပါတယ်၊  ဦးသိန်းစိန်လည်း လူသားဆန့်ကျင်ရေးအဖွဲ့ထဲမှာပါတယ်၊

ကျော်စွာမိုး။     ။  ဒါပေမယ့် သူ့အစိုးရလက်ထက်မှာတော့ နိုင်ငံရေးအကျဉ်းသားတွေ အများကြီးကို လွှတ်ပေးတယ်လေ။

ဦးဝင်းတင်။     ။  ဒါတပိုင်းပေါ့လေ၊   အဲဒါကလည်း အာပတ်ဆိုတာ ဖြေချင်တိုင်းဖြေလို့ရတာ မဟုတ်ဘူး၊  အာပတ်သင့်တဲ့ ဘယ်လောက်ကြီးတဲ့ အာပတ်ကို
ကျူးလွန်ပြီးတော့ လွတ်သလဲ ဆိုတာလည်း အဲဒါတော့မရဘူးပေါ့၊  ဒါကတော့ မဆိုင်ဘူး ထင်တယ်၊  ဒီလူတွေဟာ အကုန်လုံးပေါ့။
 ၂ဝဝ၉ မှာ ဒီဟာလုပ်တဲ့အခါကျတော့ အမေရိကားမှာလည်းတော်တော်လုပ်ကြတယ်၊  အမေရိကားက ကိုအောင်ဒင်တို့ဆိုရင်တော်တော်လေး ဒီကိစ္စကို အာရုံစိုက်ကြတယ်၊
သူတို့လည်းလိုက်ကြည့်တယ်၊  အမေရိကန် ပါတယ်ပေါ့ဗျာ၊ တော်တော်လေး နိုင်ငံ ၁၃ နိုင်ငံလောက် ပါလာတယ်။
စစ်တပ်ကလည်း ဒါကိုသိတဲ့ အခါကျတော့ ဦးသန်းရွှေတို့ဘာတို့ အကုန်လုံး ကိုပြောင်းလိုက်ပြီးတော့ ဒီပုံစံတွေ မရတော့ဘူး၊
 ကမ္ဘာ ကနေ သူတို့ကို လည်ပင်းညှစ်တော့မယ်ဆိုပြီးတော့ ပြောင်းလိုက်ပြီးတော့ ပြောင်းတဲ့အပေါ်မှာ မူတည် ပြီးတော့ သူတို့ပြောင်းရကျိုးလည်း နပ်ပါတယ်၊
သူတို့လည်း အခုတော့ နည်းနည်းလွတ်သလိုဖြစ်သွားတာပေါ့၊  ဒါပေမယ့် ကျနော့်သဘောကတော့ ဒီ လူသား ဆန့်ကျင်နေတဲ့ ပြစ်မှုတွေဟာ ဒီနေ့အထိရှိနေတုန်းပဲ။
ဒီလူတွေဟာ တာဝန်ရှိတုန်းပဲ၊  ဒီလူတွေဟာ လူသားဆန့်ကျင်မှု ရာဇဝတ်မှုကိုကျူးလွန်တဲ့ လူတွေ ဆိုတာကို သမိုင်းမှာ မှတ်တမ်းဝင်နေတယ်။  သမိုင်း ဆိုကတော့ သူက တရားသူကြီးမဟုတ်တဲ့အတွက် အပြစ်တော့ မပေးနိုင်ဘူးပေါ့၊  သမိုင်းကတော့ မှတ် တမ်းမှာ ဘယ်တော့မှမမေ့ဘူး၊   အဲတော့ သမိုင်းမှတ် တမ်းထဲမှာ ဒီလူတွေဟာအလွန်ကိုဆိုးရွားတဲ့သူတွေ၊  လူသား ဆန့်ကျင်မှု ရာဇဝတ်မှုတွေကို ဆန့်ကျင်တဲ့ သူတွေ အနေနဲ့တော့ မှတ်တမ်းတင် ရှိနေတယ်လို့  ကျနော်ကတော့ အဲလိုမျိုးပြောချင်ပါတယ်။

ကျော်စွာမိုး။     ။  အဘဦးဝင်းတင်၊  မနှင်းနှင်းမွှေး၊  အခုလို ဝင်ရောက်ဆွေးနွေးပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။
အခုကျနော် တို့ဆွေးနွေးပွဲကနေပြီးတော့ကောက်ချက်ချကြည့် မယ်ဆိုရင်တော့ ၁၉၈၈နောက်ပိုင်းမှာ နိုင်ငံရေး သမားတွေ၊
နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ ကျောင်းသား လူငယ်တွေကို ဖမ်းဆီးချုပ်နှောင် နှိပ်စက်ပြီးတော့ နှစ်ရှည်လများစွာ ထောင်ချ အကျဉ်းချခဲ့တာကတော့ အဓိကအားဖြင့်  စစ်ထောက်လှမ်းရေးအဖွဲ့လို့ ကျနော်တို့ သုံးသပ်လို့ရပါတယ်ခင်ဗျာ။
ဒါပေမယ့် အခုအချိန်ထိ ဘယ်သူ့မှ တာဝန်ရှိသလဲ ဆိုတာကတော့ တိတိကျကျ အမှန်တရားဖော်ထုတ် နိုင်တဲ့အခြေအနေကို ကျနော်တို့မတွေ့ရသေးပါဘူး၊
ဘယ်အချိန်မှာလည်း ဒါကိုဖော်ထုတ်နိုင်မလဲဆိုတာကို လက်ရှိနိုင်ငံရေးအခြေအနေအရ ကျနော်တို့မှာ တိတိကျကျပြောနိုင်တဲ့အခြေအနေ မဟုတ်ဘူးလို့ သုံးသပ်လို့ရပါတယ်ခင်ဗျာ၊  အားလုံးပဲကျေးဇူးတင်ပါတယ်။

ဆက်လက်ပြီး ပြည်သူတွေကိုတောင်းပန်ရမယ်(1 ) ကိုဖတ်နိုင်ပါတယ်
Irrawaddy ဧရာဝတီ သတင်း

Search Our Site